TYCDTN အပိုင်း ၃၇

TYCDTN
Chapter 37

စုံစမ်းစစ်ဆေးပြီးနောက် ထိုအစေခံရဲ့နာမည်က ချိုင်ချီဖြစ်ကာ ရှန်မောက်ချီဟု လူသိများသည်။ ကျောက်အန်းစွင့်ရဲ့ သမီးကြီး ကျောက်မင်ဟွေ့ရဲ့ ပထမအဆင့် အစေခံခေါင်းဆောင် ဖြစ်သည်။ ကျောက်အန်းစွင့်က ယွင်ကျုံးရဲ့ ရာဇဝင်တရားသူကြီး ဖြစ်ကာ မြို့တော်ကို အလုပ်ကိစ္စ လာရောက်တင်ပြခြင်း ဖြစ်သည်။ ယွင်ကျုံးက လင်နန်ရဲ့ တောင်ဖက်အကျဆုံး အပိုင်းတွင် တည်ရှိသည်။ ယွင်ကျုံးမှာ ငှက်းဖျားရောဂါများကာ သယ်ယူပို့ဆောင်ရေးအတွက် အဆင်မပြေပေ။ ထိုနေရာက ပတ်ဝန်းကျင် မကောင်းဘဲ လူတွေက ပုန်ကန်ထကြွမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ထိုနေရာမှာ ရာဇဝတ်တရားသူကြီးဖြစ်ဖို့ မလွယ်ပေ။ ရာဇဝတ်တရားသူကြီး အများစုက နောက်ခံမရှိသည့် ဆင်းရဲနိမ့်ကျသည့် မိသားစု အများစုက ဖြစ်ကာ သို့မဟုတ် ချမ်းသာမှုနှင့် အာဏာကို ဆန့်ကျင်သည့်လူများသာ ဖြစ်သည်။

ကျောက်အန်းစွင့်က ဆင်းရဲချို့တဲ့သည့် မိသားစုက ဖြစ်ရုံမကဘဲ သူ့ရဲ့ တည့်တိုးဆန်သည့် စိတ်ဓာတ်ကြောင့် လုပ်ဖော်ကိုင်ဖက်တွေနှင့် မတည့်ပေ။ မြို့ထဲမှာ အလုပ်ဆက်လုပ်လို့ မရတာကို သိတော့ သူက မြို့ပြင်မှာ ဝာာဝန်ထမ်းဆောင်ခွင့်ရဖို့ တင်ပြခဲ့သည်။ သို့ပေမယ့်လည်း သူ့ကို ပြေလည်အောင် ဆောင်ရွက်ပေးမည့်လူ မရှိတာကြောင့် အလွန်ဝေးလံခေါင်ဖျားလှသည့် ယွင်ကျုံးကို အပြောင်းကျသွားခဲ့သည်။

နဂါးကြေးခွံဝတ်တပ်သားတွေက သူ့ကို ထပ်ခါထပ်ခါ စစ်ဆေးကြည့်ပေမယ့် ဘာသံသယဖြစ်စရာမှ မတွေ့ပေမယ့် မီးသွေးက မူမမှန်ကြောင်း တွေ့ခဲ့ရသည်။ ထောင့်မှာ ပုံထားသည့် မီးသွေးတွေကို ဆူးပန်း၊ မက်မွန်စေ့နှင့် ကတိုး စသည့် တခြားဆေးဖတ်ဝင် အပင်တွေဖြင့် စိမ်ထားခြင်း ဖြစ်သည်။ မီးရှို့လိုက်ပါက ဆေးနံ့တွေ ထွက်လာသည်။

ဆူးပန်းနှင့် တခြားပစ္စည်းတွေက သန္ဓေသားလောင်းကို အန္တရာယ်ဖြစ်စေသည်။ ဝံပုလွေကျားဆေးဟုလည်း ခေါ်သည်။ လူတိုင်း မီးသွေးလာထည့်ပြီး ဘုန်းကြီးကျောင်း တစ်ခုလုံးက ထိုအနံ့တွေ ပြည့်နှင့်နေပြီ ဖြစ်ပေမယ့် အိမ်ရှေ့စံမင်းသမီးက ထိုအနံ့တွေနှင့် ဝေးနေသည်။ အမျိုးသမီး သမားတော်ကလည်း အနံ့မပြင်းတာကြောင့် သတိမထားမိခဲ့ပေ။

အိမ်ရှေ့စံမင်းသမီး ကြုံခဲ့ရသလို ကိုယ်ဝန်ပျက်ကျမလိုကိစ္စကို ဘုန်းကြီးကျောင်းက တခြားကိုယ်ဝန်ဆောင်တွေလည်း ခံစားခဲ့ရသည်။

ယွီဖင်ယန်က အမှုတွဲကို ထပ်ခါထပ်ခါ ဖတ်ခဲ့သည်။ နောက်ဆုံးတော့ သူ့ရဲ့အတော်ဆုံး လက်အောက်ငယ်သား၂ယောက်ကို မီးသွေးနှင့် ဆေးမြစ် သဲလွန်စ၂ခုနောက် လိုက်ခိုင်းခဲ့သည်။ မီးသွေးငွေ့အတွက် ဆေးပမာဏများစွာ လိုအပ်သည်။ ဘယ်လိုပဲ မမြင်အောင် ဝှက်ထားပါစေ ခြေရာကျန်ခဲ့ဆဲ ဖြစ်သည်။ နောက်ဆုံးတော့ မသင်္ကာစရာလူများကို ဖမ်းခဲ့သည်။

လူ၂ယောက်ကိုလွှတ်ပြီး ရှန်မောက်ချီ အကြောင်း စုံစမ်းခိုင်းခဲ့သည်။ ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတွေအပြင် နေ့တိုင်း စားသောက်ခဲ့သည့် ဆန်နဲ့သောက်ခဲ့သည့် ရေက အစ အသေးစိတ် တင်ပြခဲ့သည်။

လူ၂ယောက်ထွက်သွားမှ သူ့မျက်နှာက ပူဆွေးကာ စိတ်လှုပ်ရှားဟန်ပြနေသည်။

ညီမဖြစ်သူကို ရှာတာက ရှန်းအာရဲ့မိသားစုကို ရှာတာနှင့် ဆင်တူသည်။ အရာအားလုံး ပေါ်သွားပါက ရှန်းအာက သူနဲ့ စည်းခြားသွားကာ မှူးမတ်စံအိမ်တော်ကနေ ထွက်ပြီး သူတို့နှင့်အတူ လင်နန်ကို လိုက်သွားလိမ့်မည်။

ထိုအချက်ကြောင့် ယွီဖင်ယန်က ညီမအရင်းကို ရှာတွေ့တာတောင် မပျော်ပေ။ သူက နဂါးကြေးခွံဝတ်တပ်သားတွေကို မလွှတ်ဘဲ ယုံကြည်ရသည့် အစေခံတွေကို လွှတ်လိုက်သည်။ လင်ရှ တိုက်တွန်းလို့သာ သူစုံစမ်းခဲ့ရခြင်း ဖြစ်သည်။ သူက ထိုကိစ္စကို တွေးမိမနေပေ။ မဟုတ်ပါက သူ့လို အာဏာရှိသည့်လူက ဘာသဲလွန်စမှမရဘဲ ၄နှစ်လုံး စုံစမ်းနေရမည်လား။ သူက သူ့ညီမကို ဂရုမစိုက်ခြင်းကြောင့်သာ ဖြစ်သည်။ အပြန်အလှန် မှီခိုနေရသည့် ရှန်းအာနှင့် တစ်ခါမှ မတွေ့ဖူးသည့် ညီမဖြစ်သူကို ဘယ်လိုလုပ် နှိုင်းယှဥ်လို့ ရမည်နည်း။ သူ(မ)ကို ရှာတွေ့သွားပါကလည်း အဆင်ပြေသည်။ တကယ်လို့ ရှာမတွေ့ခဲ့ရင်လည်း ဂရုမစိုက်တာမလို့ ဆက်တူးဖော်မည် ဖြစ်သည်။

သို့ပေမယ့် သူ မရှာခဲ့ပေမယ့် ကောင်းကင်ဘုံက ထိုအန္တရာယ်များတဲ့ အခြေအနေမှာ သူ့ရှေ့ရောက်အောင် ပို့ဆောင်ခဲ့သည်။ ရှန်မောက်ချီသာ သူ့ညီမဖြစ်ရင် အိမ်ရှေ့စံနှင့် ဘုရင်ကြီးကို တင်ပြရမည်။ သို့ပေမယ့် ဘယ်အချိန်မှာ ဘယ်လို တင်ပြရမလဲဆိုတာကို ယွီဖင်ယန် တွေးနေသည်။

အိမ်ရှေ့စံမင်းသမီးက သားတစ်ယောက်နှင့် သမီးတစ်ယောက် ချောချောချူချူ မွေးဖွားသည့် အချိန်တွင် တင်ပြလို့ လွယ်ကူသည်။ သို့ပေမယ့် အိမ်ရှေ့စံမင်းသမီးနှင့် သန္ဓေသားလောင်း တစ်ခုခုဖြစ်ပါက မှူးမတ်စံအိမ်ပါ ငြိစွန်းလိမ့်မည်။

အကျိုးဆက်မျိုးစုံကို တွေးပြီးပြီ ဖြစ်သည်။ ယွီဖင်ယန်က မြေအောက်ခန်းမှာ ချုပ်ထားသည့် ရှန်မောက်ချီကို မလွှတ်ပေးခိုင်းခဲ့ပေ။ ကိစ္စတွေ အကုန်ဖော်ထုတ်ပြီးမှ ဘုရင်ကြီး ဆုံးဖြတ်ချက်ချဖို့ မူလပုံစံအတိုင်း တင်ပြမည်ဖြစ်သည်။ သူက ဘုရင်ကြီးရဲ့ ချွန်ထက်သည့် ဓားတစ်လက်ဖြစ်ကာ အိမ်ရှေ့စံ ထီးနန်းတက်ဖို့ လမ်းရှင်းပေးဖို့ အစွမ်းရှိ ဓားတစ်လက် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက ကိုယ်ကျင့်တရားနှင့် အရည်အချင်း ပြည့်စုံသော်လည်း သူ့အားနည်းချက်က ကြင်နာတတ်ခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသားကို ဆွေးမျိုတွေ ဖိနှိပ်မှာစိုးလို့ တောင်ဝင်ခုံရုံးကို ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသားကို ငြိမ်းချမ်းစွာနှင့် ကြွယ်ဝချမ်းသာအောင် ထားဖို့ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက နယ်မြေအသစ်ကို မြေစမ်းခရမ်းပျိုးဖို့ အရည်အချင်းမရှိပေမယ့် စည်းမျဥ်းတွေကို အားဖြည့်ဖို့ အရည်အချင်းရှိသည်။ ဟန်မင်းဆက်သာ အတွင်းအပြင် အခင်အခဲတွေ မကြုံရပါက ဘုရင်ကြီးက စိတ်အေးအေးဖြင့် ကွယ်လွန်လို့ရသည်။

ယွီဖင်ယန်က အံ့ဖွယ်အာဏာ ပေးစွမ်းနိုင်ခြင်းမှာ မှူးမတ်စံအိမ်က တော်ဝင်မျိုးရိုးကို မျိုးရိုးအဆက်ဆက် သစ္စာရှိခဲ့တာကြောင့် ဖြစ်သည်။ ယွီဖင်ယန်ရဲ့ ဉာဏ်ပညာက အခြေအနေတွေကို ဆုံးဖြတ်နိုင်သည်။

ရလဒ်အနေနဲ့ကတော့ ယွီဖင်ယန်က ဘုရင်ကြီးကို ဘာမှ မကွယ်ဝှက်ထားရဲပေ။ မဒမ်အိုကြီးကိုတော့ ဘာမှသတင်း မပေးခဲ့သည့်အတွက် သူ(မ)က ဘာမှ စိုးရိမ်စရာ မရှိပေ။

အမျိုးသမီးဇာတ်ဆောင်က မြို့ထဲကိုဝင်လာကာ ယွီဖင်ယန်နှင့် ဆုံပြီးကြောင်းကို ယွီရှန်းက မသိပေ။ သူ(မ)နောက်ကျောမှာ အရည်ကြည်ဖုကြီး ထနေတာကြောင့် နေရထိုင်ရ အဆင်မပြေစွာ အိမ်ပြန်ဖို့ တောင်အောက်ကို မဒမ်အိုကြီးနှင့် အတူဆင်းသွားခဲ့သည်။

သူ(မ)ပြန်သွားတာ တွေ့တော့ ဖန်းကျီ့ချန်ကလည်း လင်ရှီကို အကြောင်းပြချက် ပေးကာ တောင်အောက် လိုက်ဆင်းသွားခဲ့သည်။ လက်ရှိမှာ သူက မှူးမတ်စံအိမ်တော်မှာ ယာယီနေထိုင်နေဆဲ ဖြစ်သည်။ သူ ပြန်ရောက်သည့် အချိန်ကျရင်တော့ ထိုမိန်းမလှလေးနှင့် နီးကပ်လို့ရမည်ဟု တွေးနေခဲ့သည်။

ယွီစီးယွီ့က ဖန်းကျီ့ချန် နောက်ကို လူလွှတ်ထားတာကြောင့် သူ ပြန်သွားသည့် အချိန်မှာ လိုက်သွားခဲ့သည်။ သူ ပြန်သွားတာတွေ့တော့ ညီမဖြစ်သူကို ဂရုစိုက်ပေးဖို့အတွက် ဆိုပြီး ဆင်ခြေပေးကာ ပြန်ခဲ့သည်။

မဒမ်အိုကြီးက သူ(မ)ပြောတာကို မယုံသော်လည်း သူ(မ)ကြီးကြပ်နေတာကြောင့် ရှန်းအာက ဘာမှမဖြစ်နိုင်ပေ။ ထို့ကြောင့် သူ(မ)က ခေါင်းညိတ်ပြခဲ့သည်။ ထိုအချိန်တုန်းက အိမ်ရှေ့စံမင်သမီး အချိန်စောကာ မီးဖွားမည့်သတင်း မပျံ့သေးဘဲ ပိုင်ယွင်ဘုန်းကြီးကျောင်းလည်း ချိပ်မပိတ်ရသေးပေ။ ထို့ကြောင့် အဆင်ပြေစွာ ဆင်းနိုင်ခဲ့သည်။ သူတို့လည်း လမ်းတစ်ဝက်လောက် ရောက်ကော တောင်ထိပ် တစ်ခုလုံးကို နဂါးကြေးခွံဝတ်အစောင့်တွေ ပြည့်သွားခဲ့သည်။ လူမပြောနှင့် ယင်ကောင်တောင် ပျံထွက်လို့မရပေ။

သို့ပေမယ့်လည်း အိမ်ရှေ့စံက သဘောထားကြီးကာ ပြည်သူပြည်သားတွေကို သွေးသားအရင်းသဖွယ် ချစ်သည်။ ထို့ကြောင့် သူက တောက်ဘုန်းကြီး အကုန်နှင့် ခြံထဲမှာ နေထိုင်သူတွေကိုသာ ဖမ်းခဲ့သည်။ သံသယမရှိသည့် လူတွေကတော့ နဂါးကြေးခွံဝတ် တပ်သားရုံးမှာ စာရင်းပေးသွင်း ပြီးနောက် ခြံထဲပြန်ဖို့ရပြီ ဖြစ်ကာ နှိပ်စက်စစ်ဆေးခံရာ မလိုပေ။ ဒါက လူတွေရဲ့ထောက်ခံမှုကို အနိုင်ရခဲ့သည်။

ယွီဖင်ယန် ဘေးမှာ ရှိနေတာကြောင့် အိမ်ရှေ့စံက ထိုကိစ္စကို ဖယ်ထားကာ အိမ်ရှေ့စံမင်းသမီး မီးဖွားတာကို စောင့်နေခဲ့သည်။ ဒါက သူ့ရဲ့ တရားဝင်သားကြီး ဖြစ်ကာ ဖခင်ဖြစ်သူ ၆နှစ်လောက် စောင့်ခဲ့ရသည့် တရားဝင်မြေး ဖြစ်သည်။ ယောက်ျားလေးမွေးပါက သူ့ရဲ့ အိမ်ရှေ့စံရာထူးက ခိုင်မြဲလုံခြုံမည်။ သူ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ဖခင်ဖြစ်သူရဲ့ ပင်ကိုယ်စိတ်ရင်းကြောင့် တရားဝင်သားကြီးက ထီးနန်းဆက်ခံနိုင်မည် ဖြစ်ပြီး သူ့ရဲ့ညီအစ်ကိုတွေ ရရှိမည်မဟုတ်ပေ။

ပိုင်ယွင်ဘုန်းကြီးကျောင်းက အိမ်လောက် သက်သောင့်သက်သာ မရှိပေ။ ယွီရှန်းက သူ(မ)အခန်းထဲ ရောက်သည်နှင့် အခန်းနွေးအောင် မီးဖို ခိုင်းလိုက်သည်။ အခန်းနွေးသွားသည်နှင့် အဝတ်တွေ အကုန်ချွတ်ကာ အောက်ခံလေးဖြင့်သာ နေ နေသည်။ သူ(မ)က ကြေးမှန်ကို ယူကာ သူ(မ)နောက်ကျောက အရည်ကြည်ဖုတွေကို ကြည့်လိုက်သည်။

လျိုလွီ့က သူ(မ)လက်ထဲက မှန်ကို ယူကာ ချိန်ညှိပေးပြီး တုံ့ဆိုင်းစွာ ပြောလေသည်။
“သခင်မလေး နောက်ကျရင် ဒီလိုဖြစ်လာရင်တောင် မှူးမတ်ကြီးနဲ့ မောင်နှမဆိုရင်တောင် ဒီလိုပြုမူလို့ မဖြစ်ဘူးနော်”

“ဘာကိုလဲ”
ယွီရှန်းက အတွင်းခံကြိုးကို ဖြည်ကာ ဖြုတ်လိုက်သည်။ ဖြူဖွေးကာ လုံးဝန်းနေသည့် အရာ၂ခု ထွက်ပေါ်လာတာ တွေ့တော့ လျိုလွီ့ ရှက်သွေး ဖြာသွားခဲ့သည်။ သခင်မလေးရဲ့ကိုယ်ခန္ဓာက တကယ်လှတာပဲ ဟု စိတ်ထဲကနေ တွေးလိုက်လေသည်။ မိန်းမတစ်ယောက်အနေနဲ့ ငါတောင် ဒီဆွဲဆောင်မှုကို မခံနိုင်မှတော့ မှူးမတ်ကြီးဆိုရင်…

တွေးရင်းတွေးရင်းဖြင့် သူ(မ)ရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ သူ့ဘာသာသူ ဆဲဆိုမိလိုက်သည်။ ထို့နောက် သူ(မ)က လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“သူ့ရှေ့မှာ အဝတ်ချွတ်တာကို ပြောတာ၊ ဒီနေ့ အတွင်းခံ ကလွဲရင် အကုန်ချွတ်ပစ်တာကို၊ သခင်မလေးတို့၂ယောက်က မောင်နှမတွေ ဆိုပေမယ့် ကျင့်ဝတ်စည်းမျဥ်း တချို့ကို သိဖို့ လိုတယ်”

ယွီရှန်းက အေးတိအေးစက်ဖြင့် လက်ဝေ့ယမ်းပြကာ
“ငါနားလည်တယ် ပိုးကောင်တွေကြောင့် လန့်ပြီး လုပ်မိတာပါ”

သူ(မ)က ထိုသို့ပြောလိုက်ပေမယ့် စိတ်ထဲတော့မထားပေ။ ရှေးဟောင်း အမျိုးသမီးတွေအတွက် ကန့်သတ်ချက်တွေကို သဘောမတူပေ။ လက်မောင်းလေး ထိမိရင်တောင် ဘာဖြစ်လဲ။ ပြီးတော့ ယွီဖင်ယန်က အစ်ကိုကြီး ဖြစ်တာမလို့ မြင်သွားတော့ကော ဘာဖြစ်လဲ။

လျိုလွီ့က စိတ်ချစွာ ခေါင်းညိတ်ပြခဲ့သည်။ သူ(မ)က ဆေးဆရာဖူပေးသည့် ယွီယန်လိမ်းဆေးကိုယူကာ သူ(မ) သခင်ရဲ့ နောက်ကျောကို လိမ်းပေးလိုက်သည်။ အရည်ကြည်ဖု အသေးလေးတွေက မြန်မြန်ခြောက်ကာ အနာဖေးလေး ဖြစ်သွားပြီး ပျောက်သွားခဲ့သည်။ ယွီရှန်းရဲ့ သက်သောင့်သက်သာ ရှိသည့် ညည်းညူသံလေး ထွက်လာတော့ လျိုလွီ့ တံတွေးမြိုချလို က်မိသည်။ ‘တော်တော်လေး လှတဲ့အမျိုးသမီးပဲ’ ဟု စိတ်ထဲက တွေးလိုက်သည်။

ထောင်ဟုန်က အပြင်မှာ မီးရှို့နေသည်။ နွေဦးရာသီမှာ မြေတွေက စိုထိုင်းနေကာ တစ်အိမ်လုံး အောက်သက်သက် အနံ့တွေပြည့်နေသည်။ မီးမရှို့ပါက အနံ့တွေ အလွန်ပြင်းသည်။ မီးရှို့ပြီးနောက် သူ(မ)က ပြာတွေကို အပြင်မှာ သွားသွန်လိုက်သည်။ မမကြီးရဲ့ အစေခံ ရင်မောမောက ခြံထဲ ခိုးကြောင်ခိုးဝှက် ကြည့်နေတာကို တွေ့လိုက်လေသည်။

“ဟေး သူခိုးလိုနဲ့ ဘာလုပ်နေတာလဲ”
ထောင်ဟုန်က သူ(မ)ကို လက်ညိုးထိုးကာ အော်ခဲ့သည်။

“ရှူးရှူး”
ချုံရှီက လက်ညိုးကို နှုတ်ခမ်းမှာတေ့ကာ တိုးတိုးနေဖို့ လုပ်ပြနေသည်။

ထောင်ဟုန်က စိတ်လှုပ်ရှားသွားကာ သူ(မ)ကို လိုက်ကာ မပေးကာ အထဲဝင်ဖို့ ကူညီပေးလိုက်သည်။

“ဘာလို့လဲ ယွီစီစယွီ့ ထပ်ပြီး ပြဿနာရှာပြန်ပြီလား”
ယွီရှန်းက ပျင်းရိပျင်းတွဲဖြင့် ခါးစည်းကို လျော့တိလျော့ရဲ ချည်လိုက်သည်။ လျိုလွီ့က ပေါ်နေသည့် ညှပ်ရိုးနေကို ဖုံးပေးဖို့ အင်္ကျီရင်ဘတ်ကို စိပေးလိုက်သည်။

ချုံရှီက ခေါင်းငုံ့ကာ ပြန်ဖြေခဲ့သည်။
“မမကြီးက သူ့အစေခံ ချင်ယာနဲ့ဒီည ရွှီရှီ (7-9pm) အချိန်မှာ ဖန်းသခင်လေးကို အခန်းထဲခေါ်ခိုင်းပါတယ် အဲဒါဘယ်လိုထင်ပါသလဲ”

ယွီရှန်းက သဲနာရီကို ကြည့်လိုက်တော့ အချိန်၁နာရီလောက် လိုသေးတာကြောင့် အမိန့်ပေးလိုက်လေသည်။
“ပေးဆုံလိုက် သူ ဘာလုပ်မလဲဆိုတာ ငါ သိချင်တယ်၊ ငါ သူ့ကို မမိရင် သူ သင်ခန်းစာရမှာ မဟုတ်ဘူး၊ ရွှီရှီအချိန် မတိုင်ခင် ခြံထဲက အစေခံတွေ အကုန်မောင်းထုတ်ထားပြီး သူ့ကို အခွင့်အရေး ပေးလိုက်၊ သိုးမွေးဝတ်ရုံ ယူလာပေး ငါ သွားကြည့်မယ်”

လျိုလွီ့က တုံ့ဆိုင်းစွာ ပြောလေသည်။
“သခင်မလေး အစေခံကိုပဲ လွှတ်ပြီး ဖြေရှင်းခိုင်းလို့ ရပါတယ်၊ သခင်မလေးသွားရင် ဂုဏ်သိက္ခာထိခိုက်နေပါဦးမယ်”

ယွီရှန်းက ပြုံးကာ ပြောလေသည်။
“ငါ့ဘဝမှာ ဘယ်သူ့ကိုမှ လက်ထပ်ဖို့ မတွေးထားဘူး၊ သန့်ရှင်းတဲ့ ဂုဏ်သိက္ခာနဲ့ နေထိုင်တော့ကော ဘာလုပ်ရမှာလဲ၊ ဒါ အစ်ကိုကြီးကို ကူပြီး မှူးမတ်စံအိမ်တော်ကို စောင့်ရှောက် ပေးတာပဲလေ ငါ့ကိုခေါ်သွားပေး..”

သူ(မ) စိတ်ဆုံးဖြတ်ပြီးသား ဖြစ်တာကြောင့် လျိုလွီ့က ခြုံထည် သွားယူပေးလိုက်သည်။ သူ(မ)က သန်မာသည့် အစေခံ၂ယောက်ကို ယွီစီးယွီ့ရဲ့ ဘေးခန်းကို ခေါ်သွားပို့ခိုင်းလိုက်သည်။

ချုံရှီက ဘေးခန်းမှာ ပုန်းကာ ပြတင်းပေါက်အဟလေးကနေ စောင့်ကြည့်နေခဲ့သည်။ ချင်ယာ ထွက်သွားသည်နှင့် ဆင်ခြေသုံးကာ ခြံထဲက အစေခံတွေကို ဖယ်ထုတ် လိုက်သည်။ ယွီစီးယွီ့က စိတ်လှုပ်ရှားနေတာကြောင့် ဘာမှသတိမထားမိခဲ့ပေ။

ရွှီရှီအချိန်တွင် ချင်ယာက ခြံထဲ တွားသွား သွားကာ ကြည့်လိုက်သည်။ ဘယ်သူ့ကိုမှ မတွေ့တော့ အလွန်ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် နံရံနောက်မှာ ပုန်းနေသည့် ဖန်းကျီ့ချန်ကို အချက်ပြကာ ဝင်လာခိုင်းလိုက်သည်။

ချင်ယာ စောင့်ကြည့်ပေးနေတုန်း ဖန်းကျီ့ချန်က အခန်းထဲ ဝင်သွားခဲ့သည်။

ယွီစီးယွီ့က ဖန်းကျီ့ချန်ကို မြင်သည်နှင့် ငိုရှိုက်ကာ ပြောလေသည်။
“သခင်လေးဖန်း ရောက်လာပြီကို”

“သခင်မလေးက ဘာအကြောင်းကိစ္စကြောင့် ရှာတာပါလဲ”
ဖန်းကျီ့ချန်က အရိုအသေပေး နှုတ်ဆက်ကာ ယွီစီးယွီ့ရဲ့ မျက်ရည်ပြည့်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ လှပသည့် မျက်နှာလေးကြောင့် အံ့သြသွားပေမယ့် သူ ဘယ်လောက်ပဲ သွေးကြီးပါစေ မှူးမတ်စံအိမ်က သူ့ကို သမီး၂ယောက်လုံးဖြင့် လက်ထပ်ခွင့်ပေးမှာ မဟုတ်တာကို သိသည်။ ယွီစီးယွီ့နှင့် ယှဥ်ပါက ယွီရှန်းက ပိုပြီး လှပကာ သူ့ကို နှလုံးခုန်မြန်စေသည်။ အဆင့်အတန်းအရလည်း သူ(မ)ကို ပိုသဘောကျသည်။

ယွီစီးယွီ့ကလည်း သူ့အတွက် ချစ်ဖို့ကောင်းသည်။ သူ(မ)ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း ပေးဖို့အတွက် ချင်ယာရဲ့နောက်ကနေ အနောက်ဖက်ခြံကို တိတ်တဆိတ် လိုက်ခဲ့ခြင်းဖြစ်သည်။

ကံကောင်းချင်တော့ မှူးမတ်ကြီးနှင့် မဒမ်ကြီးက အစေခံတွေ အများကြီးဖြင့် စံအိမ်အပြင် ထွက်သွားကာ ချင်ယာကလည်း အလှည့်ပြောင်းသည့် ကင်းလှည့် အစောင့်တွေနှင့် ရင်းနှီးနေသည်။ မဟုတ်ပါက မိတာကြာလှပြီ ဖြစ်သည်။

ယွီစီးယွီ့က လက်ကိုင်ပဝါဖြင့် မျက်ရည်တွေကို ဖြည်းဖြည်းလေး သုတ်ကာ နူးညံ့သည့် ခံစားချက်များဖြင့် သူ့ကိုကြည့်လေသည်။
“သခင်လေး ကျွန်မတို့ ဇာတာက ဘာလို့ မလိုက်ဖက်တာလဲ သိလား”

“ဘာလို့လဲ”

“ပိုင်ယွင်ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးက မလိုက်ဖက်ဘူးလို့ ဟောလိုက်ဖို့ လက်ထပ်ပွဲ ပျက်ခဲ့တာ၊ သခင်လေးသာ ကျွန်မကို တကယ်သဘောကျရင် တခြားဘုန်းတော်ကြီးကို ရှာပြီး ဇာတာကို လူကိုယ်တိုင် ဖတ်ခိုင်းကြည့်ပါလား၊ မျက်လုံးရှေ့မှာ ဆိုတော့ မလိမ်ပြောရဲဘူးပေါ့၊ သခင်လေး ဘယ်လိုထင်လဲဟင်”

ဖန်းကျီ့ချန်က အချိန်ကြာသည်အထိ တိတ်နေသည်။ နက်ရှိုင်းနေသည့် ယွီစီးယွီ့ရဲ့ ချစ်ခင်မှုကို မငြင်းဆန်နိုင်သလို သူ(မ)ကို လက်လည်း မထပ်ချင်ပေ။

ဘေးခန်းက ယွီရှန်းက ဒေါသထွက်စွာ ရယ်ပြီး ထောင်ဟုန်နဲ့ လျိုလွီ့ကို အမိန့်ပေးကာ ခေါ်ထုတ်ခိုင်းလိုက်သည်။ ဘီးလှည့်သံက ယွီစီးယွီ့ရဲ့ အမူအရာကို ပြောင်းလဲ သွားစေခဲ့သည်။ ချင်ယာက လက်ကို ခါးစည်းကြိုးဖြင့် ချည်ခံရကာ ချုံရှီရဲ့ မြေပြင်ပေါ် ဖိချတာ ခံထားရသည်။

ယွီရှန်းက ထောင်ဟုန်နှင့်လျိုလွီ့ကို မီးထွန်းခိုင်းခဲ့သည်။ သူ(မ)က အခန်းထဲက ပြေးထွက်လာသည့် လူ၂ယောက်ကိုကြည့်ကာ၊
“အစ်မကြီးက တော်တော် စိတ်ဝင်စားနေတာပဲ၊ ညလယ်ခေါင်ကြီးတောင် ချစ်ရသူနဲ့ ချိန်းတွေ့နေတယ်၊ အဖွားသိရင်တော့ မျက်ရည်ဖြိုင်ဖြိုင် ကျတော့မှာပဲ”
…..

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset