TYCDTN
Chapter 10
မဒမ်အိုကြီး တော်တော်လေး အဝေးကိုရောက်သွားတော့ ယွီရှန်းက စောင်ထဲကထွက်ကာ ထိုင်လိုက်သည်။ သူ(မ)က ခေါင်းအုံးခုကာ ကိုယ်တစ်ဝက်မှီထိုင်နေသည်။ မနေ့က အိမ်မက်က တကယ်ဖြစ်လာတာပဲ။ ယွီဖင်ယန် ထိပ်လန့်စရာကိစ္စနဲ့ ကြုံခဲ့ပြီး ဘာအန္တရာယ်မှတော့ မဖြစ်ခဲ့ဘူး မဟုတ်ရင် မဒမ်ကြီးက ဒီလိုဖော်ရွေစွာ မေးမြန်းနေမှာ မဟုတ်ပေ။ သူ(မ)ရဲ့ လုံခြုံရေးကိုသာ ကိုယ့်ဘာသာ မသိပေမယ့် ယွီဖင်ယန်ရဲ့ ဘေးကင်းလုံခြုံမှုကိုတော့ မသန်မစွမ်းဖြစ်နေသည့် သူ(မ)ထက် ဘယ်သူမှ မသိနိုင်ပေ။
ယွီရှန်းက စဥ်းစားနေတုန်း အိပ်ရာနားက သစ်သားပြားပေါ် အကြည့်ရောက်သွားကာ အံ့သြသွားပြီး ‘သစ်သားပြားပေါ်မှာ ဘာထွင်းထုထားတာလဲ’။ ပုံပျက်ပန်းပျက် ဇာတ်ကောင်တွေကို ဆေးနီဖြင့် ဆိုးထားသည်။ အနီရောင်ဆေးဆိုးအရုပ်တွေက တိုက်ခိုက်နေသည့်ပုံဖြစ်သည်။ ထိုကဲ့သို့ တူညီသည့် သစ်သားပြားတွေကို ပြတင်းပေါက်နှင့် လမ်းတစ်လျှောက်မှာချိတ်ထားတာ တွေ့ရပြီး အိပ်ရာအောက်မပါမကျန် ထားထားကာ ခြံဝန်းအနှံ့မှာပါ တွေ့ရလေသည်။
ယွီရှန်းရဲ့ မှတ်ဉာဏ်အရဆိုလျှင် ထိုအရာတွေက လင်ရှီရဲ့အစေခံ ကျင်းမောမောနှင့် သီလရှင်အိုတို့ ချိတ်ဆွဲထားခြင်းဖြစ်သည်။ သူတို့ မထွက်သွားခင် ခြံတစ်ခုလုံးကို ခွေးသွေးတစ်ဇလုံဖြင့် ဖြန်းပက်သွားကာ တစ်ခြံလုံး သွေးညှီနံ့တွေ နံဟောင်ကာ ရက်အတော်ကြာမှ ပျောက်သွားခဲ့သည်။
ထောင်ဟုန်က အနားကပ်လာပြီး သူ(မ)သခင်မရဲ့ နောက်ကျောကို ခေါင်းအုံးပျော့လေး သေချာလေး ထိုးသိပ်ပေးလိုက်သည်။ သူ(မ)က သစ်သားပြားကို ကောက်ယူကာ ခဏလောက် ကြည့်လိုက်ပြီးနောက် အသားအရေက ချက်ချင်းပြောင်းသွားလေသည်။
ယွီရှန်းက မျက်ခုံးပင့်ကာ တည်ငြိမ်စွာ ပြောလေသည်။
“အမှန်အတိုင်းပြော ဒါက ပြုသမျှနုရတဲ့ အရုပ်မလား၊ သူများကို ပျက်စီးထိခိုက်အောင် လုပ်တဲ့အရာမလား”
ဒီအစေခံမလေးသာ အမှန်တိုင်းပြောမယ်ဆိုရင် သူက အနာဂတ်မှာ အသုံးဝင်လိမ့်မည်ဟု ယူဆလို့ရသည်။
ထောင်ဟုန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြကာ
“သခင်မလေး ဒါက မကောင်းဆိုးဝါးနှင်တဲ့ အဆောင်ဖြစ်ပြီး ဒီပေါ်မှာ ရေးထားတဲ့စာက…”
သူ(မ)က သူ(မ)ရဲ့ သခင်ကို သတိထားစွာ ကြည့်လိုက်လေသည်။
“ဒီပေါ်မှာ ရေးထားတာက ဝိညာဉ်၇ခု သတ်ခံခဲ့ရပြီး ကိုယ်ခန္ဓာကို မီးရှို့ပြာချခြင်းလား”
ယွီရှန်းက သရော်ကာ တုံ့ပြန်လေသည်။ သူ(မ)က မွေးကတည်းက အကြောသေခဲ့တာမလို့ သူများတွေပြေးလွှားခုန်ပေါက်ဆော့ကစားကာ တောင်တွေမြစ်တွေဆီကို ခရီးသွားနိုင်တာမြင်တိုင်း မကျေမနပ်နှင့် နေ့တိုင်းကို ဒေါသထွက်လွယ်ခဲ့သည်။ အစ်ကိုကြီးရဲ့ အကြံပြုချက်ကြောင့် ဗုဒ္ဓရဲ့တရားတော်က သူ့စိတ်ကို ငြိမ်းချမ်းကာ ပြေလျော့စေခဲ့သည်။
သူက ရှေးဟောင်း ဗုဒ္ဓအယူအဆ ဘုရားစာအုပ်တွေများစွာ ဖတ်ခဲ့ကာ မှတ်သားထားတာကြောင့် ဒီသံကရိုက်စာလုံးတွေက ဘာကြောင့် သူ(မ) အပေါ်သက်ရောက်မည်နည်း။ စစချင်းနိုးလာကတည်းက ဒီသစ်သားပြားတွေကို မြင်ခဲ့ကာ အကုန်လုံးကို မီးရှို့ပစ်ချင်ခဲ့သည်။ အခုတော့ ယွီဖင်ယန်ကို ၂ခါကယ်ခဲ့ပြီးပြီမလို့ မဒမ်အိုကြီးရဲ့အမြင်မှာ ဂြိုလ်ဆိုး ဆိုသည့် သူ(မ)နာမည်ကို ပယ်ဖျောက်ပြီးလောက်ပြီဖြစ်ကာ ဒီသစ်သားပြားတွေကို မီးပုံရှို့ပစ်တာက ပြဿနာမရှိပေ။ မဒမ်အိုကြီး တစ်ခါအော်တာနှင့် လင်ရှီလည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ယွီရှန်းက သစ်သားပြားတွေကို အကုန်ဆွဲချကာ ပစ်ထုတ်ပြီး
“အကုန်လုံးရှာပြီး မီးပုံရှို့ပစ်စမ်း မြန်မြန်သွား”
ဒီသစ်သားပြားတွေက ကြက်သီးထဖွယ် ကောင်းတယ်လို့ ထောင်ဟုန် ခံစားခဲ့ရတာကြောင့် အစောကြီးကတည်းက ရှင်းထုတ်ပစ်ချင်ခဲ့တာ ဖြစ်သည်။ သူ(မ)သခင်ဖြစ်သူရဲ့ စကားကို ကြားတော့ ဝမ်းမြောက်ဝမ်းသာ ပြန်တုံ့ပြန်ကာ ကြိုးစားပန်းစား တာဝန်ကို ထမ်းဆောင်ခဲ့သည်။
သိပ်သည်းသည့် မီးခိုးငွေ့တွေက ခြံထဲကနေ ထွက်လာခဲ့သည်။ ချိန်းဖင်နှင့်ချိန်းရှီကလည်း ထိုမီးခိုးငွေ့တွေကို သတိထားမိသွားကာ အမြန်လေး ပြေးကာ သွားစစ်ဆေးလေသည်။ ထိပ်လန့်တကြားလည်း အော်ဟစ်နေသေသည်
“အား သခင်မကြီးရဲ့ ကာကွယ်ခြင်းအဆောင်တွေကို ဘာလို့ မီးရှို့ပစ်တာလဲ၊ ဒီသစ်သားပြားတွေကို ရွှေ့လို့မရဘူးလို့ သခင်မကြီးက ပြောတယ် မဟုတ်ရင် ကပ်ဘေးဆိုက်လိမ့်မယ်”
ချိန်းဖင်နှင့်ချိန်းရှီက ဒီပစ္စည်းတွေကို လုဖို့ကြိုးစားနေတာကို ထောင်ဟုန်ကတွေ့တော့ အလျင်အမြန် အကုန်လုံးကို မီးထဲထည့်ပစ်ကာ ပြောလေသည်
“သခင်မလေးက မီးရှို့ခွင့်ပေးတာ၊ ဒီသစ်သားပြားတွေက နိမိတ်မကောင်းဘူး၊ ဝေးဝေးရပ်နေ မီးစက စကပ်ကိုစင်ပြီး မီးလောင်လိမ့်မယ်”
ချိန်းဖင်နှင့်ချိန်းရှီက အမြန်ပင် အနောက်ကို ချက်ချင်း ဆုတ်သွားလေသည်။ တစ်ယောက်က သခင်မကြီးကို သတင်းသွားပေးသည့်အချိန်မှာ တစ်ယောက်က အခန်းထဲက သခင်ဖြစ်သူကို အကြံသွားပြုလေသည်။
မာမောမောက သေတ္တာတွေသယ်ထားသည့် အစေခံတွေကို ဦးဆောင်ကာ ခြံထဲဝင်လာတော့ မီးခိုးနံ့တွေ ရလိုက်ပြီး
“ပြင်းလိုက်တဲ့အနံ့ ဘာတွေမီးလောင်နေတာလဲ”
“မာမောမော အချိန်ကိုက်ရောက်လာတာပဲ၊ ကြည့်ပါဦး သူတို့က သခင်မကြီးရဲ့ ကာကွယ်ခြင်း အဆောင်တွေကို မီးရှို့ပစ်နေတယ်၊ သခင်မကြီးမေးလာရင် ကျွန်မ ဘယ်လိုရှင်းပြရမှာလဲဟင်”
ချိန်းရှီက အကြောက်အလန့်မရှိ မျက်ရည်တွေဝဲပြကာ သူ(မ)ဘာသာ သူ(မ) ဒီကိစ္စကနေ လွတ်မြောက်အောင် ကြိုးပမ်းနေလေသည်။
ဘာကာကွယ်ခြင်း အဆောင်လဲ။ ဒါက သူများကို ဒုက္ခရောက်အောင် လုပ်တဲ့အဆောင်ဆိုတာ သိသာနေတာပဲကို။ မာမောမောက လှောင်ပြောင်ကာ လက်ဝေ့ယမ်းပြကာ သဘောမတူပေ။
“သခင်မလေးကို ပေးရှို့လိုက်ပါ၊ သခင်မကြီးမေးရင် မဒမ်ကြီးကို သွားရှာခိုင်းလိုက်”
သခင်မလေးက ဂြိုလ်ဆိုးမဟုတ်ဘဲ ကံကောင်းခြင်းကြယ်ပဲ။ ဒီမကောင်းဆိုးဝါး နှင်တဲ့အဆောင်ကို သုံးရင် ကံကောင်းခြင်းပါ ထိခိုက်ပြီး အချည်းအနှီး ဖြစ်ကုန်လိမ့်မည်။ ဒီအန္တရာယ်ရှိတဲ့အဆောင်က သခင်မလေးရဲ့ ခြေထောက်တွေကို ထိခိုက်သွားစေခဲ့တာ များလား။
မာမောမောက တွေးတောပြီးနောက် လေအေးတွေကို ပါးစပ် ကနေ ရှူသွင်းလိုက်လေသည်။ သူ(မ)က သေတ္တာတွေကို သခင်မလေးရဲ့ အခန်းထဲ ပို့ခိုင်းလိုက်ပြီး သူ(မ)က မဒမ်အိုကြီးဆီ အပြေးအလွှား သွားလေသည်။ လင်ရှီက ရူးနေတာပဲ ဖြစ်မယ်။ သခင်မကြီးက သခင်မလေးက သူရဲ့ သွေးသားအရင်း မဟုတ်တာကို မသိခင်ကတည်းက ကျိန်စာတွေ တိုက်ခဲ့တယ်။ တစ်နေ့ကျရင် မဒမ်ကြီးကို မကျေနပ်ရင်ကော ဒီလိုတုံ့ပြန်မှာလား။ ဒါထက် ဒီပျက်စီးဒုက္ခရောက်စေတဲ့ အဆောင်က ထူးဆန်းပြီး နက်နဲလွန်းတဲ့ ပစ္စည်းပဲ။ ခန့်မှန်းလို့မရ၊ ခြေရာကောက်မရနဲ့ လက်ဆုပ်လက်ကိုင်ပြလို့ မရဘူး ဘယ်သူမှ ဆန့်ကျင်လို့မရဘူး ဒီလိုတွေမဖြစ်ရအောင် မဒမ်ကြီးကို ချက်ချင်း သတိပေးရမယ်။
မာမောမော ဖနောင့်နဲ့တင်ပါး တစ်သားထဲကျအောင် ပြေးထွက်သွားတာကို ယွီရှန်း မြင်လိုက်လေသည်။ သူ(မ)က မျက်လုံးမှေးကျဥ်းကာ နာမည်ကြီး ကဗျာကို ကျေနပ်အားရစွာ ညည်းလိုက်လေသည်။ ခြံထဲမှာ ဒီလိုအောက်လမ်း အတတ်ပညာတွေ သုံးရကောင်းလားဆိုပြီး လင်ရှီကတော့ အရူးအဖြစ် အသတ်မှတ်ခံရလောက်ပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က မဒမ်အိုကြီးက ကိုယ်လုပ်တော်တွေက မွေးသည့် သားတွေကြောင့် စိုးရိမ်ပူပန်နေခဲ့ရကာ လင်ရှီကို စိတ်မဝင်စားနိုင်ခဲ့ပေ။ အခု မဒမ်ကြီးက အေးဆေးစွာ အနားယူနိုင်မှတော့ ဒီကိစ္စကို ဝင်မပါဘဲ နေမှာလား။ ဒါက လူအိုကြီးတွေအတွက် မလုပ်အပ်ဆုံးကိစ္စ ဖြစ်သည်။
ယွီရှန်းက တောက်ပစွာ ပြုံးလိုက်ပြီး ဝင်လာသည့် ထောင်ဟုန်ကို မေးငေါ့ပြကာ
“ဒီသေတ္တာတွေ ဖွင့်ပြပါဦး ဘာတွေလဲလို့ ကြည့်ရအောင်လို့”
“ဟုတ်ကဲ့”
ထောင်ဟုန်က ကြေးမင်းတုံးကို ဖြုတ်ကာ သေတ္တာတွေ ဖွင့်ပြလေသည်။
ယွီရှန်းက ကာမာန်ကာလျှံကာဖြင့် ကြည့်သော်လည်း ချိန်းရှီနှင့်ချိန်းဖင်က အံ့သြတကြီး အော်လေသည်။
“ပိတ်ချောပိတ်ပါး ပိုးထည်တွေ၊ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဂျင်ဆင်းတွ၊ ဒါတွေက ဧကရာဇ်ချီးမြင့်ထားသည့် ပစ္စည်းတွေဖြစ်ပြီး မဒမ်ကြီးက သူ့သိုလှောင်ခန်းထဲမှာ နှစ်ပေါင်းများစွာ သိမ်းထားတဲ့ပစ္စည်းတွေ”
သူတို့တွေက နှလုံးထဲက မကျေမနပ် ခံစားနေရသည်။ ပိတ်ချောပိတ်ပါးတွေက နေရောင်အောက်မှာ လက်နေကာ တိမ်လို နူးညံ့နေသည်။ တော်တော်လေးရှားပါးသည့် ပိုးချည်ပစ္စည်းဖြစ်ကာ ချုပ်ဝတ်လိုက်ပါက ဝတ်ဆင်ထားသူကို သေလောက်အောင် လှပသွားစေနိုင်သည်။
ပစ္စည်းတွေက အလွန်မျက်စိဖမ်းစား စေတာကြောင့် အလွဲသုံးစား မလုပ်ရဲပေ။ သို့ပေမယ့် နှစ်ပေါင်းရာချီဂျင်ဆင်းက မတူပေ။ ဆေးဆိုင်မှာ ငွေဒင်္ဂါး၅၀၀ဖြင့် အလွယ်တကူ ရောင်းနိုင်သည်။ ယွီရှန်းက အရူးမ မလို့ ဂျင်ဆင်းကို မုန်လာဥဖြူဖြင့် အစားထိုးလိုက်လို့ ရသည်။
ချိန်းဖင်နှင့်ချိန်းရှီတို့ ၂ယောက်လုံး အကြံတွေနဲ့ ပြည့်နေတုန်း ယွီရှန်း ပြောတာကို ကြားလိုက်လေသည်။
“ပိတ်ချောပိတ်ပါး ပိုးထည်တွေကို ငါ့ရဲ့သိုလှောင်ခန်းထဲထည့်ထားပြီး ဂျင်ဆင်းတွေကို မီးဖိုထဲယူသွားပြီး စွပ်ပြုတ်လုပ်လိုက်၊ ဒီညသောက်ချင်တယ်”
ထောင်ဟုန်က ဖုန်ပေနေသည့်လက်တွေကို သန့်ရှင်းအောင်သုတ်ပြီး ဂျင်ဆင်းတွေကို လက်၂ဖက်ဖြင့် ယူကာ ထွက်သွားလေသည်။ ချိန်းဖင်က အံ့သြသွားပြီး အထွန့်တက်လေသည်
“သခင်မလေး ဂျင်ဆင်းတွေကို ရင့်မှည့်အောင်ထားပြီး အရေးကြီးတဲ့အချိန်မှာ အသက်ကယ်ဆေးအဖြစ် သုံးလို့ရတယ်၊ ဘာလို့စားသုံးပစ်မှာလဲ၊ အနာဂတ်မှာသုံးဖို့ သိမ်းထားတာ ပိုကောင်းပါတယ်”
ချိန်းရှီကလည်း ထောက်ခံလေသည်
“ဟုတ်တယ် နှစ်ပေါင်းရာချီတဲ့ ဂျင်ဆင်းရဲ့ အာနိသင်က အစွမ်းထက်တယ်၊ သခင်မလေးက အားနည်းနေတုန်းမလို့ သခင်မလေးကို ကောင်းကျိုးသိပ်မဖြစ်ထွန်းစေဘဲ အန္တရာယ်များစေလိမ့်မယ်”
“ငါမသောက်တော့ သိုလှောင်ခန်းထဲက ကြွက်တွေစားဖို့ သိမ်းထားပေးရမှာလား၊ ငါက အရူး မလို့လား”
ယွီရှန်းရဲ့နှုတ်ခမ်းတွေက အထင်အမြင်သေးစွာ ကော့တက်နေသည်။ စားသောက်ပြီး နှာခေါင်းသွေးယိုတာကမှ ဒီ၂ယောက်ကို ပေးလိုက်တာထက် ပိုကောင်းသေးတယ်။
ချိန်းဖင်နှင့် ချိန်းရှီက အထိတ်ထိတ်အပျာပျာဖြစ်သွားကာ ထပ်မတားရဲတော့ပေ။
ခြံထဲမှာ မာမောမောရဲ့စကားကိုနားထောင်နေသည့် မဒမ်အိုကြီးရဲ့ မျက်နှာက မင်ရည်လို မည်းနက်လာခဲ့လေသည်။ သူ(မ)က လက်ထဲက စိပ်ပုတီးကို အားနှင့်ညှစ်ထည့်လိုက်လေသည်။
ထို့နောက် အခန်းထဲက ကသောင်းကနင်းဖြစ်သည့် အသံတွေကြားလိုက်လေသည်။ အခန်းထဲကအစေခံတွေက ခေါင်းတွေငုံ့ထားကာ အသက်ပင် ပြင်းပြင်းမရှူရဲပေ။ မဒမ်အိုကြီး ဒေါသထွက်လျှင် မှူးမတ်ကြီးတောင် မတားနိုင်ပေ။
“ဒါ ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ဒါကြောင့် ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့အိမ်တော်မှာ ဒီလိုတွေလုပ်ရဲပြီး ကိုယ့်သမီးကိုယ် အောက်လမ်းသုံးရဲတာပေါ့၊ ဘုရင်သာစောစောလေး မှူးမတ်ဘွဲ့မပေးခဲ့ရင် ယန်အာလည်း ဒီလိုတွေပဲဖြစ်မယ်ထင်တယ်၊ အရင်က မှူးမတ်ကြီးသေခဲ့ရတာလည်း လင်ရှီက စျေးအပေါက်မှာ လူပေါင်း၃၇၈ယောက်ကို ခေါင်းဖြတ်သတ်ခဲ့လို့များလား၊ ဒါက တကယ်ကို မလုပ်အပ်တဲ့အရာပဲ.. “
မဒမ်အိုကြီးက သက်ပြင်းရှိုက်ကာ
“မကြာသေးခင်က ငါက ပိုပိုပြီး အသုံးမကျဖြစ်လာတာပဲ၊ ငါက ဒီကိစ္စတွေကို သတိမထားမိဘဲ ယန်အာကိုတောင် ထိခိုက်စေမိတော့မလို့”
မဒမ်အိုကြီးက တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေသည်။ သူ(မ)က ကြောက်စရာကောင်းအောင် ပြောလေသည်
“ဂြိုလ်ဆိုး ဟုတ်လား၊ ငါ့အမြင်တော့ ဂြိုလ်ဆိုးက လင်ရှီပဲ၊ လူတွေခေါ်ပြီး လင်ရှီရဲ့ခြံထဲ သွားရှာစမ်း၊ မသင်္ကာစရာတွေ တွေ့ရင် အကုန်မီးရှို့လိုက်၊ ရုတ်ရုတ်ရုတ်ရုတ် လုပ်ရင် သူ့ဇာတိအိမ်ကိုပြန်ခိုင်းပြီး မှူးမတ်စံအိမ်ကို ကပ်ဘေးတွေ သယ်မလာနဲ့လို့ပြောလိုက်”
“ဒီအစေခံ ချက်ချင်းသွားလိုက်ပါ့မယ်၊ မဒမ်ကြီး စိတ်တိုမနေပါနဲ့တော့၊ ကံကောင်းချင်တော့ သခင်မလေးက အဲအဆောင်တွေ အကုန်လုံးကို ရှင်းထုတ်ပြီးပါပြီ”
မာမောမောက နူးညံ့စွာ နားချလေသည်။
မဒမ်အိုကြီးက ခြေကုန်လက်ပန်းကျစွာ လက်ခါယမ်းပြလေသည်။
လင်ရှီရဲ့ အခန်းက သူ့ယောက်ျား ကျန်ရစ်ခဲ့သည့် ပစ္စည်းတွေနှင့်ပြည့်ကာ သူတို့၂ယောက်ရဲ့ အမှတ်တရ ပစ္စည်းတွေလည်း ပါလေသည်။ မာမောမောက စိတ်မဝင်စားပေ။ မာမောမောက အတွင်းအပြင် အကုန်လှန်လှောကာ သံသယရှိတာများကို မီးရှို့ဖို့ ယူထုတ်လာလေသည်။ လင်ရှီက ရှုပ်ပွနေသော ဆံပင်ဖြင့် ငိုယိုကာ မဒမ်ကြီးဆီ ကတိုက်ကရိုက် ပြေးသွားလေသည်။
ခဏလောက်အနားယူနေသည့် မဒမ်အိုကြီးက ရုတ်တရက် နိုးလာခဲ့သည်။ ဒေါသကြောင့်သွေးတွေဆောင့်တိုးသွားခဲ့ပြီး မမေ့လဲခင်မှာ ကွာရှင်းစာရွက်ထုတ်ပြကာ လင်ရှီကိုတားနိုင်ခဲ့လေသည်။
ထိုအချိန်မှာပဲ လျိုလွီ့က မဒမ်အိုကြီးသောက်ဖို့ ဂျင်ဆင်းပြုတ်ရည်ယူလာပေးတာကြောင့် မဒမ်အိုကြီးကို အန္တရာယ်ကနေ ဖယ်ရှားနိုင်ခဲ့သည်။ အဲကတည်းက သခင်မလေးက ပိုပြီး ကံကောင်းသည့်လူဟု မာမောမော ထင်လိုက်သည်။
မဒမ်အိုကြီးက ဒီကမောက်ကမဖြစ်စဥ်ကို အိမ်ရှေ့စံနှင့် တာဝန်ထမ်းဆောင်နေသည့် မှူးမတ်ကြီး ယွီဖင်ယန်ကို အသိပေးခွင့်မပြုခဲ့ပေ။
အိမ်ရှေ့စံက အရာရာတိုင်းကို သိကာ လုပ်နိုင်စွမ်းရှိတာမဟုတ်ပေမယ့် အမှုးထမ်းကိစ္စတွေမှာ ကျွမ်းကျင်ပြီး ကျွမ်းကျင်သည့် တိုက်တွန်းချက်တွေကို လက်ခံကာ အရည်အချင်းက ဘုရင်ဖြစ်ဖို့ သင့်လျော်သည်။ စန်မင်ကိုရောက်ပြီး တစ်လအကြာမှာ အရာအားလုံးကို စီစဥ်နိုင်ခဲ့သည်။
၃ရက်ကြာပြီး ရေတမံပြန်ပြင်ပြီး ရေဘေးဒုက္ခသည်တွေ အကုန်အခြေပြန်ကျကာ လုံခြုံရပြီထင်မှ အိမ်ရှေ့စံက မြို့တော်ကိုပြန်ရန် ပြင်လေသည်။ အပြန်လမ်းမှာ ယွီဖင်ယန်က သူ့ညီမအတွက် မြို့ထဲက အစွမ်းရှိတဲ့ဆေးဆရာကို စုံစမ်းချင်လို့ အိမ်ရှေ့စံနားက ထွက်ခွာခွင့်တောင်းခဲ့သည်။ အိမ်ရှေ့စံကလည်း ခွင့်ပြုပေးခဲ့သည်။
ထူခြားတဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်လူက ထူးခြားသည့် ပင်ကိုယ်စရိုက်ရှိလေသည်။ ဆေးဆရာရဲ့ ကျွမ်းကျင်တဲ့ကုသပေးမှုကို သဘောတူရယူဖို့အတွက် ယွီဖင်ယန်က တောင်ပေါ်တက်ကာ ဆေးပင်တွေစုရ၊ မြွေတွေဖမ်းရ၊ လယ်ထဲမှာ အလုပ်လုပ်ရ၊ အပင်တွေရေလောင်းပေါင်းသင် လုပ်ပေးခဲ့ရသည်။ ယွီဖင်ယန် ၂ပတ်လောက် ကြိုးစားပန်းစား အလုပ်လုပ်ခဲ့ပြီးနောက် အစွမ်းရှိဆေးဆရာက အင်တင်တင်ဖြင့် ခေါင်းညိတ်သဘောတူခဲ့သည်။
မြို့တော်ကိုသွားမှ၂ယောက်လုံး ဆေးမြစ်စုတာကို ရပ်လိုက်လေသည်။ အိမ်ရှေ့စံက အရှေ့ကကြိုသွားလိုက်ပြီမလို့ ခုံရုံးမှာပြန်ဆုံဖို့ မမျှော်လင့်ထားပေ။
အိမ်ရှေ့စံရဲ့ အခြွေအရံ လိုင်စွင့်က ခုံရုံးအပြင်မှာရပ်ကာ ၁၀နှစ်လောက်ရှိမည့် ကလေးမလေးနှင့် စကားပြောနေသည်။ သူ့အမူအရာက ဒုက္ခရောက်နေဟန်ဖြင့်
“ဒါက အိမ်ရှေ့စံကို တကယ်ကုသနိုင်လို့လား၊ ငါ့ကိုလှည့်စားလို့ကတော့ နင့်ကိုအိမ်ပြန်မရအောင်လုပ်ပစ်မယ်နော်”
“သမီး ပုလိပ်ရောဂါ ဖြစ်တော့ ဒါစားပြီးပျောက်သွားတာ၊ စမ်းကြည့်လိုက်စမ်းပါ”
ကလေးမလေးက မကြောက်ဘဲ ပြုံးကာ တရုတ်ဆေးမြစ်ကို လက်မြှောက်ကာပေးလေသည်။
ကလေးမလေးရဲ့ဆွဲဆောင်မှုအောက်မှာ လိုင်စွင့်က လှုပ်ရှားသွားလေသည်။ နန်းတော်က သမားတော်တွေအကုန် အိမ်ရှေ့စံကိုအစွမ်းကုန် ကုခဲ့ပြီးပြီဖြစ်သည်။ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ ကြိုးစားကြည့်ရုံသာ တတ်နိုင်တော့သည်။ အိမ်ရှေ့စံ နေမကောင်းဖြစ်တာက ရုတ်တရက်ဆန်သည်။ မကုသနိုင်ခဲ့ဘဲ ၃ရက်လုံး သတိမေ့နေတာကို အကူအညီမဲ့စွာ ထိုင်ကြည့်ခဲ့ရသည်။
ယွီဖင်ယန်က ရှေ့တိုးကာ မေးလေသည်
“ပုလိပ်ရောဂါ ဟုတ်လား”
“မှူးမတ်ကြီး ပြန်လာပြီကို၊ အိမ်ရှေ့စံက ပုလိပ်ရောဂါ ကူးစက်ခံနေရပါတယ်၊ အစွမ်းရှိတဲ့ ဆေးဆရာကို ပင့်လာနိုင်ခဲ့လား၊ မြန်မြန်လေး အထဲဝင်ပြီး အိမ်ရှေ့စံကို ကြည့်ပေးပါဦး”
လိုင်စွင့်က မှူးမတ်ကြီးပြန်လာတာတွေ့တော့ အသက်ကယ်ကောက်ရိုးမျှင်ကို တွေ့လိုက်ရသလို ခံစားသွားရပြီး အိမ်ရှေ့စံဆီ လမ်းညွှန်လေသည်။
ယွီဖင်ယန်ရဲ့ မျက်အိမ်တွေ အနည်းငယ်မှေးမှိန်သွားကာ အစွမ်းရှိဆေးဆရာကို ဆွဲခေါ်ကာ အထဲဝင်သွားလေသည်။
လိုင်စွင့်က မျက်ရည်တွေသုတ်ကာ အနောက်က လိုက်သွားပြီး ဆေးမြစ်ပေးနေသည့် ကလေးမလေးကို လုံးဝမေ့သွားခဲ့သည်။
ကလေးမလေးက လိုက်ဝင်ချင်ပေမယ့် တံခါးဝက အစောင့်တွေက တားထားလေသည်။ အထဲကို ချောင်းကြည့်ပြီ ကလေးမလေးက နောင်တရသော အမူအရာဖြင့် ထွက်သွားလေသည်။ မျိုးရိုးမြင့်ထဲက တစ်ယောက်ယောက် နာမကျန်းဖြစ်မယ်ဆိုတာ အစောကြီးကတည်းက သိထားခဲ့ပြီး ထိုလူက လက်ရှိ အိမ်ရှေ့စံဖြစ်နေသည်။ သူက မှူးမတ်လား။ ငါ့ဆေးသာ အိမ်ရှေ့စံကို ကုသပေးနိုင်ရင် တဖိတ်ဖိတ်တောက်နေတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ဂုဏ်သရေကြီးသွားမှာမလား။ မနက်ဖြန်မှ တစ်ခါထပ်လာကြည့်ရမယ်။
သူ(မ)က တွေးနေတုန်း ရည်မွန်သည့်လူငယ်လေးက သူ(မ)ဆီ ချည်းကပ်လာကာ ဆွဲခေါ်ပြီး တီးတိုးပြောလေသည်
“ထပ်ပြီး လျှောက်လုပ်နေပြန်ပြီလား၊ အထဲကလူက ငါတို့ ရန်စလို့ရတဲ့လူမဟုတ်ဘူးနော်၊ အစ်ကိုကြီးနဲ့လွှတ်ထားလိုက်ပါ မဟုတ်ရင် နင်အဖမ်းခံရရင် အစ်ကိုကြီးက ကယ်နိုင်မှာမဟုတ်ဘူးနော်”
—–
မူလဝတ္ထုဇာတ်ကြောင်း
မြို့တော်ကိုအပြန်မှာ စတုတ္ထမင်းသားက ပုလိပ်ရောဂါ ကူးစက်ခံခဲ့ရပြီး ကလေးမလေးက ဆေးမြစ်ပေးကာ ပျောက်အောင် ကုသပေးနိုင်ခဲ့သည်။ ဒါကြောင့် ထိုမင်းသား အမြဲဆောင်လေ့ရှိသည့် ကျောက်စိမ်း ဆွဲသီးကို လက်ဆောင်အဖြစ် ကလေးမလေးကို ပေးခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့၂ယောက်ပြန်တွေ့ခဲ့ပြီး လက်ထပ်ဖို့ကံဇာတာ ပါခဲ့လေသည်။
#####