TYCDTN အပိုင်း ၂

TYCDTN
Chapter 2

ယွီရှန်းက အခန်းထဲမှာ ချင် တီးခတ်လေ့ကျင့်နေတုန်း ရင်ဘတ်က စူးအောင့်လာလေသည်။
(ချင်= ဗျတ်စောင်းတစ်မျိုး)

သူ(မ)ရဲ့လက်ဖျားထိပ်က ချင် ကြိုးက မမျှော်လင့်ထားစွာ ပျက်သွားလေသည်။ သူ(မ)ရဲ့မျက်နှာက ဖြူဖျော့နေသည်။ သူ(မ)က ဝှီးချဲကိုလှည့်ကာ အထိတ်ထိတ်အပြာပြာဖြင့် တံခါးနားတွန်းသွားလိုက်သည်။ တံခါးဖွင့်လိုက်တော့ သူ(မ)အမေရဲ့ မျက်နှာက ပူပန်သည့်အသွင်ဖြင့် အပြင်မှာရပ်နေတာကို တွေ့လိုက်လေသည်။

“အစ်ကိုကြီး နှလုံးရောဂါဖောက်တာလား”

သူ(မ)က မေးခွန်းမေးတာဖြစ်သော်လည်း လေသံက သေချာနေသည်။ သူ(မ)နှင့် သူမအစ်ကိုက အကျင့်တူသည့်အမြွှာဖြစ်သည်။ သူ(မ)ရဲ့အစ်ကိုက မွေးကတည်းက နှလုံးရောဂါပါလာပြီး သူ(မ)ကတော့မွေးကတည်းက အကြောသေနေခဲ့သည်။ သူတို့က ငယ်ငယ်ကတည်းက ဆေးကုသနေရပြီး ခွဲထားလို့မရပေ။ တခြားအမြွှာတွေက ဆက်ဆံရေးကောင်းမွန်ကြပြီး သူတို့ကတော့ တစ်ဦးနှင့်တစ်ဦးဝေးကွာခြင်းမရှိဘဲ ခိုင်မာသည့် စိတ်ချင်းဆက်သွယ်မှုလည်း ရှိနေသည်။

အစ်ကိုကြီး နာကျင်ခံစားနေရချိန်မှာဆိုရင် သူ(မ)လည်း နာကျင်ရသည်။ အစ်ကိုကြီး ပျော်ရွှင်နေရသည့်အချိန်ဆိုရင် သူ(မ)လည်း ပျော်ရွှင်မှုကို ခံစားရသည်။ အစ်ကိုကြီးက ဝမ်းနည်းနေရင် သူ(မ)လည်း ဝမ်းနည်းရသည်။ အတူတူငိုကြရသည်။ အစ်ကိုကြီး အန္တရာယ်နှင့်ကြုံရသည့်အချိန်ဆိုရင် သူ(မ)လည်း စိတ်သောကရောက်နေရသည်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်ဝေးနေရင်တောင် အလိုလိုသိတဲ့စိတ်က ဘယ်တော့မှ အမှားအယွင်းမရှိပေ။

သူ(မ)ရဲ့မေးခွန်းကို သူ့အမေကတော့ မအံ့သြပေ။ အမေဖြစ်သူက ဝှီးချဲပေါ်က သမီးကိုကြည့်ကာ ဒူးထောက်ပြီး အသနားခံလေသည်။

“ရှန်းအာ သမီးရဲ့နှလုံးကို အစ်ကိုကြီးဆီပေးလိုက်ပါ၊ သူက RHသွေးအမျိုးအစားပဲ၊ အမေတို့ သင့်လျော်တဲ့နှလုံးကို ရှာမတွေ့သေးဘူး အချိန်ဆွဲနေလို့မရဘူး၊ ဆရာဝန်က အမျိုးအစား၂ခုလုံးကို နှိုင်းယှဥ်ကြည့်ပြီးပြီး ၁၂မျိုးလုံး ကိုက်ညီတယ်၊ ရှန်းအာ အမေ သမီးကိုတောင်းပန်ပါတယ် သမီးရဲ့ အစ်ကိုကြီးကို ကယ်တင်ပေးပါ၊ သူသာ သေသွားရင် အမေတို့ ယွီမိသားစု ပျက်စီးသွားလိမ့်မယ်”

သူ(မ)မိဘတွေက သူ(မ)ကို ဂရုမစိုက်တာကို သိသော်လည်း အခုလို လက်တွေ့ကြုံလိုက်ရတော့ ကောင်းကင်ကြီး ပြိုကျကာ မြေကြီးတွေ ကွဲအက်ကုန်ပြီး သူ့နှလုံးသားကို မီးကျီခဲနှင့် သေအောင်ထိုးနေသလို ခံစားလိုက်ရသည်။

“ထွက်သွားစမ်း”
သူ(မ)ခြေထောက်နား ဒူးထောက်နေသည့် အမေကို အသံကျယ်ကျယ်ဖြင့် အော်ပစ်လိုက်သည်။ အားအများကြီးထည့်ကာ အော်လိုက်ခြင်းကြောင့် သူ(မ)လည်ပင်းက အကြောတွေပင် ထောင်ထနေသည်။

သူ(မ)က အခန်းထဲပြန်ဝင်သွားကာ မြင်မြင်သမျှ ခွဲလို့ရသည့် ပစ္စည်းတွေအကုန်လုံးကို ရိုက်ခွဲပစ်ခဲ့သည်။ သူ(မ)ရဲ့ လက်ဖမိုးက ကြွေထာ်ပုလင်းအကွဲစနှင့် ခြစ်မိထားလေသည်။ အမေတစ်ယောက်က သူ့သမီးကို ဘာလို့ သေစေချင်တာလဲ။ ဘာလို့ အဲလောက်ထိ နှလုံးသားအေးစက်ရတာလဲ ဘာလို့ အဲလောက်ထိ နှလုံးသားအေးစက်ရတာလဲ။

အေးတိအေးစက်နဲ့ ဘက်လိုက်တဲ့မိဘတွေကို မုန်းတယ်။ ဒီမိသားစုထဲက လူတိုင်းကိုမုန်းတယ် ဒါပေမဲ့ အစ်ကိုကြီးကိုတော့ မုန်းလို့မရပေ။ လက်ချင်းတွဲက ဒီကမ္ဘာကြီးထဲကို အတူတူရောက်လာပြီး အတူတူကြီးပြင်းလာခဲ့သည်။ အစ်ကိုကြီးရဲ့ အကူအညီနှင့် ကာကွယ်ပေးမှုတွေသာ မရှိခဲ့ရင် ဒီလိုအကြောသေနေတဲ့ဘဝမှာ အကြောခပ်တင်းတင်းနှင့် မာနကြီးစွာ နေထိုင်နိုင်မည်မဟုတ်ပေ။

မသိလိုက်ခင်မှာပဲ မျက်ရည်တွေက မျက်နှာထက်မှာ အလုအယက် ကျဆင်းလာခဲ့သည်။ သူ(မ)စိတ်အေးသွားတော့ အခန်းရှေ့မှာ ဒူးထောက်နေဆဲဖြစ်သည့် အမေဖြစ်သူဆီ ပြန်သွားလိုက်ကာ
“ခွဲစိတ်ဖို့ အသင့်ပြင်ထားလိုက်တော့ အစ်ကိုကြီးက ဒီထက်တောင့်မခံနိုင်တော့ဘူးမလား”

“ပြည့်စုံမှုမရှိတဲ့လူ၂ယောက်မှာ တစ်ယောက်က ပြည့်ပြည့်စုံစုံနှင့်ရှင်သန်သွားနိုင်ပြီး ပျော်ရွှင်စွာနေထိုင်ရမှာပဲလေ”

ဒါက မျက်လုံးမမှိတ်ခင် သူ(မ)တွေးခဲ့သည့် နောက်ဆုံးအတွေးဖြစ်ကာ ထုံဆေးရဲ့ လွှမ်းမိုးမှုကို အရှုံးပေးကာ သေဆုံးသွားခဲ့သည်။

****

ယွီရှန်းက ရီဝေစွာနိုးလာပြီး ကိုက်ခဲနေသည့်ခြေထောက်ကို ထိလိုက်ကာ အံ့သြနေလေသည်။ မွေးကတည်းက ခြေထောက်က အကြောသေနေတာကြောင့် နာကျင်မှုကို မခံစားခဲ့ရပေမယ့် အခုက ဘာလို့နာနေတာလဲ။ သိပ်မကြာခင်မှာ ရင်ဘတ်ထဲက နှလုံးက မှန်မှန်လေးခုန်နေတာကို ခံစားမိလိုက်တော့ တွေဝေသွားလေသည်။

“အာ.. “

သို့ပေမယ့်လည်း ဒီမူမမှန်မှာက လေအေးအေးလေးကို ရှူသွင်းစေသည့် အကြောင်းပြချက် မဟုတ်ပေ။ သူ(မ) တုန်လှုပ်သွားလေသည်။ ဒီခြေထောက်နဲ့လက်ပုတိုလေးတွေက အသက်၇နှစ်၊ ၈နှစ်လောက်ပဲ ရှိဦးမည်။

မှတ်ဉာဏ် အပိုင်းအစတွေက ကျန်ရစ်နေသည်။ နဖူးပေါ်လက်တင်ကာ သေချာစဥ်းစားလိုက်ပြီး သနားစဖွယ် ငိုကြွေးလိုက်လေသည်။ ကံဆိုးလိုက်တာ။ အရင်ဘဝက အခက်အခဲများစွာ ခံစားခဲ့ရပြီး ပြန်မွေးဖွားဖို့ အခွင့်ရေးရခဲ့ပေမယ့် အကြောကတော့ သေနေတုန်းပဲ။ ဒီအထိ အဆင်ပြေသေးပေမယ့် အခုသူက ဝတ္ထုထဲက ကံအဆိုးဆုံး အမြောက်စာဇာတ်ကောင်အဖြစ် ပြန်ဝင်စားနေတာ။

တကယ်တော့ ဒီဝတ္ထုက သူ့ကိုထိန်းကျောင်းပေးသည့် နာနီဖြစ်သူက ယွီရှန်းကို ဒီရိုးရှင်းတဲ့ဝတ္ထုလေးဖတ်ကာ စိတ်ပြေလက်ပျောက် ဖြစ်စေချင်လို့ဖြစ်သည်။ ယွီရှန်းက ဇာတ်လမ်းမိတ်ဆက်နှင့် ၂ခန်းလောက်သာ ဖတ်ရသေးသည်။ အရန်ဇာတ်ကောင်ရဲ့နာမည်နှင့် သူ့နာမည်က တူနေတာကို သတိထားမိခဲ့ပြီး အောက်ပိုင်း သေနေတာကလည်း တူနေသေးသည်။ စိတ်ရှုပ်လို့ အိပ်ရာဘေးက အမှိုက်ပုံးထဲ ဝတ္ထုစာအုပ်ကို ပစ်ထုတ်ဖို့ လုပ်ခဲ့သည်။ မပစ်ထုတ်ရသေးခင်မှာပဲ သူ့အစ်ကိုကြီး နေမကောင်းဖြစ်တာနဲ့ သူ(မ) သေသွားခဲ့ရသည်။

ဒီလိုဖြစ်မယ်မှန်းသိရင် မသေခင်တော့ ဒီဝတ္ထုကို ပြီးအောင်ဖတ်ခဲ့ပါတယ်။ အခုလက်ရှိ သူသိတာဆိုလို့ ယွီရှန်းက အောက်ပိုင်းသေနေသည့် ကလေးဆိုတာပဲ ဖြစ်သည်။ လွန်ခဲ့သည့်၃ရက်က သူ(မ)ဘဝရဲ့ ဝမ်းနည်းဖို့ကောင်းကိစ္စရပ်ဖြစ်ခဲ့ပြီး သူ(မ)ဘာသာ ကယ်တင်ဖို့ ကူးပြောင်းလာတာ နောက်ကျသွားခဲ့သည်။

လွန်ခဲ့သည့် ၃ရက်က ယွီရှန်းရဲ့ အထိန်းတော် သေဆုံးသွားခဲ့သည်။ သူ(မ) မသေဆုံးခင်မှာ ယွီရှန်းရဲ့အမေဖြစ်သူ လင်ရှီကို ကလေးမှားယူခဲ့မိကြောင်း ဝန်ခံခဲ့သည်။ လင်ရှီက သူ(မ)ခင်ပွန်းကို အလွန်ချစ်ကာ ခင်ပွန်းဖြစ်သူရဲ့ သေဆုံးမှုကို လက်မခံနိုင်ခဲ့ပေ။ သူ(မ)က နေ့စဥ်တာဝန်ဝတ္တရားတွေနှင့် သားသမီးတွေကိုလည်း ဂရုမစိုက်တော့ပေ။ ထိုအစား ခြံထဲမှာ သူ့ဘာသာပိတ်လှောင်ကာ ခင်ပွန်းဖြစ်သူရဲ့ ကမ္ပည်းကျောက်တိုင်ကိုသာ ရင်ဘတ်နား တင်းတင်းဖက်ကာ ချိုမြိန်သည့်အမှတ်တရများကို ပြန်တွေးတောရင် ငိုကြွေးနေခဲ့သည်။ ယွီရှန်းက ဂြိုလ်ဆိုး သူမွေးလာလို့ သူ့ယောက်ျားသေရတာဖြစ်ကြောင်း ဆွေမျိုးတွေကိုပြောကာ ယွီရှန်းမွေးကတည်းက လည်ပင်း ညှစ်သတ်ဖို့ လုပ်ခဲ့သည်။ သူသာ မွေးမလာရင် သူ(မ)ယောက်ျားက ဒီလို ကပ်ဘေးကိုကြုံရမှာ မဟုတ်ဘူး။

အစကတည်းက လင်းရှီက ယွီရှန်းကို မုန်းခဲ့သည်။ အမှန်တရားကိုသိလိုက်ရသည့်အချိန်မှာ သူ့အမုန်းတွေက ပိုတိုးလို့လာခဲ့သည်။ သူ(မ)က သူ(မ)ရဲ့သား ယွီဖင်ယန်ကို ယွီရှန်းကို သူ့ရှေ့က ပျောက်ကွယ်သွားအောင် တောရွာကို ပို့ခိုင်းခဲ့သည်။ မဒမ်အိုရဲ့ ငြင်းဆိုချက်ကြောင့်သာ မဟုတ်ရင် ယွီရှန်းက အိမ်ထောင်စုစာရင်းကနေပင် အထုတ်ခံရပြီးပြီဖြစ်သည်။

သို့ပေမယ့် ကံဆိုးမှုတွေက မပြီးသေးပေ။ တောရွာကိုသွားနေတုန်း တောင်ပေါ်က ဓားပြတွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယွီဖင်ယန်ကတော့ အနည်းငယ်သာထိခိုက်ခဲ့သည်။ ကမောက်ကမ အခြေအနေမှာ ယွီရှန်းက ဟန်ချက်မထိန်းနိုင်ဘဲ ယွီဖင်ယန် အပေါ်ကို လဲကျသွားခဲ့ပြီး ယွီဖင်ယန်အစား ခြေထောက်၂ဖက်မှာ ဓားဖြတ်ခံရပြီး ချက်ချင်းအရိုးကျိုးသွားခဲ့သည်။ သူ(မ)ဘယ်တော့မှ မတ်တပ်ထပ်မရပ်နိုင်တော့ပေ။

ယွီဖင်ယန်ကို ဒီလောက်ထိစွန့်စားကာ ကယ်တင်ပြီးသည်အထိ သူ(မ)ကို တောရွာကို ပို့ဦးမည်ဆိုပါက ရက်စက်ရာကျလွန်းသည်။ ထိုသတင်းကို မဒမ်အိုကြီး ကြားပြီးသည်နှင့် ချက်ချင်း ပြန်လာခိုင်းလေသည်။

ကံဆိုးမိုးမှောင်ကျနေသည့် အချိန်မှာ ယွီရှန်းက ဝတ္ထုထဲက ယွီရှန်းရဲ့ ကိုယ်ထဲ ကူးပြောင်းလာခဲ့ကာ ယွီရှန်းအစား ခံစားရလေသည်။ ဇာတ်ကွက်အဆန်းတွေကို မဖတ်ရသေးသော်လည်း အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်လာသည့်အခါကျရင် သူ(မ)မှာ မကောင်းတာတွေ ဖြစ်လာတော့မှာကို သိသည်။

ယွီရှန်းက သေချာတွေးတောပြီးနောက် ရင်ထဲနာကျင်သွားကာ ဆံပင်တွေကို လက်ဖြင့် ဆွဲလိုက်လေသည်။ သူ့ဘဝက ဘာလို့ဒီလောက်ထိ သနားဖို့ကောင်းနေရတာလဲ။ ဘယ်နတ်ဘုရားကိုများ အပြစ်ကျူးလွန်ခဲ့မိလို့လဲ။

ဝမ်းနည်းစရာထဲမှာ တစ်ယောက်တည်း လူးလိမ့်နေတုန်း အပန်းရောင်ဝတ်ထားသည့် အမျိုးသမီးအစေခံကလာပြီး နူးညံ့စွာပြောလေသည်။
“သခင်မလေး မမကြီး လာတွေ့ပါတယ်”

ယွီအိမ်တော်ကို မှူးမတ်အိမ်တော်အဖြစ် သိထားသည်။ ဓားပြတိုက်မှုမှာ မှူးမတ်ကြီး သေဆုံးသွားပြီးနောက် အစ်ကိုကြီးဖြစ်သူ ယွီဖင်ယန်က အဖေ့ဘက်က ဦးလေးတွေကို ကျော်လွန်ကာ မှူးမတ်ရာထူးရခဲ့ပြီး တရားဝင်သားနေရာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယွီရှန်းက ဒုတိယသမီးဖြစ်ပြီး အဆင့်အတန်းမြင့်ချင်လို့ သခင်ကြီးနှင့်အိပ်ကာ ရထားသည့်ကိုယ်လုပ်တော်ကမွေးသည့် ရှုသမီးကြီး တစ်ယောက်ရှိသည်။

( 庶(shù)= ရှု : ကိုယ်လုပ်တော်မှမွေးသည့်ကလေး)

လင်ရှီကတော့ သူတို့တွေကိုမချစ်ပေ။ မိန်းကလေး၂ယောက်က ကာရံညီစွာ အချင်းချင်း နှစ်သိမ့်ကြသည်။

ဒါက စာအုပ်ထဲက ယွီရှန်းရဲ့အသိဉာဏ်ဖြစ်ပြီး ဒီယွီရှန်းက မသိပေ။ ဝတ္ထု၂ခန်းသာ ဖတ်ရသေးသည့် ယွီရှန်းက ဒီရှုအစ်မနှင့် ရင်းနှီးစွာ မဆက်ဆံရဲပေ။

အပြင်းအထန် ထိခိုက်ထားသည့် ယွီရှန်းက အိပ်ရာထက်က မထနိုင်သေးပေ။ ယွီစီးယွီ့က ယွီရှန်းကို စိတ်အနှောက်အယှက်ပေးဖို့ မစောင့်နိုင်ပေ။ ဇာတ်လမ်းကို ယွီရှန်းက သိထားပြီးပြီဖြစ်ကာ သူ(မ)ဆန္ဒအတိုင်း ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ သူ(မ)သာ လိုက်လျောညီထွေစွာ တုံ့ပြန်လိုက်ပါက မှူးမတ်အိမ်တော်က သူ့ဘဝအနာဂတ်က သက်သောင့်သက်သာ ရှိလိမ့်မည်။ အခုတော့ ဘယ်လောက်ပဲ သဘောမကျပါစေ အမှန်တရားကို ရင်ဆိုင်ရမည်။

“အစ်မကြီးကို မြန်မြန်ဝင်ခိုင်းလိုက်”
ယွီရှန်းက အမူအရာကိုပြင်လိုက်သည်။ တော်တော်လေး နာကျင်နေတာကြောင့် ကိုယ်ခန္ဓာကို ခေါင်းအုံးအပျော့ပေါ် မှီထားလိုက်သည်။

“ညီမလေး ဒီနေ့အဆင်ပြေရဲ့လား၊ ဆေးကောသောက်ပြီးပြီလား”
ယွီစီးယွီ့က အခန်းထဲဝင်လာသည်နှင့် စိတ်အားထက်သန်စွာ မေးလေသည်။ သူ(မ)က ယွီရှန်းရဲ့သွေးစွန်းနေသည့် ပတ်တီးကို ဂရုတစိုက်နူးညံ့စွာ ထိလေသည်။ သူ(မ)ရဲ့ မျက်လုံးတွေ တဖြည်းဖြည်းနီရဲက မျက်ရည်ဥကြီးတွေ ကျလာလေသည်။ ယွီစီးယွီ့က အသက်၁၂သာ ရှိသေးသည်။ သူ(မ)က သူ့ရွယ်တူတွေနှင့်ယှဥ်ရင် အရပ်ရှည်သည်။ ရုပ်ကလေးက တော်တော်လှသည်။ အလှလေးငိုရင် သနားချင်စဖွယ်ကောင်းပြီး နှစ်သိမ့်ပေးချင်စဖွယ် ကောင်းသည်။

“မငိုပါနဲ့အစ်မရယ် ဆေးဆရာကြီးက ပြောတယ် နှစ်ပတ်လောက်နေရင် ပျောက်တယ်တဲ့၊ ခြေထောက် ပြန်ကောင်းသွားတဲ့အခါကျရင် ကံဆိုးမှုတွေ ပျောက်သွားအောင် ဟိုတစ်ခါက လုပ်ထားတဲ့စွန်တွေ လွှတ်ကြမယ်လေ”
ယွီရှန်းက မူလဝတ္ထုထဲက ဇာတ်ကောင်းအတိုင်း ပြောလိုက်လေသည်။

“ကောင်းပြီ အစ်မ နင့်ကို စောင့်နေမှာပေါ့”
သို့သော်ငြား ယွီစီးယွီ့က အငိုမတိတ်သေးဘဲ ဆက်လက်ငိုကြွေးနေသည်။ သူ(မ)က အိပ်ရာအစွန်းနားထိုင်ကာ စိတ်သောကရောက်နေသည်။ သူ(မ)က စကားတွေ ပြောလိုက်ချင်ပေမယ့် ဘယ်ကစပြောရမှန်းမသိ ဖြစ်နေသည်။

ယွီရှန်းက အသက်ပြင်းပြင်းရှူကာ လော့မချထားသည့် တံခါးဖက် ခေါင်းလှည့်လိုက်သည်။ သူ(မ)က ရင်းနှီးသည့်လူ ချည်းကပ်လာတာကို ခံစားလိုက်ရသည်။ နှလုံးသားနဲ့ဝိဉာဥ်ထဲမှာ မမှားနိုင်သည့် အသိစိတ်က စွဲကပ်နေသည်။ ဒါပေမဲ့ ဒါက စိတ်ကူးယဥ်ကမ္ဘာကြီးလေ။ သူက ဘယ်လိုပေါ်လာတာလဲ။ သူ(မ)က သူ့အခြေအနေ စိုးရိမ်စိတ်တွေကို ချေမှုန်းကာ မေးလေသည်
“အစ်မဘာလို့ အဲလောက်ငိုနေတာလဲ”

ယွီစီးယွီ့က ချက်ချင်း ပြန်မဖြေပေ။ သူ(မ)က ယွီရှန်းရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ယွီရှန်းက အကြိမ်များစွာမေးမှ မျက်ရည်တွေဖြင့် ကြေကွဲစွာဖြေလာလေသည်
“ညီမလေး နင့်ခြေထောက် နင့်ခြေထောက်တွေ ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ဘူးလို့ ဆေးဆရာပြောတာကို ငါ ဝိုးတဝါးကြားခဲ့တယ်”

ယွီရှန်းရဲ့ စိတ်တွေဗလာဖြစ်သွားလေသည်။

ယွီစီးယွီ့က ငိုကြေးကာ မပီမသပြောလေသည်
“အစ်ကိုကြီးက တိုက်ခိုက်ရေးမှာ တစ်ဖက်ကမ်းခတ်အောင် တော်တယ်၊ ပြီးတော့ သူ့ကို စောင့်ရှောက်တဲ့ တော်ဝင်အစောင့်တွေမှ အများကြီးပဲ၊ နင့်လို အားနည်းတဲ့မိန်းကလေးက သူ့ကို ကာကွယ်ပေးဖို့ မလိုပါဘူး၊ နင်က အမြဲတမ်း ကြောက်တတ်တယ်မလား၊ ဒီတစ်ခါ ဘာလို့ အဲလောက် သတ္တိရှိနေရတာလဲ၊ အခုတော့ ခြေထောက်တွေ ဒီလိုဖြစ်သွားပြီ ဘယ်လို ဆက်လုပ်မှာလဲ”

သူ(မ)ရဲ့ ငိုကြွေးကာ ပြောဆိုနေသံက တော်တော်လေး အားမလိုအားမရ ဖြစ်နေဟန်တူသည်။ အခုက ဒီစကားတွေပြောဖို့ မသင့်လျော်ဘဲ တမင်ရန်စကာ စိတ်ဆွနေခြင်း ဖြစ်သည်။

မှူးမတ်ကြီးသေတုန်းက ယွီဖင်ယန်က ၅နှစ်သာ ရှိသေးသည်။ သူက မိသားစုရဲ့ အကြီးအကဲအဖြစ် အကျိုးမပြုနိုင်သေးပေ။ ထို့ကြောင့် မဒမ်အိုကြီးက သူ့ကို နန်းတော်ကိုပို့ကာ မင်းသားရဲ့စာလုပ်ဖော်အဖြစ် ရွေးချယ်ခံရဖို့ စေလွှတ်ခဲ့သည်။ သူက မျှော်လင့်ထားသည့်အတိုင်း လုပ်နိုင်ခဲ့ကာ အိမ်ရှေ့မင်းသားကလည်း သူ့ကို သဘောတွေ့တာကြောင့် သူ့ကို ကြည့်ရှုစောင့်ရှောက်ကာ အသက်ငယ်ငယ်ဖြင့်တောင် မှူးမတ်ရာထူးရအောင် ကူညီခဲ့သည်။ သူက ငယ်ငယ်ကတည်းက အိမ်မှာထက် နန်းတော်မှာသာ အနေများခဲ့သည်။ အသက်ကွာဟမှုကြောင့် အစ်ကိုနှင့်ညီမကြားမှာ ချစ်ခင်တွယ်တာမှုနဲ့ အပြန်အလှန် ဆက်သွယ်မှုများ မရှိခဲ့ပေ။ အဖွားနဲ့အမေရဲ့ ဘက်လိုက်မှုကြောင့် ယွီရှန်းက ယွီဖင်ယန်ကို မကျေမချမ်းစိတ်က ပိုကြီးလာသည်။ ဒါကြောင့် ယွီရှန်းက ဒီအန္တရာယ်များသည့် အခြေအနေမှာ အစ်ကိုဖြစ်သူကို ကယ်ဖို့လုပ်ခဲ့မည်ဟု ယွီစီးယွီ့ မထင်ပေ။

မူလဝတ္ထုထဲမှာ ယွီရှန်းစိတ်ငြိမ်သွားတော့ ယွီစီးယွီ့ထင်သည့်အတိုင်း အမှန်အတိုင်း ပြောခဲ့လေသည်။
“သူ့ကိုကယ်ဖို့ တစ်ခါမှမတွေးဖူးဘူး၊ ငါက စကပ်စကို တက်နင်းမိပြီး သူ့ကိုယ်ပေါ် လဲကျသွားခဲ့ပြီး ဓားနဲ့ဖြတ်ခံခဲ့ရတာ၊ ဒါတွေအကုန် သူ့အမှားပဲ၊ သူသာ တောရွာမှာ သွားဆော့ဖို့ ငါ့ကို မတိုက်တွန်းခဲ့ရင် ဒီကံဆိုးမှုနဲ့ကြုံရမှာ မဟုတ်ဘူး၊ သူက ငါ့ဘဝကို ပျက်စီးစေတဲ့လူ…”
သူ(မ) က မကျေနပ်စိတ်တွေ အကုန်ပေါက်ထွက်ကာ ကျိန်ဆဲခဲ့လေသည်။

တိုက်ဆိုင်စွာဖြင့် ထိုစကားပြောနေသည့်အချိန်မှာ ယွီဖင်ယန်က သူ(မ)ဆီ လာလည်သည့်အချိန်ဖြစ်ပြီး စကားလုံးတိုင်းကို ကြားသွားခဲ့သည်။ ထို့နောက် တိတ်တဆိတ်ပင် ထွက်ခွာသွားခဲ့သည်။ သူ(မ)ရဲ့ ပြောဆိုမှုတွေကြောင့် သူ(မ)အပေါ် ထားရှိသည့် အပြစ်မကင်းစိတ်နှင့် နူးညံ့သည့် ကြင်နာမှုတွေ အကုန် ပျောက်ကွယ် သွားခဲ့လေသည်။ သူ(မ)ကို ကာကွယ်ပေးသေးပေမယ့် အမှန်တကယ်တော့ ဂရုမစိုက်ပေ။ ထိုကိစ္စကြောင့် သူက မစုံစမ်းဘဲ ကျက်သရေ မရှိသည့်ကောင်နှင့် သူ(မ)ကို လက်ထပ်ခွင့်ပြုခဲ့သည်။

အခု ယွီရှန်းက ပြန်ဝင်စားလာတာကြောင့် သူ့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ကို အဝေးကို တွန်းမထုတ်နိုင်ပေ။ သူ(မ)ရဲ့ မျက်နှာလေးနီရဲကာ မျက်ရည်ဥကြီးတွေ ကျဆင်းအောင် ငိုလေသည်။ မျက်ရည်တွေက မေးစေ့မှာပင် တွဲလဲခိုနေလေသည်။ ထိုပုံစံလေးကို မြင်ပါက ဘယ်လောက် အသည်းမာသည့်လူမဆို သနားသွားနိုင်သည်။

ယွီဖင်ယန်က တံခါးအဟကနေ သူ့ညီမလေးရဲ့ပုံစံကိုကြည့်ကာ ရင်နာနေရသည်။

ယွီစီးယွီ့က သူပြန်မဖြေတာတွေ့တော့ ရှေ့တိုးလာကာ မျက်ရည်တွေ သုတ်ပေးပြီး တီးတိုးပြောလေသည်။
“ညီမလေး အဆင်ပြေရဲ့လား၊ တစ်ခုခုပြောပါဦး၊ နင့်အစ်မကို မကြောက်နဲ့”

ယွီရှန်းက သူ(မ)ကို တွန်းဖယ်ကာ မျက်နှာကို ကာပြီး ဖြည်မဆည်နိုင်အောင် ငိုကြွေးနေပုံက အစေခံတွေကိုပင် နှာတရှုပ်ရှုပ် ဖြစ်စေခဲ့သည်။ ထို့နောက် မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ကာ တခစ်ခစ်ရယ်လေသည်။ ငိုလိုက် ရယ်လိုက် ဖြစ်နေသည့် သူ(မ)အပြုအမူက အလွန်ထူးဆန်းနေသည်။

ရွှန်းစိုနေသည့် မျက်လုံးတွေဖြင့် ယွီစီးယွီ့က ရှေ့တိုးလာကာ သူ(မ) ပုခုံးကိုကိုင်ပြီး တောင်းပန်တိုးလျှိုးလေသည်။

“ညီမလေး နောင်တရနေတာလား၊ နိုးထလိုက်တော့ အခုနောင်တရလို့ မရတော့ဘူး၊ ရှေ့ဆက်လျှောက်ရမယ်၊ နင့်မှာ အစ်မရှိသေးတယ်၊ အစ်မကနင့်ကို ဂရုစိုက်ပေးမှာပေါ့၊ မကြောက်နဲ့ မကြောက်နဲ့”

ယွီရှန်းက သူ(မ)ကို တွန်းဖယ်ကာ ရှင်းလင်းစွာ ပြောလေသည်။

“နောင်တ ဟုတ်လား၊ ဘာလို့နောင်တရ ရမှာလဲ၊ သူက ငါ့ရဲ့အစ်ကိုကြီးလေ၊ သူက မှူးမတ်အိမ်တော်ရဲ့ မဏ္ဍိုင်၊ အထိခိုက်ခံလို့ မရတဲ့လူ၊ ငါ အောက်ပိုင်းသေသွားလို့ ဝမ်းနည်းပေမယ့် အစ်ကိုကြီး အန္တရာယ်ကင်းနေလို့ ငါပျော်ပါတယ်၊ အစ်ကိုကြီးသာ မရှိရင် ဦးလေးတွေကြောင့် ငါတို့တွေ သေနေလောက်ပြီ၊ ငါတို့စားဝတ်နေရေး အခုလို ထွန်းတောက် အဆင်ပြေနေမှာမဟုတ်ဘူး၊ ငါသူ့ကို ရန်စခဲ့တယ်ဆိုတာ သူငါ့ကို သတိထားမိပြီး စကားနည်းနည်းလောက် ပြောစေချင်လို့ပါ၊ အခု အစ်ကိုကြီး အဆင်ပြေနေတယ် ငါအရမ်းပျော်တာပဲ…”

အားတက်သရောစကားတွေ ပြောကာ မျက်ရည်တွေက မျက်နှာကနေ စီးဆင်းပြီး အင်္ကျီကိုပါ စိုသွားစေခဲ့သည်။ သူ(မ)က အားနည်းသော်လည်း သန်မာချင်ယောင်ဆောင်ကာ တွယ်တာမှုတွေကို ဖော်ပြခဲ့လေသည်။

ယွီစီးယွီ့က အံ့သြသွားလေသည်။ သတ္တိနည်းပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ယွီရှန်းက ဒီ၃ရက်အတွင်း ဘယ်လိုလုပ် စဥ်းစားဉာဏ်ရှိပြီး ဒီလောက်ထိ သန်မာသွားတာလဲ။ ဒါတွေက သူထင်ထားတာထက် ပိုကျော်လွန်နေတယ်။

######

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset