TYCDTN အပိုင်း ၁၄

TYCDTN
Chapter 14

အစွမ်းရှိဆေးဆရာဖူက အသီးနီ၃လုံးကို ယူသွားပြီးနောက် နှင်းခဲဆေးလုပ်ကာ ၃လုံးကို မှူးမတ်စံအိမ်ကို ပို့ပေးခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ယွီရှန်း စောင့်ရှောက်ပေးဖို့အတွက် မီးခိုးရောင် အပင်တစ်ပင်ကို ပို့ပေးခဲ့သည်။

ယွီရှန်းက ထိုမီးခိုးရောင်အပင်ကို မစောင့်ရှောက်ခင် အံ့ဖွယ်ဆေးတွေပေးဖို့ သဘောတူညီမှု ယူခဲ့လေသည်။ သူ(မ)က ထိုအပင်ကို စိုက်ပျိုးကာ ပိုးမတက်အောင် နေ့တိုင်း ရေလောင်းပေါင်းသင် ပေးခဲ့သည်။ ၇ရက်၈ရက်လောက်ကြာပြီးနောက် မူလက ဖြူဖတ်နေသည့်အပင်က အမြစ်ကနေ စပြီးနီရဲလာကာ တစ်ညကုန်တော့ အနီရောင် သစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားပြီး အညှီနံ့ဖျော့ဖျော့ကို ထုတ်လွင့်နေသည်။

အစွမ်းရှိဆေးဆရာဖူ အပင်ကို လာယူတော့ အပင်ရဲ့ပြောင်းလဲပုံကို မြင်ပြီး အပင်ဘေးမှာ ပျော်ရွှင်စွာ ပြေးလွှားခုန်ပေါက်နေတာကြောင့် အစေခံတွေပင် ကြောက်လန့်ကုန်ကြလေသည်။

တကယ်တော့ ထိုအပင်က အပူချိန်မြင့်သည့် မီးတောင်ဂူထဲမှာသာ ပေါက်သည့် သွေးရဲရဲပင် ဖြစ်သည်။ ထိုဆေးကို ဒဏ်ရာခွဲစိတ်ရာ၌ အထူးအဆင့်မြင့်ဆေးအဖြစ်သုံးပြီး အရိုးကျိုးသည့်နေရာကိုလည်း ဆေးထည့်ပြီး ၂ပတ်အကြာတွင် အကောင်းတိုင်း ဖြစ်အောင် ပြန်ကုနိုင်သည်။ ထိုမီးတောင်ဂူမှာ ပေါက်သည့် သွေးရဲရဲပင်ကို တခြားနေရာကို ရွေ့လိုက်ပါက မီးခိုးရောင်သန်းသွားကာ အာနိသင်ပျောက်သွားမည် ဖြစ်သည်။ ထိုဆေးရဲ့တန်ဖို့းကလည်း နှင်းခဲရေစက်စျေးထက် မနည်းပေ။

ထိုအပင်၂ပင်ကို တရုတ်ဆေးမြစ်တွေမှာ ရေခဲဘုရင်နဲ့မီးဘုရင်ဟု လူသိများသည်။ ထိုအပင်တွေကို အခု အစွမ်းရှိဆေးဆရာဖူက ရရှိလိုက်ပြီမလို့ စိတ်လှုပ်ရှားမှုကို စကားလုံးနဲ့ပင် မဖော်ပြနိုင်ပေ။ သူက အဖိုးတန်ဆေးတွေကို အလကားပို့ပေးပြီး ယွီရှန်းကို ထူးခြားအပင်တွေပါပို့ပေးကာ ၂ရက်လောက် စောင့်ရှောက်ခိုင်းပြီး ပျော်ရွှင်စွာ ပြန်လာယူလေ့ရှိသည်။

ယွီရှန်းသာ ကြီးမားသည့် နောက်ခံမရှိပါက စိုက်သမျှ ဖြစ်ထွန်းသည့် ယွီရှန်းကို သူ့ဥယျာဥ်ကို အကောင်းဆုံး ဖြစ်ထွန်းစေဖို့ အခကြေးငွေ အများကြီးပေးကာ ငှားလိုက်ပြီးလောက်ပြီ ဖြစ်သည်။

ထိုကျေးဇူးကြွေးကြောင့် မဒမ်အိုကြီးဟာလည်း တစ်ခါတစ်ရံ အဖိုးတန် အားဆေးနှင့် တိုင်းတစ်ပါးက လာသည့်ပန်းတွေနှင့် ရှားပါးဆေးမြစ်တွေကို လက်ခံရရှိလေသည်။ စိတ်ဖိစီးမှုကြောင့် ရခဲ့သည့် နာတာရှည်ရောဂါဟာလည်း တဖြည်းဖြည်း ပျောက်ကင်းလာကာ နားထင်၂ဖက်က ဖြူနေသည့် ဆံပင်တွေလည်း တဖြည်းဖြည်း မည်းနက်လာခဲ့သည်။ မဒမ်အိုကြီးကလည်း တစ်ခါတစ်ရံ လက်ဆောင်ပေးဖို့ လိုတိုင်း ယွီရှန်းဆီရဲ့ဥယျာဥ်ကို သွားကာ အမြွှာကြာပန်း၊ ကြာပန်းရွက်နှင့်သစ်ခွပန်း စသည့် ရှားပါကာ ကျောက်စိမ်းထက် တန်ကြေးကြီးသည့် ပန်းအိုးတွေထဲက တစ်ခုကို ရွေးယူလေ့ရှိသည်။

မဒမ်အိုကြီးက မြေးမလေးကို ပိုကြင်နာလာကာ ယွီရှန်းအတွက် အကျော်ကြားဆုံးဆရာမကို ခေါ်သင်ပြခိုင်းခဲ့သည်။

ယွီရှန်းက စာအုပ်ဖတ်၊ လက်ရေးလှလေ့ကျင့်ပြီး မနက်ပိုင်းကျရင် ချင်တီးခတ်နည်းကို သင်ယူသည်။ နေ့လည်ကျရင်တော့ ဘယ်မှမသွားဘဲ ခြံထဲသာနေလေ့ရှိသည်။ သူက ပန်းတွေ စိုက်ပျိုးရတာ တော်တော်ဝါသနာကြီးသည်။

တစ်ခါတစ်လေကျရင် ကောင်းကင်ဘုံက သူ(မ)ကို သနားလို့ အနာဂတ်မှာ အဓိကဇာတ်ကောင်နေရာကို တက်လို့ရအောင် ဒီရွှေလက်ချောင်းတွေကို ချီးမြှင့်ခဲ့တာများလားဟု တွေးနေမိခဲ့သည်။ အမြွှာကြာပန်း၂အိုးလောက် ရောင်းရုံဖြင့် နှစ်အနည်းငယ်လောက် ပူပန်စရာမလိုဘဲ သက်သောင့်သက်သာ နေထိုင်နိုင်တာကြောင့် ဒီမူလကိုယ်ခန္ဓာရဲ့ မိသားစုဆီမှာ မှီခိုနေထိုင်လို့ ရမလားဆိုတာ မသိပေ။ ၁၀နှစ်ကျော်လောက် အတူနေခဲ့သည့် သွေးမတော်သားမစပ်မလို့ လူတွေက သံယောဇဥ် တွယ်နိုင်ပေမယ့် အချိန်ကျလာသည့်အခါကျရင်တော့ သူ(မ)က ဒီမိသားစုအတွက် အပြင်လူတစ်ယောက်ထက် မပိုပေ။

အမျိုးသမီးဇာတ်ဆောင်ကျတော့ မတူပေ သူ(မ)က အမျိုးသမီးဇာတ်ဆောင်မလို့ ရောင်ခြည်တွေ ဖြာထွက်ကာ အကောင်းဆုံးကံကြမ္မာကို ပိုင်ဆိုင်ထားပြီး သူ(မ)ရဲ့ဘေးက လူတိုင်းက သူ့ကို ဗဟိုပြုကာ လည်ပတ်နေရသည်။ အခုတော့ အစ်ကိုကြီးနှင့် မဒမ်အိုကြီးက သူ(မ)ကို အလွန်ချစ်ပေမယ့် အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်လာသည့်အခါ ဒါတွေက သူ့အပိုင်ဖြစ်သွားနိုင်ပြီး သူ(မ)အတွက်ကတော့ မနာလိုဝန်တိုမှုနှင့် ခါးသီးမှုတွေသာ ကျန်ခဲ့နိုင်သည်။

လူချင်းတူပေမယ့် ဘဝမတူဘူး။ ယွီရှန်းက စျေးကြီးပေးဝယ်လာသည့် မျိုးစေ့အိတ်ကို လျှို့ဝှက်အခန်းထဲ ထည့်သိမ်းကာ သက်ပြင်းချလိုက်သည်။ တကယ်လို့ တစ်နေ့ကျရင် ယွီမိသားစုက သူ(မ)ကို မကြည်ဖြူတော့ဘဲ ဘာမှယူသွား ခွင့်မပြုရင်တောင် ထိုမျိုးစေ့တွေကို သူ(မ)နဲ့ အတူယူဆောင်သွားပြီး အပင်ရောင်းစားကာ စားဝတ်နေရေး ဖြေရှင်းလို့ရသည်။

အရင်ဘဝက အစ်ကိုကြီးရဲ့စောင့်ရှောက်မှုအောက်မှာ နေခဲ့ရသည့် သူ့ဘဝက ယခုထက် ပိုသက်သောင့်သက်သာရှိပြီး ပူပင်သောကကင်းသည်။ ယွီရှန်းက နှာခေါင်းလေး ချဥ်စူးသွားကာ ရင်ထဲကနေ ကြိတ်အော်လေသည်။ အစ်ကိုကြီး ဘယ်မှာလဲ ရှန်အား ဒီဒုက္ခတွေကို တစ်ယောက်တည်း သည်းမခံနိုင်ဘူး။

“ဘာဖြစ်တာလဲ၊ မှန်ကြည့်ရင်း ငိုတော့မလိုဖြစ်နေပြီ၊ ငါတို့ရဲ့ ရှန်းအာလေးက ဒီလောက်မပျော့ညံ့ပါဘူး”

ယွီဖင်ယန်က သူ(မ)နောက်ကနေ ပေါ်ထွက်လာပြီး နှုတ်ခေါင်းထောင့်စွန်းတွေ ကော့တက်ကာ စနောက်နေပေမယ့် ရင်ထဲမှာတော့ နာကျင်နေရသည်။

ယွီရှန်း အကူအညီမဲ့ကာ အလွန်သောက ရောက်နေသည့်ပုံကို မမြင်ဖူးတာကြောင့် သူ့နှလုံးသားက စိတ်မကောင်းခြင်း လှိုင်းလုံးကြီး လိမ့်တက်လာကာ သူ့ကို မွန်းကြပ်စေလောက်တဲ့အထိ ခံစားနေရသည်။

ယွီရှန်းက မျက်နှာကို ပွတ်သုတ်ပစ်ကာ ပြောလေသည်

“ဘယ်မျက်လုံးတွေနဲ့ ငိုနေတာကို မြင်လိုက်တာလဲ၊ မငိုပါဘူးနော်”

“ဟုတ်ပါပြီ အစ်ကိုကြီးမှားတာပါ”

ယွီဖင်ယန်က မချိပြုံး ပြုံးလိုက်လေသည်။ ယွီရှန်းကို ဝှီးချဲထဲက သယ်ထုတ်ကာ ပြတင်းပေါက်နားက သလွန်ထက်တွင် တင်ပေးလိုက်ပြီး ခြံထဲက ပန်းပင်တွေရဲ့အလှကို ကြည့်ရှုလို့ရအောင်လို့ ပြတင်းပေါက်ဖွင့်လိုက်လေသည်။

နွေရာသီက ကုန်ဆုံးတော့မယ်ဆိုပေမယ့် နေကတော့ ခြစ်ခြစ်တောက်ပူနေဆဲ ဖြစ်သည်။ ခြံထဲမှာ ခေါင်ရမ်းပင်များစွာ ရှိနေပြီး အပန်းရောင်ပန်းတွေက ပျားတွေ လိပ်ပြာတွေကို ဆွဲဆောင်နေတာကြောင့် ခြံထဲမှာ ပျံဝဲနေကြသည်။ ထိုမြင်ကွင်းလေးက ယွီရှန်းရဲ့ စိတ်အခြေအနေကို ကောင်းမွန်သွားစေခဲ့သည်။ သူ(မ)က ကိုယ်ခန္ဓာကို ပြတင်းပေါက်နား မှီလိုက်ပြီး လိပ်ပြာလေးတွေ ပျံဝဲနေတာကို လိုက်ကြည့်နေလိုက်သည်။

ယွီဖင်ယန်က သူ(မ)ရဲ့ စကားပြောသည့် မျက်ဝန်းတွေကို ကြည့်ရတာ ကြိုက်နှစ်သက်သည်။ ယွီဖင်ယန်က ဘွတ်ဖိနပ်ကိုချွတ်ပြီး သလွန်ထက်ထိုင်ကာ ကိုယ်တစ်ဝက်မှီထိုင်နေသည့် ယွီရှန်းကို ဖက်ထားလိုက်သည်။ မောင်နှမ၂ယောက်မှာ တစ်ယောက်က ခြံထဲက အလှတရားကိုခံစားနေပြီး နောက်တစ်ယောက်က သူ့ဘေးကလူကို သဘောကျစွာကြည့်ရင်း အချင်းချင်း ပျော်ရွှင်စွာ အဖော်ပြုနေကြသည်။

အခန်းထဲမှာ ရေခဲထည့်ထားသည့် ဇလုံတစ်ခု ထည့်ထားသော်လည်း ဖြတ်သွားသည့်လေက အပူငွေ့ကို သယ်ဆောင်လာဆဲဖြစ်သည်။ ယွီရှန်းရဲ့ နှာခေါင်းထိပ်လေးမှာ ချွေးတွေ စို့နေပြီး လေထုက ကြာပန်းနံ့လေး သယ်ဆောင်ထားလေသည်။

ယွီဖင်ယန်က ထိုအနံ့က သူ့ညီမလေးဖြစ်သူဆီက ရတယ်ထင်လို့ အနားကပ်ကာ လည်ပင်းနား မေးကပ်ပြီး ရှူရှိုက်လိုက်ကာ ပြန်ဖယ်ခွာဖို့ တွန့်ဆုတ်နေလေသည်။

ယွီရှန်းက ယွီဖင်ယန်ကို အရမ်းလေးတယ်လို့ မထင်တာကြောင့် သူ(မ)က ခေါင်းစောင်းကာ မျက်လုံး မှေးကြည့်လိုက်သည်။ မောင်နှမ၂ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာရယ်နေကြသည်။ လိပ်ပြာလေး၁ကောင်က သူတို့ခေါင်းထက်မှာ ပျံဝဲနေပြီး ယွီရှန်းရဲ့ နှာခေါင်းထိပ်လေးမှာ နားခိုလိုက်လေသည်။

ယွီရှန်း မဖမ်းမိခင်မှာဘဲ လိပ်ပြာလေးက ပျံပြေးသွားလေသည်။ လိပ်ပြာတောင်ပံခတ်သွားတာက ယွီရှန်းကို အကြိမ်များစွာ နှာချေစေခဲ့မိသည်။ ယွီဖင်ယန်က ရယ်မောက သူ့ညီမရဲ့ နှာခေါင်းကိုပွတ်ပေးပြီး မေးလေသည်

“လိပ်ပြာဖမ်းချင်လား အစ်ကိုကြီး တွန်းပို့ပေးမယ်”

အခုခေတ်ဝှီးချဲက သစ်သားတွေဖြင့် လုပ်ထားကာ တာယာဘီး မဟုတ်တာကြောင့် တစ်ယောက်တည်းတွန်းလို့ မနိုင်ပေ။ အားကောင်းမောင်းသန် အစေခံ၂ယောက် ပြိုင်တူတွန်းမှ ရွေ့တာကြောင့် သူ(မ)က အဝေးကြီးကို သွားလေ့သိပ်မရှိဘဲ ခြံထဲမှာသာ အချိန်ကုန်ဆုံးလေ့ရှိသည်။ ယွီဖင်ယန်က ငယ်ငယ်ကတည်းက တိုက်ခိုက်စွမ်းရည် သင်ယူခဲ့သည်။ အခု အသက်၁၆သာရှိသေးပေမယ့် အရပ်က ၇ပေမြင့်ကာ ပုခုံးကျယ်ကျယ်နှင့် တောင့်တင်းခိုင်မာသည့် ကိုယ်ထည်ကို ပိုင်ဆိုင်ထားလေသည်။ ဝှီးချဲပေါ်မှာ ယွီရှန်းထိုင်နေသည့် အလေးချိန်ကတော့ သူ့အတွက်တော့ စာဖွဲ့စရာတောင်မလိုဘဲ အေးဆေးလေး မ နိုင်သည်။

ယွီရှန်းရဲ့ ဒူးအောက်ကို လက်လျှိုကာ ပွေ့ချီဖို့ပြင်နေသည့် ယွီဖင်ယန်ရဲ့လက်ကို သူ(မ)က ရိုက်လိုက်ပြီး

“ဒီလောက် ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လိပ်ပြာဖမ်းခိုင်းနေသေးတယ် နေအကင်ခံရပြီး သေအောင်လို့လား မသွားပါဘူး”

သူ(မ)က အခန်းဘေးကို မျက်လုံးရွေ့လိုက်ကာ

“ချိန်းဖငနဲ့ ချိန်းရှီ ငါ့အတွက် လိပ်ပြာလေးတွေ ဖမ်းလာပေးပါဦး”

ယွီဖင်ယန်က ရယ်မောကာ ယွီရှန်းရဲ့ နှာခေါင်းထိပ်ကို ညှစ်လိုက်ပြီး အဆိုးလေး ဟုပြောလေသည်။ ရှန်းအာသာ ပျော်ရမယ်ဆိုရင် သူများတွေ နေအကင်ခံရပြီး သေသွားမယ်ဆိုလည်း ဂရုမစိုက်ပေ။

မှူးမတ်ကြီး ရောက်နေတာသိတော့ ချိန်းဖင်နှင့် ချိန်းရှီက အခန်းထဲဝင်ဖို့ ဆင်ခြေရှာနေလေသည်။ သခင်မလေးက သူတို့ကို သိပ်မခိုင်းတော့ဘဲ ထောင်ဟုန်နှင့်လျိုလွီ့ကိုသာ အခိုင်းများသည်။ သူတို့က အလုပ်လည်းမလုပ်ရဘဲ လစာအလကားရတာကြောင့် အပူအပင်ကင်းစွာ ပျော်ရွှင်နေပြီး ဘေးအခန်းထဲတွင် ပုန်းကာ ဖဲကစားလေ့ရှိသည်။

မသွားခင် မှူးမတ်ကြီး လာတာကို စောင့်ဦးမည်ဟု တွေးနေပေမယ့် မှူးမတ်ကြီးက မထင်မှတ်ထားစွာ ပေါ်လာခဲ့သည်။ ထိုအချိန်မှာ ၂ယောက်လုံး အထိပ်ထိပ်အပျာပျာဖြင့် သပ်ရပ်နေအောင် ပြင်လိုက်လေသည်။ ခေါ်သံကြားတော့ ၂ယောက်လုံး တည်ငြိမ်အောင် လုပ်ပြီး အပြုံးဖြင့် ပြန်ဖြေလေသည်။ မျက်နှာကိုလိမ်းခြယ်၊ ပန်းတွေပန်၊ စကပ်ကို သပ်ရပ်နေအောင်ပြင်ပြီး ခြေတစ်လှမ်းကုဋေတစ်သန်းဖြင့် အိန္ဒြေကြီးစွာဖြင့် အမိန့်ကိုနာခံဖို့ ဝင်လာလေသည်။

“ဒီပုလင်းထဲထည့်လိုက်”

ယွီရှန်းက ထောင်ဟုန်ကို ကြည့်လိုက်ေသည်။

ထောင်ဟုန်က ချိန်းဖင်နှင့် ချိန်းရှီကို ဖန်ပုလင်းအကြည်နှင့် ကြိုး၂ချောင်းတပ်အိတ်တွေ ပေးလိုက်သည်။

ချိန်းဖင်နှင့်ချိန်းရှီက နူးညံ့စွာ ပြန်ဖြေခဲ့ပြီး မှူးမတ်ကြီးကို ခိုးကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ထွက်သွားလေသည်။ ၂ယောက်လုံးက လှပသည့်မျက်နှာနှင့် လိပ်ပြာဖမ်းနေသည့် ကနွဲ့ကလျကိုယ်ဟန် အနေအထားကို ပြချင်ပြီး မကြာခဏ ရယ်သံလွင်လွင်လေးလည်းပေးပြီး ဟန်ဆောင်နေလေသည်။

ယွီဖင်ယန်ကို မြှူဆွယ်နေသည့် ၂ယောက်ကို ယွီရှန်းက ပြတင်းပေါက်ကိုမှီကာ ကြည့်ပြီး တဟားဟား ရယ်နေလေသည်။ ဒီမှာ အင်တာနက်မရှိတာမလို့ ယွီရှန်းက ပျော်စရာကို သူ့ဘာသာရှာဖွေနေသည်။

အသက်၂၀ရှိတော့မည် ယွီဖင်ယန်က ထိုအကြောင်းတွေကို သိပြီး သူ့ဦးလေး ဖြစ်သူကလည်း သူ့အဆောင်ကို ညှို့ဓာတ်များသည့် အစေခံမလေးတွေကို ပို့ပေးခဲ့သည်။ မြှူဆွယ်မှုမျိုးစုံကို ကြုံခဲ့တာကြောင့် ရင်ထဲက ရွံရှာနေပေမယ့် ယွီရှန်းက ရယ်နေတာမလို့ သူလည်း မတတ်နိုင်ဘဲ လွှတ်ထားရလေသည်။

ချိန်းဖင်နှင့်ချိန်းရှီက ကိုယ်ဟန်အနေအထားကိုပဲ အာရုံစိုက်နေပြီး လိပ်ပြာဖမ်းဖို့ အာရုံမရှိပေ။ တစ်ကောင် ဖမ်းမိသွားခဲ့ရင်တောင် မသိမသာ ပြန်လွှတ်ပေးကာ မှူးမတ်ကြီး သူတို့ကို ပိုကြည့်အောင် အချိန်ဆွဲနေကြသည်။ သို့ပေမယ့်လည်း ပူပြင်းသည့် နေရောင်အောက်မှာ ဘယ်သူမှ ကြာကြာမရပ်နိုင်ဘဲ ချွေးတွေထွက်ကာ ဆံပင်တွေ ကပ်ကုန်ပြီး ချွေးတွေက မျက်နှာကိုစီးကျကာ မိတ်ကပ်တွေပါ ပျက်ကုန်ပြီး ချစ်စရာတစ်စက်မှ မရှိပေ။

ချွေးသုတ်လိုက်တော့ လက်ဖဝါးမှာပါလာသည့် ဖြူဖြူနီနီတွေကို ကြည့်ကာ လန့်သွားလေသည်။ လိပ်ပြာတွေကို အမြန်လေးဖမ်းကာ ပုလင်းထဲ ထည့်ပိတ်လိုက်လေသည်။ ဖန်ပုလင်းကို ပြတင်းပေါက်ဘောင်ပေါ် တင်ပေးလိုက်ပြီး သခင်မလေး သူတို့ကို ထွက်သွားခိုင်းဖို့ စောင့်မျှော်နေကြလေသည်။

ယွီရှန်းက ပုလင်းအဖုံးကို ဖွင့်ပြီး လိပ်ပြာတွေကို လွှတ်ပေးလိုက်ကာ ပြုံးရင်း ပြောလေသည်။

“ထပ်သွားဖမ်းလာဦး ပျော်ဖို့ကောင်းတယ်”

‘စောက်ရူးမ ငါတို့ကို တမင်လုပ်နေတာ’ ချိန်းဖင်နှင့်ချိန်းရှီက ဒေါသတွေထွက်နေပေမယ့် မျက်နှာမှာတော့ မဖော်ပြခဲ့ပေ။ မျက်လုံးထောင့်ကနေ မျက်ရည်ကို ညှစ်ထုတ်ကာ မှူးမတ်ကြီးကို သနားချင်စဖွယ် ကြည့်လိုက်လေသည်။

ယွီဖင်ယန်က လက်တစ်ဖက်ဖြင့် အရယ်သန်နေသည့် ယွီရှန်းပြတင်းပေါက်အပြင်ကို ပြုတ်မကျအောင် ခါးကို ကိုင်ထိန်းထားပေးပြီး လက်တစ်ဖက်က ခရီးသွားမှတ်တမ်းကို ကိုင်ကာ ဖတ်နေပြီး ထို၂ယောက်ကို အာရုံစိုက်မနေပေ။

“ဘာလဲ ငါက နင်တို့၂ယောက်လုံးကို အမိန့်ပေးလို့ မရဘူးလား”

ယွီရှန်းမျက်နှာထက်က အပြုံးက ချက်ချင်း မှေးမှိန်သွားလေသည်။

“မလုပ်ရဲပါဘူး အခုပဲသွားလိုက်ပါ့မယ်”

ငိုယိုကာ ပြန်ဖြေပြီး အရှုံးမပေးသေးဘဲ မှူးမတ်ကြီးကို ကြည့်လိုက်တော့ သူတို့ကို ပေါက်ထွက်မတတ် ခက်ထန်အေးစက်စွာ ကြည့်နေသည့် အကြည့်ကို တွေ့လိုက်ရလေသည်။

ယွီရှန်းက သူတို့၂ယောက်ကို ထပ်ဆူပူမည့်အချိန်မှာပဲ တံခါးကနေ နားဝင်ချိုသည့် အသံတစ်သံကို ကြားလိုက်လေသည်

“ဒီလောက်ပူပြင်းတဲ့ နေရောင်အောက်မှာ တစ်ခါသွားပြီးပြီပဲ အစေခံတွေကို လွှတ်ပေးလိုက်ဖို့ အစ်မကပဲ တောင်းဆိုပါတယ်”

ယွီရှန်းက လည်ပင်းဆန့်ထုတ်ကြည့်လိုက်တော့ ယွီစီးယွီ့ လာနေတာကို တွေ့လိုက်လေသည်။ ကျက်သရေရှိသည့် မျက်နှာလေးဖြင့် ရောင်ခြည်တွေ ဖြာထွက်နေလေသည်။ ယွီရှန်းက လက်ခါယမ်းကာ သရော်လေသည်။

“သူများဆင်းရဲဒုက္ခရောက်တာကို ကြည့်ပြီး ကိုယ့်ပျော်ရွှင်မှုကို ရှာနေတာလေ အစ်မ အရေးလား၊ အစ်မ ရပ်ကြည့်မနေနိုင်ရင်လည်း အဖွားဆီကနေ သူတို့အတွက် ခွင့်တောင်းပေးလိုက်လေ”

သူများ ဆင်းရဲဒုက္ခရောက်တာ ကြည့်ပြီး ကိုယ့်ပျော်ရွှင်မှုကိုယ် ရှာတာ ဟူသောစကားက တကယ် အကျိုးအကြောင်း မသင့်ပေမယ့် ပျော်ရွှင်မှုထက် ရှန်းအာ ကိုယ်တစ်ပိုင်း သေခဲ့တာက ပိုပြီး ဒုက္ခကြီးသည်။ ယွီရှန်းက အပြင်ပန်းသာ ပြုံးရယ်နေပေမယ့် နောက်ကွယ်မှာဆိုရင် ငိုနေတတ်တာမလို့ ယွီဖင်ယန်က ရှန်းအာရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီး ထာဝရရယ်မောနိုင်လုပ်ပေးပြီး နေ့တိုင်း ပိုသန်မာလာစေချင်သည်။

ဒီနည်းက ရှန်းအာကိုသာ ပျော်ရွှင်စေမယ်ဆိုရင် ရှန်းအာ အကျင့်ပုတ်ပြီး ဗိုလ်ကျနေလဲ ဘာအရေးလဲ။ ယွီဖင်ယန်က ရှန်းအာကိုမတားဘဲ အစွမ်းကုန်အလိုလိုက်ကာ ဆန္ဒတွေ ဖြည့်ဆည်းပေးချင်သည်။

လူငယ်လေးက နူးညံ့စွာပြုံးရင်း ရှုပ်ပွနေသည့် ဆံပင်တွေကို နားအနောက်ကို သပ်တင်ပေးလိုက်လေသည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset