YMR- အခန်း ၃၈

အခန်း (၃၈)

“အယ် … ဉီးဉီးရော မြင်ရတာလား”

ယွင်ချဲ့ မေးသော စကားကြောင့် ချန်ချန်မှာ သူ၏ရတနာကို ဝေမျှလိုက်ရ သကဲ့သို့ ပျော်ရွှင်စွာ ခေါင်းညိတ် လိုက်သည်။ သို့သော် ယွင်ချဲ့မှာ ပို၍ မျက်နှာပျက် လာပြီး ….

“ဘယ်ချိန်တုန်းက ရှိသွားတာလဲ”

“သားမှာ အမြဲရှိနေတာပဲကို … ဉီးဉီး ..ဒီမှာကြည့် …”

ရတနာတစ်ခုခုကို ထုတ်ပြ လိုက်သကဲ့သို့ ရေဘောလုံးကို ယူထုတ်ပြ လိုက်သဖြင့် ယွင်ချဲ့ ထိတ်လန့် သွားပြန်သည်။ သူ အစွမ်းနှစ်ခု ရှိနေတာလား။

ယွင်ချဲ့ ဘာမှ မပြောနိုင်သေးချိန် ချန်ချန်၏ နောက်လက်တစ်ဖက်တွင် မီးတောက် တစ်ခုပေါ်လာကာ ချန်ချန်၏ ဝကစ်နေသည့် လက်ကလေး ရွေ့ရာနောက်လိုက်ကာ ရွေ့လျားနေသည်။ ထို့အပြင် ရွှံ့မြေတစ်တုံးနှင့် အခန်းထောင့်မှ အပင်စိုက်ထားသော ပန်းအိုးတို့မှာလည်း ထိုမီးတောက် သွားရာနောက် လေထဲတွင် လိုက်ပါ လွှင့်မျောနေသည်။

ချန်ချန်မှာ အစွမ်းများ အားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်နေသဖြင့် ယွင်ချဲ့ ငိုချင်မိလာသည်။ အလွန် ပျော်နေသော ကလေးငယ်ကြောင့် ယွင်ချဲ့ မည်သို့ တုံ့ပြန်ရတော့မည်ကိုပင် မသိတော့ပေ။ အကြောင်းမှာ အစွမ်းအားလုံး ပိုင်ဆိုင်ထားသူ မှန်သမျှ ထိုအစွမ်းများကို ကောင်းမွန်စွာ မထိန်းချုပ် နိုင်ကြခြင်းကြောင့်ပင်။

ယွင်ချဲ့ကို ဥပမာအနေဖြင့် ဆိုရလျှင် သူ့တွင် လျှပ်စီးအလင်း စွမ်းအားနှင့် လေထုစွမ်းအားရှိနေပြီး လျှပ်စီးအလင်း စွမ်းအားမှာ သူပြန်လည် မွေးဖွားလာစဉ်က အဆင့် ၂ သို့ ရောက်နေသည်။ ယခုတွင် လန်ယဲ့ဟန်၏ မီးစွမ်းအားမှာ အဆင့် ၂ သို့ ရောက်နေပြီ ဖြစ်သော်လည်း ယွင်ချဲ့၏ လျှပ်စီးအစွမ်းမှာ အခုထိ အဆင့် ၂ တွင်သာ ရှိနေသေးသည်။

အကြောင်းပြချက်က ရိုးရိုးရှင်းရှင်းပင်၊ သူ၏လေထု စွမ်းအားမှာ မနေ့ကပင် အဆင့် ၂ သို့ ရောက်ရှိ သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ စွမ်းအားတစ်မျိုးထက် ပို၍ ပိုင်ဆိုင် ထားသူများသည် ရှိနေသည့် စွမ်းအားများ အဆင့်တိုးတက်ရန် အတွက် လေ့ကျင့်ရန် လိုအပ်ပေသည်။ စွမ်းအားနှစ်ခု ရှိနေသော သူ့အတွက်ပင် အဆင့်တိုးတက်ရန် ခက်ခဲစွာ လုပ်ဆောင် နေရသည်ဆိုလျှင် စွမ်းအားများစွာ ပိုင်ဆိုင်ထားသူ ဆိုလျှင် ဘယ်လောက်များ အခက်အခဲ ကြုံတွေ့လိုက်လေမလဲ။

ထို့ကြောင့် အချို့ အကြောင်းပြချက်များ အတွက် စွမ်းအင်အားလုံး ပိုင်ဆိုင်ထားသူမှာ အရေးမကြီးလှပေ။ သာမန်လူ တစ်ယောက်အတွက် ကြိုးစားရုန်းကန်ရန် အလွန်ခက်ခဲလှသော အခြေအနေပင်။ ပိုဆိုးသည်က ယွင်ချန်ကိုလည်း ပြန်လည် ပျိုးထောင်ကုသ ပေးရဉီးမည်။

ဘုရားသခင်က သူ့ကို အသက်မရှည် စေချင်တာများလား။

“ဉီးဉီး ….”

ဉီးလေး ဖြစ်သူက သူထင်ထားသကဲ့သို့ ပျော်ရွှင်ဟန် မပြသောကြောင့် ချန်ချန် ကျောပေးကာ ခေါင်းငုံ့လိုက်ပြီး စိတ်ဆိုးနေဟန်ဖြင့် ခြေထောက်ကို ဆော့ကစား နေလိုက်ပြီး ပါးစပ်တွင်လည်း ချိုချဉ်ကို ကိုက်ထားလျက်ပင်။

“အဆိုးလေး .. ဉီးဉီးကို စိတ်ဆိုးသွားတာလား”

တူလေး၏ မပျော်မရွှင် ပုံစံကြောင့် ယွင်ချဲ့ ရယ်လိုက်မိကာ ချန်ချန်ကို ချီယူလိုက်ပြီး သူ၏ပေါင်ပေါ်တင်ကာ …

“ချန်ချန်မှာ အိမ်တစ်လုံးနဲ့ ဉီးဉီး ဆီမှာတောင် မရှိတဲ့ စွမ်းအားတွေ ရှိနေတာဆိုတော့ ဉီးဉီး ပျော်တာပေါ့ … ဒါပေမယ့် အပြင်မှာ လူဆိုးတွေလည်း အများကြီး ရှိနေတာ .. ချန်ချန်မှာ စွမ်းအားတွေရှိတာ သူတို့သိကြရင် ချန်ချန်ကို လာဖမ်းသွားကြမှာ ဉီးဉီးက စိုးရိမ်နေလို့ပါ”

အတိတ်ကာလတွင် လေဟာနယ် စွမ်းအားရှိသူမှာ အလွန် ရှားပါးခဲ့သည်။ အကယ်၍ အခြားသူများက သူတို့ကို ရှာတွေ့သည့်အခါ အခြားတတ်နိုင်စွမ်း တစ်ခုခု မရှိခဲ့လျှင် ထိုသူတို့ ခရီးဆောင် အိတ်အဆင့်သာ ဖြစ်သွားကြရသည်။

ကာကွယ်ရန် လိုအပ်သည့် လေဟာနယ် စွမ်းအား ရှိသူများသည် ပထမဆုံး စွန့်ပစ်ခံရမည့် လူတစ်စု ဖြစ်လာလိမ့်မည်။ ထို့အပြင် ချန်ချန်မှာ လေဟာနယ် အစွမ်းတစ်ခုတည်းကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ သူ့တွင် စုပေါင်းစွမ်းအား ရှိနေသည်ဟု သိသွားကြလျှင် စစ်တပ် သာမက ဓါတ်ခွဲခန်းတွင်းမှ သုတသီ အရူးများကလည်း ချန်ချန်ကို လိုချင်လာကြလိမ့်မည်။ ယခုအခါတွင်မူ ချန်ချန်ကို မည်သူမှ အနာတရ ဖြစ်အောင် ထိခိုက်အောင် မလုပ်နိုင်ရန် သူကာကွယ် ပေးသွားမည်။

“ဉီးဉီးက လူဆိုးတွေ တိုက်ထုတ်ပြီး ချန်ချန်နဲ့ မေမေကို ကာကွယ်ပေးမှာပေါ့”

ချန်ချန် ခေါင်းကို စောင်းကာ ရယ်ပြလိုက်ပြီး လက်နှစ်ဖက်ကို မြောက်ကာ ယွင်ချဲ့ကို ချီခိုင်းလေသည်။ သူ၏စိတ်ထဲတွင် ဉီးလေးကသာ စွမ်းအားအကြီးဆုံး ဖြစ်ပြီး ဉီး လေးနှင့်အတူ ရှိလျှင် သူနှင့် အမေဖြစ်သူကို မည်သည့် လူဆိုးမှ အန္တရာယ် မပေးနိုင်ဟု ယုံကြည်ထားလေသည်။

“ဒါပေမယ့် ဉီးဉီးက အလုပ်များလို့ မကယ်နိုင်တဲ့ အခါဆိုရင် ဘယ်လိုလုပ်မလဲ”

တူလေး၏ ချစ်စဖွယ် အပြုအမူမှာ ပျော်ရွှင်ရမည် ဆိုသော်လည်း ယွင်ချဲ့ မစနောက်ချင်တော့သဖြင့် တမင်ဟန်ဆောင်ကာ စိတ်ရှုပ်ထွေးဟန်နှင့် ပြောလိုက်လေသည်။ ချန်ချန်လည်း ယွင်ချဲ့ ကိုကြည့်ကာ စိုးရိမ်သွားပြီး မျက်ခုံးကို ပင့်တင်လိုက်ကာ …

“ဉီးဉီး ….”

အသက် ၃ နှစ် အရွယ်သာ ရှိသေးသည် ဆိုသော်လည်း ဘယ်လို ဖြေရှင်းနည်းမျိုး သူရှာဖွေနိုင်သွားမလဲ။

“…သားစဉ်းစားဉီးမယ်”

တူလေး၏ စိတ်ရှုပ်ထွေးနေသော ရုပ်လေးကြောင့် ယွင်ချဲ့ ရယ်မိလုနီးနီး ဖြစ်သွားလေသည်။ ချန်ချန် အတော်ကြာအောင် စဉ်းစားပြီးနောက် ….

“ဒီလိုဆိုရင်ရော … ချန်ချန်ဆီမှာ အိမ်အကြီးကြီး ရှိနေတဲ့အကြောင်း ဉီးဉီးနဲ့ ချန်ချန်နဲ့ ကြားမှာပဲ လျှို့ဝှက် ထားမယ်လေ၊ ဘယ်သူကိုမှ မပြောဘူး … ချန်ချန်လည်း တခြားလူတွေ အရှေ့မှာ အစွမ်းတွေ မသုံးဘူးနော် .. ချန်ချန် ခါးမှာ အိတ်တစ်လုံး ဆွဲထားပေးမယ် သားတစ်ခုခု ထုတ်ချင်တဲ့အခါ အဲဒီအိတ်ထဲကနေ ယူထုတ်သလို ဟန်ဆောင်လိုက်လေ .. ရလား”

ကလေးကို ချော့မြူရန် အလွန် ကြီးကျယ်လှသော မေးခွန်းပင်။ တူလေးဖြစ်သူ နားလည်နိုင်ရန်အတွက် ယွင်ချဲ့ သူ၏ခေါင်းကို အလုပ်ပေး လိုက်ရသည်။

“ဒါပေမယ့် မေမေကရော ….”

ချန်ချန် တွေဝေသွားလေသည်။ သူသည် လိမ္မာသော ကလေးပင်၊ လိမ္မာသော ကလေးသည် အခြားသူများကို လိမ်လည် လှည့်ပတ်ခြင်း မလုပ်ဟု သူ၏အမေ ပြောဖူးသည်။

“မေမေ့ကိုတော့ ဉီးဉီး ပြောပေးမယ်နော် .. ဒါကလိမ်လည်တာ မဟုတ်ဘူး ဉီးဉီးကိုယုံနော် .. ချန်ချန်ကို လူဆိုးတွေ ထိခိုက်အောင် လုပ်တာမျိုး ဉီးဉီး မဖြစ်စေချင်ဘူး”

“ဟုတ်ကဲ့”

ချန်ချန် ပြန်ပြုံးပြလေသည်။

ယွင်ချဲ့လည်း သူ၏လက်သန်းကို မြှောက်ကာ ပြုံးပြလိုက်ပြီး ..

“ဒါဆို ဉီးဉီးတို့ ကတိတည် ထားကြမယ်နော်”

“ဟုတ် .. ကတိတည်မယ်”

တစ်ယောက်နှင့် တစ်ယောက် လက်သန်းချင်း ချိတ်ကာ ပြုံးပြလိုက်ကြလေသည်။

“နိုးပြီလား ရှောင်ချဲ့ … ခြေလက်သန့်စင်ပြီး မနက်စာစားဖို့ လုပ်တော့”

အပြင်မှ ဝင်လာသော ယွင်ယောင်မှာ သူမ၏သားနှင့် မောင်ဖြစ်သူကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူမစောစော နိုးနေပြီး ဝက်သား စွပ်ပြုတ်ကိုပင် ချက်ပြုတ် ထားနှင့်ပြီး ဖြစ်သည်။

“ပလုတ်ကျင်း ပြီးပြီလား ချန်ချန်”

တူဝရီးနှစ်ယောက် သူတို့အချင်းချင်းသာ နားလည်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး တူလေးဖြစ်သူကို ချီကာ ယွင်ချဲ့ ထလိုက်သည်။ တစ်ချိန်တည်းမှာပင် ယွင်ယောင် နှင့်အတူ လိုက်လာသော ကျန့်ယာဖေး ကလည်း အိပ်ရာခင်းကို ခေါက်သိမ်း ပေးလိုက်သည်။

“ချန်ချန်ကို ခြေလက်ဆေးတာလည်း လုပ်ပေးပြီးပြီ .. စောနကပဲ ယန်းဟွိုင်အန်းနဲ့ ကရာတေးဆော့နေသေးတာ”

ချန်ချန်မှာ ချစ်စရာ ကောင်းသည့်အပြင် လိမ္မာကာ သိတတ်လွန်း သောကြောင့် သူ့ကို အားလုံး ဝိုင်းချစ်ကြလေသည်။

“ချန်ချန် လေးက ကရာတေးတောင် ဆော့တတ်နေပြီပေါ့”

ထိုစကားကြောင့် ချန်ချန်၏ပါးကို ယွင်ချဲ့ အသာဖျစ်ညှစ် လိုက်သည့်အခါ ယွင်ချဲ့ လက်ကို ချန်ချန် ရိုက်ချလိုက်သည်။

“မညှစ်နဲ့ နာတယ် … ချန်ချန်က အာထရာမန်း ဖြစ်အောင်လုပ်ပြီး လူဆိုးတွေကို နှိမ်နင်းပစ်မှာ”

“အာထရာမန်း ?”

အဲဒါဘာများလဲ။ ယွင်ချဲ့ အတော်ကြာအောင် စဉ်းစားပြီးတော့မှသာ ကလေးများ နှစ်သက်ကြသော သူရဲကောင်း ဇာတ်လမ်းတစ်မျိုး ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။ ပျက်သုဉ်းကာက မရောက်ခင် သူအလုပ်များ နေခဲ့သဖြင့် ထိုကိစ္စများကို စဉ်းစားရန် အချိန်မရသောကြောင့် သူမသိရခြင်း ဖြစ်လိမ့်မည်။

“ဉီးဉီးက အာထရာမန်းကြီး သားသားက အာထရာမန်းလေး .. လူဆိုးတွေကို တူတူ နှိမ်နင်းကြမယ်လေ”

ချန်ချန် ခေါင်းညိတ်ပြကာ ယွင်ချဲ့ကို တစ်လှည့် ကိုယ့်ကိုယ်ကို တစ်လှည့် လက်ညှိုးထိုး၍ ပြောနေလေသည်။ အပြင်မှ ဝင်လာသော ကျိုးဇယ်ယွီက ကြားဖြတ်ကာ …

“မှားနေပြီ ဖက်တီးလေး … ယွင်ချဲ့က အာထရာမန်း မဟုတ်ဘူး၊ ဒါပေမယ့် စွမ်းအားကြီး လူစွမ်းကောင်းပဲ .. သူက အစွမ်းကြီးပြီး ခေါင်းလည်း မာတယ်”

ကျိုးဇယ်ယွီ အနောက်တွင် ရှိနေသော လုဟိုင်ရွှမ်းနှင့် အခြား သူများလည်း အလိုမသိစွာ ရယ်မော နေကြသည့် အပြင် ယွင်ယောင်နှင့် ကျန့်ယာဖေး တို့လည်း ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ကမ္ဘာပျက်ကပ် အတွင်း ယခုကဲ့သို့ ရယ်မော နိုင်ရသည်မှာ အလွန် စိတ်ကျေနပ်ဖွယ်ရပင်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset