YMR- အခန်း ၅၂

အခန်း (၅၂)

ဓာတ်ခွဲစမ်းသပ်ခန်းမှ လုဟိုင်ရွှမ်း ပျောက်ဆုံး သွားခြင်းကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း အခြားအင်အားစု အားလုံးမှ သိထားပြီးသား ဖြစ်သည်။ ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ရှင်းဖုန်း ပြဿနာကြီးစေရန် တမင်ရည်ရွယ် ပြုလုပ်ခဲ့သည်။ ရှင်းဖုန်းသည် သူ၏အသင်းနှင့် မော့ မိသားစုများကို လုဟိုင်ရွှမ်းအား ရှာဖွေရန် မနေ့ညက စုဝေးစေခဲ့ပြီး စခန်းတွင် ဆိုးဝါးသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

အစပိုင်းတွင် စစ်တပ်သည် မသိဟန်ဆောင်ရန် ရည်ရွယ် ထားသော်လည်း ရက်အနည်းငယ် ကြာပြီးနောက် ရှင်းဖုန်းသည် သူစုဆောင်းထားသော ပစ္စည်းကိရိယာများကို မလွှဲပြောင်း ပေးသည့်အပြင် ဓာတ်ခွဲ စမ်းသပ်ခန်းသို့ လာရောက်ရန် ငြင်းဆိုခဲ့သည့် အတွက် ဓာတ်ခွဲ စမ်းသပ်ခန်း၏ ဒါရိုက်တာဖြစ်သူ သူတို့ထံသို့ ရောက်လာခဲ့ရသည်။

သူတို့သည် ယခုအချိန်တွင် အင်အားစုများကို ပြောင်းလဲရန် လိုသည်။ အရေးပေါ် ဖြစ်နေသော အချိန်မျိုးတွင် အရင်းအမြစ် ပစ္စည်းများသည် အလွန် တန်ဖိုးကြီးလှသည့်အပြင် ရှင်းဖုန်း စုဆောင်းထားသော ပစ္စည်းကိရိယာများသည်လည်း အရည်အသွေး မြင့်မားလှသဖြင့် ထိုပစ္စည်းများကို မဖြစ်မနေ လိုအပ်နေသည်။ အကယ်၍ ရှင်းဖုန်းသာ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့လျှင် သုတေသန လုပ်ငန်းများကို ရပ်ထားရမည် ဖြစ်သည်။

ဖုတ်ကောင်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ရန် အတွက် သုတေသန လုပ်ငန်းများသည် အလွန် လိုအပ်ပေသည်။ ဇွမ်ဘီ ဗိုင်းရပ်စ်များ တစ်ဟုန်ထိုး ပွားများ ပျံ့နှံ့လာရခြင်း၏ အခြေခံ အကြောင်းတရားကို သိရှိလာရန်နှင့် ကာကွယ်ဆေးကို ဖော်စပ် ထုတ်လုပ်ရန် လိုအပ်သည်။ ထို့ကြောင့် မော့ မိသားစုများမှ လွဲ၍ အခြားသော အင်အားစု ခေါင်းဆောင်များ ရှင်းဖုန်း ထံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

လုဟိုင်ရွှမ်းကို ကယ်ဆယ် ခေါ်ဆောင်လာပြီး နောက်တစ်နေ့တွင် ယွင်ယောင် သတိပြန်လည် လာသည်။ ယွင်ချဲ့လည်း စိတ်သက်သာရာ ရကာ ရှင်းဖုန်း ထံတွင် အိမ်ရာတစ်ခုတောင်းဆိုလေသဖြင့် ရှင်းဖုန်းက သူ၏ဘေးတစ်ဖက်ရှိ အိမ်တွင် နေထိုင်စေသည်။

ရှင်းဖုန်းမှာ တစ်ခါဆုံးဖြတ်ပြီးလျှင် နောက်တစ်ကြိမ် မစဉ်းစားတော့သောကြောင့် သူ၏အိမ်နီးချင်းအဖြစ် နေထိုင်ရန် ယွင်ချဲ့ လက်ခံခဲ့သည်။ ထို့နောက် သူ့အတွက် အလုပ်သမား များစွာကို ရှာဖွေပေးခဲ့ပြီး အချို့မှာ ခြံဝင်းထဲတွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးပေးကာ အချို့မှာ လိုအပ်သော ပစ္စည်းများကို တပ်ဆင်ပေးလေသည်။

“ဉီးလေး ရှင်း .. ကျုပ်ကို တစ်ခုလောက် ကူညီပေးဉီး”

ရက်အတော်ကြာ ပြန်လည် ပြင်ဆင်မွမ်းမံ လိုက်ပြီးနောက် ခြံဝင်းမှာ အရင်နှင့်မတူဘဲ ပြောင်းလဲ သွားလေသည်။ ခြံဝင်း၏ မျက်နှာချင်းဆိုင်တွင် ရှိသော ဥယျာဉ်နှင့် ဆည်ကို ဖယ်ရှားလိုက်ပြီး သစ်ပင်ပန်းမန် စိုက်ပျိုးသော မှန်မိုးကာ ဖန်လုံအိမ် နှစ်ခုကို ခြံအတွင်း တစ်ဖက် တစ်ချက်တွင် တည်ဆောက်ထားပြီး အိမ်နှစ်လုံး ကြားတွင် လူတစ်ယောက် ဖြတ်သွားနိုင်ရုံမျှသာ ကျယ်သော ကျောက်ခင်း လမ်းသွယ်လေး တစ်ခုသာ ရှိလေသည်။

ထို့အပြင် အထပ် တစ်ခုစီ၏ နောက်ဖေး ကွက်လပ်နှင့် လေသာဆောင်များကိုလည်း ဖန်လုံအိမ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ယွင်ချဲ့ သည် အနက်ရောင် မြေဩဇာ မြေဆီမြေနှစ်များကို သယ်ဆောင်လာပြီး မြေပြင်ပေါ်သို့ ဖြန့်ချလိုက်ပုံမှာ အိမ်ထဲတွင် စိုက်ပျိုးရန် ပြင်ဆင်နေပုံပင်။

အပြင်ဘက် နံရံများကိုလည်း ပြင်ဆင်မွမ်းမံ ထားသည်။ မခိုင်ခံ့သော နံရံများကို ပို၍ထူသော မြင့်သော အရာများနှင့် အစားထိုးပေးရန် ကျန့်ယာဖေးကို ယွင်ချဲ့ တောင်းဆိုလိုက်သည်။ ကြီးမားသော သိုးမွေးပုံစံ ဝါယာကြိုးခွေများကို စံအိမ်၏ လေးထပ်ဆောင် မှတစ်ဆင့် တန်းလန်း ချိတ်ဆွဲထားပြီး အဆောက်အဦ တစ်ခုလုံးကို ကာရံထားသည်။ သို့သော် အတွင်းပိုင်းတွင်မူ လျှပ်စစ်ပစ္စည်း အသုံးအဆာင် အသစ်များ တပ်ဆင်ခြင်းနှင့် အပေါ်ဆုံး အထပ်တွင် ရေလှောင်ကန် တစ်ခု ထားရှိခြင်းမှလွဲ၍ အရင်အတိုင်းသာ ဖြစ်သည်။

“မင်းဘာလိုချင်လို့လဲ”

ရှင်းဖုန်းလည်း tablet ကိုဘေးချကာ ခြေချိတ်လျက် ထိုင်လိုက်သည်။ ယွင်ချဲ့ အနားကပ်လာကာ ရှင်းဖုန်းကို နှိပ်နယ် ပေးလိုက်သည်။

“ဒီလိုမပြောပါနဲ့ အိမ်နီးနားချင်းတွေပဲ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးသင့်တာပေါ့”

ယွင်ချဲ့ တစ်ခါမှ မျက်နှာချို မသွေးတတ်သဖြင့် ရှင်းဖုန်း သတိကြီးကြီး ထားနေသော်လည်း ယခုကဲ့သို့ ထိတွေ့ နီးစပ်မှုမျိုးကို သူခံနိုင်ရည်မရှိပေ။

“ဒီနေရာလေးကို .. ခပ်ကြမ်းကြမ်းလေးနှိပ် … ဟုတ်ပြီ”

ရှင်းဖုန်း၏ မျက်လုံးလေးများ မှေးစင်းလာပြီး ကြုံတောင့်ကြုံခဲဖြစ်သော ထိုထိတွေ့မှုတွင် ပျော်ဝင်နေလေသည်။

“ဉီးလေး ရှင်း .. ကျွန်တော် ခင်ဗျားဆီကနေ လူတစ်ယောက်လောက် ငှားလို့ရမလား”

ယွင်ချဲ့ ခဏနှိပ်နယ် ပေးပြီးနောက် စားပွဲကိုမှီကာ မေးလိုက်သဖြင့် ရှင်းဖုန်း သူ၏နဖူးကို အသာပုတ်ကာ ပြန်မေးလိုက်သည်။

“ဘယ်သူ့ကိုလဲ”

“ခင်ဗျားကို”

ယွင်ချဲ့ ပြုံးပြကာ သူ့ကို လက်ညှိုး ထိုးပြလေသည်။

“ငါ ?”

ရှင်းဖုန်း ဘေးတွင် ယွင်ချဲ့ ထိုင်လိုက်ပြီး …

“အိမ်ရဲ့အောက်ခြေမှာ သတ္တုချပ်ပြား တစ်ခု ကျွန်တော် ဆောက်ချင်တယ် အဲဒါက အိမ်တစ်ခုလုံးကို အပေါ်ကနေ အောက်အထိ ထိန်းထားလိမ့်မယ် .. ကျွန်တော် ရွှေအစွမ်းကို လိုအပ်လို့ ခင်ဗျားကို အကူအညီ တောင်းကြည့်တာ ကျွန်တော့်ကို ကူညီပေးပါလား”

ယွင်ချဲ့ အသေအချာ ရှင်းပြလိုက်သည်။ အခြားသူများ အမြင်တွင် စံအိမ်အား စိုက်ပျိုးလယ်ကွက် အဖြစ် ပြောင်းလဲရန် စဉ်းစားနေပြီး ရုပ်ဆိုးသော ဝါယာကြိုးခွေများဖြင့် ကာရံထားသော ယွင်ချဲ့ကို ရူးနေပြီဟု တွေးကောင်း တွေးလိမ့်မည်။ ထိုအရာသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင် နေခြင်းသာ ဖြစ်သည်ကို ယွင်ချဲ့ တစ်ဦးတည်းသာ သိထားသည်။

တစ်နေ့တွင် သစ်ပင်များ သန္ဓေပြောင်းလာကာ မြေဆီမြေနှစ်များလည်း ညစ်ညမ်း လာလိမ့်မည်။ ငှက်နှင့်ကြွက်တို့မှာလည်း ဖုတ်ကောင် အသွင်ပြောင်းကာ နေရာအနှံ့တွင် ရှိလာလိမ့်မည်။ ထိုအချိန်တွင် သူ၏ စိုက်ပျိုးမြေကွက်သည် အန္တရာယ် ကင်းသော ခံတပ်တစ်ခု ဖြစ်လာကာ ဖန်လုံအိမ်များကိုလည်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူတို့၏ နေရာတွင် ဟင်းသီးဟင်းရွက်များ အလုံအလောက် ရှိနေသော်လည်း ထိုအသီးအရွက်များကို ဖန်လုံအိမ်များမှ ရလာရန် ရည်ရွယ်ထားသည်။

“အင်း .. ဒါလည်း ဖြစ်နိုင်တာပဲ ကြွက်တွေက ဖုတ်ကောင်အဖြစ် ပြောင်းပြီး မြေအောက်ထဲကနေ အိမ်ထဲကို ဝင်လာကြလိမ့်မယ် .. မင်ရွှမ်း .. ရှန်းရွေ ကို ပြန်ခေါ်လိုက်ပါ ပြီးတော့ သူ့ကို သတ္တုချပ်ပြား တည်ဆောက်ခွင့် ပြုလိုက်”

ရှင်းဖုန်း သူ၏မေးစေ့ကို ပွတ်လျက် ဆုံးဖြတ် ပေးလိုက်သည်။

သူ၏ ဆရာသမားမှာ ယွင်ချဲ့ ကဲ့သို့ ပြောရဆိုရ ခက်ခဲနေသဖြင့် ကူးမင်ရွှမ်း စိတ်ဖိစီးလာသည်။ ယွင်ချဲ့ သူ၏ဥယျာဉ်ကို ရွှေ့ပြောင်း လိုက်စဉ်က ခြံဝင်းထဲတွင် ရှိသော အပင်များ အားလုံးကို တူးယူပစ်ရန် သူတို့ကို တောင်းဆိုခဲ့သည်။ ယခုတစ်ခါတွင် မြေအောက်နှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းကြရပေဉီးမည်။ ဆရာ၏ အမျိုးသမီး အသစ်မှာ ပြောဆိုရခက်လှပြီး နောက်ပိုင်းတွင် ပို၍ ဆိုးဝါးလာလိမ့်မည်။

ကူးမင်ရွှမ်း မျှော်လင့်ချက် မဲ့နေသကဲ့သို့ ခံစားရကာ အနားယူရန်ပင် တွေးမိနေသည်။

“မင်းရောဘယ်လိုလဲ”

သူမေးလိုက်မိသည့် အတွက် နောင်တရ သွားသည်။ သူ၏ဆရာသမားမှာ ယခုအချိန်တွင် ယွင်ချဲ့၏ ကလေးထိန်း သာသာသာ ဖြစ်နေသည်။

မြေအောက်တွင် သတ္တုပြား ထားရှိနိုင်ရန်အတွက် ထူးခြားစွမ်းရည် ပမာဏများစွာနှင့် သံမဏိတန်းများစွာ လိုအပ်ပေသည်။ ယွင်ချဲ့ စုဆောင်းခဲ့သော ပစ္စည်းများမှာ စားသောက်ဖွယ်ရာ များသာ များပြားနေပြီး သံမဏိတန်းများ မရှိပေ။ ရှင်းဖုန်းလည်း ယွင်ချဲ့ နှင့်အတူ စံအိမ်ပတ်လည်ကို သွားကာ လိုအပ်မည့် သံမဏိတန်း အရေအတွက်ကို ခန့်မှန်းနေသည်။

သူတို့ ပြန်ရောက်လာသည့် အချိန်တွင် ခန်းမထဲ၌ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးဦး ရောက်ရှိနေပြီး သူတို့ထဲမှ နှစ်ဦးသည် တူညီဝတ်စုံကို ဝတ်ဆင်ထားကာ ဗိုလ်ကြီးများ ဖြစ်ဟန်တူသည်။ ကျန်တစ်ဦးသည် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထား၍ သူ၏ဗိုက်မှာလည်း စူထွက်နေသည်။

“ဆရာ ဖုန်း … မတွေ့တာ ကြာပြီနော် .. မင်းဘာလို့ ငါတို့ဆီမလာတာလဲ .. ငါ့ရဲစစ်သားတွေက မင်းကို အရမ်း သဘောကျကြတာ”

“ဟုတ်တယ် ဆရာဖုန်း .. ငါတို့ မင်းရဲ့ အကူအညီ လိုနေတယ်”

“အစ်ကို ရှင်း”

ရှင်းဖုန်း ဝင်လာသည့် အချိန်တွင် ထိုသူသုံးဦးမှာ မျက်နှာချို သွေးရန် ကြိုးစားနေကြသည်။ ယွင်ချဲ့လည်း နှုတ်ခမ်းကို တွန့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး ထိုသူတို့ကို မမြင်ဟန်ဖြင့် ရှင်းဖုန်း၏ tablet ကို ယူကာ ထိုင်ကစား နေလေသည်။ ယွင်ချဲ့မှာ စစ်တပ်မှ မည်သူ့ကိုမဆို အလွန် မုန်းတီးနေသည်။ ကျိုးကျစ်ကျွင်းမှာ အစ်မ၏အချစ်ကို အလွဲသုံးစား လုပ်သည်။ လုဟိုင်ရွှမ်းလည်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထို့ကြောင့် ယွင်ချဲ့ မှုန်ကုပ်ကုပ်သာ ကြည့်နေသည်။

“ဒီလူက …”

သုံးဉီးအနက်မှ တစ်ယောက်မှာ ယဉ်ကျေးစွာ မေးလိုက်ပြီး ကျန်နှစ်ဦးမှာ ယွင်ချဲ့ကို ခေါင်းအစ ခြေအဆုံး ကြည့်နေကြသည်။ သို့သော် ယွင်ချဲ့မှာ သူတို့ ရှိမနေသကဲ့သို့ ဆိုဖာပေါ်တွင် ကွေးအိပ်ကာ ဆေးလိပ်ကို မီးညှိလိုက်သည်။

“မင်းတို့ ဒီကို မိတ်ဆွဖွဲ့ဖို့ လာတာလား”

ရှင်းဖုန်းသည် ထိုသူတို့ကို ယွင်ချဲ့နှင့် မမိတ်ဆက် ပေးလိုသဖြင့် စိတ်မရှည်စွာ မေးလိုက်သည်။

“ဟို….”

ထိုသုံးယောက် စိတ်မကြည်မလင် ဖြစ်သွားသော်လည်း ဟန်ဆောင် ပြုံးပြကြလေသည်။

“အစ်ကို ရှင်း … ကျွန်တော်တို့ ဝင်လာတုန်းက ခင်ဗျားလူတွေ ပန်းပင်တွေကို တူးနေကြတာတွေ့ခဲ့တယ် ဘာဖြစ်လို့လဲ”

အစိုးရ ခေါင်းဆောင်တစ်ဦးမှ မေးလိုက်သည်။

“ဘာလဲ မင်းက အခု ငါ့ပန်းပင်တွေကိုပါ ဝင်စွက်ဖက် ချင်နေတာလား”

ရှင်းဖုန်း ခံစားချက်မဲ့စွာ လက်ဖက်ရည် ဖျော်နေလေသည်။

“ဟား….ဟား….”

ထိုသုံးယောက်ကို ယွင်ချဲ့ သဘောမကျသော်လည်း သူတို့ အရှက်တကွဲ ဖြစ်နေပုံကို မြင်ရသည်မှာ ပျော်စရာ ကောင်းလှသဖြင့် ယွင်ချဲ့ ရယ်မောမိလေသည်။ ယခုအချိန်တွင် ထိုသုံးဦးမှာ အမှန်တကယ် စော်ကား ခံလိုက်ရသည်။ ထိုနေရာမှ ချက်ချင်း ထွက်သွားချင်သော်လည်း ဆက်နေရမည်။

“မင်းတို့ ဘာမှပြောစရာ မရှိရင် သွားကြတော့ .. ငါမအားဘူး”

ရှင်းဖုန်း မတ်တပ် ရပ်လိုက်သည့်အခါ ဝေ့ မိသားစု၏ ကိုယ်စားလှယ်ဖြစ်သော ဝေ့ခန် က ရှင်းဖုန်းကို ဆွဲထားလိုက်ပြီး ….

“ဆရာ ဖုန်း ကျွန်တော်တို့ ဒီကို ရောက်လာတာက ခင်ဗျား စုဆောင်းထားတဲ့ ပစ္စည်းကိရိယာတွေ အတွက်ပဲ အဲဒါတွေ ကျွန်တော်တို့ကို ပေးလို့ရမလား”

ဝေ့ခန် သူတို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောမှရတော့မည်။ မဟုတ်လျှင် သူတို့ကို ရှင်းဖုန်း ချက်ချင်း မောင်းထုတ်တော့မည်။

“ဪ နားလည်ပြီ … မင်းတို့မသိဘူးလား ငါတို့ လင်းကျန်း မြို့ကို မသွားခင် လမ်းမှာ ဖုတ်ကောင်တွေ တိုက်ခိုက်တာကို ခံလိုက်ရလို့ ငါတို့အားလုံး ဒဏ်ရာရပြီး ပစ္စည်းတွေလည်း အကုန် ဆုံးရှုံးလိုက်ရတယ်”

ရှင်းဖုန်း ဝမ်းနည်းဟန် ဆောင်ကာ လိမ်ညာ ပြောလိုက်သည်။ သူဒဏ်ရာရသည့် အကြောင်းကို တမင်ရည်ရွယ်ကာ ပြောလိုက်ပြီး ဝင်ပေါက်ကို ပိတ်ရပ်လိုက်သည်။ ဆိုလိုသည်မှာ စစ်တပ်အား အခုထိ ဒေါသထွက် နေသေးကြောင်းနှင့် ပစ္စည်းကိရိယာများကို ပေးမည် မဟုတ်ကြောင်း ရည်ရွယ်ပြောဆို လိုက်ခြင်းပင် ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset