TYCDTN အပိုင်း ၂၆

Chapter 26

အိပ်မက်ဆိုးမက်ပြီး ကြောက်လန့်စွာ နိုးလာကတည်းက ယွီရှန်က ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ နေ့နေ့ညည ရှိခိုးပူဇော်နေတာကြောင့် မဒမ်အိုကြီးက ဘဝက ပိုခက်ခဲလာပြီဟု ခံစားလိုက်ရသည်။ မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနှင့် အနောက်မြောက်စစ်မြေပြင်က အကြောင်းကြားစာရလား မှူးမတ်ကြီး စာပို့လားဟုသာ မေးတတ်သည်။

သူတို့တွေလည်း ခေါင်းခါယမ်းပြရုံကလွဲရင် ဘာမှမတတ်နိုင်ခဲ့ပေ။

မဒမ်အိုကြီးက သူ(မ)မက်ခဲ့သည့် အိပ်မက်အကြောင်းမေးတိုင်း ယွီရှန်းက ရင်ဘတ်ကို လက်ဖြင့်ဖိကာ နာနာကျင်ကျင် အော်ငိုတတ်သည်။ ယွီရှန်းရဲ့ စိတ်သောကရောက်နေသည့် ဟန်ပန်က တကယ်လား ဟန်ဆောင်တာလားဆိုတာ မဒမ်အိုကြီးလည်း ခွဲမရဘဲ သမားတော်သာ ပင့်ခေါ်ပေးခဲ့ရသည်။

ဒီလိုနဲ့ပဲ လဝက်လောက် ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတော့ ကံကြမ္မာဟောပေးသည့် ခရီးကပြန်လာသည့် ကျန့်ကော်ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး ခူဟိုင်ဆီ အာရုံရောက်သွားခဲ့သည်။ အနည်းဆုံးတော့ ၃ရက်ကနေ၅ရက်နှင့် အများဆုံး၁၀ရက်သာနေပြီး ထျန်းကျူမြို့ကို ကျင့်စဥ်တိုးတက်ဖို့အတွက် ပြန်မည်ဖြစ်သည်။

ဘုန်းတော်ကြီး ခူဟိုင်က ဟန်မင်းဆက်ရဲ့ နာမည်ကြီးဖြစ်သည်။ လွန်ခဲ့သည့်နှစ်၇၀က ဘုရင်ကြီး ရှန့်ကျူက ထောင်ချီတဲ့ မှူးမတ်အိမ်တော်တွေထဲက မှူးမတ်တစ်ယောက် ဖြစ်သည်။ သူက ကွမ်ကျီ့ဘုရားကျောင်းမှာ ‘ဧကရာဇ်တုတ်ချောင်း’ကို ဆွဲထုတ်မိခဲ့ပြီး ဘုန်းတော်ကြီး ခူဟိုင်နှင့် စကားပြောဖြစ်ခဲ့သည်။ သူမပြန်ခင် ဘုန်းတော်ကြီး ခူဟိုင်က ‘နဂါးကြီးက ကောင်းကင်ဘုံ၉ခုကို ခရီးလှည့်လှည်ပြီး တိုက်ကြီး၅တိုက်ကို လှည့်လည်လိမ့်မယ်’ ဟူသောစာ၂ကြောင်းပါသည့် မြက်တစ်ပင်ပေးခဲ့သည်။

ကဗျာကတော့ သိပ်မကောင်းပေမယ့် စကားလုံးတွေက မင်္ဂလာရှိသည်။ ဘုရင်ကြီး ရှန့်ကျူက သူ ဘုရင်ဖြစ်တဲ့နေ့အထိ အခန်းထဲမှာ ထိုပစ္စည်းကို ဘောင်သွင်းကာ သိမ်းထားပြီး နောက်တော့ နားလည်သွားခဲ့သည်။ သူအစတုန်းက ဘုန်းတော်ကြီး ခူဟိုင်ကို မေးခဲ့ပေမယ့် ဘုန်းတော်ကြီးခူဟိုင်က ကောင်းကင်နဲ့မြေကြီးကို လေးစားသောအားဖြင့် မပြောပြခဲ့ပေ။ သာမာန် မှူးမတ်ငယ်လေးက နှစ်အနည်းငယ် ကြာပြီးနောက် ဘုရင်ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှမထင်ခဲ့ပေ။

ထို့နောက် ဘုရင်က ကွမ်ကျီ့ဘုန်းကြီးကျောင်းကို ကျန့်ကော် ဘုန်းကြီးကျောင်းအဖြစ် အမည်ပြောင်းခဲ့သည်။ ဘုန်းတော်ကြီး ခူဟိုင်က ဟန်မင်းဆက်ရဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်ထူး ဖြစ်ခဲ့သည်။ ထို့နောက် နှစ်ပေါင်း၇၀ကြာပြီးတာတောင် ဘုန်းတော်ကြီး ခူဟိုင်ရဲ့ ရုပ်ရည်က အရင်အတိုင်းပဲရှိနေကာ အသက်မကြီးသွားတာနှင့် တူနေသည်။

ဒါတွေကြောင့်ပဲ သူက ပိုပြီး ချည်းကပ်ရခက်လာခဲ့သည်။

ထိုသတင်းကိုကြားတော့ မဒမ်အိုကြီးက ချက်ချင်း ရထားလုံးစီစဥ်ခိုင်းကာ ကျန့်ကော်ဘုရားကျောင်းကို သွားဖို့ပြင်ဆင်ခဲ့သည်။

“အစေခံတွေကို ရှန်းအာအတွက် အဝတ်တွေ များများဝတ်ပေးခိုင်းလိုက်၊ လမ်းမှာ အအေးမမိစေနဲ့”

သူ(မ)က စိုးရိမ်ပူပန်နေခဲ့သည်။

မာမောမောက ဆင်ဝင်ပေါက်မှာ ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းစွာ ပြောလေသည်။

“မဒမ်ကြီး အပြင်မှာ မိုးကျနေပါတယ်၊ ရွှံ့တွေနဲ့ဆိုတော့ သွားရအဆင်မပြေဖြစ်လိမ့်မယ် နောက်နေ့မှသွားပါလား”

“အမြန်သွားပြီး ပူဇော်ပွဲဖွင့်ပွဲအမှီ သွားရမှာ၊ မဟုတ်ရင် နောက်ရက်အနည်းငယ်ကြာရင် လူတွေများလာပြီး တိုးမပေါက်ဘဲနေတော့မှာ၊ ဒီနေ့ အဲကို အိမ်ရှေ့စံမင်းသမီးလည်း သွားမှာ အဲဒါကို အခွင့်ကောင်းယူရမှာ”

မဒမ်အိုကြီးက အချက်ပြလိုက်သည်။

မာမောမောလည်း ရွေးစရာမရှိဘဲ မိုးရွာကြီးထဲ အနောက်ဘက်အဆောင်ကိုပြေးကာ ယွီရှန်းကို အမြန်ပြင်ဆင်ထားဖို့ သွားပြောခဲ့သည်။ သည်းထန်စွာရွာသွန်းနေသည့်မိုးက ယွီရှန်းတံခါးကထွက်လာသည်နှင့် တိတ်သွားတာလည်း ထူးဆန်းလှသည်။ တိမ်ထဲကနေ နေရောင်ထိုးထွက်လာခဲ့ပြီး မူလက သူ့ရဲ့ဖြူဖွေးနေသည့် မျက်နှာက သန့်စင်ကာ မြင့်မြတ်နေပြီး သူ(မ)ဘေးမှာ ပျံဝဲနေသည့် ဖုန်တွေကလည်း သူ့ကိုပိုပြီး သက်ဝင်လှုပ်ရှားစေခဲ့သည်။

မာမောမောက သူ(မ)ကို ရပ်ကြည့်နေခဲ့ပြီး ယွီရှန်း မျက်ခုံးပင့်ပြမှ အသိပြန်ကပ်သွားခဲ့သည်။ ထို့နောက် အမြန်လေး တွန်းထုတ်ကာ ခေါ်ခဲ့သည်။

ကျန့်ကော်ဘုန်းကြီးကျောင်းကိုရောက်တော့ ဘုန်းကြီးကျောင်းအပြင်ဘက်မှာ အိမ်ရှေ့စံမင်းသမီးရဲ့ ရထားလုံးရပ်ထားတာကို တွေ့လိုက်ပြီး ဓားပိုက်ကာ ကင်းလှည့်နေသည့် နန်းတွင်း အစောင့်တွေကိုလည်း တွေ့လိုက်ရသည်။ မသင်္ကာစရာလူကို တွေ့ပါက အစောင့်တွေက ရှင်းထုတ်ပစ်မည်ဖြစ်သည်။

အခု ယွီဖင်ယန်က အနောက်မြောက်အရပ်မှာ တိုက်ပွဲဝင်နေသည်။ တိုက်ပွဲမှာ အနိုင်ရပြီး ပြန်လာပါက မှူးမတ်ကြီးရာထူးသာမက ရဲစွမ်းသတ္တိရှိသော မြင်းတပ်၏ ဗိုလ်မှူးကြီးနှင့် သန်းချီတဲ့ စစ်သည်တွေရဲ့ တာဝန်ခံဖြစ်လာမည်ဖြစ်သည်။ ယွီဖင်ယန်က အိမ်ရှေ့စံ၏ အယုံကြည်ရဆုံးသော လက်အောက်ငယ်သားဖြစ်သည်။ လူမှုဆက်ဆံရေးအရဆိုလည်း တရားဝင်သားတစ်ယောက်အနေဖြင့် အဆင့်အတန်းက မယုတ်လျော့ပေ။ ထိုကြောင့် အိမ်ရှေ့စံမင်းသမီးက လူလွှတ်ကာ မဒမ်အိုကြီးကို ကြိုစေခဲ့သည်။ အထဲမဝင်နိုင်သည့် မဒမ်ကြီးတွေက မနာလိုစွာဖြင့် မျက်လုံးတွေ နီရဲနေကြသည်။

သူတို့၂ယောက်ကနှုတ်ဆက်ပြီးနောက် ထိုင်ကာ စကားပြောကြသည်။

“အိမ်ရှေ့စံမင်းသမီး ‘ဧကရာဇ် တုတ်ချောင်း’ ကို ရပြီလား။

မဒမ်အိုကြီးက သိချင်စွာ မေးမြန်းခဲ့သည်။

“ဒီနေ့လာတဲ့ ရာချီတဲ့လူတွေထဲမှာ ဘယ်သူမှ မရသေးဘူး၊ ဘုန်းတော်ကြီး ခူဟိုင်နဲ့ တွေ့ဖို့ အခွင့်အရေးမရှိတော့ဘူးထင်တယ်၊ ဒါကြောင့် ခန်းမမှာ ကံကောင်းဖို့ဆုတောင်းပြီး ကျမ်းစာရွတ်ဖတ်သံ နားထောင်ပြီးရင် ပြန်တော့မှာ”

အိမ်ရှေ့စံမင်းသမီးက ခေါင်းခါပြကာ ခါးသီးစွာ ပြုံးပြခဲ့သည်။

ဘုန်းတော်ကြီး ခူဟိုင်က ဟန်မင်းဆက်ရဲ့ စွမ်းအားရှိ ဘုန်းတော်ကြီးဖြစ်သည်။ အစွမ်းရှိသည့်လူတွေက သူတို့ စိတ်ထဲသဘောတွေ့သည့်လူကိုသာ ဦးစားပေးသည်။ ဘုန်းတော်ကြီး ခူဟိုင်က မျက်နှာကြည့်ပြီး ကံကြမ္မာဟောတာ သိပ်မှန်ပြီး သေခြင်းရှင်ခြင်းကိုပါ ဟောကြားပေးနိုင်သည်။ သို့ပေမယ့် သူ့ဆီက ဟောကြားမှုကို ရဖို့ ကံတရားကလည်း လိုသေးသည်။

ဘုန်းတော်ကြီး လက်သမားကို ခူဟိုင်က ချန်းထုံ လှည့်ရသည့်သေတ္တာလုပ်ခိုင်းကာ အလယ်မှာ ပိုင်းကန့်ထားသည့် အပြားပါရှိပြီး ထိုသေတ္တာက စုစုပေါင်းတုတ်ချောင်း 50000 ဝင်ဆန့်သည်။ ပထမဆုံးရွေးချင်သည့်လူက ချန်းထုံကိုလှည့်ကာ ကန့်ထားသည့်အပြားကို ဆွဲထုတ်ပါက အောက်ခြေက တုတ်ချောင်းတွေထွက်လာမည် ဖြစ်သည်။ ထိုထဲကမှ တစ်ချောင်းရွေးရမည်ဖြစ်သည်။ ‘ဧကရာဇ်တုတ်ချောင်း’ကို ကောက်ရသည့်ဟူက ဘုန်းတော်ကြီး ခူဟိုင်နှင့် တွေ့ရမည်ဖြစ်သည်။ လူကိုယ်တိုင်တွေ့ပြီး မေးခွန်းတွေ မေးမြန်းနိုင်သည်။

တုတ်ချောင်း50000ရှိပြီး အခွင့်အရေးက တစ်ကြိမ်သာရှိသည်။ လွန်ခဲ့သည့်အနှစ်၇၀ ဘုရင်ကြီး ရှန့်ကျူ ကသာ ထိုတုတ်ချောင်းကို ရခဲ့သည်။ ဒါကြောင့် ဘုန်းတော်ကြီး ခူဟိုင် မြို့တော်ကို ပြန်လာပြီး တရားထိုင်တိုင်း လူတွေက ကျန့်ကော်ဘုန်းကြီးကျောင်းကို လာလည်တိုးဝေ့ကာ တုတ်ချောင်းရွေးကြသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က တော်ဝင်မျိုးရိုးတွေ လာရတာဖြစ်ပြီး၊ နောက်ရက်အနည်းငယ်က မျိုးရိုးမြင့်တွေလာရတာ ဖြစ်သည်။ သာမာန်လူတွေ ဆုတောင်းပူဇော်ချင်ပါက ရာထူးကြီးတွေအလှည့် ပြီးသွားအောင် စောင့်ရသည်။

မဒမ်အိုကြီးနှင့် အိမ်ရှေ့စံမင်းသမီးက တစ်ပြိုင်တည်း သက်ပြင်းချလိုက်သည်။ အိမ်ရှေ့စံမင်းသမီးနှင့် တော်ဝင်မျိုးရိုး မိသားစုတွေ အကုန်ပြီးသွားမှ မဒမ်အိုကြီးက ယွီရှန်းကိုခေါ်ကာ ဝင်သွားခဲ့သည်။

“ချန်းထုံကို လှည့်ဖို့ ငါတာဝန်ယူမယ်၊ နင်က တုတ်ချောင်းရွေးဖို့ တာဝန်ယူ၊ တုတ်ချောင်းကျလာတဲ့အချိန်ကျရင် တုံ့ဆိုင်းမနေဘဲ မျက်စိကျတဲ့ဟာကို ရွေးလိုက်၊ တွေ့ရမလား မတွေ့ရဘူးလားဆိုတာ မပြောတတ်လို့ သိပ်မျှော်လင့်မနေနဲ့”

မဒမ်အိုကြီးက ယွီရှန်းကို နူးညံ့စွာ ပြောပြလေသည်။

ယွီရှန်းက သဘောတူစွာ ခေါင်းညိတ်ပြခဲ့သည်။

သူတို့တွေက လက်အုပ်ချီကာ

“ဗုဒ္ဓဘုရားရှင် ကောင်းချီးပေးပါ”

ဟု ရွတ်ဆိုလိုက်ကြသည်။ အိမ်ရှေ့စံမင်းသမီးနှင့် မျိုးရိုးမြင့်က မဒမ်ကြီးတွေက ဘေးမှာရပ်ကာ စိတ်လှုပ်ရှားစွာ ရပ်စောင့်နေကြသည်။

ချန်းထုံက အရမ်းလေးတာကြောင့် မဒမ်အိုကြီးက အားကုန်သုံးကာ ၂ကြိမ်ပဲ လှည့်နိုင်ခဲ့သည်။ အကန့်ပြားကိုဆွဲမထုတ်ခင် တတိယ တစ်ကြိမ် ထပ်လှည့်ခဲ့သည်။ အကန့်ပြားကိုဆွဲထုတ်ပြီးနောက် ဝါးချောင်းတွေများစွာ ပြုတ်ကျလာခဲ့သည်။ ကိုရင်ငယ်လေးက ပြောလေသည်

“အသက်၂ချက်ရှူစာအတွင်း တစ်ချောင်းရွေးပေးပါ၊ အသက်၂ချက်ရှူစာပြီးမှရွေးရင် ဘုန်းတော်ကြီးနဲ့တွေ့ဖို့ ကံမပါဘူးလို့ ယူဆလို့ရပါတယ်”

အသက်၂ချက်ရှူစာအတွင်း ရွေးထုတ်ပါက လိမ်လို့မရပေ။ ယွီရှန်းက ဝါးချောင်းတွေပြုတ်ကျတာကိုမစောင့်ဘဲ လေထဲက တစ်ချောင်းကိုဖမ်းကာ ကိုရင်လေးကိုပေးလိုက်သည်။

အစက ရယ်နေသည့် ကိုရင်လေးက ဝါးပြားက ‘ဧကရာဇ်တုတ်ချောင်း’ကိုတွေ့တော့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက ခြံအနောက်ကိုပြေးပြီး အော်လေသည်

“ဘုန်းတော်ကြီး တစ်ယောက်က ဧကရာဇ်တုတ်ချောင်းကို ရသွားပြီ”

သူ စကားပြောပြီးသွားသည်နှင့် ဟောခန်းက စိတ်လှုပ်ရှားသံတွေ ပြည့်သွားခဲ့သည်။ အစတုန်းက မဒမ်အိုကြီးက ချိတုံချတုံဖြင့် လာခဲ့ခြင်းဖြစ်သည်။ ယွီရှန်းက ဧကရာဇ်တုတ်ချောင်းကို ယူမိလိမ့်မည်ဟု မထင်မိခဲ့ပေ။ အခုတော့ မဒမ်အိုကြီးက ဆွံ့အနေခဲ့သည်။ သူ(မ)က တုတ်ချောင်းကိုကြည့်ကာ ယွီရှန်းကို ကြည့်လိုက်သည်။ အိပ်မက် မက်နေသလို ရှုပ်ထွေးနေခဲ့သည်။

အိမ်ရှေ့စံ မင်းသမီးက ယွီရှန်းကို ကြည့်ကာ စိတ်ထဲက တွေးလေသည် မှူးမတ်စံအိမ်တော်ရဲ့ တရားဝင်သမီးက တကယ်ကို စိတ်ဝိညာဉ်ရှိတာပဲ၊ မှူးမတ်စံအိမ်တော်တစ်ခုလုံး ကောင်းချီးပေးခံရပြီး အိမ်ရှေ့စံ သေခြင်းကနေ ၂ကြိမ်လွတ်ခဲ့တာလည်း မထူးဆန်းတော့ပါဘူး။

ဒီတုတ်ချောင်းက ဘုန်းတော်ကြီး ခူဟိုင်နဲ့ တွေ့ရမလား မတွေ့ရဘူးလားဆိုသည့် ကံကြမ္မာသာဖြစ်ပြီး ထိုတုတ်ချောင်းက လူတစ်ယောက်ရဲ့ ကံကြမ္မာကို မဟောနိုင်ပေ။ ဧကရာဇ်တုတ်ချောင်းကို ရသည့်လူက ကံကောင်းသည့်လူဖြစ်ကာ ဘုန်းတော်ကြီး ခူဟိုင်နှင့် တွေ့နိုင်သည်။ သို့ပေမယ့် အငြိုးအတေးတွေကတော့ မပျောက်နိုင်ပေ။ မဒမ်အိုကြီးက လာရောက်ဂုဏ်ပြုပေးသည့် မဒမ်ကြီးတစ်ယောက်နဲ့တွေ့ဆုံကာ ယွီရှန်းကြောင့် ကံကောင်းတာလည်း ထည့်ပြောခဲ့သည်။ အချိန်ခဏလောက်ထိ စကားပြောပြီးနောက် ဘုန်းတော်ကြီးတစ်ဦး လမ်းပြပေးသည့် ဟောခန်းထဲ ဝင်သွားခဲ့သည်။

ကိုရင်ငယ်လေးတွေ အများအပြားစုဝေးကာ ဝါးချောင်းလေးတွေကို ပြန်ကောက်ပြီး အပေါ်အလွှာထဲ ပြန်ကောက်ထည့် နေကြသည်။

ဘုန်းတော်ကြီး ခူဟိုင် တရားထိုင်သည့်အခန်းက ရိုးရှင်းသည်။ မီတာ၂၀ ပတ်လည်လောက်ရှိမည့် တစ်ယောက်ခန်းလေး ဖြစ်သည်။ ပူဇော်သည့် ဖျာလေးကလွဲရင် တခြားဘာမှ မရှိပေ။ အပြင်ကခြံထဲမှာ ညောင်ပင်ကြီးရှိပြီး ကြာကန်လေးရှိသည်။ ရိုးရှင်းပေမယ့် ခံ့ညားထည်ဝါသည်။

မဒမ်အိုကြီးက အသက်အောင့်ကာ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ တံခါးနားရောက်တော့ သူ(မ)က ယွီရှန်းကို ပြောလေသည်

“ရှန်းအာ ခြံအပြင်မှာ ခဏလောက်စောင့်လို့ ရမလား၊ ဘုန်းတော်ကြီးနဲ့ အဖွားတစ်ယောက်တည်း စကားပြောချင်လို့”

ယွီရှန်းက အပြင်လူသာ ဖြစ်သည်။ သူသာ နတ်လို ဘုန်းတော်ကြီး ခူဟိုင်နှင့် တွေ့ရပါက စိုးရိမ်စိတ် များနိုင်တာကြောင့် ခေါင်းညိတ်ပြခဲ့သည်။ သူက နှလုံးထုတ်ယူခံခဲ့ရပြီး အလောင်းက မိခင်ဖြစ်သူရဲ့ လက်ထဲမှာ ရှိလောက်သည်။ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် အမြန် သင်္ဂြိုလ်ခံရလောက်ပြီးပြီ ဖြစ်သည်။ သူ ပြန်သွားနိုင်ခဲ့ရင်တောင် ယွီရှန်း ဖြစ်နေနိုင်ဦးမှာလား။ အဲဒီလူနဲ့ ထပ်တွေ့နိုင်မှာလား။

သူ(မ)က ခဏလောက် လမ်းပျောက်သွားခဲ့သည်။

ဟန်မင်းဆက်နှင့်တွေ့ပြီး နှစ်ပေါင်း၇၀ကြာသွားခဲ့ပြီ ဖြစ်သည်။ အခုလက်ရှိ ဘုန်းတော်ကြီး ခူဟိုင်ရဲ့ ရုပ်ရည်က လွန်ခဲ့သည့် နှစ်၇၀ကနှင့် တူနေဆဲဖြစ်သည်။ မျက်ခုံးမွေးနှင့် မုတ်ဆိတ်မွေးတွေက ဖြူနေပြီဖြစ်သည်။ မျက်နှာထက်မှာ အရေပြားတွန့်နေတာမရှိဘဲ မျက်လုံးတွေက ပင်လယ်လို နက်မှောင်နေသည်။ မဒမ်အိုကြီးကိုတွေ့တော့ ဘုန်းတော်ကြီးက အော်မီတော်ဖော် ရွတ်ကာ ထိုင်ခိုင်းခဲ့သည်။

“ဒကာမကြီးက ဘာများတိုင်ပင်ချင်လို့လဲ”

“ဒီမွေးဖွားဇာတာ ၂ခုကို တွက်ပေးကြည့်ပေးပါ”

မဒမ်အိုကြီးက အင်္ကျီလက်ထဲက စာရွက်၂ခုကိုထုတ်ကာ စားပွဲပေါ်ဖြန့်ပြခဲ့သည်။

ဘုန်းတော်ကြီး ခူဟိုင်က ခေါင်းညိတ်ပြကာ သေချာကြည့်ခဲ့ပြီး ၂ခုထဲက တစ်ခုကိုညွှန်ပြကာ

“ဂြိုလ်ဆိုးပဲ သူက တစ်ယောက်တည်းနေရမယ့် ကံပါပြီး မိဘ၊ ဆွေမျိုး၊ ကလေးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုတောင် ကံဆိုးစေမယ်၊ သူရဲ့ကံဆိုးမှုကို ဘယ်သူမှ မရှောင်နိုင်ဘူး၊ မျိုးရိုးမြင့်ထဲက သူ့ကံတရားကို ပယ်ဖျက်နိုင်တဲ့လူ မရှိရင် ဘယ်သူမှ ပယ်ဖျက်ပေးနိုင်မှာ မဟုတ်ဘူး”

မဒမ်အိုကြီးက စိတ်ကို ပြင်ဆင်ထားပြီးထားဆိုပေမယ့် ထိုအကြောင်းကိုကြားတော့ သူ(မ)မျက်နှာက ဖြူဖတ်သွားခဲ့သည်။

ဘုန်းတော်ကြီး ခူဟိုင်က သူ(မ)ကို ဂရုမစိုက်ဘဲ နောက်တစ်ခုကို ညွှန်ပြကာ

“သူ့မိဘ၂ပါးကြားက ကံကြမ္မာကြိုးက သေးတယ်၊ သူတို့ကို ဘယ်သူမှ ပြန်ပေါင်းဖက်အောင် လုပ်လို့မရသလို အမြဲ ကတောက်ကဆတ် ဖြစ်တတ်တယ်၊ သူက မိန်းကလေးဆိုရင် တိုက်ခိုက်ရေးတော်တယ်၊ ယောက်ျားလေးဆိုရင် ရန်မူတတ်ပြီး ခက်ထန်ကာ ကောင်းတဲ့အဆုံးသတ်မရှိဘူး”

“ကောင်း.. ကောင်းတဲ့ အဆုံးသတ်မရှိဘူး”

မဒမ်အိုကြီးက တုန်ယင်နေကာ မေ့လဲမတတ်ဖြစ်နေပြီး မာမောမောက တွဲထားပေးရသည်။

ဘုန်းတော်ကြီးခူဟိုင်က သူ(မ)ကို ကြည့်ပြီး ပြောလေသည်

“ဒီ၂ယောက်ရဲ့ဘဝက ကွဲပြားတယ်၊ သူတို့သာ လင်မယားဆိုရင် အိမ်က ငြိမ်းအေးမှာမဟုတ်ဘူး၊ မောင်နှမဆိုရင် ရန်တွေဖြစ်ပြီး အတူတူနေထိုင်နိုင်မှာ မဟုတ်ဘူး”

မဒမ်အိုကြီးက ပိုမူးမော်လာကာ တုန်ယင်စွာ ပြောလေသည်

“ကောင်းတဲ့အဆုံးသတ် မရှိဘူးဆိုတော့ ကံကြမ္မာကို ပြောင်းလို့ရတဲ့ နည်းလမ်းရှိပါသလား၊ ဘယ်လိုလုပ် မကောင်းတဲ့အဆုံးသတ် ဖြစ်ရတာလဲ”

ကွဲလွဲသည့်ကံတရားကြောင့် သူ(မ) နက်နက်နဲနဲမတွေးနိုင်တော့ပေ။

ဘုန်းတော်ကြီး ခူဟိုင်က မျက်လုံးမှိတ်ကာ ပုတီးစိတ်နေပြီး ရုတ်တရက်မေးလေသည်

“ဟမ်”

မဒမ်အိုကြီးက ရှေ့တိုးကာ မေးလေသည်။

“ဘုန်းတော်ကြီး တခြားနည်းလမ်းရှိသေးလား”

“ဒါက မူလ ကံတရားပဲ ပြောင်းလဲလို့ မရဘူး၊ ဒါပေမယ့် ထိုက်ယီကွေ့ရန် ရောက်လာပြီ သိပ်ကောင်းတယ်”

[TN/ 太乙贵人(tài yǐ guì rén) မကောင်းတဲ့ အဆိုးအညံ့တွေကို ဖယ်ပေးသည့်နတ်ဘုရား]

ဘုန်းတော်ကြီး ခူဟိုင်က လက်အုပ်ချီကာ သက်ပြင်းချပြီး

“အဲလူက ရုတ်တရက် ကပ်ဘေးကြုံပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေသွားခဲ့ပြီ၊ အဲလူက အခု ဒကာမ ဘေးမှာရောက်နေပြီ၊ စိတ်ချလက်ချသာနေပါတော့”

“အဲဒီလူက ဘယ်သူလဲ”

မဒမ်အိုကြီးက အားအင်ဖျော့လျော့နေပေမယ့် သိချင်သေးသည်။

“ကောင်းကင်နဲ့ဝေးလွန်းပြီး ဒကာမ ရှေ့မှာပေါ့”

သူက စကားပြောပြီး ညောင်ပင်အောက်မှာထိုင်နေသည့် ယွီရှန်းဘက်ကို သွားကာ သူ့မျက်လုံးတွေက ထည်ဝါမှုတွေနှင့် ပြည့်နေသည်။

ဒီကလေးရဲ့ကိုယ်ထဲမှာ တခြားကမ္ဘာက ဝိညာဉ်ရှိနေတယ်။ ဘယ်ဖက်မျက်လုံးက မလိုမုန်းထားမှုတွေ ပြည့်နေပြီး ညာဖက်မျက်လုံးက အေးစက်မှုတွေ ပြည့်နေတယ်။ မျက်ခုံးကြားမှာ ဗုဒ္ဓရွှေရောင်ခြည်တွေ ရှိနေပြီး ခေါင်းအထက်မှာ ရောင်လျှံစက်ဝန်း ရှိနေပြီး ကံကောင်းမှုက ယှဥ်လို့မရဘူး။ ဒီလိုလူကို သူပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။

“အော်မီတော်ဖော်”

ဘုန်းတော်ကြီး ခူဟိုင်က လက်အုပ်ချီကာ ရွတ်ဆိုခဲ့သည်။

ယွီရှန်းက ဖြတ်ပြောလေသည်။

“ကျွန်မ ဘယ်ကလာပြီး ဘယ်ကိုသွားမှလဲဆိုတာ မေးချင်တာလား၊ လာနိုင်တဲ့နေရာက လာပြီး သွားချင်တဲ့နေရာကို သွားမယ်၊ ဘာတွေးနေလဲလို့ မေးချင်ရင်တော့ ဘာလိုချင်မှုမှ မရှိဘဲ နှလုံးထဲမှာ ဗုဒ္ဓပဲရှိတယ်၊ လိုချင်တပ်မက်မှုရှိရင် ငရဲကိုသွားရမယ် ၊ ကျွန်မမှာတော့ တပ်မက်မှုရှိလို့ ငရဲသွားတာ ပိုကောင်းပါတယ်၊ ဒါကြောင့် ကျွန်မကို သနားပြီး နှစ်သိမ့်ပေးစရာ မလိုဘူး၊ ကျွန်မ ဆုပ်ကိုင်ထားတဲ့ အရာအတွက် စိတ်ကို ပြင်ဆင်ပြီးထားပါ၊ မသေချာတဲ့ အနာဂတ်ကို မျှော်မှန်းနေမှာ မဟုတ်ဘဲ အတိတ်ကိုလည်း ပြန်မပြောဘူး”

ဝေဝါးနေသည့်လေတွေကို ကြာကန်ဖက် မှုတ်ထုတ်ပစ်ကာ ခံစားချက်က ရွှင်ပျနေသည်။

ဘုန်းတော်ကြီး ခူဟိန်က ဒီနေ့အတွက် ပထမဆုံးပြုံးကာ

“ဒီဒကာမလေးက အကုန်တွေးပြီးမှတော့ ဘုန်းကြီး ဘာမှ ပြောစရာမရှိတော့ပါဘူး”

ယွီရှန်းက ခေါင်းညိတ်ပြကာ မေးလေသည်

“ကျွန်မ အစ်ကိုကြီး ဘေးကင်းရဲ့လား”

“ဒီကပ်ဘေးကို သူကျော်ဖြတ်နိုင်ရင် ကောင်းချီးပေးခံရမှာပဲ”

ဘုန်းတော်ကြီး ခူဟိုင်က မဒမ်အိုကြီးကို လှည့်ကြည့်ကာ အပြုံးဖြင့်ပြောလေသည်

“ကံသိပ်ကောင်းတယ် ဗုဒ္ဓနဲ့ ဒကာမရဲ့ ကံတရားက နက်နဲတယ်၊ မိသားစုထဲ ကံကောင်းမှု ယူလာနိုင်ခဲ့ပြီး အိမ်မှာ ကျောက်မျက်ရတနာ တစ်ခုရှိတယ်၊ ထိုက်ယီကွေ့ရန်က ဒီမှာရောက်နေပြီ ဒကာမ ဘယ်မှာမှ သွားရှာဖို့မလိုဘူး၊ အော်မီတော်ဖော်၊ သိပ်ကောင်းတာပဲ”

မဒမ်အိုကြီးက ခဏလောက် ကြက်သေသေသွားပြီး ကျေနပ်သွားလေသည်။ သူ(မ)က ဘုန်းတော်ကြီး ခူဟိုင်ကို ကျေးဇူးတင်လိုက်သည်။ ဘုန်းတော်ကြီး ခူဟိုင်က ခေါင်းခါပြခဲ့သည်။ စကားပြောပြီးနောက် ဘုန်းတော်ကြီးတစ်ယောက်ကို ရှာကာ ဒကာမရဲ့ ခြေထောက်ကို ကုပေးစေခဲ့သည်။

အိမ်ရဲ့ကျောက်မျက်ရတနာ။ ငါကလား။ ယွီရှန်းရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားခဲ့ပေမယ့် ဘုန်းတော်ကြီးစကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့သည်။ မှူးမတ်စံအိမ်တော်ရဲ့ သူ(မ)ဘဝက ကောင်းစားသည်။ သို့ပေမယ့် ဘယ်လောက်ပဲ ကံကောင်းပါစေ သူ(မ)က အဓိကဇာတ်ဆောင်ရဲ့ အမြောက်စာလေးသာ ဖြစ်သည်။

အဓိကဇာတ်ဆောင် ပြန်လာပါက သူ(မ) ကံကြမ္မာပြောင်းလဲသွားမည်ဖြစ်သည်။ အခုဘာမှ ဆုံးဖြတ်လို့ မရသေးပေ။ ထိုသို့တွေးလိုက်တော့ ယွီရှန်းရဲ့ မျက်လုံးတွေက ရန်လိုစိတ်တွေထင်ဟပ်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ(မ)မတတ်နိုင်သည့်အရာက ဆုံးရှုံးရမှာကြောင့် သူ(မ)က အရင်လောက် စိတ်မဝင်စားတော့ပေ။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset