TYCDTN အပိုင်း ၄

TYCDTN
Chapter 4

သူ(မ)ရဲ့ ဂုဏ်ဆောင်မြေးလေးကို တွေ့လိုက်ရတော့ မဒမ်အိုရဲ့ ခက်ထန်သည့် အကြည့်တွေက နူးညံ့သွားကာ လက်ဝေ့ယမ်းပြပြီး

“ထိုင်ပြီး အဖွားကို အဖော်ပြုပြီး စကားပြောပေးပါဦး၊ ကိစ္စတွေကိုတော့ နင့်အမေရောက်မှပဲ ပြောတာပေါ့”

ယွီဖင်ယန်က မဒမ်အိုရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ သူ(မ)အတွက် လက်ဖက်ရည် ငှဲ့ပေးလေသည်။

နာရီဝက်ကြာပြီးနောက် လင်ရှီ ရောက်လာလေသည်။ နားထင်ဘေးနားမှာ ကတ္တီပါပန်းအဖြူ ပန်ထားရုံကလွဲရင် ဘာမှပုံမှန်မဟုတ်တာ မရှိပေ။ မကြာခင်ကမှ ငိုထားသလို သူ(မ)ရဲ့ မျက်လုံးတွေက မို့အစ်နေသည်။

မဒမ်ဒိုကြီးက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သူ(မ)ကို မော့မကြည့်ပေ။

“ကျွင်းကျဲ သေသွားခဲ့တာ ၁၀နှစ်ကျော်ကြာပြီ နင်က အခုထိ ဝမ်းနည်းပူဆွေးနေတုန်းပဲ၊ ဒီလိုပုံစံကို ဘယ်သူ့ကို ပြချင်နေတာလဲ၊ ငါတို့စံအိမ်တော်ကို ကံမကောင်းမှုတွေကို သယ်ဆောင်လာနေတာပဲ”

ဒီချွေးမကို မဒမ်အိုကြီးက မချစ်ခင်တော့ပေ။ သူ(မ)ရဲ့သား အသက်ရှိစဥ်က ကိုယ်လုပ်တော် အများကြီးမထားဖို့ တားမြစ်ခဲ့တာကြောင့် ရလဒ်အနေဖြင့် စံအိမ်တော်ရဲ့ လူဦးရေ လျော့နည်းခဲ့သည်။ သူ ကွယ်လွန်သွားတော့ လင်ရှီက သူ့ရဲ့ရင်သွေး၂ယောက်ကို ပစ်ထားပြီး တာဝန်တွေ လစ်ဟင်းခဲ့သည်။ ဘာမှကိုမလုပ်တော့ဘဲ တစ်ချိန်လုံး ပူဆွေးစွာ ငိုနေခဲ့သည်။

ကံကောင်းချင်တော့ မဒမ်အိုကြီးက ကျန်းမာသန်စွမ်းနေတာကြောင့် အိမ်မှုကိစ္စအဝဝကို စီမံခန့်ခွဲနိုင်ခဲ့သည်။ သူ့မြေးဖြစ်သူကလည်း မိသားစုရဲ့ ဂုဏ်ဆောင်ကြီး ဖြစ်သည်။ မဟုတ်ပါက ဒီစံအိမ်တော်က ခွေးအတွေရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရတာ ကြာလှနေပြီဖြစ်သည်။ ဒီလောက်ထိ ဒုက္ခတွေကြုံခဲ့တာတောင် လင်ရှီက သူ(မ)ငိုဖို့တောင်မချန်ခဲ့ပေ။

ထိုသို့တွေးတောရင်း မဒမ်အိုကြီးက ကသိကအောက်ဖြစ်လာကာ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်လေသည်။

လင်ရှီက ကြောက်လန့်ကာ အမြန်လေး ခေါင်းငုံ့ချလိုက်သည်။

ယွီဖင်ယန်က လက်ကိုင်ပဝါ ထုတ်ယူကာ မဒမ်အိုကြီးရဲ့ လက်မှာ ပေသွားသည့် လက်ဖက်ရည်တွေကို သုတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးမှိန်မှိန်လေး ပေါ်လာကာ သူ့အမေရဲ့ စူးစမ်းသည့် အကြည့်ကို သတိမထားမိဟန်တူသည်။ သူ့အတွက်တော့ ဖခင်ဖြစ်သူ ဆုံးသွားကတည်းက မိခင်ဖြစ်သူလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အခုလက်ရှိ သူ့အမေက သူ့အဖေနှင့် ပြန်ပေါင်းဖက်ရဖို့ ဒီကမ္ဘာမြေမှာ စောင့်နေသည့် ကြွင်းကျန်ဝိညာဉ်တစ်ခုလိုသာ ဖြစ်သည်။ သားတစ်ယောက်အနေနှင့် ဒီလိုတွေးဖို့ မသင့်လျော်သော်လည်း သူ အသက်၅နှစ်ကတည်းက သူ့အမေက အဆုံးမရှိ စိတ်ဖိစီးခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့အမေဆီက ဘာမှ မမျှော်လင့်တော့ပေ။

သူ(မ)ရဲ့နှလုံးသားထဲမှာ သေဆုံးသွားသည့် ခင်ပွန်းဖြစ်သူကလွဲရင် တခြားလူအတွက် နေရာမရှိပေ။ အေးစက်နေသည့် ကမ္ပည်းတိုင်က သူ့အသွေးအသား ဆယ်လလောက် လွယ်မွေးရသည့် ရင်သွေးထက်ပင် အရေးကြီးဟန်တူသည်။ အာ မဟုတ်ဘူး အခုတော့ မတူတော့ဘူး။ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ညီမလေးက ဒီကမ္ပည်းတိုင်နဲ့ ဘယ်လိုလုပ် ယှဥ်လို့ရမှာလဲ။

သူက နက်နက်နဲနဲ ရယ်နေပေမယ့် မျက်လုံးတွေက မည်းနက်နေသည်။

ကျေနပ်အားရစွာဖြင့် မဒမ်အိုကြီးက သူ့လက်ကိုပုတ်ကာ နူးညံ့စွာပြောလေသည်

“ထိုင်ပြီး စကားပြောဦး”

လင်ရှီက မျက်ရည်တွေထိန်းကာ ခေါင်းညိတ်ပြခဲ့သည်။

မဒမ်အိုကြီးရဲ့ဘေးမှာထိုင်ကာ မေးလေသည်

“ဖင်ယန် သားညီမလေးကို ရှာတွေ့ပြီလား”

ခြေထောက်၂ဖက်မှာ သွေးတွေယိုနေသည့် ရှန်းအာကို စံအိမ်ကို ပြန်ခေါ်လာတုန်းက သူ(မ)က တစ်ချက်ပင်လှည့်မကြည့်ဘဲ အခြေအနေကိုလည်း မမေးခဲ့ပေ။ တကယ်လို့ ရှန်းအာနေရာမှာ သူဆိုရင်ကော အမေရဲ့ တုံ့ပြန်မှုက ကွာခြားမှာလား။ သူအတွက် အမေငိုမှာလား။

ပြန်စဥ်းစားရင်း ဖင်ယန်က သူ့အမေရဲ့ မေးခွန်းကို စိတ်မပါတော့ပေ။ သူက လက်ဖက်ရည်ခွက်ကို ကောက်ကာ ဟိုလှည့်ဒီလှည့်ကစားနေရင်း

“အဲနှစ်က သူတို့မျိုးရိုးနာမည်က ရှန်ဖြစ်ပြီး တောင်ပိုင်းက ကုန်သည်တွေလို့ပဲ အမေက သိထားတယ်လေ၊ ကမ္ဘာကြီးက သိပ်ကျယ်ပြီး ဒီတိုတောင်းလှတဲ့ဘဝမှာ ဒီထက်ပိုရှာမတွေ့မှာစိုးတယ်၊ စိတ်ရှည်ရှည်ထားပါအမေ၊ သူ့ခါးက သစ်ခွပန်းပုံအမှတ်က ရှာဖို့မလွယ်ဘူး ဒါကြောင့်ပဲ ကျွန်တော့်အတွက်လည်း ရှာဖို့ခက်နေတာ”

“ငါတို့တွေ ဘယ်လောက်ထိထပ်စောင့်ရဦးမှာလဲ”

လင်ရှီက သူ(မ)သားကို စိုးရိမ်တကြီးကြည့်ကာ

“ငါ စောင့်လို့ရရင်တောင် နင့်ညီမက မရဘူး၊ သူက မှူးမတ်သမီးဆိုပေမယ့် နိမ့်ကျတဲ့ ကုန်သည်အိမ်ထောင်စုကို ခေါ်သွားခံရတာ၊ သူ ဘယ်လောက်တောင် အခက်အခဲတွေ ရင်ဆိုင်နေရမလဲမသိနိုင်ဘူး၊ ဖင်ယန် သူက နင့်ရဲ့ညီမအရင်းပါ သေချာလေး အားစိုက်ရှာစမ်းပါ”

ယွီဖင်ယန်က မျက်လုံးပင့်ကြည့်ကာ မှိန်ဖျော့စွာပြောလေသည်

“သား သတိထားပါ့မယ်”

“သတိထားမယ် သတိထားမယ်၊ မြန်မြန်သာရှာစမ်းပါ၊ အဲဒီရှန်မိသားစုက ကောက်ကျစ်ပြီး အကျင့်မကောင်းတဲ့ မိသားစု ဖြစ်မယ်၊ သူတို့က ဂြိုလ်ဆိုးလေးကို မွေးလာပြီး ငါတို့အိမ်က ကလေးနဲ့လဲသွားပြီး နင့်အဖေနဲ့ နင့်ညီမကို ထိခိုက်အောင် လုပ်ခဲ့တာ၊ သူတို့ကို ရှာတွေလို့ကတော့ သူတို့ကို သတ်ပေးဖို့ တောင်းဆိုလာတဲ့အထိကို ငါလုပ်ပစ်မယ်”

လင်ရှီက အံကြိတ်ကာ ခက်ထန်စွာပြောလေသည်။

“ပြီးတော့ အဲဒီဂြိုလ်ဆိုးကို နင်က ဘာလို့ပြန်ခေါ်လာတာလဲ၊ အခုချက်ချင်း သူ့ကို အဝေးကိုပို့ပစ်စမ်း၊ အဲဟာမက မကောင်းဆိုးဝါးပဲ သူက နင့်ကို ဓားပြရန်နဲ့တွေ့အောင် သယ်ဆောင်လာတဲ့ ကံဆိုးမှုပဲ၊ သူ့ကိုအဝေးကို ပို့ပစ်တာနဲ့ ငါတို့အိမ်တော်ကြီး အေးချမ်းသွားလိမ့်မယ်”

လွန်ခဲ့သည့် နှစ်အနည်းငယ်က လင်ရှီက ခြေဦးတည့်ရာ လှည့်လည်သွားနေသည့် ဘုန်းတော်ကြီးကို ခေါ်ကာ ယွီရှန်းရဲ့ ကံကြမ္မာကို ဟောကိန်းထုတ်ခိုင်းခဲ့သည်။ ထိုဘုန်းတော်ကြီးက ယွီရှန်းက သူ(မ)မိသားစုနဲ့ ဆွေးမျိုးတွေကို ထိခိုက်အောင် ဒုက္ခဘေးတွေကြုံရအောင် သယ်ဆောင်လာမည် ဖြစ်ကြောင်း နှစ်ပေါင်းရာချီအတွင်း တစ်ခါမှ မမြင်ဖူးသည့် ကံကြမ္မာဆိုးကြယ် လွှမ်းမိုးနေကြောင်း ဟောကိန်း ထုတ်ခဲ့လေသည်။ သူ ခြေချလိုက်သည့် မိသားစုတိုင်း မရပ်မနား ကပ်ဘေးမျိုးစုံဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ဟောခဲ့တော့ လင်ရှီက ဘာမှမမေးမြန်းတော့ဘဲ ထိုဟောကိန်းကို ယုံသွားခဲ့သည်။ ထိုအချိန်ကတည်းက သူ(မ)က ယွီရှန်းကို ရှောင်ဖယ်လာပြီး ယွီရှန်းရဲ့အခန်းထဲမှာ နတ်ဆိုးဝိညာဉ်ကို ဖိနှိပ်ဖို့ မန္တန်အဆောင်များစွာကို ချိတ်ဆွဲထားခဲ့သည်။

ဘုန်းကြီးရဲ့ ကောလဟာလစကားကို ဗုဒ္ဓဟောကြားသည့်စကားလို ယုံကြည်ခဲ့ကာ မဒမ်အိုကြီးကပါ သူ(မ)ရဲ့မြေးမကို ရွံရှာခဲ့လေသည်။ မြင့်မြတ်သည့်အိမ်တော်က လူအနေဖြင့် တရားဝင်မြေးကို ရက်စက်စွာ ဆက်ဆံ၍ မရပေ။ တရားဝင်မြေးတစ်ယောက်အနေဖြင့် ရသင့်သမျှကို အကုန်ဖြည့်ဆည်းပေးခဲ့ပေမယ့် အကွာအဝေး တစ်ခုတော့ ခြားထားခဲ့သည်။

လင်ရှီရဲ့စကားကို နားထောင်ပြီးနောက် မဒမ်အိုကြီးက ဘာစကားမှမပြောခဲ့ပေ။

သူ(မ)က စားပွဲပေါ်က စိတ်ပုတီးကို ကောက်ယူကာ တိတ်တဆိတ် ပုတီးစိပ် ရွတ်ဖတ်ပူဇော်နေလေသည်။

ယွီဖင်ယန်လည်း စိပ်ပုတီးကိုကောက်ယူကာ ထိကိုင်ကစားရင်း နူးညံ့စွာ ပြောလေသည်

“ယွီရှန်းသာ အစားဝင်မခံခဲ့ရင် အဲဓားချက်နဲ့ ကျွန်တော် သေရင်သေ မသေရင် ထိခိုက်နေလောက်ပြီ၊ ယွီရှန်းက ယွီအိမ်တော်မှာ ရှိလာတာ ၁၀နှစ်လောက်ရှိပြီ၊ ပြီးတော့ ကျွန်တော်တို့ ယွီအိမ်တော်က အတိတ်ကို စွန့်လွှတ်ပြီး ကြီးပွားချမ်းသာနေပြီ၊ ကပ်ဘေးဆိုက်စရာ ဘာအကြောင်းရှိလဲ၊ ကျွန်တော့်အတွက်ကတော့ ရှန်းအာက ဂြိုလ်ဆိုးမဟုတ်ဘူး ကံကောင်းခြင်းကြယ်ပဲ၊ သူက ကျွန်တော့်ကို သူ့အစ်ကိုအရင်းလို သတ်မှတ်ထားသလို သူ့ကိုလည်း ကျွန်တော့်ညီမအရင်းလိုသတ်မှတ်ထားပြီး ဘေးအန္တရာယ်ကနေ ကာကွယ်ပေးမှာပဲ၊ တကယ်လို့ တစ်နေ့ကျရင် ကျွန်တော့်ညီမ အရင်းကို ပြန်ရှာတွေ့ခဲ့ရင်တောင် သူ့ကို အဝေးကို မစွန့်ပစ်ဘူး၊ အမေ ကျွန်တော့်ကို ကျက်သရေမရှိတဲ့ မကောင်းတဲ့လူဖြစ်အောင် တွန်းအားမပေးပါနဲ့”

ထိုစကားကို ကြားပြီးနောက် လင်ရှီရဲ့ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ သူ(မ)ငြင်းဆိုတော့မည့် အချိန်မှာပဲ မဒမ်အိုကြီးက ဖြတ်ပြောလာလေသည်

“ယန်အာ မှန်တယ်၊ တစ်ပါးသူကို ကျေးဇူးမကန်းရဘူး၊ ယွီရှန်း ယန်အာကို ကယ်ခဲ့တာက ငါတို့စံအိမ်တော်တစ်ခုလုံးကို ကယ်ခဲ့တာနဲ့ အတူတူပဲ၊ အနာဂတ်မှာ သူယောက်ျား မရခဲ့ရင်တောင် ငါတို့သူ့ကို ထောက်ပံ့ပေးရမယ် သူ့ကျန်တဲ့တစ်ဘဝလုံးကို ကူညီထောက်ပံ့ပေးရမယ်၊ မှူးမတ်စံအိမ်တော်ကြီးက လူတစ်ယောက်စာကိုတော့ တင်ကျွေးထားနိုင်ပါတယ်၊ ပြီးတော့ ကလေးမှားခေါ်လာတာက နင့်ကလေးထိန်းရဲ့အမှားပဲ၊ ရှန်မိသားစုကို ငါတို့ အပြစ်တင်လို့ မရဘူး၊ သူတို့လည်း ငါတို့မှူးမတ်စံအိမ်တော်က သမီးကို ၁၀နှစ်လောက် ပြုစုပျိုးထောင် လာရတာပဲလေ၊ အချိန်ကျရင်တော့ သူတို့ဘာပြဿနာမှ မရှာနိုင်အောင် သူတို့ကို လျော်ကြေးပေးမှာပေါ့”

မဒမ်အိုကြီးရဲ့ ရပ်တည်ချက်အောက်မှာ လင်ရှီ ပြန်မချေပရဲပေ။ သူ(မ)က အံကြိတ်ပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ယွီဖင်ယန်က စိပ်ပုတီးကိုပြန်ချကာ မှိန်ဖျော့ဖျော့ပြုံးလျက်

“ဟုတ်သားပဲ အမေ့ကို ပြောစရာရှိသေးတယ်၊ လွန်ခဲ့တဲ့၃ရက်က ညီမအကြီးမက အမေနဲ့အဖွားပြောနေတဲ့ စကားတွေကို ကြားသွားတယ်၊ သူက ရှန်းအာရဲ့ အကြောင်းအမှန်ကို သိသွားပြီး သူ့ရဲ့ အစေခံတွေကို ပြောပြခဲ့တယ်၊ သားသူတို့ကို သော့ပိတ်ထားပြီး ဘယ်လိုလုပ်လိုက်ရမလဲဆိုတာ အမေ့ရဲ့ ညွှန်ကြားချက်ကို စောင့်နေတာ ညီမအကြီးမကိုလည်း ကြီးကြပ်ဖို့တော့ လိုတယ်”

လင်ရှီက လှောင်ပြုံးပြုံးကာ

“အစေခံတွေ သိသွားတော့ ဘာဖြစ်လဲ၊ သူက မျိုးမစစ်ပဲလေ ဘယ်သူမှ ပြောလို့မရဘူးလား၊ ငါ့သမီးရဲ့ အလေးအမြတ်ထားရာနေရာကို သူယူထားတာလေ အခု ပြန်ပေးဖို့အချိန်ကျပြီ၊ သူတို့အကုန်လုံးကို လွှတ်လိုက်တော့ ငါ့ကို ဒီကိစ္စလောက်လေးနဲ့ ခေါင်းလာမစားနဲ့”

ပြောချင်ရာတွေပြောပြီးနောက် သူ(မ)က လှည့်ထွက်သွားလေသည်။

သူ(မ)ဘာသာ မထိန်းချုပ်နိုင်ခင်မှာ မဒမ်အိုကြီးက စားပွဲကိုရိုက်ချကာ ဆဲလေသည်

“စောက်ရူးမ ငါနင့်လို အရူးမကို အစတုန်းက မျက်စိကန်းပြီး ဘဝင်ကျခဲ့မိတာပဲ၊ နင့်သမီးရဲ့သတင်းကို အဲလောက်မျှော်လင့်နေရင် တစ်မြို့လုံးကို အမည်မသိ သတင်းပြန့်သွားပြီး၊ နိမ့်ကျတဲ့ ကုန်သည်အိမ်ထောင်စုက ပြုစုပျိုးထောင်ထားတာကို လူတိုင်းသိသွားရင် နင့်သမီးကို လူတွေလှောင်ပြောင်ပြီး သူ့တစ်ဘဝလုံး စိတ်သောကရောက်ပြီး အိမ်ထောင်ဖက်ကောင်းတောင် ရှာတွေ့ပါ့မလား မသိတော့ဘူး၊ ထွက်သွားစမ်း နင့်ရဲ့ ကမ္ပည်းကျောက်တိုင်ကိုပဲ သွားဖက်နေလိုက်၊ မာမောမော သူတို့တွေကို လွှတ်ပေးလိုက်စမ်း”

အစိမ်းရောင်ဝတ် အစေခံမိန်းမကြီးက ခေါင်းညိတ်ပြကာ ထွက်သွားလေသည်။

ထိုကိစ္စက လင်ရှီကို ထိတ်လန့်သွားစေခဲ့သည်။ သူ(မ)က မာမောမောကို ကတိုက်ကရိုက် တားကာ မဒမ်အိုကြီးကို သက်ညှာပေးဖို့ တောင်းပန်လေသည်

“အမေ ကျွန်မ မှားပါတယ် သူတို့ကို ကျွန်မ သွားဖြေရှင်းလိုက်ပါ့မယ်၊ ဘာမှထုတ်မပြောစေရပါဘူး စိတ်ချပါ”

မဒမ်အိုကြီးက မျက်လုံးမှိတ်ကာ သူ့ဒေါသတွေကို ချိုးနှိမ်ဖို့ ဘုရားစာရွတ်နေလိုက်ပြီး

“မှူးမတ်အိမ်တော်က အမြွှာသမီး၂ယောက် မွေးခဲ့တယ်၊ သူတို့ထဲက တစ်ယောက် အကြီးအကျယ် နေမကောင်းဖြစ်လို့ ဘုရားကျောင်းအိုကြီးမှာ ကျန်းမာရေးအတွက် ကုသနေထိုင်ခဲ့ရပြီး အိမ်ထောင်ပြုနိုင်တဲ့ အသက်အရွယ်ရောက်တော့ ပြန်လာခဲ့တယ်၊ သူတို့၂ယောက်လုံးက နင်မွေးထားတာ၊ မျိုးမစစ် မဟုတ်ဘူး နင်ဒါကို မြဲမြဲ မှတ်ထားစမ်း”

လင်ရှီက ဒါကို လက်မခံချင်သော်လည်း သူ့သမီးရဲ့ဂုဏ်သတင်းအတွက် ကြိတ်မှိတ် လက်ခံခဲ့လေသည်။ မျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံနေကာ ခေါင်းညိတ်ပြခဲ့သည်။ မဒမ်အိုကြီး လက်ဝေ့ယမ်းပြမှ အလောတကြီး ထွက်သွားလေသည်။

လွန်ခဲ့တဲ့၁၀နှစ် အဖေသေသွားကတည်းက အမေက စံအိမ်ရဲ့ ကိစ္စကို ဝင်ဖြေရှင်းတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အဖေ့ထက် တစ်စုံတစ်ယောက်ကို စိတ်ပူတာကလည်း ဒါပထမဆုံးအကြိမ်ဖြစ်သည်။ ပျောက်ဆုံးနေတဲ့ ညီမလေးက သူ(မ)အသက်ရှင်ဖို့ မှီခိုအားထားရာလေး ဖြစ်ခဲ့ပြီ။ သူကကော အမေ့အတွက် ဘာလဲ။ ရှန်းအာနဲ့ယှဥ်ရင်တော့ သူက အနည်းငယ် သာပါသေးတယ်။

ယွီဖင်ယန်က လက်ဖက်ရည်ခွက်ကို မြှောက်ယူကာ အားငယ်နေသည့်အပြုံးကို ဖုံးကွယ်လိုက်သည်။

***

ယွီစီးယွီ့က ပြတင်းပေါက်နားက သလွန်ထက် လဲလျောင်းနေကာ အစေခံမလေးက ဆေးလိမ်းပေးနေသည်။ သူ(မ)မျက်လုံးတွေက ပြတင်းပေါက်နား မကြာခဏ ကြည့်နေသည်။

ပူပြင်းသည့်နေရောင်က အမြင်ကို ဝေဝါးစေပြီး ကျေးငှက် တီကျူးသံတွေက လူ့စိတ်ကို ငြိမ်းအေးစေသည်။

ယွီစီးယွီ့က လှိမ့်သွားပြီး မျက်လုံးမှိတ်ကာ

“ကျူးယွင်နဲ့ ကျန်တဲ့လူတွေ ပြန်မလာသေးဘူးလား”

ပြတင်းပေါက်ကို လှမ်းကြည့်ရင်း အစေခံမလေးက ခေါင်းခါပြကာ

“သူတို့ကို မတွေ့သေးပါဘူး”

အစေခံမလေးက လက်ဆေးရန် အခန်းထဲက ထွက်သွားလေသည်။ သခင်မကြီးက လူအုပ်ကို ကြီးဆောင်ကာ လာနေတာကို တွေ့လိုက်လေသည်။ သူ(မ)က မြင်နေရတာကို မယုံကြည်နိုင်စွာဖြစ်နေပြီး မျက်လုံးကို လက်ဖြင့်ပွတ်လိုက်သည်။

သခင်မကြီးက ဘယ်မှသွားလေ့မရှိပေ။ သူ(မ)က သူ့အခန်းထဲပဲနေကာ မှူးမတ်ကြီးကို အောက်မေ့သတိရလေ့ရှိပြီး အရေးကြီးမှသာ မဒမ်ကြီးရဲ့ နေရာကို သွားလေ့ရှိသည်။ အခု သူက အနောက်ဖက်အဆောင်ကို လာနေတာလား။ သူ ဘာတွေမြင်နေတာလဲ။

အစေခံမလေးက မျက်လုံးကို ထပ်ပွတ်လိုက်ပေမယ့် ပုံရိပ်က ပျောက်သွားရမည့်အစား သခင်မကြီးရဲ့ပုံရိပ်က ပိုနီးကပ်လာလေသည်။ သူ(မ)က လက်ကဆေးရည်တွေကို အမှုမထားတော့ဘဲ သလွန်ထက်လဲလျောင်းနေသည့် သခင်ဖြစ်သူကို စိုးရိမ်စွာ နှိုးလေသည်

“မမကြီး ထတော့ သခင်မကြီးလာနေတယ်”

သခင်မကြီးက လှပကာ နူးညံ့သည့်အသွင် ရှိသော်လည်း သူ(မ)ရဲ့ ပင်ကိုယ်စရိုက်က ဒေါသကြီးကာ ခေါင်းမာသည်။ သူ(မ)ခင်ပွန်း ကိုယ်လုပ်တော်တွေ အများကြီးမယူအောင် ဖိနှိပ်ခဲ့သည်။ သူ့ခင်ပွန်းဆုံးသွားတော့ ဘာအကြောင်းပြချက်မှ မပေးဘဲ ကိုယ်လုပ်တော်တစ်ယောက်ကို တောရွာဖက်ကို ပို့ပစ်လိုက်သည်။ သူတို့ လမ်းမှာ မကြာခဏတွေ့ရင်တောင် ယွီစီးယွီ့က ဒီမေမေကြီးကို တကယ်ကြောက်သည်။ ယွီစီးယွီ့က သလွန်ထက်က အမြန်ထကာ အဝတ်အစားတွေ သပ်ရပ်အောင်ပြင်ပြီး တံခါးနားမှာ ဒူးထောက်ကာ စောင့်နေလိုက်သည်။

လင်ရှီက သူ(မ)ကို နှုတ်ပင်မဆက်ဘဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဖန်မောမော၊ ကျူးယွင်နှင့် တခြားလူတွေကို အမိန့်ပေးကာ ခေါ်လာခိုင်းလိုက်သည်

“သူတို့က ယွီအိမ်တော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် သပုတ်လေလွှင့် လျှောက်ပြောခဲ့တယ်၊ သူတို့တွေ အဆိပ်တိုက်ကျွေးခံရမယ် နင်ဘယ်လိုထင်လဲ”

သူတို့တွေက ပါးစပ်စည်းခံထားရပြီး လက်တွေ ချည်နှောင်ခံထားရကာ ဘာအသံမှ မထွက်နိုင်ပေ။ အစေခံတွေက ထိတ်ထိတ်ပျာပျာဖြင့် သူတို့သခင်မလေးကို ကြည့်ကာ ခေါင်းခါနေကြသည်။

ယွီစီးယွီ့က သက်ညှာမှု တောင်းခံလေသည်

“သူတို့အဆိပ်တိုက်ခံရတဲ့အထိ ဘာအပြစ်များ ကျူးလွန်ခဲ့မိလဲဆိုတာ မေမေကြီးကို မေးပါရစေ၊ ကျွန်မရဲ့အစေခံတွေက ပထမတန်း ရိုးသားတဲ့ အစေခံတွေပါ၊ ကောလဟာလတွေ လျှောက်ဖြန့်ပြီး ပြဿနာရှာမယ့်လူတွေ မဟုတ်ပါဘူး၊ မေမေကြီး တရားမျှတစွာ ဆုံးဖြတ်ပေးဖို့တောင်းဆိုချင်ပါတယ်”

ကောလဟာလဖြန့်ပြီး ပြဿနာရှာတဲ့လူ။ ထိုစကားက လင်ရှီ စောနက ဖိနှိပ်ထားသည့် ဒေါသက ပြန်ထောင်ထလာလေသည်။ ဒီလူတွေက လျှို့ဝှက်ချက်တွေ လျှောက်ဖြန့်လို့ သူ့သမီး ပြန်လာတဲ့အခါကျရင် ဘယ်လိုနေမှာလဲ။ သူ့သမီးက မျိုးရိုးမြင့်ထဲက နှင်ထုတ်ခံရပြီး လက်တောင်ထပ်လို့ ရပါ့မလား။ သူ့တစ်ဘဝလုံး ပျက်စီးသွားလိမ့်မယ်။ ဒီပြဿနာကို ဖန်တီးတဲ့လူက မေးခွန်းထုတ်ရဲသေးတယ်။

အများကြီးတွေးတောပြီးနောက် လင်ရှီက အံကြိတ်လိုက်သည်။ သူ(မ)က လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ခွဲပစ်လိုက်သည်။

“ပထမတန်း ရိုးသားတဲ့လူတွေ၊ ပထမတန်း ရိုးသားတဲ့လူတွေပေါ့”

သူ(မ)က ခက်ထန်စွာပြောလေသည်။

“သူတို့က သခင်မလေးကို ကြံစည်ရဲတာ၊ ယွီစီးယွီ့ ငါပြောမယ် အဲနေ့က ခြံထဲမှာ နင်ကြားခဲ့သမျှကိုမေ့လိုက်တော့၊ ငါထပ်ကြားပြီး ယွီအိမ်တော်ကို နင် ကမောက်ကမ ဖြစ်အောင် လုပ်လို့ကတော့ နင့်ကို ကျွန်ဘဝနဲ့ တောရွာဖက်ကိုပို့ပစ်မယ်၊ ဒီနှစ် နင့်အသက်က ၁၂မလား၊ အာဏာကြီးတဲ့မိသားစုနဲ့ လက်ထပ်မလား အဆင့်နိမ့်တဲ့လူနဲ့ လက်ထပ်မလားဆိုတာ နင်သေချာတွေးကြည့်ပေါ့”

သူ(မ)က စကားပြောပြီးနောက် သူ(မ)ရဲ့ အစေခံတွေကို အချက်ပြလိုက်သည်။

အစေခံတွေက သူတို့အင်္ကျီထဲက ဆေးပုလင်းများစွာကို ထုတ်ယူလာလိုက်သည်။ ပုလင်းကို ဖောက်ပြီးနောက် ကျူးယွင်နဲ့ တခြားလူရဲ့ ပါးစပ်ထဲကို အညိုရောင်ဆေးရည်တွေ လောင်းထည့် လိုက်လေသည်။ ချက်ချင်းပင် နာကျင်မှုကြောင့် မြေပြင်မှာ လူးလိမ့်နေကာ ပါးစပ်ဟထားပေမယ့် စကားတစ်လုံးမှ မပြောနိုင်ဘဲ အသက်ကို ပြတ်တောင်းပြတ်တောင်း ရှူနေရသည်။ ထိုမြင်ကွင်းက အလွန်ကြောက်ဖို့ကောင်းသည်။

ယွီစီးယွီ့က ထိုမြင်ကွင်းကို တစ်ခါမှမတွေ့ဖူးပေ။ ထောင့်လေးနားမှာ သူ(မ)က ခေါင်းကိုလက်ဖြင့် ဝှက်ထားကာ ကြောက်လန့်တုန်ယင်နေလေသည်။

သူတို့က သွေးတချို့ အန်ထွက်လာပြီး သေအံ့ဆဲဆဲဖြစ်နေသည်။ အစေခံတချို့က ဝင်လာပြီး စွန့်ပစ်ခွေးကို ဆွဲသလို ဆွဲထုတ်သွားခဲ့သည်။ ကျေနပ်သွားသည့် လင်ရှီက သူ(မ)လူတွေကို ဦးဆောင်ကာ ပြန်ထွက်သွားခဲ့သည်။

######

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset