EYYJ အပိုင်း ၅၀

အပိုင်း (၅၀) ချမ်းသာမည့်နည်းလမ်း

ယွင်ဝေ့ရွှမ်းမှ လူများကို လိုက်ပို့ပြီးနောက် စုအိမ်တော်တံခါးသည် ပြန်ပိတ်သွားတော့သည်။

ပင်မဆောင်တွင် ယိုကျင့်က သူမဒီနေ့ရလာသည့် ငွေများကို ခုတင်ပေါ်က စားပွဲပေါ်တွင် တင်လိုက်၏။ စုစုပေါင်း ငွေသား ၂၂လျန်း ။ အားလုံး၏မျက်လုံးများကို မှင်တက်သွားစေတော့သည်။

“ ရေချိုငါးက ဒီလောက်တောင် တန်ဖိုးရှိတာပဲ”

ယိုကျူးသည် အပျော်လွန်နေတော့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သူမသည် မိသားစု၏ဝင်ငွေ ဆုံးရှုံးရခြင်းကြောင့် စိတ်မကောင်းဖြစ်နေခဲ့သည်။ ၅ရက် ၆ရက်ကြာပြီးနောက် ငွေ ၂၂လျန်း ကို ရှာနိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ ပျော်ရွှင်သွားပြီး မနေ့က သူတို့စားခဲ့သည့် ရေချိုငါးနှစ်ကောင်ကို သတိရသွားတော့သည်။ သူမသည် မနေနိုင်တော့ဘဲ အနည်းငယ် စိတ်မကောင်းသည့်လေသံဖြင့်

“ မကြီး မနေ့ညက ညီမလေးတို့ အဲဒီငါးနှစ်ကောင်ကို မစားလိုက်ရမှာနော်၊ ဒါဆိုရင် နောက်ထပ် ငွေ ၆လျန်းလောက် ထပ်ရနိုင်တယ်”

သူမ၏စကားကို ကြားလိုက်သည်တွင် ယိုကျင့်မျက်နှာပေါ်က အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သူမသည် ယိုကျင့်ကို ခပ်တင်းတင်း ကြည့်လိုက်ကာ ပြောလိုက်၏။

“ ယိုကျူး အစ်မတို့ ဘာဖြစ်လို ငွေတွေကြိုးကြိုးစားစား ရှာသလဲဆိုတာ သိလား၊ အစ်မတို့မိသားစု ဝဝလင်လင်နဲ့ ကောင်းကောင်း စားနိုင်ဖို့ပဲ၊ အစ်မတို့ ငွေလိုတာ ဟုတ်တယ်၊ ဒါပေမဲ့ ငွေကို မိသားစုအရေးထက် ပိုအရေးကြီးတဲ့နေရာမှာ ထားလို့မရဘူး နားလည်လား”

ယိုကျူး၏ ပထမတုံ့ပြန်မှုက ငြင်းဆိုရန် ဖြစ်တော့သည်။

“မကြီး ညီမလေးက အဲလိုမဟုတ်….”

သို့သော် သူမစကားမဆုံးခင်မှာပင် ယိုကျင့်က လက်ဖြင့်ကာပြလိုက်လေသည်။

“ ယိုကျူး အစ်မတို့ မိသားစုထဲက ညီအစ်မတွေထဲမှာ နင့်စိတ်နေစိတ်ထားက အစ်မနဲ့အတူဆုံးပဲ၊ ပြီးတော့ ညီအစ်မတွေထဲမှာ ခေါင်းအမာဆုံးပဲ၊ နင်က မိသားစု ကောင်းဖို့အတွက် ငွေရှာချင်တာ အစ်မသိတယ်၊ ဒါပေမဲ့ အစ်မတို့တွေက ဒီမိသားစုအတွက် ငွေရှာနေတာလေ ဟုတ်ပြီလား”

ယိုကျူးသည် နှုတ်ခမ်းကို စူထားလိုက်လေသည်။ မကြီးပြောတာ ဟုတ်ပါတယ်လေ။

“ အခုနေ ငါတို့တွေ ငွေ ၂၆လျန်း ပဲ ရှာနိုင်ခဲ့တယ်၊ ၆ဝမ်လောက်အတွက်နဲ့ ငါတို့တွေက အမှားတစ်ခုခု လုပ်နေတယ်လို့ ထင်တာလား၊ နောက်ပိုင်း ငါတို့တွေ ငွေလျန်း ၂၀၀ ၊ ၂၀၀၀ ၊ ၂၀၀၀၀ ရရင်ကော၊ ချွေတာတာ မှန်ပါတယ်၊ ဒါပေမဲ့ အကန့်အသတ်ဆိုတာရှိတယ် နားလည်လား”

ယိုကျင့်သည် မသိမသာ ငြင်းဆိုနေသည့်ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

“မကြီး ဒီနေ့ ညီမလေးကို ပြောတာတွေက အပြစ်တင်နေတာမဟုတ်ပါဘူး၊ ညီမလေးကို ပိုပြီး ကောင်းလာစေချင်လို့ပါ၊ မကြီးမှားနေတယ်လို့ ထင်ရင် မကြီးကိုပြောလေ၊ အစ်မတို့မိသားစုက ဒါလေးပဲရှိတာ၊ ညီမလေးစိတ်ထဲမှာ မပျော်ရွှင်ဘူးဆိုရင် စိတ်ထဲမှာ သိမ်းမထားသင့်ဘူး၊ ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲ”

သူမသည် ဘေးက ကလေးများကို ဝေ့ကာကြည့်လိုက်ပြီး

“ ညီမလေးတို့တွေလည်း အတူတူပဲနော်၊ မသိတာ နားမလည်တာ ရှိရင် ထုတ်ပြောလိုက်၊ စိတ်ထဲမှာ အားလုံးကို သိမ်းထားတာက မိသားစုနဲ့ တဖြည်းဖြည်း အနေဝေးသွားစေလိမ့်မယ်၊ ပျက်စီးသွားတဲ့ မိသားစုတစ်ခုက ပြဿနာပေါင်းစုံဖြစ်လာလိမ့်မယ်၊ နားလည်ကြလား”

ယိုကျူးအပါအဝင် ကလေးများသည် သင်ခန်းကို နားလည်အောင် လုပ်လိုက်ကြပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

“နားလည်ပါပြီ”

ငွေများကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်ပြီးနောက် သူမသည် ယိုရင်အား အမျိုးသမီးကို ချက်ပြုတ်ကူခိုင်းလိုက်လေသည်။ ထို့နောက် ယိုကျင့်သည် အရှေ့ဆောင်သို့ ပြန်လာခဲ့ပြီးနောက် ငွေများကို သေသေချာချာသိမ်းဆည်းထားလိုက်တော့သည်။

ယိုကျူးသည် အာဃာတထားသည့်ကလေး မဟုတ်ချေ။ ထိုအခြင်းအရာထက် ယိုကျင့်က သူမ ကောင်းဖို့ရာ ဆုံးမခြင်းဖြစ်မှန်း သိလေသည်။ ထို့ကြောင့် သူမသည် ယိုကျင့်ကို မမုန်းချေ။ သူမ၏အနာဂတ်ဘဝတွင် သူမသည် မိသားစုက အရေးအကြီးဆုံးဟူသည့် ယိုကျင့်’စကားကို အမြဲမှတ်ထားတော့သည်။ တစ်ယောက်ယောက်က သူမ၏ညီမလေးများကို အနိုင်ကျင့်လျှင် ရှေ့ဆုံးမှနေ၍ ယိုကျင့်နောက်လိုက်ကာ မိသားစုအတွက် တရားမျှတမှုကို ရှာပေးလေသည်။

***

ရေချိုငါးရောင်းရငွေသည် ငွေလျန်း နှစ်ဆယ် ဖြစ်သည်။ ဒါသည် ယိုကျင့်ကို ငွေရှာနိုင်မည့်နည်းလမ်းတစ်ခုကို ပေးလေသည်။ တာ့ဖုန်းမင်းဆက်တိုင်းပြည်မှာ ငါးကို အထူးမွေးမြူတဲ့ ငါးဖမ်းသမားတွေ မရှိကြဘူး။ သူတို့တွေကိုယ်တိုင် ရေချိုငါးတစ်အုပ်လောက် မွေးရင် ဘယ်လိုနေမလဲ။ လော့ဟယ်မြို့က ကောင်းမွန်းတဲ့ မြေအနေအထားနဲ့ ရေလမ်းကြောင်းတွေရှိတယ်၊ ပြီးတော့ ဝူလီချောင်မြစ်ကလည်း တစ်နှစ်လုံး ရေပေါ်နေတာ။ ငါးမွေးတာက နည်းလမ်းကောင်းတစ်ခုပဲ.

ဒါသည် ယိုကျင့်စိတ်ကူး၏ ပဏာမအဆင့်သာ ဖြစ်လေသည်။ နောက်ဆုံး ငါးမွေးဖို့ရာ ရင်းနှီးမြှုပ်နှံမှုက ငွေလျန်းတစ်ရာထက် ပိုလိုအပ်လေသည်။ ထို့အပြင် သူမတွင်လည်း ငါးမွေးမြူရေးနှင့်ပတ်သက်သည့် နားလည်မှုက များများစားစားမရှိချေ။ လူသားအင်အားဖြစ်စေ ပစ္စည်းအင်အားဖြစ်စေ သူတို့တွင် အရေးကြီးသည့် အခြေခံလိုအပ်ချက်များ မရှိပေ။ ထို့ကြောင့် သည်ငွေရှာမည့်နည်းလမ်းကို အချိန်တစ်ခုအထိ ရွှေ့ဆိုင်းထားရတော့မည်။ ငွေအလုံအလောက်ရှိလာမှ ပြင်ဆင်မှုကို စလုပ်ရပေမည်။

သူမသည် ငါးမွေးရန် ငါးကန်တစ်ခုကို ချက်ချင်း မတူးနိုင်သေးသော်လည်း ယိုကျင့်သည် ငွေရှာရန် နည်းလမ်းတစ်ခုကို စဥ်းစားထားသေးသည်။ ငါးတွေအတွက် ဆေးလေ။ ယွမ်ဟွားလို့ ခေါ်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ရှိတာ မှတ်မိသေးတယ်။ သူ့ကိုအခြောက်ခံပြီး အမှုန့်ကျိတ်ထားရတာ။ အမှုန့်ကို ရေထဲဖြူးထားလိုက်ရင် ငါးတွေ မူးသွားကုန်ရော။ ဆေးပြယ်သွားရင် ငါးကိုယ်ထဲမှာ ဘာအဆိပ်မှ မကျန်ခဲ့တော့ဘူးတဲ့။ ဒါက ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုပဲမလား။

နွေဦးမိုးက ရက်ဆက်ရွာပြီးနောက်တွေင် သုံးလပိုင်းကုန်ခါနီး ရောက်သွားတော့သည်။ ယိုကျင့်သည် ကျောတွင် ခြင်းတစ်လုံးသယ်ကာ ချော်ချွတ်နေသည့် မြေပျော့ပေါ်တွင် လမ်းလျှောက်ရင်း ဝါးတောထဲ ဝင်သွားလေသည်။ ဒီနေ့ သူမ ယွမ်ဟွားပန်းတွေကို တောင်ပေါ်မှာ လာရှာတာလေ။ ဒါပေမဲ့ တစ်ပွင့်လေးတောင် မတွေ့ပါဘူး။ မိုးရွာပြီးနောက်မှာ ထွက်လာတဲ့ တောင်ပို့မှိုတွေကိုတော့ အများကြီး တွေ့လိုက်ရတယ်။ လတ်လတ်ဆတ်ဆတ်တောင်ပို့မှိုတွေကို ဝက်ဆီလေးနဲ့ ချက်ရင် တော်တော် အရသာရှိတာ။ ယိုကျင့်သည် တောင်ပို့မှိုများကိုတွေ့လိုက်ရသောအခါ တူးလိုက်လေတော့သည်။ သူမသည် တောင်ပေါ်မှဆင်းလာချိန်၌ ယွမ်ဟွားပန်းတစ်ပွင့်မှ မတွေ့ခဲ့ပေ။ သူမ၏ နောက်ဆုံးရလာသည့်ပစ္စည်းမှာ ခြင်းတစ်ဝက်ခန့်ရှိသည့် တောင်ပို့မှိုများသာဖြစ်တော့သည်။

ယိုကျူးနှင့် ယိုရင်တို့သည် တောင်ပို့မှိုအရိုးများကို ဆေးကြောနေရင်က ယိုကျူးက မေးလိုက်လေသည်။

” မကြီး ဒါကိုရော ရောင်းလို့ရလား”

ယိုကျူး၏အသိထဲတွင် အိမ်တွင်စားလို့ရသမျှအရာတိုင်း ရောင်းလို့ရနိုင်သည်ဟူ၍။ သို့သော် အခုတော့ သူမ၏မျက်လုံးထဲတွင် အရင်ကလို ငွေသာမြင်တော့သည် မဟုတ်ပေ။ သူမသည် သူမ၏မိသားစုကို ပေးသင့်သည့် စားစရာအားလုံးကို သူမက လိုလိုချင်ချင် ပေးပေမည်။ ဒါသည်ပင် ကြီးမားသည့်တိုးတက်မှုဟု မှတ်နိုင်လေသည်။

ခြံရှေ့က မုန်လာထုပ်မျိုးများကို လက်အပြည့် သယ်လာသည့် ယိုပေါင်က တတိယအမ၏ ငွေရဖို့ရောင်းမည်ဟုသည့် စကားကို ကြားလိုက်ပြီး ‌မနေနိုင်တော့ဘဲ သူမ၏ ပါးစပ်ကိုအုပ်ကာ တခိခိ ကျိတ်ရယ်တော့သည်။

” စန်းကျဲ”

“နင်က ဘာရယ်တာလဲ”

ယိုကျူးသည် သူမ၏အမြွှာညီမဖြစ်သူကို မကျေမနပ်ဖြင့် စောင်းကြည့်လိုက်လေသည်။

” ငါတို့တွေ ဒါကိုရောင်းလို့ရရင် နောက်ကျရင် တောင်ပေါ်ကို အတူတူသွားပြီး တူးကြရအောင်လို့ပါ၊ နင်က ဘယ်လိုဖြစ်ပြီး မြေကြီးကနေ အလကားရတဲ့ငွေကို မလိုချင်ရတာလဲ”

ယိုကျင့်က ခေါင်းညိတ်သဘောတူလိုက်၏။

” ယိုကျူး ပြောတာဟုတ်တယ်၊ နေ့လယ်စာ စားပြီးရင် ငါတို့ တောင်ပေါ်အတူတူတက်ကြမယ်၊ ငါတို့တွေ တောင်ပို့မှိုတွေ တူးပြီးတာနဲ့ ရောင်းကြမယ်၊ ကျန်တာတွေကို ကိုယ့်ဟာကို ချက်စားလို့ရတယ်လေ”

အစ်မအကြီးဆုံးက သူမကို ထောက်ခံလိုက်သည်ကို တွေ့လိုက်ရသဖြင့် ယိုကျူးသည် သူမ၏ခါးကို မတ်လိုက်လေသည်။ သူမသည် အခုလေးတင် သူမကို ဝေဖန်နေသည့် အမြွှာညီမဖြစ်သူကို ဝင့်ကြွားစွာ ကြည့်လိုက်တော့သည်။

“ဟွန့်”

ယိုပေါင်က စိတ်မဆိုးချေ။ သူမ၏ပါးစပ်ကိုသာ အုပ်ရင်း ကျိတ်ရယ်လိုက်လေသည်။

ညီမငယ်နှစ်ယောက်မှာ အလွန်ချစ်စရာကောင်းသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် အလွန်စိတ်အေးသွားရလေသည်။ ယွဲ့မိသားစုအိမ်က နေ့ရက်များနှင့်ယှဉ်လျှင် လက်ရှိနေ့ရက်များက သည်အတိုင်းပင် အလွန်သာယာလေသည်။ ယိုကျူး၏စကားက သူမ မနေ့ညက တွေးခဲ့သည့်အတွေးကို အမှတ်ရသွားစေတော့သည်။ အမျိုးသမီးစုသည် ကြောက်ရွံ့ကာ အားနည်းသည့်အကျင့်စရိုက် ရှိ၏။ သူမ၏ဘဝတွင် သန်မာသည့် တစ်ခုတည်းသောအချိန်မှာ မွေးကာစကလေးနှစ်ယောက်ကို ကာကွယ်ပြီးနောက် ယွဲ့ချန်လုနှင့် ကွာရှင်းခဲ့သည့်အချိန်သာ ဖြစ်သည်။

သို့သော် သည်ဆန့်ကျင်မှုက အမျိုးသမီးစု၏ ပင်ကိုစိတ်နေနစိတ်ထားကို မပြောင်းနိုင်ခဲ့ချေ။ အခုတော့ ညီမငယ်လေးများက တဖြည်းဖြည်း ကြီးလာကြပြီး အမျိုးသမီးစု၏ ပျိုးထောင်မှုဖြင့် ကြီးပြင်းလာကြသည့်ကလေးများသည် ဆင်တူသည့်စိတ်နေစိတ်ထား ရှိကြမည်ပင်။ သူမသည် ကလေးတချို့ကို အချိန်တစ်ခုအထိ ကာကွယ်ပေးနိုင်သော်လည်း တစ်သက်လုံးတော့ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အရေးတကြီး ဦးစားပေးလုပ်ရမည်က မိန်းကလေးများကို ပိုသန်မာလာအောင် ပျိုးထောင်ပေးဖို့ရန်ပင်။ နောက်ဆုံး အနိုင်ကျင့်ခံရသည်ထက် အနိုင်ကျင့်နိုင်သည်က ပိုကောင်းသည် မဟုတ်ပါလား။ ဒုတိယတစ်ချက်မှာ ညီအစ်မများကို ကိုယ်ခံပညာတချို့ သင်ပေးရန်ဖြစ်သည်။ နောက်ဆုံး မိသားစုထဲတွင် မိန်းကလေးများသာ ရှိလေသည်။ သူတို့သည် အပြင်လူများကို အနိုင်ကျင့်ခွင့် မပေးနိုင်သလို ဖြေရှင်းချက်ပဲ တောင်းနေလို့ မဖြစ်ပေ။ တတိယအချက်မှာ ညီအစ်မများကို ငွေနှင့်ပတ်သက်သည့် အယူအဆကောင်းများ ပြုစုပျိုးထောင်ပေးရန်ဖြစ်သည်။

သည်သုံးချက်သည် အရေးကြီးသလို ရေရှည်လုပ်ရမည့်အရာလည်း ဖြစ်သည်။ သူတို့ စလုပ်နိုင်သည့် ပထမဆုံးတစ်ခုမှ ကိုယ်ခံပညာတချို့ဖြစ်သည်။ တစ် အချက် ခန္ဓာကိုယ် ကြံ့ခိုင်လာမည်။ နှစ်အချက် ကိုယ်ခံပညာများ တတ်မြောက်သွားမည်။ ယွဲ့မိသားစု၏ အဆော့မက်ကြသည့် ညီအစ်မများသည် အကြီးဆုံးအစ်မ၏ လက်သည်းက သူတို့ထံလှမ်းနေသည်ကို မသိဘဲ ခြံထဲတွင် ပျော်ပါးနေကြလေသည်။

နေ့လယ်ပိုင်းတွင် ယိုကျင့်သည် အကြီးသုံးယောက်ကို ဦးဆောင်ကာ ကျောပေါ်တွင် ခြင်းတစ်လုံး ကိုယ်စီနှင့် လက်ထဲတွင် တံစဉ်း၊ ပေါက်ပြားစသည့် အသုံးဝင်ပစ္စည်းများကို သယ်ကာ တောင်ပေါ်တက်လာကြလေသည်။

နွေဦးမိုးသည် တဖွဲဖွဲရွာနေလေသည်။နွေဦးရာသီ၏ မိုးရေတို့က ဝါးတောကို အာဟာရဖြစ်စေပြီး ပို၍ပင် စိမ်းစိုနေတော့သည်။ မျှစ်များကလည်း တစ်ညတည်းနှင့် ပိုကြီးလာကြသည်။ ဝါးတောထဲတွင် ယိုကျင့်သည် ညီမငယ်များကို လှည့်ပတ်ပြရင်း စားလို့ရသည့်တောင်ပို့မှိုများကို ခွဲခြားနည်း သင်ပေးလိုက်၏။ ထို့နောက် သူတို့သည် တောင်ပို့မှိုများကိုရှာဖွေရန် လူခွဲလိုက်ကြတော့သည်။

ဝါးတောထဲတွင် ပေါက်နေသည့် မှိုအများစုမှာ လတ်ဆတ်လှသည့် တောင်ပို့မှိုများ ဖြစ်လေသည်။ သတိကြီးစွာဖြင့် ယိုကျင့်က ကောင်မလေးများကို ထပ်ခါထပ်ခါ ရွတ်ပြလိုက်၏။

“ အရောင်တောက်လေလေ အဆိပ်ရှိတဲ့မှို ဖြစ်နိုင်လေလေပဲ၊ ငါတို့တွေ တောင်ပို့မှိုတွေကိုပဲ ခူးကြမယ်နော်၊ ပြီးတော့ အဝေးကြီး မသွားကြနဲ့၊ အချင်းချင်းမြင်နိုင်လောက်တဲ့ နေရာအထိပဲ သွားကြ ၊ ဟုတ်ပြီနော်”

ဝူလီချောင်အနောက်ဘက်တောင်များသည့် မီတာ ၁၀၀ ၊ ၂၀၀ လောင်ကျယ်သည့် တောင်ကုန်းများဖြစ်လေသည်။ တောနက်ထဲအထိ ဖြန့်ကျက်သွားသည့် တောင်များ ၊ သစ်တောအိုကြီးများနှင့် ချွေ့ဖုန်းတောင်လို မဟုတ်ဘဲ သားရိုင်းကောင်ခြေရာများ မရှိချေ။ ထို့ကြောင့် ယိုကျင့်က သူမ၏ညီမငယ်များကို တောင်ပေါ်တွင် စိတ်အေးအေးဖြင့် မှိုခူးရန် ခေါ်လာခဲ့ခြင်းပင်။

သည်နေ့သည် နွေဦးမိုးရပ်သွားသည့် ပထမဆုံးနေ့ပင်။ အခုတော့ မျှစ်များ တူးကာ မြို့ထဲတွင် ရောင်းချသည့် ရွာသားများလည်း ရှိလာ၏။ သည်နေ့တော့ သူတို့သည် ခြံထဲတွင် အလုပ်များနေကြလေသည်။ အတန်ကြာသည်အထိ ညီအစ်လေးယောက်သည် တောင်ပို့မှိုများကို ရှာရန် ဝါးတောတစ်ခုလုံးကို ပတ်သွားလိုက်ကြလေသည်။ နွေဦးမိုး၏ အားဖြည့်မှုကြောင့် နွေဦးလေးညင်း အသာအယာ တိုက်ခတ်ခြင်းကြောင်း လှုပ်ခတ်နေသည့်တောင်ပို့မှိုများ၏မြင်ကွင်းကို နေရာတိုင်းနီးပါးတွင် တွေ့နိုင်လေသည်။ ညီအစ်များသည် တစ်နာရီအတွက်း တောင်ပို့မှိုများကို ခြင်းတောင်းကြီးတစ်ခုအပြည့် ခူးဆွတ်လိုက်ကြတော့သည်။

ယိုကျင့်၏လက်ထဲတွင် ပြည့်ဖြိုးကာ လှပသည့်မျှစ်အနည်းငယ် ကိုင်ထား၏။ ညီအစ်မလေးယောက်သည် အများအပြား ခူးဆွတ်ခဲ့ကြပြီးနောက် ဝါးနံ့တို့ သယ်လာသည့် နွေဦးလေညင်းလေးကို ခံယူလိုက်ကြလေသည်။

***

ယိုကျင့်သည် ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်သည်။ ထိုနေ့ညက ညစာစားပြီးနောက် သူမသည် မွေးကင်းစလေးမှလွဲလျှင် အားလုံးကို ခြံထဲ ဆွဲခေါ်လာတော့သည်။

လက်နောက်ပစ်ကာ တန်းစီရပ်နေကြည့်သည့် ညီမများကို ကြည့်ရင်း သူမက ဖြည်းဖြည်းချင်း ကြေညာလိုက်လေသည်။

“ ဒီနေ့ကစပြီးတော့ လက်ဝှေ့နဲ့ ခြေကန်နည်းတွေကို အတူတူသင်ကြမယ်၊ အရင်ဆုံး ငါတို့ခန္ဓာကိုယ်တွေ အားရှိဖို့ လိုတယ်၊ ဒုတိယတစ်ချက်က ငါတို့တွေက ကိုယ့်ဟာကို ကာကွယ်နိုင်ရမယ်”

တိုက်ခိုက်နည်းကို သင်ရမည်ဟု ကြားလိုက်သောအခါ ညီအစ်မများအားလုံးမှာ အံ့ဩသွားကြတော့သည်။ မကြီးက ဒါလည်းသိတာလား။ အမှန်တော့ အစပိုင်းတွင် ထူးထူးဆန်းဆန်း အရာများကို အမြဲတမ်း သိနေတတ်သည့် ယိုကျင့်ကြောင့် အမျိုးသမီးစုလည်း အနည်းငယ် သင်္ကာမကင်း ဖြစ်မိခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ထိုအရာနှင့် အသားကျသွားတော့သည်။ နိုးလာခါစ ရှောင်ရှီလေးကို ချီရင်း စင်္ကြံနားတွင် ရပ်နေသည့် အမျိုးသမီးစုလည်း သမီးဖြစ်သူ၏စကားကို ကြားလိုက်တော့ အံ့ဩသွားတော့သည်။

“ ကျင့်အာ သမီးဒါကို ဘယ်လိုသိနေတာလဲ”

အင်းလေ။ ဟုတ်တယ်။ မကြီးက ဒါကို ဘာလို့သိနေတာလဲ။ အငယ်လေးတချို့က အကြီးဆုံးအစ်မကို နတ်ဘုရားတစ်ပါးနှယ် ကြည့်နေကြလေသည်။ သူတို့ရဲ့မကြီးက အရမ်းအံ့ဩစရာကောင်းတာပဲ။ သူက ငွေလည်းရှာနိုင်သလို သိုင်းလည်း တတ်တယ်တဲ့။

ယိုကျင့်သည် အသာအယာ ချောင်းဟန့်လိုက်ပြီး ဆင်ခြေတစ်ခုပေးလိုက်တော့သည်။

“ ဒီလိုပြကွက်တွေကို စျေးထဲမှာ ခဏခဏတွေ့ဖူးတယ်လေ ပြီးတော့ ကိုယ့်ဟာကိုယ် ပြန်စဥ်းစားပြီး နည်းနည်းလောက် လိုက်တုထားတာ”

အားလုံးက တွေဝေမနေဘဲ လက်ခံလိုက်သည်ကို မြင်လိုက်ရပြီးနောက် အနည်းငယ် အူကြောင်ကြောင်နိုင်သော်လည်း ယိုကျင့်က ဘာမှမပြောတော့ချေ။ သူတို့သည် လေ့ကျင့်ရေးကိုသာ တန်းလုပ်လိုက်ကြတော့သည်။

“အရင်ဆုံး ငါတို့တွေ မြင်းထိုင်ပုံစံကို သင်ကြမယ်”

ယိုကျင့်က ညီမငယ်တချို့နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ပုံစံကျသည့် မြင်းထိုင်နည်းပုံစံကို သရုပ်ပြလိုက်လေသည်။

“ အားက မြေကြီးကနေလာတာ၊ ခြေထောက်တွေကို ပခုံးအကျယ်လောက်ခွဲထားရမယ်”

သူမ၏နှုတ်ခမ်းကို တင်းထားကာ လေးနက်သည့်အမူအရာကို မြင်လိုက်ပြီး ညီမငယ်လေးများက ရှင်းမပြတတ်အောင် လေးစားသွားကြတော့သည်။ သူတို့အားလုံးက ယိုကျင့်၏လှုပ်ရှားမှုအတိုင်း လိုက်လုပ်ကြလေသည်။ အငယ်ဆုံးလေး ယိုချိုးကပင် မှန်ကန်သည့်မြင်းထိုင်ပုံစံငယ်တစ်ခုကို လုပ်လေသည်။

သူတို့သည် သေသေချာချာ လုပ်နေပါသော်လည်း အချိန်ကြာလာသည်နှင့် အနည်းငယ် ညောင်းလာကြတော့သည်။ အထူးသဖြင့် ကျန်းမာရေး သိပ်မကောင်းသည့်ယိုပေါင်မှာ အနည်းငယ် လှုပ်ရှားလာလေသည်။ ယိုကျင့်ကလည်း အလျင်လိုသည်က ဘာတိုးတက်မှုမှ ဖြစ်မလာနိုင်မှန်း သိလေသည်။ ထို့ကြောင့် သူမက အားလုံးကို ရပ်ခိုင်းလိုက်ပြီး နာရီဝက် နားခိုင်းလိုက်ကာ ဆက်လုပ်ခိုင်းလိုက်၏။

ထိုနေ့ညတွင် စုညီအစ်မအားလုံးသည် မာကျောသည့်ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် ဖြစ်ကုန်ကြတော့သည်။ သိပ်မကြာခင်မှာပင် သူတို့အားလုံး အိပ်ပျော်သွားကြလေသည်။ ဟောက်သံညင်းညင်းပင် ထွက်လာသေးသည်။ ညီမငယ်လေးများအတွက် ဂွမ်းစောင်ကို ဆွဲခြုံပေးလိုက်ပြီးနောက် ယိုကျင့်သည် ထရပ်လိုက်ပြီး မီးအိမ်များ ထွန်းထားသည့် တံခါများကို စစ်ဆေးလိုက်ပြီးနောက်မှ အနားယူလိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset