YMR- အခန်း ၃၇

အခန်း (၃၇)

“ဟား..ဟား ..”

ရင်ထဲမှ နက်ရှိုင်းသော နေရာမှတဆင့် ရယ်သံတိုးတိုး ထွက်ပေါ်လာသည်။ ယွင်ချဲ့ ဘောင်းဘီကိုတွယ်ကုပ်ကာ ဖက်တက်နေသော လက်ဝါးအရွယ် ခွေးလေး တစ်ကောင်ကိုတော့ မည်သူမှ သတိမပြုမိကြပေ။

“သခင် .. ဖုတ်ကောင်တွေက ကြောက်စရာကြီးတွေ .. ကျွန်တော့်ကိုလည်း ကာကွယ်ပေးပါနော်”

“ဆင်းစမ်း”

ယွင်ချဲ့ မျက်လုံးဖွင့်ကာ ဟေးယွီနှင့် စကားပြောရန်ပင် ငြင်းဆန် လိုက်သည်။ သူ၏အစွမ်းကို ပြသရန် အချိန်ကောင်း မရောက်သေးသော်လည်း ခွေးပေါက်စလေး တစ်ကောင် အရွယ်သို့ ပြောင်းလဲ လိုက်သည်။

“မဆင်းဘူး မသွားဘူး”

ယွင်ချဲ့ ခြေထောက်ပေါ်တွင် ဟိုဒီလူးလှိမ့် နေပြီးနောက် ဗိုက်ပေါ်သို့ ကုတ်တွယ်ကာ ချန်ချန် မှီသကဲ့သို့ ယွင်ချဲ့ ပေါ်တွင် မှီအိပ်လိုက်ပြီး ချော့ကလက် ချောင်းအိတ်ကို ကိုက်ဖောက် လိုက်လေသည်။ ထိုပုံစံကိုကြည့်ရင်း ယွင်ချဲ့မှာ ထိုသတ္တဝါကို ဂုတ်မှဆွဲကာ ပြတင်းပေါက်မှနေ၍ လွှင့်ပစ်ချင်သွားသည်။

“ဒါက စကားပြောတတ်တဲ့ ခွေးလား”

ရှင်းဖုန်း မှတ်မိရသလောက်ဆိုလျှင် သူတွေ့ခဲ့သော တစ်ကောင်မှာ ယခုထက် အရွယ်ကြီးသောကြောင့် စိတ်မှာလည်း သံသယ များစွာဖြင့် ဝေခွဲမရ ဖြစ်လာလေသည်။

“အင်း … ဒါက အသွင်ပြောင်းကောင်ပဲ”

“တကယ်လား”

ရှင်းဖုန်း၏ သူငယ်အိမ်များ တုန်လှုပ်သွားသည်။ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်တွင် ရှိသော တိရစ္ဆာန်များမှာ လူသားများထက် မလျော့သဖြင့် လူသားများ နေထိုင်သည့် လောကက ပို၍ကျဉ်းမြောင်းနေသည် မဟုတ်လား။

“ဘယ်လို ပြောရမလဲ … အပင်တွေလည်း သန္ဓေပြောင်းလာမယ် ဖုတ်ကောင် အကိုက်ခံရတဲ့ တိရစ္ဆာန်တွေလည်း ဖုတ်ကောင်တွေ ဖြစ်လာနိုင်တယ်”

တိရစ္ဆာန် ဖုတ်ကောင်များလည်း မကြာခင် ပေါ်ပေါက် လာနိုင်သောကြောင့် ရှင်းဖုန်းကိုပြောမည်ဟု ယွင်ချဲ့ စိတ်ကူးခဲ့သည်။ ထိုမှသာ အနောက်တောင် စခန်းမှ ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင် ထားနိုင်မည်ဖြစ်သည်။

“မင်းတော်တော် သိထားတာပဲ”

သူပင် မသိသော အရာကို ယွင်ချဲ့ ကောင်းကောင်းမွန်မွန် သိနေသဖြင့် ယွင်ချဲ့ကို ရှင်းဖုန်း စိုက်ကြည့်နေရင်း ပို၍သံသယ ဖြစ်စေလာသည်။ ထိုသံသယမှာ မကောင်းသော အတွေးမဟုတ်သော်လည်း ယွင်ချဲ့ကို ပို၍စိတ်ဝင်စား လာစေသည်။

“ရူးကြောင်ကြောင် သုတေသီတွေ ခွဲစိတ်စမ်းသပ် လေ့လာဖို့အတွက် ကျုပ်ကို ဓါတ်ခွဲစမ်းသပ်ခန်းဆီ ပို့ဉီးမှာလား”

ယွင်ချဲ့ ရုတ်တရက် ထထိုင်ကာ ရှင်းဖုန်း ပခုံးပေါ်ကို လက်တင်ကာ ပြုံးလျက် ပြောလိုက်သော်လည်း မျက်ဝန်းမှာတော့ စစ်မှန်သော အပြုံးရိပ်ယောင်များ ကင်းစင်နေသည်။

“မင်းမရယ်ချင်ရင်လည်း မရယ်ပါနဲ့”

ရှင်းဖုန်း ပြောပြီးနောက် ခေါင်းကိုငုံ့ကာ ယွင်ချဲ့ အနားတိုးကပ် သွားကာ ယွင်ချဲ့ နားအောက်ဖျားကို လျှာနှင့် အသာလျက်လိုက်ပြီး …

“စမ်းသပ်ခန်းထဲ သွားပြီး စစ်ဆေးခံစရာ မလိုပါဘူး … ဒါပေမယ့် ငါ့အိပ်ရာပေါ်မှာ စစ်ဆေးခံချင်လား”

ရမ္မက်ပါပါ စနောက်ခြင်းနှင့် နွေးထွေးသော ဝင်လေထွက်လေတို့မှာ ငယ်ရွယ်ကာ ဆတ်ဆတ်ထိမခံသော ခန္ဓာကိုယ်ကို နှိုးဆွနေသည်။ အကြောင်းအချို့ကြောင့် ရှင်းဖုန်းကို ယွင်ချဲ့ မယှဉ်ပြိုင်နိုင်ပေ။

“အခုအရေးကြီး ကိစ္စတွေကိုပဲ ပြောနေတာ .. ကလိမ်ကကျစ် မလုပ်နဲ့”

ရှင်းဖုန်းကို ယွင်ချဲ့ စိုက်ကြည့် လိုက်သော်လည်း ရှင်းဖုန်း ပခုံးပေါ်ကို ပြန်၍ မှီအိပ်နေလိုက်သည်။

“ဟားဟားဟား …”

ရှင်းဖုန်း စနောက်ခြင်းကို ရပ်သင့်ပြီဟု တွေးကာ ယွင်ချဲ့ အကြောင်းကို ပို၍သိချင် လာလေသည်။

“သူ့ကို လမ်းမှာ တွေ့ခဲ့တာ”

ရှင်းဖုန်း၏ ပထမမေးခွန်းကို ညည်းတွားစွာ ဖြေလိုက်သည်။ သူတို့စကား ပြောသည်ကို နားထောင်နေသော လန်ယဲ့ဟန်မှာ သူတို့လာရာ လမ်းတွင် တိရစ္ဆာန် တစ်ကောင်ကောင်ကို တွေ့ခဲ့သလားဟု တွေးကာ စိတ်ရှုပ်ထွေး သွားရလေသည်။ မပိရိသော လိမ်ညာခြင်း ဖြစ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် လွန်စွာ ရင်းနှီးခြင်းကြောင့် ယွင်ချဲ့ကို မည်သူမှ ချောက်တွန်းမည် မဟုတ်ပေ။

ယွင်ယောင် တစ်ယောက်သာလျှင် စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို မကျေမနပ် ဖြစ်နေသည်။ အမြဲအတူတကွ ရှိနေသော လူနှစ်ယောက်ကို ကြည့်ကာ ယွင်ယောင် အမြဲမျက်ခုံး လှုပ်နေပြီး တစ်ခုခုကို စိုးရိမ်နေမိသည်။

“နားလိုက်ဉီး .. ကျောက်ကောင်း မင်း ဟွိုင်အန်းတို့ကို ခြေရာခံလိုက်ပြီး မောင်းသွားလိုက် … ဒီညတော့ နားဖို့ တစ်နေရာရှာပြီး မနက်ဖြန်မှ စခန်းကို ပြန်ကြမယ်”

ယွင်ချဲ့ ပြောသော စကားကို ရှင်းဖုန်း မယုံဟုပြောခဲ့သော်လည်း ယွင်ချဲ့မှာ အသက်ခြိမ်းခြောက် ခံရလျှင်တောင် ပြောပြမည် မဟုတ်သောကြောင့် သူဆက်မမေးတော့ပေ။ မည်သို့ဖြစ်ဖြစ် နောင်တစ်ချိန်တွင် သူသိလိုသမျှ မေးနိုင်ရန် အခွင့်အရေးများစွာ ရလာမည်ပင်။

အရင်ဉီး စွာထွက်သွားသော ယန်းဟွိုင်အန်းက မြို့အစွန်နားတွင် တည်းခိုခန်းငယ် တစ်ခုကို တွေ့ထားလေသည်။ ယွင်ချဲ့တို့၏ ကားရောက် လာချိန်တွင် တည်းခိုခန်းထဲရှိ ဖုတ်ကောင်များကို ယန်းဟွိုင်အန်းတို့ ရှင်းလင်းထားနှင့်ပြီး ဖြစ်သည်။ ကောင်းကင်ထက်မှ နှင်းပွင့်များစွာ ကျဆင်းနေသဖြင့် ယွင်ချဲ့ မျက်မှောင်ကြုတ် လိုက်သည်။ အရာရာပြောင်းလဲ သွားလေပြီ။ သူမှတ်မိထားသည်က အတိတ်ဘဝတွင် နှင်းများမှာ ဧပရယ်လတွင်သာ ကျရမည် ဖြစ်သော်လည်း ယခုမှာ မတ်လလယ် တွင်း၌ နှင်းကျနေလေသည်။

“ထပ်ပြီး ပြောင်းလဲပြန်ဉီးမယ်”

“အင်း”

ယွင်ချဲ့ ရေရွတ်လိုက်သည်ကို တံခါးနားတွင် ရှိနေသော ရှင်းဖုန်း ကလည်း ထောက်ခံလိုက်သည်။ ကမ္ဘာပျက်ကပ်မှာ နှင်းများ သိပ်သည်း ထူထပ်စွာ ကျဆင်းလာခဲ့ရာမှ ဖြစ်လာကြောင်း သူတို့ အားလုံး သိထားကြပြီး ဖြစ်သည်။

“မင်းဘာတွေ သိထားသေးလဲ”

ယွင်ချဲ့ကို လှည့်ကြည့်ရင်း ရှင်းဖုန်း လွှတ်ခနဲ မေးလိုက် မိသည်ကို ယွင်ချဲ့ ခေါင်းခါပြပြီး မျက်နှာလွှဲ လိုက်သည်။ အမှန်တိုင်း ဆိုရလျှင် သူများများစားစား မပြောချင်ပေ။ လွတ်မြောက် လာကြပြီးနောက် သူတို့အားလုံး မောပန်းနေကြသဖြင့် ဟေးယွီကို ကင်းစောင့်ခိုင်းကာ ကျန်သော သူများကို စုဝေးလိုက်ပြီး တရေးတမော အိပ်စေသည်။

“မောနင်း ဉီးဉီး ”

စွမ်းအားရှိ သူများက အင်အားပြည့်နေပြီ ဖြစ်သောကြောင့် နာရီအနည်းငယ်ကာ အနားယူရုံဖြင့် လုံလောက်လေပြီ။ ယွင်ချဲ့ နိုးလာသောအခါ ဘေးတွင် ချန်ချန် လဲနေပြီး ချိုချဉ် ပလုတ်တုတ်ကိုပါ ပါးစပ်တွင် ကိုက်ထားလျက်ပင်။ ယွင်ချဲ့ နိုးလာသည်ကို မြင်လိုက်သဖြင့် ချန်ချန် အမြန်ပင် ယွင်ချဲ့ ပါးကိုနမ်းလိုက်သည်။

“မောနင်း ချန်ချန်”

ယွင်ချဲ့လည်း ထလာကာ ချန်ချန်၏ မျက်နှာလေးကို နမ်းလိုက်ပြီး ….

“ချန်ချန် .. သကြားလုံးကို ဘယ်က ရလာတာလဲ”

ယွင်ချဲ့ သာမန်ကာလျှံကာ မေးလိုက်သော်လည်း ချန်ချန်လေးမှာ လေထုထဲမှနေ၍ ချိုချဉ်ချောင်းကို ယူထုတ် လိုက်လေသည်။

“ရော့ … ဉီးဉီး စား”

“ဟင်”

ယွင်ချဲ့ အံ့ဩသွားရလေသည်။ ချိုချဉ်မှာ လေထုထဲက ထွက်လာခဲ့သည် မဟုတ်လား။ သူကိုယ်တိုင်လည်း လေဟာနယ်စွမ်းအား ဖြစ်နေသည့်အပြင် ချန်ချန် ကလည်း လေဟာနယ် အစွမ်းကို ရရှိသွားခဲ့ပြီလား။ ဘယ်အချိန်က ဖြစ်သွားခဲ့တာလဲ။

“ဉီးဉီး ?”

ချန်ချန်က ထူးဆန်းနေပုံဖြင့် ခေါင်းကို စောင်းကြည့် လိုက်ပုံမှာ သူ၏ဉီးလေး ဘာများ ဖြစ်သွားတာလဲဟု တွေးနေပုံပင်။

“ချန်ချန် .. သားဆီမှာ ပစ္စည်းတွေ အများကြီး ထည့်လို့ရတဲ့ အိမ်ကြီးရှိလား”

လေဟာနယ် အစွမ်းရကာစ လူတစ်ယောက်၏ အရေးကြီးသော အချက်ကို တွေးမိလိုက်ပြီး ချန်ချန်ကို အမြန်ချီယူကာ ကလေးအတွေးနှင့် နားလည်နိုင်လောက်သည် အထိ တွေးကာ မေးလိုက်သည်။ ချန်ချန်မှာ လေဟာနယ် အစွမ်းကို ပိုင်ဆိုင် သွားလိမ့်မည်ဟု ယွင်ချဲ့ တစ်ခါမှမတွေးခဲ့ဖူးပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset