EYYJ အပိုင်း ၂၅

အပိုင်း (၂၅) ၀မ်ညန်အိမ်သို့ ရောက်ရှိခြင်း(၁)

ယွဲ့တာ့ဖူမှ အလျှော့ပေးလိုက်ပြီ ဖြစ်သောကြောင့် ယွဲ့ချန်ဖူနှင့် ယွဲ့ချန်ရှို့တို့သည်လည်း ငြင်းဆိုခြင်း မရှိတော့ချေ။ ယွဲ့ချန်လုသည် ၀မ်နိုင်အား ပျော်ရွှင်စွာ ပွေ့ဖက်ရင်း ၀မ်ညန်ငှားထားသည့် အိမ်လေးထဲ၌ ထိုင်လိုက်သည်။ သူသည် ဖောင်းထွက်စပြုနေသော ၀မ်ညန်၏ဗိုက်လေးအား ပွတ်သပ်ပေးလိုက်သည်။

“အမေနဲ့အဖေက သဘောတူလိုက်ပြီ။ မနက်ဖြန်ကျ နိမိတ်ဖတ်တဲ့သူဆီ ရက်ကောင်းရက်မြတ် သွားမေးပြီး ခမ်းခမ်းနားနား လက်ထပ်မယ်”

၀မ်ညန်သည် ယွဲ့ချန်လု၏လက်မောင်းထဲသို့ နာခံစွာ တိုးဝှေ့ရင်း စဉ်းစားချင့်ချိန်ပြောလိုက်သည်။

“အစ်ကိုနဲ့သာရှိရမယ်ဆို ခမ်းနား‌တာတွေ မခမ်းနားတာတွေ ဂရုမစိုက်ပါဘူး”

ထိုနူးညံပြီး ဂရုမစိုက်ဟန် အမူအရာလေးက ယွဲ့ချန်လု၏နှလုံးသားကို ပို၍ပင် ပျော်၀င်စေသည်။ ကျောက်စိမ်းလို ဖြူဖွေးနူးညံ့သည့် ၀မ်ညန်၏လက်ကို ဇနီးဖြစ်သူ၏ သစ်သားကဲ့သို့ ခြောက်သွေ့နေသည့် လက်စွယ်များနှင့် ယှဉ်ရင်း တင်းကျပ်စွာ ဆုပ်ကိုင်မိသည်။ သူသည် ၀မ်ညန်အား ကျမ်းကျိန်ကာ ကတိပေးလိုက်သည်။

“ကိုယ်မင်းကို ယွဲ့မိသားစုရဲ့ ဂိတ်တံခါး၀ကနေ ခေါင်းမော့၀င်စေရမယ်။ မင်းကို ဘယ်ညှိုးငယ်မှုမှ မခံစားစေရဘူးလို့ ကတိပေးတယ်”

၀မ်ညန်သည် ယွဲ့ချန်လု၏မျက်၀န်းများကို နှစ်သက်မှုများဖြင့် ကြည့်လိုက်သည်။

“အစ်ကို ကျွန်မက တစ်‌ယောက်တည်း အကူအညီမရှိရှာတဲ့ မိန်းမသားတစ်ယောက်ပါ။ အစ်ကိုတို့ ယွဲ့အိမ်ကို ၀င်ပြီး အစ်ကိုနဲ့ မမစုကို အချိန်အကြာကြီး အဖော်ပြုပေးနိုင်တာနဲ့တင် ကျွန်မအတွက် ကောင်းချီးတစ်ခု ဖြစ်နေပါပြီ။ အခြားအရာတွေ မတောင်းဆိုရဲပါဘူး”

၀မ်ညန်သည် မုဆိုးမဖြစ်ခြင်းအကြောင်း ယွဲ့ချန်လုအား အမှန်အတိုင်း ပြောပြထားသော်လည်း သူဌေး၏ခုတင်၌ သူမ၏ပျိုရွယ်မှု ကုန်ဆုံးခဲ့ခြင်းကို လိမ်ညာထားခဲ့သည်။ ထိုသို့ လောဘရမ္မက်ကြီးသော အပြုအမူသည် သူမကို ရွံမုန်းသွားစေနိုင်သောကြောင့် ဖြစ်သည်။

“ဖွီ ဘာလို့ ကျက်သရေတုံးတာကြီးကို ထည့်ပြောရတာလဲ။ မင်းအိမ်တော်ကို ၀င်လာပြီဆိုတာနဲ့ သူက မင်းကို ခစားတာကမှ သဘာ၀ကျဦးမယ်” အိမ်၌ တစ်နှစ်ပတ်လုံး ပိန်လှီခြောက်သွေ့နေသော ဝါညစ်ညစ် မိန်းမအား စဉ်းစားမိသည်နှင့် ယွဲ့ချန်လုသည် တံတွေးမထွေးဘဲ မနေနိုင်ခဲ့ချေ။

ယွဲ့ချန်လု ပြောသည်ကို ကြားသည်နှင့် ယွဲ့ညန်သည် စိတ်သက်သာရာရစွာ သူ၏လက်မောင်းကြား၌ နားနေတော့သည်။ အမျိုးသမီးစုအား ပြုစုရန် သူမအတွက် မဖြစ်နိုင်ပါချေ။ ယွဲ့ချန်လု သူမအပေါ် ပိုကောင်းပေးနိုင်သည်ကို သေချာအောင် ပြုလုပ်ရန် စကားအဖြစ်ပြောခြင်းသာဖြစ်သည်။

၀မ်ညန်သည် မွေးရာပါအလှလေးဖြစ်ကာ အသက်လည်းမကြီးသေးပေ။ မုဆိုးမဖြစ်သော သူမအနေနှင့် ယွဲ့ချန်လုထက်သာသော ယောက်ျားမျိုးကို ရှာလို့ရ‌သည်။ သို့သော် သူမသည် အတိတ်က သခင်ဖြစ်သူ၏ အိပ်ရာပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့ပြီး ကိုယ်၀န်ရလာပြီး သခင်မဖြစ်သူမှ ရှာတွေ့သွားခြင်းကြောင့် ကလေး ဖျက်ချခံခဲ့ရကာ အိမ်တော်မှလည်း နှင်ထုတ်ခံခဲ့ရသည်။

သူမသည် ကူကယ်ရာမဲ့နေသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမအား ရောင်းထုတ်ခဲ့သည့် ထိုအိမ်တော်သို့ ပြန်သွားမည်မဟုတ်ချေ။ လျှို့ထန်မြို့သို့ ရောက်ပြီးနောက် မုဆိုးမတစ်ယောက်အဖြစ်ကို လက်ခံကာ လက်ကျန်ငွေလေးဖြင့် လျှို့ထန်မြို့ရှိ ယိုယွင်းနေသော အိမ်လေးကို ငှားရမ်းလိုက်သည်။ ထိုနောက် ယွဲ့ချန်လု အလုပ်လုပ်ရာနေရာ၌ ဆိုင်လေးဖွင့်ကာ အစားအစာအချို့ ရောင်းခဲ့သည်။

ယွဲ့ချန်လုသည် သူမ၏ဆိုင်သို့ အစာ၀ယ်ရန် တစ်ခါတစ်လေ လာလေ့ရှိသည်။ သူမတို့နှစ်ဦးသည် တစ်ဦးကိုယ်တစ်ဦး အထာပေးနေရင်း ၀မ်ညန်သည် ယွဲ့မိသားစုအခြေအနေကို စုံစမ်းလျက်ရှိသည်။ ယွဲ့မိသားစု၌ လယ်ဧကသုံးဆယ်ရှိကာ ယွဲ့ချန်လု၏ တူနှစ်ဦးသည်လည်း မြို့ပေါ်၌ စာသင်ကြားနေပေသည်။ ထိုမိသားစုသည် ယခုဤး၌ အနည်းငယ် အဆင်ပြေသည့်မိသားစုဖြစ်ကာ ထိုတူနှစ်ယောက် အောင်မြင်သွားသည်နှင့် ယွဲ့ချန်လုသည် သခင်ကြီးတစ်ယောက် ဖြစ်လာပေမည် မဟုတ်ဘူးလား။

ယွဲ့ချန်လု၏ဇနီးဖြစ်သူသည် သမီးခုနှစ်ယောက်ကိုသာ မွေးထုတ်ပေးထားကြောင်း သိသည်နှင့် ထိုအရာသည် ၀မ်ညန်အတွက် အခွင့်အရေး ဖြစ်လာသည်။ သူမသာ ယွဲ့ချန်လုအတွက် သားမွေးပေးသ၍ ယွဲ့မိသားစု၏ ဒုတိယမိသားစု၌ တရား၀င်ဇနီးဖြစ်လာရန် မည်သည်ကိုမျှ ကြောက်ရွံ့စရာမရှိပေ။ ၀မ်ညန်သည် သူမ၏အထက်ရှိ အစေခံများထဲမှ သခင်၏အိပ်ရာပေါ်သို့ တတ်နိုင်စွမ်းရှိသော အဆင့်နိမ့်အစေခံဖြစ်သည်။ ထိုအရာနှင့်ပင် သူမသည် မည်မျှလှပကြောင်း သိနိုင်ပေသည်။

နှစ်ဦးသားသည် နှစ်လနီးပါး ပူးတွဲနေထိုင်ခဲ့ပြီးနောက် ကိုယ်၀န်ကို ရရှိခဲ့သည်။ ယခုအခါ အရင်အချိန်နှင့် မတူညီခဲ့ပေ။ ယခင်က သူမသည် တရား၀င်ဇနီးသည်အား ထိုအကြောင်းကို ဖုံးကွယ်ကာ ဆေးဆိုင်မှ ဆေးများဖြင့် ကိုယ်၀န်ရှစ်လအထိ တောင့်ခံရန် ကြိုးပမ်းခဲ့သည်။ ယခုအခါ သူမသည် ယွဲ့ချန်လုအား သားယောက်ျားလေးကို လွယ်ထားရကြောင်း ပြောပြခဲ့ပြီး ထိုလူသည် ချွေ့ဖုန်းရွာသို့ မိဘများနှင့် ခေါ်တွေ့ပေးရန်ပင် မစောင့်နိုင်တော့ချေ။

သူမ၏ တောက်ပသည့်အနာဂတ်ကို တွေးရင်း ၀မ်ညန်၏ အပြုံးများသည် နက်ရှိုင်းလာခဲ့သည်။ အိမ်သေးသေးလေး၌ ရည်မှန်းချက် ပြည့်၀သွားသော အမျိုးသားအမျိုးသမီး စုံတွဲသည် အနာဂတ်ကို စိတ်ကူးယဉ် ‌ပုံဖော်နေခဲ့ကြသည်။

ယွဲ့ချန်လုသည် ယွဲ့တာ့ဖူနှင့် ညီအစ်ကိုနှစ်ဦး၏ ခွင့်ပြုချက်ကို ရပြီး‌သည်နှင့် ရက်ကောင်းရက်မြတ်ရွေးရန် တစ်စုံတစ်ယောက်ကို ရှာခဲ့သည်။ ရက်သတ်မှတ် ပြီးသည်နှင့် ထိုနေ့၌ မည်သို့စီစဉ်ရမှန်း အခက်တွေ့လျက်ရှိသည်။ ယွဲ့ချန်လုအတွက် ယွဲ့တာ့ဖူတို့ဇနီးမောင်နှံနှင့် သဘောထားကွဲလွဲသည်မှာ ပထမဆုံးဖြစ်ပေသည်။ ယွဲ့ချန်လုသည် ၀မ်ညန်အား ခမ်းနားထည်ဝါစွာ ‌တောင်းယူရန် ခေါင်းမာလျက်ရှိသည်။ အဘွားချန်နှင့် ယွဲ့တာဖူတို့သည် မည်သို့ သဘောတူရမည်နည်း။

ပထမအချက်အနေနှင့် သာမန်ပြည်သူများ၏ နေအိမ်များ၌ ဇနီးနှစ်ယောက်အား အဆင့်အတန်းတူညီစွာ လက်ဆက်ခြင်း မရှိချေ။ လူကြီးနှစ်ယောက်၏ အမြင်၌ ဇနီးငယ်တစ်ယောက်အား ထည်ထည်ဝါဝါ တောင်းရမ်းလက်ထပ်ကာ အကျယ်ချဲ့ခြင်းသည် အရှက်ရစရာဖြစ်သည်။ သူတို့၏မျက်နှာကို အဆုံးရှုံးမခံနိုင်ချေ။ ဒုတိယအချက်အနေနှင့် လက်ရှိယွဲ့မိသားစု၌ ‌ငွေအလုံအလောက် မရှိပေ။ သူတို့၌ စုစုပေါင်း လျန်းနှစ်ဆယ်သာ ရှိလေသည်။ သူဇနီးတစ်ယောက်လက်ထပ်ဖို့ ရှိသမျှ အကုန်ထုတ်ပေးရတော့မှာလား။ ယွဲ့ချန်လုက ဇနီးတစ်ယောက်ကို ခမ်းခမ်းနားနား လက်ထပ်ပြီး ငါတို့တစ်မိသားစုလုံးက လေပဲထိုင်ရှူနေရတော့မှာလား။

“အဖေနဲ့အမေ ၀မ်ထောင်တို့ ညီအစ်ကိုတွေ စာမေးပွဲမေးခွန်းအတွက် လာဘ်ထိုးဖို့ လျန်းတစ်ရာလိုတယ် ဆိုတုန်းက အဖေတို့ပဲ မိသားစုစုပေါင်းငွေထဲက ထုတ်ပေးလိုက်တာလေ။ သူတို့ရဲ့ဒုတိယဦးလေးဖြစ်တဲ့ ကျွန်တော်က မျက်တောင်တောင်မခတ်ဘဲ သဘောတူခဲ့တယ်။ အခု မိသားစုရဲ့ အထောက်အပံ့ နည်းနည်းလေးလောက် လိုချင်တဲ့ ကျွန်တော့်အလှည့်ကျ အဖေတို့က မထုတ်ပေးချင်ကြဘူး။ တအား ဘက်လိုက်လွန်းတယ်” ယွဲ့ချန်လုသည် ယွဲ့တာ့ဖူတို့ လင်မယား သဘောမတူသောကြောင့် ခုတင်၌ ဒူးထောက်ချလိုက်သည်။ ဤသို့ဖြင့် ဖခင်နှင့် သားဖြစ်သူကြား၌ ပဋိပက္ခဖြစ်ကြရသည်။

ယွဲ့တာ့ဖူသည် မကျေနပ်စွာ မျက်မှောင်ကြုံ့လိုက်သည်။ ဒုတိယသား၏ စိတ်အခြေအနေသည် ၀မ်ညန်ကို အိမ်သို့ခေါ်လာကတည်းက ပြောင်းလဲနေခဲ့သည်။ သားဖြစ်သူသည် ယခင်က နာခံတတ်ဆုံးဖြစ်ခဲ့ကာ ယခုပြန်ပြောတတ်လာသည်။ ၀မ်ညန်အပေါ် သူ၏ငြိုငြင်မှုမှာ တိုးပွားလာခဲ့သည်။

အဘွားချန်သည် အသည်းခိုက်စေမည့် စကားအချို့ကို ၀င်ပြောလိုက်သည်။

“ငါ့သား မင်းပြောလိုက်တာက မင်းအဖေရဲ့ရင်ကို ဓားနဲ့ထိုးနေသလိုပဲ။ သေချာစဉ်းစားကြည့်ပါဦး။ တကယ်လို့ ၀မ်ထောင်တို့ ညီအစ်ကိုနှစ်ယောက်သာ ကျူးရန်ဖြစ်လာခဲ့ရင် ရုံးတော်ရဲ့ အခကြေးငွေတွေနဲ့ မင်းလည်း အဆင့်အတန်းမြင့်မြင့် မနေနိုင်ဘူးလား”

“မင်းက ၀မ်ထောင်တို့ရဲ့ ဦးလးဖြစ်သလို ငါ့သားလည်း ဟုတ်တယ်။ သူတို့ကိုပဲ ဂရုစိုက်နေပြီး မင်းကို ဘယ်လိုလုပ်လျစ်လျူရှုနိုင်မှာလဲ။ ၀မ်ထောင်တို့ကိစ္စကြောင့် အိမ်မှာ ငွေမရှိတော့တာ မင်းလည်းသိသားပဲ” ယွဲ့တာ့ဖူသည် သက်ပြင်းချလိုက်မိသည်။ ကလေးများ၏ စိတ်ထဲ၌ သံသယများ ရှိနေလေပြီ။ “မင်းသူ့ကို လက်ထပ်ပြီးတာနဲ့ သူက ကလေးမမွေးတော့ဘူးလား။ ကလေးမွေးတာကရော ပိုက်ဆံမကုန်ဘူးလား။ အခုမိသားစုတို့မှာ ငါးလျန်ပဲရှိတာ။ ငါတို့က အပေါ်ယံ ထည်ဝါမှုတွေကို ဂရုစိုက်နိုင်ဦးမှာလား”

ယွဲ့တာ့ဖူ၏စကားများဆုံးသည်နှင့် အဘွားချန်သည် အမြန်ထပ်ပြောလိုက်သည်။ “ဟုတ်တယ်။ မင်းသားလေးမွေးရင်း နေ့တိုင်း ငှက်သိုက်တိုက်ရမယ်လေ။ အဲဒါက ငွေမကုန်ဘူးလား။ သူကြီးလာရင် စာသင်ပြီး ဇနီးမယားယူဦးမယ်လေ။ အဲ့ကျလဲ ကုန်ဦးမှာ။ အခုထဲက ငွေတွေသုံးထားရင် အ‌နာဂတ်ကျ ဘယ်လိုလုပ်ဖို့ စီစဉ်မလို့လဲ”

ထိုစုံတွဲသည် စကားတစ်ခွန်းပြီး တစ်ခွန်းဖြင့် ယွဲ့ချန်လုအား နားချနေကြသည်။ သူတို့သည် ယွဲ့ချန်လု၏ဆန္ဒမှာ အလွန်ကြီးမားကြောင်းပြကာ ရိုက်ချိုးရန်စီစဉ်နေကြသည်။

ယွဲ့တာ့ဖူ၏စကားများကြောင့် ယွဲ့ချန်လုသည် တုန်လှုပ်စပြုလာသည်။

“အဲ့လိုဆိုပေမဲ့ ၀မ်ညန်ကို သေချာပေါက် လက်ထပ်ပြီး အိမ်တံခါးကနေ ထည်ထည်ဝါဝါ ၀င်လာစေရမယ်လို့ ကတိပေးထားသေး….”

သူ့သား ယိမ်းယိုင်လာသည်ကို မြင်သည်နှင့် ယွဲ့တာ့ဖူသည် သူ၏သဘောထားကို ထုတ်ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော သူသားလေးမွေးပြီးတာနဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ပြီး ပွဲကျင်းပပေးလိုက်လေ။ သူ့ကိုလည်း မျက်နှာသာပေးရာ ရောက်တာပေါ့ မဟုတ်ဘူးလား”

ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း အဘွားချန်ကြားသည်နှင့် အသံတိုးတိုးလေးနှင့် ညည်းတွားလိုက်သည်။ “ပွဲတစ်ခုကျင်းပရတာ ပိုက်ဆံကုန်တယ်။ ပိုက်ဆံ”

သို့သော်လည်း သားအဖနှစ်ယောက်လုံးသည် သူမအား ဂရုမစိုက်ကြချေ။ အိမ်၏အခြေအနေသည် ယခင်ကကဲ့သို့ အဆင်ပြေမနေကြောင်းကို ယွဲ့ချန်လုနားလည်ပေသည်။

ထို့ကြောင့် သဘောတူလိုက်သည်။ သားယောက်ျားလေး မွေးပြီးသည့်အချိန်မှ ပွဲကျင်းပမည်ဖြစ်ကြောင်း ၀မ်ညန်ကို ဖြေရှင်းချက် ပေးလို့ရပေသည်။

ဒီဇင်ဘာလ၏ ခြောက်ရက်မြောက်နေ့တွင် ရက်သတ်မှတ်ထားပြီး လ၀က်သာ ကျန်ရှိလေသည်။ အမျိုးသမီးစုသည် ထိုအကြောင်းကို လုံး၀မျှ မသိရှိသေးပေ။ ရက်သတ်မှတ်ပြီးသောကြောင့် ယွဲ့ချန်လုသည် သူကိုယ်ပိုင် သိမ်းထားသော ဒင်္ဂါးပြားနှစ်ပြားကို ထုတ်လိုက်ပြီး ပစ္စည်းများ ၀ယ်လိုက်သည်။ ထို့နောက် ယိုကျင့်တို့ ညီအစ်မများ၏ အရှေ့ခန်းရှိ သိုလှောင်ခန်းကို သပ်ရပ်သန့်ရှင်းအောင် အလျင်စလို လုပ်နေရသည်။

ယိုကျင့်နှင့် ညီအစ်မများသည် အပျက်အစီးများပြားလှသည့် ထိုအခန်း၏ တံခါးရှေ့၌ ရပ်ကြည့်နေကြသည်။ ထိုကျင့်သည် ယွဲ့ချန်လုအား ရင်တုန်စေသည့် အပြုံးတစ်ခုပေးလိုက်သည်။

“အဖေ ဘာလို့အဲ့အခန်းကို သန့်ရှင်းရေးလုပ်နေတာလဲ။ ဘယ်သူမှ မနေဘဲနဲ့”

ယွဲ့လျန်လုသည် ထိုအကြည့်များကြောင့် ထိတ်လန့်သွားခဲ့ပြီး ရင်ထဲ၌ အပြစ်ရှိစိတ်များ တိုး၀င်လာသည်။ သူသည် ခပ်မတ်မတ်ရပ်ကာ ဆူငေါက်လိုက်သည်။

“မင်းတို့ ဆန်ကုန်မြေတွေက ငါ့ကိစ္စကိုပါ လာ၀င်ရှုပ်ရဲနေတာလား။ မင်းတို့ကို သန့်ရှင်းလုပ်ဖို့ ပြောရင် လုပ်လိုက်ပေါ့။ ဘာလို့အဲ့လောက် စကားများနေတာလဲ”

ယိုကျင့်၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲသေးဘဲ နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“အဖေက သန့်ရှင်းရေးလုပ်ဖို့ ပြောတော့လည်း သန့်ရှင်းရေးလုပ်ရမှာပေါ့” ယိုကျင့်၏စကားကြောင့် ယွဲ့ချန်လုသည် သူမအား စိုက်ကြည့်နေခြင်းမှ ရပ်တန့်လိုက်သည်။ ထို့နောက် မြေကြီးကို အားပြုထကာ လက်နှစ်ဖက်ကို ခါရင်း ပင်မဆောင်သို့ သွားလေသည်။

ထိုလူထွက်သွားသည်ကို မြင်သည်နှင့် ယိုကျူးသည် လက်ထဲရှိ တံမြက်စည်းအား ကြမ်းပြင်ပေါ်သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။

“အဲ့အဖေကလည်း တကယ်ပဲ… သူ့ကိစ္စကို ငါတို့ကို လာသန့်ရှင်းရေး လုပ်ခိုင်းနေတယ်”

“မင်းမလုပ်ချင်ရင်ရော ဘာတတ်နိုင်လဲ။ သူ့ကိုပြောပြီး ကိုယ်တိုင်၀င်လုပ်ခိုင်းမလို့လား။ အဘိုးကို သွားတိုင်မလို့လား။ အဘွားကိုလား” ယိုကျင့်သည် ယိုကျူးအား အကြည့်တစ်ချက်ပေးပြီးနောက် ပြန်လှည့်လိုက်သည်။

“အဓိကက မင်းလုပ်ချင်ရင်လုပ်ပြီး ရပ်ချင်ရင် ရပ်လို့ရတာမဟုတ်ဘူး။ အဲ့ကိစ္စက ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ ရှောင်လွှဲလို့မရဘူး။ အဲဒါက ငါတို့အတွက် အခွင့်အရေးလည်း ဖြစ်နိုင်တာပဲ”

အခြားတစ်ဖက်၌ ရပ်နေသော ယိုရင်နှင့်ယိုပေါင်သည် ထိုညီအစ်မနှစ်ယောက်ကြားရှိ ခန့်မှန်းမရသော စကားအသွားအလာကို နားထောင်ရင်း စိတ်ရှုပ်ထွေးလို့နေသည်။

“စန်းကျဲ ဘယ်ကိစ္စကို ပြောနေတာလဲ။ အိမ်မှာ တစ်ခုခုဖြစ်လို့လား”

ယိုရင်သည် တစ်ခုခုမှားနေကြောင်း ရိပ်မိပေသည်။ မဟုတ်လျှင် ထို့နေက ယိုကျူးတစ်ယောက် သူမအပေါ် ထိုသို့ ရင့်ရင့်မာမာ ပြောရသနည်း။ စန်းကျဲသည်လည်း အဘယ်ကြောင့် တစ်နေ့တခြား ထူးဆန်းလာရသနည်း။ အဖေပင် ထူးဆန်းလာပေသည်။ ယိုရင်သည် ထိုကိစ္စ၏ အမှန်တရားကို သိရတော့မည်ဟု ခံစားရတိုင်း နံရံတစ်ခုက သူမအား ကာခြားထားသလို ခံစားနေရသည်။

“ဟုတ်ပါပြီ အမြန်သန့်ရှင်းရေးလုပ်တော့။ အဖေပြန်လာလို့ မပြီးသေးရင် ဒေါသထွက်နေဦးမယ်”

ယိုကျင့်သည် ယိုရင်အား ညင်သာစွာပြောပြီးနောက် တနှစ်ပတ်လုံး အမှိုက်များပြည့်နေသည့် အခန်းသို့ ခေါ်သွားကာ သန့်ရှင်းရေးလုပ်ကြတော့သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းဖွဲ့စည်းမှု ပုံသဏ္ဌာန်ပေါ်သည်အထိ စီစဉ်ပေးခဲ့သည်။

ယိုကျင့်တို့ညီအစ်များသည် ထိုအခန်းကို သုံးရက်အချိန်ယူကာ သန့်ရှင်းပေးခဲ့သော်လည်း ယွဲ့ချန်လုဆီမှ မကျေမနပ်အပြောခံရဆဲပင်ဖြစ်သည်။

“အခန်းက ဖရိုဖရဲနဲ့ ဘယ်လိုလုပ် လူနေန်ုငမှာလဲ” ၀မ်ညန်သာ ယခုကဲ့သို့ အခြေအနေမျိုးမှာ ဆိုလျှင် သူမ၏ကြင်နာမှုကြောင့် အမျိုးသမီးစုအား အခန်းမှ ဖယ်မထုတ်ရက်ပေ။ သို့သော် ၀မ်ညန်အား သိမ်ငယ်စေကာ ယခုကံ့သို့ အခန်းစုတ်၌ မည်သို့ နေခိုင်းရက်မည်နည်း။ ၀မ်ညန်အကြောင်း တွေးမိသည်နှင့် ယွဲ့ချန်လုသည် သူမစိတ်ကျေနပ်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားပေးမည် ဖြစ်သည်။ သူမအား သူ၏လက်ဖမိုးတွင် အမြဲဆုပ်ကိုင်ထားကာ နေ့စဉ်နေ့တိုင်း ကာကွယ်ပေးချင်မိတော့သည်။

အနီရောင်ဖဲကြိုးများ၊ ခေါင်းအုံးများ ချုပ်လုပ်ကာ မန်ဒရင်းဘဲစုံတွဲကို ထားရန် ယွဲ့ချန်လုဆီမှ တာ၀န်ပေးခံရသော အမျိုးသမီးချန်သည် အခန်းထဲသို့ ရောက်လာခဲ့သည်။ ယိုရင်တို့ညီအစ်များသည် ထွက်လာကာ တံခါး၀၌ ချောင်းကြည့်နေသည်ကို မြင်သည်နှင့် အမျိုးသမီးချန်သည် စူးရှကျယ်လောင်စွာ ရယ်သွမ်းလိုက်သည်။ “ယိုရင် မင်းတို့ညီမတွေတော့ မင်းတို့ကို ချစ်မဲ့ အမေအသစ်လေးရတော့မယ်။ မပျော်ဘူးလား”

“အမေ အသစ်… သမီးအမေက အခန်းထဲမှာ မဟုတ်ဘူးလား။ အမေအသစ်ဆိုတာ ဘယ်လိုရှိမှာလဲ”

ယိုရင်၏ သံသယများသည် တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ယိုရင်၏တုံးအမှုကို အပြစ်တင်၍မရပေ။ ကိုယ်လုပ်တော်တစ်ယောက်အား သာတူညီမျှ လက်ထပ်ခြင်းကဲ့သို့ ရိုးရာမျိုးသည် သူမတို့နယ်တဝိုက်တွင် မရှိပေ။ သူမမည်သို့ နားလည်နိုင်မည်နည်း။

တူမဖြစ်သူ၏ မေးခွန်းကြောင့် အမျိုးသမီးချန်သည် တခစ်ခစ်ရယ်လိုက်သည်။

“တုံးလိုက်တဲ့ကလေး မင်းမှာ အမေတစ်ယောက်ပဲရှိရမယ်လို့ ဘယ်သူပြောလဲ” ထိုသို့ပြောပြီးနောက် အမျိုးသမီးချန်သည် ဒေါင်းများကဲ့သို့ ကော့တော့တော့ဖြင့် အရှေ့ခြံ၀န်းသို့ ပြန်သွားလေသည်။ ဒုတိယမိသားစုရှိ လူများသည် ယွဲ့ချန်လု ဇနီအသစ်ယူမည့်ကိစ္စကို မသိသေးပုံရသည်။ ပွဲကြီးပွဲကောင်းတော့ စပြီ။

(ဇနီးတစ်ယောက်လက်ထပ်ပြီးရင် တိဇနီး-ပထမဇနီးနဲ့ ဒုတိယဇနီးဆိုပြီး လက်ထပ်လို့ရပါတယ်။ သာမန်လူတန်းစားတွေက ဒုတိယဇနီးမထားဘဲ ကိုယ်လုပ်တော်ပဲ ယူတာပါ။ အဲဒါကို သူက ဇနီးအနေနဲ့ ၀မ်ညန်ကိုလက်ထပ်ပြီး မင်္လာဆောင်ချင်တာပါ။ ဒါပေမဲ့ တိဇနီးတစ်ယောက်တည်း မင်္ဂလာဆောင်ပြီး ဝေါယာဉ်တက်ခွင့်ရှိပါတယ်)

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset