TYCDTN အပိုင်း ၁၈

TYCDTN
Chapter 18

ချုံးအာက လူတွေအများကြီး စင်ပေါ်တက်နေတာကို ကြည့်နေသည်။ ယွီရှန်းရဲ့ အင်္ကျီလက်ကိုဆွဲကာ ချုံးအာက မေးလေသည်

“မမရဲ့အစ်ကိုကြီးက ဘယ်မှာလဲ သူ့ကိုဒီကို ခေါ်လာလို့ရလား”

အစ်ကိုကြီးရောက်လာပါက ခက်ခဲမှုတွေအကုန် အဆင်ပြေသွားမည်ဖြစ်သည်။

ယွီဖင်ယန်က အကွာအဝေးတစ်ခုမှာ ရှိနေတာမလို့ ယွီရှန်းက မသိပေ။ ဝရန်တာနားကထွက်လာပြီးအနားကပ်လာတော့ ယွီရှန်းက အာရုံခံမိသွားခဲ့သည်။ သူက အရိပ်ထဲကနေ တစ်ချိန်လုံးစောင့်ကြည့်နေတာကို သူ(မ)သိသည်။

“အစ်ကိုကြီး ဘယ်မှာရှိလဲဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ ၃အထိရေပြီးရင် သူပေါ်လာလိမ့်မယ်၊ စောင့်ကြည့်ထားလိုက်”

ယွီရှန်းက တိတ်တခိုးပြုံးလိုက်လေသည်။

“သူ ကိုယ်တော်တို့ကို ရှာတွေ့သွားတာလား”

အိမ်ရှေ့စံက အလွန်အံ့အားသင့်နေလေသည်။

ယွီဖင်ယန်က ခေါင်းညိတ်ပြပြီး ပြုံးကာ ပုန်းခိုနေသည့်နေရာကနေထွက်လိုက်သည်။ တီးတိုးလေး ၂အထိရေတွက်နေသည့် ကလေးမလေးဆီကို ခြေလှမ်းကျဲများဖြင့် သွားလိုက်လေသည်။

“ချစ်ရတဲ့ အစ်ကိုကြီး နောက်ဆုံးတော့ရောက်လာပြီ”

ယွီရှန်းက လက်၂ဖက်ကို ဆန့်တန်းပေးလေသည်။

ယွီဖင်ယန်က ငုံ့ကိုင်းပေးပြီး ယွီရှန်းကို သူ့လည်ပင်းကို ဖက်ခွင့်ပေးခဲ့လေသည်။ ပုံမှန်ဆိုရင် တည်တင်းနေသည့်မျက်နှာထက်တွင် အခုတော့ နူးညံ့သည့်အပြုံးလေး ဆင်မြန်းထားလေသည်။ ယွီဖင်ယန်က အသက်အပြင်းပြင်းရှိုက်လိုက်ကာ ယွီရှန်း၏ ကိုယ်သင်းနံ့လေးက သူ့ကို စိတ်သက်သာရာရစေသည်။

ချုံးအာလေးက အစေခံအိုကြီးရဲ့ အနောက်ကို ဝင်ပုန်းလိုက်လေသည်။ သူ(မ)က ခေါင်းလေးဆန့်ထုတ်ကာ ကြာပန်းစေ့ကိတ်လေးရဲ့အစ်ကို ကိုကြည့်ပြီး စိတ်ထဲကတွေးလေသည် ဒီလူကြီးက ကြာပန်းစေ့ကိတ်လေးနဲ့မတူဘဲ ကြောက်ဖို့ကောင်းတယ်။

မိဖုရားကြီးက နံပါတ်၉မင်းသမီးလေးရဲ့ ဇာတ်ရုပ်အမှန်ကိုဖုံးကွယ်ထားတာကြောင့် ယွီဖင်ယန်လည်း မဖော်ထုတ်တော့ဘဲ သူ့ကို ခါးကိုင်းကာ အရိုအသေပေးနေသည့် အစေခံအိုကြီးကိုသာ ခေါင်းညိတ်ပြခဲ့သည်။

“မီးပုံး”

နံပါတ်၉မင်းသမီးလေးက ယွီရှန်းကို စိတ်လှုပ်ရှားစွာ ကြည့်လေသည်။

“အစ်ကိုကြီး သွားကြိုးစားကြည့်ဦး”

ယွီရှန်းက ယွီဖင်ယန်ကိုဖက်ထားတာကို လွှတ်ပေးပြီး လူအုပ်ကြီးရှိနေသည့်စင်ကို ညွှန်ပြလေသည်။

ထိုမီးပုံးက နံပါတ်၉မင်းသမီးပိုင်ဆိုင်သည့် မီးပုံးဖြစ်သည်။ နံပါတ်၉မင်းသမီးလေး ရှီဟယ်ဥယျာဥ်ကို မလာပါက ထိုမီးပုံးကို ပေးပစ်မည်ဟု မိဖုရားကြီးက ခြိမ်းခြောက်ထားခဲ့သည်။ တကယ်တော့ လျှောက်ပြောခြင်းသာဖြစ်သည်။ မိဖုရားကြီးက သူ့သမီးကို ဝမ်းနည်းအောင်မလုပ်ချင်လို့ မဖြစ်နိုင်သည့်ပြိုင်ပွဲကိုကျင်းပပေးခြင်းဖြစ်သည်။

လူတွေအများကြီး ကံကောင်းမှုကို စမ်းသပ်သည့်အနေဖြင့် ယှဥ်ပြိုင်ပြီးပေမယ့် ဘယ်သူမှမနိုင်သေးဘဲ ပြိုင်ပွဲ ၅ပွဲအထိသာအလွန်ဆုံးမှန်နိုင်ခဲ့သည်။ ဘယ်လောက်ပဲရင်းနှီးသည့် ညီကိုမောင်နှမ ဖြစ်ပါစေ တစ်ယောက်စိတ်ကို တစ်ယောက်တော့ မသိနိုင်ပေ။

သူနဲ့ရှန်းအာကော ဘယ်နှပွဲလောက် ခန့်မှန်းနိုင်မလဲ။ ယွီဖင်ယန်က စိတ်ဝင်တစားတွေးကာ ယွီရှန်းကို လူအုပ်ဆီ တွန်းသွားလိုက်သည်။ ခဏလောက်တုံ့ဆိုင်းနေပြီးနောက် နံပါတ်၉မင်းသမီးလေးက အကြောက်တရားကို တွန်းလှန်ကာ ခြေထောက်ပုတိုလေးတွေဖြင့် အမှီလိုက်သွားခဲ့သည်။ ယွီရှန်းရဲ့ဘေးနားကိုအမြန်သွားကာ သူ့ကိုယ်လုံးသေးသေးလေးကို ကာကွယ်ဖို့ ဝှီးချဲကို ဒိုင်းသဖွယ်အသုံးပြုလိုက်လေသည်။

အိမ်ရှေ့စံက အမှောင်ရိပ်မှာရပ်ကာ သူ့ညီမရဲ့ လုံးတစ်နေသည့်ကိုယ်လေးကိုကြည့်ကာ ပြုံးလိုက်လေသည်။ ယီဖုန်းရဲ့ကာကွယ်မှုအောက်မှု သူကငြိမ်းအေးနေခဲ့သည်။ သူသာထွက်သွားပါက လူအုပ်ကြီးရဲ့အာရုံကို ဆွဲဆောင်မိလိုက်ပြီး ချုံးအာလေးလည်း ကြောက်ရွံ့သွားမည်ဖြစ်သည်။

ယွီရှန်းရဲ့ ဝှီးချဲက ဘူဒိုဇာလို သူသွားလိုက်သည်နှင့် လူအုပ်ကြီးက ဘေးကိုကပ်ကာ လမ်းဖယ်ပေးလေသည်။ ယွီဖင်ယန်ရဲ့ ကာကွယ်မှုအောက်မှာ ဘယ်သူမှ ယွီရှန်းကို စေ့စေ့မကြည့်ရဲပေမယ့် ချောင်းကြည့်သည့်မျက်လုံးတွေက စိတ်ကသိကအောက်ဖြစ်စေသည်။

ယွီဖင်ယန်ရဲ့မျက်နှာထက်က နူးညံ့သည့်အသွင်က ချက်ချင်းပြန်ခက်ထန်ကာ အေးတိအေးစက်ဖြစ်သွားခဲ့သည်။ သူကခါးကိုင်းကာ သူ့ညီမကို တီးတိုးပြောလေသည်

“အစ်ကိုကြီး ဒီမှာ ရှိတယ် ဘာမှကြောက်စရာမလိုဘူး”

“မကြောက်ပါဘူး”

သိပ်မဝေးသည့်နေရာက မိန်းကလေးတစ်ယောက်ကြည့်နေတာကို ယွီရှန်းက သတိထားမိပြီး လက်ခါပြလေသည်။ သူ(မ)က ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပကာ မျက်နှာလေးကလည်း နွေးဦးမှာပွင့်သည့် ပြိုင်ဖက်ကင်းပန်းလို လှပသည်။

မိန်းကလေးတွေကြားထဲမှာ သူ(မ) က ထင်းထွက်နေကာ ချစ်ခင်မှုနှင့် မနာလိုသည့် အကြည့်တွေကိုပါ ဆွဲဆောင်ထားလေသည်။ သူ(မ)ကတော့ ဘာကိုမှဂရုမစိုက်ဘဲ မောက်မာသည့်အသွင်ဖြင့်ယုံကြည်ချက်ရှိစွာသာ ရပ်နေခဲ့သည်။ ယွီဖင်ယန်ကိုကြည့်မှသာ သူ(မ)ရဲ့အကြည့်တွေက ပြောင်းလဲသွားခဲ့သည်။ သူ(မ)ရဲ့ မျက်ဝန်းတွေထဲမှာ ခါးသီးမှု၊မကျေမချမ်းဖြစ်မှုနှင့် ချစ်ခင်မှု စသည့်ခံစားချက်များ ရောထွေးနေလေသည်။

ယွီဖင်ယန်ကတော့ သူ(မ)က ဖုန်တစ်စလိုသာ သာမာန်ကာလျှံဖြင့်ကြည့်ကာ အကြည့်လွှဲလိုက်လေသည်။

သူ(မ)ရဲ့မျက်နှာက စက္ကူလိုချက်ချင်းဖြူဖပ်သွားကာ အောက်နှုတ်ခမ်းကိုကိုက်ပြီး အင်္ကျီကိုတင်းတင်း ဆုပ်ကိုင်ပစ်လိုက်လေသည်။

ဒီ၂ယောက်ကြားမှာ ဇာတ်လမ်းလေးတစ်ပုဒ်တော့ရှိရမယ်။ ယွီရှန်းက ချက်ချင်းပင် ယွီရှန်းရဲ့မှတ်ဉာဏ်ထဲပြန်ရှာကြည့်တော့ ထိုအလှလေးနှင့်ပတ်သက်သည့် ဘာမှတ်ဉာဏ်မှမရှိပေ။

ဟန်မင်းဆက်ရဲ့ ဝတ်စားဆင်ယင်မှုက လက်မထပ်ရသေးသည့် ၁၀ကျော်သက်တွေကို ကန့်သတ်ထားတာမျိုးမရှိပဲ လူမြင်ကွင်းမှာ တစ်ခါတစ်ရံတွေ့ဆုံခွင့်ရှိပြီး အိမ်ထောင်ပြုပြီးပါက စိတ်ရှုပ်ဖို့ကောင်းသည့် စည်းမျဥ်းတွေကို လိုက်နာရလေသည်။ ယွီစီးယွီ့က ထိုမိန်းကလေးရဲ့အနောက်တွင် ရပ်နေလေသည်။ သူ(မ)စကားလာပြောအောင်လို့ အင်္ကျီကိုဆွဲလိုက်ပေမယ့် ကောင်မလေးက လက်ခါယမ်းကာ လူအုပ်ထဲကပျောက်သွားလေသည်။

ထိုမိန်းကလေးက ယွီစီးယွီနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး မှူးမတ်စံအိမ်တော်နှင့်လည်း တစ်ခုခုပတ်သက်နေနိုင်သည်။ အရူးမ ယွီရှန်းကလးတော့ အလေလိုက်ဖို့ကလွဲရင် ဘာမှ မသိပေ။ ယွီရှန်းက ယွီဖင်ယန်ရဲ့ အင်္ကျီလက်ကိုဆွဲပြီး

“အစ်ကိုကြီး အဲဒါ ဘယ်သူလဲ”

“စိတ်ထဲထည့်နေစရာမလိုတဲ့လူတစ်ယောက်ပါ”

ယွီဖင်ယန်က သူ(မ)မျက်နှာကို စင်ပေါ်ပြန်လှည့်ပေးလိုက်သည်။

“ကြိုးစားချင်တဲ့လူရှိသေးလား”

နန်းတော်ရဲ့အစေခံ တာဝန်ခံက ကျယ်ကျယ်လေးမေးလေသည်။

“ရှိပါတယ်”

ယွီရှန်းက ယုံကြည်ချက်ရှိရှိဖြင့် လက်မြှောက်ကာဖြေလေသည်။

ယွီဖင်ယန်က သူ(မ)ကို အံ့သြစွာကြည့်လိုက်လေသည်။ သူ(မ)က ခြေထောက်မသန်စွမ်းသည့်အပေါ် ဘာစိုးရိမ်စိတ်မှရှိမနေပေ။ ယွီရှန်းရဲ့ စိတ်အားထက်သန်မှုက သူ့ကို ထပ်အံ့သြစေခဲ့သည်။ ညတုန်းက ယွီရှန်းကို ပန်းခြံထဲတစ်ယောက်တည်းထားခဲ့ခြင်းက မလိုအပ်သည့်ကိစ္စဖြစ်သည်။

စစ်သူကြီးရှန်ဝေရဲ့သားကလည်း ခြေထောက်ကျိုးထားပြီး မလှုပ်ရှားနိုင်ပေ။ ပိန်လှီကာ သေဘေးနှင့်ကြုံနေရသည့်လူက၃ရက်အတွင်း ဝလာခဲ့သည်။ ယွီရှန်းကလည်း တိတ်တဆိတ်သာ ငိုကြွေးတတ်ပေမယ့် လူတွေနှင့်တွေ့ဆုံရသည့်အချိန်တိုင်း စိတ်ပျက်အားငယ်တာမျိုးတော့ မရှိဖူးပေ။ လွန်ခဲ့သည့် ၃လ၄လကထက် အသားအရောင်လေးနှင်းဆီရောင်သန်းကာ ဝလာခဲ့သည်။ တကယ်ကို စိတ်ခွန်အားရှိသည်။

သူ(မ) ရဲ့အစ်ကိုကြီးဖြစ်ရတာ အလွန်အမင်း ဂုဏ်ယူသည်။

ယွီဖင်ယန်က သူ့ညီမလေးရဲ့ခေါင်းကိုပွတ်ပေးကာ စင်ပေါ်တည်ငြိမ်စွာ တက်သွားလေသည်။

နန်းတော်အစေခံက အရိုအသေပေးပြီးနောက် ပစ္စည်း၂ခုကိုရွေးကာ ယွီရှန်းနှင့် ကြည့်ရှုသူတွေကိုပြလိုက်သည်။ သူက လေးထောင့်သေတ္တာကိုထုတ်ပြီးနောက်

“မှူးမတ်ကြီး တစ်ခုရွေးပြီး သေတ္တာထဲထည့်ပေးပါ”

ပရိသတ်တွေမမြင်ရအောင်လို့ နန်းတော်အစေခံရဲ့ ဘယ်ဖက်နဲ့ညာဖက်မှာ ခန်းဆီးအမည်းကြီး ကာလိုက်လေသည်။ ကြည့်ရှုသူတွေ ဘယ်လောက်ပဲ မျက်စိလျှင်ပါစေ သူ့လှုပ်ရှားမှုကို မသိနိုင်တော့ပေ။

ထိုအကွက်ကိုကြည့်ပြီး ယွီဖင်ယန်က မျက်လုံးမှေးကျဥ်းကာ ရယ်လိုက်လေသည်။ တစ်ခုက ချောင်ယန်ဖီးနစ်၅ကောင်ရဲ့ ပုလဲကလစ်ဖြစ်ပြီး နောက်တစ်ခုက ရွှေချည်ထိုးပန်းကလစ်ဖြစ်သည်။ ၂ခုလုံးကအရည်အသွေးကောင်း လက်မှုပစ္စည်းတွေမလို့ ဘယ်တစ်ခုက နိမ့်ကျတာလဲ သာလွန်တာလဲဆိုတာကို ဝေခွဲမရပေ။

ဂရုတစိုက်ရွေးချယ်ရမည့်အစား သူက တစ်ခုကိုရွေးကာ သေတ္တာထဲထည့်လိုက်လေသည်။ ရှန်းအာက ပန်းတွေကို သဘောကျတာမလို့ ထိုပန်းကလစ်ကိုရွေးမှာသေချာသည်။

နန်းတော်အစေခံက သူ့ကိုကြည့်လေသည်။ မြန်လိုက်တာ။ ယုံကြည်ချက်မြင့်မားနေတာလား ဒါမှမဟုတ် အနိုင်ယူဖို့ရည်ရွယ်ချက်မရှိတာလား။

အဝတ်စအမည်းဖယ်ချပြီးပြီသည်နှင့် ရှန်းအာက ကျယ်ကျယ်လေးဖြေလေသည်

“ပန်းကလစ်”

နန်းတော်အစေခံကလည်းအံ့သြသွားပြီး အဖုံးဖွင့်ကြည့်လိုက်တော့ တကယ်လည်း ပန်းကလစ်ဖြစ်နေလေသည်။

ပထမတစ်ပွဲက နိုင်ဖို့လွယ်လို့ လူအုပ်ကြီးက ထူးခြားတာကို မခံစားမိပေမယ့် ဒီ၂ယောက်က အသွက်ဆုံးအတွဲဖြစ်ကြောင်းတော့ ဝန်ခံလေသည်။

ဒုတိယပွဲစဥ် ရောက်လာပြီဖြစ်သည်။ ဒီတစ်ခါတော့ ကြီးပွားချမ်းသာမှုကို ဖော်ဆောင်သည့် မတူညီသည့် သစ်သားဖြင့်ထားထွင်းထားသည့် သိုး၃ကောင်ရှိသည်။ တစ်ကောင်ကလဲလျောင်းနေပြီး၊ နောက်တစ်ကောင်က ခြေထောက်၄ချောင်းဖြင့် ရပ်နေကာ နောက်တစ်ကောင်က ခြေထောက်၂ချောင်းဖြင့်သာ ရပ်နေသည်။

လိုက်ကာနောက်မှာရပ်နေသည့် ယွီဖင်ယန်က လဲလျောင်းနေသည့်သိုးကို ရွေးပြီး သေတ္တာထဲထည့်လိုက်သည်။ ရှန်းအာက အပြင်တွေ လျှောက်သွားရတာ မကြိုက်ဘဲ ပြတင်းပေါက်နားက သလွန်ပေါ်တွင်သာ လဲလျောင်းပြီး ပန်းခြံကြီးကို ကြည့်ရတာ သဘောကျသည်။ သူ့ခြေထောက်တွေ့ကြောင့် ဒီလိုနေရသော်လည်း မပျင်းရိပေ။ ဒီ၃ကောင်ထဲမှာဆိုရင် လဲလျောင်းနေသည့်ပုံစံလေးက သူ(မ)အမြင်ကို ပိုဆွဲဆောင်နိုင်မည် ဖြစ်သည်။

လိုက်ကာထပ်ပင့်သွားတော့ နန်းတော်အစေခံက ယွီရှန်းကို မေးမည့်အချိန်မှာပဲ ယွီရှန်းက လက်ဦးမှုယူကာ ထအော်လေသည်။

“လဲလျောင်းနေတဲ့သိုး”

ရွေးတဲ့လူကော ဖြေတဲ့လူကော အလွန်မြန်ဆန်နေသည်။ တစ်ယောက်ကလည်း ဆတ်ကနဲရွေးပြီး တစ်ယောက်ကလည်းလှစ်ကနဲပြန်ဖြေသည်။ ကြည့်ရှုသူတွေက ပိုစိတ်လှုပ်ရှားလာပြီး သေတ္တာကြီးကို စိုက်ကြည့်နေကြသည်။

အဖုံးဖွင့်လိုက်သည့်အချိန်မှာလဲ ထပ်မှန်သွားခဲ့သည်။

တတိယပွဲစဥ်မတိုင်ခင်မှာတော့ သောင်းသောင်းဖျဖျအားပေးသံတွေ ဆူညံနေခဲ့သည်။ ထိုပွဲစဥ်မှာ ပန်းထိုးထားသည့် မက်မွန်ပန်း၊ သစ်ခွပန်း၊ ဝါးနှင့် ဂန္ဓမာပန်းတွေ ရှိလေသည်။ ထိုပစ္စည်းတွေကိုကြည့်ပြီး ယွီဖင်ယန် ပြုံးလိုက်လေသည်။ တွေးနေစရာကိုမလိုဘူး လုံးဝ သစ်ခွပန်းပဲ။ ရှန်းအာရဲ့ ခြံအနောက်ဖက်မှာ သစ်ခွပန်းတွေဝေနေအောင် စိုက်ထားသည်။

ထိုပွဲစဥ်ကိုလည်း ခဏလေးအတွင်း အောင်မြင်သွားခဲ့သည်။ နောက်ပွဲစဥ်က ကောက်ပဲသီးနှံ၅မျိုးထဲက အစေ့တစ်မျိုးကို ရွေးရမည်ဖြစ်သည်။ ယွီဖင်ယန်က ယွီရှန်းရဲ့ အကြိုက်ဆုံးအစားအသောက်ဖြစ်သည် ဆန်ကိုရွေးခဲ့သည်။ နောက်တစ်ပွဲက ယဥ်ကျေးမှုအနုပညာ၆ရပ်ဖြစ်သည့် ဂီတအတွက် လေမှုတ်တူရိယာ၊ လေးအတတ်အတွက် လေးအသေးလေး၊ မြင်းစစ်သည်အတွက် အုန်းခွံရောင်ရှိသောမြင်း၊ အရေးအဖတ်အတွက် စာအုပ်များနှင့် ကိန်းဂဏန်းတွက်ချက်ခြင်းအတွက် ပေးသီးတွက်ခုံဖြစ်သည်။ ယွီရှန်းအကြိုက်ဆုံးဖြစ်သည့် ဂီတ ကို ယွီဖင်ယန်က ရွေးခဲ့သည်။ သက်တံ့ရောင်၇ရောင်ရှိသည့် ပုလဲတွေထဲမှာလဲ ယွီရှန်းအကြိုက်ဆုံးဖြစ်သည့် အဝါရောင်ကို ယွီဖင်ယန်က ရွေးခဲ့သည်။

၂ယောက်လုံးရဲ့ ကာရံကိုက်ဟန်ချက်ညီနေမှုက ကြည့်ရှုသူတွေကို အာမေဍိတ်သံ အကျယ်ကြီးတွေ ထွက်စေခဲ့သည်။ ယွီဖင်ယန်က အပြုံးတွေမရပ်တန့်နိုင်တော့ဘဲ နောက်ဆုံး ပစ္စည်း၁၂ထဲက ရွေးရမည့်ပွဲစဥ်ကိုရောက်လာပြီ ဖြစ်သည်။ ၁၂ရာသီခွင်ထဲက အကောင်ကိုရွေးတာ့လည်း ရှန်းအာရဲ့ရာသီခွင်ဖြစ်သည့် ယုန်ကို ရွေးခဲ့သည်။

တခြားလူတွေအတွက်ဆိုရင် မဖြစ်နိုင်သည့်မေးခွန်း ဖြစ်သော်လည်း သူတို့၂ယောက်အတွက်က လွယ်ကူနေသည်။ ဟုတ်တယ်။ ဒီကမ္ဘာမှာ ရှန်းအာနဲ့သူ့လောက် တစ်ယောက်ရဲ့စိတ်ကို တစ်ယောက် နားလည်နိုင်တဲ့လူ ဘယ်သူရှိမှာလဲ။ သူတို့တွေက တစ်ဖက်လူရဲ့အတွေးကို တစ်ယောက်နဲ့တစ်ယောက် ခန့်မှန်းနိုင်သည်။ သူတို့တွေက ဘယ်လောက်ပဲ သွေးသားမတူညီပါစေ နှလုံးသားအချင်းချင်းကို ဆက်သွယ်ချည်နှောင်ထားသည့် မမြင်ရသည့် ချည်ကြိုးလေး ရှိနေသည်။

ထိုခံစားချက်က အလွန်သိမ်မွေ့ကာ နှစ်လိုဖွယ်ကောင်းသည်။ ယွီဖင်ယန်က ဖီးနစ်ငှက်မီးပုံးကို ညီမလေးရဲ့လက်ထဲ ထည့်ပေးလိုက်တော့ လူတိုင်းက အားကျနေလေသည်။

“လူချင်းဝေးနေရင်တောင် စိတ်ချင်းက ဆက်သွယ်နေတာပဲ၊ အစ်ကိုကြီး သမီးတို့နိုင်ပြီ”

ယွီရှန်းက ဖီးနစ်မီးပုံးကို မြှောက်ပြကာ ပျော်ရွှင်စွာပြောလေသည်။

ထိုပုံစံလေးက သူ့နှလုံးသားထဲ စွဲကျန်ရစ်သွားလေသည်။ ယွီဖင်ယန်က မျက်လုံးတွေ မှေးသွားအောင်အထိပြုံးရယ်ကာ ညီမဖြစ်သူရဲ့ခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးခဲ့သည်။

ထိုနူးညံ့နေသည့် မြင်ကွင်းလေးကို တစ်စုံတစ်ယောက်ကတော့ မခံစားမသိမြင်နိုင်ဘဲ ခေါင်းလေးဆန့်ထုတ်ကာ တိုးတိုးလေး ပြောလေသည်

“မီးပုံး”

ယွီရှန်းက ထူးခြားပြောင်မြောက်သည့် မီးပုံးကို နှမြောခြင်းမရှိဘဲ ချုံးအာလေးရဲ့ လက်ထဲထည့်ပေးကာ

“ရော့ ကစားတော့”

ဒီမီးပုံးက သခင်မလေး လုပ်ထားရုံတင်မကဘဲ တစ်ကမ္ဘာလုံးမှာ တစ်လုံးပဲရှိတာ။ အရေအသွေးကလည်း အထူးကောင်းမွန်ပြီး သုံးထားသည့် ပစ္စည်းတွေကပါ စျေးက အဖိုးတန်လွန်းတယ်။ သို့ပေမယ့် ထိုမိန်းကလေးက တုံ့ဆိုင်းခြင်းမရှိဘဲ သခင်မလေးရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။ သူနဲ့ပတ်သက်ပြီး ဘာမှ အပြစ်ပြောစရာ မရှိဘူး။ အစေခံအိုကြီးက စိတ်ထဲကကြိတ်တွေးကာ ဘေးက မျက်ထောင့်နီကြီးတွေနှင့် ကြည့်နေသည့် မျိုးရိုးမြင့်က အမျိုးသမီးတွေကို ကြည့်ကာ ခေါင်းခါလိုက်လေသည်။

ဒီကမ္ဘာပေါ်မှာ လိုချင်တပ်မက်မှုတွေ မရှိသည့်လူဆိုတာ သိပ်မရှိပေ။

ချုံးအာလေးက အလွန်ပျော်ရွှင်သွားကာ ယွီရှန်းရဲ့ဘေးမှာ ကိုးကွယ်လိုစိတ်ဖြင့် ဝိုင်းပတ်နေပေမယ့် ယွီဖင်ယန်ကို တွေ့လိုက်တော့ ထိတ်လန့်သွားလေသည်။ အစေခံအိုကြီး နောက်ကို ဝင်ပုန်းကာ ထပ်ထွက်မလာတော့ပေ။

ယွီရှန်းက ကြိတ်ရယ်လိုက်ပြီး ယွီဖင်ယန်ကိုဆွဲကာ တီးတိုးပြောလေသည်။

“အစ်ကိုကြီး သမီးကို မြစ်ကမ်းဘေးပို့ပေး၊ သူများတွေ မြစ်ထဲမှာ မီးပုံးလွှတ်နေတာကို ချုံးအာနဲ့ကြည့်ချင်တယ်၊ အစ်ကိုကြီးက လုပ်စရာရှိတာ သွားလုပ်ပါ ညီမလေးကို ဂရုစိုက်မနေနဲ့”

သူငယ်ချင်းလည်းရကော အစ်ကိုကို စွန့်ပစ်တဲ့နှလုံးသားမဲ့တဲ့ ကလေးစုတ်လေး။ မနာလိုစိတ်တွေက ယွီဖင်ယန်ရဲ့ နှလုံးသားထဲက တိုးထွက်လာခဲ့ပေမယ့် သူ့ညီမရဲ့ ဆန္ဒအတိုင်း မငြင်းဆိုဘဲ မြစ်ကမ်းဘက် တွန်းပို့ပေးခဲ့သည်။ အိမ်ရှေ့စံက အမှောင်ထဲမှာ ပုန်းနေဆဲဖြစ်ကာ သူတို့တွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်နေတာတွေ့မှ ထွက်သွားခဲ့သည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset