TYCDTN
Chpater 11
ယွီဖင်ယန် အိမ်ရှေ့စံရဲ့အဆောင်တော်ကိုဝင်သွားတော့ အဝင်တံခါးနားမှာ ယွီဝန်ထောင်းက ဝန်းကြီးအိုတွေတစ်အုပ်နှင့် ဒူးထောက်ကာ ဆွဲငင်ပြီး ငိုကြွေးနေတာကို တွေ့လိုက်လေသည်။ နေက ပူပြင်းနေသော်လည်း အဆောင်အတွင်းက လေထုက စိတ်အားငယ်မှုတွေနှင့် ပြည့်နေလေသည်။
အိမ်ရှေ့စံက အချင်းရောအဆင်းပါ ပြည့်စုံသည့် ဖိဖုရားခေါင်ကြီး၏ သားအကြီးဆုံးဖြစ်သည်။ အထိအခိုက်ခံလို့မရဘဲ နောင်အချိန်ကျရင် ဧကရာဇ်ရာထူးကိုဆက်ဆံမည့်လူဖြစ်ပေမယ့် အခုတော့ ဘုရင့်အမိန့်အရ ပထမဆုံး တာဝန်ထမ်းဆောင်ပြီးပြန်လာတော့ ပုလိပ်ရောဂါ ကပ်စွဲခဲ့လေသည်။ ဘုရင်ကြီးရဲ့အိမ်ရှေ့စံအပေါ်ကိုထားသည့် ချစ်ခင်ကြင်နာမှုအရ အိမ်ရှေ့စံရဲ့ ရောဂါပျောက်ကင်းအောင် အစွမ်းကုန် ကုသပေးခဲ့ပြီးလောက်ပြီဖြစ်သည်။
ပူပြင်းနေသည့် နေရောင်အောက်မှာ လေတိုက်ခတ်သွားတော့ ဝန်ကြီးအိုကြီးတွေက အရိုးထဲကစိမ့်သွားသလို တုန်ယင်သွားကြလေသည်။ ချည်းကပ်လာနေသည့် ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ မျက်လုံးတွေက တောက်ပသွားလေသည်။
မှူးမတ်ကြီး။ သူ့ညီမအတွက် အစွမ်းရှိဆေးဆရာ သွားရှာတဲ့ မှူးမတ်ကြီးကို ဘယ်လိုလုပ် မေ့နေရတာလဲ။ ဒါက တကယ့်ကို ကောင်းကင်ဘုံက ကောင်းချီမင်္ဂလာပဲ။
“မှူးမတ်ကြီး အစွမ်းရှိဆေးဆရာ..”
ယွီဝန်ထောင်းက ယိုင်တိုင်တိုင်ဖြင့် ထလိုက်လေသည်။ သူ့စကားမဆုံးသေးခင်မှာပဲ အေးတိအေးစက်နှင့် လူငယ်လေးက လူအိုကြီးတစ်ယောက်ကို ဦးဆောင်ကာအခန်းထဲဝင်သွားပြီး တံခါးကိုတင်းတင်းပိတ်ကာ ယုံကြည်မျှော်လင့်နေသည့် မျက်လုံးတွေရဲ့ အမြင်ကို တားဆီးလိုက်လေသည်။
အိမ်ရှေ့စံကို အပြင်လေနှင့်မထိအောင် ပြတင်းပေါက်တွေ အကုန်ပိတ်ထားပြီး လိုက်ကာတွေနှင့်ပါ ကာထားတာကြောင့် အခန်းအတွင်းက အလွန်မှေးမှိန်နေသည်။ အနားကပ်လိုက်တော့ ဆိုးရွားသည့် အနံ့ဆိုးကသိသာလာကာ ကျန်းမာနေသည့်လူကိုတောင် နေထိုင်မကောင်းဖြစ်သွားအောင် ထိုအနံ့ဆိုးက လုပ်နိုင်သည်။
ယွီဖင်ယန်က သတိမပြုဘဲ အခြေအနေကိုသိရအောင် ရှေ့ကိုလျှောက်သွားလိုက်သည်။
လဝက်အတွင်း အိမ်ရှေ့စံက ပိန်လှီက အရိုးပေါ်အရေတင်သာ ကျန်တော့သည်။ ပိတ်ထားသည့် မျက်လုံး၂လုံးက အဝါရောင်မျက်ချေးတွေနဲ့ ပြည့်လျှံနေကာ ရှူထုတ်လိုက်သည့်လေကလည်း တော်တော်နံဟောင်နေသည်။ အိမ်ရှေ့စံရဲ့ လည်ပင်းက ခွေးခုန်နှုန်းခပ်ဖျော့ဖျော့ကိုသာ မမြင်ရပါက လူတိုင်း သေသွားပြီဟု ထင်မှတ်နိုင်သည်။
“ဆေးဆရာကြီးဖူ ကျေးဇူးပြုပြီး အိမ်ရှေ့စံကို ကုသပေးပါ”
ယွီဖင်ယန်က လက်၂ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ အရိုအသေပေးပြီး လေးလေးနက်နက်တောင်းဆိုလေသည်။
ထိုလူအိုကြီးက မှူးမတ်ကြီး ဖိတ်ခေါ်လာသည့် အစွမ်းရှိဆေးဆရာဟု လိုင်စွင့်က ခန့်မှန်းလိုက်သည်။ ထိုအချင်းအရာကိုတွေ့တော့ သူက ဒူးထောက်ကာ မရမက တောင်းပန်တော့သည်။ ဒီလို ထူးခြားသည့်လူကို တွန်းအားပေးလို့မရတာ သူသိသည်။ အာဏာအစွမ်းတွေသုံးကာ အိမ်ရှေ့စံကို ကုသခိုင်းပါက သေတွင်းကိုတူးတာနှင့်တူသည်။
လူအိုကြီးက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလျက်ပြောလေသည်
“ယွီဖင်ယန် မင်းသေချာတွေးနော်၊ ငါမင်းကို လူတစ်ယောက်ကိုပဲ ကုပေးမယ်လို့ သဘောတူခဲ့တာ၊ ငါ အိမ်ရှေ့စံကို ကုသပေးလိုက်ပြီးရင် မင်းရဲ့ညီမကို မကုသပေးတော့ဘူးနော်”
လိုင်စွင့်က မှူးမတ်ကြီးကို မျက်ရည်များဖြင့် ကြည့်လိုက်လေသည်။
ယွီဖင်ယန်က အမူအရာ ကင်းမဲ့နေပေမယ့် အင်္ကျီလက်ထဲမှာတော့ လက်သီးကို တင်းတင်းဆုတ်ထားလေသည်။ ဘယ်သူက ပိုအရေးကြီးလဲ အိမ်ရှေ့စံလား ရှန်းအာလား။ အခု သေရေးရှင်ရေးအခြေအနေရောက်နေတဲ့ အိမ်ရှေ့စံကို ကယ်ရမှာဖြစ်ပေမယ့် ရှန်းအားရဲ့ အခြေအနေကလည်း အချိန်ဆွဲထားလို့မဖြစ်ဘူး။
ယွီဖင်ယန်က မျက်လုံးမှိတ်ကာ လက်သီးတင်းတင်းဆုပ်ပြီး ပြောလေသည်
“အစွမ်းရှိဆေးဆရာကြီးဖူ အိမ်ရှေ့စံကို ကုသပေးဖို့ပဲ တောင်းဆိုပါတယ်”
လူအိုကြီးက ရယ်ကာခနဲ့တဲ့တဲ့ပြောလေသည်။
“မင်းက သံယောဇဥ်ကြီးပြီး ဖြောင့်မတ်တဲ့လူလို့ ငါထင်ခဲ့တာ ဒါပေမဲ့ နောက်ဆုံးတော့ မင်းကအာဏာ အဆင့်အတန်းအတွက် မိသားစုကို စွန့်ပစ်တဲ့လူစားပဲ၊ ဒါဆိုလည်း အိမ်ရှေ့စံကိုပဲ အစားထိုးကုပေးလိုက်မယ်”
ယွီဖင်ယန်က အေးစက်စွာ ပြန်ဖြေလေသည်။
“အစွမ်းရှိဆေးဆရာကြီးဖူ စိတ်ကိုဆွပေးနေဖို့ မလိုပါဘူး၊ အိမ်ရှေ့စံက ဒီနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ့်သူ ကျွန်တော်ကသူ့ကို သစ္စာခံထားတဲ့လူပဲ၊ ကျွန်တော်နဲ့ အိမ်ရှေ့စံက ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး မိသားစုဝင်ထက် မလျော့ပါဘူး၊ အခု သူ့ကိုကယ်ဖို့ရွေးခဲ့တာက သူက သေရေးရှင်ရေး အခြေအနေမှာရှိနေပြီး ကျွန်တော့်ညီမလေးကတော့ အသက်အန္တရာယ်မစိုးရိမ်ရလို့ပါ၊ အရေးကြီးရင်လည်း အစွမ်းရှိဆေးဆရာကြီး ဖူ မရှိတော့ရင်တောင် အစွမ်းရှိဆေးဆရာကြီးဝမ်နဲ့ အစွမ်းရှိဆေးဆရာကြီး ကျောင်း ကိုရှာပြီး ကုလို့ရပါတယ်”
သူ့တုံ့ပြန်မှုကြောင့် လူအိုကြီးက အမျက်အချောင်းချောင်းထွက်သွားကာ
“ဒီစကားကိုမှတ်ထား ဒီကမ္ဘာမှာ မင်းညီမကို ကုနိုင်တာဆိုလို့ ဆရာကြီး ခူဝေးနဲ့ငါပဲရှိတယ်၊ ဆရာကြီးက ပင်လယ်ကိုဖြတ်ပြီး စီယမ် (အရင်ကထိုင်းနိုင်ငံကိုခေါ်တဲ့နာမည်) ကိုလွန်ခဲ့တဲ့ ၁၀နှစ်က သွားလိုက်ပြီး သေလားရှင်လားဆိုတာ ဘယ်သူမှမသိဘူး၊ မင်းညီမကို ကုသဖို့ တစ်ယောက်မှ ရှာမတွေ့တဲ့အချိန်ကျမှ ငါ့ကိုလာပြီး မတောင်းပန်နဲ့”
ပြန်လည်ချေပပြီးနောက် လူအိုကြီးက အလွန်ကျေနပ်အားရသွားခဲ့သည်။ လူအိုကြီးက ဆေးအိတ်ကိုယူကာ ရှေ့တိုးသွားပြီး အိမ်ရှေ့စံရဲ့ သွေးခုန်နှုန်းကိုစမ်းပြီးနောက် အော်ပြောလေသည်
“ပြတင်းပေါက်တွေဖွင့်ကြစမ်း အိမ်ရှေ့စံကို မွမ်းပြီးမသေစေချင်ရင် ပြတင်းပေါက်တွေ မြန်မြန်ဖွင့်စမ်း”
အစွမ်းထက်ဆေးဆရာကြီးဖူရဲ့ နာမည်က အလွန်ကျော်ကြားကာ နန်းတော်ထဲမှာပဲ နေထိုင်သည့် လိုင်စွင့်တောင် ကြားဖူးသည်။ လိုင်စွင့်က ချက်ချင်းပင် ပြတင်းပေါက်တွေဖွင့်ကာ အခန်းထဲနေရောင်ဝင်စေပြီး လင်းစေလိုက်သည်။ မနှစ်မြို့ဖွယ် အနံ့ဆိုးကြီးက တဖြည်းဖြည်းပျောက်ကွယ်သွားကာ လူတိုင်း လန်းဆန်းသွားလေသည်။
အစွမ်းရှိဆေးဆရာက ရွှေအပ်တွေကိုထုတ်ကာ အိမ်ရှေ့စံ၏လက်ချောင်းထပ်၊ နားထိပ်တွေနှင့် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေကနေ မသန့်ရှင်းသည့် သွေးတွေဖောက်ထုတ်ခဲ့သည်။ စောနကပဲ သေတော့မလိုဖြစ်နေသည့် အိမ်ရှေ့စံက ချောင်းဆိုးကာ အသိစိတ်ပြန်ကပ်လာခဲ့သည်။
သူ့အမြင်တွေက ဝေဝါးနေပေမယ့် ချောမောသည့် ယွီဖင်ယန်ရဲ့ ရုပ်ရည်ကို မမှတ်မိနိုင်စရာ အကြောင်းမရှိပေ။ ဖျော့တော့စွာပြုံးရင်း အိမ်ရှေ့စံက တည်ငြိမ်စွာ ပြောလေသည်
“ယွီဖုန်း (ယွီဖင်ယန်၏နာမည်) မောင်မင်းဒီတစ်ခါလည်း ကိုယ်တော့်ရဲ့အသက်ကို ထပ်ကယ်ခဲ့ပြန်ပြီ”
အစွမ်းရှိဆေးဆရာဖူက အိမ်ရှေ့စံရဲ့ လက်ထိပ်က သွေးတွေကို အဝတ်ဖြင့်သုတ်ပေးကာ မကျေမနပ်ပြောလေသည်
“အရှင့်သား မှူးမတ်ကြီးမှာ ဆေးကုသတတ်တဲ့ ပညာမရှိပါဘူး”
အိမ်ရှေ့စံက နူးညံ့စွာပြုံးရင်း ပြောလေသည်။
“ကိုယ်တော့်အသက်ကို ကယ်ပေးခဲ့တဲ့ အစွမ်းရှိဆေးဆရာကြီးကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်”
အိမ်ရှေ့စံက တစ်ခုခုကို သတိရသွားတော့ သူ့မျက်နှာထက်က အပြုံးတွေပျောက်သွားကာ အလောတကြီး ပြောလေသည်။
“ကိုယ်တော်က ဒီပုလိပ်ရောဂါကို လော့ယန်မှာ ကူးခဲ့တာထင်တယ်၊ ကူးစက်ရောဂါတွေ မပြန့်သွားအောင် လော့ယန်ကို ဆေးမြစ်တွေ မြန်မြန်ပို့လိုက်ကြ”
ယွီဖင်ယန်နှင့် လမ်းခွဲပြီး ဒုတိယနေ့တွင် အိမ်ရှေ့စံက အပြင်းဖျား စဖျားခဲ့သည်။ သာမာန်အအေးမိတာပဲဟု ယူဆကာ ဆေးတွေကိုသောက်ခဲ့သည်။ ပုလိပ်ရောဂါ ကူးခံရတယ်လို့ သဘောပေါက်သည့်အချိန်မှာတော့ သူက သတိမေ့သွားခဲ့သည်။ စိတ်ထဲကတော့ ကပ်ဘေးဒုက္ခကိုခံစားနေရသည့် ဒုက္ခသည်တွေကို ဆေးမြစ်တွေပို့ပေးဖို့ တွေးနေခဲ့သည်။
ကံဆိုးချင်တော့ ယွီဝန်ထောင်းနှင့် တခြားဝန်ကြီးတွေက သူ့စိတ်ကို မဖတ်တတ်ကြပေ။ အိမ်ရှေ့စံ အပြင်းဖျားနေသည့်အချိန်မှာ သူတို့လည်း တခြားကိစ္စတွေ မတွေးနိုင်ခဲ့ပေ။ ထို့ကြောင့် လဝက်လောက်ကြာသည်အထိ လော့ယန်မှာ ဒီရောဂါဘယ်လောက်ထိ ကူးစက်ပြန့်ပွားနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
ယွီဖင်ယန်က အရိုအသေပေးကာ တာဝန်ထမ်းဆောင်ဖို့ ချက်ချင်း ထွက်သွားလေသည်။ အစွမ်းရှိဆေးဆရာကြီးဖူက အိမ်ရှေ့စံရဲ့ အကြင်နာနှင့် တရားမျှတမှု ပြည်သူတွေအပေါ် ကိုယ့်သွေးသားလို ချစ်ခင်သည့်စိတ်ကို တွေ့လိုက်လေသည်။ သူက ဘာမှထုတ်မပြောခဲ့ပေမယ့် တာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့လေသည်။
ယွီဝန်ထောင်းနှင့် ဝန်ကြီးတွေက အပြင်ဖက်မှာ ဒူးထောက်နေဆဲဖြစ်ကာ အိမ်ရှေ့စံရဲ့ အမိန့်ကိုရတော့ ငိုကုန်လေသည်။ အိမ်ရှေ့စံက နာမကျန်းဖြစ်နေတာတောင် ကပ်ဘေးဖြစ်နေတဲ့နယ်က လူတွေကိုစိုးရိမ်နေသေးသည်။ သူရဲ့ တရားမျှတမှု ချစ်ခင်မှုက ဟန်ဆောင်တာမဟုတ်ဘဲ အရိုးထဲထိစွဲနေကာ ဒီလိုအိမ်ရှေ့စံကို ပိုင်ဆိုင်ထားရခြင်းက ဟန်မင်းဆက်၏ ကံကောင်းခြင်းလာဘ်တစ်ပါးဖြစ်သည်။
ဝန်ကြီးတွေက အိမ်ရှေ့စံကို အော်ဟစ်ချီးမွမ်းကာ အရိုအသေ၃ခါပေးပြီးနောက် တာဝန်ထမ်းဆောင်ရန် ထွက်သွားလေသည်။ အိမ်ရှေ့စံကလည်း မြို့တော်ကိုပြန်ရောက်တော့ ရှင်ဘုရင်ကို အသေးစိတ်တင်ပြခဲ့တာကြောင့် ရှင်ဘုရင်လည်း အိမ်ရှေ့စံကို အလွန်ကျေနပ်နေသည်။ မှူးမတ်ကြီးရဲ့ ဆုံးဖြတ်ချက်ကလည်း မှန်ကန်တိကျပြတ်သားခဲ့တာကြောင့် ဆယ်ကျော်သက်မှူးမတ်ကြီး ယွီဖင်ယန်က အိမ်ရှေ့စံ၏ ညာလက်ရုံးဖြစ်ထိုက်လေသည်။
ဒီကိစ္စတွေကို နောက်မှပြန်ပြောပြဖြစ်ခဲ့သည်။
အစွမ်းရှိဆေးဆရာကြီးဖူက ဝိညာဉ်တည်ငြိမ်ခြင်း အပ်စိုက်ကုထုံးဖြင့် အိမ်ရှေ့စံကို သေဘေးကနေကယ်ခဲ့သည်။ အိမ်ရှေ့စံသောက်ဖို့ အစွမ်းထက်ဆေးတွေလဲ ညွှန်ပေးခဲ့ပြီး နီရဲနေသည့် မျက်လုံးတွေက ချက်ချင်း ကြည်ရှင်းသွားခဲ့သည်။ ကုသမှုပြီးဆုံးသွားတော့ အစွမ်းရှိဆေးဆရာလည်း သူအိပ်ဖို့ ထွက်သွားလေသည်။
အိမ်ရှေ့စံက အိပ်ရာထက်မှာ ၁၀ရက်ကျော်လောက် နားခဲ့ရသည်။ သူက အိပ်ရာထက်မှာ ထပ်မနေနိုင်တာကြောင့် သူသတိမေ့နေတုန်းဖြစ်ခံသည့် အကြောင်းတွေကို လိုင်စွင့်ကို မေးမြန်းလေသည်။ လိုင်စွင့်က အကုန်လုံးအသေးစိတ်ပြောပြခဲ့ပြီး ခဏလောက်တုံ့ဆိုင်းနေကာ
“အရှင့်သား ထပ်နိုးထလာနိုင်တာ မှူးမတ်ကြီးလေးကို တကယ်ကျေးဇူးတင်ရမယ်.. “
ထို့နောက် မှူးမတ်ကြီးနှင့် အစွမ်းရှိဆေးဆရာကြားက ကိစ္စတွေကို ထပ်ပြောပြလိုက်သည်။
အိမ်ရှေ့စံက အလွန်စိတ်လှုပ်ရှားသွားပြီး သက်ပြင်းရှိုက်ကာ
“ကိုယ်တော့်အသက်ကို ယီဖုန်းရဲ့ညီမလေး ခြေထောက်နဲ့ အလဲအထပ်လုပ်ခဲ့တာပဲ တကယ်ပဲ ရှက်ရွံ့မိတယ်”
လိုင်စွင့်ကလည်း နှစ်သိမ့်လေသည်
“အရှင့်သား အရမ်းမတွေးပါနဲ့၊ တစ်နေ့ကျတော့ မိန်းကလေးယွီအတွက် ဆေးဆရာကောင်း တစ်ယောက် ရှာပေးကြတာပေါ့”
မိန်းကလေးယွီရဲ့ခြေထောက်က အရှင့်သားရဲ့အသက်နဲ့လဲခဲ့တာကြောင့် တကယ့်အဖိုးတန် ခြေထောက်ဟု သူ့စိတ်ထဲက တွေးလိုက်သည်။ ဒီတစ်ခါနှောင့်နှေးသွားတာက အနာဂတ်မှာ ထိုလူ၂ယောက်ဆီကအကူအညီဖြင့် တစ်ဘဝလုံး အေးဆေးနေနိုင်မည်ဟု ပြောလို့ရသည်။
ယွီဖင်ယန်က ဆေးမြစ်တွေနှင့် ဆေးဝန်ထမ်းတွေ အများအပြားထောက်ပံ့ပေးခဲ့သည်။ သူက နောက်တစ်နေ့ မနက်စောစောပဲ ကူးစက်ရောဂါဖြစ်နေသည့် နယ်မြေကို အလျင်စလိုသွားခဲ့သည်။ သူကလှည်းတွေကို ဦးဆောင်ကာထွက်တော့မည့်အချိန်မှာ အစောင့်တွေက ကလေးမလေး၁ယောက်ကို တားထားတာကို တွေ့လိုက်လေသည်။
ကလေးမလေးက တော်တော်လေးလှပကာ ရယ်လိုက်ပါက ပါး၂ဖက်မှာ ပါးချိုင်းလေးပါတာကြောင့် အလွန်လည်း ချစ်စဖွယ်ကောင်းလှသည်။ ကလေးမလေးက ချစ်ဖို့အရမ်းကောင်းတာကြောင့် အစောင့်တွေက ကလေးမလေးကို အကြမ်းပတမ်းမလုပ်ဘဲ နူးညံ့စွာသာပြောဆိုကာ ပြန်ခိုင်းလေသည်။
“သမီးရဲ့ ဆေးပင်တွေက အရမ်းအသုံးဝင်တာပါ၊ ဒါစားပြီးတာနဲ့နောက်နေ့ဆို တန်းပျောက်သွားမှာ၊ စားကြည့်လိုက်ဦး”
ကလေမလေးက စက္ကူစည်းလေးကို မြှောက်ပြလေသည်။
အစောင့်တွေကလည်း ကောင်မလေးကို နှင်ထုတ်လို့မရသည့်အပြင် ကူးစက်သူတွေကလည်း ရှိနေဆဲမို့လိုအပ်ရင် သူတို့အတွက်လည်း အသုံးဝင်အောင် မလွဲသာမရှောင်သာ လက်ခံလိုက်ရလေသည်။ သံသယရှိသည့်ပစ္စည်းတွေကိုတော့ အိမ်ရှေ့စံကို မဆက်သရဲပေ။
ကလေးမလေးက သူ့အတွေးကိုသိသည့်ဟန်ဖြင့် ပြုံးကာပြောလေသည်
“ဒီဆေးကိုကျိုရတာ နည်းနည်းရှုပ်တယ်၊ သေချာမကျိုရင် ဆေးအာနိသင်တွေ ပျောက်သွားလိမ့်မယ်၊ အထဲဝင်ခွင့်ပြုရင် သမီး ကူညီပြီးကျိုပေးပါ့မယ်”
အစောင့်က စကားပြန်မပြောရသေးခင် အနောက်ကနေ အေးစက်သည့်အသံကို ကြားလိုက်လေသည်။
“ဒီပုံစံနဲ့ ရုံးတော်ကိုကာကွယ်နေတာလား၊ ဘယ်ကမှန်းမသိတဲ့ဆေးကိုလည်း လက်ခံနေသေးတယ်၊ ဒါသာ အဆိပ်ဆိုရင် မင်း အကြိမ်၁သိန်းလောက်သေတာတောင် အပြစ်မကျေသေးဘူး”
အစောင့်တွေရဲ့ ခြေထောက်က ပျော့ခွေသွားကာ ချက်ချင်းဒူးထောက်ကျသွားလေသည်။ အရှေ့မှာ ရပ်နေသည့် မှူးမတ်ကြီးကို အရိုအသေ ပေးလိုက်လေသည်။ ဒီမှူးမတ်က အသက်၁၆သာရှိသေးသော်လည်း ဆွေးမျိုးတွေကိုတောင် မညှာတာခဲ့သည့်အကြင်နာမဲ့သည့် မှူးမတ်အဖြစ် နာမည်ကြီးသည်။ ဆန့်ကျင်တဲ့လူက အဖမ်းခံရပြီး အသတ်ခံခဲ့ရသည်။ မှူးမတ်ကြီးရဲ့စကားက ကျိုးကြောင်းသင့်ပြီး မှန်ကန်တာကြောင့် ဘယ်သူမှ မချေပနိုင်ပေ။ ကလေးမလေးက အလွန်ချစ်ဖို့ကောင်းတာကြောင့် သတိကို လျော့ချလိုက်မိခဲ့သည်။ တကယ်လို့ သူသာ တစ်ယောက်ယောက်ပို့လိုက်သည့် လုပ်ကြံသူဆိုပါက ကပ်ဘေးဆိုက်နိုင်သည်။
တွေးလေလေ ပိုကြောက်သွားခဲ့သည်။ အစောင့်က ဓားကိုပစ်ချကာ အလွန်အမင်း ဒူးထောက်ခေါင်းငုံ့ အရိုအသေပေးလေသည်။
ကလေးမလေးကလည်း ကြောက်လန့်နေလေသည်။ စောနက အပြုံးချိုချိုလေးက အခုတော့ ကြောက်ရွံ့မှုတွေ ပြည့်နေသည်။ ရွှမ်းစိုနေသော မျက်လုံးကြီးဖြင့် အေးစက်သည့် လူငယ်လေးကို ကြည့်နေလေသည်။
လူငယ်လေးက ကလေးမလေးကို လျစ်လျူရှုကာ အရှေ့တံခါးကို မြင်းစီးထွက်သွားပြီး ခပ်တည်တည်အမိန့်ပေးလေသည်
“သူ့ကိုဖမ်းပြီး သေချာစစ်ဆေးလိုက်၊ သံသယရှိစရာရှိမလားလို့ သံအမတ်ကိုတင်ပြပြီး စစ်ဆေးခိုင်းလိုက်၊ အိမ်ရှေ့စံက နေမကောင်းဖြစ်နေတုန်းမလို့ အနှောက်အယှက်သွားမပေးနဲ့”
အမိန့်ပေးပြီးသည်နှင့် သူက တော်တော်လေး အဝေးကိုရောက်သွားပြီဖြစ်သည်။
အစောင့်က ထပ်ခါထပ်ခါ သဘောတူကာ ထရပ်လိုက်သည်။ ထွက်ပြေးဖို့ကြိုးစားနေသည့် ကလေးမလေးကို အမူအရာကင်းမဲ့စွာဖမ်းပြီး ရုံးတော်ရဲ့ မြေအောက်ခန်းမှာ ထည့်ထားလိုက်လေသည်။
ကလေးမလေးက အသံကုန်အော်ဟစ်ကာ ရုန်းကန်လေသည်။ ရုန်းကန်နေရင်းဖြင့် အင်္ကျီအစလေးလှန်သွားကာ ခါးမှာ သစ်ခွပန်းပုံအမှတ်လေးပေါ်သွားလေသည်။
ကလေးမလေးက မိဘတွေ လာမထုတ်ခင်အထိ ၄နာရီ အကျည်းချခံလိုက်ရသည်။ စစ်ဆေးချက်အရ သူတို့မိသားစုနောက်ခံက အစွန်းအထင်းမရှိတာကြောင့် သူတို့ပိုင်ဆိုင်မှု ၇၀၊ ၈၀ရာခိုင်နှုန်းဖြင့် ပြန်ရွေးသွားခိုင်းကာ လွှတ်ပေးလိုက်သည်။ ထိုညကပဲ သူတို့ရဲ့ဇာတိ လင်အန်းကို ချက်ချင်းပြန်သွားခဲ့သည်။
ဒီမတော်တဆမှုကကြောင့် မူလက ချမ်းသာကြွယ်ဝသည့် မိသားစုက ယုတ်လျော့သွားခဲ့လေသည်။
၃ရက်ကြာတော့ အိမ်ရှေ့စံက အရှင်းပျောက်ကင်းသွားပြီး မြို့တော်ကိုမပြန်ဘဲ လော့ယန်ကိုသွားခဲ့သည်။ သြဂုတ် အစောပိုင်းမှာ မြို့ထဲမှာ ကပ်ဘေးကို ရှင်းထုတ်နိုင်ခဲ့ပြီး လော့ယန်က ထိုထက်ပိုစောလေသည်။ အိမ်ရှေ့စံပြန်တော့ ပြည်သူပေါင်း၁သောင်းက မျက်ရည်တွေဖြင့် လိုက်ပို့ခဲ့လေသည်။ အိမ်ရှေ့စံရဲ့ ဖြောင့်မတ်မှုနှင့် ကြင်နာမှုက ပျံ့နှံ့သွားပြီး ပြည်သူ့အချစ်များစွာကို သိမ်းပိုက်နိုင်ခဲ့လေသည်။
အိမ်ရှေ့စံရဲ့ လုပ်ဆောင်မှုကို ဘုရင်ကြီးက အလွန်ကျေနပ်သွားကာ လိုက်ပါသွားသည့် ယာဥ်တန်းတွေနှင့် မှူးမတ်ကြီးပါ ဆုတွေတစ်ပြုံးကြီး ချီးမြှင့်ခံခဲ့ရသည်။ အသက်၁၆နှစ်အရွယ် ယွီဖင်ယန်က ‘ထာဝရ ဉာဏ်ထက်မြက်သူပါရမီရှင်’ ဆုချီးမြှင့်ခံခဲ့ရပြီး မှူးမတ်စံအိမ်တော်က ဒီရေလို ကြီးကျယ်တိုးတက်သွားခဲ့သည်။
#####