YMR- အခန်း ၅၄

အခန်း (၅၄)

ယွင်ချဲ့သည် လုဟိုင်ရွှမ်းနှင့် ကျန့်ယာဖေးတို့၏ မိသားစုများကို ကူညီရှာဖွေ ပေးရန် ကတိပေးခဲ့သဖြင့် နှောင့်နှေး မနေတော့ဘဲ နောက်တစ်နေ့မနက် နိုးသည့် အချိန်တွင်ပင် ထိုအကြောင်းကို စဉ်းစားနေသည်။ ကျောက်ယန်း အဖွဲ့ကို လူတစ်စုမှ အုပ်ချုပ်ထားပြီး ထိုလူတစ်စုတွင် တချို့သည် ချက်ပြုတ် နိုင်ကြပြီး အရသာရှိသော အစားအစားများကို ချက်လေ့ရှိသည်။ ကံကောင်းစွာပင် ကမ္ဘာပျက်ကပ် မဆိုက်မီနှစ်ရက်တွင် ရှင်းဖုန်းသည် အဖွဲ့သား အများစု၏ မိသားစုဝင်များကို အနောက်တောင် ဌာနချုပ်သို့ ခေါ်ယူခဲ့သည်။

ထိုဖြစ်စဉ်ကြီး စတင်ပြီးနောက် ရှင်းဖုန်းသည် ကမ္ဘာမြေကြီးနှင့် ရွှေတို့၏ ဆက်စပ်နေသော မှော်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့် စွမ်းအားရှင်များကို စခန်း၏ သီးသန့်နေရာ အလယ်တွင် ဖန်လုံအိမ်ကို တည်ဆောက်စေပြီး အဖွဲ့ဝင်များ၏ စားသောက်တန်းအဖြစ် အသုံးပြုရန်ဖြစ်သည်။ မှော်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ရဲရင့်ကြသော အမျိုးသမီးများသည်လည်း အဖွဲ့များဖွဲ့၍ အမျိုးသားများ ကဲ့သို့ပင် ပစ္စည်းကိရိယာများ ရှာဖွေစုဆောင်းကြပြီး ဖုတ်ကောင်များကို တိုက်ခိုက် သတ်ဖြတ်ကြသည်။

သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် ချက်ပြုတ်ရေး သန့်ရှင်းရေးနှင့် အဝတ်လျှော်ဖွတ်ရေးတို့ အတွက် တာဝန်ယူကြသည်။ ထောင်နှင့်ချီသော သူများသည် မိမိတို့၏ တာဝန် အသီးသီးကို ဆောင်ရွက်လျက် ရှိကြပြီး အခြားသူများကို ဝေဖန်ပုတ်ခတ် ပြောဆိုနိုင်ခြင်း မရှိပေ။

ထိုကပ်ဘေး မတိုင်မီ ယွင်ချဲ့၊ လန်ယဲ့ဟန်၊ လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီနှင့် ကျန့်ယာဖေး တို့မှာ အိမ်မှုကိစ္စများ ပြုလုပ်လေ့ မရှိခဲ့ကြပေ။ ယွင်ချဲ့မှာ အတိတ်ဘဝတွင် ကပ်ဘေးကြုံရပြီး နောက်မှသာ စတင် ချက်ပြုတ်ခဲ့ခြင်း ဖြစ်ပြီး အနည်းငယ် ချက်ပြုတ်တတ်သည် ဆိုသော်လည်း အရသာ ဆိုးရွားလှသည်။

ယခုအချိန်တွင် စားသောက်ဖွယ်ရာများ ရှားပါးနေ၍ စားစရာ တစ်ခုခု ရှိနေခြင်းသည်ပင် ကံကောင်းခြင်း တစ်ခု ဖြစ်နေသောကြောင့် အစားအသောက်၏ အရသာကို မည်သူမှ ဂရုမစိုက်ကြပေ။ အိုးဖြင့် ချက်၍ တည်ခင်းရသော ဟင်းရည် တစ်မျိုးတည်းသာ အလွယ်ကူ အသင့်လျော်ဆုံး ဖြစ်နေလေသည်။

ကံကောင်းစွာပင် အိမ်ရှင်မ တစ်ဦးအသွင်ဖြင့် မောင်လေး နှစ်ယောက်ကို ပျိုးထောင်ခဲ့သော ယွင်ယောင်မှာ ချက်ပြုတ် လျှော်ဖွတ်ရေးနှင့် သန့်ရှင်းရေး ကိစ္စများသည် သူမအတွက် စိုးရိမ်စရာ မရှိပေ။ ယွင်ချဲ့နှင့် အခြားသူများက သူမအား အိမ်တွင်းမှုရေးရာ ဝန်ကြီးဟု စနောက်ကြလေ့ ရှိသည်။ ရှင်းဖုန်း၏ အိမ်တွင် သူတို့နေထိုင်ကြရမည့် ကာလပတ်လုံး ထမင်းစား ခန်းမတွင် စားသောက်ခြင်းအစား သူတို့ကိုယ်တိုင် ချက်ပြုတ် စားသောက် ကြလေသည်။

လူများကို ရှာဖွေရန်အတွက် ရှင်းဖုန်း၏ အဓိက အဆက်အသွယ်များကို အသုံးပြုပေးစေနိုင်ရန်အတွက် တောင်းဆိုရမည်မှာ မလွယ်ကူလှပေ။ ထိုကိစ္စကို စဉ်းစားပြီးနောက် ယွင်ချဲ့ အရှက်မရစေရန် ဆုံးဖြတ်လိုက်ပြီး လက်ဆတ်သော ပါဝင်ပစ္စည်းများကို ယူထုတ်လိုက်ပြီး ချောင်းငယ် အတွင်းမှ ပြည့်ဖြိုးသော ငါးကြင်း နှစ်ကောင်ကို ဖမ်းလိုက်သည်။

နေ့လယ်ခင်းတွင် အရသာ ကောင်းမွန်သော စားသောက်ဖွယ်ရာများ ပြုလုပ်နိုင်ရန် အတွက် ဟင်းချက်ရာ၌ ကျွမ်းကျင် ပိုင်နိုင်သော အစ်မဖြစ်သူ ယွင်ယောင်ကို မေးရန် စီစဉ်ထားသည်။ ထို့နောက် ရှင်းဖုန်းအား လာရောက်ရန် ဖိတ်ခေါ်ကာ အရသာရှိသော စားကောင်း သောက်ဖွယ်များဖြင့် ရှင်းဖုန်း၏ အကူအညီကို တောင်းဆိုလျှင် ပိုမိုလွယ်ကူ နိုင်ပေလိမ့်မည်။

“ဝါး .. အစ်ကိုချဲ့ မင်းကိုယ်တိုင် ချက်ထားတာလား ဒီငါးကြင်းသားတွေကို ဘယ်က ရလာတာလဲ … ငါ ငါးမစားရတာ ကြာလှပြီ ငါမနေနိုင်တော့ဘူး ငါဒီနေ့ ငါးနည်းနည်း စားမယ်နော် ကျွေးပါနော် … အခုတောင် သွားရည် ယိုလာပြီ”

စခန်းဌာနချုပ်မှာ ကောင်းစွာ တိုးတက်လျက်ရှိပြီး စွမ်းအားရှင်များ အဖွဲ့အစည်းကို လွန်ခဲ့သော နှစ်ပေါင်း များစွာမှ တည်ထောင်ခဲ့သည့် အပြင် နေ့စဉ်နေ့တိုင်း မတူညီသော အခက်အခဲ များစွာကို ရင်ဆိုင်ကြရသည်။ စွမ်းအားရှင်များသည် အဖွဲ့အစုများ ခွဲထွက်လာခဲ့ပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင် ကြသော်လည်း ထိုအခြေအနေမှာ စွမ်းအားရှင်များ အဖွဲ့အစည်း ဖွဲ့စည်းပြီးသည့် နောက်ပိုင်းမှ ဖြစ်လာခဲ့ခြင်းပင်။

ထို့ကြောင့် ဌာနချုပ်သည် စွမ်းအားရှင်များ အပေါ် ကောင်းစွာ ထိန်းချုပ် ထားနိုင်သည်။ အဖွဲ့တစ်ခုချင်းစီကို ယန်းဟွိုင်အန်းက ဦး‌ဆောင်၍ အခြားသူများက လုပ်ငန်း တာဝန်များကို နေ့စဉ် ထမ်းဆောင်ရသည်။ ထောက်ပံ့မှုများ ရရှိခြင်း နှင့်အတူ အရေးအကြီးဆုံးသော ရည်ရွယ်ချက်သည် မှော်စွမ်းအင်များကို လေ့ကျင့်နိုင်ရန်မှာ ဒုတိယ ဉီးစားပေး ဖြစ်သည်။ ဒီနေ့သည် ချူးဟောင်လင်း ၏အဖွဲ့ အနားယူရမည့်နေ့ ဖြစ်သောကြောင့် စားဖိုခန်းထဲတွင် ငါးကို ခုတ်ထွင်နေသော ယွင်ချဲ့ကို မြင်သည့်အခါ စကား စလိုက်သည်။

“ငါသိပြီ မင်း နည်းနည်း တိတ်တိတ်လေး နေပါလား”

ချူးဟောင်လင်းမှာ အလုံးစုံ ကောင်းသော လူတော် တစ်ယောက် ဖြစ်သော်လည်း အခြားသူများအတွက် အနှောင့်အယှက် ဖြစ်လောက်အောင် စကားများလွန်း သောကြောင့် ယွင်ချဲ့ပင် စကားမပြောနိုင် ဖြစ်ခဲ့ရသည်။

“ကောင်းပါပြီ ကျွန်တော် ဒီနေ့ အစ်ကို ယွင်ချဲ့ အတွက် စကားမများတော့ပါဘူး ငါးလေးကိုဘဲ ချိုချဉ်ချက်လေး လုပ်ပေးပါလား .. ကျွန်တော်က တောင်ပိုင်းက လာတာဆိုတော့ ဆရာလို မဟုတ်ဘူး စပ်တာတွေ မစားနိုင်ဘူး”

စကားလျော့ပြောမည် ဆိုသော ချူးဟောင်လင်း ကိုယ့်ပါးစပ်ကို မထိန်းနိုင်ပေ။ အစ်ကိုချဲ့ ဟုခေါ်သော စကားကို ထပ်တလဲလဲ သုံးနှုန်းနေသဖြင့် ယွင်ချဲ့ ပြန်မပြောလိုတော့ပေ။ ချူးဟောင်လင်း အပါအဝင် အဖွဲ့ထဲမှ အသက်အရွယ်၊ ယောက်ျား မိန်းမ မရွေး ယွင်ချဲ့ကို အစ်ကိုချဲ့ ဟုသာ ခေါ်ကြသည်။ ရက်အနည်းငယ် ကြာပြီးနောက် ထိုအခေါ်အဝေါ်ကို ယွင်ချဲ့ ကျင့်သား ရလာခဲ့သည်။ ရှင်းဖုန်းက အစပ်ကြိုက်သည်ဟု ကြားရပြီးနောက် ယွင်ချဲ့ အံ့အားသင့် သွားခဲ့သည်။

“ဟင် ဆရာ ရှင်းက အစပ်ကြိုက်တာလား”

“ဟုတ်တယ်လေ .. အစ်ကိုသိလား သူက အာလူး စားရင်တောင် ငရုတ်သီးဆော့ နဲ့အတူ စားတာ … အမဲသားကြော်မှာ ပါတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက အနောက်တောင်ပိုင်းက လာတဲ့ ငရုတ်သီးတွေနဲ့ ချည်းပဲ စပ်လိုက်တာကတော့ သေနိုင်တယ် … စားဖိုမှူး ဦးလေးချင်းက သူနဲ့ အခြားအစပ်ကြိုက်တဲ့ သူတွေအတွက် အထူးချက်ပြုတ်ပေးတာ .. အစပ် အရမ်းများများ ချက်တာ အစားသောက်ရဲ့ မူလအရသာတောင် ပျောက်သွားတယ် … သူတို့တွေ ဘာလို့များ အဲဒီလောက် အစပ်ကြိုက်ပြီး အစားအသောက်တိုင်းမှာ ငရုတ်သီးတွေ ထည့်ကြတာလဲ မသိဘူး … စားဖိုမှူးကတော့ သိပ်အားစိုက်စရာတော့ မလိုတော့ဘူးပေါ့။ သူတို့အကြိုက်က အမြဲထူးဆန်းနေတာ”

ချူးဟောင်လင်း မှာ မီးဖိုစားပွဲ အစွန်ကိုမှီကာ လက်ပိုက်လျက် ရပ်နေပြီး ရှင်းဖုန်း၏ ထူးဆန်းသော အကြိုက်ကို ဝေဖန်နေလေသည်။ သူ၏ပုံစံမှာ အနောက်တောင်ပိုင်း ဒေသ၏ ရဲရင့်ကြံ့ခိုင်သော ဓလေ့နှင့် အစပ်ကြိုက်တက်သော နယ်ခံများကိုပင် ဝေဖန်လိုပုံ ရသည်။ အနောက်တောင်ပိုင်းသား တစ်ယောက်ဖြစ်သော ယွင်ချဲ့လည်း အပါအဝင် ဖြစ်မည်။

“မဟုတ်ပါဘူး စပ်တဲ့ အစားအစာတွေက ကောင်းတယ်လေ .. ကျွန်တော်တောင် ကြိုက်တယ် အခု နေ့လယ်စာအတွက် ငါးကို ကြွပ်ကြွပ်စပ်စပ်လေး ချက်ဖို့ မမကို ပြောမလို့တောင် လုပ်ထားတာ”

“ဘယ်လို !”

ချူးဟောင်လင်း အံ့အားသင့် သွားခဲ့သည်။ ယွင်ချဲ့က ငါးချိုချဉ် ချက်မည်ဟု ပြောခဲ့သည် မဟုတ်လား။ ဘာကြောင့်များ ရုတ်တရက် စိတ်ပြောင်း သွားရတာလဲ။ ခုတ်ထွင် ထားပြီးသော ငါးနှင့် ငါးကို ရေဆေးကာ အလုပ်များနေသော ယွင်ချဲ့ကို ကြည့်လျက် ချူးဟောင်လင်း ငိုချင်လာမိသည်။ သူ၏ကြိုးစားမှု အချည်းနှီး ဖြစ်သွားလေပြီ။ အစပ်ဟု စဉ်းစားရုံနှင့်ပင် ဝမ်းနည်းလာသည်။

“ရှောင်ချဲ့က ငါ့လူဆိုတော့ ငါ့အကြိုက်ပဲ လုပ်ပေးမှာပေါ့”

ရုတ်တရက် ရှင်းဖုန်း အသံကို ကြားလိုက်ရသည်။ မီးဖိုခန်းတံခါးကို မှီလျက် လက်ပိုက်ကာ ရပ်နေသော ရှင်းဖုန်း ရောက်လာသည်ကို သူတို့ သတိမထားခဲ့ကြသည့် အပြင် သူတို့ပြောခဲ့သည် များကိုလည်း ကြားပြီး သွားလိမ့်မည်။

“ဆရာ”

ချူးဟောင်လင်း လှည့်ကြည့်ကာ ငိုချင်လာသော်လည်း မျက်ရည်ပင် မကျလိုက်ရပေ။ အစ်ကို ချဲ့လည်း ဘာကြောင့်များ အစပ်ကြိုက် ရတာလဲ။

“မင်း ဒါတွေကို ဘယ်ကရတာလဲ”

ချူးဟောင်လင်းကို လျစ်လျူရှုကာ စားဖိုဆောင်ထဲသို့ ရှင်းဖုန်း ဝင်လာပြီး စားပွဲပေါ်ရှိ လက်ဆတ်သော ဟင်းသီး ဟင်းရွက်များနှင့် သွေးများ ပေနေသော ငါးကြင်း နှစ်ကောင်ကို ကြည့်လိုက်သည်။ စခန်း၏ အရှေ့ဘက်တွင် လင်းမြစ်ရှိနေပြီး စခန်း ပတ်လည်တွင်လည်း စိုက်ပျိုးမြေများစွာ ရှိသည့်အပြင် အချို့သော လယ်ကွင်းများတွင် သီးနှံများ ရှိနေသေးသဖြင့် မြစ်ထဲတွင် ငါးများ ရှိမရှိကို မည်သူမှ သတိမထားမိကြချေ။

ကပ်ဘေး ဆိုက်နေသည့် အချိန်တွင် ဟင်းသီး ဟင်းရွက်များကိုသာ စုဆောင်း လာကြပြီး ပတ်ဝန်းကျင်မှာလည်း စစ်မြေပြင် အလားပင်။ သီးနှံများ၊ ဟင်းသီး ဟင်းရွက်များနှင့် ရေများ ရရှိနိုင်သော နေရာများမှာ ညစ်ညမ်းနေပြီး ရေထဲရှိသော ငါးများမှာလည်း ထိုကဲ့သို့ပင်။ အခြားသော လိုအပ်ချက်များကို ရှာဖွေရန် လုံလောက်သော်လည်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အသားငါးများမှာ ရှားပါးနေလျက်ပင်။

“ကျွန်တော့်မှာ ကိုယ့်နည်းလမ်းနဲ့ ကိုယ်ရှိပါတယ် … ကျွန်တော် ပြောပြလိုက်ရင် ဝှက်ဖဲမရှိတော့ဘဲ နေမှာပေါ့”

ရှင်းဖုန်းကို ယွင်ချဲ့ ကျီစယ်သည့် အပြုံးနှင့် ကြည့်ကာ ဖြေလိုက်သော်လည်း ယွင်ချဲ့ စကားမှာ အနည်းငယ် စိတ်အနှောင့်ယှက် ဖြစ်စေသည့်အတွက် ရှင်းဖုန်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“ဒါတွေကို စုထားတာက မင်းလုပ်နေကျ မဟုတ်တာ ငါသိပါတယ် … မင်းငါ့ကို လုပ်ပေးစေချင်နေတာ တစ်ခုခု ရှိနေလို့လား မင်းကိုယ်တိုင် ချက်ပြုတ်နေတယ် ဆိုတော့ မင်းတောင်းဆိုချင်နေတာ အသေးအဖွဲ ကိစ္စလေးတော့ မဟုတ်လောက်ဘူး”

“အာ … ကျွန်တော့်စိတ်ကို ဖတ်လိုက်တာလား”

ရှင်းဖုန်းလည်း ဝေဖန်သုံးသပ်နိုင်စွမ်း ရှိသူပီပီ ယွင်ချဲ့ကို ဘာမှပြန်မပြောပဲ ကြည့်နေလိုက်သည်။

“မင်ရွှမ်းမှာပဲ စိတ်ကို ဖတ်နိုင်တဲ့ အစွမ်းရှိတယ် … ငါမင်းကို ကောင်းကောင်းသိလို့ ငါထင်တာကို ခန့်မှန်း ပြောကြည့်ရုံပါ။ ဒါပေမယ့် ငါထင်နေတာ မှန်ဖို့ သေချာသလောက်ပဲ”

ရှင်းဖုန်း မေးထောက်ကာ ယွင်ချဲ့ကို ပြုံးလျက် ကြည့်လေသည်။ ယွင်ချဲ့မှာ ခန့်မှန်းရ လွယ်သူ တစ်ယောက်ပင်။ သူနှင့်ရင်းနှီးသော သူများအပေါ်တွင် အလွန် ကောင်းမွန်ပေးကာ သူတို့တောင်းဆိုသည့် အရာများကို ဖြည့်ဆည်း ပေးတတ်သော်လည်း သူစိမ်းများ အပေါ်တွင် စိတ်မဝင်စားတတ်ပေ။ သူ၏အရှေ့တွင် သူစိမ်းတစ်ယောက် သေဆုံးသွားခဲ့လျှင်လည်း မျက်တောင်တစ်ချက် ခတ်မည့်သူ မဟုတ်ပေ။ ယွင်ချဲ့ ပုံစံမှာ ရှုကျဲ ကဲ့သို့ သူစိမ်းများထံမှ အကူအညီတောင်းရန် အလွန် ဝန်လေးသူတစ်ဦး ဖြစ်ပြီး သိကျွမ်း ရင်းနှီးသော သူများအပေါ်တွင်မူ ထိုသို့ မဟုတ်ပေ။ အချစ်နှင့်အမုန်းကို သိသာစွာ ခြားနားထားသူ တစ်ဦးဖြစ်ပြီး တစ်နည်းအားဖြင့် စရိုက်နှစ်မျိုး ရှိသူဟုလည်း ယူဆရနိုင်သည်။

“ဟုတ်တယ် ကျွန်တော် အကူအညီ တောင်းစရာလေး ရှိလို့”

ယွင်ချဲ့မှာ နေ့လယ်စာ စားသောက်ပြီးချိန်တွင် ပြောဆိုရန် ရည်ရွယ်ထားသော်လည်း ရှင်းဖုန်း ရိပ်မိနေပြီ ဖြစ်သောကြောင့် တုံ့ဆိုင်း မနေတော့ဘဲ စကားစပြောလိုက်ကာ ငါးများကို ဘေးဖယ် ထားလိုက်ပြီး သူ၏လက်များကို စင်အောင် ဆေးကြောလိုက်သည်။ ဧည့်ခန်းတွင် ကူးမင်ရွှမ်း ဖုန်းပြောနေသဖြင့် ယွင်ချဲ့ ဆိုဖာပေါ်မှ ထိုင်ခင်းကို ဆွဲယူကာ ထိုင်လိုက်သည်။

“ကျွန်တော် ဘယ်ကစပြောရင် ကောင်းမလဲ”

တစ်ခုခုပြောဆိုရန် မည်သည့်နေရာမှ စတင် ပြောဆိုရမည်ကို မသိတော့သော ယွင်ချဲ့ စိတ်မရှည်စွာ ခေါင်းကုတ်လိုက်ပြီး စားပွဲပေါ်တွင် ရှိသော ဆေးလိပ်ကို ကောက်ယူကာ မီးညှိလိုက်သည်။

“ဖြည်းဖြည်းပေါ့ … တောင်စဉ်ရေမရ လျှောက်ပြောလည်း အဆင်ပြေတယ်”

ယွင်ချဲ့ ဘေးတွင် ရှင်းဖုန်း ထိုင်လိုက်ပြီး သူတို့နှင့်အတူ လိုက်လာသောချူးဟောင်လင်း မှာလည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သို့သော် ချူးဟောင်လင်း မှာ အစားအသောက် ခုံမင်သူဖြစ်သောကြောင့် ပြီးခဲ့သော ကိစ္စကို မကျေမနပ်ဖြစ်ကာ စိတ်နှင့်လူ မကပ်သေးပေ။

“ခင်ဗျားပုံမှန်အတိုင်းပဲ ပြောလို့ရမလား”

ယွင်ချဲ့ ဆွံ့အသွားရပြီး ပါးစပ်တွင် ဆေးလိပ် တေ့ထားလျက် ရှင်းဖုန်းကို စိတ်တို သွားဟန်နှင့် တစ်ချက် ကြည့်လိုက်သည်။ ရှင်းဖုန်း သူ၏စိတ် သဘောထားကို အသိပေးပြီး ချိန်မှစ၍ ယွင်ချဲ့ကို ပြောဆိုသော စကားတိုင်းတွင် ချစ်ခြင်းကို ဝန်ခံခြင်းများ ရောယှက်နေပြီး ချစ်ကြင်ယုယသော အသံအနေအထားနှင့် ပြောဆိုဟန်တို့မှာ ယွင်ချဲ့ကို မူးဝေစေသည်။ မိန်းကလေး မဟုတ်သော သူ့အတွက် ဘာကြောင့်များ မြတ်နိုးယုယ နေရတာလဲ။ ထိုအဖြစ်မှာ ထူးဆန်းပြီး မုန်းတီးစရာ ကောင်းလှသည်။

“အင်း…..”

ရှင်းဖုန်း နူးညံ့စွာပြုံးလျက် သူ၏အကြည့်များမှာ ချစ်ခင်တွယ်တာမှု များဖြင့် လင်းလက် တောက်ပနေသည်။

“ထားလိုက်တော့”

ရှင်းဖုန်း မြတ်နိုးချစ်ခင်သော အကြည့်များကို ယွက်ချဲ့ ခံနိုင်ရည် မရှိတော့သဖြင့် ဆေးလိပ်ကိုချကာ မတ်တပ် ရပ်လိုက်သည်။

“ခင်ဗျားလည်း သိတယ်မလား ကျွန်တော့် အစ်မနဲ့ ချန်ချန်က ကျွန်တော့်ရဲ့ ဆွေမျိုးအရင်းတွေ အခြားသူတွေနဲ့က နောက်မှတွေ့ခဲ့တာ .. ဇယ်ယွီရဲ့ မိဘတွေ ဆုံးပါးသွားကြပြီ ယဲ့ဟန်က မိသားစု မရှိတော့ဘူး ဒါပေမယ့် ယာဖေးနဲ့ ဟိုင်ရွှမ်းတို့က မိဘတွေ ရှိကြသေးတယ် … ကျွန်တော်တို့လည်း စခန်းမှာ နေသားကျလာကြပြီ ကံကောင်းချင်တော့ ယာဖေးရဲ့ အိမ်က လင်းကျန်းမြို့ကနေ သိပ်မဝေးတဲ့ နယ်မြို့တစ်မြို့မှာ ရှိတာ … နောက်နှစ်ရက်အတွင်း ပစ္စည်းတချို့ စုဆောင်းဖို့ ကျွန်တော် အပြင်သွားရဖို့ ရှိတယ်။ ဒါကြောင့် အဲဒီမြို့ကိုသွားပြီး ယာဖေးရဲ့ မိဘတွေ သက်ရှိ ထင်ရှား ရှိမရှိ သွားကြည့်ဖို့ စီစဉ်ထားတယ် … ဟိုင်ရွှမ်း ကတော့ သူရဲ့အိမ်က အရှေ့မြောက်ပိုင်းမှာ ဒီကပ်ကြီးဖြစ်ပြီး နောက်ပိုင်း ဒေသဆိုင်ရာ စစ်တပ်အကြီးအကဲတွေက ဒီအနောက်တောင်ပိုင်းမှာလိုပဲ အရှေ့မြောက်ပိုင်းမှာလည်း လုံခြုံရေးစခန်း ဌာနချုပ်တွေ ဆောက်ထား ကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ် အဲဒီလိုသာဆိုရင် ဂြိုလ်တု ဖုန်းတွေတော့ သုံးလို့ရနိုင်တယ် … မြို့တော်မှာ ခင်ဗျားသိတဲ့ သူတွေရှိတယ်လို့လည်း ကြားတယ်။ မြို့တော်က တစ်နိုင်ငံလုံးရဲ့ အချက်အခြာဆိုတော့ ခင်ဗျားမှာ အခွင့်အရေး ရှိမယ်လို့ ထင်တယ် … ဟိုင်ရွှမ်း ရဲ့မိသားစုတွေ သက်ရှိထင်ရှား ရှိနေကြတုန်းလား ဆိုတာသိဖို့ ခင်ဗျား ကျွန်တော့်ကို ကူညီပေးနိုင်မလား တကယ်လို့ သူတို့သာ ….”

ယွင်ချဲ့ ပြောဆိုရန် တုံ့ဆိုင်းနေသည်။ အကယ်၍ ဟိုင်ရွှမ်း၏ မိသားစုဝင်များ သက်ရှိထင်ရှား ရှိနေသေးလျှင် အရှေ့မြောက်ပိုင်း၏ စခန်းဌာနချုပ်သို့ ပို့ဆောင်ပေးထားရန် ရှင်းဖုန်းကို အကူအညီ တောင်းခံပေးရန် အတွက် မျှော်လင့်ထားခဲ့သည်။ သို့သော် ရှင်းဖုန်းမှာ လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီ တို့နှင့် မတူပေ။ ဉာဏ်စွမ်းရှိသမျှ ရှင်းဖုန်းထံ တောင်းဆိုပြီး ဖြစ်သောကြောင့် ထပ်မံပြောဆိုရန် မဖြစ်နိုင်တော့ပေ။ မြို့တော်နှင့် အရှေ့မြောက်ပိုင်းသည် အလွန်နီးသည် မဟုတ်သော်လည်း သူ့ထံတွင် အချိတ်အဆက်များရှိလျှင် အဆင်ပြေ ကောင်းမွန်နိုင်သည်။ သို့သော် လူများကို မြို့တော်မှ အရှေ့မြောက်ပိုင်းသို့ ရွေ့ပြောင်းရန် တောင်းဆိုရသည်မှာ ခက်ခဲလွန်းလှသည်။

“တကယ်လို့ သူတို့ အသက်ရှင်နေသေးရင် ဒီကို ပို့ပေးပါ ဟုတ်တယ်မလား ဒါက ဘာမှမခက်ခဲပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူနဲ့ အစ်ကိုချဲ့ ကျွန်တော့် တာဝန်ထား … နေ့လယ်စာ အတွက် ငါးကို အစပ်ချက်မယ့်အစား ချိုချဉ်လေး ဆိုရင်ရော ဘယ်လိုလဲ”

ရှင်းဖုန်း ဘာမှမပြောခင်ပင် ချူးဟောင်လင်းမှာ ယွင်ချဲ့ ထံသို့ လျှောက်လာပြီး ပခုံးကို ဖက်လိုက်သည်။ ချူးဟောင်လင်း ပုံစံမှာ ငါးချိုချဉ် စားနိုင်ရေးအတွက် မည်သည့်ကိစ္စမဆို လုပ်ပေးမည့်ပုံပင်။

“အာ …”

အစားမက်သူများမှာ အလွန် ကြောက်စရာ ကောင်းလှသည်။

ယွင်ချဲ့ ဆွံ့အ သွားခဲ့ရသည်။ ဒီကပ်ဘေးကြီးကို ချူးဟောင်လင်း အရေးမှ စိုက်ပါရဲ့လား။ ယခုအချိန်တွင် လူတစ်ယောက်ကို ရှာဖွေခြင်းမှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ပေ။ သူတို့အားလုံးကို မိုင်ထောင်ချီ ဖြတ်ကျော်၍ လုံခြုံစွာ ခေါ်ဆောင်လာရန်ပင် မဆိုထားနှင့်၊ အရှေ့မြောက်ပိုင်းသို့ သွားရန်မှာပင် နာရီပေါင်းများစွာ ကြာမြင့်လိမ့်မည်။

“ငါမင်းလက်ထဲအပ်လိုက်ပြီ”

မမျှော်လင့်စွာပင် ချူးဟောင်လင်း၏ အကြံကို ရှင်းဖုန်း မငြင်းဆန်ပဲ သဘောတူ လိုက်သည်။ သူ၏ အေးဆေး တည်ငြိမ်နေသော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စမှာ ခက်ခဲကြီးကျယ်သော ကိစ္စမဟုတ်ဟု ထင်ရသော်လည်း ….

“ငါးချိုချဉ်ချက်ကို မေ့လိုက် … ကြွပ်ကြွပ်စပ်စပ်လေးပဲ ကောင်းတယ် !”

“ဗျာ !”

ရှင်းဖုန်း အမြန် ပြန်ပြောလိုက်သော စကားကြောင့် ချူးဟောင်လင်း ညည်းညူ လိုက်သည်။ သို့သော် အကူအညီ တောင်းခံသူ ယွင်ချဲ့မှာ ကြောင်အလျက်သာ ကြည့်နေသည်။ အတိတ်ဘဝနှင့် ယခုဘဝ နှစ်ခုလုံးတွင် ရှားပါးခြင်း ဆိုသည့် အချက်က သူ၏စိတ်ကူးများကို ကန့်သတ်ခဲ့သဖြင့် ရှင်းဖုန်းနှင့် ချူးဟောင်လင်းတို့ ဘာကြောင့် သဘောတူ ခွင့်ပြုခဲ့ကြသည်ကို ယွင်ချဲ့ နားမလည်နိုင်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset