YMR- အခန်း ၆

အခန်း (၆)

ယွင်ချဲ့ မနေ့က ဝယ်ယူခဲ့သော ပစ္စည်းများကို သိုလှောင်ရန် ငှားယူထားသော နေရာသို့ သယ်ယူလာခဲ့လေသည်။ စိုက်ပျိုးသီးနှံဆိုင်သို့ သွားကာ ဆန်၊ ဂျုံ၊ ပြောင်း၊ ဂေါ်ဖီမျိုးစေ့များ အပြင် အခြားသော သစ်သီးဝလံ မျိုးစေ့များကိုလည်း ဝယ်ယူလာခဲ့သည်။ စိုက်ပျိုးရသည်ဖြစ်စေ မရသည်ဖြစ်စေ သူကြိုးစားကြည့်ရမည်။ ယွင်ချဲ့သည် စားကြက်များကို မွေးမြူရန် စဉ်းစားခဲ့သော်လည်း ဟေးယွီက သက်ရှိများ နေ၍ မရဟု ပြောခဲ့သောကြောင့် သူလက်လျော့ လိုက်ရသည်။

နေ့လယ်အချိန်တွင် ဆံပင်ညှပ်ဆိုင်ဘေးမှ ဖြတ်သွားသည့်အခါ ဆိုင်ထဲဝင်၍ ဆံပင်ညှပ်လေသည်။ ဆံပင်ညှပ်ဆိုင်မှ ကတ်ကြေးများကို ကြည့်လျက် နောက်ပိုင်း ကာလများတွင် လိုအပ်လာနိုင်သည်ဟု ယွင်ချဲ့ တွေးမိသဖြင့် ဆိုင်မှ ထွက်ပြီးနောက် ကတ်ကြေး ၁ဝ ချောင်း ဝယ်ယူခဲ့သည်။ ပျက်သုဉ်း ကာလတွင်းတွင် ဆံသဆိုင်များ ဖွင့်မည် မဟုတ်သောကြောင့် ကောင်းမွန်သော အတွေးဟု တွေးမိလိုက်သည်။

ယွင်ချဲ့သည် ညဘက်တွင်လည်း အဆောင်သို့ မပြန်တော့ဘဲ သိုလှောင်ရုံမှ တစ်ဆင့် တခြားနယ်ပယ်သို့ ဝင်ရောက် သွားလေသည်။ ထိုနေရာမှာ တဖြည်းဖြည်းနှင့် အနည်းငယ်စီ ကြီးမားကျယ်ပြန့် လာနေသည်။ ဟေးယွီကို အားဖြည့် ချော့ကလက်ချောင်း ပစ်ပေးပြီးနောက် ဟေးယွီ၏ အကြံအရ နယ်မြေကို ၃ ပိုင်းခွဲကာ တစ်ပိုင်းတွင် သိုလှောင်ရမည့် ပစ္စည်းများကို စီရီထားပြီး နောက်တစ်ပိုင်းတွင် ဂျုံ၊ ပြောင်း၊ အသီးအရွက်ပင် အနည်းငယ်ကို စိုက်ပျိုးကာ ရေကန်အနီးရှိ ကျန်သော မြေအပိုင်းကို ယာယီ ဖယ်ထားလိုက်သည်။ ထပ်မံ ဝယ်ယူလာခဲ့သော သစ်သီးပင်နှင့် မျိုးစေ့များကို တောင်ခြေတွင် စိုက်ပျိုးထားလိုက်သည်။ အလုံးစုံ လုပ်ပြီးနောက် ယွင်ချဲ့ ပင်ပန်းလာသဖြင့် ဟေးယွီကို မီလျက် အိပ်ပျော် သွားလေသည်။

အချိန်မှာ အလွန် ကုန်မြန်လှသည်။ ၁ဝ ရက်တာဟူသော အချိန်မှာ မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံး သွားလေပြန်သည်။ လူမှုကွန်ရက်များ ပေါ်မှ ချေးယူရရှိခဲ့သော ယွမ် ၂ သိန်းနီးပါးကိုလည်း အသုံးပြုခဲ့ပြီး ပျက်သုဉ်း ကာလအတွင်း လိုအပ်လာနိုင်သည့် စျေးကြီး ပစ္စည်းများကို ဝယ်ယူနိုင်ရန် အတွက် ငွေအလုံအလောက် မရှိတော့သဖြင့် ငှားရမ်းရုံသာ တတ်နိုင်တော့သည်။ သူ၏စွမ်းအားများ ရှိသော်ငြား လောဘကြီးဟန် မရှိသရွေ့ အခြားသူများလည်း သိနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်ဖြစ် ယွင်ချဲ့တွင် အခြားလုပ်ကိုင်ရန် ကျန်ရှိနေသေးသည်။

ဟွာရှား တက္ကသိုလ်ပရဝဏ်တွင် ရက်ပေါင်းများစွာ ပျောက်နေခဲ့သော ယွင်ချဲ့မှာ သာမန် ရှပ်အင်္ကျီနှင့် အားကစား ဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ သို့သော် ပုံစံအသစ် ညှပ်ထားသော ဆံပင်၊ အချိုးအစားညီသော မျက်နှာကျ အနေအထား၊ ပိန်သွယ်သော ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတွင် ဆေးလိပ်တစ်ထောင့် ကိုက်လျက် လာနေပုံမှာ လမ်းတစ်လျှောက်ရှိ မိန်းကလေးများကို ညို့ယူဆွဲဆောင်နေသည်။

“ယွင်ချဲ့ ?”

မယုံကြည်နိုင်ဟန်နှင့် ခပ်ဩဩ ထွက်လာသော အသံကြောင့် ယွင်ချဲ့ မျက်မှောင်ကြုတ်ကာ မော့ကြည့် လိုက်မိသည်။ ဝတ်စုံပြည့်ကို သားနားစွာ ဝတ်ဆင်ထားသော ဟန်မင်ကျယ်ကိုတွေ့လိုက်ရပြီး မျက်မှန်အောက်ရှိ သူ၏အကြည့်တို့မှာလည်း သံသယ အရိပ်အယောင်များ ရောနှောနေသည်။

အတိတ်ဘဝက သူမည်မျှ ရူးမိုက်ခဲ့သည်ကို ယွင်ချဲ့ ထပ်မတွေးလိုတော့ပေ။

“တကယ် မင်းပဲလား ယွင်ချဲ့ .. ပြီးခဲ့တဲ့ ၁ဝ ရက်လုံး ဘယ်တွေ ရောက်နေခဲ့တာလဲ .. မင်းက ပိုဖြူပြီး ပိုလည်း ချောလာပါလား”

သူ၏အရှေ့တွင် ရပ်နေသော ဟန်မင်ကျယ်က စနောက်လိုက် ဂရုစိုက်လိုက်နှင့် ဆရာတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ အတိတ်ဘဝက ပျက်သုဉ်း ကာလတွင် သူအရူး လုပ်ခံခဲ့ရသည်မှာ မထူးဆန်းပေ။ အကယ်၍သူသာ အခြားသူတစ်ယောက် ဖြစ်နေခဲ့လျှင် ဂရုစိုက်ခံရသည်ကို အလွန် နှစ်သက်မိလိမ့်မည်။ အထူးသဖြင့် လူသားများ တဖြည်းဖြည်း လျော့နည်းလာတော့မည့် ကမ္ဘာ့ အဆုံးသတ်နေ့များတွင် တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ပေးရန် လိုအပ်ပေသည်။

“ပါမောက္ခ ဟန်လည်း အတူတူပါပဲ .. မယုံနိုင်လောက်အောင်ပါ ဒါမှမဟုတ် ပါမောက္ခ အစစ်မှန်ပဲ မဟုတ်လား”

ဟန်မင်ကျယ်၏ စိတ်ထဲသို့ ထိုးဖောက် မြင်နေရသကဲ့သို့ စိုက်ကြည့်ကာ လှောင်ရယ်သော အပြုံးနှင့် ယွင်ချဲ့ ပြောလေသည်။

ဟန်မင်ကျယ် မသိစိတ်က လှုံ့ဆော်မှုကြောင့် ယွင်ချဲ့ အကြည့်ကို ရှောင်လွှဲလိုက်သည်။ ဘာကြောင့်မှန်းပင် မသိ ယွင်ချဲ့မှာ အမြဲလိုလို ရန်လိုဒေါသစိတ် ဖြစ်နေသည်ဟု ခံစားမိသော်လည်း အကြောင်းရင်းကို သူမသိရပေ။

“မင်းဘာတွေ ပြောနေတာလဲ ထူးထူးဆန်းဆန်းတွေ … အေးပါ ကိစ္စမရှိဘူး အဆောင်ကိုပြန်တော့လေ”

ထိုစူးရဲသော အကြည့်များက သူ့ကို ထိုးစိုက်တော့မည့် အလားပင်။

“ပါမောက္ခဟန် .. ဒီည ကောင်းကောင်း အိပ်ပျော်ပါ့မလား”

အချိန်နီးကပ် လာသဖြင့် ယွင်ချဲ့ ပြုံးလိုက်သည်။

ညနေခင်း ၄ နာရီအချိန်တွင် တက္ကသိုလ် တစ်ခုလုံးရှိ ကွန်ပျူတာများ၊ ပါမောက္ခများနှင့်ကျောင်းသားများ၏ ကိုယ်ပိုင် ကွန်ပျူတာများ အပါအဝင် ရုတ်တရက် မျက်နှာပြင်ပေါ်တွင် လျှပ်စစ်လိုင်းများ ဖြစ်ပေါ်ကာ ပိတ်ကျသွားလေသည်။ လူအများကလည်း သိချင်စိတ်တို့ဖြင့် စူးစမ်းနေကြချိန် မျက်နှာပြင်များမှာ ပြန်လည်ပွင့်လာပြီး ချစ်စခန်းဖွင့်နေသော ရုပ်ရှင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

“ဘာဖြစ်တာလဲ .. ကွန်ပျူတာတွေ ဗိုင်းရပ်စ် ဝင်ကုန်တာလား”

“စက်တွေပိတ်ချလို့ မရတော့ဘူး စက်ခန်းကိုပြင်ဖို့ သတင်းပေးလိုက်ကြဉီး”

“ကျောင်းက အချစ်ပညာတွေ သင်ပေးဖို့ လုပ်နေတာလား”

“ရှူး .. တက္ကသိုလ် နာမည် မကျစေနဲ့ဟ”

“မဟုတ်သေးဘူး .. မင်းတို့ကြည့်ဉီး အဲဒီထဲက ယောကျ်ားနဲ့မိန်းမက ငါတို့ကျောင်းက ပါမောက္ခချုပ် ယန်းနဲ့ ပါမောက္ခ ဟန်မင်ကျယ်တို့ မဟုတ်ဘူးလား”

“ပါမောက္ခ ဟန်ကတော့ အဲဒီလို အသက်ကြီးကြီး မိန်းမနဲ့တောင် အတူနေရဲတယ် .. လူမဆန်လိုက်တာ”

“……”

စက္ကန့်ပိုင်းကြာအောင် တိတ်ဆိတ် သွားပြီးနောက် ဟွာရှား တက္ကသိုလ် တစ်ခုလုံးအနှံ့ ပွက်လောရိုက် သွားလေသည်။ အဝတ်အစား ကင်းမဲ့နေသော လူနှစ်ယောက်၊ မိန်းမမှာ ဝဖြိုးဖြူဖွေးနေပြီး မျက်နှာထက်တွင်လည်း အလှပြင် ထားသည်မှာ ထူထဲနေသည်။ ထိုအချိန်တွင် မိန်းမမှာ သူမ၏ခြေထောက်တို့ကို စေ့ထားခြင်း မရှိဘဲ လက်တို့မှာလည်း ယောကျ်ား၏ ရင်ဘတ်ကို ထိကိုင်ထားပြီး သူမ၏ နှုတ်ခမ်းမှလည်း ညည်းညူသံများ ထွက်နေသည်။ ယောကျ်ားကမူ လက်တစ်ဖက်ဖြင့် မိန်းမ၏ တုတ်ခိုင်သော ခါးကိုကိုင်လျက် နောက်တစ်ဖက်မှာ ဖြူဥလုံးဝိုင်းနေသော တင်သားကို ကိုင်ထားကာ ထိုမိန်းမနှင့်အတူ စည်းချက်ညီစွာ လှုပ်ရှားနေသည်။ တစ်ယောက်မှာ ပါမောက္ခချုပ်ပြီး တစ်ယောက်မှာ တက္ကသိုလ်၏ အငယ်ဆုံးနှင့် အချောဆုံး တွဲဖက်ပါမောက္ခ တစ်ယောက် ဖြစ်နေသည်။ တက္ကသိုလ် တစ်ခုလုံးရှိ ပါမောက္ခ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူတို့မှာ သူတို့နှစ်ယောက်ကို ရင်းရင်းနှီးနှီး သိထားကြသည်။ မှတ်မိသွားကြပြီးနောက် ဆရာဆရာမတို့မှာ ဆွံ့အကုန်ကြပြီး ကျောင်းသား ကျောင်းသူတို့မှာလည်း အံ့ဩကြီးစွာ ဖြစ်ကုန်လေသည်။

ရုံးခန်းထဲတွင် ရှိနေသော ဟန်မင်ကျယ် ကလည်း ဖြူဖျော့ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ၏စိတ်မှာလည်း ထွေပြားနေပြီး အလုပ်ကိုလည်း အာရုံစိုက် မရသည့်အပြင် အတွေးများလည်း မငြိမ်မသက် ဖြစ်နေလေသည်။ သူ့ကို ချစ်ကြိုက် နှစ်သက်ခဲ့ကြသော ကျောင်းသူများကလည်း အခုချိန်တွင် ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကာ ဝေးဝေးမှရှောင်ရှား ကုန်ကြသည်။

သူ၏ယောကျ်ားလေး အပေါင်းအပါများကလည်း အထင်သေး စိတ်များနှင့် ပြက်ရယ် ပြုကြပြန်သည်။ ငွေကြေးမရှိ၊ မိသားစု နောက်ခံမရှိသော ဟန်မင်ကျယ်က အသက် ၃ဝ မတိုင်ခင်မှာပင် တွဲဖက်ပါမောက္ခ ဖြစ်လာခဲ့သည်။ ပြီးခဲ့သော အချိန်များတွင် ဆရာမများနှင့်ကျောင်းသူများက သူ့ကို အလွန် ချစ်ကြိုက် နှစ်သက်ခဲ့ကြသဖြင့် ဆရာများနှင့် ကျောင်းသားများက မနာလိုအားကျ ဖြစ်ခဲ့ကြသည်။ သူ၏ညစ်ညမ်း ဗွီဒီယိုပေါ်လာခြင်းက သူတို့အတွက် ကျေနပ်ဖွယ်ရာ တစ်ခုပင်။

“စက်ခန်းက ဘာလုပ်နေကြတာလဲ .. ဘာကြောင့် ကွန်ပျူတာ ဆာဗာတွေကို မပိတ်ချတာလဲ”

ပါမောက္ခချုပ် ရုံးခန်းရှိ ယန်းပိချင်မှာ အတွင်းရေးမှူးကို ဒေါသတကြီးနှင့် အော်ဟစ်နေသည်။ ထိုဗွီဒီယိုမှာ ထပ်တလဲလဲ ပြသနေပြီး ယောကျ်ားနှင့် မိန်းမတို့၏ ရမ္မက်ကြီးလွန်းသော ညည်းတွားသံတို့ကို ဟွာရှား တက္ကသိုလ်၏ နေရာစုံထောင့်စုံမှ ကြားနေရသည်။

“ပိတ်လို့မရဘူး .. ရုတ်တရက် ပိတ်ချလိုက်ရင် ကျောင်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ အကုန်ပါ သွားလိမ့်မယ် .. စက်အခန်းထဲက လူတွေလည်း သူတို့အကောင်းဆုံး လုပ်နေကြပါတယ်”

အတွင်းရေးမှူးမှာ စိတ်ထဲမှ အော်ဟစ် ပြောချင်သော်လည်း မျက်နှာကို လျော့ချကာ ဖျောင်းဖျပြောဆို ပေးနေလေသည်။

“ပိတ်လိုက်တော့လို့ ငါနင့်ကို ပြောနေတယ် နားလည်လား .. ထွက်သွား ”

စားပွဲပေါ်တွင် ရှိသော လက်ဖက်ရည်ခွက်ကို ပစ်လိုက်ပြီး ယန်းပိချင်မှာ ဒေါသစိတ်ကြီးနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ဟွာရှား တက္ကသိုလ်ကြီးမှာ အမှောင်မိုက်ထဲ ကျကာ ဆူပူသွားလေတော့သည်။

“သေစမ်း .. ဒါက အရမ်းလွန်သွားပြီ ဘယ်သူလုပ်တာ ဖြစ်မလဲသိလား”

အဆောင်ရှိ ယွင်ချဲ့၏ အခန်းဖော်များကလည်း ထိုဗွီဒီယိုကို တွေ့လိုက်ကြပြီးနောက် ကျောင်းက လျှပ်စစ်မီးကို ဖြတ်တောက် လိုက်သဖြင့် ထိုဗွီဒီယိုလည်း မရှိတော့ပေ။

“သူဘယ်သူပဲဖြစ်ဖြစ် တော်တော်မိုက်တယ် ပြောရမယ် .. ဒီလိုမြင်ရတာ အခုမှ ပထမဆုံးပဲ”

“ကျန်းယွမ် .. မင်းက မိုက်တယ်လို့ ပြောလိုက်တာလား”

“သေလေ .. ဒီလိုဖြန့်တဲ့ လူကိုပြောတာ ဗွီဒီယိုကိုပြောတာ မဟုတ်ဘူး”

“ငြင်းမနေနဲ့ ငါတို့ နားလည်တယ်”

ယွင်ချဲ့မှာ ပြတင်းပေါက် နားတွင်သာ တစ်ယောက်တည်း ထိုင်နေပြီး သူ၏မျက်ဝန်းများတွင်လည်း အေးစက်မှုများ ပြည့်နှက်နေသည်။ အဟုတ်ပင်၊ သူကိုယ်တိုင်ကသာ ထိုဗွီဒီယိုကို ထုတ်ဖော်ခဲ့သည်။ ကမ္ဘာကြီး၏ နောက်ဆုံး နေ့ရက်များတွင် ကြုံခဲ့ရသော စာနာမှုကင်းမဲ့သော အဖြစ်အပျက်များကို တွေ့ကြုံခဲ့ရသဖြင့် ကွန်ပျူတာ အချက်အလက်များကို ဖောက်ထွင်း ခိုးယူနိုင်သည့် (Hacking Technology) ကို သူသင်ယူခဲ့သည်။ သူ၏ ဘဝသစ်စသည့် ဒုတိယမြောက် နေ့မှာပင် သေးငယ်သော ကင်မရာများစွာကို ဝယ်ယူခဲ့သည်။ ယန်းပိချင်နှင့် ဟန်မင်ကျယ်တို့၏ ခြံဝန်းနှင့် နေအိမ်တို့ထံ ဝင်နိုင်ရန် အခွင့်အရေးရခဲ့ပြီး အိပ်ခန်းနှင့် ဧည့်ခန်းများတွင်လည်း ကင်မရာများကို တပ်ဆင် ထားနိုင်ခဲ့သည်။ မနေ့ညကပင် ထိုကင်မရာများကို သွားရောက် သိမ်းဆည်းခဲ့သည်၊ ဟန်မင်ကျယ်က သူ့ကို ပေးဆပ်ရန် ရှိနေသဖြင့် ယွင်ချဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပေးဆပ်ခိုင်းမည် ဖြစ်သည်။

ကျန်သော ကိစ္စများအတွက် အဆောင်ထဲတွင် အခွင့်အရေး များစွာရှိသည်။ အတိတ်ဘဝတွင် သူ၏အစ်မ၊ ညီလေးနှင့် တူတို့အပေါ် အနိုင်ကျင့်ခဲ့သူများကို သူလက်စားချေ သွားမည်ဖြစ်သည်။

“ချဲ့ .. ဘာတွေ တွေးနေတာလဲ ဒီမှာထိုင်ပြီး အတွေးနယ်ချဲ့သလို လုပ်မနေနဲ့”

ပြတင်းပေါက် နားတွင် ထိုင်ကာ စိတ်မဝင်စားဟန် ရှိနေသော ယွင်ချဲ့ကို ကျန်းယွမ် မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် ကိုယ်ကိုကိုင်းကာ အမြင်မှားသည်လား ဟူ၍ပင် ပြန်ကြည့်နေလိုက်သည်။ ယွင်ချဲ့ မကြာသေးခင်ကပင် အသွင်အပြင်ကအစ ပုံစံအနေအထား၊ ပြုမူပြောဆိုပုံတို့မှာ ပြောင်းလဲသွားသည်ဟု ကျန်းယွမ် ခံစားမိသည်။ အရင်ကတည်းက တိတ်ဆိတ်စွာနေတတ်သော်လည်း သူရှိနေကြောင်း သိနေရသေးသည်။ ယခုမူ မြူနောက်ကွယ် ရောက်နေသကဲ့သို့ နားလည်ရ ခက်လာပြီး မည်သူကိုမှ အနားအကပ် မခံတော့ပေ။

“ဟင် ?”

ကျန်းယွမ်နှင့် အခန်းဖော်များကို ယွင်ချဲ့ လှည့်ကြည့် လိုက်သည်။ လူအများကြား ဝင်ဆံ့ခြင်း မရှိသော်လည်း သူ၏ အခန်းဖော်များက သူ့အတွက် နေရာပေး စဉ်းစားပေးကြသည်။

“ဘာမှမဟုတ်ပါဘူး .. ကျောင်းကတော့ ငြိမ်မယ့်ပုံ မပေါ်ဘူး .. ဖြစ်နိုင်ရင် မင်းတို့တွေ ဒီအခွင့်အရေးကို အရယူပြီး အိမ်ပြန် အေးအေးဆေးဆေး နားကြပါလား”

‘မဟုတ်ရင် မင်းတို့ရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေကို ထပ်တွေ့လို့ရတော့မှာ မဟုတ်ဘူး’

နောက်ဆုံး တစ်ခွန်းကို ယွင်ချဲ့ စိတ်ထဲမှပြောရင်း ပြတင်းပေါက် ဘောင်မှဆင်းကာ ကျန်းယွမ် ပခုံးကို အသာပုတ် လိုက်သည်။ သူထိုမျှသာ လုပ်ပေးနိုင်သည်။ မကြာမီ ရက်အတွင်း ကမ္ဘာကြီး ပျက်စီးတော့မည်ကို ထုတ်ပြောရန် လုံးဝ မဖြစ်နိုင်သောကြောင့် သူ့ကို အပြစ်မတင်စေလိုပေ။

“အာ .. ငါတို့က ဒီကိစ္စကို ဖွခဲ့တာမှ မဟုတ်တာ .. ဟေ့ ယွင်ချဲ့ .. ဘယ်သွားမလို့လဲ ”

အခန်းဖော်များလည်း အတွေးများဖြင့် မူးနောက်လာခဲ့ပြီး ယွင်ချဲ့လည်း အခန်းထဲမှ ထွက်သွားလေသည်။

“ငါပြန်လာဖြစ်မယ် မထင်ဘူး .. ငါစဉ်းစားဖို့ အချိန်ခဏလောက် ပေးကြပါဉီး”

စကားပြော အပြီးနောက် ယွင်ချဲ့ ပြန်လှည့်ကာ လက်ပြလျက် သူ ၂ နှစ်ကျော် ကြာအောင် နေခဲ့သော အဆောင်မှ ထွက်သွားလေသည်။ ပျက်သုဉ်းကာလ ရောက်ရန် ၄ ရက်သာ ကျန်တော့သည်။ ထိုနေ့သို့ ရောက်လာလျှင် နိုင်ငံထဲရှိ မြို့များမှာ အခြားသူများအတွက် ခါးသီးသောနေရာ ဖြစ်လာနိုင်သော်လည်း သူ့အတွက် ဘဝအသစ် စတင်ဖြစ်ပေါ်လိမ့်မည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset