TYCDTN အပိုင်း ၃၆

TYCDTN
Chapter 36

ကျင့်ကော်မြို့စားမင်းနှင့် ကျင့်ကော်မြို့စားကတော်တို့ ရောက်သည့်အချိန်မှာ လျိုလွီ့က အစေခံ၁ယောက်ကို စေလွှတ်ပြီး စောနကထွက်သွားသည့် မဒမ်အိုကြီးကို သတင်းသွားပေး ခိုင်းလိုက်သည်။ မဒမ်အိုကြီးက ဒေါသတွေကို ဖိနှိပ်ထားရသည်။ သူ(မ) မျက်နှာထက်တွင် ပြုံးရယ်ခြင်း ရှိမနေပေ။

ကျင့်ကော်မြို့စားကတော်က ပြောလေသည်
“မဒမ်ကြီး ယွီဖင်ယန်က နည်းနည်းတော့ ရိုင်းနေပြီ၊ ယွီရှန်းနဲ့ ဘာမဟုတ်တာလေး ငြင်းခုန်မိတာကို ချန်ချီအပေါ်ကို မြွေတွေ လောင်းချခိုင်းခဲ့တယ်၊ ဘာလုပ်ဖို့ ကြိုးစားတာလဲ၊ တပ်မှူးကြီးတစ်ယောက်အနေနဲ့ ကလေးတစ်ယောက် အပေါ်ကို ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ အပြုအမူမျိုး လုပ်ရတာလဲ”

မဒမ်အိုကြီးက မျက်လုံးမှိတ်ထားကာ လက်ထဲက ပုတီးစိပ်နေလိုက်သည်။ ကျင့်ကော်မြို့စားကတော် စကားပြောလို့ ပြီးသွားတဲ့အချိန်မှာပဲ စကားပြန်ပြောမလို့ ပါးစပ်ဟဖို့ ပြင်လိုက်သည်။ သို့ပေမယ့် ယွီဖင်ယန်က စိုရွှဲနေသော ဆံပင်ဖြင့် လမ်းလျှောက်ဝင်လာကာ ဩရှသည့်အသံဖြင့် ပြောလေသည်။

“သူ့ကြောင့် ကျုပ်ညီမ တစ်ကိုယ်လုံးမှာ အရည်ကြည်ဖုတွေချည်းပဲ အခုယားပြီး နာကျင်နေတယ်၊ သူက ဘာဒဏ်ရာမှမရသွားဘဲ လန့်သွားရုံပဲရှိတာပါ၊ ဒါဟာ ကျုပ် သက်ညှာ ပေးထားတာပဲ၊ ကျုပ်ရဲ့ညှာတာမှုကို ခင်ဗျားတို့တွေ အသိအမှတ် မပြုနိုင်ရင်တော့ ကြည့်ထားလိုက် အရေခွံစုတ်ပစ်မယ်”

ထိုသို့ပြောပြီးနောက် သူ့နှုတ်ခမ်းတွေက ကော့တက်သွားခဲ့သည်။

ပြုံးနေသည့် မှူးမတ်ကြီးက အမူအရာကင်းမဲ့သည့် မှူးမတ်ကြီးထက် ပိုကြောက်ဖို့ ကောင်းတာကို လူတိုင်းသိသည်။ သူ့အပြုံးက နွေဦးမှာတိုက်သည့် လေပြေလေးနှင့် တူပေမယ့် တကယ်က လူ့အသက်ကိုတောင် အေးတိအေးစက် နှုတ်ယူနိုင်သည်။

ကျင့်ကော်မြို့စားက သူ့ရှေ့ကကောင်လေးက အရင်ကလို လိမ်လည်ရလွယ်သည့် ကောင်လေး မဟုတ်တော့မှန်း ရုတ်တရက်ကြီး သတိရလိုက်ကာ ထိုလူက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားသည့် တပ်မှူးကြီးဖြစ်နေပြီ ဖြစ်သည်။ စိတ်ရှိသလို လူသတ်နိုင်ပြီး တော်ဝင်ခုံရုံးရဲ့ ခွင့်ပြုပေးတာကို စောင့်စရာ မလိုဘဲ ကွပ်မျက်လိုက်လို့ ရသည်။ ဒီတစ်နိုင်ငံလုံးမှာ သူ့ကို ထိန်းချုပ်လို့ရတာ ဧကရာဇ် တစ်ယောက်တည်းသာ ရှိသည်။ တော်ဝင်တရားရုံးရဲ့ အတွင်းကောအပြင်မှာပါ သူ့လက်နဲ့အသတ်ခံခဲ့ရသည့် အပြစ်မဲ့သည့် ဝိဉာဥ်များစွာ ရှိသည်။ သူတို့တွေက ငရဲပြည်ကို ကျရောက်ခဲ့ရင် ငရဲပြည်ကြီးတောင် ကျိုးကျသွားမှာစိုးရသည်။

ထိုအခါမှပဲ ကျင့်ကော်မြို့စားက ကြောက်ဖို့ အမှတ်ရသွားခဲ့သည်။ သူက ကြောက်လို့ တုန်ယင်နေသည်။

မြို့စားကတော်ကတော့ တော်ဝင်ခုံရုံး အကြောင်း သိပ်မသိပေ။ ယွီဖင်ယန်က သူ(မ) အလွယ်တကူ အသုံးချလို့ရမည့် ကလေးဟု ထင်နေခဲ့သည်။ သူ(မ)က ယောက္ခမလို ပြုမူကာ ဆုံးမနေခဲ့သည်။

ယွီဖင်ယန်က သူ(မ)ပြောတာတွေကို ဆုံးအောင်နားထောင်ချင်စိတ် မရှိပေ။ သူက သရော်ကာ ပြောလေသည်။

“ရှန်းအာတို့ ဘာလို့ စကားများတယ်လို့ ထင်လဲ၊ ချန်ယာဖူနဲ့ ယွီဖင်ဟုန် မီးပုံးပွဲမှာ ရည်းစားစာ လဲနေတဲ့အကြောင်း ရှန်းအာ ပြောလိုက်လို့လေ၊ မောင်နှမ၂ယောက်က အရမ်းတွေ ရှက်သွားပြီး ရန်လုပ်တော့တာပဲ၊ မဒမ် ခင်ဗျားလည်း ဒီကိစ္စကို သိပြီးထားနေမှာပါ၊ တတိယဦးလေးက မှူးမတ်ကြီး ရာထူးရပြီး ယွီဖင်ဟုန်က မျိုးရိုးမြင့်ဆက်ခံသူ ဖြစ်လာတဲ့အခါကျရင် ကျုပ်တို့ စေ့စပ်ပွဲကို ဖျက်ဖို့ တတိယအန်တီနဲ့ သဘောတူခဲ့တယ် မလား၊ ဒီတစ်ချိန်းလုံး ကျုပ်က စောင့်နေတာ၊ ကံဆိုးချင်တော့ တတိယဦးလေးမိသားစုက အကျဥ်းချခံလိုက်ရပြီး လက်ထပ်ပွဲ မဖြစ်ခဲ့ဘူးလေ၊ ကျုပ် ယွီဖင်ယန်က သူများထွေးပြီးသား တံတွေးကို ပြန်မြိုမယ် ထင်နေတာလား”

သရဲကို မြင်တွေ့လိုက်ရသလို ကျင့်ကော်မြို့စားမင်းနှင့် မြို့စားကတော်တို့က မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

မဒမ်ကြီးက ပုတီးကို တင်းကြပ်နေအောင် ကိုင်ခဲ့တာကြောင့် ပြတ်ထွက်ကုန်ခဲ့သည်။ သူ(မ)က လျင်မြန်စွာ မေးလေသည်။

“ဒီလိုကိစ္စရှိခဲ့တာလား၊ အချစ်နဲ့လှည့်စားခဲ့တာလား၊ ကောင်းတယ် ကောင်းတယ်၊ သူက တကယ့် မြေးချွေးမကောင်းပဲ၊ အရှက်မရှိဘူး၊ ဇောင်းကြွတယ်၊ ရိုင်းစိုင်းပြီး ကိုယ်ကျင့်သိက္ခာမရှိဘူး၊ ဒါနဲ့များ အရှက်မရှိ ရှင်းပြချက် လာတောင်းရဲတယ်ပေါ့၊ တစ်ယောက် ယောက်လာစမ်း သူတို့ကို မောင်းထုတ်ပစ် မြန်မြန် မောင်းထုတ်ပစ်”

မဒမ်အိုကြီးက ထရပ်ကာ အသားကုန် အော်ဟစ်ခဲ့သည်။ ချန်မိသားစုက ယွီဖင်ဟုန်နဲ့ ချန်ယာဖူကို လက်ထပ်စေချင်တာကို သိပေမယ့် ချန်ယာဖူက ယွီဖင်ဟုန်ဖြင့် ကိစ္စတွေ ရှိခဲ့မယ်မှန်း မသိခဲ့ပေ။ ချန်မိသားစုက သူတို့ယွီအိမ်တော်ကို ပျက်ဆီးစေချင်နေတာ အိပ်မက်ပဲ မက်နေလိုက်။

အစေခံတွေက အသံကျယ်ကျယ်ဖြင့်ပြန်ဖြေကာ တုတ်တွေကိုသွားရှာခဲ့သည်။

သူတို့တွေ ဆက်နေပါက အရိုက်ခံရရုံတင်မကဘဲ ဂုဏ်သိက္ခာပါ ပျက်ဆီးလိမ့်မည်။ ကျင့်ကော်မြို့စားမင်းနှင့် မြို့စားကတော်က ခေါင်းငုံ့ကာ မျက်နှာကို လက်ဖြင့်အုပ်ပြီး ထွက်ပြေးခဲ့ကြသည်။

မဒမ်အိုကြီးက ဒေါသထွက်နေကာ ပုံချစရာ နေရာရှိမနေပေ။ သူ(မ)က စားပွဲကို ရိုက်ချကာ ခက်ထန်စွာ မေးလေသည်။

“နင် ဒါကို သိပြီးထားလား၊ ဘာလို့ငါ့ကို မပြောတာလဲ၊ ချန်ယာဖူသာ ဒီလောက်ရိုင်းမှန်း သိရင် ကျင့်ကော်မြို့စားဟောင်းကြီး ရှိကတည်းက စေ့စပ်ပွဲကိုဖျက်ပစ်လိုက်ပြီ၊ သူ့ကို ဒီလောက်နှစ်တွေအများကြီး ဘာလို့သည်းခံနေမှာလဲ၊ နောက်လ ပူဆွေးခြင်း အထိန်းအမှတ် ဝတ်စုံချွတ်တာနဲ့ ချက်ချင်း စေ့စပ်ပွဲဖျက်မယ်၊ တရားကိုလွန်လွန်းတယ်”

ကျင့်ကော်မြို့စားကတော်ရဲ့ မြူဆွယ်မှုဖြင့် လက်ထပ်ပွဲကို သဘောတူမိတော့မလို ဖြစ်ခဲ့တာကို ပြန်တွေးပြီး တစ်ကိုယ်လုံး ချွေးတွေ ထွက်ခဲ့ရသည်။

ယွီဖင်ယန်က သူ(မ)ရဲ့ နောက်ကျောကို နူးညံ့စွာ ပုတ်ပေးပြီး ပြောလေသည်
“အခု ပြောပြပြီးပြီလေ စိတ်တိုနေတုန်းလား၊ အရင်ကတည်းက ပြောပြလိုက်ရင် အဖွား အရမ်းတွေ စိတ်ဆိုးပြီး အိပ်ရာထဲ လဲနေမှာစိုးလို့ပါ၊ ဒီလိုမျိုး မကြည့်နိုင်လို့ပါ”

အချိန်ခဏအထိ မဒမ်ကြီးက ရွံရှာ မုန်းတီးနေကာ အံကြိတ်လိုက်သည်။ သူ(မ)က မြေးဖြစ်သူရဲ့ လက်ကို ကိုင်ကာ မျက်ရည်တွေ သုတ်လိုက်သည်။ သူ(မ)ဒါကို သတိမထားမိခဲ့တုန်းက ဒီမြေးလေး ဘယ်လောက် ခံစားခဲ့ရမလဲ။ သူ(မ) စိတ်ကူးတောင် မယဥ်နိုင်ပေ။ သူ့အဖိုးက ဘာကြောင့် ဒီလိုမကောင်းတဲ့ လက်ထပ်ပွဲကို စီစဥ်ပေးခဲ့တာလဲ။ တမလွန်မှာ ပြန်တွေ့တဲ့အခါကျရင် အဖိုးကြီးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကောင်းရန်တွေ့ပစ်မယ်။

ယွီဖင်ယန်က မဒမ်အိုကြီးရဲ့ မျက်ရည်တွေကို သုတ်ပေးကာ အနည်းငယ် ပြုံးလိုက်သည်။ ဒီကိစ္စကို ရှန်းအားသိတော့ အဖွားဖြစ်သူထက် ပိုတုန်လှုပ်ခဲ့ပြီး ဓားမြောင်ထုတ်ကာ ချန်ယာဖူကို ထိုးမည်ဟုပင် ပြောခဲ့သည်။ နှလုံးသားနဲ့ရင်းပြီး ချစ်ခင်ကြင်နာပေးသူ ၂ယောက်ရှိပါက သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက် ဘာကို စွန့်လွှတ်သင့်ပြီး ဘာကို ရင်ဝယ်ပိုက်ထားသင့်လဲ ဆိုတာ သိလာပြီဖြစ်သည်။

မြေးဖွား၂ယောက် ခဏလောက် တိတ်ဆိတ်နေကာ သူ(မ)ရဲ့ စိတ်အခြေအနေက ပိုကောင်းလာခဲ့သည်။ မြေးဖြစ်သူ ခေါင်းရေစိုနေပြီး အဝတ်အစား လဲထားတာ တွေ့တော့ ဒီလောက်အေးတဲ့ နေ့ကြီးမှာ ဘာလို့ ရေချိုးတာလဲဟု မေးခဲ့သည်။ ထိုအချိန်မှာ နဂါးကြေးခွံဝတ်တပ်သားတွေက အမြန်လေးလာကာ တင်ပြခဲ့သည်။

“တပ်မှူးကြီး အိမ်ရှေ့စံမင်းသားက အမြန်လေး အခေါ်လွှတ်လိုက်ပါတယ်”

အခြေအနေမကောင်းဘူးဟု ခံစားလိုက်ရတာကြောင့် မဒမ်အိုကြီးက မြေးဖြစ်သူကို အမြန်လေး သွားခိုင်းလိုက်သည်။

ယွီရှန်း ရွေးယူပေးခဲ့သည် ချန်က ‘နဂါးနှင့်ဖီးနစ်’ဟု ကြားတော့ အိမ်ရှေ့စံမင်းသမီးက စိတ်ခံစားချက်တွေ ပိုကောင်းမွန်နေသည်။ သူ(မ)က အနောက်ခန်းမရဲ့ ဘေးခန်းမှာ ခဏအနားယူကာ အပြင်က နွေဦးမိုးကို ကြည့်နေသည်။ မက်မွန်ပင်တွေလည်း အဖူးနီနီလေးတွေ ရဲနေတာကိုတွေ့ပြီး ရေစက်လေးတွေ တွဲခိုနေသည်။ သူ(မ)က နန်းတော်အစေခံတွေရဲ့ တားမြစ်သံကို ဂရုမစိုက်ဘဲ ထီးတစ်ချောင်းဖြင့် မက်မွန်ဖူးတွေ သွားခူးခဲ့သည်။

မက်မွန်တော ဂိတ်အစွန်းကို ဖြတ်ပြီးနောက် ပန်းတွေတွဲလျားကျနေသည့် ဂိတ်ကိုတွေ့လိုက်ပြီး ဆန့်ကျင်ဖက်နေရာမှာက သာမာန်လူတွေနေသည့် ခြံဝန်းရှိနေသည်။ မြေနေရာသေးသော်လည်း အိမ်ကလေ ၇လုံး၈လုံးဖြင့် ပြည့်နက်နေသည်။ အခုနွေဦးရာသီက အေးသည်။ နေထွက်လာရင်တော့ မအေးတော့ပေ။ သို့ပေမယ့် မိုးရွာလိုက်ပါက အလွန်ကိုအေးစိမ့်လွန်းသည်။ မြေပြန့်မှာထက် တောင်ထိပ်က ပိုအေးသည်။ မီးဖိုမလုပ်ဘဲ မနေနိုင်ပေ။

တော်ဆရာတော်တွေက ဘုရားဖူးတွေ အအေးပတ်ကာ ဖျားမည်ကို စိုးရိမ်နေကြသည်။ ခြံထောင့်တစ်ခုမှာ ထင်းပုံအကြီးကြီးဖြင့် မီးထည့်ထားကာ မီးသွေးမီးလိုပါက ကိုယ်တိုင်လာယူနိုင်သည်။

လှပသည့်အစေခံလေးတစ်ယောက်က သူ(မ)ယူလာသည့် အိုးထဲ မီးသွေးတုံးတွေ ကောက်ထည့်နေသည်။

အိုးထဲမီးသွေးတွေ ဝင်သွားတော့ ကလင် အသံတွေပါ ထွက်နေကာ မီးခိုးတွေပါ ထွက်ရင်း သူ(မ)ကို အဆက်မပြတ် ချောင်းဆိုးစေခဲ့သည်။

အိမ်ရှေ့စံမင်းသမီးက ပါးစပ်နှင့်လက်ကို အုပ်ထားပြီး အမျိုးသမီးသမားတော် အော်ပြောကာ သတိပေးသံကြားတော့ လှည့်ထွက်ဖို့ ပြင်လိုက်သည်။

“မကောင်းတော့ဘူး မီးခိုးနံ့က မူမမှန်ဘူး”

အိမ်ရှေ့စံမင်းသမီးက ယိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်ကာ အသံတိုးတိုးဖြင့် အော်သံကြားတော့ အကုန်လုံး ကြောက်လန့်ကုန်သည်။
“ငါ့ကိုမြန်မြန်ကူညီပါ ဗိုက်နာတယ်”

ဒါက သူ(မ) ကိုယ်ဝန်ပျက်ကျသည့် လက္ခဏာခံစားရခြင်းဖြစ်သည်။ စုန်မောမောက အိမ်ရှေ့စံမင်းသမီးကို ကူဖို့ လူလွှတ် အမိန့်ပေးပြီး သူ(မ)က အမြန်ပြေးထွက်သွားခဲ့သည်။ သူ(မ)က တစ်ခုခု တွေးပြီးနောက် သိပ်မဝေးသည့်နေရာက နဂါးကြေးခွံဝတ် အစောင့်တွေကို အော်ပြောလိုက်သည်
“အိမ်ရှေ့စံမင်းသမီးနဲ့ တပ်မှူးကြီးယွီကို မြန်မြန်ရှာ ပြီးတော့ အဲမိန်းကလေးကို ဖမ်းထား”

နဂါးကြေးခွံဝတ်အစောင့်တွေက တာဝန်အသီးသီးယူကာ ထွက်သွားကြသည်။

ပိုင်ယွင်တောက်ဘုန်းကြီးကျောင်းရဲ့ ဘုန်းတော်ကြီးက ဆေးဖက်ဆိုင်ရာတွင် ကျွမ်းကျင်တာကြောင့် အိမ်ရှေ့စံမင်းသမီးကို ပုံမှန်ထက် စောမွေးပေးဖို့ မွေးခန်း ပြင်ခိုင်းလိုက်သည်။ ထို့နောက် လေ့ကျူခန်းမမှာ ဒူးထောက်ကာ ကောင်းချီးပေးဖို့ ဆုတောင်းလိုက်သည်။ အမျိုးသမီးသမားတော်နှင့် ဝမ်းဆွဲသည်တွေက စိတ်လှုပ်ရှားကာ မတ်တပ်ရပ်နေကြသည်။ အိမ်ရှေ့စံမင်းသမီးသာ တစ်ခုခုဖြစ်ပြီး မီးမဖွားနိုင်ပါက သူတို့တင်မကဘဲ ဘုရားဖူး ၅၀၊ ၆၀ရာခိုင်နှုန်းက တပ်မှူးကြီးယွီရဲ့ ဓားချက်ကနေလွတ်မည်မဟုတ်ပေ။

ဧကရာဇ်က ထီးနန်းဆက်ခံရမည့် တရားဝင်သားကြီး ဖြစ်သည်။ ထိုကိစ္စကြောင့် ညီအစ်ကိုတွေရဲ့ သတ်ဖြတ်လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစပြီး တရားဝင်ကလေးနှင့် ကိုယ်လုပ်တော်ကမွေးသည့် ကလေးတွေကို သူက အထူးဂရုစိုက် ကြည့်ခဲ့သည်။ အိမ်ရှေ့စံမင်းသားက အသုံးမကျပါက အဆင်ပြေသည်။ သို့ပေမယ့် အိမ်ရှေ့စံမင်းသားက ကိုယ့်ကျင့်တရား ဖြူစင်ရိုးသားကာ အရည်အချင်းရှိပြီး ကိုယ်လုပ်တော်က မွေးသည့် သားတစ်ယောက်သာ ရှိသည်။ ဒါကြောင့် ဧကရာဇ်က တရားဝင်မြေးဖြစ်သူက ၆နှစ်လောက် စောင့်မျှော်နေတာကြောင့် အိမ်ရှေ့စံမင်းသမီးလည်း ညဖက် ကောင်းကောင်း မအိပ်နိုင်ကာ စိုးရိမ်စိတ် များနေရသည်။

အသီးအပွင့် ဖြစ်လာမှပဲ မထင်မှတ်စွာ သူများရဲ့ အန္တရာယ်ပေးခြင်းကို ခံခဲ့ရသည်။ ဧကရာဇ် ဒေါသတွေ အလိပ်လိုက်ထွက်မှာ သေချာသည်။

နန်းတော်အစေခံတွေနှင့် ဘုန်းတော်ကြီးတွေ ကြောက်လန့် နေရုံတင်မကဘဲ အိမ်ရှေ့စံမင်းသားရဲ့ နှလုံးဟာလည်း တုန်ယင်နေခဲ့သည်။ သူ့ရဲ့ တရားဝင်သားကိုသာ ဆုံးရှုံးလိုက်ရပါက သူ့ဖခင် သူ့ကို စွန့်လွှတ်ပစ်မည်ကို ကြောက်နေသည်။ ယွီဖင်ယန် ဝင်လာတာ တွေ့တော့ သူက ဒေါသကို ဖိနှိပ်ထားကာ ပြောလေသည်
“ယီဖုန်း ငါကိုယ်တော်အတွက် စုံစမ်းပေးစမ်း၊ ငါကိုယ်တော်က သဘောသိပ်ကောင်းလို့ မတွေးအပ်တာတွေကို တွေးနေကြတယ်ထင်တယ်၊ ဒီနောက်ကွယ်က လူကို စုံစမ်းမိတာနဲ့ ဧကရာဇ်ကို တင်ပြပြီး ကွပ်မျက်ခိုင်းလိုက်မယ်”

“ဒီအစေခံက အရှင့်အမိန့်ကို နာခံလျက်ပါ”
ယွီဖင်ယန်က ဘာမှထပ်မပြောတော့ပေ။ သူက လက်ခုပ်ဖွဖွတီးကာ စုံစမ်းစစ်ဆေးဖို့ မြေအောက်ခန်းကို သွားလိုက်သည်။

နဂါးကြေးခွံဝတ်အစောင့်တွေက ပိုင်ယွင်ဘုန်းကြီးကျောင်းရဲ့ မြေအောက်ခန်းကို ငှားကာ နှိပ်ဆက်ခန်းလုပ်ပြီး မီးသွေးထည့်သည့် အစေခံကို အပြစ်ပေးခဲ့သည်။

အစေခံမလေးက အောက်မှာ ကြာပွတ်ဖြင့် အရိုက်ခံနေရတာတောင် အလျော့ မပေးသေးပေ။ သူ(မ)က သူ(မ)သခင်မိသားစုနှင့် တာ့ယွီမြို့ကနေ ပွဲတော်ကို လာဆင်နွှဲတာ ဖြစ်ပြီး မြို့တော်က ဘယ်သူနဲ့မှ အဆက်အသွယ် မရှိကြောင်း မှားယွင်းစွပ်စွဲ ခံရကြောင်း ပြောနေခဲ့သည်။

နဂါးကြေးခွံဝတ်တပ်သားတွေရဲ့ စုံစမ်းစစ်ဆေးမှုက ကြမ်းတမ်းရက်စက်သည်။ အပြစ်ရှိရှိ မရှိရှိ အမှန်အတိုင်း ပြောလာအောင် နှိပ်စက်သည်။ စစ်ဆေးမေးမြန်းသည့် လူတွေက သူ(မ)နှင့် ငြင်းဆိုမနေပေ။ သူတို့က စည်းကြပ်ခြင်းနည်းဖြင့် ညှင်းပန်းနေသည်။

အစေခံမက လက်ကို ၂ခါလောက် တင်းကြပ်စွာညှပ်ခံရတော့ သည်းမခံ နိုင်တော့တာကြောင့် ပူပန်သောက ရောက်စွာ အော်လေသည်။

“ငါ့မှာ အပြစ်မရှိဘူး၊ ငါဘာမှမလုပ်ခဲ့ဘူး၊ ငါက အစေခံမဟုတ်ဘူး၊ မှူးမတ်စံအိမ်တော်ရဲ့ တရားဝင်သမီးပဲ၊ နင်တို့က ငါ့ကိုဒီလို ဆက်ဆံရဲတယ်ပေါ့၊ ငါ့မိသားစုတွေ ငါ့ကို ရှာတွေ့သွားလို့ကတော့ နင်တို့ကိုတစ်စဆီ ဆွဲဖြဲပစ်မယ်”

“မှူးမတ်စံအိမ်၊ ဘယ်မှူးမတ်စံအိမ်လဲ”

သူတို့ထဲက တစ်ယောက်က အူတက်အောင် ရယ်လေသည်။ သူတို့ကို တစ်စဆီဆွဲပစ်မယ်။ ပထမအဆင့် အရာရှိတွေတောင် နဂါးကြေးခွံဝတ် တပ်သားတွေကို ကြောက်ရသည်။ ဒီကမ္ဘာမှာ ဧကရာဇ်အပြင်ဆိုရင် မှူးမတ်ကြီးယွီသာ သူတို့ကို တစ်စစီ ဆွဲဖြဲနိုင်သည်။ ဒီအစေခံက ပေါက်ကရတွေ ပြောနေပြီး တကယ်လို့ သူ(မ)က မင်းမျိုးစိုးနွယ်က မွေးလာရင်တောင် သူတို့ကို ဘာမှလုပ်နိုင်ပေ။

အစေခံမလေးက ခေါင်းကို အဆက်မပြတ် ခါယမ်းကာ အော်လေသည်။

“ဘယ်မှူးမတ်လဲဆိုတာ ငါမသိဘူး၊ လွန်ခဲ့တဲ့၁၄နှစ်က ငါက တခြားအိမ်ကို ကလေးမှား ခေါ်ခံသွားရတာပဲ ငါသိတယ်၊ ငါ့အဖေက ဓားပြတွေရဲ့ သတ်တာ ခံလိုက်ရတာ၊ မေးကြည့်ရင် သိလိမ့်မယ်၊ ငါက မှူးမတ်စံအိမ်ရဲ့ တရားဝင်သမီးပဲ”

ခြိမ်းခြောက်တာ မထိရောက်တော့ ချော့ပြောလေသည်။

“ဒီက လူကြီးမင်း၂ယောက်သာ ကျွန်မရဲ့ မိဘတွေကို ကူရှာပေးမယ်ဆိုရင် ကျွန်မ မိဘတွေက ကျေးဇူးဆပ်လိမ့်မယ် ဒီနေ့ရဲ့ လုပ်ရပ်တွေကိုလည်း မေ့ပေးမယ်၊ ငါ့အခန်းထဲမှာ ငါ ငယ်ငယ်တုန်းက ငါ့မိဘတွေ ဆင်ပေးခဲ့တာတွေ ရှိသေးတယ်၊ အဝတ်တွေက နန်းတော်က ဂုဏ်ပြုပေးထားတဲ့ ပစ္စည်းတွေပဲ၊ အကုန်လုံး ပြပေးလို့ရတယ်”

သူ(မ)က ပြောလေလေ ယုတ္တိမရှိလေ ဖြစ်သည်။ နဂါးကြေးခွံဝတ် တပ်သားတွေက ခေါင်းခါကာ ရယ်လျက် သူတို့ရဲ့အပြုအမူတွေက ပိုကြမ်းတမ်းလာခဲ့သည်။

ယွီဖင်ယန် နှိပ်စက်ခန်းကို ဝင်သွားတာ့ အစေခံအမျိုးသမီးရဲ့ လာဘ်ထိုးနေသည့် အသံတွေကို ကြားလိုက်ရသည်။
သူရဲ့ပုံစံကအေးတိအေးစက်ဆိုပေမယ့် ရင်ထဲကလှုပ်ခါနေသည်။ ယွီဖင်ယန်က အမြန်ဝင်သွားပြီး လက်အောက်ငယ်သား၂ယောက်ကို လက်ဝေ့ယမ်းပြကာ အစေခံမလေးရဲ့ မေးရိုးကို ကိုင်ကာ သေချာကြည့်လိုက်သည်။

သူ(မ)မေးထက်က အေးစက်သည့် အထိအတွေ့ကြောင့် အစေခံအမျိုးသမီးက မျက်ရည်တွေ ကျနေသည်။ သူ(မ)က တုန်ယင်နေသည်။ သူ(မ)က မျက်လုံးကို အားစိုက်ဖွင့်ကာ အံကြိတ်ပြောလေသည်။

“နင်ပဲကို၊ တစ်ခါတည်း နာကျင်အောင် လုပ်ရုံတင်မကလို့ ဒုတိယအကြိမ်ပါ နာကျင်အောင် လုပ်တာလား၊ ငါ နင့်ကို ဘာတွေများ အငြိုးထားမိအောင် လုပ်မိလို့လဲ”

သူ(မ)က စိတ်ရှုပ်စွာ မေးလေသည်။ မှူးမတ်ကြီးက ဘာလို့ ဒီလိုနိမ့်ကျတဲ့အစေခံနဲ့ အပြန်အလှန် ပြောဆိုနေတာလဲ။ ဒီမိန်းမက ရူးနေတာလားဟု နဂါးကြေးခွံဝတ် တပ်သားတွေက တွေးလိုက်သည်။

ယွီဖင်ယန်က မဖြေခဲ့ပေ။ သူ(မ)ရဲ့ မျက်နှာက လင်ရှီနှင့် 70၊ 80 ရာခိုင်နှုန်းလောက် ဆင်တူနေတာကြောင့်ရင်ထဲမှာ အဖြေရှိနှင့်နေပြီ ဖြစ်သည်။ သူက ခါးနားက အဝတ်စကိုလှန်ကာ ခါးတွင် သစ်ခွပန်းပုံ အမှတ်ရှိမရှိ ကြည့်လိုက်သည်။

၄နှစ်လောက် ရှာနေခဲ့ရသည့် ညီမကို ဘယ်မှာမှာ ရှာမတွေ့ခဲ့ဘဲတွေ့မယ့်တွေ့တော့ ထောင်ထဲမှာ တွေ့ခဲ့ရသည်။ တစ်ယောက်က အမှုစစ်သူဖြစ်ပြီး တစ်ယောက်က ပြစ်ဒဏ်ကျသင့်နေသူ ဖြစ်သည်။ ယွီဖင်ယန်က နောက်၂လှမ်းဆုတ်ကာ အေးတိအေးစက်လေသံဖြင့် ပြောလေသည်။

“သူ့ကို မနှိပ်စက်နဲ့တော့၊ အမှုစစ်ဖို့ ကန့်သတ်အခန်းငယ်ထဲ ထည့်ထားလိုက်”

နဂါးကြေးခွံဝတ်တပ်သား၂ယောက်က နာခံစွာ သဘောတူခဲ့ပြီး မေးခွန်းမမေးရဲခဲ့ပေ။

ယွီဖင်ယန်က မြေအောက်ခန်းက ထွက်သွားပြီး ပျော်ရွှင်နေတာမျိုး မရှိသလို ညီမဖြစ်သူကို ပြန်တွေ့လို့ စိတ်လှုပ်ရှားနေတာလည်း မရှိပေ။ သူတွေးမိနေသည့် တစ်ခုတည်းသောအရာက ဘာလို့ဒီကိစ္စ ဖြစ်ပွားတဲ့ နေရာမှာ ပေါ်လာရတာလဲ။ သူ့ကို ထောင်ချောက်ဆင်တာလား။

သူ့ရင်ထဲမှာ ထင်မြင်ယူဆချက် များစွာ ရှိနေပြီး မျက်မှောင်ကြုပ်ထားကာ အရင်ဆုံး ရှင်းလင်းအောင် စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

Telegram မှာ အပိုင်း ၁၂၃အထိ ရောက်ပါပြီနော်။

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset