YMR- အခန်း ၁၇

အခန်း (၁၇)

ဖုတ်ကောင်များမှာ အမြင်အာရုံ မကောင်းကြသော်လည်း ညအခါတွင် လူများထက် ပိုမိုရက်စက် ကြမ်းကြုတ်ကြသဖြင့် သူတို့ကို ယွင်ချဲ့ ရန်မစရဲပေ။ ညအချိန် ရောက်လာသောအခါ အိမ်ကြီး တစ်အိမ်ရှေ့၌ ရပ်လိုက်ကြပြီးနောက် ယွင်ချဲ့က ကျိုးဇယ်ယွီကို သူ၏အစ်မနဲ့ တူလေးအား စောင့်ရှောက် ပေးရန်မှာခဲ့ပြီး ဓားကိုယူလျက် ကားထဲမှထွက်ကာ အနီးနားမှ ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းလိုက်သည်။

တံတိုင်းငယ်လေးဖြင့် ကာရံထားသော နှစ်ထပ်အိမ်ထဲတွင် လူရှိပုံ မပေါ်သော်လည်း ဖုတ်ကောင်များ၏ ညည်းတွားသံကို ခပ်သဲ့သဲ့ ကြားနေရသည်။ အပြင်ဘက်တွင် ရှိနေသော ဖုတ်ကောင်များကို ယွင်ချဲ့ ရှင်းလင်းလိုက်ပြီး ဖုတ်ကောင်များ၏ ခေါင်းထဲမှ သလင်းကျောက်ကို ယူကာ နံရံကို ကျော်တက် သွားလေသည်။ ဆယ်မိနစ် ကြာပြီးနောက် သံတံခါး ပွင့်သွားခဲ့ပြီး ယွင်ချဲ့သည် လက်ထဲတွင် ဓားကိုင်ထားလျက် သွေးများ ပေကျံနေကာ ထွက်လာခဲ့သည်။

“ဉီးဉီး .. မေမေနာနေတယ်”

ယွင်ချဲ့ ကားကို ခြံဝင်းထဲသို့ မောင်းသွားပြီး သံတခါးကို ပိတ်ကာ သူပြန်မလာသေးခင်ထိ ကားတံခါးကို လုံးဝ မဖွင့်ပေ၊ သူ၏တူလေးမှာ အမေဖြစ်သူကို ဖက်လျက် သူ့အား မျက်နှာငယ်လေးနှင့် ကြည့်နေလေသည်။

“ဘာမှမဖြစ်ပါဘူး မေမေက နေမကောင်းလို့ပါ .. သားကို ဉီးလေးကျိုး ချီပေးမယ်နော်”

အစ်မဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ယွင်ချဲ့ ကားထဲမှ ခေါ်ထုတ် သွားလိုက်သည်။

ချန်ချန် ခေါင်းကိုညိတ်လျက် ..

“ကျေးဇူးပါ ဉီးလေး ကျိုး”

“မင်းက လိမ္မာတာပဲ ဖက်တီးလေး”

ဇီယွိက ကလေးငယ်ကို ကောက်ချီကာ ချီးကျူးလေတော့ ချန်ချန်က မျက်မှောင်ကြုတ်လျက် …

“ချန်ချန် က ဖက်တီး မဟုတ်ပါဘူး”

“အာ..”

ဖက်တီး မဟုတ်ဘူးဆိုတာ သေချာရဲ့လား

ဇီယွိ မသိမသာလေး ရယ်လိုက်သည်။

“ချန်ချန်လေးက ဖက်တီး မဟုတ်ပါဘူး .. ဒါတွေက ကလေး အဆီလေးတွေ ဟုတ်ပြီလား .. ကြီးလာရင် ပျောက်သွားမှာ”

ယွင်ချဲ့ ရောက်လာပြီး ကာပြောပေး လိုက်သည်။

ချန်ချန်မှာ ချက်ချင်းပင် ပြုံးလိုက်ပြီး ကျိုးဇယ်ယွီကို အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

အိမ်ကို ယွင်ချဲ့ ရှင်းလိုက်သဖြင့် ဖုတ်ကောင် တစ်ကောင်မှပင် မတွေ့ရတော့ပေ။ တစ်ခုခု ဖြစ်လာနိုင်သဖြင့် ညဘက်တွင် မီးမထွန်းကြဘဲ ဧည့်ခန်းထဲတွင်သာ အတူစုနေကြသည်။ လအလင်းရောင်အောက်တွင် အိပ်ရာခင်း၊ ခေါက်ဆွဲထုတ်၊ နို့မှုန့်၊ သာမိုနဲ့ ရေသန့် ထည့်ထားသော အထုပ်များကို ဖြေလိုက်သည်။ ကျိုးဇယ်ယွီလည်း အိပ်ရာခင်းကို ဖြန့်ပေးကာ ယွင်ယောင်ကို လဲလျောင်းစေပြီး ကိုယ်အပူရှိန် ကျစေရန် နဖူးပေါ် ရေစိုဝတ် တင်ထားပေး လိုက်သည်။

“ယွင်ချဲ့ .. ဒါအသုံးမဝင်ဘူး အဖျားက ပိုပိုပြီး တက်လာတယ် ဆေးတိုက်မှ ဖြစ်တော့မယ်”

“ရပါတယ် အဖျားကျတော့မှာပါ”

တူလေးအတွက် နို့မှုန့်ဖျော်ပြီးနောက် သူ၏အစ်မကို ပြုစုပေးလေသည်။ ဖုတ်ကောင်အဖြစ် ပြောင်းရမည့် အချိန်မှာ ခြောက်နာရီသာ ကြာသော်လည်း ယွင်ယောင် အဖျားတက် နေသည်က ခြောက်နာရီပင် ကျော်သွားခဲ့သဖြင့် သူမ ဖုတ်ကောင် ဖြစ်လာမည် မဟုတ်တော့ပေ။

“ဘာတွေဖြစ်နေတာလဲ”

ယွင်ချဲ့မှာ အစ်မကို စိုးရိမ်ပုံ မရှိသဖြင့် ဇီယွိက ခေါက်ဆွဲပြုတ်နေလျက် သိချင်စိတ်ကြောင့် မေးလိုက်သည်။

“သူ့အဖျားက အစွမ်းကြောင့်ဖြစ်တာ”

နဖူးပေါ်မှ ရေစိုဝတ်ကို ဖယ်ပေးကာ ရေဘူးယူလျက် ယွင်ယောင်ကို ဖြည်းဖြည်းချင်း တိုက်လိုက်သည်။ ချန်ချန်မှာ ယွင်ချဲ့ ဘေးတွင် ခြေကားထိုင်လျက် နို့ဘူးသောက်ကာ မျက်လုံးအဝိုင်းသားဖြင့် အမေကိုတစ်လှည့် ဦးလေးကိုတစ်လှည့် ကြည့်နေလေသည်။

“အစွမ်း ?”

အဲဒါက ဝတ္ထုဇာတ်လမ်းတွေလို ဖြစ်နေတာများလား။

လမ်းတစ်လျှောက်တွင် ယွင်ချဲ့မှာ လေထုထဲမှနေ၍ ပစ္စည်းများ ထုတ်လိုက်သကဲ့သို့ ထူးဆန်းသောအရာကို မြင်လာခဲ့ရသည်။ သူ၏စိတ်ထဲ သံသယစိတ်များ ပြည့်လာကာ မေးချင်လိုသော်လည်း အခွင့်မသာသဖြင့် မမေးခဲ့ရပေ။

“ဖုတ်ကောင်ဆိုတာ ရှိလာရင် သူတို့ကို သတ်နိုင်တဲ့သူတွေ ဆိုတာလည်း ရှိရမယ်လေ .. ဒါက သဘာဝရဲ့ နိယာမပဲမလား .. ဒီထူးခြားတဲ့ တုံ့ပြန်နိုင်မှုကို နှိုးဆော်ဖို့က နည်းလမ်း နှစ်မျိုးရှိတယ် မွေးရာပါနဲ့ လုပ်ယူရတာ .. ငါ့အစ်မအစွမ်းက မွေးရာပါ ဖြစ်လာတာ .. နောက်တစ်နည်းက လူတစ်ယောက်က ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရာကနေ ဒဏ်ရာရပြီး ပိုးကူးလာမယ် ဒါပေယ့် ခြောက်နာရီအတွင်း ဖုတ်ကောင်အဖြစ် မပြောင်းသွားရင် သူ့ရဲ့စွမ်းအားက. နိုးထလာလိမ့်မယ်”

ဟွိုင်မြို့သို့ ရောက်ပြီးလျှင် ညီငယ်ဖြစ်သူကို ရှာမတွေ့မီ အချိန်ထိ သူတို့နှစ်ယောက်ကို လုပ်ဖော်ကိုင်ဖက်ဟု သတ်မှတ်ထားသဖြင့် ယွင်ချဲ့ မလိမ်ညာတော့ပေ။ အကယ်၍ သူ့တွင် စွမ်းအားတစ်ခုခု ရခဲ့လျှက် သူ့အတွက် ပိုလွယ်ကူနိုင်သည်။ အတိတ်ဘဝမှ ကမ္ဘာပျက်ကပ်ကို ကြုံခဲ့ရသဖြင့် လူတစ်ယောက်က ဘယ်လောက်ပင် သန်မာနေပါစေ၊ အစုအဖွဲ့နှင့် ရှိနေသည်က ပို၍ အကျိုးရှိကြောင်း သူနားလည်ခဲ့သည်။ ဖြစ်နိုင်လျှင် သူ၏ကိုယ်ပိုင် အဖွဲ့ကိုဖွဲ့ရန်ပင် စိတ်ကူးထားသည်။

ဒါက အနာဂတ်ကိစ္စဖြစ်ပြီး အဖွဲ့သားများကလည်း သူ့ကို ယုံကြည်ရန် လိုအပ်သေးသည် မဟုတ်လား။ အခုချိန်တွင် သူ၏အဓိက ရည်ရွယ်ချက်မှာ ညီငယ်ကို ရှာဖွေရန်နှင့် ပြင်ဆင်ထားပြီဖြစ်သော အနောက်တောင်ဘက် လုံခြုံရေး စခန်းသို့ သွားရန်ဖြစ်သည်။

“ခြစ်ရာကိုက်ရာတွေ …ဒါကအရဲစွန့်တာပဲ”

မနာလို အားကျနေခဲ့သော ကျိုးဇယ်ယွီ စကားတို့ ဆွံ့အသွားရသည်။

ယွင်ချဲ့ သူ့ကို လှမ်းကြည့်လျက် …

“စွမ်းအားမရှိတဲ့ သူတွေက ဖုတ်ကောင်တွေ ထက်တောင် နေရဆိုးလိမ့်မယ် .. မင်းကံစမ်း လိုက်ရင်တောင်မှ မင်းမှာ အခွင့်အရေး တစ်ဝက်ပဲရမယ်”

မည်သည့်အရာမှ မလွယ်ပေ၊ တစ်စုံတစ်ယောက်က မွေးရာပါ ဖြစ်ခဲ့လျှင်တောင်မှ စွန့်စားရပေဉီးမည်။ သူ့အစ်မကဲ့သို့ပင်။ အကယ်၍ သူတို့နှင့်သာ အတူမရှိခဲ့လျှင် သူမ ဖုတ်ကောင်များကြောင့် အသက်ပင်ရှိတော့မည် မဟုတ်ပေ။

“ဟားဟား .. ဟုတ်တယ်နော် .. မင်းမှာ လက်နက်အပိုတွေ ရှိသေးလား .. နောက်ဆိုရင် ငါလည်းမင်းနဲ့အတူ ဖုတ်ကောင်တွေကို သတ်နိုင်လောက်ပြီ”

“ဓါးပဲရှိတယ်”

ယွင်ချဲ့ လက်ထဲတွင် ဖရဲသီးခွဲသော ဓါးပေါ်လာပြီး ဓါးသွားမှာလည်း အလွန် ထက်လှသည်။ ထိုဓါးဖြင့် အစပျိုးကာစ ဖုတ်ကောင်များကို ရှင်းပစ်ရန် လုံလောက်ပေပြီ။

“ကျေးဇူးပဲ”

ကျိုးဇယ်ယွီ ဓားကိုယူလျက် အနည်းငယ် ဝှေ့ယမ်း ကြည့်လိုက်သည်။ ယနေ့ တစ်ရက်တည်း ကားထဲတွင် နေခဲ့ကြသော်လည်း အဖြစ်အပျက် များစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် သူလည်းယောကျ်ားသား တစ်ယောက်ပင်။ အချိန်တိုင်း ယွင်ချဲ့ နောက်တွင် ပုန်းကွယ်နေ၍ မဖြစ်ပေ။ မအောင်မြင်လျှင် သေရမည်မှာ လောကကြီး၏ သဘာဝ ဖြစ်သောကြောင့် သူစွန့်စားရလိမ့်မည်။

သူ၏အတွေးကို ယွင်ချဲ့ သိနေသော်လည်း ဘာမှမပြောပေ။ လတ်တလောတွင် ယွင်ချဲ့က သူ့ကို လက်ခံထားခြင်း မဟုတ်သဖြင့် အနာဂတ်တွင် ဖြစ်လာမည်က သူတို့၏ ကံကြမ္မာပင်။

“အင်း …ငါဘာဖြစ်သွားတာလဲ”

ညသန်းခေါင် မတိုင်မီ ယွင်ယောင် နိုးလာကာ ကင်းစောင့်နေသော ယွင်ချဲ့ ရောက်လာပြီ သူမနဖူးကို စမ်းကြည့်လေသည်။

“သက်သာနေပါပြီ အဖျားတက်ပြီး မေ့လဲသွားတာ .. မမ အာရုံစိုက်ပြီး ခန္ဓာကိုယ် ဘာပြောင်းလဲနေလဲ စစ်ကြည့်ပါလား”

“ပြောင်းလဲတယ် ? .. အဲဒါ …”

တောက်..တောက် တောက်..တောက်

ယွင်ချဲ့ ပြောနေသည်ကို ယွင်ယောင် နားမလည်သော်လည်း ပြောသည့်အတိုင်း လုပ်ကြည့်လေရာ ခဏကြာပြီးနောက် သူမလက်ချောင်းထိပ်မှ ရေစက်များ ကျလာသဖြင့် သူမလန့်သွားသည်။ ထို့နောက် ဆူညံသံ မဖြစ်စေရန်ကို သတိရလိုက်ပြီး ပါးစပ်ကိုလက်နှင့် အမြန်ကာလိုက်သည်။ ယွင်ချဲ့လည်း သူမပခုံးကို ပုတ်ကာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး …

“မလန့်ပါနဲ့ ဒါက ရေစွမ်းအားပဲ ကျွန်တော်တို့ ရှေ့လျှောက် ရေအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့”

ရေစွမ်းအားမှာ ဓာတ်ကြီးငါးပါး စွမ်းအားထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။ အစပိုင်းတွင် စွမ်းအားများ အားနည်း နိုင်သော်လည်း ကြာလာသည် နှင့်အမျှ နောက်ဆုံး အဆင့်ထိ ရောက်လာကာ စွမ်းအားကြီးမား သွားနိုင်သည်။ သို့သော် သူသိရသလောက်တွင် ရေစွမ်းအား ရှိသူများက ပိုမို အစွမ်းထက်စေရန် မလေ့ကျင့်ကြဘဲ လုံခြုံရေးစခန်းတွင် ရေညစ်ညမ်းလာတော့မှသာ ရေအား ထောက်ပံ့ပေးရန်အတွက် သူတို့၏ စွမ်းအားကို အသုံးပြုတတ်ကြသည်။ အရင်ဘဝက ကမ္ဘာပျက်ကပ်တွင် လေးနှစ်ကြာ နေခဲ့ဖူးသော်လည်း ရေဓါတ် အသုံးပြု၍ တိုက်ခိုက်သူ တစ်ယောက်တည်းကိုသာ မြင်ခဲ့ဖူးသည်။

“ဟုတ်လား အသုံးဝင်လ ို့တော်သေးတာပေါ့ …ပြီးတော့ ချန်ချန်ရော ….”

ယွင်ယောင် လှည့်ကြည့်ကာ စကားမဆုံးခင်တွင် သူမဘေးရှိ အိပ်ရာပေါ်တွင် လဲအိပ်နေသော သားလေးကိုတွေ့သွားကာ နူးညံ့ဖြူဥသော မျက်နှာလေးကိုကြည့်လျက် တိတ်တဆိတ် ငိုနေရှာသည်။ သားလေးမှာ ၂ နှစ်အရွယ်သာ ရှိသေးသည်။

“မမ အများကြီး မတွေးပါနဲ့ .. ကမ္ဘာကြီးက ဒီလိုဖြစ်လာမှတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး သူ့ကို စောင့်ရှောက်ရမှာပေါ့”

သူမပခုံးပေါ် လက်တင်ကာ ယွင်ချဲ့ နှစ်သိမ့်ပေးလေသည်။

“အမ်.. မမတို့ ဘယ်ရောက် နေတာလဲ .. ရှောင်ချန် ရော”

ယွင်ယောင် မျက်ရည်များကို သုတ်ကာ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ အခုချိန်တွင် မောင်လေး ယွင်ချန်ကို သူမစိတ်အပူရဆုံးပင်။

“ဖုန်းလိုင်း ပြတ်သွားတယ် .. နောက်ဆုံး စာရတာတော့ သူ့ကျောင်းက တစ်နေရာရာမှာပဲ ပုန်းနေတာဖြစ်မယ် .. မနက်ဖြန် ဟွိုင်မြို့ရောက်ရင် သူ့ကျောင်းကို တန်းသွားမယ်လေ”

ညီလေးကို ယွင်ချဲ့လည်း စိတ်ပူပေးရုံက လွဲ၍ မတတ်နိုင်ပေ။ ဒီနှစ်ရက်အတွင်း ယွင်ချန် သူ့ကိုယ်သူ ကာကွယ်နိုင်မည်ကို သူသိသဖြင့် ယွင်ချန် သိပ်စိတ်မပူပေ။ ဟွိုင်မြို့လယ်တွင် ရှိသော ဟွိုင်တက္ကသိုလ်သို့ ရောက်အောင် မည်သို့ သွားရမည်ကို သူစိတ်ပူနေခြင်းဖြစ်သည်။ ကျောင်းထဲသို့ ကားကို မောင်းသွားရန် မဖြစ်နိုင်ပေ။

“အဲ့ဒါက..” ယွင်ချန် ကျောင်းထဲသို့ သူတို့ပျံသန်း သွားလို့ရသည်ဟု တွေးရလောက်သည် အထိ ယွင်ချဲ့ မတုံးပေ။

ယွင်ချဲ့ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

“အဆင်ပြေမှာပါ ဖုတ်ကောင် နည်းနည်းလေးပါပဲ … ပြီးတော့ မမမှာ ရေစွမ်းအား ရှိနေတာပဲ ဖုတ်ကောင် ကိုက်ခံရရင်တောင် ထုတ်ကောင် မဖြစ်နိုင်တော့ဘူး အနာတရ ဖြစ်ရုံလေးပဲရှိမှာ … ကျွန်တော်လည်း ရှိနေတာပဲလေ ဒီလိုမျိုး အဖြစ်မခံပါဘူး … ဒါပေမဲ့ မမ ဖုတ်ကောင်တွေကို ဘယ်လို ရင်ဆိုင်သတ်ရမလဲ ဆိုတာတော့ သိမှဖြစ်မယ် .. ကျွန်တော်လည်း မမနား အမြဲမရှိနေနိုင်ဘူးလေ မမ သန်မာနေမှ ကိုယ့်ကိုယ်ကိုယ်ရော ချန်ချန်ကိုပါ ကာကွယ်နိုင်မှာ .. ဒီကာလမှာ ဖုတ်ကောင်တွေက အားနည်းနေသေးတော့ လေ့ကျင့်ဖို့ အချိန်ကောင်းပဲ”

အချိန်ကြာ လာသည်အမျှ အစွမ်းမရှိသော သူများအဖို့ ဖုတ်ကောင်များကို တိုက်ခိုက်ရန် မလွယ်ကူတော့ပေ။

“အင်းပါ မမသင်ပါ့မယ်”

ယွင်ယောင် ခေါင်းညိတ် ပြလေသည်။

သူမ၏မောင်လေးနှင့် သားက သူမ၏ဘဝပင်။ သူတို့အတွက် သူမ မည်သည့် ကိစ္စမဆို လုပ်ရဲသည်။

“အိပ်လိုက်ဦးနော် မနက်ဖြန်ဆို အလုပ်များတော့မှာ”

“ဒါဆို နင်ကရော”

ယွင်ယောင် စိတ်ပူစွာ မေးသည်။ သူလည်း အိပ်သင့်သည် မဟုတ်လား။

“ကျွန်တော်လည်း စွမ်းအားရှိတယ် ဆိုတာ မေ့နေတာလား .. ကျွန်တော့်လို ယောကျ်ားတွေက အိပ်စရာ မလိုဘူးလေ ကျွန်တော်က ….”

“ငါစောင့်ပေးမယ်”

ကျိုးဇယ်ယွီ ကြားဖြတ် ပြောလိုက်သဖြင့် မောင်နှမ နှစ်ယောက်လုံး တစ်ပြိုင်နက် လှည့်ကြည့် လိုက်ကြသည်။

ယွင်ယောင်က ကြောင်တောင်တောင် ဖြစ်နေသဖြင့် ယွင်ချဲ့က …

“သူ့နာမည်က ကျိုးဇယ်ယွီတဲ့ လတ်တလောတော့ ကျွန်တော်တို့နဲ့ အတူလိုက်မှာ”

“အစ်မက သူ့အစ်မ ယွင်ယောင် ပါ”

သူမမောင်လေးနှင့် ရွယ်တူ အရွယ်ကောင်လေးကို ကြည့်ကာ ယွင်ယောင် ဖော်ရွေစွာ ပြုံးပြရာ ကျိုးဇယ်ယွီလည်း ရင်တလှပ်လှပ် ဖြစ်သွားကာ …

“ဒါဆို ကျွန်တော်လည်း မမလို့ပဲ ခေါ်မယ်နော် .. မမက တကယ်လှတာပဲ”

ကျိုးဇယ်ယွီက ယွင်ချဲ့၏ အစ်မကို ရင်ခုန်အောင် ပြောလိုက်သည်။

“ဟားဟား မောင်လေးက အပြောသိပ်ချိုတာပဲ .. ရှောင်ချဲ့ သူ့ဆီက သင်ထားဉီး ကြားလား”

ချီးကျူးခြင်းကို မကြိုက်သော မိန်းကလေးဟူ၍ မရှိသော်လည်း သူမ၏မောင် နှစ်ယောက်မှာ …

ယွင်ချဲ့ကို ယွင်ယောင် တမင်တကာ ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော့်ကို လာဝေဖန်နေတာလား”

ယွင်ချဲ့ သူတို့ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ ကောင်လေး နှစ်ယောက် ရင်းနှီးသည်က အနည်းငယ် မြန်နေသလားပင်။

“ဒါက လိုအပ်တယ် မဟုတ်လား”

ကျိုးဇယ်ယွီက ဖော်ရွေတတ်သူ ဖြစ်သည့်အပြင် အခု အစ်မဖြစ်သူကပါ အားပေးအားမြှောက် လုပ်လာသဖြင့် သူပို၍ ရဲတင်းလာသည်။

ယွင်ယောင် မျက်နှာပေါ်မှ အပြုံးလည်း ပျောက်မသွားပေ။

“ကြည့်ဉီး ဘယ်လောက်တောင် လူမကြိုက်ကြတာလဲဆို .. မမတို့ရဲ့ မိဘတွေက မျက်နှာလှလှလေး ပေးထားတာကို နောက်ဆို များများပြုံးပေး ဟုတ်ပြီလား”

လူနှစ်ယောက်က ချက်ချင်းပင် မဟာမိတ်ဆွေ ဖြစ်သွားကြသည်။ ယွင်ချဲ့လည်း သူတို့နှင့်အတူ ရယ်မောလျက် ကမ္ဘာပျက်ကပ်ကြီး ပြီးသွားလျှင် သူတို့အားလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ရန်ကိုသာ မျှော်လင့်နေမိသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset