ERSY အခန်း ၂၅၆

အခန်း ၂၅၆ ။ ပုန်းကွယ်နေသောဆန်းကြယ်ဘုံ

“မြေအောက်ဘုံရဲ့ ယင်မြစ်ပဲ” ကျူမင်က အထိတ်တလန့်ပြောတယ်။ မြေအောက်ဘုံရဲ့ ယင်မြစ်က ပုံစံရော၊ သဏ္ဌာန်ရော မရှိပေမဲ့ လက်ညှိုးထိုးမလွဲပဲ။ မြေအောက်ဘုံထဲက တစ္ဆေတွေ တစ္ဆေအမတတွေကိုတော့ မသက်ရောက်ပေမဲ့ တခြားဝိညာဉ်တွေဆို တစ်ခုလုံး ဝါးမျိုသွားလိမ့်မယ်။

“ကျေးဇူးပြုပြီး သတိထားပါ အားလုံး၊ ဒီယင်မြစ်က စက္ကန့်တိုင်း ပြောင်းလဲနေတာ၊ မှော်အတတ်က အာရုံမခံနိုင်ဘူး”

သူ စကားပြောပြီးပြီးချင်း ဓားပေါ်က ယိချင်းနောက်ရပ်နေတဲ့ ငပျင်းအမျိုးသမီးကို ထူးဆန်းစွာ ကြည့်လိုက်တယ်။

“ဒီတာအိုရောင်းရင်းက… ယင်မြစ်ကို မြင်နိုင်တယ်လား”

“သူ့မျက်လုံးတွေက ကျုပ်တို့နဲ့မတူဘူး” ကူယွဲ့က ကျူမင်ကို ရှင်းပြမရတဲ့အကြည့်မျိုး လှမ်းကြည့်လိုက်တယ်။ Cheat တစ်ယောက်ရဲ့ မျက်လုံးတွေ ကျင့်သားရဖို့ အချိန်ယူရတာပဲ။

“မြန်မြန်သွားကြရအောင်၊ ဒီထဲမှာ မှောင်မည်းနေတာပဲ၊ ဘာတွေပုန်းခိုနေမလဲဆိုတာ မသိဘူး”

“ကျုပ်တို့မဝေးတော့ဘူး – အရှေ့နားမှာတင်ပဲ” ကျူမင်က သူတို့အရှေ့နားကို လက်ညှိုးထိုးပြတော့ သူတို့ဆက်ပျံသန်းလာခဲ့တယ်။

ဒါပေမဲ့ ရှန်းရင်က တုံ့ဆိုင်းသွားပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ဒီနေရာမှာ အဲလောက်မှောင်လို့လား။ သူမအတွက်တော့ ရွှေရောင်တွေကြီးပဲ၊ မျက်စိတောင်ကျိန်းရတာမျိုး ဟုတ်တာပေါ့၊ လေထဲ လွင့်မျောနေတဲ့ အဲမြစ်မည်းကြီးက လွဲရင်။

——————

အုပ်စုက ကြာကြာမပျံသန်းလိုက်ရဘဲ အလယ်ခေါင်မှာ လွင့်မျောနေတဲ့ အိမ်တစ်လုံးကို မြင်လိုက်ရတယ်။ ပတ်ပတ်လည်မှာတော့ ထူထဲနေတဲ့ယင်ချီတွေ။ ဂူက လုံကျန်းနဲ့ ဝူချီတောင်တန်းပေါ်က နန်းတော်တွေထက် အများကြီးသေးတယ်။ သူက တစ်အိမ်တည်းသီးသန့်အဖြစ် ရပ်တည်နေတာ။

သူတို့ ယင်ချီက ဘာကြောင့်အဲလောက် အားကောင်းနေလဲမသိဘူး။ အနားမှာ လေလွင့်ဝိညာဉ်တချို့လည်း ရှိနေတယ်။ တိတ်ဆိတ်လွန်းလို့ အောက်ဘက်က လူတွေရဲ့ ခြေသံတွေတောင် ကြားနိုင်တယ်။

“ဒါပဲ” သူတို့အိမ်ရှေ့ ဆင်းသက်လိုက်တယ်။ ကျူမင်က ပတ်ဝန်းကျင်နဲ့ အတော်ရင်းနှီးတဲ့ပုံ။ သူက လက်ကို ယမ်းလိုက်တော့ ခန်းမတံခါးက ပွင့်သွားခဲ့တယ်။ သူက လေထဲငိုင်ကြောင်ကြောင် စိုက်ကြည့်နေဆဲ ဖုန်းညာန်ကို ဆွဲခေါ်ကာ ခန်းမထဲက ထိုင်ခုံတစ်ခုပေါ် ထိုင်စေလိုက်တယ်။

ခန်းမဆောင်က ဗလာကျင်းနေတာမို့ သူတို့ ထောင့်တစ်နေရာစီတိုင်းကို မြင်နေရတယ်။ အမွေးပွကုလားထိုင်တွေကလွဲ တခြားဘာမှကိုမရှိတာ။

“နောက်ဘက်မှာ ခြံဝန်းလေးတစ်ခု ရှိတယ်၊ မင်းတို့နှစ်ယောက် အဲမှာ တစ်ချက် သွားကြည့်ကြည့်လို့ရတယ်” ကျူမင်က အကြံပြုတယ်။

“ယိချင်း မင်းအနောက်သွားပြီး တစ်ချက်ကြည့်ကြည့်၊ ငါ ဂျပုလေးအရှိန်အဝါကို ရှာဖို့ အင်းကွက်တစ်ခု ပြင်လိုက်ဦးမယ်”

ကူယွဲ့က ညွှန်ကြားလိုက်တယ်။

ယိချင်းက ခေါင်းညိတ်ပြီး တစ်ဖက်လှည့်ကာ ခန်းမရဲ့ နောက်ဖေးတံခါးအပြင်ထွက်သွားခဲ့တယ်။ ကူယွဲ့ အလယ်ဆီ လျှောက်လာပြီး သူ့ကောင်းကင်စိတ်အာရုံကို လွှင့်လိုက်တယ်။ ချက်ချင်းပဲ ဂူတစ်ခုလုံး သူ့စိတ်အာရုံထဲ ပေါ်လာတယ်။ သူ့ မသေမျိုးချီကို အသက်သွင်းပြီး အင်းကွက်တစ်ခုဖန်တီးလိုက်တယ်။

သူတို့နဲ့ဆက်ပြီး ဘာမှမလုပ်ချင်တဲ့ဟန် ကျူမင်က အကူအညီမကမ်းလှမ်းလာဘူး။ အဲအစား သူက ဖုန်းညာန်ဘေးမှာပဲ ဆက်ထိုင်နေတယ်။

ရှန်းရင်က ဘာမှလုပ်စရာမရှိတဲ့ တစ်ဦးတည်းသောသူ။ သူမက နောက်ထိုင်ခုံတစ်လုံးပေါ် ထိုင်ချလိုက်တယ်။ ပျင်းနေတာမို့ အသီးတစ်လုံးကိုထုတ်ပြီး အကျင့်အတိုင်း ဝါးတော့တယ်။

ဒါပေမဲ့ ထုတ်တာ အားနည်းနည်းပါသွားလို့ နောက်ထပ် အသီးတစ်လုံး ထွက်ကျလာတယ်။ သူက ကြမ်းပြင်ပေါ် လိမ့်သွားလေရဲ့။ သူမ ‌ကုန်းကောက်ဖို့လုပ်လိုက်ပေမဲ့ အသက်ရှိတဲ့အရိပ်အယောင်မရှိတဲ့ ဖြူဖပ်ဖြူရော်လက်တစ်စုံက သူမ မကောက်နိုင်ခင် ကောက်လိုက်လေတယ်။ တစ်ချိန်လုံး ထိုင်ခုံပေါ် လေထဲစိုက်ကြည့်ပြီး ထိုင်နေတဲ့ ဖုန်းညာန်က သူမလက်ထဲက အသီးကိုစိုက်ကြည့်ပြီး ရှန်းရင်ကို ကြည့်လာတယ်။ သူမက ရှန်းရင်ဆီ သစ်သီးကိုကမ်းပေးကာ စပ်ဖြီးဖြီးလုပ်တယ်။

“ဟီးဟီး…”

ရှန်းရင် ခေါင်းကိုစောင်းပြီး အသီးကိုယူလိုက်တယ်။

“ကျေးဇူးပါ”

ဖုန်းညာန်က သွေးယိုနေတဲ့မျက်ဝန်းတွေနဲ့ ရှန်းရင်လက်ထဲက သစ်သီးကိုစိုက်ကြည့်နေတယ်။

ရှန်းရင်က ကြမ်းပြင်ပေါ် သွေးတွေ တတောက်တောက် စီးကျသံကို နားထောင်ပြီး ကြက်သီးထသွားတယ်။

သူမ ပန်းသီးကိုတစ်ကိုက်ကိုက်ပြီး ဘာမှမပြောတော့ဘူး။

တစ်စက္ကန့်စဉ်းစားပြီးတော့ သူမသိုလှောင်အိတ်ထဲက အစိမ်းဆုံးအသီးကိုထုတ်ကာ ကမ်းပေးလိုက်တယ်။

“နင်စားချင်တာလား”

ဖုန်းညာန်က တုံ့ဆိုင်းနေပြီး အသီးကိုလှမ်းကြည့်ကာ သူမကိုပြန်ကြည့်လာတယ်။ သူမက အသီးကိုလှမ်းယူတယ်။ ဖုန်းညာန်က ပိုပြီးတောင် အားရပါးရပြုံးပြီး သစ်သီးတစ်ခုလုံးကို သူမပါးစပ်ထဲထိုးသွင်းလိုက်တယ်။

နောက်အခိုက်အတန့်မှာတော့ ပလုံခနဲအသံထွက်လာတယ်။ သစ်သီးက သူမကိုယ်ထဲကနေ ပြုတ်ကျသွားပြီး မြေကြီးပေါ်ကျသွားတယ်။ ကိုယ်ထည်မရှိတဲ့ ဖုန်းညာန်က အူကြောင်ကြောင် ဖြစ်နေတဲ့ပုံ။

“ဟေး နင်ပြုတ်ကျသွားပြီ” ရှန်းရင် သစ်သီးကိုကောက်ယူပြီး ထပ်ပေးလိုက်တယ်။

“ဒီမှာ ငါ့မှာရှိသေးတယ်”

ဖုန်းညာန်က ထပ်ယူပြီး တစ်ခုလုံးမျိုချပြန်တယ်။ ထပ်ပြီး အသီးက ကြမ်းပြင်ပေါ်ကျသွားတာမို့ ပလုံခနဲအသံထွက်လာတယ်။

ဟီးဟီးဟီး… သူ စားလို့မရဘူးမလား

ရှန်းရင်က ဒီကစားနည်းကိုစွဲလမ်းနေတဲ့ပုံ။ သူမက အသီးကို ကောက်ပြီး ထပ်ကမ်းပေးလိုက်ပြန်တယ်။

တစ္ဆေအမတက အသီးကို ရတနာတစ်မျိုးလို သတ်မှတ်နေဆဲ။ သူမက အမြန်ယူပြီး… ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြန်တယ်

သူတို့က ဒါကိုပဲ ထပ်တလဲလဲလုပ်နေတော့တယ်။

တစ်ခုလုံးကိုကြည့်နေတဲ့ကျူမင် ။ ။ “…”

သူမ ဒါကို တမှင်တက်သက်လုပ်နေတာလား။ ဒီလိုပဲဖြစ်ရမယ် သူ သူတို့ကို ကြည့်နေသေးတယ်လေ။

“ဆရာ” ယိချင်း နောက်ဆုံးတော့ နောက်ဖေးခြံဝန်းထဲကနေ ပြန်လာပြီး သူမဆီ အသည်းအသန် ပြေးလာကာ ခေါင်းယမ်းလိုက်တယ်။

“သူ အဲမှာမရှိပါဘူး” နောက်ဖေးခြံဝန်းက အရှေ့ပိုင်းထက်တောင် သန့်ရှင်းနေတယ်။ ယိချင်းကလွဲ တခြားဘာမှမရှိဘူး။

ကျူမင်ရဲ့အမူအရာ မည်းမှောင်သွားတယ်။ သူတို့ မိန်းကလေးကိုရှာမတွေ့သရွေ့ ဖုန်းညာန်က သံသယဝင်ခံနေရဦးမှာပဲ။ တစ်အောင့်စဉ်းစားပြီးတော့ သူ အကြံပြုလာတယ်။

“မိန်းကလေးပျောက်သွားတဲ့ တောအုပ်ဆီ မင်းတို့နဲ့အတူ… ကျုပ်လိုက်ကြည့်ရင်ရော၊ ကျုပ်က တစ္ဆေအမတတွေရဲ့ အရှိန်အဝါနဲ့ရင်းနှီးတယ်၊ သဲလွန်စ ရနိုင်တယ်မလား”

အင်းကွက်ကို ပြင်နေတဲ့ ကူယွဲ့လည်းရပ်သွားတယ်။ သူ့အမူအရာက ကျူမင်လိုပဲ မည်းမှောင်နေတယ်။

“ဂျပုလေးက တကယ်ပဲဒီမှာမဟုတ်ဘူး”

“အိုး” ရှန်းရင် မျက်လုံးမှေးလိုက်ပေမဲ့ ဘယ်သူ့ကိုမှ မတုံ့ပြန်။ အဲအစား သူမက အသီးကို ကိုင်ထားပြီးတော့ ဖုန်းညာန်ကိုလေထဲ လက်လှမ်းစေလိုက်တယ်။ ရုတ်တရက် ရှန်းရင်ကပြုံးတယ်။

“ငါ နင့်ကိုမပေးတော့ဘူး၊ ငါ နင့်ကို ဒီလောက်အများကြီးပေးထားရတာ – နင်ရော ငါ့ကို ဘာလို့ တစ်ခု ပြန်မပေးလဲ”

ကူယွဲ့ ။ ။ “…”

ယိချင်း ။ ။ “…”

ကျူမင် ။ ။ “…”

သူမအရှက်တရားက ဘယ်မှာလဲ။ သူမက ဖုန်းညာန်ကို ဒီသစ်သီးကိုပဲ ထပ်တလဲလဲပေးနေရုံလေ။ တစ္ဆေအမတတစ်ယောက်ကို ကိုယ်ခန္ဓာမရှိလို့ အနိုင်ကျင့်နေတာလား။

ဖုန်းညာန်က တန့်သွားတယ်။ ရှန်းရင် ခုလေးတင် ဘာပြောသွားလဲဆိုတာ နားမလည်မှန်း သိသာတယ်။ သူမရဲ့သွေးယိုနေတဲ့မျက်လုံးတွေက ရှန်းရင်လက်ထဲက အသီးကိုပဲ စိုက်ကြည့်နေပေမဲ့ ထပ်မလှမ်းရဲတော့ဘူး။

ကူယွဲ့နှုတ်ခမ်းသပ်လိုက်တယ်။

“ဟေး မင်း…” သူမကို သူဆုံးမဖို့ ပြင်လိုက်တယ်။

ဖုန်းညာန်က ရုတ်တရက် လေးထောင့်သင်္ကေတတစ်ခုကို ဆွဲထုတ်ပြီး သူတို့ဆီပစ်ပေးတယ်။ နောက်တော့ ရှန်းရင်လက်ထဲက အသီးကို ပြန်စိုက်ကြည့်နေလေရဲ့။

“ဆရာ” ယိချင်းက အံ့ဩတကြီး‌ ရေရွတ်လိုက်တယ်။

ကူယွဲ့လည်း ပြန်အာရုံစိုက်ကာ သင်္ကေတကိုကြည့်လိုက်တယ်။

“အဲဒါဘာလဲ”

“တံဆိပ်ပြားလား” ကျူမင်လည်း ဇဝေဇဝါဖြစ်နေတယ်။ ဘာကြောင့် ဖုန်းညာန်က အဲလိုပစ္စည်းမျိုး ပိုင်ဆိုင်ရတာလဲ။ ပြီးတော့ တံဆိပ်ပြားထဲ နတ်ဘုရားစွမ်းအင်တချို့ရှိနေတယ်။

“အင်းကွက်အစီအရင်ထင်တာပဲ” ရှန်းရင်ဖြေပြီး နောက်ဆုံးတော့ အသီးကိုဖုန်းညာန်ဆီ ပေးလိုက်ချိန် အရမ်းကို ပျော်သွားရှာတယ်။ နောက်တော့ အသီးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့တယ်။

ရှန်းရင် ဒီတစ်ကြိမ်တော့ ကူမကောက်ပေးတော့ဘူး။ သူမ အဲအစားတံဆိပ်ပြားကိုကောက်ယူပြီး ခန်းမအလယ်ဆီ လျှောက်လာခဲ့တယ်။ နောက်တော့ ဒူးထောက်ချပြီး မြေကြီးပေါ်ဖိလိုက်တယ်။ ရုတ်တရက် ဂူတစ်ခုလုံး အလင်းနီတွေနဲ့ ထိန်လင်းသွားတယ်။ အင်းကွက်တစ်ခုက ခန်းမထဲ ပေါ်လာတယ်။

မြေကြီးက အတွင်းဘက်ကို တစ်လက်မစီ ကျွံကျသွားတယ်။ အဓိကကတော့ အလင်းတန်းနီ မျက်စိအကျိန်းရဆုံးဖြစ်နေတဲ့ အလယ်က ကြမ်းပြင်ပဲ။ တစ်ခဏနေတော့ အင်းကွက်က ပျက်ယွင်းသွားပြီး အောက်ဘက်မှာ ရှုခင်းတစ်ခုပေါ်လာတယ်။ သူတို့ ရှုခင်းထဲ သေချာရှင်းရှင်းလင်းလင်းတော့ ကြည့်လို့မရဘူး။

“အဲဒါ… ဆန်းကြယ်ဘုံဆီဝင်ပေါက်ပဲ”

ကျူမင်က အံ့ဩတကြီးရေရွတ်တယ်။

ကူယွဲ့ ထိတ်လန့်စွာနဲ့ မေးလိုက်တယ်။

“ဒီမှာ ဆန်းကြယ်ဘုံဆီဖွင့်နိုင်တဲ့ အင်းကွက်ရှိတယ်လို့ မင်းဘယ်လိုသိတာလဲ”

“ငါမြင်ရလို့လေ” ရှန်းရင်ဖြေလိုက်တယ်။ နေရာတိုင်းမှာ ရွှေရောင်တွေချည်းပဲ – မြေပြင်ပေါ်က အဲအပိုင်းပဲ မည်းနေတာ။ ပြီးတော့လည်း အဲပေါ်မှာ ‌စတုဂံပုံရိပ်တစ်ခုရှိနေတယ်။ ဘယ်သူမဆို အဲမှာသံသယဝင်စရာတစ်ခုခု ရှိနေတာ ပြောနိုင်တယ်။

ကူယွဲ့ ။ ။ “…”

ဝင်ပေါက်နီက တဖြည်းဖြည်းကြီးလာလိုက်တာ ခန်းမတစ်ခုလုံး ပြည့်သွားတာကို ကြည့်နေရတယ်။

ကူယွဲ့က သူ့အဖော်နှစ်ယောက်ကို ခေါင်းညိတ်ပြပြီး အမူအရာပြလိုက်တယ်။

“အထဲဝင်ကြ”

သူတို့တွေ ဓားတွေပေါ်တက်ပြီး ဆန်းကြယ်ဘုံထဲ ပျံသန်းခဲ့ကြတယ်။ ကျူမင်လည်း အသီးကိုရှာနေဆဲ ဖုန်းညာန်ကိုဆွဲခေါ်ပြီး သူနဲ့အတူ ဆန်းကြယ်ဘုံထဲ ဝင်ခဲ့တော့တယ်။

အလင်းနီကြီး ဖြတ်ခနဲလင်းသွာ

းတာနဲ့အတူ အကုန်လုံး မတူညီတဲ့နေရာတစ်ခုကို ရောက်နေတာ မြင်လိုက်ရတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset