TYCDTN အပိုင်း ၇

TYCDTN
Chapter 7

ဖုန်းမောမော ပစ္စည်းတွေ ပြန်ပို့ပေးပြီးနောက်တွင် ပစ္စည်းတွေရဲ့ အသေးစိတ်စာရင်းကို လွှဲပေးကာ မပြန်ခင် သခင်မလေးရဲ့ အခန်းထဲမှာခဏနေခဲ့သည်။

ယွီရှန်းက စာရင်းကိုယူမကြည့်ခင် ဖုန်းမောမော အဝေးရောက်သွားတာကို စောင့်နေလိုက်သည်။ အမျိုးသမီးအစေခံ ချိန်းရှီက သူ(မ)ကို ဂရုမစိုက်ဘဲ သူ(မ)လက်ထဲက စာရင်းစာရွက်ကိုယူကာ ပြောလေသည်

“သခင်မလေး ကျွန်မ ဒါတွေကို သိုလှောင်ခန်းထဲ ထည့်လိုက်ပါ့မယ်”

ယွီရှန်းက မျက်မှောင်ကြုပ်ကာ

“စာရင်းပေး ငါကြည့်မလို့”

“ဘာမှကြည့်စရာမရှိဘူး၊ သခင်မလေးက စာလည်းမဖတ်တတ်ဘူးလေ အမှားအယွင်း မရှိအောင် သွားသိမ်းပေးပါ့မယ်”

ချိန်းရှီက ပြောကာ အခန်းထဲက လိုက်ကာကိုမက အပြင်ထွက်သွားလေသည်။ သူ့ညီမ ချိန်းဖင်က ပြတင်းပေါက်နားရပ်နေကာ မျက်လုံးမှိတ်ပြလေသည်။ သူ(မ) မျက်လုံးထဲမှာ လောဘတွေ လျှံကျနေတာကို တွေ့မြင်နိုင်သည်။

မဒမ်အိုကြီးက ရာသီဥတုတစ်ခုတိုင်း ယွီရှန်းကို ပစ္စည်းတွေပေးဖို့ မမေ့လျော့ပေ။ အရည်အသွေးမြင့် အထည်စတွေ လက်ဝတ်ရတနာတွေကို ပေးလေ့ရှိသည်။ သေတ္တာတွေကလည်း ကျောက်စိမ်း၊ ပုလဲနှင့် အဖိုးတန် ကျောက်တွေ အပြည့်ပါသည်။ တစ်ခါဖွင့်လိုက်သည်နှင့် မျက်လုံးတွေကို ကျိန်းသွားအောင် လက်ထနေတတ်သည်။ သေတ္တာအသေးလေးတွေလည်း အများအပြားရှိသေးကာ ချစ်စရာကောင်းသည့် ရွှေဝက်ကလေးတွေက လောဘကို ဆွဲဆောင်နိုင်သည်။

အခု ယွီရှန်းက အောက်ပိုင်းသေကာ သူ့ဘာသာသူ မစောင့်ရှောက်နိုင်တာကြောင့် အစေခံအမျိုးသမီး၂ယောက်က သူ(မ)ကို ပြုစုရတာ ပင်ပန်းလွန်းနေပြီ ဖြစ်သည်။ ဒါကြောင့် မှူးမတ်ဖက်ကို ပြောင်းရမည့် အခွင့်အရေး အဆက်အသွယ်ကို ရှာနေကြလေသည်။ သူတို့ရဲ့ လှပတဲ့ရုပ်ရည်ကြောင့် ယီနျန်ဖြစ်ဖို့လည်း အခွင့်အရေး ရနိုင်သည်။ သူတို့မှာ လာဘ်ထိုးဖို့ ပိုက်ဆံမရှိပါက အခက်တွေ့နိုင်သည် သို့ပေမယ့် မှူးမတ်ကြီးက သူတို့ကို လွှတ်လိုက်တာကြောင့် ဒါက ကောင်းကင်ရဲ့ အလိုဆန္ဒဖြစ်နိုင်သည်။

သူတို့က တွေးရင်း ရင်ထဲမှာယားယံလာပြီး ချက်ချင်းပင် သိုလှောင်ခန်းဆီ ပျံသန်းသွားပြီး သူတို့စိတ်ကူးယဥ်နေသည့် ပစ္စည်းတွေကို သွားထိကိုင်ချင်နေသည်။

အရင်က ယွီရှန်းက တုံးအကာ သူတို့ကို အလုံးစုံယုံသည်။ အခု ယွီရှန်းက မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် လူမှုအသိုင်းအဝိုင်းကို ကောင်းကောင်းသိပြီး ကြောင်သူတော် ကြွက်သူခိုးတွေ အကြောင်းလည်း ကောင်းကောင်းကြီး ယဥ်ပါးသည်။ သူ(မ)က အစေခံအမျိုးသမီးတွေရဲ့ အတွေးတွေကို သိနေသည်။ သူ(မ)က မျက်ခုံးကြုတ်ကာ ပြောလေသည်

“ငါ့ကိုစာရင်းပေး၊ ငါသိမ်းထားမယ်၊ တစ်နေ့ ငါ စာဖတ်တတ်သွားရင် နားလည်သွားလိမ့်မယ်၊ ပစ္စည်းတွေကို စတိုခန်းထဲ မထည့်နဲ့ အကုန်လုံး ငါ့အခန်းထဲမှာ ထားလိုက်”

“အကုန်လုံး အခန်းထဲမှာ ထားရမယ်”

တံခါးအပြင်ဖက်ရဲ့ လမ်းတစ်ဝက်ကိုရောက်နေသည့် ချိန်းရှီက ထိုစကားကိုကြားတော့ အံ့သြသွားခဲ့သည်။

“ဒါအစ်ကိုကြီးရဲ့ စိတ်ကူးပဲ၊ အကုန်လုံးကို သိသာတဲ့နေရာမှာထားပြီး အစ်ကိုကြီးကို ငါ့လေးစားမှုကို ဖော်ပြရမယ်၊ ဟုတ်တယ် မလား”

ယွီရှန်းက ချိန်းရှီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ သူ(မ)ရဲ့ မည်းနက်နေသည့် မျက်ဝန်းတွေက အဆုံးမရှိသည့် ချောက်နက်ကြီးနှင့်တူသည်။

သူ(မ) မမှားပေ။ ဒီပစ္စည်းတွေအကုန် အခန်းထဲမှာထားရင် သူတို့ဘယ်လို ယူလို့ရတော့မှာလဲ။ ပြတင်းပေါက်အပြင်မှာ ရပ်နေသည့် ချိန်းဖင်က အမြန်ပြေးလာကာ အခန်းကို ညွှန်ပြပြီး

“သခင်မလေး အခန်းကိုကြည့်ပါဦး၊ ထားစရာအခန်းအပိုမှ မရှိတာ၊ ရှုပ်ပွမနေဘူးလား၊ စတိုခန်းထဲမှာ သိမ်းတာပိုကောင်းပါတယ်”

ယွီရှန်းက သာမာန်ကာလျှံကာဖြင့်ပြုံးကာ

“ဒီပစ္စည်းဟောင်းတွေ အကုန် စတိုခန်းထဲထည့်ပြီး အသစ်တွေကို ဒီအခန်းထဲထည့်လိုက်၊ ဒါဆို မရှုပ်တော့ဘူးလေ၊ လေကြောရှည်မနေနဲ့ မြန်မြန်လုပ်ကြစမ်းပါ၊ တစ်ယောက်ယောက်ခေါ်ပြီး ပစ္စည်းတွေ အကုန်အထဲကို သယ်ပြီး သပ်သပ်ရပ်ရပ် ထားခိုင်းလိုက်၊ ငါ့အခန်းထဲမှာ မကောင်းတဲ့စွမ်းအင်တွေ သိပ်များနေလို့ အဖိုးတန်ပစ္စည်းတွေနဲ့ ရှင်းလင်းရမယ်”

အစေခံအမျိုးသမီး၂ယောက်က မလှုပ်မယှက်ရပ်ကာ အကြံဆိုးထုတ်ဖို့ ကြံနေလေသည်။

ယွီရှန်းက မျက်ခုံးပင့်ကာ ပြောလေသည်။

“ငါ့အမိန့်ကို အာခံတာလား၊ ကောင်းပြီလေ ထောင်ဟုန်နဲ့ လျိုလွီ့ အစ်ကိုကြီးကို သွားရှာလိုက်၊ အစေခံမလောက်လို့ သူ့ဆီက လူနည်းနည်း ငှားချင်တဲ့အကြောင်း သွားပြောလိုက်”

ထောင်ဟုန်နှင့် လျိုလွီ့က အစေခံမလေးအသစ်၂ယောက် ဖြစ်သည်။ သူတို့သခင်မလေးဆီက အမိန့်ကိုကြားတော့ ခြံဝန်းအလယ်ကို ပြေးသွားကာ အော်ဟစ်လေသည်။

သူတို့ရှေ့ဆက်သွားပါက မှူးမတ်ကြီး သတိထားမိသွားပြီး စစ်ဆေးမေးမြန်းလိမ့်မည် ဖြစ်သည်။ သူတို့ကိုယ်သူတို့နှင့် မိသားစုကို ဒုက္ခရောက်အောင် မလုပ်နိုင်ပေ။ အခုတော့ ချိန်းရှီနှင့် ချိန်းဖင်က တကယ်ကြောက်နေကြသည်။ သူတို့က အလျင်အမြန် အော်ပြောလေသည်

“မသွားနဲ့ မသွားနဲ့ ခြံထဲက လူအင်အားလောက်ပါတယ်၊ သယ်ဖို့ လူသွားရှာလိုက်ပါ့မယ်၊ ခဏလေးစောင့်ပေးပါ သခင်မလေး”

“ထောင်ဟုန်နဲ့လျိုလွီ့က ပြန်လာခဲ့တော့”

ယွီရှန်းက ချိန်းရှီကို လက်အမူအရာပြကာ

“စာရင်းပေး၊ ပြီးရင် စာရင်းထဲက ပစ္စည်းတွေကို တစ်ခုချင်းချပြီး တစ်ခုဆီတင်ပြ၊ ငါ စာမဖတ်တတ်ပေမယ့် ရေတွက်ရတာကတော့ မခက်ပါဘူး”

ယွီရှန်း တုံးအတာလည်း မဆန်းတော့ပေ။ သူ(မ)က အသက်၁၀နှစ်ရှိတာတောင် ကျောင်းမတက်ရသေးပေ။ သူ(မ)က စာမရေးတတ် မဖတ်တတ်ရုံတင်မကဘဲ ပညာရပ်ကြီး၄ခုဖြစ်သော ဗျပ်စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းကိုပင် ပြီးမြောက်အောင် မသင်ယူရသေးပေ။ တစ်နေ့လုံး ဟီးဟီးဟားဟားနှင့် ကစားဖို့သာ တတ်သည်။ ဒါကြောင့် သူများလှည့်စားတာ ခံရတာ။

သို့ပေမယ့်လည်း သူ(မ)အပြစ်မတင်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က မှူးမတ်စံအိမ်တော်က အခက်ကြုံနေခဲ့ရသည်။ မဒမ်အိုကြီးက သူ့မြေးဖြစ်သူ ယွီဖင်ယန်ကို မှူးမတ်ရထူးရအောင် ကြိုးပမ်းနေခဲ့ရပြီး မြေးမ၂ယောက်ကို လျစ်လျူရှုခဲ့သည်။ မနှစ်ကမှ ရှင်ဘုရင်က ယွီဖင်ယန်ကို မှူးမတ်ရာထူးကြေငြာလိုက်မှ မိသားစုရဲ့ဘဝကောင်းစားကာ ထွန်းပြောင်ခဲ့ရသည်။

သူတို့သခင်ရဲ့စကားကို ကြားတော့ ချိန်းရှီနှင့် ချိန်းဖင်က မကျေမနပ်နှင့် ဒေါသထွက်နေကြသည်။ အခု မသန်မစွမ်းပြီးမှ ဘာလို့ အဲလောက် ဉာဏ်ကောင်းလာတာလဲ လှည့်စားကြံစည်ကာ ပစ္စည်းတွေ ခိုးယူဖို့ ခက်သွားလေပြီ။ သူတို့ရဲ့ လှည့်ကွက်တွေကို တွေ့သွားခဲ့လို့ သတိထားနေတာလား။

အစေခံအမျိုးသမီး၂ယောက်က အကြောက်ကြောက်အလန့်လန့်ဖြင့် ဖြူဖတ်ကာ ထွက်သွားလေသည်။

နာရီဝက်လောက်ကြာပြီးနောက် ယွီရှန်းရဲ့အခန်းက ပြင်ဆင်လို့ ပြီးသွားလေသည်။ မူလက ပရိဘောဂစုံသော်လည်း အခုက ခန်းနားထည်ဝါစွာ တောက်ပြောင်နေလေသည်။ သေတ္တာခွံက အခုတော့ ကျောက်မျက်ရတနာ ပုလဲတို့ဖြင့် ပြည့်လျှံနေသည်။ ထောင့်တိုင်းကို လူတိုင်း သွားမထိရဲမည့် တန်ကြေးကြီး ကျောက်စိမ်းကြွေထည်တွေ ခင်းကျင်းထားလေသည်။

“သခင်မလေး ဒီရွှေဝက်လေးတွေကို သိုလှောင်ခန်းထဲထည့်မှာလား”

ချိန်းရှီက အရှုံးမပေးသေးဘဲ မေးလေသည်။

“မထားဘူး သူတို့ကို ခေါင်းအုံးဘေးမှာထားလိုက်၊ အခု ငါကအောက်ပိုင်းသေနေတော့ ဘာမှလုပ်မရဘူးလေ နေ့နေ့ညည ရွှေတုံးတွေကို ရေတွက်ပြီး စိတ်ကိုပျော်အောင် လုပ်လို့ရတယ်”

ယွီရှန်းက ထိုသေတ္တာတွေကို ကျေနပ်စွာ ဖက်ထားလေသည်။

“ခေါင်းအုံးဘေးမှာ ထားလို့မရပါဘူး အခိုးခံရရင် ဘယ်လိုလုပ်မလဲ”

ချိန်းဖင်က စိုးရိမ်သည့်အမူအရာကို ဆင်မြန်းလိုက်လေသည်။

“ခိုးခံရရင် နင်တို့အကုန်လုံးကို လျော်ခိုင်းမှာပေါ့၊ မလျှော်နိုင်ရင် စံအိမ်ရဲ့အပြစ်ပေးတဲ့အနေနဲ့ အချက်ပေါင်းများစွာ အရိုက်ခံရမယ်၊ ဒီကိစ္စလေးတောင် နင်တို့ မထိန်းသိမ်းနိုင်ရင် နင်တို့ကို ဘယ်နေရာမှာ သွားသုံးစားရမှာလဲ”

ယွီရှန်းက ရွှေဝက်ကလေးကို ထုတ်ကာ တစ်ချက်ကိုက်လိုက်ပြီး ဖွဖွပွတ်လိုက်သည်။ ထို့နောက် အစေခံအမျိုးသမီး၂ယောက်ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်လေသည်။

ချိန်းဖင်နှင့် ချိန်းရှီက ဆွံ့အနေလေသည်။ သူတို့က ခေါင်းငုံ့ကာ အခန်းထဲက ထွက်သွားလေသည်။ လက်ရှိ ယွီရှင်းက ဉာဏ်ထက်ပြီး ပညာသားပါတယ်။ သူ့ဘေးမှာနေရင်း သူ့အပြုအမူတွေကနေ ခန့်မှန်းလို့မရပေ။

ယွီရှန်းက ရွှေဝက်ကလေးကို ခေါင်းအုံးဘေးက သေတ္တာလေးထဲ ထည့်လိုက်သည်။ သူ(မ)ရဲ့ ထုံကာကိုက်ခဲနေသည့် ခြေထောက်ကိုကိုင်ကာ သက်ပြင်းချလိုက်သည်။ တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် သူ(မ)က ဝတ္ထုရဲ့ပထမ ၂ခန်းကို တွေးလိုက်သည်။ လက်ရှိမှာ ယွီရှန်းက မှူးမတ်စံအိမ်ရဲ့ တရားဝင်သမီးနေရာမှာ ရှိသေးကာ အောက်ကျို့ခံပြီး တုန်ယင်နေစရာ မလိုပေ။ ဇာတ်ကြောင်းအရတော့ သူက ချောက်နက်ထဲ ကူကယ်ရာမဲ့ခဲ့သည်။

ဘာပဲဖြစ်ဖြစ် အချက်၃ချက်က သေချာသည်။ နံပါတ်၁အနေနဲ့ ယွီဖင်ယန်ရဲ့ ရွှေပေါင်ကြီးကို တင်းကြပ်နေအောင် ဖက်တွယ်ရမည်။ နံပါတ်၂အနေနဲ့ အနာဂတ်အတွက် ပိုက်ဆံကို ရသလောက်စုရမည်။ နံပါတ်၃အနေနဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်နှင့် ထိပ်တိုက်မတွေ့အောင် နေရမည်။

ဒီအချက်၃ချက်အတိုင်း နေထိုင်သ၍ စားဝတ်နေရေး၊ ဘဝနေထိုင်ရေးအတွက် ခက်ခဲမည်မဟုတ်ပေ။ ယွီဖင်ယန်နဲ့ ခိုင်မာတဲ့ဆက်ဆံရေး ရှိသွားတဲ့အချိန်မှ ဒီကောက်ကျစ်တဲ့အစေခံ အုပ်စုကို ရှင်းထုတ်ရင်လည်း နောက်မကျသေးပေ။

ယွီရှန်းရဲ့ ဒဏ်ရာက တစ်လကြာမှ ပျောက်သွားခဲ့ပြီး ဒူးစွပ်မှာ ကန့်လန့်ဖြတ် အကျည်းတန်သည့် အမာရွတ်က ကျန်ခဲ့သည်။ အကြောတွေ စုတ်ပြတ်သွားတာကြောင့် အကြောသေကာ ဘယ်တော့မှ မတ်တပ်မရပ်နိုင်တော့ပေ။

ဒီကာလအတွင်း ယွီရှန်းရဲ့အမေ လင်ရှီကလည်း သူ့ကို စိတ်မပူသလို မဒမ်အိုကြီးကလည်း အဖိုးတန်ဆေးမြစ်တွေ လူလွှတ်ကာပေးခိုင်းရုံကလွဲရင် ကျန်သည့်ကိစ္စတွေကို စုံစမ်းမေးမြန်းခြင်း မရှိပေ။ သူတို့တွေနှင့် ဆန့်ကျင်စွာ ယွီဖင်ယန်က သူ့ကတိအတိုင်း နေ့တိုင်း သူ(မ)အခန်းမှာ လာအဖော်ပြုပေးခဲ့သည်။ သူ(မ)ကို သစ်သား ဝှီးချဲပါ လက်ဆောင် ပေးခဲ့သေးသည်။ ဝှီးချဲ့က ဟိုးတုန်းက ကျူကောလျန် တီထွင်ခဲ့တာဖြစ်ပြီး ရှားပါးပစ္စည်းဟုတော့ မှတ်ယူလို့မရပေ။

မောင်နှမ၂ယောက်ထဲမှာ တစ်ယောက်ကအေးစက်ကာ စကားပြောဆိုရတာမကြိုက်ဘဲ နောက်တစ်ယောက်က သူ့အစ်ကိုကြီးရဲ့အကြောင်းကို အကုန်သိချင်သည့် စပ်စုစိန်လေးဖြစ်ပြီး သူက အတိတ်ဘဝက အရိပ်ကနေ ရုန်းမထွက်နိုင်ပေ။ အချိန်ခဏလေးအတွင်း သူတို့အချင်းချင်း မရင်းနှီးခဲ့ပေ။

ပြောစရာစကားမရှိဘဲ တိတ်မသွားအောင် အထစ်ထစ်အငေါ့ငေါ့ ပြောနေရသည်။ ကို့ရို့ကားယားအခြေအနေကို ရှောင်ဖို့အတွက် ယွီရှန်းက ဟန်ဆောင် မျက်စိမှိတ်ထားပေမယ့် မတော်တဆ အိပ်ပျော်သွားတတ်သည်။ ယွီဖင်ယန်က သူ့ဘေးမှာ ဘယ်လောက်အကြာကြီး အဖော်ပြုပြီးမှ အခန်းထဲက ထွက်သွားလဲဆိုတာ မသိပေ။

ဒီနေ့တော့ ယွီရှန်းက အစောကြီးနိုးကာ အစေခံလေး၂ယောက်ကို ဝှီးချဲဖြင့် ခြံထဲ လိုက်ပို့ခိုင်းခဲ့သည်။ နေ့လည် မအိပ်ခင် ဘဲသားဟင်းရည် ၁ပန်းကန်နှင့် ထမင်း၂ပန်းကန် စားခဲ့သည်။ ရုတ်တရက်ကြီး လျှပ်စီးလျှပ်ကာ မိုးချုန်းပြီး မိုးရွာသည့်အသံကို ကြားလိုက်သည်။ ယွီရှန်းက အခန်းထဲမှာ လဲလျောင်းနေခဲ့ပေမယ့် အခု သူ(မ)က လမ်းကြားလေးမှာ ရပ်နေသည်။

သူ(မ)က ရွှံ့ထဲမှာ ရုန်းကန်ကာ ရှေ့ကိုလျှောက်နေတုန်း အနောက်ကနေ ခွာသံနှင့် လှည်းဘီးသံတွေကို ကြားလိုက်ရသည်။ အလျင်အမြန် လမ်းဘေးကိုကပ်ကာ အကူအညီ တောင်းလေသည်။ သူ(မ)လှည့်ကြည့်လိုက်တော့ မြင်းပေါ်ကလူက ယွီဖင်ယန် ဖြစ်နေတာကိုတွေ့လိုက်တော့ အလွန်ပျော်သွားကာ လက်တွေမြှောက်ရင်း အော်ဟစ်အကူအညီ တောင်းခဲ့လေသည်။ သို့ပေမယ့် ယွီဖင်ယန်က သူ(မ)ကို မမြင်သလို ကြားလည်းမကြားဘဲ လျှပ်စီးလိုအလျင်ဖြင့် ဖြတ်ပြေးသွားလေသည်။

အရှေ့ကိုဆက်သွားကာ ယွီရှန်းရဲ့ အသံကို လျစ်လျူရှုထားလေသည်။

ယွီရှန်းရဲ့ ခြေထောက်တွေက ရွှံ့ထဲမြုပ်နေကာ လှုပ်လို့မရပေ။ အကူအညီမဲ့စွာဖြင့် ဝေးကွာသွားသည့် လှည်းကို ကြည့်နေလိုက်သည်။ လှည်းဘီးဒဏ်ကြောင့် ရွှံ့တွေမွစာကြဲကာ ကျောက်တုံးတွေ တောင်အောက်ကျသွားတာကို မြင်နေရသည်။ စက္ကန့်ပိုင်းအတွင်း လှည်းကကွဲကြေကာ ပျက်စီးသွားလေသည်။ လှည်းပေါ်က သေတ္တာတွေ အများကြီး ပြုတ်ကျလာလေသည်။

ရုတ်တရက်ကြီးဖြစ်သွားသည့် မတော်တဆမှုကို ယွီရှန်းက ကြောင်ကြည့်နေပြီး သေတ္တာတွေက ငွေချောင်းတွေ ထည့်ထားလေသည်။ သူ(မ)ကြည့်နေတုန်း ထိုငွေချောင်းတွေက ရွှံ့နွံဘေးက မြစ်ထဲကျကာ မြောပါသွားလေသည်။ ယွီဖင်ယန် သေလားရှင်လားတော့ မသိပေ။

ယွီရှန်း ပင့်သက်ရှိုက်ကာ ထလိုက်တော့ သူ(မ)က အခန်းထဲက အိပ်ရာထဲမှာဖြစ်နေသည်။ စောနက ကိစ္စတွေက အကုန် အိပ်မက်ဖြစ်သည်။ အေးပေါ့လေ အိပ်မက် မဟုတ်ရင် ဘယ်လိုလုပ် လမ်းလျှောက်လို့ရမှာလဲ။

ယွီရှန်းက စိတ်ငြိမ်အောင် ရင်ဘတ်ကိုပုတ်လိုက်ပေမယ့် ကြောက်ဖို့ကောင်းသည့် ခံစားချက်ကြီးက မပျောက်သေးပေ။ အတိတ်တုန်းက အစ်ကိုကြီး ဒုက္ခကြုံနေရင် သူ့တွင် မကောင်းသည့်နိမိတ်ကို ခံစားခဲ့ရသည်။ ဒါကြောင့်ပဲ အစ်ကိုကြီးက လုပ်ကြံခံရခြင်းကာ လွတ်မြောက်ခဲ့ကာ မိသားစုထဲမှာ သူက အရေးပါခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့်လည်း တစ်ခါမှ ဟောကိန်းလိုမျိုး အိပ်မက်မမက်ဖူးခဲ့ပေ။ ကြည့်ရတာ အိပ်မက်ထဲက အရာတွေက မကြာခင်ဖြစ်တော့မည့်အရာဟု ယူဆနိုင်သည်။

တွေးလေလေ ယွီရှန်းက ပိုထိပ်လန့်လာကာ အကျယ်ကြီးအော်လေသည်

“တစ်ယောက်ယောက် ဝင်လာစမ်း”

ထောင်ဟုန်နှင့် လျိုလွီ့က တံခါးနားစောင့်နေကြပြီး အော်သံကြားတော့ အမြန်ပြေးဝင်လာခဲ့သည်။

“အစ်ကိုကြီးကို သွားခေါ်ပေး ငါ့ခြေထောက်တွေ အရမ်းနာနေတယ်လို့ ပြောလိုက်”

ယွီရှန်းက လက်ခါပြလေသည်။

အစေခံလေး၂ယောက်က သူတို့သခင်မလေးရဲ့ မျက်နှာက ဖြူဖတ်ကာ ချွေးစို့နေတာတွေ့တော့ တကယ်နေမကောင်း ဖြစ်နေသည်ဟု ထင်သွားလေသည်။ တစ်ယောက်က သူ(မ)ကို အမြန်လေးလာကြည့်ရှုကာ တစ်ယောက်က စကပ်ကြီးမကာ ခြံရှေ့ကိုပြေးလေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က မိုးဆက်တိုက်ရွာသွန်းခဲ့သည်။ ဟွမ်ဟေမြစ်က စန်မင်(ဟေးနန်မို့ကခရိုင်စု)ကိုကပ်ပြီး ရေတမံကိုကျော်ကာ ရေကြီးခဲ့သည်။ မြို့ပေါင်းများစွာ ရေလွှမ်းခံခဲ့ရပြီး လူပေါင်းရာချီရေစီးဖြင့် ပါသွားခဲ့သည်။ အခု လူပေါင်းသန်းချီက အိမ်ခြေရာမဲ့ဖြစ်သွားကာ ဒုက္ခခံနေရသည်။ ရှင်ဘုရင်က အိမ်ရှေ့စံမင်းသားကို စန်မင်ကို စေလွှတ်ခဲ့တာကြောင့် အိမ်ရှေ့စံမင်းသားရဲ့စာလုပ်ဖော် ယွီဖင်ယန်လည်း ပါလေသည်။

အခြေအနေတွေက သေရေးရှင်ရေးမလို့ အကြီးအကဲတွေက အချိန်မဆွဲရဲပေ။ ဘုရင့်အမိန့်ကို ရသည်နှင့် ပြင်ဆင်ကြတော့သည်။ ယွီဖင်ယန်လည်း တံခါးအပြင် ထွက်တော့မည့်အချိန်မှာ ထောင်ဟုန်က ရောက်သွားလေသည်။

ယွီရှန်းအကြောသေရတာက သူ့ကြောင့်မလို့ ဘာပဲဖြစ်ဖြစ် လျစ်လျူမရှုနိုင်ပေ။ သူအနည်းငယ် နောက်ကျမည့်အကြောင်း အိမ်ရှေ့စံကို လူတစ်ယောက်ဖြင့် အကြောင်းကြားခိုင်းလိုက်လေသည်။ ထို့နောက် အနောက်ဘက်အဆောင်ကို သွားလေသည်။

သူက အပြာရောင်ချိတ်ပိုးဝတ်ရုံကို ဝတ်ထားလေသည်။ ကော်လံနှင့်လက်မှာ တိမ်ပုံစံအပွင့်ရိုက်ထားပြီး အစွန်းမှာ ရွှေချည်ထိုးထားလေသည်။ သူ့ပုံစံက သူ(မ)အိပ်မက်ထဲက ပုံစံနှင့် ထပ်တူကျနေသည်။ ယွီရှန်းက သူ့ကိုကြည့်ရင်း မသွားဖို့တားရန် ဆုံးဖြတ်လိုက်လေသည်။ ယွီဖင်ယန်က သူ့ရဲ့ တစ်ခုတည်းသော ရွှေပေါင်ကြီးဖြစ်ကာ မမြင်ရသည့် အခြေအနေမှာ မဆုံးရှုံးချင်ပေ။ မဟုတ်ရင် မသန်စွမ်း မျိုးမစစ်၊ ဂြိုလ်ဆိုးအဖြစ် သတ်မှတ်ခံထားရသည့်သူက ဒီစံအိမ်တော်မှာ အသက်ဆက်ရှင်ခွင့်ရမည် မဟုတ်ပေ။

သူ့မြေးကို ချစ်လွန်းသည့် မဒမ်အိုကြီးသာမက တစ်ကမ္ဘာလုံးရဲ့ အရေးကိစ္စကို လျစ်လျူရှုထားသည့် လင်ရှီပါ သူ့အသက်ကို အစိတ်စိတ်ကွဲသွားအောင် ဆွဲဖြဲပစ်လိမ့်မည်။ ယွီရှန်းက ယွီဖင်ယန်ကို သေစေတဲ့ ဂြိုလ်ဆိုးအဖြစ် သူတို့ သတ်မှတ်ကြလိမ့်မည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset