အခန်း (၄၈)
ယွင်ချဲ့ သန်းခေါင်ယံထိတိုင် နှစ်ခြိုက်စွာ အိပ်မော ကျနေခဲ့သည်။ သူနိုးထ လာချိန်တွင် ကျယ်ဝန်းသော အခန်းသို့ ရောက်နေခဲ့ပြီး ညအိပ် ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။ မီးအိမ်များမှာလည်း မှိန်ပျပျသာ လင်းနေပြီး ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း ပျောက်ကင်းနေလေသည်။ ယွင်ချဲ့ လူးလှိမ့်ကာ တစ်ဖက် လှည့်လိုက်ချိန်တွင် နှစ်ခြိုက်စွာ အိပ်မော ကျနေသော ရှင်းဖုန်းနှင့် မျက်နှာချင်းဆိုင် သွားလေသည်။ ထိုအခါမှ ယွင်ချဲ့မှာ လုံခြုံရေး စခန်းကို အစ်မနှင့်အတူ ရောက်နေကြောင်း သတိရလိုက်လေသည်။
မမ ! အစ်မအကြောင်း စဉ်းစားမိသည်နှင့် ယွင်ချဲ့ ချက်ချင်း ထလိုက်သည်။
“ကျုပ်ကိုလွှတ်”
ရုတ်တရက် လက်တစ်ဖက်က ယွင်ချဲ့ ခါးကို ဖက်ကာ ဆွဲလိုက်သဖြင့် နိုးနှင့်ပြီး ဖြစ်သော ရှင်းဖုန်း ပေါ်သို့ ယိုင်ကျသွားလေသည်။ ယွင်ချဲ့ မျက်နှာကို ရှင်းဖုန်း ညင်သာစွာ ပွတ်သပ်လျက် …
“မင်းအခုမှ ပိုပြီးကြည့်လို့ ကောင်းသွားတယ်”
ပွေ့ချီလာခဲ့စဉ်က ယွင်ချဲ့ သတိမေ့နေပြီး ရှင်းဖုန်းက ရေချိုးသန့်စင် ပေးပြီးသည့်တိုင် မနိုးထလာခဲ့ပေ။
“ကျုပ်ကိုလွှတ် ! မမကို သွားကြည့်ရမယ်”
ယွင်ချဲ့ ရုန်းသော်လည်း ရှင်းဖုန်းက တင်းကျပ်စွာ ဖက်ထားလေသည်။
“စိတ်မပူပါနဲ့ သူသက်သာနေပြီ .. ဆရာဝန်က သွေးသွင်း ပေးထားတယ် .. သူသွေးတွေ အများကြီး ဆုံးရှုံးထားလို့ မနက်ဖြန်လောက်ထိ အိပ်နေဦးမှာ မကြာခင် သက်သာလာမှာပါ”
အလင်းစွမ်းအင်မှာ ဒဏ်ရာများကို ကုသနိုင်သော်လည်း သွေးအမြောက်အမြား ဆုံးရှုံးထားသည်ကိုတော့ ပြန်လည် မဖြည့်တင်းပေးနိုင်ပေ။
“ဟုတ်လား တော်သေးတာပေါ့”
ယွင်ချဲ့ ပျော်နေသင့်သော်လည်း အားနည်းနေသောကြောင့် အိပ်ရာပေါ်တွင်သာ လဲနေရလေသည်။
ရှင်းဖုန်း အိပ်ရာကိုမီလျက် ဆေးလိပ် တစ်လိပ်ကို မီးညှိကာ ယွင်ချဲ့ နှုတ်ခမ်းနား တေ့ပေးလိုက်ပြီး နောက်တစ်လိပ် ယူထုတ်ကာ မီးညှိလိုက်သည်။
“ဘာလဲ အရမ်းပျော်သွားတာလား”
“အင်း”
ယွင်ချဲ့ တိုတိုတုတ်တုတ်သာ ဖြေပြီး ဆေးလိပ်ကိုသာ ဖွာနေလိုက်သည်။ ယွင်ယောင် သေလုနီးပါး ဖြစ်ခဲ့ရစဉ် သူ၏ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခု သူမကို ကယ်တင်လိုက်နိုင်ပြီ ဖြစ်သောကြောင့် ယွင်ချဲ့လည်း တဖြည်းဖြည်း နလန်ထူလာပြီ ဖြစ်သည်။
“ရှောင်ချဲ့ ငါ့အပိုင်ဖြစ်ပေး”
“ဟမ် ?”
တိတ်ဆိတ်စွာ ဆေးလိပ် ဆက်သောက် နေကြစဉ် ရုတ်တရက် ရှင်းဖုန်း ပြောသော စကားကြောင့် တည်ငြိမ်နေပြီး ဖြစ်သော ယွင်ချဲ့ အံ့သြသွားရသည်။
“ဘာပြောတာ ငါနားမလည်လိုက်ဘူး”
ယွင်ချဲ့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်လိုက်မိသည်။ ထိုစကားက အလွန်ရိုးရှင်းလှသည်။
“မင်းနားလည်လိုက်တာ ငါသိပါတယ်”
ရှင်းဖုန်း ဆေးလိပ်ကို ဖယ်လိုက်ပြီး ယွင်ချဲ့ကို တင်းကျပ်စွာ ဖက်လိုက်သည်။
“ရှောင်မပြေးနဲ့တော့ ငါ့လူဖြစ်လာပေးပါ .. ငြင်းလည်း မငြင်းပါနဲ့”
ရှင်းဖုန်း သာမန်ကာလျှံကာ ပြောနေခြင်း မဟုတ်။ သူတို့နှစ်ဉီး စတွေ့ခဲ့စဉ် ကတည်းက ယွင်ချဲ့ကို ရှင်းဖုန်း စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် တွေ့သည့်အခါ ပို၍ပင် သူ့ကို ဆွဲဆောင် သွားလေည်။
ယနေ့တိုက်ပွဲကို ကြုံတွေ့ရပြီးနောက် သူ၏အချစ်များ သေချာသွားခဲ့သည့် အပြင် အချစ်ကို အယုံအကြည် မရှိခဲ့သော်လည်း ယွင်ချဲ့၏ အနမ်းက သူ့ကို စိတ်လှုပ်ရှား စေသည်ကိုတော့ သူဝန်ခံပါသည်။ ယွင်ချဲ့ သန်မာနေချိန် သူဝမ်းသာ ဂုဏ်ယူရပြီး ဝမ်းနည်းနေလျှင် သူ၏နှလုံးသား ကြေကွဲရသည်။ သူ ယွင်ချဲ့ကို လိုအပ်နေကြောင်း နှလုံးသား အနက်ဆုံးနေရာမှ ခံစားမိနေသည်။
“ခင်ဗျားက တော်တော် အထက်စီးဆန်တာပဲ … ကျုပ်ငြင်းလို့မရဘူး ဆိုရင် ဘာလို့မေးနေသေးလဲ”
ယွင်ချဲ့ ရင်ခုန်သွားသော်လည်း ခေါင်းမာဟန် ဆောင်လိုက်သည်။
“အဲဒါမှ ငါ့ပုံစံလေ .. ပြီးတော့ မင်းလည်း ကြိုက်တာပဲမလား”
ရှင်းဖုန်း မျက်ခုံးပင့်လိုက်ပြီး ယွင်ချဲ့၏ အောက်နှုတ်ခမ်းသားကို ကိုက်ခဲလိုက်သည်။ နှုတ်ခမ်းနှစ်စုံ ပွတ်တိုက်သွားကြပြီး ရှင်းဖုန်း သူ၏လျှာထိပ်ဖြင့် ယွင်ချဲ့ နှုတ်ခမ်းကို အသာတို့ထိနေသည်။
ခဏအကြာ ရှင်းဖုန်း လက်များကြားမှ ယွင်ချဲ့ ရုန်းထွက်လိုက်သည်။
“တော်ပြီ အရမ်း စောလွန်းတယ်”
အလွန်လည်သော ချာတိတ်လေးပင်။ သူသာ မငြင်းဆန်လျှင် ရှင်းဖုန်း တစိမ့်စိမ့် အရသာခံမည်ဟု စိတ်ကူးထားသည်။
“ဟားဟား မင်းပြောတာလည်း မှန်ပါတယ် ငါတို့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ…”
ယွင်ချဲ့ကို ရှင်းဖုန်း သူ၏ရင်ခွင်ထဲသို့ ဆွဲယူလိုက်ပြီး ယွင်ချဲ့၏ တန်ဆာကို ပွတ်သပ်လေသည်။ ရှင်းဖုန်း စိတ်ကျေနပ်သွားပြီး ကမ္ဘာပျက်ကပ် မဖြစ်သေးသည့် အချိန်မှစ၍ ဖြစ်ပြီးသည်အထိ သူရှာဖွေနေခဲ့သူမှာ ယွင်ချဲ့ ဖြစ်နိုင်သည်။
“ခင်ဗျား ဆုံးဖြတ်ပြီးပြီလား .. ကျုပ်ကိုကြည့်ဉီး ကျုပ်က ယောက်ျားလေး .. ရင်တွေတင်တွေလည်း မရှိဘူး ခင်ဗျားကို လက်ထပ်ချင်နေတဲ့ အလှလေးတွေ အများကြီး ရှိနေတာပဲလေ … ဒါပေမယ့် ခင်ဗျားက ယောက်ျားတွေမှ ကြိုက်တယ်ဆိုလည်း ရှုကျဲ ရှိတာပဲ သူက ကြည့်ကောင်းတော့ ခင်ဗျားတို့ လိုက်ဖက် ညီတာပဲကို”
ယွင်ချဲ့ ရုန်းထွက်ကာ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလျက် ပြောလေသည်။ ယွင်ချဲ့ ရင်ထဲထိ ကြည်နူးပျော်ရွှင် မိသော်လည်း အချစ်အတွက် သူအဆင့်သင့် မဖြစ်သေးပေ၊ နောက်တစ်ကြိမ် ခံစားရမည်ကို သူကြောက်သည်။
“ငါလိုချင်တာမင်းပဲ”
ယွင်ချဲ့ကို ရှင်းဖုန်း ဖက်လိုက်ပြီး အသံမှာလည်း နူးညံ့ကာ သူ၏ စကားများကို ယုံကြည်လာအောင် ပြောဆိုနိုင်သဖြင့် ယွင်ချဲ့ မှင်သက် သွားရသည်။ ခဏကြာ ပြီးနောက်တွင် ယွင်ချဲ့ ထထိုင်ကာ သူ၏ ဒူးနှစ်ဖက်ကို ဖက်ထားလျက် သက်ပြင်း ချလိုက်သည်။
“ခင်ဗျားကို ကျုပ်ပြောထားတာ မှတ်မိလား သာမန် လိင်ကိစ္စတွေဆို အဆင်ပြေပေမယ့် နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေတော့ မလိုချင်ဘူး”
ရှင်းဖုန်း သူ့ကို ချစ်နေကြောင်း ယွင်ချဲ့ သိနေပြီး ဖြစ်သည့်အပြင် သူကိုယ်တိုင်လည်း ရှင်းဖုန်းကို စိတ်ဝင်စားနေသည်။ သို့သော် အရင်ဘဝက နာကျင်ခဲ့ရသဖြင့် သူ ထပ်မချစ်ရဲတော့ပေ။
ယွင်ချဲ့ မျက်ဝန်း မှတစ်ဆင့် အတွေးများကို ရှင်းဖုန်း နားလည်လိုက်သည်။
“မင်းမလိုချင်တာလား .. မင်း သတ္တိမရှိလို့လား ! မင်းကို ဘယ်သူ နာကျင်စေခဲ့လဲတော့ ငါမသိဘူး .. မင်းသိထားရမှာ ငါက အဲဒီလို လူစားမဟုတ်ဘူး ငါအတည်ပြောနေတာ .. မင်းစဉ်းစားလိုက်ဉီး”
ထိုသို့ ပြောပြီးနောက် ရှင်းဖုန်း အိပ်ရာပေါ်မှ ထသွားလေသည်။ ပထမဆုံးအကြိမ် လူတစ်ယောက်ကို ချစ်ခွင့်ပန်ခြင်း ဖြစ်သော်လည်း သူအငြင်း ခံလိုက်ရသည်။ အနည်းငယ် စိတ်ပျက် သွားသော်လည်း သူလက်လျော့မည် မဟုတ်ပေ။
ရှင်းဖုန်း စိတ်ပျက်သွားပုံကို ကြည့်ကာ ယွင်ချဲ့ သက်ပြင်း ချလိုက်သည်။ အကယ်၍ အခြားသူက ဖွင့်ပြောသည်ဆိုလျှင် သူမဆိုင်းမတွ ငြင်းလိုက်မည် ဖြစ်သော်လည်း ရှင်းဖုန်း အတွက်ဆိုလျှင် သူ….
“ကောင်းပြီ … ထားလိုက်တော့”
ရေချိုးခန်းထဲမှ ရေပန်းသံ တိတ်သွားသဖြင့် ရှင်းဖုန်း ရေချိုးပြီး သွားပုံပင်။ ယွင်ချဲ့ ခဏစောင့်ကာ ရေချိုးသန့်စင် ချင်ပြန်သည်။ အစ်မနှင့် ဟေးယွီကို သူအမြန်တွေ့ချင်နေပြီး ဟေးယွီ ခွေးပေါက်လေး ပြန်ဖြစ်နေသောကြောင့် ယွင်ချဲ့ ဝမ်းနည်းရပြန်သည်။
ရှင်းဖုန်း ဆံပင် ရေသုတ်ကာ ထွက်လာချိန်တွင် ယွင်ချဲ့၏ ဝမ်းနည်းနေသော မျက်နှာကို ကြည့်ကာ သူလည်း စိတ်မကောင်း ဖြစ်ရပြန်သည်။ ဩ
“ငါမင်းအတွက် အဝတ်တွေ ထုတ်ပေးမယ်”
ရှင်းဖုန်း အဆင်ပြေဟန် ဆောင်ကာ ယွင်ချဲ့ နဖူးကို အသာတောက်လိုက်ပြီး ဆိုဖာပေါ်တွင် ခြေချိတ် ထိုင်လိုက်သည်။ သူ၏ဝတ်ရုံကို ကြိုးမစည်းထားသောကြောင့် အထင်းသား မြင်နေရသော ကြွက်သားများက သူ့ကို ပို၍ဆွဲဆောင်မှု ရှိစေသည်။ ရှင်းဖုန်းကို ယွင်ချဲ့ ခိုးကြည့်လိုက်ပြီး နှာခေါင်းသွေး လျှံမတတ် မှင်သက် သွားရသည်။
ရှင်းဖုန်းလည်း သတိထားမိ လိုက်သဖြင့် ဆွဲဆောင်မှုရှိစွာ ပြုံးပြပြီး ဝတ်ရုံကို ချွတ်လိုက်ရာ အနက်ရောင် အတွင်းခံမှလွဲ၍ ကိုယ်ပေါ်တွင် မည်သည့် အဝတ်မှ ကပ်နေခြင်း မရှိပေ။ အတွင်းခံထဲတွင် ထိန်းချုပ်ခံ ထားရသော သူ၏အရာမှာလည်း တိုက်ခိုက်ရန် အသင့်ပြင်နေပုံပင်။ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်၊ တောင့်တင်းသော ရင်အုပ်နှင့် ပြေပြစ်သော ခြေတံများက သူ့ကို ဆွဲဆောင်မှု ရှိစေသည်။
“မင်းသာ ငါ့လူဖြစ်ပြီဆိုရင် ဒါတွေလည်း မင်းအပိုင်ဖြစ်ပြီ”
ရှင်းဖုန်း သူ့ရင်အုပ်ကို အရှက်မရှိစွာ ပုတ်လိုက်သည်။
“အာ….”
သူ့ခန္ဓာကိုယ်ကို ရောင်းနေသည့် အလား။ ယွင်ချဲ့ ဘာမှမပြောဘဲ ကြက်သီးထဖွယ် ပြုံးကာ ရှင်းဖုန်း၏ ရင်အုပ်မှတစ်ဆင့် ဝမ်းဗိုက်ထိ ပွတ်သပ်လိုက်ကာ ဖွေးဥသော လက်ချောင်းလေးများက ကြွက်သားများပေါ်တွင် ပြေးလွှားလျက် နောက်လက်တစ်ဖက်မှာ ရှင်းဖုန်း၏ ခြေထောက်ကို ပွတ်သပ်နေသည်။ ယွင်ချဲ့ကို စနောက်ရန် ရှင်းဖုန်း စီစဉ်ထားသော်လည်း ပြောင်းပြန်ဖြစ်ကာ ရှင်းဖုန်း ခံနေရပြီး မိန်းမောလျက် အသက်ရှူ မြန်လာလေသည်။
သို့သော် အချိန်ကိုက်ပင် ယွင်ချဲ့ ရပ်လိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်ကာ လိုချင်တပ်မက် စိတ်များ ပြည့်နေသော ရှင်းဖုန်းကို ထားရစ်ခဲ့လေသည်။
“ဒီကောင်လေးတော့ ..”
ရှင်းဖုန်း၏ ညီလေးမှာ နိုးထလာသော်လည်း ဘာမှ မလုပ်နိုင်သဖြင့် သက်ပြင်း ချလိုက်သည်။ ထို့နောက် ဆိုဖာပေါ် ပြန်ထိုင်ကာ မျက်နှာကျက်ကို ကြည့်လျက် ပြုံးလိုက်သည်။ ယွင်ချဲ့က သူ့အတွက် ထူးခြားသဖြင့် သူ့ကိုရနိုင်ရန် ရှင်းဖုန်း မလိုအပ်သည်တို့ကို လုပ်လိမ့်မည် မဟုတ်ပေ။ ယွင်ချဲ့ကို ပိုင်ဆိုင်ချင်ရုံ သာမက ယွင်ချဲ့နှင့် ပတ်သက်၍ အတွေးများ ရသည်ကိုလည်း ရှင်းဖုန်း သဘောကျနေမိသည်။
***