TYCDTN
Chapter 35
လိပ်ပြာကလွဲရင် ယွီရှန်းက ပိုးမွှားတွေ အကုန်ကြောက်သည်။ အထူးသဖြင့် ပျော့စိစိပိုးကောင်တွေကို ပိုကြောက်သည်။ ကြည့်ရုံနဲ့တင် ရွံနေကာ ခန္ဓာကိုယ်ကို လာထိနေပါက ပြောစရာပင် မရှိတော့ပေ။ အခုပိုးကောင်က သူ(မ)လည်ပင်းနား ရွစိရွစိသွားနေကာ အတွင်းခံထဲတိုးဝင်နေသည်။ ပိုးကောင်ရဲ့လှုပ်ရွမှုကို ကြောက်လန့်နေသည်။ ပိုးကောင်ပေါ်က အမွေးတွေက သူ(မ)အရေပြားကို တိုက်ရိုက် ထိတွေ့နေကာ စူးပြီး ယားစိစိခံစားရကာ ကြက်သီးတဖြန်းဖြန်းထနေသည်။
ယွီရှန်းက ကြောက်လွန်းလို့ သေချာလေးပင် မတွေးရဲပေ။ သူ(မ)က ဝှီးချဲပေါ်မှာ တောင့်တင်းစွာထိုင်နေပြီး ဆံပင်ပေါ်က ပိုးကောင် ကော်လံထဲဝင်သွားမှာကို ကြောက်နေသည်။
“ထောင်ဟုန်နဲ့ လျိုလွီ့ မြန်မြန်၊ မြန်မြန်လေး ဒီပိုးကောင်ကို လာဖယ်ပေးဦး၊ နေရတာ အဆင်မပြေဘူး”
ယွီရှန်းက ကြောက်လန့်စွာ အော်နေခဲ့သည်။
လျိုလွီ့က လက်ကိုင်ပဝါထုတ်ကာ သူ(မ) သခင်ဖြစ်သူဆီက ပိုးကောင်ကို ဖယ်ပေးဖို့လုပ်လိုက်သည်။ ထောင်ဟုန်က သစ်ပင်ပေါ်ကနေ မြေပြင်ပေါ်ကို ဖြည်းညင်းစွာ ဆင်းလာသည့် အသက် ၁၃၊ ၁၄ လောက်ရှိမည့် ကလေးကို တွန်းပစ်ကာ ကြမ်းတမ်းစွာ မေးလေသည်။
“နင်ဘာလုပ်တာလဲ”
ထိုကလေးက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံခဲ့ရသည့် ကျင့်ကော်မြို့စားအိမ်ရဲ့ တရားဝင်သား ချန်ချီ ဖြစ်သည်။ သူက ‘ကမ္ဘာ့နတ်ဆိုးဘုရင်’ ဟုနာမည်ကြီးသည်။ ဒီနေ့ သူက ဝါးတူသုံးကာ ပုလင်းတစ်လုံးဖြင့် ပိုးကောင်တွေဖမ်းကာ ငှက်တွေကိုကျွေးဖို့ ပြင်ထားခဲ့သည်။ သူ သစ်ပင်ပေါ်က ဆင်းမည့်အချိန်မှာ သူ့အစ်မကြီးက မသန်မစွမ်း တစ်ယောက်နှင့် လမ်းလျှောက်နေတာကို တွေ့လိုက်သည်။ သူက စပ်စုချင်တာကြောင့် သစ်ပင်ပေါ်မှာ ခဏလောက် ပုန်းနေလိုက်သည်။ သူတို့ပြောနေသည့် စကားကို ကြားကာ စိတ်တိုလွန်းလို့ အဆုတ်တွေ ပေါက်ထွက်မတတ်ပင် ဖြစ်ခဲ့သည်။
မှူးမတ်စံအိမ်က သခင်မလေးက အကျင့်မကောင်းတာ ကျော်ကြားပြီး သူ(မ)စကားတွေက ဓားလိုထက်သည်။ ဒီနေ့တွေ့လိုက်ရတော့ သတင်းတွေ ထွက်နေတာထက်ကို ပိုမုန်းဖို့ကောင်းတယ်။ ငါ့မိသားစုဝင်ကို ဆဲခွင့် ဘယ်သူပေးထားလို့လဲ။
ထို့ကြောင့် စဥ်းစားတွေးတော မနေဘဲ ချန်ချီက ပိုးကောင်ထည့်ထားသည့် ပုလင်းအဖုံးဖွင့်ကာ သွန်ထုတ်ပစ်လိုက်သည်။ ထိုအချိန်မှာပဲ သူ့ကို တွန်းထုတ်သည့် ထောင်ဟုန်ကို ကုတ်ခြစ်ပစ်ကာ အမုန်းတွေက ပိုတိုးလာခဲ့သည်။ ထောင်ဟုန်ကို ခြေထောက်တစ်ဖက်ဖြင့် ကန်ပစ်လိုက်ပြီး သူ့မှာ အသိစိတ်လေး နည်းနည်း ကျန်သေးတာကြောင့် ယွီရှန်းကိုတော့ မရိုက်ခဲ့ပေ။ ထိုအစား မြေပေါ်က ညှိုးရော်နေသည့် အရွက်ပါသည့် သစ်ကိုင်းခြောက်တွေ ကောက်ကာ ခြေမွပြီး ယွီရှန်းရဲ့ခေါင်းကို ပစ်ပေါက်ပြီး ဆဲရေးတိုင်းထွာခဲ့သည်။
ချန်ယာဖူက အစကတော့ တားဖို့ တွေးလိုက်သေးသည်။ သို့ပေမယ့်လည်း မျက်ရည်ကျလုနီးနီး နာကျင်နေသည့် ယွီရှန်းရဲ့ပုံကို ကြည့်ကာ သူ(မ)ရင်ထဲကနေ အူမြူးနေခဲ့သည်။ ထို့ကြောင့် သူ(မ)က ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ဘေးလူအဖြစ် အေးတိအေးစက် ရပ်ကြည့်နေခဲ့သည်။
လျိုလွီ့က ယွီရှန်းရဲ့ အဝတ်ပေါ်က ပိုးကောင်တွေ အကုန်လုံးကို ဖယ်ပေးပြီးပေမယ့် အင်္ကျီအတွင်းက ပိုင်းကောင်တွေကိုတော့ သူ(မ) မတတ်နိုင်ပေ။ ထောင်ဟုန်ကို ကူခိုင်းဖို့ သူ(မ)က သခင်ဖြစ်သူကို ခဏထားခဲ့လိုက်သည်။ သို့ပေမယ့် ချန်ချီရဲ့တားမြစ်ခြင်းကို ခံရကာ အချက်များစွာပင် အရိုက်ခံလိုက်ရသည်။
အခြေအနေ ပိုဆိုးလာတာကြောင့် လျိုလွီ့လည်း သခင်ဖြစ်သူနှင့်ထောင်ဟုန်ကို ထားခဲ့ကာ ပြေးထွက်သွားခဲ့သည်။
ပိုးကောင်တွေက သူ(မ)ရဲ့ အင်္ကျီအတွင်းအပြင်ကို လျှောက်သွားနေပြီး နောက်ကျောမှာလည်း အရည်ကြည်ဖုကြီး ထနေပြီ ဖြစ်သည်။ သူ(မ)က တော်တော်လေး မသက်မသာ ခံစားနေခဲ့ရသည်။ ယွီရှန်းက ကြောက်လန့်မှုကို ထိန်းချုပ်ကာ အံကြိတ်လျက် ပြောလေသည်။
“ချန်ယာဖူ နင်က အရင်လို စောက်ဦးနှောက် မရှိသေးဘူးပဲ၊ ဒီနေ့ နင် နင့်မောင်လေးကို လုပ်ခိုင်းခဲ့တာအတွက် ဒီမှူးမတ်စံအိမ်တော်ကို တစ်သက်လုံး ခြေချခွင့် မရစေရဘူး”
ချန်ယာဖူရဲ့ တိမ်ဆိုင်းနေသည့် စိတ်တွေက ပြန်ရှင်းလင်းသွားခဲ့သည်။ ယွီရှန်းရဲ့ခေါင်းကို ကျောက်ခဲဖြင့် ပစ်နေသည့် မောင်လေးကို တားမည့်အချိန်မှာပဲ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာနေသည့် ယွီဖင်ယန်ကို မြင်လိုက်ပြီး သူ့နောက်မှာလည်း တစ်မျက်နှာလုံး ချွေးစိုရွှဲနေသည့် လျိုလွီ့ပါလေသည်။
‘ငရဲဘုရင်’အဖြစ် နာမည်ကြီးသည့် ယွီဖင်ယန်က ချောမောပေမယ့် သူ့မျက်လုံးထဲက ကြမ်းတမ်းသည့်အသွင်က သူနဲ့ စကားများနေသည့် လူကိုတောင် ရှောင်ထွက် သွားစေနိုင်သည်။ သူက ချန်ယာချီကို ဂုတ်ကဆွဲကာ ပစ်ထုတ်လိုက်သည်။ ထို့နောက် သူ့ရဲ့ ညီမလေးကို ကြည့်ရှုလေသည်။
နှုတ်ခမ်းကိုက်ကာ မျက်လုံးမှိတ်ထားသည့် ပုံစံလေးကို မြင်လိုက်ရသည်။ သူ(မ)ရဲ့ မျက်နှာက စာရွက်လို ဖြူဖတ်နေသည်။ မျက်တောင်ထူထူတွေပေါ်မှာ မျက်ရည်စလေးပင် တွဲခိုနေသေးသည်။ သူ(မ) ကိုယ်ခန္ဓာက ကြောက်လန့်ကာ တုန်ယင်နေပြီး တစ်ကိုယ်လုံး သစ်ရွက်၊ သစ်ကိုင်းခြောက်တွေ ကပ်နေသေးသည်။ နဖူးမှာလည်း ကျောက်ခဲဖြင့် အထုခံထားရတာကြောင့် ဖူးယောင်နေသည်။ သူ(မ) ပုံစံလေးက အလွန်စိတ်သောက ရောက်နေဟန်တူသည်။
ယွီဖင်ယန်ရဲ့ နှလုံးတွေ တုန်ခါသွားကာ မျက်လုံးထဲမှာ အန္တရာယ် အငွေ့အသက်တွေ ကြီးထွားလာခဲ့သည်။ သူက ငုံ့ကိုင်းကာ ယွီရှန်းကို ချီဖို့ ပြင်လိုက်ပေမယ့် ယွီရှန်းက သူ့ကို တွန်းဖယ်ကာ တုန်ယင်သည့်အသံဖြင့် ပြောလေသည်။
“ကျောကုန်းကို လက်နဲ့ လာမဖိနဲ့၊ ယားပြီးနာတယ်၊ အတွင်းအင်္ကျီထဲမှာ ပိုးကောင်တွေ အများကြီးရှိနေတယ်”
ယွီဖင်ယန်က နူးညံ့စွာ နှစ်သိမ့်ပေးလေသည်။
“အစ်ကိုကြီး သိတယ်။ ခေါ်ပြန်ပေးမယ်နော်၊ မကြောက်နဲ့ အစ်ကိုကြီး ဒီမှာရှိတယ်”
သူ့လက်တစ်ဖက်ကို ညီမဖြစ်သူရဲ့ခါးမှာ ထားကာ နောက်လက်တစ်ဖက်ကို တင်ပါးဆီ ထားလိုက်သည်။ ဒူးကောက်ကွေးကန ကလေးလေးလို ချီမကာ ချန်ယာဖူကို တစ်ချက်မှမကြည့်ဘဲ ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားခဲ့သည်။
လျိုလွီ့က ချန်ယာဖူကို အရိုအသေပေးကာ ဟန်ဆောင်ပြုံးကာ ပြောလေသည်။
“ဒီနေ့ သခင်မလေးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် မိန်းကလေးချန်၊ ကျွန်တော်မျိုးမ ပြန်သွားတဲ့အခါကျရင် မဒမ်ကြီးကို အမှန်တိုင်း အကုန်တင်ပြပြီး လူကိုယ်တိုင် ကျေးဇူးတင်ရအောင် မိန်းကလေးချန်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါ့မယ်”
စကားပြောပြီးနောက် ထောင်ဟုန်က ထွက်သွားခဲ့သည်။
ချန်ယာဖူ ခြံရှေ့တံခါးကို ပြေးသွားလိုက်တော့ လူတိုင်းထွက်သွားပြီ ဖြစ်သည်။ ကြည်လင်နေသည့်မိုးက သည်းထန်စွာ ရွာသွန်းတော့သည်။ ကိုယ်ပေါ် ကျဆင်းနေသည့် မိုးရေတွေက သူ့ကို အရိုးထဲထိ အေးစိမ့်စေကာ နှလုံးသား အောက်ခြေသည့် စိမ့်ဝင်သွားခဲ့သည်။
ချန်ချီက နာနေသည့် တင်ပါးကို အုပ်ကာ ဒေါသတကြီးပြောလေသည်။
“ယွီစံအိမ်က သူတို့ကိုယ်သူတို့ ဘာထင်နေတာလဲ၊ မျိုးရိုးမြင့်အမွေဆက်ဆံသူကို ဒီလိုဆက်ဆံရဲတယ်ပေါ့၊ အစ်မကြီး ဝမ်းမနည်းနဲ့ ငါတို့အတွက် အဖေ့ကို တရားမျှတမှု ရှာခိုင်းမယ်”
ချန်ယာဖူက သူ့ကို မယုံကြည်နိုင်စွာ အကြာကြီးကြည့်နေပြီးနောက် စိတ်ပျက်ဖွယ်ထရယ်ကာ..
“ယွီစံအိမ်က သူတို့ကိုယ်သူတို့ ဘာထင်နေလဲ ဟုတ်လား၊ ငါပြောပြမယ် မင်းသားတွေတောင် လေးစားရတဲ့ အဆင့်အတန်းပဲ၊ ငါတို့အဖေကို ထိန်းသိမ်း မခံစေချင်ရင် တောင်းပန်ဖို့ ငါနဲ့လိုက်ခဲ့”
ချန်ချီက ငြင်းဆန်ခဲ့သည်။ ချန်ယာဖူက ခြိမ်းခြောက်မှ တွန့်ဆုတ်စွာ ခေါင်းညိတ်ပြီ အင်တင်တင် လိုက်ခဲ့သည်။
ယွီဖင်ယန်က သူ့ညီမကို အောက်ချပေးလိုက်သည်နှင့် ညီမဖြစ်သူက ဆံထိုးကိုဖြည်၊ ဆံပင်ထုံးထားတာတွေ ဖြည်ချပြီး အပေါ်ထပ်ကိုချွတ်၊ ခါးစည်းချွတ်၊ အတွင်းဝတ် အင်္ကျီတွေပါ ချွတ်ပစ်လိုက်တာကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း ပန်းရောင် အတွင်းဝတ် တစ်ထည်သာ ကျန်တာကို တွေ့လိုက်ရလေသည်။
သူ(မ)က ၁၄နှစ်သာ ရှိသေးသော်လည်း ရှိသင့်ရှိထိုက်တာတွေက ပြည့်စုံနေပြီ ဖြစ်သည်။ ရုပ်ရည်သွင်ပြင်နှင့် ကိုယ်ခန္ဓာအချိုးအစားက လိုက်ဖက်ညီနေပြီ ဖြစ်သည်။ မဖြစ်စလောက် အဝတ်စလေးက မပေါ့တပေါ် မြင်ကွင်းကို မဖုံးဖိပေးနိုင်ပေ။
ယွီရှန်းကတော့ သတိမထားမိပဲ သူ(မ) ကိုယ်ခန္ဓာအတွင်းပိုင်းကို ကြည့်ဖို့ အဝတ်အနားစကို လှန်လိုက်သည်။ ထို့နောက် လက်ကို ကျောဖက်ပို့ကာ ချည်ထားသည့်အထုံးလေးကို ဖြည်ချဖို့ လုပ်ခဲ့သည်။
ထိုအခါမှ ယွီဖင်ယန်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေကနေ ပြန်အသိဝင်လာခဲ့သည်။ သူက ယွီရှန်းရဲ့ လက်၂ဖက်ကို တင်းတင်းဆုပ်ကိုင်ပစ်ကာ သူ(မ)ရဲ့ နူးညံ့သည့် ဇက်ပိုးနှင့်လည်ပင်းကို သူ့လက်ဖဝါးကြီးတွေဖြင့် အုပ်ကာ လက်မောင်းထဲ ဆွဲဖက်လိုက်သည်။
ခန့်ညားထည်ဝါသည့်မြင်ကွင်းက သူ့မျက်လုံးထဲကနေ ပျောက်သွားပေမယ့် နူးညံ့သည့်အရာလေးက သူ့ရင်ဘတ်ကို တိုက်ရိုက် ထိတွေ့နေသည်။ အထိအတွေ့က မှေးမိန်သော်လည်း ရှင်းထုတ်ရခက်သည့် ရနံ့လေးက သူ့နှာခေါင်းနားမှာ တဝဲလည်လည် ဖြစ်နေသည်။ ယွီဖင်ယန်ရဲ့ လည်ဇလုပ်တွေ အထက်အောက် လှုပ်ရှားသွားခဲ့သည်။ သူ့လက်ထဲကလူနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ဆောင်းတွင်းမှာ မီးကို ကိုင်ထားရတာနှင့်တူပြီး ထိုမီးက သူ့ကို သေသွားအောင် လောင်ကျွမ်း စေနိုင်တာကို သိပေမယ့် လက်လွှတ်ဖို့ တွန့်ဆုတ်နေတာနှင့်တူသည်။
သို့ပေမယ့် သိပ်မကြာခင်မှာပဲ သူ့ညီမနောက်ကျောက အရည်ကြည်ဖုကြီးတွေကို သတိထားမိသွားခဲ့သည်။ ကြည့်ဖို့ထိပ်လန့်ရသည်အထိ ဖြူဖွေးသည့်ကျောပြင်က နီရဲကာ အရည်ကြည်ဖုတွေ ပြည်တည်ဖုတွေလိုမျိုးတွေ ရှိနေခဲ့သည်။ ပြန်တွေးကြည့်တော့လည်း ဒီကလေးမလေးက ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရတာမလို့ ဒါတွေက ဘယ်ကနေဖြစ်လာတာလဲ။
ရုတ်တရက်ကြီး ယွီဖင်ယန်ရဲ့ မျက်လုံးထဲမှာ လူသတ်ချင်သည့် အငွေ့တွေ တထောင်းထောင်းထွက်လာခဲ့သည်။
လျိုလွီ့က တံခါးနားမှာ လိမ်းဆေးကိုင်ကာရပ်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူ(မ)က ပြောလေသည်။
“မှူးမတ်ကြီးရှင့် ဒီအစေခံက သခင်မလေးကို ဆေးကူလိမ်းပေးလိုက်ပါ့မယ်”
နင်က တခြားအခန်းသွားသင့်တယ်မလား။ ဘယ်လောက်ပဲ မောင်နှမဖြစ်ပါစေ လောကကျင့်ဝတ်ကို နားလည်ရမယ်မလား။
ထောင်ဟုန်ကတော့ သတိမထားမိဘဲ အိပ်ရာပေါ်မှာ တက်နေသည့် ပိုးကောင်တွေကို ရှင်းထုတ်ပစ်ခဲ့သည်။
ယွီဖင်ယန်က အံကြိတ်ကာ ညီမဖြစ်သူကို လွှတ်ပေးဖို့လုပ်လိုက်ပေမယ့် ယွီရှန်းက သူ့ခါးကို ဖက်ထားကာ..၊
“အစ်ကိုကြီး ချန်ချီကိုကြာပွတ်နဲ့ ရိုက်ပေးပါ၊ ပြီးတော့ ချန်ယာဖူ သူက သူ့မောင်လေးကို ညီမလေးကို အနိုင်ကျင့်ဖို့ လွှတ်ထားပေးတာ၊ အစ်ကိုကြီးသာ သူနဲ့လက်ထပ်လိုက်ရင် အနာဂတ်မှာ ညီမလေးကို ဘယ်လိုဒုက္ခတွေ ပေးမလဲမသိဘူး၊ အိမ်မှာ အဲလိုအဆိပ်ပြင်းတဲ့ ယောက်မ ရှိရင် ညီမလေး အိမ်မှာမနေနိုင်ဘူး၊ နောက်မကျခင် ညီမလေးကို ကျေးလက်ဒေသက တောရွာကို ပို့ပေးပါ”
ယွီရှန်းပြောသည့်စကားကို ကြားတော့ ယွီဖင်ယန်က နှလုံးသားကို ဓားဖြင့် ထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက လက်ချောင်းလေးတွေဖြင့် ယွီရှန်းရဲ့ခေါင်းကို ညှင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ့အသံက အရမ်းနူးညံ့နေပေမယ့် မျက်နှာထားကတော့ အလွန်အေးစက်နေကာ
“ရှန်းအာ အစ်ကိုကြီးက သူ့ကို တစ်သက်စာ မမေ့လောက်မယ့် သင်ခန်းစာပေးလိုက်မှာကို ယုံထား၊ ချန်ယာဖူ သူကတော့ ဒီမှူးမတ်စံအိမ်ကို နောက်ထပ် ဘယ်တော့မှ ဝင်မလာစေရဘူး”
ထိုအခါမှ ယွီရှန်းက ကျေနပ်သွားပြီး နှာတရှုံ့ရှုံ့လုပ်ကာ လွှတ်ပေးလိုက်သည်။
ယွီဖင်ယန်က အနောက် ပြန်လှည့်မကြည့်ဘဲ ထွက်သွားကာ လျှောက်လမ်းမှာ အကြာကြီး ရပ်နေခဲ့သည်။ သို့ပေမယ့် သူ့ရင်ထဲက မီးတွေကို လုံးဝ မငြိမ်းသတ်နိုင်ပေ။ ဒါကြောင့် ခေါင်းကြည်သွားအောင် မိုးရေထဲဆင်းသွားခဲ့သည်။
အပေါက်နားက နဂါးကြေးခွံဝတ်တပ်သားတွေက ယွီဖင်ယန်ကို ကြည့်ကာ မသက်မသာ ဖြစ်နေပြီး ထီးပေးရမလား မပေးရမလားဆိုတာ ဝေခွဲမရဖြစ်နေသည်။ မိုးမကြီးသော်လည်း သိပ်သည်းသည်။ ၁၅မိနစ်လောက် ကြာပြီးနောက် တပ်မှူးကြီးရဲ့ဆံပင်တွေ စိုကာ ရေတစက်စက်ဖြင့် ကုတ်အင်္ကျီပေါ် စီးကျသွားခဲ့သည်။
သူတို့တုံ့ဆိုင်းနေချိန်မှာ တပ်မှူးကြီးက အသံကျယ်ကျယ်ဖြင့် အော်တာကို ကြားလိုက်လေသည်
“အဆိပ်မပါတဲ့ ပိုးကောင်တွေ တစ်ခြင်း သွားဖမ်းခဲ့”
အမိန့်ရတာနဲ့ သူတို့၂ယောက်လည်း ထွက်သွားခဲ့သည်။ နှိပ်စက်ခန်းမှာ အချိန်တွေ ကုန်ဆုံးခဲ့သည့် နဂါးကြေးခွံဝတ်အစောင့်တွေက တပ်မှူးကြီး ပြောသည့် ပိုးကောင်လေးဆိုတာ သာမာန်လူတွေမြင်သည့် အကောင်နဲ့ကွာခြားလွန်းတာကိုတော့ သူတို့သိသည်။
မိုးရေထဲမှာ အချိန်ခဏလောက် နေပြီးနောက် ရင်ထဲက ပူလောင်မှုတွေ အနည်းငယ် ပြေပျောက်သွားခဲ့သည်။ ယွီဖင်ယန်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခြံထဲကို တုန်ယင်စွာ ဝင်လာနေသည့် ချန်ယာဖူနှင့် ချန်ချီကို တွေ့လိုက်လေသည်။
“ဖင်ယန် ငါ ချီအာလေးကို တောင်းပန်ဖို့ ခေါ်လာတာ၊ သဘောထားကြီးစွာနဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ သူက ကလေးပဲရှိသေးတော့ အကျိုးဆက်တွေကို မတွေးတတ်သေးလို့ပါ ငါသူ့ကို ဆုံးမပြီးပါပြီ”
“အစ်ကိုကြီးယွီ ကျွန်တော်မှားသွားပါတယ်”
ချန်ချီက ခေါင်းငုံ့တောင်းပန်ကာ ယွီဖင်ယန်ကို မကြည့်ရဲပေမယ့် ရုတ်တရက်ကြီး စိတ်မပါတော့တာ ခံစားလိုက်ရသည်။ ထို့နောက် ခေါင်းမော့ကာ ပြောလေသည်
“ဒါပေမဲ့ ယွီရှန်းလည်း မှားတာပဲ၊ ကျွန်တော်အစ်မက အစ်ကိုကြီးနဲ့ လက်ထပ်ဖို့ မတန်ဘူးလို့ သူ စော်ကားတာလေ၊ အစ်ကိုကြီးနဲ့အစ်မကြီးရဲ့ လက်ထပ်ဖို့ကို သူက ဘာဝင်ပြောနေစရာလိုလဲ”
ယွီဖင်ယန်က အမူအရာမဲ့စွာ ခေါင်းညိတ်ပြပြီး
“မှန်တယ် ငါနဲ့မင်းအစ်မရဲ့ လက်ထပ်ပွဲကို ငါတို့ယွီအိမ်က ဆုံးဖြတ်လို့မရပေမယ့် မင်းတို့ ကျင့်ကော်မြို့စားအိမ်ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်တယ်၊ မင်းတို့က လက်ထပ်စေချင်တယ်ဆိုရင် ငါတို့ဖက်က လက်ထပ်ပေးရပြီး မင်းတို့ဖက်က လက်မထပ်စေချင်တော့ဘူးဆိုရင် အချိန်မရွေး ဖျက်သိမ်းလို့ ရတယ်လေ၊ ဒါကို ငါတို့ယွီအိမ်တော်က သိထားတာကြာပြီ ဆိုပေမယ့် ရှန်းအာလေးကတော့ ဒီကျင့်ဝတ်ကို မသိသေးဘူး”
သူရဲ့ ထေ့ငေါ့ပြောဆိုသည့် စကားတွေကြောင့် ချန်ချီ အံ့သြသွားခဲ့သည်။ အတိတ်တွေကို ပြန်ပြင်လို့ မရတော့ပေမယ့် ကျင့်ကော်မြို့စားဖက်က ကတိကို ချိုးဖောက်ခဲ့တာလည်း မှန်သည်။
ချန်ယာဖူက ဖြူဖတ်နေကာ လဲကျမလိုတောင် ဖြစ်နေသည်။
ထိုအချိန်မှာပဲ နဂါးကြေးခွံဝတ်အစောင့်တွေက ပိုးကောင်တွေ ထည့်ထားသည့် ဝါးခြင်းတစ်ခုဖြင့် ပြန်လာကာ မေးခွန်းထုတ်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယွီဖင်ယန်က ချန်ချီကို ညွှန်ပြကာ ထွက်သွားခဲ့သည်။
ချန်ချီက ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သူက ဝါးခြင်းထဲ ငုံ့ကြည့်မည့်အချိန်မှာပဲ နဂါးကြေးခွံဝတ်အစောင့်တွေက သူ့ဆီလာကာ ခြင်းထဲက ဟာတွေကို သူ့ပေါ် သွန်ချခဲ့သည်။ ခြင်းထဲက အကောင်တွေက လက်သန်းလောက်ရှိသည့် မြွေလေးတွေ ဖြစ်ပြီး ဆောင်းခိုရာမှ နိုးလာသည့် အကောင်တွေ ဖြစ်သည်။ အကောင်တချို့က ပျင်းရိကာ မလှုပ်မယှက်နေနေပြီး တချို့က နွေးထွေးသည့် နေရာကိုရှာကာ အင်္ကျီရင်ဘတ်ထဲ တိုးဝေ့နေကြသည်။
ချန်ချီက အရမ်းကြောက်သွားကာ လည်ချောင်းကွဲမတတ် အော်ခဲ့သည်။ သူ့ရဲ့အော်သံက ကောင်းကင်ကိုတောင် ပြိုကျမတတ် ဖြစ်စေခဲ့သည်။ ချန်ယာဖူလည်း ကြောက်လန့်ကာ ဖြူဖတ်နေသည်။ နောက်ဆုတ်ပြီး ထီးဆောင်းကာ အကောင်တွေကို အော်ဟစ်ကာ ခုန်ပေါက် ရှောင်နေခဲ့သည်။
ထိုအသံတွေကြားတော့ ယွီရှန်းက ထောင်ဟုန်နှင့်လျိုလီ့ကို ပြတင်းပေါက်နားပို့ခိုင်းပြီး ရယ်နေခဲ့သည်။
ကံကောင်းချင်တော့ ယွီဖင်ယန်က သူတို့ကို သတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ ရှာထားသည့်မြွေတွေ အကုန်လုံးက အဆိပ်မရှိဘဲ သူတို့ကို ခြောက်လန့်ရုံသက်သက်သာ ဖြစ်သည်။ မောင်နှမ၂ယောက် နာရီဝက်လောက် အော်ဟစ်နေခဲ့ပြီး မူးလဲခါနီးကျမှ နဂါးကြေးခွံဝတ်အစောင့်၂ယောက်က ကျင့်ကော်မြို့စားအိမ်ကို လူလွှတ်ပြီး စာပို့ခိုင်းကာ လာသယ်ခိုင်းလိုက်သည်။
မြို့စားမင်းနှင့် မြို့စားကတော်က သားဖြစ်သူကို အခက်အခဲများစွာ ကြုံပြီးမှ ရလာတာကြောင့် ငုံထားမတတ် ချစ်ကြသည်။ သားဖြစ်သူက သေးတွေစိုကာ ခြေလက်တွေပါ တုန်ယင်ကာ ပြန်လာတာကို တွေ့လိုက်ရတာကြောင့် တော်တော်လေး ခြိမ်းခြောက်ခံခဲ့ရမှန်း သိသာသည်။ သမီးဖြစ်သူရဲ့ ပြောကြားချက်များကို ကြားပြီး ဇနီးမောင်နှံ၂ယောက် အလွန်စိတ်သောက ရောက်သွားခဲ့သည်။ ထို့ကြောင့် ရှင်းပြချက်တောင်းဖို့ မဒမ်ကြီးယွီကို သွားတွေ့ခဲ့ကြသည်။
ဒီယွီဖင်ယန်က ယွီရှန်းကို အလွန်အလိုလိုက်တာပဲ။ ကလေးတွေအချင်းချင်း ဆော့ကစားတာတောင် ခွင့်မလွှတ်ပေးနိုင်ဘူးလား။