အခန်း (၂၇)
“ဟေး အဲဒီရွှေခေါင်းစွပ်နဲ့ သံချပ်ကာကို စမ်းဝတ်ကြည့်လို့ ရမလား ?”
ရုတ်တရက် ဩရှရှစကားသံ ထွက်လာပြီး အခြားသူများ သတိမထား လိုက်ချိန်တွင် လူတစ်ယောက် ခုန်ဝင်လာကာ ပါမောက္ခ ဝမ်ကို ဓါးရှည်နှင့် လွဲရိုက်ချလိုက်သည်။
ချလွမ်
ယခုတစ်ခါတွင် ပါမောက္ခ ဝမ်၏ ဘယ်ဘက်ပခုံးပေါ်တွင် ကြီးမားသော ချိုင့်ရာတစ်ခု ထင်သွားကာ ခန္ဓာကိုယ်မှာလည်း အနောက်သို့ ယိုင်သွားလေသည်။
“သေစမ်း ရွှေသံချပ် အစွမ်းပဲ .. မင်းတို့နှစ်ယောက် ကျန်တဲ့လူတွေကို ရှင်းထားလိုက် ဒီလူအိုကြီးကို ငါ့တာဝန်ထား”
ကွေးသွားသော ဓားကိုကြည့်ကာ ကျိုးဇယ်ယွီ ကျိန်ဆဲလိုက်သည်။ ပါမောက္ခ ဝမ်၏ သံချပ်ကာကို မထိုးဖောက် နိုင်ခဲ့သဖြင့် သူမကျေနပ်သေးပေ။
“အင်း”
လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းညိတ်ကာ ပါမောက္ခ ဝမ်ကို ကျော်လျက် အနောက်ဘက်တွင် ရှိသူများထံသို့ ဉီးတည်သွားလေသည်။
“လေ … မင်းမှာက လေစွမ်းအင်ရှိတာလား ?”
ပခုံးပေါ်မှ ချိုင့်သွားသော အရာကိုကြည့်ကာ အရှေ့တွင် ရပ်နေသော သူကို ပါမောက္ခ ဝမ် ဒေါသတကြီးနှင့် ကြည့်လိုက်သည်။ ပါမောက္ခ ဝမ်မှာ စွမ်းအင်ရှိသည်ဟု သိလိုက်ရသည့် အချိန်က ဘုရားပေးသည့် လက်ဆောင်ဟု မှတ်ယူခဲ့သော်လည်း သူတစ်ယောက်တည်း မဟုတ်ဘဲ လန်ယဲ့ဟန် အပြင် သူ့အရှေ့တွင် ရပ်နေသော လူတစ်ယောက်တွင်လည်း စွမ်းအင် ရှိနေခဲ့လေသည်။
“ခင်ဗျားတစ်ယောက်ပဲ စွမ်းအင်ရှိတယ်လို့ ထင်နေတာလား ?”
ကျိုးဇယ်ယွီ ပခုံးပေါ်သို့ ဓါးကိုတင်ကာ သရော်ဟန်ဖြင့် ပြောလိုက်သည်။ အမှန်စင်စစ် ကျိုးဇယ်ယွီမှာ စွမ်းအားရကာစ အချိန်ဖြစ်သည်။ သူလာခဲ့ရာ လမ်းတွင် ဖုတ်ကောင်၏ ကုတ်ခြစ်ခြင်း ခံရသဖြင့် ယွင်ချဲ့ ပေးသော ရေကိုသောက်ပြီးနောက် ကိုယ်ထဲသို့ စွမ်းအင်တချို့ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ကို ပြောရန် အချိန်မရ လိုက်မီပင် သူ့ထံတွင် လေစွမ်းအား ရှိနေကြောင်း သေချာသွားခဲ့လေသည်။
“မင်း…”
ပါမောက္ခ ဝမ် ဒေါသဖြစ်ကာ မနာလိုစိတ်များလည်း ဖြစ်ပေါ်လာပြီး သူ့၏စွမ်းအားကို အသုံးချလေသည်။
“အားလုံး မစိုးရိမ်ကြပါနဲ့ သူတို့မှာ သုံးယောက်ပဲရှိတာ အတူတိုက်ခိုက်ကြစို့”
“တိုက်ကြမယ် ”
ရုံအတွင်းရှိသူများ စိတ်ကို အသင့်ပြင်လိုက်ပြီး ပါမောက္ခ ဝမ်၏ ဦးဆောင်မှု အောက်တွင် စတင်လှုပ်ရှား ကြလေသည်။ အများစုမှာ လူငယ်များသာဖြစ်ကာ ကြောက်နေကြသော်လည်း သူတို့၏ လုံခြုံရေးနှင့် ပတ်သက်လျှင် သတ္တိခွန်အား အပြည့်နှင့်ပင်။
“မဆိုင်တဲ့လူတွေ ထွက်သွားကြစမ်း”
“အ..”
ရန်ပွဲမှာ ချက်ချင်း စတင်လာပြီး ကျိုးဇယ်ယွီနှင့် ကျန်သော နှစ်ယောက်ကို အလယ်တွင် ဝိုင်းထားကြလေသည်။ ထိုလူတစ်စုမှာ အသက် ရန်ရှာသည် အထိ အန္တရာယ် မများသောကြောင့် ဖုတ်ကောင်များကို ရှင်းထုတ်သကဲ့သို့ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ လူသုံးယောက်မှာ အထိနာနေပြီး အထူးသဖြင့် စွမ်းအားမရှိသော လုဟိုင်ရွှမ်းက မြေပြင်ပေါ် လဲကျကာ ကန်ကျောက် ခံနေရသည်။
“အား ”
ထိုစဉ် ထူးဆန်းသော အသံထွက်ပေါ်လာပြီး လူအများမှာလည်း အော်ဟစ်ကာ မြေပြင်ပေါ်လဲကျကုန်သည်။ ကျိုးဇယ်ယွီနှင့် ကျန်နှစ်ယောက်မှာလည်း ရုတ်တရက် အဖြစ်ကြောင့် အလန့်တကြား ဖြစ်သွားကြလေသည်။
“ထွက်သွား ”
“အ …”
ဘာဖြစ်သွားသည်ကို မသိလိုက်ရသေး ချိန်တွင် အေးစက်သော အသံက မြေပြင်သို့ ထိရိုက်သွားကာ လျှပ်စီးတစ်ချက်ကလည်း လေထုကိုထိုးခွင်း၍ ကျရောက်လာရာ လူအများ တုန်လှုပ်ကာ မြေပြင်ပေါ်တွင် ဝပ်တွား နေကြလေသည်။
“ကောင်စုတ် မင်းသာ နည်းနည်း နောက်ကျရင် ငါတို့ အကုန်သေနေလောက်ပြီ”
လူအများ ထိတ်လန့် နေစဉ်မှာပင် ကျိုးဇယ်ယွီ လွန်မြောက် သွားလေသည်။ ယွင်ချဲ့ နှင့်အတူ ပါလာသော ယွင်ယောင်မှာ မြေပေါ်တွင် သွေးများ ပေကျံနေသော လုဟိုင်ရွှမ်း ထံသွားကူပေးလေသည်။
“ရှင်အဆင်ပြေရဲ့လား ?”
“ဟုတ် ပြေပါတယ်”
ယွင်ယောင် ထူမ ပေးခြင်းကြောင့် လုဟိုင်ရွှမ်းလည်း ယွင်ချဲ့ အနားသို့ ရောက်လာလေသည်။
“အား …မီးလောင်နေပြီ ကယ်ကြပါဦး ကယ်ကြပါဦး ”
“အား .. အား”
ရုတ်တရက် အော်သံများ ထွက်လာကာ မီးစွဲလောင်နေသော လူအချို့ ကြောက်လန့်တကြား ပြေးလွှားနေကြပြံး ထိုလူများ အနောက်တွင် ရပ်လျက်ကြည့်နေသော လန်ယဲ့ဟန်ကို တွေ့လိုက်ရသည်။
ပါမောက္ခ ဝမ် လည်း အလွန် ထိတ်လန့်ကာ လန်ယဲ့ဟန်ကို လက်ညှိုးထိုးလျက် တုန်ယင်နေလေသည်။
အော်ဟစ် ငိုကြွေးသံများကို ဥပေက္ခာပြုလျက် လန်ယဲ့ဟန် ခြေလှမ်း မှန်မှန်ဖြင့် ယွင်ချဲ့ထံ ဉီးတည် လာခဲ့လေသည်။
“သူတို့က ရှောင်ချန်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေပဲ”
“ကောင်းပြီ .. ကျေးဇူးပဲ ကျန်တာ ငါဆက်လုပ်လိုက်မယ်”
ပြောပြီးသည်နှင့် ယွင်ချဲ့သည် ကျားသစ်တစ်ကောင်၏ အရှိန်နှင့်ပြေးကာ မီးစွဲလောင်နေသူများကို ဇီဝိန်ချုပ် ပစ်လိုက်လေသည်။
“အား ”
ထိုသူများလည်း နာကျင်စွာ အော်ဟစ်ပြီး အသက်မဲ့ သွားကြလေသည်။
“မင်း မင်း … ဘာလုပ်ချင်လို့လဲ”
ယွင်ချဲ့ အနောက်လှည့်ကာ ပါမောက္ခ ဝမ်ကို စိုက်ကြည့် လိုက်သဖြင့် ပါမောက္ခ ဝမ်လည်း လန့်ကာ ခြေလှမ်းများ နောက်ဆုတ် သွားလေသည်။ အရှေ့တွင်ရပ်နေသည့် ယွင်ချန်နှင့် တစ်ပုံစံတည်း တူသော သူသည် မျက်တောင်ပင် မခတ်ဘဲ လူအများကို သွေးအေးစွာ ရှင်းပစ်လိုက်ပုံမှာ ဖုတ်ကောင်များထက် ပိုမိုကြောက်စရာ ကောင်းသည်ကို ခံစားမိလေသည်။
“ခင်ဗျားရဲ့ ရွှေသံချပ်အစွမ်းနဲ့ ကျုပ်ရဲ့ဓါး ဓါးဘယ်ဟာက ပိုအားသန်လဲ စမ်းကြည့်ချင်လို့ပါ”
ရုတ်တရက်ပင် ပါမောက္ခ ဝမ် ထံသို့ ယွင်ချဲ့ တစ်ဟုန်ထိုး ပြေးလာကာ ဓါးဖြင့် ပိုင်းချလိုက်လေသည်။
“အား ”
ရွှေသံချပ် ထက်ပိုင်းကွဲကာ ပါမောက္ခ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ် သွားလေသည်။
“အား .. သူလူသတ်လိုက်ပြီ ”
ငြိမ်သက်နေသော ရုံကြီးထဲတွင် အလွန် ကျယ်လောင်သော အသံထွက်ပေါ်လာကာ ဝရုန်းသုန်းကား ဖြစ်သွားလေသည်။ ရုံအတွင်းရှိ လူတို့မှာလည်း ဖုတ်ကောင်များထက် ယွင်ချဲ့ကို ပို၍ကြောက်လန့် နေကြသည်။
“ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ”
ကျိုးဇယ်ယွီ သက်ပြင်း ချလိုက်သည်။ ယွင်ချဲ့ ဉီးဆောင်မှုနောက် လိုက်ခဲ့သည်မှာ ၂ ရက်သာ ကြာသေးသော်လည်း သူသည် အရင်ကဲ့သလို့ ဖြူစင်ကြင်နာတတ်သူ မဟုတ်တော့ပေ။ ကျိုးဇယ်ယွီ ကြောက်လန့်သော်လည်း ယွင်ချဲ့ကို မည်သူမှ မတားနိုင်ကြောင်း သူသိထားပြီးသားပင်။ သူတို့ကြောင့်သာ မဟုတ်ခဲ့လျှင် ယွင်ချန် အခုကဲ့သို့ မဖြစ်လာနိုင်ပေ။
“သူတို့က ဒါနဲ့ပဲတန်တယ် ”
ဒဏ်ရာ ရနေခဲ့သော လုဟိုင်ရွှမ်း အားအင် ပြန်ပြည့်လာပုံပင်။ ထိုသူတို့ ထိုသို့သော အပြစ်ဒဏ်နှင့်သာ ထိုက်တန်သည်။
ယွင်ချဲ့က အကုန်လုံးကို လှည့်ကြည့်လိုက်တယ်။ သူတို့ အကုန်လုံးကတော့ ယွင်ချဲ့ အစွမ်းကို ကြည့်ပြီး အံ့ဩနေကြတာပေါ့။ ယွင်ချဲ့ က အုပ်စုလိုက် နေနေကြတဲ့ လူတွေဆီကို တစ်လှမ်းချင်းစီ သွားပြီး သတ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် သူတို့ကို အာရုံမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး အခန်းထောင့်နားက လူတွေအများကြီးကို လှည့်ကြည့်လိုက်တယ်။
“အပြင်မှာရှိတဲ့ ဖုတ်ကောင်တွေက ဆိုးရွားတယ် … ဒါပေမယ့် မင်းတို့က ပိုပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းတယ် မင်းတို့ကို သတ်ရရင် ငါ့လက်ညစ်ပတ်တာပဲ အဖတ်တင်မယ်”
ထိုသူတို့သည် အသတ်ခံရပင် မထိုက်တန်ကြပေဟု တွေးကာ ယွင်ချဲ့ လှည့်ထွက်လာခဲ့သည်၊
“သွားကြစို့”
တရားခံခေါင်းဆောင် သေသွားပြီ ဖြစ်သောကြောင့် ယွင်ချန် အတွက် သူတို့ လက်စားချေခြင်း အောင်မြင်ခဲ့ပြီ။
“နပေါဦး”
ထိုစဉ် ရုတ်တရက် လှမ်းအော်လိုက်သည့် အသံကြောင့် ယွင်ချဲ့နှင့် ကျန်သူများမှာ ခြေလှမ်း ရပ်ကုန်ကြလေသည်။ နှစ်လိုဖွယ် ကောင်းသော မိန်းကလေး တစ်ယောက် သူတို့အနားရောက်လာကာ …
“ကျွန်မတို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် .. ကျွန်မက ကျန့်ယာဖေး .. ဟွိုင်တက္ကသိုလ်ရဲ့ ဒုတိယနှစ် ကျောင်းသူပါ .. ကျွန်မရှင်တို့နဲ့ လိုက်လို့ရမလား”
ကျန့်ယာဖေး ဆိုသည့် မိန်းကလေးမှာ ဖုတ်ကောင်များ တိုက်ခိုက် ခံထားရသူများကို ကြိုးဖြင့် ချောင်နှောင်ထားရန် ပထမဆုံး အကြံပေး ပြောဆိုခဲ့သူပင်။ လှပပြီး လူအရွယ်အစားသေးညှက်သော်လည်း သတ္တိမခေလှပေ။ သူမတောင်းဆိုမှုကို အနည်းငယ် ရှက်နေသော်လည်း ယွင်ချဲ့ကို အကြည့်မလွဲခဲ့။
“ရှင်တို့ကို အနှောင့်အယှက်ပေးမှာ စိတ်မပူပါနဲ့ .. ကျွန်မလည်း အခုလေးတင် စွမ်းအားတစ်မျိုး ရခဲ့လိုပါ .. ဘာအစွမ်းလဲ ဆိုတာတော့ မသိပေမယ့် ကျွန်မရှင်တို့နဲ့ လိုက်မီအောင် ကြိုးစားပါ့မယ် .. အဲဒါကြောင့် ကျွန်မကို လိုက်ခွင့်ပြုပေးပါနော် သူတို့ မျက်နှာတွေကို ထပ်မတွေ့ချင်တော့လို့ပါ”
ကျန့်ယာဖေး စိတ်အား ထက်သန်စွာ ပြောလိုက်သည်။ သူမသည် မကြာသေးခင်ကပင် ဆရာဆရာမများနှင့် အတန်းဖော်များ၏ စွန့်ပစ်ခြင်းခံရပြီး သတ်သေရန် အထိပင် တွန်းအားပေးခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် လောကကြီးအပေါ် သူမ၏အမြင်မှာ ပြောင်းလဲသွားခဲ့ပြီး ယွင်ချဲ့ တို့မှာ ယုံကြည်ရဟန် ရှိသောကြောင့် လိုက်ခွင့်ပြုစေရန်အတွက် တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။
ကျိုးဇယ်ယွီနှင့် ကျန်သောသူများ ဘာမှမပြောသေးဘဲ ယွင်ချဲ့ကို တစ်ပြိုင်နက် ကြည့်လိုက်ကြလေသည်။
“မင်းတွေ့တဲ့အတိုင်း ငါ့အတွက် လူသတ်ရတာ ဘယ်လိုမှမနေဘူး မင်းငါ့နောက် လိုက်မယ်ဆိုရင် ငါ့ပုံစံကို လက်ခံနိုင်ရမယ် .. လူတောင် သတ်ချင်သတ် ရလိမ့်မယ်”
ကျန့်ယာဖေး ပင်၊ စတွေ့စဉ်က သူအမြင် မှားသည်ဟု ယွင်ချဲ့ ထင်ခဲ့မိသည်။ သို့သော် ကမ္ဘာပျက်ကပ် ဆိုက်ပြီးသည့်နောက် လူအများစုမှာ အနည်းအကျဉ်း ပြောင်းလဲ လာခဲ့ပေသည်။
“အာ … သူတို့ကရော လူမသတ်ဘူးလို့ ရှင်ထင်တာလား?”
ကျန့်ယာဖေး ထူးဆန်းစွာ ပြုံးလျက် ထောင့်တွင် စုနေကြသော လူအုပ်ကို လက်ညှိုးထိုးကာ …
“သူတို့နဲ့ နေရမယ့်အစား ရှင်တို့နောက်ပဲ လိုက်ပါ့မယ်”
“ကောင်းပြီ လိုက်ခဲ့”
ယွင်ချဲ့ အတွေးကို မည်သူမှ မခန့်မှန်းနိုင်ပေ။ ယွင်ချဲ့လည်း ဘာမှထပ် မပြောတော့ဘဲ လှည့်ထွက်သွားသဖြင့် ကျိုးဇယ်ယွီနှင့် ကျန်သောသူများ အချင်းချင်း ကြည့်ကာ ပဟေဠိဖြစ်နေကြသော်လည်း ယွင်ချဲ့ကို ယုံကြည်ကြသဖြင့် ဘာမှထပ် မမေးကြတော့ပေ။
“ခဏလေး ငါတို့လည်း …”
စွမ်းအား နှိုးထကာစ လူနှစ်ယောက်ကလည်း သူတို့နှင့်အတူ လိုက်လိုကြသောကြောင့် အော်လိုက်သော်လည်း ယွင်ချဲ့မှာ အနောက်ပင် မလှည့်ကြည့်ဘဲ …
“ရှေ့တစ်လှမ်း ထပ်တိုးတာနဲ့ အသက်ပျောက် သွားစေရမယ်”
ထိုလူနှစ်ယောက်လည်း ယွင်ချဲ့ကို ကြောက်လန့်ကာ တုပ်တုပ်ပင် မလှုပ်ရဲကြတော့ပေ။ ကျိုးဇယ်ယွီ ကလည်း ထိုသူတို့ကို မတူမတန် ဟန်ကြည့်ကာ မိန်းကလေး တစ်ယောက်ကပင် သူတို့ထက် ပို၍ သတ္တိရှိနေသည်ကို ယွင်ချဲ့က သူရဲဘောကြောင်သူများကို လိုက်ခွင့်ပြုမည်တဲ့လား။
***