YMR- အခန်း ၂၃

အခန်း (၂၃)

“မဟုတ်ဘူး .. မင်းငါ့ကိုမသတ်နိုင်ဘူး … ငါမသေချင်သေးဘူး”

“အမေရေ … ကယ်ပါဦး … ကျွန်တော် မသေချင်ဘူး”

ငါ့ကို သွားခွင့်ပြုပါ မင်းမှာ ငါ့ကို သတ်ပိုင်ခွင့် မရှိဘူး သွားခွင့်ပြုပါ …”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ …”

တစ်ဒါဇင်လောက်သာ ရှိသည့် လူများသည် ရာနှင့်ချီသော လူများကို ဘယ်လိုများ ယှဉ်ပြိုင် တိုက်ခိုက် နိုင်မှာလဲ။ မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့မှာ ပတ်လည်တွင် ပိတ်မိလျက်ရှိပြီး သီးခြားခွဲ၍ ထွက်ပြေးရန် ကြိုးစားသော အမျိုးသမီး တစ်ယောက်သည်လည်း ဖမ်းဆီး ခံရပြန်လေသည်။ သူတို့အားလုံးသည် ဟွိုင်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ပြီး အသက်နှစ်ဆယ် ဝန်းကျင်မျှသာ ရှိသေးည်။ သူတို့သည် သေဆုံးရမည့် ဘေးဒုက္ခမျိုး ကြုံတွေ့လာရသည့် အခါတွင် သနားညှာတာမှု အတွက် ငိုကြွေး တောင်းပန်ကြသကဲ့သို့ ဒေါသကြီးစွာ အော်ဟစ်ကြသည်။ သူတို့မှာ ဒေါသထွက်နေကာ ကြောက်ရွံ့နေသည့် အပြင် စိတ်ဝမ်းကွဲ နေကြသည်။

“ပါမောက္ခ ဝမ် သူတို့က ရောဂါပိုး ဝင်ပြီးပြီမလို့ သူတို့ကို သတ်လိုက်ကြစို့”

“မင်းဘာကို ဆိုလိုတာလဲ တကယ်လို့ ငါတို့သူတို့ကို မသတ်ရင် သူတို့သန္ဓေ ပြောင်းလာတာနဲ့ ငါတို့သေလိမ့်မယ်”

“ဟုတ်တယ် သူတို့ကို သတ်ကိုသတ်ရမယ်”

အားကစားရုံ အတွင်းရှိသော ဆရာဆရာမများနှင့် ကျောင်းသားများ အားလုံး ဒေါသစိတ်များ ပြည့်နှက်နေပြီး အရင်က သိခဲ့သူများ မဟုတ်ကြတော့ပေ။ သူတို့၏ ရုပ်ဆိုး အကျည်းတန်သော မျက်နှာများသည် လက်တွေ့ဘဝမှ အကြင်နာမဲ့ ရက်စက်မှုများကို ဖော်ပြလျက်ရှိသည်။ ဘေးနားတွင် ရပ်နေသော အနီရောင် မျက်ဝန်းများ ရှိနေသည့် အမျိုးသမီး တစ်ယောက် ရုတ်တရက် ခုန်ထွက်လာကာ …

“မင်းဒါကို မလုပ်နိုင်ပါဘူး ငါတို့ဟာလည်း ခံရသူတွေပါပဲ အခုအချိန်မှာ ဒဏ်ရာရပြီးသား သူတွေက မကောင်းဆိုးဝါးအဖြစ် ပြောင်းသွား နိုင်တယ်လို့ ဘယ်သူက အခိုင်အမာ ပြောနိုင်လို့လဲ … တကယ်လို့ ငါတို့သာ မကောင်းဆိုးဝါး ဖြစ်မလာဘူးဆိုရင် မင်းက လူသတ်နေတာပဲ”

အမျိုးသမီးမှာ အလွန်လှပပြီး အသက်နှစ်ဆယ်ပင် မကျော်သေးဟန် တူသည်။ သို့သော် သူမအခုထိ အားမနည်းသေး။ အသိစိတ် ကင်းမဲ့နေပြီဖြစ်သော လူများ အရှေ့မှာပင် တွန့်ဆုတ်ခြင်း မရှိပေ။

“ဟုတ်တယ် မင်းတို့ ငါတို့ကို သတ်လို့ မရပါဘူး မင်းတို့ ကြောက်တယ်ဆိုရင် ငါတို့ ဒီအားကစားရုံက ထွက်သွားပေးမယ်”

ကျန်သော သူများကလည်း အရဲစွန့်၍ ရှေ့သို့ တိုးလာကြသည်။

“ဒါဆို သူတို့ကို ထွက်သွား ခိုင်းလိုက်ပါ”

လူတိုင်းကတော့ လူမဆန်စွာ ရက်စက် ကြမ်းကြုတ်သည် မဟုတ်။ လူအုပ်အတွင်းမှ မတူညီသော အသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ တစ်ဖွဲ့လုံးကို ဦးဆောင်နေသော ပါမောက္ခ ဝမ်သည် မိနစ်အနည်းငယ်ကြာ မျက်မှောင်ကြုတ် လျက်ရှိသည်။ ထိုလူများ အားလုံးကို လှုံ့ဆော်ရန် သူအတော် ကြိုးစားထားရသဖြင့် နောက်ကြောင်း ပြန်လှည့်ရန် ခွင့်မပြုနိုင်ပေ။ ကပ်ဘေးကို ဖြေရှင်း ကျော်လွှား နိုင်သည်အထိ လူများစုက သူ၏စကားကို နားထောင်ကြလိမ့်မည်ဟု ယုံကြည်ထားသဖြင့် …

“မဟုတ်ဘူး သူတို့ကို သွားခွင့်ပြုလိုက်တာက ဒါဇင်လောက်ရှိတဲ့ မကောင်းဆိုးဝါးတွေကို လွှတ်ပေးလိုက်တာပဲ .. ပြီးတော့ ကယ်ဆယ်ရေးတွေလည်း လာမှာမဟုတ်ဘူး ငါတို့ကိုယ်တိုင် ဒီအခြေအနေကို ကျော်ဖြတ်ကြရမယ် .. အဲဒီလိုအချိန်မှာ သူတို့က ငါတို့ရန်သူတွေ ဖြစ်လာနိုင်တယ်”

“ဟုတ်တယ် သူတို့ ထွက်မသွားရဘူး”

“သူတို့ကိုသတ် … သူတို့ကိုသတ် ..”

လူတိုင်းက လွန်စွာ ကြောက်ရွံ့ နေကြလေသည်။ ရောဂါကူးစက်ခံရပြီး မကောင်းဆိုးဝါး ဖြစ်လာကာ အသတ်ခံရမည်ကို ကြောက်သည်။ ကြောက်ရွံ့မှုများဖြင့် လောင်မြိုက် လာကြသည်နှင့် တစ်ပြိုင်နက် လူသားဆန်မှုများလည်း ချက်ချင်း ပျောက်ကွယ် သွားလေတော့သည်။

လူထုတစ်ခုလုံး၏ ဒေါသများနှင့် ရင်ဆိုင်နေရသော ဒဏ်ရာရပြီး သူများမှာ အားအင် ချည့်နဲ့ကာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်မှီခို ထားကြသည်။ ပထမဦးဆုံး စကားပြောခဲ့သော အမျိုးသမီး တစ်ယောက်သည် သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အံကြိတ်ထားပြီးလျှင် …

“အပြင်မှာ ဘာတွေဖြစ်နေလဲ ငါတို့မသိဘူး ငါတို့အားလုံး လူသတ်သမားတွေ ဖြစ်မလာချင်ပါဘူး ဟုတ်တယ်မလား .. ပြောရမယ်ဆိုရင် ငါတို့ကို ချုပ်နှောင် ထားလိုက် တကယ်လို့ ငါတို့ပြောင်းလဲ လာတယ်ဆိုရင် ငါတို့ကို သတ်လိုက် ငါတို့လည်း မငြင်းဘူး … အဲ့လိုသာဆို မင်းတို့ အတွက်လည်း ဘာစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ ရှိလာမှာ မဟုတ်တော့ဘူး”

“ငါလည်း အဲ့လိုထင်တယ် သူတို့က အခုထိ လူသားတွေပဲ .. ငါတို့ သူတို့ကို ချည်နှောင်ထားပြီး သူတို့ သန္ဓေပြောင်းလာတဲ့ထိ စောင့်ကြမယ် ငါတို့လည်း သူတို့ကို အလွယ်တကူ သတ်နိုင်နေတာပဲ”

“ဟုတ်တယ် ဟုတ်တယ် အကြံကောင်းပဲ ဒီလိုသာဆို ငါတို့လည်း မှားယွင်းပြီး သတ်မိစရာ မရှိတော့ဘူး တကယ် ကြောက်စရာ ကောင်းလိုက်တာ”

“ငါ သဘောတူတယ်”

ထိုနည်းလမ်းသည် လူအများ၏ ထောက်ခံမှုဖြင့် သိသိသာသာ အနိုင်ရ သွားသောကြောင့် ပါမောက္ခ ဝမ်လည်း ခေါင်းညိတ် ရတော့သည်။ ဒဏ်ရာရထားပြီး သူများမှာ ကြောက်ရွံ့သော်လည်း သဘောတူရန်သာ ရှိသည်။ ထိုနည်းမှာ နှစ်ဖက်လုံး လက်ခံနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။

လူတစ်အုပ်စုလုံးကို အဝတ်များဖြင့် လျင်မြန်စွာ ချည်နှောင် ထားလိုက်သည့်အခါ လူတိုင်း စိတ်သက်သာရာ ရသွားကြသည့် အချိန်တွင် ပါမောက္ခ ဝမ်သည် ထိုသူများကို အနောက်မှ အမြဲကာကွယ် ပေးနေသော လန်ယဲ့ဟန်၊ လုဟိုင်ရွှမ်းနှင့် ယွင်ချန်တို့ ဘက်သို့ လှည့်ကြည့်လိုက်သည်။

“လန်ယဲ့ဟန် .. ယွင်ချန်ကို ချုပ်ထားလိုက် သူဒဏ်ရာ ရထားပြီးပြီဆိုတာ ငါသိတယ်”

ကုန်စုံဆိုင်မှ ထွက်ပြေး လွတ်မြောက်လာသည့် အချိန်က ယွင်ချန်ကို ဆွဲခေါ်လာခဲ့ကြသော လူငယ်များစွာ ကလည်း အော်ဟစ်ခဲ့ကြသည်။

“သေလိုက်ကြပါလား … မင်းတို့သာ ယွင်ချန်ကို မတွန်းထုတ်ခဲ့ဘူးဆိုရင် သူဒဏ်ရာ ရပါ့မလား”

လုဟိုင်ရွှမ်းက ရိုးဖြောင့်သူပီပီ ချက်ချင်းပင် ပြန်လည် အပြစ်တင် ရှုတ်ချ လိုက်သဖြင့် ထိုသူများ အားလုံးလည်း ရုတ်တရက် သွေးဆုတ် သွားသကဲ့သို့ ဖျော့တော့သွားကြသည်။ သို့သော် သူတို့အားလုံးထဲမှ တစ်ဦးသည် ယွင်ချန်၏ မျက်လုံးများ မကြည်မလင် ဖြစ်လာသည်ကို မရည်ရွယ်ဘဲ သတိထား မိလေရာ လက်ညှိုး ထိုးလိုက်ပြီး

“သူ …သူ .. သူပြောင်းလဲနေပြီ”

“ဘာ ”

ရုတ်တရက် အားကစားရုံ တစ်ခုလုံး အတွင်းမှ အခြေအနေမှာ အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိလာပြီး အခုလေးတင်မှ အနားယူနိုင်ကြသော သူအားလုံးလည်း ချက်ချင်းပင် အခန်း၏ ထောင့်နေရာသို့ ဦးတည် တွန်းတိုက် လာကြသည်။

“ရှောင်ချန် .. သူတို့ မင်းကိုသတ်ဖို့ ငါခွင့်မပြုဘူး”

“လန် .. ဟင်း..ဟင်း.. ဟင်း..ဟင်း…”

လန်ယဲ့ဟန်မှာ ဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲနေပြီး ခက်ခဲစွာ စကားပြောနေသော ယွင်ချန်ကို ဖက်လိုက်သည်။ သူသည် အခြားစကားတို့ကို မပြောနိုင်တော့ဘဲ ညည်းတွားသံသာ ထွက်နိုင်တော့သည်။ လန်ယဲ့ဟန်လည်း စိတ်ထဲ အလွန် နာကျင်သွားကာ …

“စကားမပြောပါနဲ့တော့ မင်းရဲ့အစ်ကို လာမှာကို မစောင့်တော့ဘူးလား ငါမသေမချင်း မင်းကို ဘယ်သူမှ မထိစေရဘူး”

လန်ယဲ့ဟန် ရုတ်တရက် ယွင်ချန်ကို လွှတ်လိုက်ပြီး လုဟိုင်ရွှမ်း နှင့်အတူ မတ်တပ် ရပ်လိုက်သည်။ သူတို့က ဘေးနားတွင် ရှိနေသော လူများကို ကြည့်လိုက်ပြီးလျှင် သူ၏ညာဘက် လက်ကို အပေါ်သို့ ဆန့်ထုတ်ကာ မီးလုံးများ လေပေါ်တွင် ပေါလော ပေါ်စေလေသည်။

“ဘယ်သူ ရှေ့တစ်လှမ်း တိုးရဲလဲ….. အဲဒီသူကို ငါသတ်မယ်”

အမှန်တွင် လူအနည်းစုသာ ထူးခြားသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားကြပြီး အချို့သူများမှာ ပိုင်ဆိုင် ထားသော်လည်း သတိမထားမိကြပေ။ အခြားသော လူများလည်း မီးလုံးများကို ကြည့်ကာ ထိတ်လန့်သွားကြပြီး နောက်ဆုတ် သွားကြသည်။

“လန်ယဲ့ဟန် .. ငါတို့အားလုံးလည်း လူတိုင်းရဲ့ အသက်အတွက် လုပ်နေကြရတာ ယွင်ချန်က စပြီး ပြောင်းလဲနေပြီ .. မင်းငါတို့ အားလုံးကို ဒီနေရာမှာ သူနဲ့အတူ သေသွားစေချင်တာလား”

ထိုအချိန်တွင် ကောက်ကျစ်သော ပါမောက္ခ ဝမ်သည် နောက်တစ်ကြိမ် မတ်တပ် ထရပ်ကာပြောလေသည်။ ပါမောက္ခမှာ ဖြောင့်မတ်မှန်ကန်ပြီး ကိုယ်ကျင့်တရား ကောင်းဟန် ပြသော်လည်း အမှန်မှာ တစ်ကိုယ်ကောင်း ဆန်လွန်းသူပင်။

“ဟမ်…. တွဲဖက်ပါမောက္ခ ဝမ် ခင်ဗျားကိုယ်ခင်ဗျား တွဲဖက်ဆိုတဲ့ စကားလုံးမပါဘဲ ပါမောက္ခတစ်ယောက် ဖြစ်တယ်လို့ တကယ် ထင်နေတာလား … ခင်ဗျားက တကယ်တော့ ခင်ဗျား ကိုယ်ကျိုးအတွက် လက်စားချေဖို့ အခွင့်အရေးကို ရှာနေတာပဲ ပြီးခဲ့တဲ့လက ယွင်ချန်ရဲ့ သုတေသန စာတမ်းက ခင်ဗျားထက် ကောင်းတယ်ဆိုတာ လူတိုင်းအသိပဲ … ဒါကြောင့် ပါမောက္ခက ခင်ဗျားရဲ့ ရလဒ်တွေကို ကြည့်တောင် မကြည့်ဘူးမလား”

လန်ယဲ့ဟန်က အေးအးဆေးဆေးဖြင့် အထင်သေးစွာ ပြောလိုက်သည်။ ထိုကျောင်းတွင် ရှိသော ဆရာဆရာမ ကျောင်းသား ကျောင်းသူများသည် ပါမောက္ခ ဝမ်နှင့် ယွင်ချန်တို့ကြားရှိ ပုဂ္ဂိုလ်ရေး မကျေမနပ်မှုများကို အနည်းနှင့် အများတော့ သိကြသည်။ အကယ်၍ ယနေ့တွင် ယွင်ချန် မပြောင်းလဲခဲ့သော်လည်း ပါမောက္ခဝမ်သည် ယွင်ချန်ကို ရှင်းထုတ်နိုင်ရန် အခြား အခွင့်အရေး ရှာမည်ဆိုသည်ကို လန်ယဲ့ဟန် အနေဖြင့် အခိုင်အမာ ပြောရဲသည်။

“မင်း ယွင်ချန် ပြောင်းလဲသွားပြီ ဆိုတာက အမှန်တရားပဲ .. မင်းတစ်ယောက်တည်း ထူးခြားတဲ့ စွမ်းရည်ရှိတယ်လို့ မင်းထင်နေတာလား”

ပါမောက္ခ ဝမ် အလွန်ဒေါသ ထွက်နေပြီး သူ၏တစ်ကိုယ်လုံးကို သတ္တုကျည်ကာဖြင့် ချက်ချင်း ဖုံးလိုက်သည်။

“အားလုံးပဲ မကြောက်ကြနဲ့ ကျွန်တော်တို့က လူအများကြီး ယွင်ချန်က သန္ဓေပြောင်းလဲ သွားပြီ … ကျွန်တော်တို့ ဒီထက်ပိုပြီး …”

ခွမ်း

အခြေအနေမှာ အတင်းမာဆုံး အနေအထားတစ်ခုသို့ ရောက်ရှိနေပြီး နှစ်ဖက်စလုံးမှ ပေါက်ကွဲ ထွက်တော့မည့် အချိန်တွင် အားကစားရုံ၏ ဒုတိယထပ်တွင် ရှိသော ပြတင်းပေါက် မှန်သည် ရုတ်တရက် ကွဲသွားပြီး လူအုပ်အတွင်းမှ မည်သို့မျှ မတုံ့ပြန်နိုင်သေးခင် ပုံရိပ်အချို့ ပြတင်းပေါက်မှ တစ်ခုပြီးတစ်ခု ခုန်ဝင်လာသည်။

ယွင်ချဲ့သည် အရှေ့မှနေ၍ သူ၏ဓားရှည်ကို ဆွဲယူကာ ချည်နှောင် ခံထားရသူများကို တစ်ချက် ကြည့်လိုက်ပြီး လူအများ စုဝေးနေသော နေရာသို့ ဖြည်းဖြည်းချင်း လှည့်ကြည့် လိုက်လေသည်။

“ယွင်ချန် ?”

လူတစ်ယောက်မှာ ရုတ်တရက် ထငိုလိုက်ပြီး အခန်း၏ ထောင့်တွင် စုစည်းနေသော လူများအားလုံး အာရုံကို ဖမ်းစားလိုက်သည်။ အားကစားရုံ အတွင်းတွင် နောက်ထပ် ယွင်ချန် တစ်ယောက် ထပ်ပေါ်လာသည်ကို သူတို့ နားမလည်နိုင်ကြပေ။

“ရှောင်ချန် … အဆင်ပြေရဲ့လား”

သူတို့၏ ပုံစံများကြောင့် နောက်ဆုံးတွင် ယွင်ချဲ့မှာ အလယ်တွင် ရှိနေသော ယွင်ချန်ကို သတိထားမိ လိုက်ပြီး ယွင်ယောင်၏ ဓားသည်လည်း မြေပေါ်သို့ ပြုတ်ကျ သွားလေသည်။ သန္ဓေပြောင်းလဲခြင်း စတင်နေပြီးဖြစ်သော ယွင်ချန်ကို အဝေးမှ ကြည့်ရင်း သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်ကာ ငိုကြွေးလေတော့သည်။ ကျိုးဇယ်ယွီသည် ဝမ်းနည်းစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူတို့ နောက်ကျ သွားခဲ့လေပြီ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset