EYYJ အပိုင်း ၃၆

အပိုင်း (၃၆) နဂါးခေါင်းထောင်တဲ့နေ့ (အပိုင်း ၁)

အဖွားချန်သည် အမျိုးသမီးစု သားလေးမွေးမည့်အရေးကို လုံးဝမျှော်လင့်ချက်မထားတော့ချေ။ သို့သော် ယွဲ့တာ့ဖူတွင်တော့ မျှော်လင့်ချက် ရေးရေးလေး ရှိနေသေးသည်။

“ ၂လပိုင်း ၂ရက်နေ့က နဂါးခေါင်းထောင်တဲ့နေ့ပဲ၊ သူသာ သားတစ်ယောက် တကယ်မွေးလာရင် အနာဂတ်မှာ အောင်မြင်မှု ကြီးကြီးမားမား ရမှာမလား”

“ ရှင်ကမှ ထူးဆန်းတဲ့လူ၊ သူ ဆန်ကုန်မြေလေး ၇ယောက်ကို မွေးထားပြီးပြီ၊ ဒီလိုအချိန်မျိုးမှာ ကလေးတစ်ယောက် မွေးနိုင်မယ်တောင် မယုံနိုင်ဘူး”

အဘွားချန်သည် အမျိုးသမီးစု ထိုနေ့တွင် သားတစ်ယောက် မွေးနိုင်မည်မဟုတ်ဟုသာ ခိုင်ခိုင်မာမာ ယုံကြည်ထားလေသည်။ သူမသည် အနောက်ဆောင်ကိစ္စကို စိတ်ထဲမထည့်ချေ။

သမားတော်မာနှင့် သူ့ဇနီးက မြန်မြန်ရောက်လာ၏။ အမျိုးသမီးလင်းက သူမလက်ကို ရေနွေးဖြင့်ဆေးလိုက်ပြီး ကလေးများကို နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ မစိုးရိမ်ကြနဲ့နော်၊ နင်တို့အမေက မောင်လေးကို အန္တရာယ်ကင်းကင်းမွေးနိုင်မှာပါ”

ထိုနောက် သူမသည် အနောက်ဆုံးတံခါးကိုတွန်းဖွင့်ကာ တန်းဝင်သွားတော့သည်။

တစ်ဖက်တွင် ဝမ်ညန်သည် သားဦးမွေးခြင်းဖြစ်သည်။ အတွေ့အကြုံမရှိသည့်သူမက စိုးရိမ်တကြီး ဖြစ်နေ၏။ သူမ၏မီးရောင်ဖြင့် လက်နေကာ ဖြူရော်နေသည့်မျက်နှာကို ပင့်ထားပြီး ယွဲ့ချန်လူက သူမကို လာစောင့်ကြည့်ခိုင်းထားသည့် အမျိုးသမီးချန်ကို ကြည့်ကာ မေးလိုက်သည်။

“ ယောက်မကြီး အပြင်မှာ ဘာလို့ အဲလောက်ဆူညံနေတာလဲ၊ ဒုတိယအစ်ကိုကြီးယွဲ့ ပြန်လာပြီလား”

ဘေးတွင်ထိုင်ရင်း အမျိုးသမီးချန်သည် ပျင်းလို့ပင် သေတော့မည်။ သူမ ထရပ်လိုက်ပြီး အပြင်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မသိသာသည့် ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြင့် ပြန်လာလေသည်။

“ဪ လောင်အာ့ ပြန်လာတာမဟုတ်ပါဘူး၊ အမျိုးသမီးစုလည်း မွေးတော့မယ်ထင်တယ်၊ အဲကလေးမတွေ ရွာက သမားတော်ကို သွားပင့်ခဲ့တာ”

အမျိုးသမီးစုလည်း မွေးတော့မည်ဟု ကြားလိုက်သည်တွင် ဝမ်ညန်၏မျက်လုံးထဲတွင် မုန်းတီးရိပ်တစ်ခု ဖျတ်ခနဲ ဖြစ်သွားတော့သည်။ ဘာ။ သူမက ဒီလိုနေ့ကောင်းလေးမှာတောင် တိုက်ခိုက်ရအုံးမှာလား။

“ အစ်မကြီးစုရဲ့ မွေးမဲ့ရက် မရောက်သေးဘူးလေ မဟုတ်ဘူးလား”

“ မသိဘူးလေ၊ ဒီနေ့ကနေ့ကောင်းနေ့မြတ်မှန်း သိလို့ ကြိုမွေးချင်တာနေမှာပေါ့”

ဒရာမာခင်းရင်း အမျိုးသမီးချန်သည် ဘေးတွင် အေးစက်စက်ထိုင်ကာ ဝမ်းသာသလို ပြောလိုက်လေသည်။

ဝမ်ညန်သည် တစ်ခုခုကို ပြောချင်သော်လည်း ရုတ်တရက် နာကျင်မှုက သူမကို ထိုးနက်နေတော့သည်။ သူမကို ပါးစပ်ဖွင့်ကာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်နေစေတော့သည်။ အံကို တင်းတင်းကျိတ်ရင်း အမျိုးသမီးစုကို မုန်းတီးနေပြီး ဒုတိယမိသားစု၏ သမီးများကို ပိုလို့ပင်မုန်းတီးနေတော့သည်။

အမျိုးသမီးစု ဖက်တွင်တော့ လမစေ့ဘဲ မွေးတော့မည်ဖြစ်ရာ အခြေအနေက အရေးပေါ်ဖြစ်နေသည်။ ထို့ထက် အမျိုးသမီးစု၏ခန္ဓာကိုယ်က အားနည်းပြီး အားမထုတ်နိုင်တော့ချေ။ အမျိုးသမီးလင်းသည် သူမ၏အခြေအနေကို သွားစစ်ကြည့်လိုက်၏။ သူမ မြန်မြန်ပြန်ထွက်လာပြီး ယောက်ျားဖြစ်သူကို အမျိုးသမီးစု၏အခြေအနေအား မြန်မြန် ရှင်းပြလိုက်လေသည်။

“ သူ အရင်မွေးတော့မယ်၊ သားအိမ်ကလည်း ပွင့်နေပြီ၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က အားနည်းပြီး အားလည်း မထုတ်နိုင်တော့ဘူး၊ ဒီလိုဆက်ဖြစ်နေရင် လူကြီးရော ကလေးပါ အန္တရာယ်ရှိမှာ စိုးတယ်”

အမျိုးသမီးစုနှင့် ကလေးများ ကံခေတော့မည်ကို ကြားလိုက်ရချိန်၌ ယိုကျင့်နှင့် ညီအစ်မများ ဝမ်းနည်းသွားတော့သည်။ သို့သော်လည်း သူတို့အားလုံးသည် အံကြိတ်ထားကြပြီး မငိုရဲကြချေ။ သူတို့၏မျှော်လင့်ချက်အားလုံးကို သမားတော်မာထံတွင်သာ ပုံအပ်ထားလိုက်ကြတော့သည်။

သမားတော်မာသည် သူ့မုတ်ဆိတ်မွေးကို သပ်ကာ အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာပြောလိုက်လေသည်။

“ ငါ သူ့အတွက် ဆေးညွန်းပေးလိုက်မယ်၊ ဒါကိုသောက်ပြီးရင် သူ့အခြေအနေ ပိုကောင်းလာမလား ကြည်ံ့ကြတာပေါ့”

သူသည် ယိုကျင့်ကို ဆေးများပြန်ယူရန် သမားတော်မာအိမ်သို့ ခေါ်လာခဲ့လေသည်။ ထို့နောက် သူသည် စမ်းတဝါးဝါးဖြင့် ပတ်သွားနေပြီးမှ လက်သန်းအရွယ်ဂျင်ဆင်းတစ်ဝက်ကို ဆေးဗီဒို၏အပေါ်ဆုံးထပ်မှာ ထုတ်ယူလိုက်ပြီး တစ်ဝက်ကို ဖြတ်ကာ ယိုကျင့်လက်ထဲ ထည့်ပေးလိုက်၏။ သူ ညွှန်ကြားလိုက်၏။

“ ဒါကိုလည်းထည့်လိုက် ပြီးရင် ဆေးတွေနဲ့ ရောကျိုလိုက်၊ စုစုပေါင်း ၅ခွက်တစ်ခွက်တင်အောင် ကျို၊ ပြီးရင် နင့်အမေကို တစ်ကျိုက်ထဲ မော့သောက်ခိုင်းလိုက်၊ သူ့မှာ အားရှိလာရင် အဆင်ပြေမှာပါ၊ ဒါပေမဲ့ အားမတက်လာဘူးဆိုရင်တော့ ဒီအဘိုးကြီးလည်း မတတ်နိုင်တော့ဘူး”

ယိုကျင့်သည် သမားတော်မာ ရွေးပေးလိုက်သည့် ဆေးကို ကျေးဇူးတင်စိတ်ဖြင့် ယူလိုက်ပြီး ယွဲ့အိမ်တော်သို့ မြန်မြန်ပြန်လာခဲ့တော့သည်။ သည်အချိန်တွင် အဖွားဝမ်ကို သွားပင့်သည့် ယွဲ့ချန်လုလည်း ပြန်ရောက်လာ၏။ အဖွားဝမ်သည် ဝမ်ညန်၏အခန်းထဲသို့ ဝင်သွားစဥ် ယွဲ့ချန်လုက တံခါးအပြင်ဖက်တွင် အနီးကပ် စောင့်ကြည့်နေလေသည်။ သူတို့သည် နံရံတစ်ချပ်သာ ခြားသော်လည်း အမျိုးသမီးစုကို တစ်ချက်ပင် မကြည့်ချေ။ အမျိုးသမီးစု၏ဗိုက်ထဲက ကလေးများက သူနှင့် မဆိုင်သည့်နှယ်။

ယိုကျင့်၏မျက်လုံးများသည် အခြေအနေတစ်ခုအထိ ညိုမည်းသွားတော့သည်။ သို့သော် သူမတွင် ထိုကိစ္စအထိ လိုက်စိုးရိမ်နေရန် အချိန်မရှိချေ။ ဆေးကျိုရန် မီးဖိုခန်းသို့ မြန်မြန်သွားလိုက်ပြီးနောက် အမျိုးသမီးစု၏အခန်းသို့ ယူသွားလိုက်တော့သည်။ ထို့နောက်တွင် သူမကို အမျိုးသမီးလင်းက အပြင်ထုတ်လိုက်တော့သည်။

“ ဒါက ကလေးတွေရှိရမဲ့ နေရာမဟုတ်ဘူး၊ ဒီမှာမနေနဲ့၊ လိုအပ်ရင် ငါနင့်ကို ခေါ်လိုက်မယ်”

အနောက်ဘက်ဆောင်မှ ထွက်လာသည်နှင့် ယိုကျင့်၏ရင်ထဲတွင် ဟာတာတာ ဖြစ်နေလေသည်။ သူမ ဘာလုပ်လို့ ဘာကိုင်ရမည်မသိချေ။ အနောက်ဆောင် တံခါးအပြင်ဖက်တွင် ညီမငယ်များက တန်းစီရပ်နေသည်ကို မြင်လိုက်ရပြီး သူမရင်ခွင်ထဲတွင် အငယ်ဆုံးနှစ်ယောက်ကို ဖက်ထားလိုက်ကာ ကျန်ညီမငယ်များနှင့်အတူ ရပ်နေလိုက်လေသည်။ အမျိုးသမီးစုနှင့် ကလေးများ အန္တရာယ်ကင်းပါစေဟု စိတ်ထဲက ဆုတောင်းနေလိုက်တော့သည်။

အမျိုးသမီးစုဖက်တွင် မြန်မြန်ပင် တိတ်ဆိတ်သွားသော်လည်း ဝမ်ညန်ဘက်တွင်တော့ နာကျင်မှု၏ညှဉ်းပန်းခံနေရဆဲ။

ဝမ်ညန်၏အခြေအနေကို စစ်ဆေးပြီးနောက် အဖွားဝမ် ထွက်လာပြီး ယွဲ့ချန်လုကို တစ်ယောက်ယောက်အား စားစရာတချို့ ယူလာခိုင်းလိုက်သည်။

“ ဒါက မိန်းမရဲ့ သားဦးပဲ၊ ညသန်းခေါင်အထိ မွေးသေးမှာမဟုတ်ဘူး၊ စားစရာတချို့ မြန်မြန်ပြင်ဆင်ပြီး ဒီနေရာကို ပို့ခိုင်းလိုက်၊ မဟုတ်ရင် သူ ဗိုက်ဆာပြီး ညနေကျတော့ ကလေးမွေးဖို့ အားရှိပဲ နေအုံးမယ်”

နေ့တစ်ဝက်လောက်ကြာအုံးမည်ဟု ကြားလိုက်သည်တွင် ယွဲ့ချန်လုသည် မျက်မှောင်ကျုံ့ကာ လက်ခံလိုက်တော့သည်။ ထို့နောက် ယိုကျင့်ကို အစားအသောက်ပြင်ပေးရန် အမိန့်ပေးလိုက်၏။

“ နင့်အမေအတွက် စားစရာတချို့သွားပြင်လာခဲ့”

ယိုကျင့်က သူ့ကို ကြောက်စရာကောင်းလောက်အောင် စိန်းစိန်းဝါးဝါး ကြည့်လိုက်သဖြင့် သူ့မှာ အံ့ဩသွားတော့သည်။

“ သမီးအမေက အစားစားချင်ပါတယ်လို့တောင် မပြောဘူး”

သူမ၏စိတ်ထဲတွင် မရေမရာဖြစ်နေလေရာ ဝမ်ညန် ဗိုက်ဆာ မဆာ သူမက ဘယ်လိုဂရုစိုက်နိုင်ပါမည်နည်း။

ဒါသည် ယွဲ့ချန်လုအတွက် ပထမဆုံးအကြိမ် သမီးဖြစ်သူ့က တိုက်ရိုက်အာခံ ခံလိုက်ရခြင်း ဖြစ်လေသည်။ စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မနေနိုင်တော့ဘဲ ကြက်သီးထသွားတော့သည်။ ပင်မဆောင်တံခါးတွင် သူ့အစ်ကိုကြီးနှင့် မရီးက ရပ်နေသသည်ကို တွေ့လိုက်ရဖြင့် ယွဲ့ချန်လုသည် သူ မျက်နှာပျက်လို့ မဖြစ်ဟု ခံစားလိုက်ရတော့သည်။ သူသည် သူမကို ချက်ချင်းပင် ဆုံးမချင်လိုက်တော့သည်။

မျှော်လင့်မထားဘဲ ယိုကျင့်က သူ့လက်ဝါးကို ရှောင်လိုက်ပြီး သူ့အား အေးစက်စက် စိုက်ကြည့်လိုက်၏။

“ သမီး အဖေ့ကို မနှောင့်ယှက်ဘူးနော် သမီးကိုလည်း လာမနှောင့်ယှက်နဲ့၊ မဟုတ်ရင် အားလုံးကို ပုံချပြီး အဖေ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ကလေးခြောက်ယောက်သည် ယိုကျင့်နောက်တွင် ရပ်နေပြီး သူ့ကို မုန်းတီးစွာ ကြည့်လိုက်လေသည်။ သူတို့အသက်နှင့်ရင်းကာ တိုက်ခိုက်တော့မည့်နှယ်။

ထိုအခါမှ ယွဲ့ချန်လုသည် ဒုတိယမိသားစုတွင် သူ့နေရာမှာ မငြိမ်တော့မှန်း သိလိုက်ရတော့သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ယိုကျင့်ကို လက်ညှိုးငေါက်ငေါက် ထိုးကာ ကျိန်ဆဲတော့သည်။

“ ကျေးဇူးကန်းလိုက်တဲ့ ဆန်ကုန်မြေလေး၊ နင့်ညီမတွေကို အာခံတတ်အောင် သင်ပေးနေတာပေါ့လေ ဟုတ်လား”

“ အဖေ့မှာ သမီးရဲ့လေးစားမှုရဖို့ ဘာထိုက်တန်လို့လဲ”

ယိုကျင့် သူ့ကို အေးစက်စက် ကြည့်လိုက်တော့သည်။ ပန်းအိုးက ကွဲနှင့်နေပြီးဖြစ်ရာ ယိုကျင့် အဘယ်ကြောင့် သည်းခံစရာလိုပါတော့မည်နည်း။ သူမသည် ယိုကျူး လှမ်းပေးလိုက်သည့် ဝါးတုတ်ကို ယူလိုက်ကာ ညီမငယ်များကို အမျိုးသမီးစု၏တံခါးရှေ့တွင် မြဲမြဲမြံမြံရပ်နေရန် ပြောလိုက်တော့သည်။

“ ဒါဆိုလည်း သမီးတို့ကို ဒီနေ့သ-တ်လိုက်၊ လုပ်လိုက်ပါ”

အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သည့် သူရဲဘောကြောင်သူဟု ယွဲ့ချန်လုပင်။ ငယ်ငယ်ကတည်းက သူ့အရိုက်ခံလာရသည့် ဆန်ကုန်မြေလေးများ၏ ဓားကဲ့သို့ထက်သည့် အကြည့်ကြောင့် ကြောက်သွားကာ အနည်းငယ်နောက်ဆုတ်သွားတော့သည်။ တစ်ဖက်တွင် ယွဲ့ချန်ဖူသည် နောက်ဆုတ်သွားကာ သူ့နှုတ်ခမ်းထောင့်တွင် ရွံရှာသည့်အရိပ်တစ်ခု ပေါ်လာလေသည်။ ဒီညီလေးကတော့ အမြဲတမ်း မျှော်လင့်ချက် မရှိတာပဲ။ ဆန်ကုန်မြေလေးတွေနဲ့ ပြိုင်ပြီးတော့တောင် သူ့နေရာကို ထိန်းမထားနိုင်ဘူး။

သို့သော် ဝံပုလွေမတစ်ကောင်က သူ့သားပေါက်လေးများကို ကာကွယ်နေသည့်နှယ် ယိုကျင့်၏ နီရဲနေသည့် မျက်လုံးများကို ကြည့်ရင်း ယွဲ့ချန်ဖူ၏စိတ်ထဲတွင် ရှာဖွေလို့မရနိုင်သည့် အေးစက်မှုတစ်ခု ဖျတ်ခနဲ ပေါ်လာတော့သည်။

ပင်မဆောင်မှ ထွက်လာသည့် ယွဲ့တာ့ဖူက မတိုးသာမဆုတ်သာ အခြေအနေကို ချိုးဖောက်လိုက်တော့သည်။

“ ချွေးမကြီး နင်ပဲ စားစရာတချို့ လုပ်ပြီး ဝမ်ညန်ဆီ ပို့ပေးလိုက်”

ပွဲကြည့်ပရိသတ် အမျိုးသမီးချန်သည် နောက်အလုပ်တစ်ခုက သူမထံ ရောက်လာလိမ့်မည်ဟု ထင်မျှော်လင့်မထားခဲ့ချေ။ သို့သော် ယောက္ခထီးကြီး၏ လေးနက်သည့်မျက်နှာကို မြင်လိုက်ရသဖြင့် သူမ မသွားချင် သွားချင်ဖြင့် သွားလိုက်ရတော့သည်။

ထိုအခါမှ ယွဲ့တာ့ဖူ သူ့ခေါင်းကိုလှည့်လာပြီး ယိုကျင့်တို့ ညီအစ်မများကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး

“ လောင်အာ့ သူတို့နှစ်ယောက်လုံးက အခုဆိုရင် မီးတွင်းထဲမှာ၊ ဆုံးမရမဲ့သူတွေကို နောက်မှ ဆုံးမ”

သို့သော် ယွဲ့တာ့ဖူလည်း ဒုတိယမိသားစုက ဆန်ကုန်မြေလေးများ သတ္တိကောင်းလာပုံကို စဥ်းစားလိုက်လေသည်။ ဆုံးမပေးရန် လိုချေပြီ။ အခုတောင် သူတို့အဖေကို မျက်နှာချင်းဆိုင်ပြီး ပြန်ခံပြောရဲနေပြီ။ သူတို့တွေ ကြီးလာရင် မီးဖိုဆောင်က ဓားကို ကိုင်ပြီး ခြိမ်းခြောက်ရဲတော့မှာမလား။

ယိုကျင့်က သူ့ကိုလည်း မကြောက်ချေ။ အများဆုံး ငါးသေတစ်ကောင်က ပိုက်ကွန်ကို ဖျက်ဆီးလိုက်တယ်ပေါ့၊ သူမရဲ့အသက်နဲ့ ယွဲ့မိသားစုက အသက်တွေကို လဲရုံပေါ့။ တန်ပါတယ်။ အသက်ကို ချစ်ကြတဲ့ ယွဲ့မိသားစုက သူတို့ကို မောင်းထုတ်ချင်သွားကြလိမ့်မယ်။

***

အပြင်မှာ ဖြစ်ပျက်နေသည်ကို အမျိုးသမီးစု မသိသည်က ပြောရန်ပင်မလိုချေ။ ဂျင်ဆင်းရိုင်းလေးတစ်တုံး ရောထားသည့် သမားတော်မာ၏ဆေးရည်ကို သောက်ပြီးနောက် သူမ အားပြန်တက်လာတော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ပြီး အမျိုးသမီးလင်း စိတ်အေးသွား၏။

“ ရှင့်မှာ အားရှိလာပြီဆိုရင် ကျွန်မ ပြောတဲ့ အသက်ရှူနှုန်းအတိုင်း လိုက်လုပ်နော်”

အမျိုးသမီးစုသည် မိန်ကလေး ခုနှစ်ယောက်ကို မွေးခဲ့ပြီးဖြစ်၏။ သဘာဝအလျောက်ပင် မွေးရလွယ်လာတော့သည်။ ယခုတော့ သားအိမ်ကလည်း အပြည့်ပွင့်နေပြီ။ အမျိုးသမီးစုက လိုအပ်ချိန်တွင် အားထည့်နိုင်လျှင် နာရီဝက်အတွင်း မွေးဖွားပြီးလိမ့်မည်။

ချွေးများသည် သူမ၏အနည်းငယ်နီရဲနေသည့်မျက်နှာတစ်ခုလုံးတွင် စိုနေ၏။ အမျိုးသမီးစု နာကျင်မှုကို အံတုရင်း ‘အင်း’ တစ်လုံးဖြင့် ပြန်ဖြေလိုက်လေသည်။ ထို့နောက် အမျိုးသမီးလင်း၏ စကားအတိုင်း လိုက်လုပ်ကာ အသက်ရှည်ရှည်ရှူသွင်းလိုက် ရှူထုတ်လိုက် လုပ်လိုက်သည်။ မျက်ရည်ထွက်လောက်သည့် နာကျင်မှုက ခြေဖျား လက်ဖျားများအထိ ပြန့်နှံ့သွားလေသည်။ အမျိုးသမီးစုသည် အံကြိတ်ရင်း တင်းခံထားတော့သည်။

“ကျွန်မ ကလေးရဲ့ခေါင်းကို မြင်နေရပြီ၊ လုပ်လုပ်အုံး နားထောင်၊ ရှူထုတ်ပြီး ညစ်လိုက်”

အမျိုးသမီးလင်းက ဝမ်းသာအားရ အော်ပြောလိုက်၏။

“ မြန်မြန် ညှစ်လိုက်”

“ဝါးး”

ကလေးလေး၏အားနည်းသည့်ငိုသံ ထွက်လာတော့သည်။ အပြင်ဖက်တွင် ယိုကျင့်နှင့်ညီအစ်မများသည် ပျော်ရွှင်မှုဖြင့် လက်များကို ချက်ချင်းဆုပ်လိုက်ကြတော့သည်။

“ အမေ မွေးသွားပြီ”

ယိုကျင့်သည် ရေနွေးကို အတွင်းခန်းသို့ ယူသွားကာ အမျိုးသမီးလင်းဆီ ပေးလိုက်၏။ အမျိုးသမီးလင်းသည် ပေါ့ပါးပြီး လျင်မြန်လေသည်။ သူမသည် ရေပူထဲတွင် စိမ်ထားသည့် ကတ်ကြေးဖြင့် ချက်ကြိုးကို ဖြတ်လိုက်၏။ ထို့နောက် ကလေးကို ဆေးကြောပေးကာ အဝတ်စဖြင့် ထုတ်ပေးလိုက်ပြီး သူမလက်မောင်းပေါ်တွင် ကလေးကို ဂရုစိုက် ချီထားပြီး ယိုကျင့်ကို ပြလိုက်လေသည်။

“ ညီမလေးပါ၊ နင့်အမေ ဗိုက်ထဲမှာ နောက်တစ်ယောက်ရှိသေးတယ်၊ ခဏနေ ထွက်လာတော့မယ်၊ သန့်ရှင်းတဲ့ ရေနွေးသွားပြင်ထားလိုက်အုံး”

ယိုကျင့်သည် မိန်းမကြီးတစ်ယောက်၏လက်သီးဆုပ်စာလောက်သာ ရှိသည့် ညီမသေးသေးလေးကို တစ်ချက် ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ်နီသွား၏။

“ ကျေးဇူးတင်ပါတယ် အဘွားမာ”

ထို့နောက် သွေးများ ပြည့်နေသည့် ရေဇလုံကို ယူထွက်လာခဲ့တော့သည်။

ယိုရင်နှင့် ညီမတချို့က အနားတွင် ဝိုင်းလာကြ၏။

“ စန်းကျဲ အမေ မောင်လေးမွေးတာလား ညီမလေး မွေးတာလား”

ညီမငယ်လေးများ၏ မျှော်လင့်နေသည့်မျက်လုံးများကို ကြည့်ရင်း ယိုကျင့် သွေးများကို သွန်ချလိုက်ကာ ပြန်ဖြေလိုက်လေသည်။

“ ညီမလေး၊ အမေ့ဗိုက်ထဲမှာ နောက်တစ်ယောက်ရှိသေးတယ်”

ယိုကျင့်က ညီမလေးဟု ပြောသံကြားလိုက်သည်တွင် အကြီးများ၏မျက်လုံးထဲတွင် မသိမသာစိတ်ပျက်သွားသည့် အရိပ် ပေါ်လာလေသည်။ အစကတည်းက မျှော်လင့်ချက် ပျက်စီးသွားတော့သည်။

ယိုကျင့်သည် ညီမဖြစ်သူများက စိတ်ပျက်သွားသည်ကို သတိထားမိသွားရာ သူမ၏မျက်နှာ မာထန်သွားတော့သည်။ သူတို့တွေက သားတွေကို သမီးတွေလို တန်ဖိုးမထားဘူးဆိုပေမဲ့ ဒီနေရာမှာ မွေးကြီး ကြီးပြင်းလာကြတဲ့ ညီမလေးတွေက သူတို့အရိုးထဲမှာ မောင်လေးတစ်ယောက်အတွက် မျှော်လင့်ချက်ထားတဲ့ စိတ်မျိုးမရှိနေသင့်ဘူးလေ။ သူမ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒေါသမျက်လုံးဖြင့် ကြည့်လိုက်လေသည်။

“ စန်းကျဲ နင်တို့ကို အမြဲပြောထားတယ်လေ၊ ငါတို့တွေက ယောက်ျားမဟုတ်လို့ ကိုယ့်ဟာကို အထင်သေးနေရင် ဒီလောကမှာ ငါတို့ကို လေးစားမဲ့သူ ရှိတော့မှာမဟုတ်ဘူး၊ မိန်းမတွေက ယောက်ျားတွေလောက် မတော်ဘူးလို့ ပြောကြပေမဲ့ အမေ မွေးလာတာက ညီမလေးတစ်ယောက်၊ အမေကလည်း နင်တို့တွေ ယောက်ျားလေးမဖြစ်လို့ဆိုပြီး ဘယ်တုန်းကမှ မချစ်ခဲ့တာ မရှိဘူး၊ အခု နင်တော့က နင်တို့ညီမလေးကို မချစ်ချင်ကြတော့ဘူးလား”

ညီအစ်မများသည် ယိုကျင့်၏ လေးနက်သည့် မျက်နှာထားကြောင့် အနည်းငယ် ကြောက်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းတွင်တွင် ခါပြလိုက်ကြလေသည်။

“ မဟုတ်ပါဘူး၊ စန်းကျဲ သမီးတို့က ဒီအတိုင်း…”

“ အစ်မ သိတယ်၊ နင်တို့တွေ မောင်လေးတစ်ယောက် အရမ်းလိုချင်နေတာ၊ အမေက မောင်လေးတစ်ယောက် မွေးခဲ့ရင် နင်တို့ သူ့ကို အလိုလိုက်ကြမှာပဲမလား၊ အဲလိုမိခင်တွေက အရင်ကတည်း သားတွေကို ပျက်စီးစေတာ နင်တို့ သိကြလား၊ သူက မိသားစုရဲ့ အနာဂတ်မကောင်းတဲ့သူ ဖြစ်လာမယ်ဆိုရင် အစ်မကတော့ လိမ္မာတဲ့ညီမလေးတစ်ယောက်ပဲ ယူလိုက်မယ်”

ယိုကျင့်သည် ယိုရင်နှင့် ယိုကျူးတို့၏ ပခုံးကို ပုတ်လိုက်ပြီး

“ နင်တို့နှစ်ယောက်က ဒီညီမလေးတွေထဲမှာ အကြီးဆုံးပဲ၊ ဒီတော့ နင်တို့တွေ သူတို့ကို မကောင်းတဲ့အကျင့်တွေ သင်ပေးလို့ မရဘူးလေ”

ယိုကျူးက မြန်မြန် ခေါင်းခါလိုက်ပြီး ယိုကျင့်ဘေးတွင် ပြတ်ပြတ်သားသားရပ်လိုက်ကာ

“စန်းကျဲ ညီမလေး မလုပ်ပါဘူး”

ယိုရင်လည်း ခေါင်းညိတ်လိုက်ပြီး

“ စန်းကျဲ ညီမလေး နားလည်ပါပြီ”

ထိုအခါမှ ယိုကျင့် ကျေနပ်ကာ ခေါင်းညိတ်လိုက်လေသည်။ သူမသည် အနောက်ဆောင်ဆီသို့ နောက်ထပ်ရေးနွေးတစ်အိုး ယူသွားလိုက်တော့သည်။ တစ်ဖက်တွင် အဘွားချန်သည် အမျိုးသမီးစုက နောက်ထပ်သမီးတစ်ယောက် မွေးခဲ့သည်ကို သိပြီးဖြစ်သည်။ ထို့နောက် သူမသည် ပင်မဆောင်၏တံခါးတွင်ရပ်ကာ အနောက်ဆောင်ဖက်သို့ မျက်နှာမူလိုက်၏။ သူမ၏ နှုတ်ခမ်းပါးများက ‘ထင်ထားပြီးသားပါ’ဟူသည့် အပြုံးတစ်ခု ကွေးတက်သွားတလေသည်။

“ငါပြောပါတယ်၊ မျက်စိကောင်းတစ်လုံးပါအောင် မဥနိုင်တဲ့ ကြက်မအိုကြီးက သားတစ်ယောက် မမွေးနိုင်ပါဘူးလို့၊ ပြီးတော့ နင် မမွေးခဲ့ဘူးလေ၊ အခု နင်ယုံပြီလား”

အဘွားချန်ဘေးတွင် ရပ်နေသည့် ယွဲ့ချန်လုသည်လည်း မျက်နှာမှာ အနည်းငယ်ရှုံ့တွသွားတော့သည်။ သူသည် အမျိုးသမီးစု၏ ချိနဲ့ဖျော့တော့နေသည့်မျက်နှာကို မမြင်ချင်သော်လည်း ဒါက သူ့ကိုယ်မျိုးစေ့ပင်။ သူ့စိတ်ထဲတွင် သားတစ်ယောက်အတွက် မျှော်လင့်ချက်ရေးရေးလေးတစ်ခု ရှိနေသည်။ မျှော်လင့်မထားဘဲ နောက်ထပ်မျှော်လင့်ချက်မဲ့တစ်ယောက် ဖြစ်နေလေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset