FY အပိုင်း ၈၄

အခန်း (၈၄)

စက်ရုံတည်နေရာ ရွေးချယ်ခြင်း

မထွက်သွားသေးသည့်လူခုနစ်ယောက် ရှိနေသည်။ သို့သော် သူတို့ကလည်း ယတိပြတ် မဆုံးဖြတ်ရသေးပေ။ ယွမ်တစ်ထောင်သည် နည်းသည့်ငွေပမာဏ မဟုတ်ပေ။ ပြီးနောက် ဖုန်းရှင်းထိုက်က သူတို့ကို ပြောသည်။ ယင်းက ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏ အများဆုံးမဟုတ်ကြောင်းနှင့် ပိုများလေ၊ ပိုကောင်းလေဖြစ်ကြောင်း ပြောခြင်း ဖြစ်၏။

ယင်းလူခုနစ်ယောက်သည် မြစ်ဘေးရှိရေဝပ်ဒေသများကို ကိုယ်တိုင်ရှင်းထားသူများ ဖြစ်ကြသည်။ သူတို့သည် ကောက်ရိတ်သိမ်းမှုနှင့် ပတ်သတ်ပြီး အစိုးရနှင့် ဆက်ဆံစရာမလိုသလို အခွန်ပေးရန်လည်း မလိုပေ။ သူတို့စိုက်ပျိုးသမျှ သူတို့ရရှိသည်ပင် ဖြစ်သည်။ ထို့အတွက် သူတို့တွင် အပိုဝင်ငွေတစ်ချို့ ရှိရခြင်းပင် ဖြစ်သည်။ ဥပမာအနေဖြင့် လျိုကျီချွမ်မိသားစုက ဖုန်းရှင်းထိုက်၏ ထွန်စက်ကို ယခုနှစ်အစောပိုင်းက မြေရှင်းရန် မငှားခဲ့လျှင် ယွမ်တစ်ရာထွက်လာဖို့တောင် သူ့အတွက် အခက်အခဲများစွာ ရှိနေမည်ပင်။ ကျေးရွာတွင် ဝင်ငွေကွာဟချက်က လွန်စွာ ကြီးမားပေ၏။

“ရှင်းထိုက် စက်ရုံက ဘယ်မှာ တည်ပြီး ဘာတွေထုတ်လုပ်မယ်ဆိုတာ ငါတို့ကို ပြောဖို့ လိုသေးတယ်နော်၊ ပြီးတော့ အဲ့ဒီစက်ရုံကို ငါတို့ဘာသာ ငါတို့ခန့်ခွဲရမှာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ခန့်ခွဲဖို့ ငှားမှာလား၊ ပြီးတော့ ထုတ်ထားတဲ့ ထုတ်ကုန်တွေကို ဘယ်နေရာတွေမှာ ရောင်းမှာလဲ၊ ငါတို့တွေ ယွမ်တစ်ထောင်မြှုပ်နှံမယ်ဆိုရင် နောက်နှစ်မှာ ဘယ်လောက် ခွဲတမ်းရမလဲ ”

ဖုန်းရှင်းထိုက်က သူ့သားဘက်လှည့်ကာ အကူအညီတောင်းခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက ယင်းအသေးစိတ်ကိစ္စများကို မပြောပြထားပေ။

“ဦးလေးလျန် ကျွန်တော့်စိတ်ထဲမှာ စက်ရုံအတွက် နေရာနှစ်ခုရှိပါတယ်၊ ပထမနေရာက ကြက်ခြံအဟောင်းရဲ့နေရာ ကြက်ခြံကလည်း ပိတ်သွားပြီး ဒီစွန့်ပစ်မြေကို ဘယ်သူမှလည်း မသုံးကြဘူး၊ ကျွန်တော်တို့တွေ အဲ့ဒီမြေကို ငှားတာ ဒါမှမဟုတ် ဝယ်တာလုပ်နိုင်ပါတယ်၊ ဒုတိယက အုတ်စက်ရုံရဲ့နောက်က မြေနေရာပါ၊ ဒါပေမဲ့ အုတ်စက်ရုံနဲ့နီးနေတာကြောင့် ကျွန်တော်တို့ စက်ရုံရဲ့နာမည်ကို ထိခိုက်စေလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ စက်ရုံက လေဆန်တဲ့ဘက်မှာ တည်ရှိနေတာ ”

“အမှန်ပဲ၊ ငါတို့တွေ အုတ်စက်ရုံရဲ့ဘေးမှာ စက်ရုံကို မဆောက်သင့်ဘူး၊ အုတ်စက်ရုံက ဖုန်မှုန့်တွေနဲ့ဆိုရင် ငါတို့ရဲ့ဂျုံတွေကို ဘယ်သူက ဝယ်တော့မှာလဲ ”

“စက်ရုံက စားသောက်ကုန်ပစ္စည်းတွေ ဥပမာပြောရရင် ပဲပိစပ်ဆီ၊ ဂျုံနဲ့ ပြောင်းဖူးမှုန့်တွေ၊ သကြားမုန်လာဥက သကြားတွေ၊ ပဲပိစပ်ဆီနဲ့ သကြားက ကျွန်တော်တို့ ထုတ်ကုန်မှာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ဂျုံနဲ့ ပြောင်းဖူးမှုန့်ရဲ့အရည်အသွေးက မကောင်းရင်တောင် အဲ့တာက ကျွန်တော်တို့ကို ထိခိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ပဲပိစပ်ဆီကတော့ ထူးခြားတယ်၊ ကျွန်တော်တို့က ဆီကို အရည်သွေးကောင်းကောင်းနဲ့ များများထုတ်လုပ်နိုင်ရင် ကျွန်တော်တို့ဆီရဲ့အရသာက ပိုကောင်းပြီး စျေးကောင်းရနိုင်တယ်၊ ကျွန်တော်တို့တွေ မြို့တော်မှာ ရောင်းနိုင်တယ်၊ သကြားလည်း အဲ့လိုပဲ၊ သူ့ကို ပိုနူးညံ့အောင်လုပ်ပြီး များများထုတ်နိုင်ရင် ကျွန်တော်တို့တွေ ပိုရမှာ ”

“ဒီပုဂ္ဂလိကပိုင်စက်ရုံက အစိုးရပိုင် ကောက်ပဲသီးနှံသိုလှောင်ရုံနဲ့ ယှဉ်ပြိုင်နိုင်မှာလား ”

“သေချာပေါက် လုံးဝပြဿနာမရှိဘူးပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဆိုဗီယက်ပြည်ထောင်စုကနေ အဆင့်မြင့် စက်ပစ္စည်းတွေကို တင်သွင်းဖို့ ရည်ရွယ်ထားလို့ပဲ၊ အဲ့ဒီစက်ပစ္စည်းတွေက ဆယ်နှစ်ကြာသုံးထားတဲ့ အစေ့အဆံသိုလှောင်ရုံမှာ သုံးတဲ့စက်တွေထက် ပိုပြီးအဆင့်မြင့်တယ် ”

ဖုန်းယွီက တဖန် ဆိုဗီယက်ပြည်ထောင်စုမှ ဝယ်ယူမည်ဖြစ်ကြောင်း ပြောသည်။ ထိုခေတ်အခါက ဆိုဗီယက်ပြည်ထောင်စုကို လူတိုင်းက ကြည်ညိုလေးစားကြပေသည်။

“ဆိုဗီယက်ပြည်ထောင်စုက စက်တွေက ဘယ်လောက်ကုန်ကျမှာလဲ ”

“ဒီစက်တွေက ကျွန်တော့်ရဲ့ယောက်ဖနဲ့ သက်ဆိုင်တယ်၊ သူက အဲ့ဒီစက်ရုံတွေကို ကုမ္ပဏီရဲ့ရှယ်ယာတွေအဖြစ် ပြောင်းမှာ၊ ဦးလေးတို့အနေနဲ့ ဒီနေ့မှာ ယွမ်တစ်ထောင် မြှုပ်နှံမယ်ဆိုရင် သုံးနှစ်မှာ ယွမ်တစ်သောင်းရမယ်လို့ ကျွန်တော် အာမခံတယ်၊ ဒီထက်ပိုများများ ရင်းနှီးမြှုပ်နှံလေလေ၊ ဒီထက်ပိုများများ ပြန်ရလေပဲ၊ ဦးလေးတို့ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပေးပါ၊ ကျွန်တော်တို့က ဦးလေးတို့ကို တွန်းအားမပေးပါဘူး ”

“ရှင်းထိုက် မင်းရဲ့သားက တကယ်အပြောကောင်းတာပဲ၊ သုံးနှစ်အတွင်း ယွမ်တစ်ထောင်က ယွမ်တစ်သောင်းလား၊ အခု ငါ ယွမ်ငါးထောင်မြှုပ်နှံရင် သုံးနှစ်အတွင်း ငါ ယွမ်ငါးသောင်းပြန်ရမှာလား”

ဖုန်းယွီက မချင့်မရဲဖြစ်နေသည်။ ငယ်ရွယ်လွန်းသည်က ကောင်းမွန်သည့်အရာ မဟုတ်ပေ။ သူက အထက်တန်းကျောင်းတောင် လက်ရှိတွင် တက်နေသေးသည်။ ထိုအသက်ကြီးသူများအတွက်မူ သူက အမြဲတမ်းကလေး ဖြစ်နေသည်။ သူ အသေအချာပြောသည်ကို မည်သူမှ ကောင်းကောင်းမဆက်ဆံကြပေ။

ဖုန်းရှင်းထိုက်က ဖုန်းယွီမျက်လုံးထဲရှိ သံဓိဌာန်ကို မြင်သည့်အခါ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် ”

“ကောင်းတယ် ရှင်းထိုက်၊ မင်းက ဒီအကြောင်းကို ပြောတဲ့သူတစ်ယောက်ပဲ၊ ဒီအကြောင်းကို စာချုပ်ထဲမှာ ထည့်ရဲလား ”

ရှင်းထိုက်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“သေချာတာပေါ့ ငါ ထည့်ရဲတယ်၊ မင်းတို့တွေ ရင်းနှီးမြှုပ်နှံမယ်ဆိုကတည်းက ငါ ဒီစာချုပ်တွေကို လုပ်ဖို့လိုတာပေါ့၊ တကယ်လို့ ငါပြောတဲ့အတိုင်း သုံးနှစ်အတွင်းမှာ ဖြစ်အောင် မလုပ်နိုင်ခဲ့ရင် မင်းတို့အကုန်လုံး ဒီစက်တွေကို ယူလို့ရတယ် ”

“ကောင်းပြီ၊ ငါ ရင်းနှီးမြှုပ်နှံမယ် ယွမ်တစ်သောင်း ”

ဖုန်းယွီက ကြည့်နေသည်။ ထိုသူများက ရွာအတွင်း ပထမဆုံး ကြွယ်ဝချမ်းသာချင်သည့် လူအနည်းငယ် ဖြစ်ပေသည်။ သို့သော် သူတို့အတွက် ကြွယ်ဝချမ်းသာခြင်းက ပုံမှန်ဖြစ်နေသည်။ အကြောင်းမှာ ထွန်စက်နှင့် ရိတ်သိမ်းစက်များ ရှိနေသည့်အတွက် ဖြစ်သည်။ ထို့အပြင် ထိုလူများက မြေကို ရှင်းလင်းသည့် ပထမဆုံးသူများလည်း ဖြစ်ကြပေသည်။ သူတို့ထဲမှ တစ်ယောက်က အခွင့်အရေးကို ယူပြီးနောက် ယွမ်နှစ်ထောင်ဖြင့် သူတို့လက်ထဲရှိ ငွေများအတိုင်း ရင်းနှီးမြှုပ်နှံလိုက်သည်။ အကြောင်းမှာ ပြန်ရသည့်ငွေပမာဏက ဘဏ်တွင် အပ်သည်ထက် ပိုများသည့်အတွက်ပင် ဖြစ်သည်။

“ဦးလေးဝမ်၊ အဖေ၊ စိုက်ပျိုးရေးဌာနက အရာရှိနဲ့ သွားတွေ့ရအောင် ”

ထိုသူခုနစ်ယောက်က ရင်းနှီးရန် သဘောတူပြီး ဖြစ်သည်။ သို့သော် ဖုန်းရှင်းထိုက်က ပိုက်ဆံမကောက်ရသေးပေ။ သူက စိုက်ပျိုးရေးဌာနမှ အတည်ပြုခြင်းကို စောင့်ရမည် ဖြစ်ပြီး ပြီးမှ သူက ငွေကောက်ရမည် ဖြစ်ပေသည်။

ဝမ်သဲကွမ်းက လိုက်လာပြီး ကားထဲကို စိတ်လှုပ်ရှားစွာဖြင့် ဝင်လိုက်သည်။ ဖုန်းရှင်းထိုက်က စိတ်ရှုပ်ထွေးနေကာ ပြောလိုက်သည်။

“ရွာခေါင်းဆောင် ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးရေးဌာနအရာရှိနဲ့ သွားတွေ့နိုင်ပါတယ်၊ ခင်ဗျားကို ပြဿနာမပေးချင်ပါဘူး ”

ဖုန်းယွီက မျက်လုံးကို လှည့်လိုက်သည်။ သူ၏အဖေက ဝမ်သဲကွမ်းလိုက်လာခြင်းမှာ သူ့ကို ကူညီရန်ဟု ထင်နေသည်လား။ သူက ထိုနေရာကို အမှတ်ရရန် သွားခြင်း ဖြစ်ပေသည်။ တရုတ်ပြည်က သူ့ရဲ့စီးပွားရေးကို အာရုံစိုက်နေပြီး ယင်းက သူတို့၏ဒေသများတွင်လည်း သက်ရောက်မှု ရှိပေသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက ယွမ်တစ်သန်းထက်ပိုပြီး ဝမ်သဲကွမ်းက ဦးဆောင်သည့်သူတစ်ယောက် ဖြစ်ပေသည်။ ယင်းတွက်ချက်မှုကို သူ၏ နိုင်ငံရေးအောင်မြင်မှုအဖြစ် သတ်မှတ်၍ ရပေသည်။

“အဖေ အဲ့ဒီအကြောင်းကို နောက်မှ ပြောရအောင် ”

ဖုန်းယွီက သူ့အဖေ ဘာပြောချင်နေသည်ကို စတင် သင်ကြားလိုက်သည်။ အရာရှိက သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်နေသည်။ ဝမ်သဲကွမ်းမှ လွဲ၍ အခြားသူနှစ်ယောက်ကို သူ အရင်က မမြင်ဘူးပေ။ သို့သော် ဝမ်သဲကွမ်းက သူတို့သည် သူ့ရွာမှ ဖြစ်ပြီး သူ၏တိုက်တွန်းမှုကြောင့် သူတို့သည် ဒေသတွင်း အစားအသောက်ထုတ်လုပ်သည့် စက်ရုံတွင် ယွမ်တစ်သန်းခန့် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

အရာရှိက မျက်လုံးကျယ်သွားသည်။ ရင်းနှီးမြှုပ်နှံမှုက ယွမ်တစ်သန်းလော။ လယ်တောတွင် မီလီယံနာတစ်ယောက် ဘယ်တုန်းက ရှိသွားသနည်း။ သူ ဘာကြောင့် မသိသနည်း။

“မစ္စတာဖုန်း ခင်ဗျားဘာကြောင့် ယွမ်တစ်သန်းနဲ့ အစားအသောက်ထုတ်လုပ်ရေးစက်ရုံကို ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်တာလဲ၊ မင်း တခြားစီးပွားရေးတွေ လုပ်လို့ ရပါတယ်၊ ဥပမာအနေနဲ့ မင်း မွေးမြူရေးခြံတစ်ခုပေါ့၊ ဥစားကြက်ပဲ ဖြစ်ဖြစ်၊ ကြက်၊ ဝက် ၊ ခြံမွေးတိရစ္ဆာန်ပဲ ဖြစ်ဖြစ် ငါတို့ရဲ့ရုံးမှာ ကျွမ်းကျင်သူတွေရှိပြီး မြို့ကလူတွေတောင် မင်းကို ကူညီပေးနိုင်တယ် ”

အရာရှိက တိရစ္ဆာန်မွေးမြူရေးဖွံ့ဖြိုးရန်အတွက် အမြဲတမ်း ဆန္ဒရှိသည်။ သို့သော် ပမာဏက နည်းလွန်းပေသည်။ မြောက်ပိုင်းတွင် ဝက်ခြံပိုင်သည့် သူဌေးကြီးတစ်ယောက် ရှိသည်။ ပြီးနောက် ယင်းရွာမှ လူတိုင်းက ထိုအရာမှ အကျိုးကျေးဇူး ရကြပေသည်။

“အရာရှိ ကျွန်တော် စိုက်ပျိုးရေးကို လုပ်ကိုင်နေပေမယ့် တိရစ္ဆာန်အစာတွေကို ထုတ်လုပ်ပါတယ်၊ ကျွန်တော်က စက်ရုံကို ဘင်းမြို့တော်နဲ့ အနီးအနားမှာ တည်ဆောက်ချင်နေတာပါ၊ ဝမ်သဲကွမ်းရဲ့ ကျွန်တော့်ကို အားပေးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ လယ်တောကို ကျွန်တော် ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ပါဘူး ”

အရာရှိက ဖုန်းရှင်းထိုက်ပြောသည်ကို ကြားသောအခါ ဖုန်းရှင်းထိုက်က သူပြောသည့်စကားကို ဂရုတစိုက် နားထောင်ပေးရမည်ဖြစ်မှန်း သူသိပေသည်။ မဟုတ်ပါက ဖုန်းရှင်းထိုက်က တခြားသူနေရာတွင် စက်ရုံတည်မည် ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်စေ ယင်းစက်ရုံက အစားအသောက်ထုတ်ကုန်များကို ထုတ်လုပ်မည်ဖြစ်ကာ ထိုအရာက အဆင့်မြင့်အရာရှိများလိုချင်သည့် လမ်းကြောင်းအတိုင်း ထပ်တူညီသည်ဟု စဉ်းစာ၍ ရပေသည်။ ထပ်ပြောရလျှင် သူက ထို့အတွက် ယွမ်တစ်သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းလည်း ပြောသည်။

“အဲ့တာဆိုရင် မင်းတို့တွေ အလုပ်သမားတွေ လိုလား၊ ငါ မင်းတို့ကို အရည်အသွေးရှိတဲ့ အလုပ်သမားတွေနဲ့ မိတ်ဆက်ပေးလို့ရတယ် ”

ဖုန်းရှင်းထိုက်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့ကို စောစောက ပြောသည့်အတိုင်း အရာရှိပြောသည်က အတူတူ ဖြစ်နေရသနည်း။

“ကျွန်တော် ဒီကိစ္စကို ရွာခေါင်းဆောင်ဝမ်နဲ့ ဆွေးနွေးပြီးပါပြီ၊ ကျွန်တော်တို့တွေ ရွာကနေပြီးတော့ လူအရင်ငှားပါမယ်၊ သေချာတာပေါ့ ကျွန်တော့်ကို မိတ်ဆက်ပေးမယ့် သင့်လျော်တဲ့အလုပ်သမားတွေရှိရင် သူတို့ထဲက လေး၊ ငါးယောက်ကို ကျွန်တော်တို့ ငှားနိုင်ပါတယ်၊ လစာကတော့ ယွမ်ရှစ်ဆယ်ထက် မနည်းစေရပါဘူး ”

အရာရှိက ရယ်ကာ ဝမ်သဲကွမ်းကို ကြည့်လိုက်သည်။ ယင်းလူအိုဝမ်က အမျှော်အမြင်ရှိသည်ပင်။ ယင်းက အလုပ်သမားများအတွက် နေရာလွတ်ကို အာမခံထားရုံသာမက အရာရှိများအတွက်တောင် ထိုနည်းပင် ဖြစ်ပေသည်။

လက်ထောက်ဂွီက မကြာခင် အနားယူတော့မည်ဖြစ်ကာ သူ့အား အောင်မြင်စေရန်အတွက် တစ်စုံတစ်ယောက် လိုအပ်ပေသည်။ ဝမ်သဲကွမ်းက ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်ပုံပေါ်သည်။ ထိုယွမ်တစ်သန်းရင်းနှီးမြှုပ်နှံမှုနှင့် ခေါင်းဆောင်အဟောင်း၏ ထောက်ပံ့မှုနှင့်ဆိုပါက ယင်းကိစ္စက ပြဿနာတစ်ရပ် မဟုတ်ပေ။ ထို့အပြင် ဝမ်သဲကွမ်းက ထိုနေရာရှိ သူနှင့် ရင်းနှီးသူများနှင့်အတူ စက်ရုံကို ကြည့်ရှုနိုင်ပေသည်။

“မင်းရဲ့စက်ရုံက ပြည်တွင်းက လူတွေ သယ်ပေးတာလို့ စဉ်းစားလို့ ရနိုင်တယ်၊ ပြီးတော့ စိုက်ပျိုးရေးဌာနကလည်း အချို့သော ထောက်ပံ့မှုတွေကို ပေးနိုင်ပါတယ်၊ ပထမနှစ်မှာ အခွန်ကင်းလွတ်ခွင့်ပေးပြီး နောက်ထပ်နှစ်နှစ်အတွက် အခွန်ငါးဆယ်ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို ပေးနိုင်ပါတယ်၊ မင်းတောင်းတဲ့ နယ်မြေအပိုင်းအခြားကိုလည်း ငါ ခွင့်ပြုပေးနိုင်တယ်၊ တကယ်လို့ မင်းက မြေကို ဝယ်ချင်ရင်လည်း အနည်းဆုံး ယွမ်တစ်သိန်းကနေ နှစ်သိန်းထိ ရှိလိမ့်မယ် ”

ဖုန်းရှင်းထိုက်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော် ယွမ်သုံးသိန်း ပြင်ဆင်ခဲ့ပါတယ်၊ အရာရှိအနေနဲ့ ကျွန်တော့်ကို မြေကွက်ကြီးကြီးပေးမယ်ဆိုရင် ယွမ်သုံးသိန်းလုံး အကုန်သုံးရလည်း ကျွန်တော် စိတ်ထဲမမှုပါဘူး ”

“ကိစ္စမရှိဘူး၊ ငါလည်း အဲ့တာကို သဘောတူတယ်၊ အဲ့တာဆိုရင် မင်းတို့တွေ ဘယ်နေ့စဆောက်မယ်လို့ ရည်ရွယ်ထားလဲ ”

“မနက်ဖြန် ”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset