EYYJ အပိုင်း ၃၄

အပိုင်း (၃၄) နှစ်ကုန်ခါနီး စိတ်ကူးများ

ကောလျှို့အာ၏ ယွဲ့ချန်ဟုန်ကို ဝုန်းဒိုင်းကျဲကာ ပြစ်တင်ဝေဖန်နေသည့် အကြောင်းကို ကျော်သွားလိုက်ပါမည်။ နောက်တစ်နေ့ မနက်စောစောတွင် ကျိုးကျွင်းဖုန်သည် လက်ဝေ့ရမ်းကာ မိန်းကလေးများ၏ မခွဲနိုင်သည့်အကြည့်နှင့် အတွေးကိုယ်စီများကြား ချွေ့ဖုန်းရွာကို နှုတ်ဆက်သွားတော့သည်။

ရွှေလိပ် သမက်ကြိး ကျိုးကျွင်းဖုန်ကို ဖမ်းဖို့အရေး ဆုံးရှုံးခဲ့ရသဖြင့် ယွဲ့ချန်ဟုန်သည် အမှန်ပင် မကျေမနပ် ဖြစ်နေတော့သည်။ သူမတွင် ဒေါသပုံချစရာ နေရာမရှိချေ။ ထို့ကြောင့် ဒေါသထွက်ထွက်နှင့်ပင် ကောလျှို့အာကို ကောကျားရွာသို့ ပြန်ခေါ်လာခဲ့လိုက်တော့သည်။

နှင်းများသည် မရပ်မနား ကျနေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ကူးအကြိုရောက်လာတော့သည်။

နှစ်သစ်ကူးလူကြီးသူမများကို ကန်တော့ခြင်းက သမီးများနှင့် မဆိုင်ကြပေ။ အမျိုးသမီးစု၏ အခြေအနေကလည်း ဆိုးသည်ထက် ဆိုးလာ၏။ သူမလျော့တိလျော့ရဲ ဝမ်းဗိုက်နှင့် ပိန်းပါးသည့်မျက်နှာက အားအင်ချိနဲ့နေသည်ကို သက်သေပြနေလေသည်။ သူမသည် တစ်နေ့လုံး အိပ်ရာထဲတွင်သာနေရာ ကိုယ်ဝန်ကို ဂရုစိုက်နေရလေသည်။

အမျိုးသမီးဟန်သည် ဝမ်ညန်က အိမ်သို့ဝင်လာသည်ကို မသိချေ။ ယွဲ့ချန်ရှို့ကလည်း ယွဲ့ချန်လုက လူလွှတ်စာပို့ခိုင်းမှ သိရလေသည်။ ပြီးခဲ့သည်နှစ်ရက်က တတိယမိသားစုသည် နှစ်သစ်ကူးအတွက် ချွေ့ဖုန်းရွာသို့ ပြန်လာခဲ့သည်။ အမျိုးသမီးဟန်သည် ထိုသတင်းကို ကြားတော့ ဒေါသထွက်လွန်းသဖြင့် မည်သူ့ကို ပုံချရမည်ပင် မသိတော့ချေ။ သူမသည် အနောက်ဆောင်တွင် အမျိုးသမီးစုကို လာတွေ့ချိန်၌ ဝမ်ညန်ကို လုံးဝ မျက်နှာမပေးချေ။

“ ဒုတိယယောက်မရယ် ရှင်ဘယ်လိုဖြစ်ပြီး ဝမ်ညန်လို မြေခွေးမကို သဘောတူပေးခဲ့တာလဲ”

မိန်းမတွေကသာ မိန်းမတွေအကြောင်းကို အသိဆုံးဟု အဘယ်ကြောင့် ပြောရပါသနည်း။ အမျိုးသမီးဟန်သည် ဝမ်ညန်ကို စတွေ့ကတည်းက သဘောမကျချေ။ သူမနှင့် စကားပြောလျှင်လည်း လုံးဝမယဉ်ကျေးတော့ချေ။

အမျိုးသမီးစုက သူမလာသည်ကို မြင်လိုက်တော့ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုသာ ရှိလေသည်။ သို့သော် ဝမ်ညန်အကြောင်း ပြောလိုက်ချိန်၌ သူမ၏မျက်လုံးထဲက အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။ ဝမ်းနည်းမှုသာ ကျန်တော့သည်။ နွမ်းနှယ်နေသည့်အပြုံးဖြင့် ခေါင်းခါပြကာ ပြန်ပြောလိုက်၏။

“ ကျွန်မ အသိအမှတ်ပြုတာ လိုပါ့မလား၊ ကျွန်မတို့တွေ သမီးယောက်မတွေ ဖြစ်လာတာ ဆယ်နှစ်ကျော်ပြီ၊ ဒီမိသားစု ကျွန်မရဲ့နေရာ ရှိတာ ဘယ်တုန်းက ရှင်တွေ့ဖူးလို့လဲ”

သူမထံတွင် တစ်ခုခုမူမမှန်သည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးဟန်သည် သူမပြောလိုက်သည့် စကားကြောင့် အနည်းငယ် စိတ်ပျက်သွားတော့သည်။ သူမ အသာအယာ သက်ပြင်းချလိုက်ပြီး

“ထားလိုက်ပါလေ၊ ဒုတိယယောက်မ ဘာပဲဖြစ်ဖြစ် ရှင့်မှာ ကလေးတွေ ရှိပါသေးတယ်၊ ရှင့်ကိုယ်ရှင် ဂရုမစိုက်ရင်တောင် ကလေးတွေအတွက်တော့ ဂရုစိုက်ပါ”

သမီးယောက်မနှစ်ယောက် အခန်းထဲတွင် ခဏလောက် စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးဟန်သည် အခန်းထဲမှ ထွက်လာခဲ့တော့သည်။ သူမ အနောက်ဆောင်မှ ထွက်လာချိန်၌ အဖြူရောင် တတိုင်မွှေးပန်းပုံထိုးထားသည့် လေးလံသည့်အိတ်လေးတစ်ခုကို ယိုရင် လက်ထဲ ထည့်ပေးလိုက်လေသည်။

“ စန်းကျဲပြန်လာတာကို စောင့်ပြီး ဒါကို ကောင်းကောင်းသိမ်းထားဖို့ ပြောလိုက်နော်၊ ဒါကို လိုလာတဲ့အချိန် ရှိလာလိမ့်မယ်”

ပိုက်ဆံမှန်း သိနေသဖြင့် ယိုရင်က မြန်မြန် ပြန်တွန်းထုတ်လိုက်ပြီး

“ ဒေါ်လေး သမီးတို့ ဒါကို လက်ခံလို့မရဘူး၊ စန်းကျဲက လက်ခံမှာ မဟုတ်ဘူး”

ယိုရင်၏ခေါင်းကို အမြတ်တနိုး သပ်ပေးလိုက်ပြီး ဒုတိယမိသားစုက သိတတ်လွန်းသည့် ကလေးများအတွက် အမျိုးသမီးဟန် အနည်းငယ်စိတ်မကောင်း ဖြစ်ရတော့သည်။

“ အလိုက်တဲ့ကလေး သမီးအမေ ကလေးမွေးရင် ပိုက်ဆံမလိုဘဲ နေမလား၊ ပိုက်ဆံက မများဘူးဆိုပေမဲ့ ဒါက ဒေါ်လေး သမီးတို့အပေါ်ထားတဲ့ စေတနာလေးပါ၊ ကောင်းကောင်း သိမ်းထားလိုက်နော်”

ထိုသို့ပြောလိုက်ပြီးနောက် လက်ယမ်းပြလိုက်ကာ အရှေ့ဆောင်သို့ ပြန်သွားလိုက်တော့သည်။

ယိုရင် မငြင်းနိုင်တော့ပါ။ သူမ ပိုက်ဆံကို သိမ်းထားလိုက်တော့သည်။ ယိုကျင့်ပြန်လာသည်နှင့် သူမကို ပေးလိုက်တော့မည်။

ယိုကျင့်သည် အမျိုးသမီးဟန်ပေးသည့် ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်လိုက်၏။ ဝမ်၁၀၀ ခန့်ရှိလေသည်။ အမျိုးသမီးဟန်ကို ပို၍ ကျေးဇူးတင်မိတော့သည်။ စိတ်ထဲတွင် သစ္စာပြုလိုက်၏။ သူတို့၏ဘဝ ချမ်းသာလာလျှင် အမျိုးသမီးဟန်၏ ကျေးဇူးကို ပြန်ဆပ်ပါမည် ဟူ၍။

***

နှစ်သစ်ကူးအကြို ညစာကို ဘိုးဘွားခန်းမတွင် လူကြီးများကို ကန်တော့ပြီးနောက် စားသောက်ကြလေသည်။ နှစ်သစ်ကူးဟု ဆိုသော်လည်း အစားအသောက်ကတော့ ပုံမှန်အစားအစာများပင်။ အာလုံးခရမ်းသီး ဟင်းအိုးကြီးတစ်ခုနှင့် မုန်လာထုပ်ဟင်းအိုးကြီးတစ်ခုသာ။ သို့သော် အထဲကအသားကတော့ အရင်ကထက်များလေသည်။ ထို့အပြင် မုန်လာထုပ်နှင့် ဝက်သား ရောထည့်ထားသည့် ပေါက်စီအိုးကြီးတစ်ခုကိုလည်း ပြင်ဆင်ထား၏။ နှစ်သစ်ကူးလုပ်ခြင်းဟု မှတ်ယူနိုင်လေသည်။

သို့သော် အဘွားချန်သည် နှစ်ပေါင်းများစွာ အလကားနေလာခြင်း မဟုတ်။ ဟင်းပွဲများ တူသော်လည်း အသားသုံးပုံနှစ်ပုံက ယောက်ျားများ၏ စားပွဲတွင် ရောက်နေလေသည်။ အမျိုးသမီးဘက်တွင်တော့ ညှီနှံ့ပါသည့် ကလီစာနှင့် မုန်လာထုပ်နှင့် အသားနည်းနည်းထည့်ထားသည့် ပေါက်စီများ သာဖြစ်လေသည်။

ဒုတိယမိသားစုမှ မိန်းကလေးများအားလုံးသည် ပြီးခဲ့သည့်တစ်ခေါက်က အမျိုးသမီးဟန် ယူလာပေးသည့် ခပ်လတ်လတ် အဝတ်အစားများကို ဝတ်ထား၏။ အနွေးထည်အပြင်ဘက်က ပြဲနေသည့်အပိုင်းကို အမျိုးသမီးစု၏ ပန်းထိုးလက်ရာဖြင့် ဖုံးကွယ်ထားလေသည်။ ညီအစ်မများသည် သည်လိုအဝတ်အစားအသစ်ျားကို ရှားရှားပါးပါး ဝတ်ရလေသည်။ သူတို့အားလုံး ပုံစံတကျ ထိုင်နေကြပြီး တစ်ယောက်စီက ကြွေပန်းကန်လုံးတစ်လုံး စီကိုင်ထားကြ၏။ သူတို့သည် အားရပါးရ စားနေကြလေသည်။ ဝက်ကလီစာကို ကောင်းကောင်းမွန်မွန် မလုပ်ထားသော်လည်း အသားဟု ပြောလို့ရသေးသည်။ ရှားရှားပါးပါး အသားအရသာပင်။ သူတို့ စားရပေမည်။

ဒုတိယမိသားစုက မိန်းကလေးများနှင့် သိသိသာသာ ကွာခြားနေသူက ဝမ်ညန်။ သူမသည် ဟိုဟာနှိုက်လိုက် သည်ဟာနှိုက်လိုက် လုပ်နေ၏။ နေ့တစ်ဝက်နေလို့မှ နှစ်လုပ်တောင် မစားချေ။ သူမ၏မျက်နှာသည် စိတ်မရှည်မှုအထင်းသား ဖြစ်နေလေသည်။ တစ်နေ့တစ်နေ့ အသားအများကြီး မစားရတာက ဟုတ်ပါပြီ။ နှစ်သစ်ကူးမှာတောင် ဘာလို့ အစားကောင်းတစ်နပ်တောင် မစားနိုင်ရတာလဲ။ သို့သော် သူမ ဘာမှမပြောရဲပေ။ လူကြီးနှစ်ယောက်က နှစ်သစ်ကူးအကြိုနေ့တွင် ဒေါသထွက်ကြလျှင် သူမ အပြစ်ဖြစ်တော့မည်။

အမျိုးသမီးဟန်သည် ဝမ်ညန်၏ မကြည်မလင်ဖြစ်နေသည့်စိတ်ကို သတိထားမိသွားပြီး စိတ်ထဲတွင် အကြိမ်ကြိမ် နှာခေါင်းရှုံ့လိုက်လေသည်။ သူက ယွဲ့မိသားစုကို လက်ထပ်ပြီး ချမ်းချမ်းသာသာနဲ့ နေလို့ရမယ်များ ထင်နေတာလား။ မစားနိုင်မသောက်ဖြစ်နေသည့် ယိုဟယ်ကို ကြည့်လိုက်ပြီး ကုလားမနိုင်ရခိုင်မဲလိုက်တော့သည်။

“ မြို့သားလေး တစ်ရက်နှစ်ရက် ဖြစ်သွားတော့ နင်ဘယ်ကလာလဲဆိုတာ မေ့သွားတာလား၊ ချေးများနေသေးတယ်၊ မြန်မြန်စား၊ မဟုတ်ရင် ဗိုက်ဆာလို့ဆိုပြီး မုန့်လာတောင်းမယ်မကြံနဲ့”

ယိုဟယ်သည် အစကတည်းကမှ မပျော်မရွှင်ဖြစ်နေရာ အခုတော့ ရုတ်တရက်ကြီး ပျက်ကိန်းဆိုက်သွားသလို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းများကို စူကာ

“အမေနော်”

အမျိုးသမီးဟန်သည် သူမကို မျက်စောင်းဖြင့်ကြည့်လိုက်လေသည်။

“ဘာလဲ၊ ငါ နင့်အမေလေ၊ နင့်ကို ဘာတစ်ခွန်းမှ မပြောရဘူးလား”

အမူအရာက “ ငါက နင့်အမေ၊ ငါက ကြီးတယ်” ဟူ၍။

ယိုဟယ်သည် မွေးလာကတည်းက အလိုလိုက်ခံထားရသော်လည်း မလိမ်မမာဖြင့် ပျိုးထောင်ခံလာရသူ မဟုတ်ချေ။ အမျိုးသမီးဟန်၏ ဆုံးမစကားက ထိုကိစ္စကို အများကြီးသက်ရောက်မှုရှိလေသည်။ အမျိုးသမီးဟန်၏ စကားကြောင့် ယိုဟယ် ဘာပြောရဲပါမည်နည်း။ သူမသည် အရိုးခံအတိုင်း စားလိုက်လေတော့သည်။

သူမဘေးတွင် ထိုင်နေသည့် ဝမ်ညန်၏အမူအရာမှာ အလွန်ရှုံ့တွသွားတော့သည်။ တတိယမိသားစုက အမျိုးသမီးဟန်က ပြန်လာကတည်းက သူမကို လုံးဝ မျက်နှာသာမပေးတာ။ အခုလည်း နှစ်သစ်ကူးအကြို ညစာစားပွဲမှာတောင် သူက သွယ်ဝိုက်ပြီး သူမကို ဆူနေသေးတယ်။ သူမလို ပါးနပ်တဲ့သူက မသိဘဲ နေမလား။

သရော်နေသည့်မျက်နှာကို ကြည့်လိုက်မိပြီးနောက် လုံးဝမသိသာသည့် ယိုကျင့်၏ မဲ့လိုက်သည့် အကြည့်တစ်ခုကို လက်ခံလိုက်ရသဖြင့် ဝမ်ညန်သည် သူမ၏ပါးများ ထူပူသွားသလို ခံစားလိုက်ရတော့သည်။ ပထမတော့ အမျိုးသမီးဟန် နောက်တော့ ယိုကျင့်။ ဝမ်ညန် မုန်းလွန်းသဖြင့် သွားများယားလာတော့သည်။ သူမ လုပ်နိုင်သည်က မရှိချေ။ စိတ်ထဲတွင် မျိုသိပ်ထားရပြီး နောက်ပိုင်းတွင် လက်စားချေနိုင်မည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

အကျိုးကြောင်းသင့်အောင် ပြောရလျှင် မိသားစုတစ်ခုလုံးသည့် ပင်မဆောင်တွင် နှစ်သစ်ကူးကြိုဖို့ စောင့်ရလေသည်။ အဘွားချန်က ဒုတိယမိသားစုမှ ဆန်ကုန်မြေလေးများကို အမြဲတမ်း အထင်သေးသဖြင့် ဒုတိယမိသားစုမှ မိန်းကလေးများသည် ကိုယ့်ဟာကို နှစ်သစ်ကူးကို ကြိုကြရတော့သည်။ ဒီနှစ်တွင် ဒုတိယမိသားစုတွင် ဝမ်ညန်ရောက်လာသဖြင့် ဝမ်ညန်သည် မည်သို့ ပြုမူရမည်ကို သိလေသည်။ အဘွားချန်နှင့် အမျိုးသမီးချန်က သူမကို မျက်နှာသာပေးသဖြင့် နှစ်သစ်ကြိုဖို့ သူတို့နှင့်အတူတူ နေခွင့်ပေးခဲ့သည်။

အစောပိုင်း ညစာစားစဥ်က ဝမ်ညန်သည် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။ အခုတော့ ဒုတိယမိသားစုမှ သူမကိုယ်တိုင် ပင်မဆောင်တွင် နှစ်သစ်ကြိုပွဲအတွက် နေနိုင်ခဲ့သည်ဖြစ်ရာ သူမသည် မနေနိုင်တော့ဘဲ အနည်းငယ် မာန်တက်သွားတော့သည်။ သူမသည် နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြင့် မဲ့ကာ ယိုကျင့်ကို ကြည့်လိုက်လေသည်။

သို့သော် ယိုကျင့်သည် ၁၂နှစ်အရွယ်ကလေးတစ်ယောက် မဟုတ်ချေ။ သူမ၏ ရန်လိုနေသည့်အပြုအမူကြောင့် မည်သူတို့ စိတ်ဆိုးနိုင်ပါမည်နည်း။ နောက်ဆုံး ယွဲ့မိသားစု၏ မီးပုံသည် သူမအတွက်တော့ အဘိုးမတန်ချေ။ ထိုအရာနှင့်ပတ်သက်ပြီး ဘာကို စိတ်ဆိုးစရာလိုပါမည်နည်း။ သူမကို ဂရုစိုက်ရန်ပင် ပျင်းလှပေသည်။

အမျိုးသမီးဟန် တိုးတိုးတိတ်တိတ် ပေးထားသည့် မုန့်ထုပ်ကို ယူလိုက်ပြီး နှစ်သစ်ကြိုရန် ညီမငယ်လေးများကို အနောက်ဆောင်သို့ ခေါ်လာခဲ့တော့သည်။

ဝမ်ညန်က ထိုအကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။ သူမသည် ယိုကျင့်၏ မနာလိုဖြစ်ခံနေရသည်ဟု မှတ်လိုက်လေသည်။ သူမမျက်နှာကို ပင်မဆောင်ဖက်သို့ ပြန်လှည့်လိုက်ပြီး အလွန်နွေးထွေးစွာ ပြုံးလိုက်တော့သည်။ အလိုလိုပင် သတိဖြင့် အဘွားချန်နောက်တွင် ထိုင်ချလိုက်ပြီး သူမ၏ပခုံးကို နှိပ်နှယ်ပေးလိုက်၏။ အလွန်မှ နိမ့်ချသည့်အပြုအမူဟု ပြောနိုင်လေသည်။

အဘွားချန်သည် သဘောကျနေ၏။ သူမသည် လောင်အာ့ကို သီးသန့် ခေါ်မေးလိုက်သေးသည်။ ဝမ်ညန်သည် အိမ်ထောင်စုကြီးတစ်ခုမှ သခင်မကြီး၏ အလွန်အားထားရသည့် အိမ်စေတစ်ယောက် ဖြစ်ခဲ့ကြောင်း ပြောပြလိုက်သည်။ အခုတော့ သူမကို ဤသို့ စောင့်ရှောက်ပေးနေသည်။ သူမသည် သခင်မကြီးတစ်ယောက် ဖြစ်လာသလို ခံစားလိုက်ရတော့သည်။ သို့သော်ငြား သူမသည် စိတ်ထဲကမပါဘဲ ပြောလိုက်သေးသည်။

“ နင် ပင်ပန်းရင် သွားနားတော့လေ၊ ခဏနေ ငါတို့အမေက နင့်ကို ကိုယ်ချင်းမစာဘူးလို့ လောင်အော့က ပြောနေအုံးမယ်”

ဝမ်ညန်သည် သူမနောက်တွင် ဗိုက်ကြီးဖြင့် ဒူးထောက်ထိုင်ပြီး သူမ၏ပခုံးကို နှိပ်နှယ်ပေးလိုက်သည်။ သူမ လိမ္မာ သိတတ်စွာ ပြန်ဖြေလိုက်၏။

“ ကျွန်မတို့ ကလေးတွေက မိဘတွေကို သိတတ်သင့်တာပေါ့၊ ကျွန်မတို့ ဒုတိယမိသားစုက အစ်မကြီးစုက ကျန်းမာရေးမကောင်းဘူးလေ၊ ကလေးတွေက ငယ်သေးတော့ မသိတတ်ဘူး၊ ဒုတိယမိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်မက ပိုပြီးစောင့်ရှောက်ပေးရမှာ သဘာဝပါပဲ”

ငိုက်မြည်းနေသည့် အငယ်ဆုံးသားလေးကို ချီထားသည့် အမျိုးသမီးဟန်က ပေါ့ပေါ့ပါးပါး တဟင်းဟင်း ရယ်မောလိုက်လေသည်။ ဒီမိန်းမက အဘွားကြီးကို ဘယ်လိုဝမ်းချမယ်ဆိုတာ သိသားပဲ။ အဘွားကြီးက ဒုတိယမိသားစုကို ကောင်းကောင်း အနိုင်မကျင့်မှာ စိုးနေတယ်ပေါ့လေ။ သူမအနေနဲ့ကတော့ ဝမ်ညန်လို လူမျိုးကြောင့် စိတ်ရှုပ်ခံစရာအကြောင်းမရှိပါဘူး။ သို့နှင့် သူမ ဘာမှမပြောလိုက်ချေ။

နှစ်သစ်ကူးတွင် အချုပ်အလုပ်လည်း မလုပ်နိုင်သလို အိပ်လို့လည်းမရချေ။ အမျိုးသမီးချန်က အမှန်ပင် ပျင်းရိလာတော့သည်။ ထို့ကြောင့် ခုတင်ပေါ်တွင်ထိုင်ကာ ယွဲ့ယိုထင်းနား ကပ်ပြီး ကျိုးကျွင်းဖုန်အကြောင်း သေသေချာချာ မေးနေတော့သည်။ တစ်ယောက်က ရှက်သဖြင့် ခေါင်းငုံ့ကာ စကားမပြော။ ကျန်တစ်ယောက်တော့ ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေလေသည်။ အခြေအနေမှာ အလွန်အသက်ဝင်နေ၏။

ပင်မဆောင်၏ တခြားဖက်တွင်တော့ ယွဲ့တာ့ဖူရှေ့တွင် မိသားစုက ယောက်ျားသားများ ထိုင်နေကြ၏။ အဖေ၊ သားနှင့် မြေးများသည် အတူတူထိုင်နေကြပြီး တီးတိုး စကားပြောနေကြလေသည်။

“ဝမ်ထောင် ပြီးခဲ့အခေါက်က မင်းယူသွားတဲ့ ငွေတွေအားလုံး သုံးလိုက်ပြီလား၊ နွေဦးရောက်နေပြီနော်၊ အချိန်မီပဲ ဟုတ်တယ်မလား”

မြေးနှစ်ယောက်၏အနာဂတ်သည် အမြဲလိုလို ယွဲ့တာ့ဖူ၏သောကတစ်ခု ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ယခုမူ သူသည် အိမ်၏ချမ်းသာမှုအားလုံးကို ရင်းနှီးထားခဲ့ရသည်။ သူ့အိပ်မက်ထဲတွင်ပင် သည်ကိစ္စကို အနီးကပ် အာရုံစိုက်နေမည်မှာတော့ ပြောရန်ပင်မလိုချေ။

ယွဲ့ချန်ဖူသည်လည်း သည်ကိစ္စနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်နေ၏။ သည်တစ်ကြိမ်တွင် သူသည် အလုပ်ထုတ်ခံလိုက်ရပြီး မြို့တွင် အလုပ်ပြန်သွားလုပ်ဖို့ မျက်နှာပင်မရှိတော့ချေ။ တော်ဝင်စာမေးပွဲ ဖြေကြမည့် သူးသားနှစ်ယောက်ထံတွင်သာ မျှော်လင့်ချက်များကို ပုံချထားပြီး သားနှစ်ယောက် ထွန်းပေါက်လာမည်ကိုသာ စောင့်နေရတော့သည်။ သူသည် ပျော်ရွှင်မှုများကို ခံစားရမည့် သခင်ကြီး ဖြစ်လာပေလိမ့်မည်။

အဘိုး၊ အဖေနှင့် ဦးလေးနှစ်ယောက်တို့က တောက်ပသည့်မျက်လုံးများဖြင့် သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ယွဲ့ဝမ်ထောင်က ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အဘိုး မစိုးရိမ်ပါနဲ့ ပြီးခဲ့တဲ့ရက်တုန်းက လာသွားတဲ့ သခင်လေးကျိုးက မြို့က အရာရှိမိသားစုရဲ့ ဆွေမျိုးလေ။ အခု ငွေတွေအားလုံးက သူ့နားမှာ၊ သူ အဲနေ့က ပြန်သွားတော့ သူပြောထားတယ်၊ နှစ်သစ်ကူးကျရင် သူငွေတွေကို အရာရှိအိမ်ကို သွားပို့ပြီး အရာရှိရဲ့ဇနီးကို သူ့အတွက် ပြောပေးဖို့ သတိပေးလိုက်မယ်တဲ့၊ ပြဿနာလုံးဝမရှိဘူး “

သူမပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် ယွဲ့တာ့ဖူက အပြုသဘောဆောင်ကာ ခေါင်းညိတ်လိုက်ပြီး

“ အဲနေ့က သခင်းလေးကျိုးရဲ့ ပုံစံကို တွေ့လိုက်ရပါတယ်၊ ယုံလို့ရပါတယ်၊ ကောင်းကောင်း ပြီးသွားမှာပါ”

နောက်ခံကောင်းကောင်းနှင့် ယဥ်ကျေးသည့် သဘောထားရှိသည့် ကျိုးကျွင်းဖုန်ကို အလွန်သဘောကျနေလေသည်။ မြေးဖြစ်သူက ထိုသို့ပြောလာချိန်၌ အလိုလို ယုံသွားတော့သည်။

“ ဘယ်က သခင်လေးကျိုးလဲ”

ယွဲ့ဝမ်ထောင်တို့က ကျိုးကျွင်းဖုန်တို့နှစ်ယောက်ကို ခေါ်လာစဥ်ကာ ယွဲ့ချန်ဖူသည် အိမ်မှာမရှိဘဲ သူတို့နှင့် မတွေ့လိုက်ရချေ။

“သူက ကျောင်းက အတန်းဖော်သူငယ်ချင်းပါ၊ အစ်ကိုကျိုးက အရာရှိ ဇနီးရဲ့ သွေးဝေးတဲ့တူ

တော်တယ်လေ၊ အစ်ကိုလျိုတို့မိသားစုက မြို့မှာ ပိုးထည်နဲ့ ပိတ်စဆိုင်တစ်ခု ပိုင်တယ်”
ယွဲ့ဝမ်ထောင် ယွဲ့ချန်ဖူ၏မေးခွန်းကို ဖြေလိုက်လေသည်။

“ ဒီတစ်ခေါက် ကျွန်တော်တို့တွေ ငွေတွေစုပြီး အရာရှိကို ပေးမယ်ဆိုတာက အစ်ကိုကျိုးရဲ့ စိတ်ကူးပေါ့”

ထိုစကားကို ကြားလိုက်ပြီးနောက် ယွဲ့ချန်ဖူသည် မျှော်လင့်ချက်များ ပြည့်လာသလို ခေါင်းညိတ်ပြလိုက်လေသည်။

“ သူက အရာရှိမိသားစုရဲ့ ဆွေမျိုးဆိုတော့ သူ့မှာ တကယ်အရည်အချင်းတွေ ရှိမှာပဲ၊ ဒါက အလုပ်ဖြစ်မယ်လို့ ထင်တယ်”

ယွဲ့မိသားစုမှာ တခြားယောက်ျားများကလည်း သဘောတူကာ ခေါင်းညိတ်လိုက်ကြလေသည်။ သူတို့အားလုံး နှစ်သစ်ကို စောင့်မျှော်နေကြ၏။ ယခုပင် နွေဦးရောက်လာပြီး ဝင်ခွင့်စာမေးပွဲကို စောစောရောက်ချင်နေကြလေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset