အခန်း (၁၉)
ကမ္ဘာပျက်ကပ်ဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ဟွိုင်မြို့မှာ ဖုတ်ကောင်များဖြင့် ပြည့်နှက်သွားလေသည်။ မြို့ပြင်ကစ၍ မြို့ထဲ ရောက်သည်အထိ ယွင်ချဲ့ သတ်လာခဲသဖြင့် လမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်များ ပြည့်နှက်နေသည်။။ အိမ်ထဲတွင် ပုန်းအောင်း နေကြသူများ ကလည်း ပြတင်းပေါက် မှတစ်ဆင့် သူတို့ကိုတွေ့ကာ အကူအညီ လှမ်းတောင်း ကြသော်လည်း ယွင်ချဲ့က သူတို့ကို လျစ်လျူရှုလျက် မိမိလုပ်ရမည်ကို ဆက်လုပ်နေသည်။ ယခုကဲ့သို့ ခက်ခဲနေသော အခြေအနေတွင် လူများကို သူလိုက်မကယ်နိုင်ပေ။
ယွင်ချဲ့တို့ ဖုတ်ကောင်များကို ထိပ်တိုက် မတွေ့တော့ ရှောင်ကွင်းရန် လူရှင်းသောနေရာများကို ရွေးသွားသည်။ သူတို့ ဖုတ်ကောင်များကို ရှင်းလင်းရန် လာခြင်းမဟုတ်၊ ညီလေးကို လာကယ်ခြင်းပင်။
သူတို့ လမ်းမပေါ်တွင် လျှောက်သွားနေကြစဉ် လမ်းအဆုံးမှ နေ၍ ဖုတ်ကောင်များ၏ ကျယ်လောင်သော အသံနှင့်အတူ သေနတ်သံများကိုပါ ကြားလိုက်ရသည်။
ယွင်ချဲ့ လက်ကိုမြှောက်ကာ အားလုံးကို ရပ်စေလိုက်ပြီး ထိုအသံများကို သူအာရုံစိုက် နားထောင်နေသဖြင့် ယွင်ယောင်နှင့် ကျိုးဇယ်ယွီတို့က သူ့ကိုသာ ကြည့်နေကြသည်။ ယွင်ချဲ့ ပြောသကဲ့သို့ပင် သူတို့သာ အသားကျသွားလျှင် အရာရာ လွယ်ကူ သွားလိမ့်မည်။ လမ်းတစ်လျှောက်လည်း တိုက်ခိုက် လာရသဖြင့် သူတို့ကိုယ်ပေါ်တွင်လည်း သွေးများစွန်းနေလေသည်။ မျက်နှာများတွင် သွေးမရှိသကဲ့သို့ ဖြစ်နေကြသော်လည်း ဖုတ်ကောင်များနှင့် တွေ့သည့်အခါ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိတော့ပေ။
“ဖုတ်ကောင်တွေ များတယ် ငါတို့ခွဲသွား….”
“အား ရှင်းဖုန်း ..”
သူတို့ အရှေ့တွင်ရှိသော ဖုတ်ကောင်များကို ရင်ဆိုင်ရန် ယွင်ချဲ့ ပြင်လိုက်စဉ် စူးရှသော အော်သံက သူ့ကို ရပ်တန့် သွားစေသည်။
“ဘာဖြစ်လို့လဲ”
ဇယ်ယွီ နားမလည်စွာမေးကာ ယွင်ယောင်လည်း ကြောင်အစွာ ကြည့်နေသည်။
“သွားကြည့်ကြရအောင်”
သူတို့ကိုကြည့်ပြီး ယွင်ချဲ့ အနောက်သို့ ပြန်လှည့်သွားသည်။ ရှင်းဖုန်းက သူ့အရှေ့တွင်ရှိနေသဖြင့် သူအကူအညီ တောင်းသင့်လား။
“…….”
အချိန်အတော် ကြာသည်အထိ ကျိုးဇယ်ယွီ နဲ့ ယွင်ယောင်တို့ ယွင်ချဲ့ ဘာကိုဆိုလိုကြောင်း သူတို့လည်းမသိရပေ။
လိုဏ်ခေါင်း အဆုံးမှာ လမ်းမကြီးနှင့် ဆက်နေပြီး လမ်းဆုံများတွင်လည်း ဖုတ်ကောင်များနှင့် ပြည့်နေသည်။ သူတို့ရှေ့တွင်လည်း ရုပ်ဖျက်ထားသော ဝတ်စုံနှင့်လူများ၊ တချို့က လက်နက်များ ကိုင်ဆောင်ထားပြီး တချို့က သူတို့၏ အစွမ်းများနှင့် တိုက်ခိုက် နေကြသည်။ အစွမ်းများကြောင့် ဖုတ်ကောင်များ ထောင်ချီ သေကြေကုန်သော်လည်း အများအပြား ကျန်နေသေးသည်။ ထို့အပြင် သူတို့အလယ်မှာ ရှိနေသော အိမ်စီးကားများ ကိုလည်း သူတို့ စောင့်ရှောက်ရဦးမည် ဖြစ်သောကြောင့် အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သည်။
“ဆရာ ..”
ရုတ်တရက် သက်လက်ပိုင်း အမျိုးသမီးကို ကာကွယ်ပေးနေသည့် ရှင်းဖုန်း ဖုတ်ကောင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူ၏ရင်ဘတ် မှတစ်ဆင့် သွေးများ စိမ့်ထွက်လာသည်။ ချက်ချင်းပင် ကျန်သောသူများ အားလုံး ရှင်းဖုန်း ဘေးတွင် ဝိုင်းထားလျက် သူနဲ့အမျိုးသမီးကို ကာကွယ် ပေးကြသည်။ အလှမ်း မဝေးလှသော ကားခေါင်မိုးပေါ်မှ နေရပ်ကြည့်နေသော ယွင်ချဲ့ ထိုအခြေအနေကို မြင်လိုက်ရာ ကိုယ့်ကိုယ်ကိုယ်ပင် မသိဘဲ ပြုံးလိုက်မိသည်။
“သခင် ဘာတွေ ကြည့်နေတာလဲ”
ချန်ချန်ကို ကျောပိုးထားရင်း ဟေးယွီ မေးလေသည်။ ယွင်ချဲ့က သူ့ကိုလမ်းမှာ စကားမပြောရန် မှာထားသည်က ပြောချင်စိတ်ကို အောင့်ထားရန် ခက်ခဲလှသည်။
“အော် ရွှေခြေထောက်လေ”
ရှင်းဖုန်းနှင့် သူ့လူများရှိရာကို ယွင်ချဲ့ ညွှန်ပြသည်။ ယွင်ချဲ့ တောက်ပစွာ ပြုံးရင်း စိတ်ထဲမှနေ၍ ထိုရွှေခြေထောက်ကို စိန်စီထားလေသည်။
“ရွှေခြေထောက် ?”
ဟေးယွီ ခေါင်းရှုပ်သွားသည်။ ကျိုးဇယ်ယွီနှင့် ယွင်ယောင်တို့ နားလည်သော်လည်း ဖုတ်ကောင်များနှင့် ပိတ်မိနေသော ထိုလူများကို ယွင်ချဲ့ ဘာကြောင့်ထိုသို့ ခိုင်းနှိုင်း ပြောဆိုသည်ကို သူတို့လည်း မသိကြပေ။
“သခင် စောင့်ပါဦး”
ရှင်းဖုန်းတို့၏ အခြေအနေက ပိုဆိုးလာပုံရသဖြင့် ယွင်ချဲ့ သူတို့ထံ အမြန် ပြေးသွားရာ ဟေးယွီလည်း အနောက်မှ ပြေးလိုက်လေသည်။ သူ၏လမ်းကို ပိတ်ထားသော ဖုတ်ကောင်မှန်သမျှ ယွင်ချဲ့ ဓါးချက်ကြောင့် အတုံးအရုန်း လဲကျကုန်လေရာ ရှင်းဖုန်းတို့၏ အာရုံကလည်း သူတို့ထံ ရောက်သွား လေသည်။ ဒဏ်ရာရထားသော ရင်ဘတ်ကို ကာထားလျက် ရှင်းဖုန်း မော့ကြည့်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။ သူ ယွင်ချဲ့ကို ချက်ချင်း မှတ်မိသည်က အသေအချာပင်။
“သူရောက်လာပြီပဲ”
“သူကဘယ်သူလဲ”
တစ်ချိန်တည်းတွင် ဘေးနားက ရပ်လျက် ရှိနေသူတို့လည်း သိချင်လာသည်။
“ယွင်ချဲ့”
ရှင်းဖုန်း ပြုံးလျက်ဖြေရာ သူ၏အဖြေက ထိုသူများကို ပိုခေါင်းရှုပ် သွားစေသော်လည်း ရှင်းဖုန်း ထပ်မရှင်းပြချင်တော့ပေ။ သူတို့ထံ ချဉ်းကပ်လာသော သူနှင့်ခွေးလာရာကို ကြည့်ကာ …
“သခင်မဝမ်ကို ကားပေါ်အရင် တက်ခိုင်းလိုက်”
“ဟုတ်”
သက်လတ်ပိုင်း အမျိုးသမီးကို ကာကွယ်ပေး နေရသူက စိတ်မရှည်စွာ သူမကို ကြည့်လိုက်ပြီး ဒုတိယကားသို့ ဆွဲခေါ်သွားသည်။ ဒီအမျိုးသမီးကြောင့်သာ မဟုတ်လျှင် သူတို့ ယခုကဲ့သို့ အရှုပ်ထဲ ရောက်နေမည် မဟုတ်။
“ဟေ့ အလုပ်ရှုပ်နေတဲ့ပုံပဲ”
ယွင်ချဲ့ သူတို့ထံ တန်းမသွားဘဲ ခပ်လှမ်းလှမ်းရှိ ကားပေါ်မှာ ရပ်လိုက်သည်။ ဟေးယွီလည်း အနောက်တွင် လာရပ်ကာ သူ့ကိုထိလိုက်ပြီး
“ဟောဟဲ …. သခင် ကျွန်တော့်ကို ထားခဲ့ပြန်ပြီ၊ ဒီလူတွေကို ဘာလို့ဒီလောက် အာရုံစိုက် နေရတာလဲ။ ကျွန်တော့်လောက်တောင် မချောဘဲနဲ့ .. ဒီလောက်တောင် အကြင်နာ တရားမဲ့တာ လူဆိုးတွေပဲ နေမှာ သခင်….”
အင်း သူသာ မှားချင်ယောင် မဆောင်လျှင် ဟေးယွီ ဘယ်ပီသပါတော့မလဲ။
ဟေးယွီ စကားကြောင့် ယွင်ချဲ့ ဓားကိုင်လျက် ကားခေါင်မိုးပေါ်တွင် ရပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလေသည်။ သေချာပေါက် အောက်က သူတွေက သူ့ထက် ဘယ်လိုလုပ်စွမ်းဆောင် နိုင်ကြမလဲ။ အစွမ်းရှိ နေသူများက သူတို့အစွမ်းကို မည်သို့ အသုံးပြုရမည်ကို မသိကြပုံပင်။
အခြားသူများနှင့် မတူဘဲ ကွဲပြားနေသည်က ရှင်းဖုန်းပင်။
ငါတို့က မင်းထက် ပို၍ ရက်စက်ကြနိုင်မလား။ ထိုလူအုပ်က တဖြည်းဖြည်းနှင့် အတွန့်တက် လာကြလေသည်။ ထို့အပြင် ဖုတ်ကောင်၏ ခေါင်းကို သွေးများ ပန်းထွက်သည်အထိ ရိုက်လိုက်သဖြင့် သူတို့က ပို၍ရက်စက်သည်ဟု မှတ်ယူနေကြသည်လား။
***