TYCDTN အပိုင်း ၃၈

TYCDTN
Chapter 38

ယွီစီးယွီ့က ကြောက်လန့်နေပေမယ့် တင်စီးသလို ဟန်ဆောင်ကာ အပြစ်တင် အော်လေသည်။
“ယွီရှန်း နင်က ဒီခွေးတွေနဲ့ ပေါင်းပြီး ငါ့ကို ကြံစည်ရဲတယ်ပေါ့၊ နင်က တော်တော် ကြောက်ဖို့ကောင်းတာပဲ”

ချုံရှီက အထင်သေးစွာ နှုတ်ခမ်းမဲ့လေသည်။

ယွီရှန်းက မျက်ခုံးပင့်ကာ တခစ်ခစ်ရယ်ပြီး..

“ငါသာ နင့်ကို အန္တရာယ်ပေးချင်ရင် ခြံထဲက အစေခံတွေ အကုန်လုံးကို မောင်းထုတ်ပစ်ပါ့မလား၊ အခု ငါလုပ်ရမှာဆိုလို့ လက်ခုပ်လက်ဝါး တီးပြီး နင့်လို အရှက်မရှိတဲ့ မိန်းမကို အော်တာပဲရှိမှာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ မိန်းမကို ဝါးခြံထဲ ထည့်ခတ်ထားရမှာ”

ထိုစကားကို ကြားတော့ ယွီစီးယွီ့က လန့်သွားကာ ဖန်းကျီ့ချန်ရဲ့ နောက်ကျောကို ဝင်ပုန်းခဲ့သည်။

ဖန်းကျီ့ချန်က ရွေးစရာ မရှိတော့ ရှေ့တိုးလာကာ လက်၂ဖက်ကို လက်သီးဆုပ် ပုံစံပြောင်းကာ ပူးကိုင်လျက် ကိုင်းညွှတ် အရိုအသေပေးပြီး ပြောလေသည်။

“သခင်မလေး နားလည်မှု လွဲနေပါပြီ၊ ကျွန်တော်နဲ့ မမကြီးဖြစ်သူနဲ့က ဘာကိစ္စမှ မရှိသလို အချင်းချင်း ချစ်ခြင်းမေတ္တာဖလှယ် ထားတာလဲ မရှိပါဘူး၊ စေ့စပ်ပွဲဖျက်ဖို့ ဆွေးနွေးနေတာပါ”

ထို့နောက် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ဆက်ပြောလေသည်။

“ကျွန်တော် တကယ် သဘောကျတာက သခင်မလေးကိုပါ၊ အမေနဲ့လည်း ဆွေးနွေးပြီးထားပါ၊ မကြာခင် ယွီစံအိမ်တော်ကို အောင်သွယ်ပို့ပြီး လက်ထပ်ဖို့ ကမ်းလှမ်းပါ့မယ်၊ ဒါတွေက ကျွန်တော့်အတွေးတွေသာ ဖြစ်လို့ သခင်မလေးက ခွင့်လွှတ်ပေးပါ၊ မမကြီးကို ဘာခံစားချက်မှ မရှိဘဲ သူ့ကို သနားရုံ သနားတာပါ”

ယွီရှန်းက အောက်ပိုင်းသေကာ ဂုဏ်ငယ်တာကြောင့် သူ့လို အရည်အချင်းရှိ လူချောလေးက သူ(မ)ကို ချစ်ကျွမ်းဝင်နေတာ သိပါက နှလုံးသားလေ တုန်ယင်သွားမှာလို့ သူက ယုံကြည်နေသည်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲ ကျူးကျော်မိတာကို အပြစ်အယူ မခံရနိုင်ဘူးဟု ထင်လေသည်။

ယွီရှန်း ဘယ်လောက် ဉာဏ်ကောင်းပါစေ ဖန်းကျီ့ချန်က ထိုသို့ ပြောထွက်လာမှာကို မတွေးမိခဲ့ပေ။ စောနကတော့ ယွီစီးယွီ့နှင့် ချိန်းတွေ့နေကာ အခုတော့ သူ(မ)ကို ဖွင့်ပြောနေသည်။ ဟိုတစ်နေ့ကပဲ ကိုယ်လုပ်တော်ရဲ့သမီးကို လက်ထပ်ဖို့ တွေးခဲ့ပြီး နောက်တစ်ရက်ကျ တရားဝင်သမီး ဖြစ်သူကို လက်ထပ်ဖို့ တွေးနေပြန်သည်။ သူ့ဘာသာသူ အဲလောက် စန်းပွင့်မယ်လို့ ထင်နေတာလား။ ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ။ ဖန်းအန်း ဝင်စားတယ်များ မှတ်နေတာလား။
[TN/ 潘安(pān ān) ဖန်းအန်း ဟိုးရှေးခေတ်တုန်းက အလှဆုံးအမျိုးသား ထိပ်တန်း၄ယောက်ထဲက အမျိုးသားတစ်ယောက်]

ယွီစီးယွီ့က ဖန်းကျီ့ချန်ကို အလွန်အံ့သြစွာ ကြည့်နေသည်။ သူ(မ)က ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်နေသည်။

ထောင်ဟုန်က ဒေါသပေါက်ထွက် လာခဲ့သည်။ သူ(မ)က ဖန်းကျီ့ချန်ကို လက်ညှိုးထိုးကာ ဆဲလေသည်။
“တဏှာရူး၊ နင်နဲ့ငါ့သခင်မလေးက တစ်ခါမှ မတွေ့ဖူးတာကို ဘယ်တုန်းက ချစ်မိသွားတာလဲ၊ ငါ့သခင်မလေးကို ရေညစ်ရေဆိုးတွေနဲ့ မပက်ဖြန်းနဲ့”

ဖန်းကျီ့ချန်က တောက်ဘုန်းကြီးကျောင်းမှာ အဆုံးမရှိ တွေ့ဖူးတဲ့အကြောင်း ရှင်းပြခဲ့သည်။

ယွီရှန်းက မျက်လုံးမှေးကျဥ်းကာ မေးလေသည်။
“ငါက လမ်းမလျှောက်နိုင်တာကို နင်က ဘာလို့ လက်ထပ်ချင်တာလဲ၊ ဘယ်သူက နင့်အိမ်ရဲ့ ငွေကြေး၊ အစားအသောက်၊ အစေခံတွေကို စီမံမှာလဲ”

ယွီရှန်းက အတည်ပေါက်ကြီး မေးနေတာကြောင့် ဖန်းကျီ့ချန်က စိတ်အေးသွားကာ ပြုံးလိုက်မိပြီး..၊
“အရင်ဆုံး တစ်ဝမ်းကွဲညီမကို လက်ထပ်မှာပါ သူက အိမ်တွင်းရေးကိစ္စအဝဝကို ကိုင်တွယ်ပါလိမ့်မယ်၊ သခင်မလေးက သန္ဓေတည်ဖို့ ခက်ခဲရင်တောင် ညီမဝမ်းကွဲကို သခင်မလေးနာမည်နဲ့ ကလေးမွေးခိုင်းပြီး ကလေးကို သွေးရင်းသားရင်းလို ချစ်နိုင်ပါတယ်၊ ဖန်းမိသားစုထဲ ဝင်ခဲ့ရင်တောင် မှူးမတ်စံအိမ်ကြီးမှ နေရသလို လွတ်လပ်စွာ နေထိုင်နိုင်ရပါမယ် ဘာမစိုးရိမ်စရာ မရှိပါဘူး၊ ကျွန်တော်က သခင်မလေးကို ဂရုစိုက်ပေးမှာမလို့ တစ်စိုးတစ်စိမှ စိတ်မဆင်းရဲစေရပါဘူး၊ တစ်ဝမ်းကွံညီမကလည်း စိတ်ထားကောင်းပြီး နူးညံ့တယ်၊ ဒါကြောင့် သခင်မလေးမှာ ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး၊ သူက အကုန်ဖြေရှင်းပေးပြီး သခင်မလေးကို စိတ်ရင်းအမှန်နဲ့ ပြုစုပေးပါလိမ့်မယ်”

ယွီရှန်းက သူ(မ) နှုတ်ခမ်းကို လက်ချောင်းထိပ်လေးဖြင့် နူးညံ့စွာ ပွတ်လိုက်သည်။ သူ့စကားဆုံးတော့ ယွီရှန်းက ပြုံးလိုက်သည်။ မူလက နူးညံ့သည့်မျက်နှာလေးက ဖယောင်းတိုင် မီးရောင်ကြောင့် ပိုဆွဲဆောင်မှုရှိနေကာ မျက်ခုံးကြားက အနီစက်လေးကလည်း တောက်နေကာ လူ့နှလုံးသားကို လှုပ်ခါစေခဲ့သည်။

ဖန်းကျီ့ချန်က သူ(မ)ကို အရူးလို ငေးနေကာ အကြမ်းပတမ်း နှလုံးခုန်နေသည်။

သို့ပေမယ့် သူ(မ)ရဲ့ လှောင်ပြောင်သရော်ပုံကို တွေ့လိုက်ရလေသည်။
“နင့်ညီမဝမ်းကွဲက အိမ်မှုကိစ္စအဝဝကို တာဝန်ယူမယ်၊ သူက ကိုယ်လုပ်တော်လား ဒါမှမဟုတ် မယားကြီးလား၊ နင်က ငါ့ကို ဇနီးအစား ကိုယ်လုပ်တော်လို ဆက်ဆံပြီး စော်ကားရုံတင်မကပဲ နင့်ရဲ့ တရားဝင်သားသမီးကိုတောင် ပျိုးထောင် ရဦးမယ်ပေါ့။ ဒါမှ သူတို့ကြီးလာရင် ငါ့ပစ္စည်းဥစ္စာတွေကို ယူကြမယ် မလား။ ငါ့ကို အရူးထင်နေတာလား။ အရူးဆိုရင်တောင် ဆုံးရှုံးမှုတွေကို ခါးစည်းခံဖို့ထိ မရူးဘူး”

သူ(မ)က သရော်ကာ ဆက်ပြောလေသည်။

“ငါက အောက်ပိုင်းသေနေတာ မပြောနဲ့ တစ်ကိုယ်လုံး အကြောသေ နေရင်တောင် နင့်ကို စိတ်မဝင်စားဘူး၊ ရုပ်ရည်၊ အရည်အချင်း၊ ကိုယ်ကျင့်တရားနဲ့ မိသားစုနောက်ခံ ဘယ်အပိုင်းကများ ငါနဲ့ တန်လို့လဲ။ နင်က ငါ့ကို အကူအညီ ပေးနေသလို ဘာကြောင့် စကားပြောနေတာလဲ။ နင်တို့ ဖန်းမိသားစုသာ ငါတို့ မှူးမတ်စံအိမ်ကို တွယ်ကပ် မနေနိုင်ရင်ရင် ၂လအတွင်း ရွှံ့နွံထဲမှာ ပြိုကျပျက်ဆီးနေပြီ။ ဟန်မင်းဆက်ရဲ့ တတိယ စာသင်သားလည်း မဖြစ်နိုင်ဘူး အိမ်ခြေရာမဲ့ ခွေးတစ်ကောင် ဖြစ်နေပြီး ငါ့ဖိနပ်ကို ချီဖို့တောင် မတန်ဘူး”

သူ(မ)က ကြာပွတ်ကို ယူကာ ဝှီးချဲရဲ့ ဘေးဘက်ကို ရိုက်ပြီး ဝေဖန်လေသည်။
“ဒီကနေ မြန်မြန် ထွက်သွား မဟုတ်ရင် နင့်ရဲ့ခွေးခြေထောက် ၂ဖက်လုံးကို ရိုက်ချိုးပစ်မယ်”

သူ(မ)ပြောသည့် စကားတွေကြောင့် ဖန်းကျီ့ချန်က ဆွံ့အနေသည်။ ဒီနေ့ ရေခဲလို အေးစက်နေသည့် လှပသည့်အမျိုးသမီးက ထိုနေ့က တောက်ပစွာ ပြုံးနေသည့် ထိုအမျိုးသမီးနှင့် တူရဲ့လားဆိုတာ မယုံနိုင် ဖြစ်နေသည်။ သူ(မ)ပြောတာတွေက စကားတွေ မဟုတ်ဘဲ သူ့ကို သွေးစိုရွှဲကာ အသားကို လှီးဖြတ်သည့် ဓားတစ်လက် ဖြစ်သည်။ စော်ကားခံရမှုနဲ့ ဒေါသတွေက သူ့ကို အသက်ရှူရပ်စေခဲ့သည်။

သူက ရပ်နေဆဲဖြစ်ကာ မျက်နှာက ဖြူတစ်လှည့်ပြာတစ်လှည့် ဖြစ်နေသည်။

ယွီရှန်းက လျိုလွီ့ကို လက်ခါယမ်းပြကာ
“ကင်းလှည့်အစောင့်တွေ သွားခေါ်လိုက် သူ အရိုက်ခံရပြီး သေရင်တောင် အစ်ကိုကြီးက ဒီအရှုပ်ထုတ်ကို ဖြေရှင်းပေးလိမ့်မယ်”

ယွီဖင်ယန်က ဟန်မင်းဆက်မှာ အရာရှိတွေကို သတ်ချင်ပါက အကြောင်းပြချက် ပေးစရာမလိုဘဲ သတ်ချင်တိုင်း သတ်လို့ရသည့် တစ်ဦးတည်းသော လူမှန်း ထိုအခါမှ ဖန်းကျီ့ချန် သဘောပေါက် သွားခဲ့သည်။ ဖန်းမိသားစု ရှင်းထုတ် ခံရရင်တောင် ဘယ်သူမှ ဘာမှပြောရဲမည် မဟုတ်ပေ။ ဖန်းမိသားစုမှာ သူတို့ကို ဆန့်ကျင်သည့် အချက်အလက် များစွာရှိပြီး သေအောင် လုပ်ခံရနိုင်သည်။

သူက မျက်နှာအုပ်ကာ ထွက်သွားခဲ့သည်။ သူ့မှတ်ဉာဏ်ထဲမှာ ရှိသည့် နေရောင်အောက်မှာ တောက်ပစွာ ပြုံးနေသည့် မိန်းကလေးကို ကြင်နာရသည့် ခံစားချက်တွေက မုန်းတီးခြင်းနှင့် အေးစက်သည့် မျက်နှာကို ကြောက်လန့်သွားခြင်း အဖြစ် ပြောင်းသွားခဲ့သည်။ ယွီစံအိမ်ရဲ့သခင်မလေးက အဆိပ်ဆူးပင် ဖြစ်ကြောင်း အခုထိ သူမယုံနိုင်သေးပေ။

ယွီရှန်းက နေရာမှာ ထိုင်လဲကျနေသည့် ယွီစီးယွီ့ကို ကြည့်ကာ အပြစ်တင်လေသည်။

“ကြည့်လေ နင် လိုချင်နေတဲ့ကောင်က သိက္ခာမရှိတဲ့ကောင် အဖွားရဲ့အမိန့်ကို မနာခံတဲ့ကောင်၊ ပထမဇနီးတောင် မယူရသေးဘူး ကိုယ်လုပ်တော် ထားဖို့က တွေးနေပြီ၊ နင့်ဂုဏ်သိက္ခာကို ထည့်မတွေးဘဲ ညလယ်ခေါင်ကြီး အမျိုးသမီးတစ်ယောက်ရဲ့ အခန်းထဲကို ဝင်ခဲ့တယ်၊ နင်သာ သူ့ကို ယူလိုက်ရင် နာကျင်ခံစားရမယ် ဒါတောင် သူ့မိသားစုက ပေးတဲ့ ဒုက္ခတွေ မပါသေးဘူး”

ယွီစီးယွီ့က ကုန်းရုန်းထကာ အော်ဟစ်လေသည်။

“ယွီရှန်း အရှက်မရှိတဲ့ကောင်မ၊ ငါ့နောက်ကွယ်မှာ ဖန်းကျီ့ချန်ကို မြူဆွယ်တဲ့ကောင်မ၊ ကိုယ်ကျင့်သိက္ခာ မရှိတဲ့ကောင်မ၊ ရွံဖို့ကောင်းပြီး အရှက်မရှိတဲ့ဟာမ၊ နင်ကသာ လှောင်အိမ်ထဲ ထည့်ပိတ်ခံထားရသင့်တဲ့ ကောင်မလေ”

ယွီရှန်းက သူ(မ)ကို အရှက်ခွဲ ပြောဆိုနေတာကို အမူအရာမဲ့စွာ နားထောင်နေခဲ့သည်။ ယွီစီးယွီ့ အော်ဟစ်ပြီးသွားတော့ သူ(မ)က ပြောလေသည်။

“ငါ လမ်းမလျှောက်နိုင်တာကို နင် ကျေးဇူးတင်လိုက်၊ မဟုတ်လို့ကတော့ နင့်ရဲ့ဦးနှောက် ပြန်နိုးထလာအောင် ရေထဲနှစ်ပစ်မှာ၊ ဖန်းမိသားစုက မကြာခင် ယိုယွင်းပျက်စီးတော့မှာ၊ စံအိမ်တစ်ခုလုံး ရှာဖွေခံရတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းခံရတာ၊ တစ်မိသားစုလုံး ရှင်းထုတ်ခံရမှာကို ပျော်ဖို့ကောင်းမယ် ထင်နေတာလား၊ နင် သေချင်ရင်တောင် ငါ့အစ်ကိုကြီးကို ဆွဲမချနဲ့၊ နင်သာ ငါ့အစ်ကိုကြီးရဲ့ မျိုးရိုးနာမည် ယွီ ဟုတ်မနေရင် နင် သေတာ ရှင်တာကို ငါ ဂရုစိုက်မယ် ထင်နေလား”

ယွီစီးယွီ့က မေးပင့်ကာ အာခံလေသည်။

“ယွီရှန်း နင်ငါ့ကို လှည့်စားလို့ မရဘူး၊ နင်က ငါထိခိုက်သွားမှာကို စိုးရိမ်လို့ မဟုတ်ဘဲ ငါ ချမ်းသာတဲ့လူနဲ့ လက်ထပ်သွားမှာကို မနာလိုဖြစ်နေတာ၊ နင်က မသန်မစွမ်း ဖြစ်ပြီး ငါက လူကောင်း ဖြစ်တာကြောင့် မနာလိုဖြစ်နေပြီး မကျေမနပ်နဲ့ ငါ့ကို အမြဲတမ်း ပစ်မှတ်ထားနေတာ၊ ဖန်းမိသားစုသာ ရှင်းထုတ်ခံရမယ်ဆိုရင် ဘုရင်ကြီးက သူ့ကို တတိယအဆင့် စာသင်သားအဖြစ် ရွေးမှာ မဟုတ်ဘူး၊ သူ တတိယအဆင့် စာသင်သား ဖြစ်တယ်ဆိုတာ ဘုရင်ကြီးက သူ့ကို အမြင့်မှန်းထားပြီး ဖန်းမိသားစုကို အလေးပေး နေတုန်းပဲဆိုတဲ့ သဘောပဲ၊ ဒါတွေကို သထိထားမိလို့ ငါ့မင်္ဂလာပွဲကို နင်ဖျက်ဆီးတာ မလား၊ မလိုမုန်းထားစိတ်ကြီးတဲ့ ကောင်မ”

ထိုစကားကိုကြားတော့ ယွီရှန်းက အံ့သြသွားကာ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ခဏလောက် ရယ်နေခဲ့သည်။ ရယ်လေလေ ရယ်သံက ပိုကျယ်လာခဲ့သည်။ ဒီကောင်မက စောက်ရူးဆိုရင်တောင် အဆင်ပြေပေမယ့် တစ်ဖက်လူကို အူတက်အောင် ရယ်စေနိုင်တဲ့အထိ ဉာဏ်ကောင်းသည်ဟု ထင်သည်။ သူ့ကို တတိယစာသင်သားအဖြစ် ရွေးတာနဲ့ ဖန်းမိသားစု ပြိုကျပျက်စီးတာက ဘာဆိုင် လို့လဲ။

ဟိုးတုန်းက ဘုရင်ကြီးက အမဲလိုက်ကွင်းမှာ လုပ်ကြံခံရတာတုန်းက ဒုတိယတပ်မှူးကြီးရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ဘုရင်ကြီးက အရင်ဆုံး ဒုတိယတပ်မှူးကြီးကို ဝတ္တရားပျက်ကွက်မှုကြောင့် ကြိမ်ဒဏ်အချက်50 ပေးခိုင်းပြီး ရာထူးက ဖယ်ခဲ့သည်။ ဒုတိယတပ်မှူးကြီး အိမ်ပြန်ရောက်တော့ ဘုရင့်ကို ကယ်ခဲ့တဲ့အတွက် ပြန်တမ်းစာနှင့်တကွ ရာထူးပြန်ရခဲ့သည်။ အသွားအပြန် အတက်အကျ အပေးအယူက ဘုရင်တွေ လုပ်နေကျ ပုံစံဖြစ်သည်။ တော်ဝင်ခုံရုံးတွင် မျှတစွာ စီရင်ခဲ့သည်။ ဘုရင်တစ်ယောက်အနေနှင့် ဆုကြေးဒဏ်ကြေးကိုလည်း စည်းမျဥ်းနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ဖန်းကျီ့ချန်ရဲ့ အရည်အချင်းက မိသားစုနောက်ခံနှင့် ဘာမှမဆိုင်တာကြောင့် တတိယအဆင့် စာသင်သားရာထူး ရခဲ့သည်။ ဖန်းမိသားစုသာ အပြစ်ရှိပါက ကျူးလွန်ခဲ့တာအတွက် ဖန်းကျီ့ချန်လည်း အပြစ်ပေးခံရမည် ဖြစ်ကာ ရုံးတော်က ဖယ်ရှားခြင်း ရာထူးတိုးပေးခြင်း စသည်များကိုတော့ ဟန်မင်းဆက်ရဲ့စည်းမျဥ်းအတိုင်း ဆောင်ရွက်မည် ဖြစ်သည်။

သို့ပေမယ့် ထိုစကားတွေကိုတော့ ယွီရှန်းက ယွီစီးယွီ့ကို မပြောပြခဲ့ပေ။ ပြောပြခဲ့ရင်တောင် သူ(မ)က နားလည်မည် မဟုတ်ဘဲ ယုတ်မာသည်ဟုသာ ထင်နေလိမ့်မည်။

ယွီဖင်ယန်က တော်ဝင်ခုံရုံးမှာ ရန်သူတွေဝိုင်းနေမည့် အထူးရာထူး ဖြစ်သည်။ ဒီနှစ်တွေထဲ ယွီရှန်းက သူ(မ)ဘာသာသူ(မ) အဆိပ်တွေ အားလုံးကို ခုခံနိုင်ကာ ရောဂါကင်းဝေးဖို့ ကျင့်ကြံသင့်ကြောင်း ဆန္ဒရှိသည်။ ဒါမှ အစ်ကိုကြီးကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေမှာ ဖြစ်သည်။ သူ(မ)တွင် ရင်းနှီးသည့်လူ သိပ်မရှိပေ။ ဒါထက် မှူးမတ်စံအိမ်တော်မှာ မဒမ်အိုကြီးရဲ့ အသိဟောင်းတွေဖြင့် ခင်မင်မှုကို ထိန်းသိမ်းထားရသည်။ သူ(မ)က မှူးမတ်စံအိမ်ကို ဒီထက်ရာထူးပိုကြီးကာ ဘာမှဂရုစိုက်စရာ မလိုသည့် လမ်းကို ရောက်အောင် ဆွဲခေါ်နေခြင်း ဖြစ်သည်။ ဒါကိုလည်း ဘုရင်ကြီးက မြင်ချင်နေတာ ဖြစ်သည်။ သူ(မ) အကျိုးသင့် အကြောင်းသင့် မရှိရင်တောင် ယွီဖင်ယန်က အလွန်အလိုလိုက်တာက ဘုရင်ကြီးကို ကျေနပ်စေခဲ့သည်။ ယွီဖင်ယန်လည်း အားနည်းချက်လိုကာ အရာအားလုံး ပြည့်စုံနေစရာ မလိုတာကြောင့် ဖြစ်သည်။

ယွီဖင်ယန် ရှေ့ဆက်လျှောက်လို့ရအောင် တတ်နိုင်သမျှ လုပ်ပေးခဲ့သည်။ သို့ပေမယ့် ယွီစီးယွီ့က ရူးကြောင်ကြောင် လုပ်နေသည်။ ပထမဆုံး မင်းမျိုးစိုးနွယ် မိသားစုက သမီးတွေကို ကပ်ဖားကာ ချမ်းသာကြွယ်ဝသည့်လူဖြင့် လက်ထပ်ဖို့ လုပ်ခဲ့သည်။ ဘာလို့ ဒီထက် ပိုမတွေးနိုင်တာလဲ။ အထူးတပ်မှူးကြီးရာထူးရှိသည့် ယွီအိမ်က မင်းစိုးမျိုးနွယ်တွေနှင့် လက်တွဲနေတာကို ဘုရင်ကြီးက သဘောကျပါ့မလား။

ယွီစီးယွီ့ကို သာမာန်မိသားစုနှင့် လက်ထပ်စေကာ သာမာန်ဘဝဖြင့် နေထိုင်ဖို့ ဘုရင်ကြီးက ကြိုတင်ဆုံးဖြတ်ပြီးထား ဖြစ်သည်။ ဒါကြောင့်ပဲ ဘုရင်ကြီး စိတ်ချစေဖို့အတွက် ဖန်းမိသားစုထက် ချမ်းသာကြွယ်ဝသည့် မိသားစုများစွာကို မဒမ်အိုကြီးက ငြင်းဆန်ခဲ့သည်။

ဆားသယ်ယူပို့ဆောင်ရေးတမန်က ယွီစီးယွီ့ကို အသိစိတ် ပျောက်စေခဲ့သည်။ မဒမ်အိုကြီးက မှူးမတ်စံအိမ်တွေနှင့် မြို့စားစံအိမ်တွေက လက်ထပ်ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တာတွေကို သိသွားပါက မဒမ်အိုကြီးကို အရိုးထဲက မုန်းနေလိမ့်မည်။

ထိုသို့တွေးလိုက်တော့ ယွီရှန်းက အာဏာမရှိတော့သလို ခံစားလိုက်ရသည်။ သူ(မ)က လက်ခါပြကာ ပြောလေသည်။

“သူ့ကို အခန်းထဲ သော့ပိတ်ထားလိုက် ပြီးမှ မဒမ်ကြီးပြန်လာမှ ဖြေရှင်းပါစေ”

ထို့နောက် ချန်ယာကို ညွှန်ပြကာ
“ဒီအစေခံကို ကြိမ်ဒဏ်၃၀ပေးလိုက်၊ ပြီးရင် ထင်းထည့်တဲ့ အခန်းထဲ ပိတ်ထားလိုက်”

ချုံရှီလည်း မဖြစ်မနေကြောင့် ယွီစီးယွီ့ကို အခန်းထဲ ထည့်ပိတ်ခဲ့ရသည်။

ယွီစီးယွီ့က ချုံရှီကို ကြမ်းတမ်းစွာ ရိုက်နှက်ပြီး အော်ဟစ်လေသည်
“ယွီရှန်း နင်က ဘာမလို့ ငါ့ကို ထည့်ပိတ်တာလဲ၊ ငါပြောမယ် နင်က တရားမဝင်.. ”

သူ(မ)စကားမဆုံးခင်မှာပဲ ချုံရှီက သူ(မ)ကို ပါးစပ်ပိတ်ကာ လက်ကို ချည်ပြီး အခန်းထဲ ခေါ်သွားခဲ့သည်။ ချုံရှီက ခြင်းထဲမှာ လက်ကိုင်ပဝါတစ်ခု တွေ့တော့ ပါးစပ်ထဲ စို့ထားလိုက်တော့ ကျိန်းဆဲသံတွေက ဝူးဝူးဝါးဝါးတွေ ဖြစ်ကုန်လေသည်။

ယွီရှန်းက သူ ကျိန်ဆဲတာကို နားလည်သည်။ သူ(မ)က နှုတ်ခမ်းကို တင်းတင်းစေ့ ပိတ်ကာ မိုးဖွဲဖွဲအောက်မှာ ပြန်သွားခဲ့သည်။

ချုံရှီက ယွီစီးယွီ့ကို ချုပ်ထားဆဲ ဖြစ်သည်။ အကုန်လုံးထွက်သွားမှ သူ(မ)က တီးတိုး ပြောလေသည်။

“မမကြီး ကျေးဇူးပြုပြီး တော်ပါတော့၊ သခင်မလေးယွီရှန်းက မှူးမတ်စံအိမ်တော်ကြီးနဲ့ သွေးသားမတော်စပ်တော့ကော ဘာဖြစ်လဲ၊ မဒမ်ကြီးနဲ့ မှူးမတ်ကြီးက သွေးသားရင်းလို့ သတ်မှတ်ထားရင် သွေးသားရင်းဆိုရင် သွေးသားရင်းပဲပေါ့၊ သူနဲ့ သွားယှဥ်လို့မရဘူး၊ တကယ်လို့ တရားဝင်သမီးအရင်း ပြန်လာရင်တောင် သခင်မလေးနဲ့ ယှဥ်လို့ မရဘူး၊ မဒမ်ကြီးနဲ့ မှူးမတ်ကြီးက သူ့ကို တုန်နေအောင် ချစ်တာ၊ မြန်မြန်ရပ်လိုက်တာ ကောင်းမယ် မဟုတ်ရင် လက်ထပ်ဖို့ မျှော်လင့်ချက် မရှိဘဲနေမယ်”

ယွီစီးယွီ့က ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားခဲ့သည်။ သူ(မ)က အမူအရာ မဖော်ပြပေမယ့် ယွီရှန်းကို မုန်းတီးသည့်စိတ်က ပိုကြီးသွားခဲ့သည်။

ချုံရှီက ခဏလောက် စောင့်ပြီးနောက် သူ(မ)ကို လွှတ်ပေးလိုက်သည်။ သူ(မ)က ချက်ချင်းပင် လက်ကိုင်ပဝါကို ဆွဲထုတ်ကာ ချုံရှီကို ကြမ်းတမ်းစွာ ပါးရိုက်ပြီး ဆူဆဲလေသည်။
“ခွေးမ နင်က ငါ့ကို မှီခိုအသက်ရှင်နေပြီး တခြားလူကို တိတ်တိတ်လေး သွားကူ ပေးနေတယ်ပေါ့ တစ်နေ့ကျမှ နင်နဲ့ရှင်းမယ်”

သူ(မ)က ယွီစီးယွီ့ကို စောင့်ကြည့်ဖို့ လင်ရှီ လွှတ်ထားသည့်လူ ဖြစ်ကာ ယွီရှန်းရဲ့ ရာဇဝင်ကို သိသည်။ သို့ပေမယ့် လင်ရှီနှင့် ပူးပေါင်းလို့ ဘာအကျိုးအမြတ်မှ မရှိတာကို သိလို့ ယွီရှန်းနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

သူ(မ)က ယောင်ကိုင်းနေသည့် မျက်နှာကို အုပ်ကာ ထွက်သွားခဲ့သည်။ မြေပြင်မှာ ကြိုးတုတ်ခံထားသည့် ချန်ယာကိုတွေ့တော့ ဒေါသပုံချသည့် အနေဖြင့် အနည်းငယ်လောက် ကန်လိုက်လေသည်။ ဘာကို လူတစ်ယောက်ကို မှီခိုပြီး တခြားလူကို တိတ်တဆိတ် ကူညီတာလဲ။ သစ်ပင်ကောင်းကို ပြောင်းရွှေ့တဲ့ ငှက်ကလေးလို့ ပြောစမ်းပါ။ မှူးမတ်ကြီးက သခင်မလေးရှန်းအာကို ဘယ်လောက်တောင် အလိုလိုက်သလဲ စံအိမ်တော်မှာ နောက်ဆုံး ပြောရေးဆိုခွင့် ရတဲ့လူလေ။ နင့်လိုအရူးက သခင်မလေးရှန်းအာကို အာဏာပြဖို့ပဲ သိတယ်။ အိပ်မက်ပဲမက်နေလိုက် ဟု စိတ်ထဲကနေ တွေးနေလိုက်သည်။

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset