TYCDTN အပိုင်း ၂၄

TYCDTN
Chapter 24

ယွီဖင်ယန်က စစ်တပ်စခန်းဝင်သွားပြီးနောက် တစ်လကို ၂ကြိမ်သာ အိမ်ပြန်လာခဲ့သည်။ ထိုအချင်းအရာက ယွီရှန်းကို အလွန်စိတ်ညစ်စေပေမယ့် ရွေးချယ်စရာ မရှိလို့ ဗုဒ္ဓကျမ်းစာသာ ရွတ်ဖတ်ပူဇော်နေရသည်။ သူ(မ)က ဉာဏ်ပညာရှိပြီး လောကီရေးရာများကလည်း ရင်ထဲကိန်းဝပ်နေသည်။ ယွီရှန်းက ဘဝ၂ခုလုံးမှာ အဝီစိကိုသာ ကျရောက်နေပေမယ့် ဘယ်တော့မှ ပြိုလဲမနေပေ။

ဒီနေ့တော့ သူ(မ)ရဲ့ မနက်ပိုင်း သင်ခန်းစာတွေပြီးသည့်နောက်တွင် နန်းတွင်းအရာရှိ အမျိုးသမီးက နံပတ်၉မင်းသမီးနှင့် တွေ့ဖို့ သူ(မ)ကို လာခေါ်ခဲ့သည်။

ဖြူစင်သည့်ကလေးနှင့် အဖော်ပြုရတာက စိတ်အပန်းအဖြေဆုံးနှင့် ပျော်ဖို့အကောင်းဆုံး ဖြစ်သည်။ ယွီရှန်းက သူ(မ)ရဲ့ စိုးရိမ်နေသည့် စိတ်တွေကို ဖိနှိပ်ကာ ရထားလုံးထဲ ဝင်လိုက်သည်။

နံပါတ်၉မင်းသမီးလေးက အသက်၈နှစ်ပဲ ရှိသေးတာကြောင့် မိဖုရားကြီးနှင့် ချန်လဲ့နန်းတော်ရဲ့ အနောက်ပိုင်းက ခြံဝန်းအကျယ်ကြီးမှာ အတူနေထိုင်သည်။ ယွီရှန်းက မိဖုရားကြီးကို နှုတ်ဆက်လိုက်ပြီး အစေခံအမျိုးသမီးကြီး၂ယောက်က ဝှီးချဲ တွန်းသွားပေးခဲ့သည်။

နံပါတ်၉မင်းသမီးလေးရဲ့ စာလုပ်ဖော်ကို ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သူ(မ)က နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သည့် ဗိုလ်မှူးကြီးရဲ့ အငယ်ဆုံးသမီး ဖန့်ကျောင်းကျောင်း ဖြစ်သည်။ သူ(မ)ရဲ့ နာမည်လေးက လှသော်လည်း အတွေ့အကြုံမရှိသည့် ကျားပေါက်ကလေး ဖြစ်သည်။ သူ(မ)ရဲ့ ဗီဇက တည့်တိုးဆန်ကာ စကားကို ကွေ့ဝှိုက်ပြောပါက နားမလည်ပေ။ သူ(မ)က အသက်၇နှစ်သာ ရှိသေးသော်လည်း ယွီရှန်းထက် အရပ်ရှည်သည်။ သူ(မ)ရဲ့ ညိုသည့်အသားအရေနှင့် မျက်လုံးဝိုင်းကြီးတွေ၊ သူ(မ)ရဲ့ အပြုအမူက တခြားလူကို စိုက်ကြည့်လိုက်ပါက လန့်သွားစေနိုင်သည်။

ဒီလို ကျားပေါက်လေးက တခြားသာမာန်ကလေးတွေကိုသာ ကြောက်အောင် ခြောက်နိုင်ပြီး ယွီရှန်းကတော့ မကြောက်ပေ။ ပထမဆုံး စတွေ့ကတည်းက သူ(မ)က ကလေးမလေးကို ကျိုးနွံအောင် လုပ်ခဲ့ပြီး တွေးလိုက်မိသည်။ မိဖုရားကြီးက တော်တော်လေး မြော်မြင်တတ်တာပဲ၊ ချုံးအာလေးကို စာလုပ်ဖော်ရဲ့ ထိန်းချုပ်မှု မခံရအောင် ငတုံးလေးကိုရှာခဲ့ပြီး ဒီငတုံးလေးကို ဘယ်ကနေ ရှာလာတာလဲ၊ ဒီ၂ယောက်သာ အတူတူ ရှိလို့ကတော့ ကောင်းကင်ဘုံက မပြည့်စုံဘဲ မြေပြင်က ကြမ်းတမ်းနေတော့မှာ။

သူတို့၂ယောက်က ယွီရှန်းကိုတွေ့တော့ အမြန်လေးပြေးလာကာ လက်ကို တစ်ယောက်တစ်ဖက်လာဆွဲပြီး ညောင်စောင်းဖက်ကို ခေါ်သွားလေသည်။ အစေခံအိုကြီး၂ယောက်က ညောင်စောင်းဖက်ကို ဝှီးချဲတွန်းပေးပြီး သူ(မ)ကို မချီခင်မှာ ဖိနပ်တွေ ချွတ်ပေးလိုက်သည်။

၃ယောက်သား ခဏလောက် စကားပြောနေခဲ့သည်။ နံပါတ်၉မင်းသမီးလေးက ဟိုကြည့်ဒီကြည့်ဖြင့် ကြည့်လိုက်တော့ အစေခံတွေ ခေါင်းငုံ့ထားတာကို တွေ့လိုက်လေသည်။ ထို့နောက် သူ(မ)က ခေါင်းအုံးနောက်က သစ်သားသေတ္တာကို ထုတ်ကာ အဖုံးဖွင့်ပြီး ယွီရှန်းရှေ့၌ချပေးကာ တိုးတိုးလေး ပြောလေသည်

“ရော့ မမအတွက် ဒါကို နူးညံ့တဲ့နှင်းမုန့်လို့ ခေါ်တယ်၊ စားကောင်းတယ်”

ယွီရှန်းကြည့်လိုက်တော့ ဆန်ကိတ်ကြော်လေး၂တုံးကို သကြားဖြူးထားခြင်းဖြစ်သည်။ လုံးလုံးလေးနှင့် အဖြူမုန့်လေးဖြန်းထားတာကြောင့် ချစ်ဖို့ကောင်းနေသည်။ ယွီရှန်းက တစ်ခုကောက်ယူကာ ဝါးစားဖို့ ပါးစပ်နား တေ့ထားလိုက်သည်။ ထို့နောက် တိတ်တိတ်လေး တံတွေးမြိုချနေသည့် ကျားမလေးကို ကြည့်လိုက်သည်။

“စားကောင်းလား”

နံပါတ်၉မင်းသမီးလေးက မျှော်လင့်ချက်ကြီးစွာ မေးလာခဲ့သည်။

“စားကောင်းတယ်”

ယွီရှန်းက မုန့်အိအိလေးကို တစ်ချက်ကိုက်လိုက်တော့ အထဲက အစာသွပ်ပဲနီအနှစ်လေး ထွက်လာပြီး မွှေးနေသည်။ ထိုမုန့်က တခြားလူတွေအတွက် အချိုလွန်ကဲနိုင်ပေမယ့် ယွီရှန်းအတွက်ကတော့ အနေတော်ပဲ ဖြစ်သည်။ နံပါတ်၉မင်းသမီးလေးလို သူ(မ)ကလည်း အချိုသိပ်ကြိုက်သည်။

နံပါတ်၉မင်းသမီးလေးက ကျေနပ်အားရစွာရယ်ရင်း

“မမကြိုက်မယ်ဆိုတာ သိသားပဲ၊ ဒါကို ရတနာအိတ်တစ်လုံးနဲ့ လဲခဲ့တာ၊ ၆လုံးပါတာလေ၊ သမီးက၂လုံးစပြီး ကျောင်းကျောင်းက ၂လုံးစားတယ် မမအတွက် ၂လုံးချန်ထားပေးတာ”

ထိုစကားကြားတော့ မုန့်စားနေသည့် ယွီရှန်း သေမတတ်တီးကာ လည်ပင်း နင်သွားခဲ့သည်။ မျက်ဖြူမလှန်ခင် နန်းတွင်းအစေခံတွေကို လက်ဝေ့ယမ်းပြကာ အချက်ပြခဲ့သည်။ ဘာဆန်မုန့်မလို့ ရတနာတစ်အိတ်တောင် ပေးရတာလဲ။

နန်းတွင်းအစေခံတွေက ရေတစ်ခွက်ကို အမြန်ခပ်ကာ သူ(မ)ကို ပေးခဲ့သည်။

နံပါတ်၉မင်းသမီးလေးရဲ့ အထိန်းတော် ကျင်းမောမောက သူ(မ)ရဲ့ကျောကို ပုတ်ပေးနေကာ ယွီရှန်းက စောနက စကားကိုတွေးနေသည်။ ဆန်ကိတ် နည်းနည်းလောက်နဲ့ နံပါတ်၉မင်းသမီးကို ဘယ်သူလိမ်ရဲတာလဲ။ စာလုပ်နေချိန်မှာ အစေခံတွေ လိုက်ခွင့် မရှိတာမလို့ လှည့်စားတဲ့လူက စာလုပ်ဖော်ပဲ ဖြစ်မယ်။ ကျောင်းမှာ ဖြစ်ပျက်ခဲ့သမျှကို နံပါတ်၉မင်းသမီးသာ ပြန်မပြောပြရင် ကျင်းမောမောလည်း သိရမှာမဟုတ်ဘူး။

ယွီရှန်းက လည်ပင်းဆန့်ထုတ်ကာ လည်ပင်းမှာတစ်နေသည့် မုန့်ကို မျိုချလိုက်သည်။ ထို့နောက် အလျင်အမြန် မေးလေသည်။

“ဆန်ကိတ်၆ခုအတွက် တကယ်ပဲ ရတနာ တစ်အိတ်နဲ့ လဲခဲ့တာလား”

နံပါတ်၉မင်းသမီးလေးက မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်နေကာ အလွန်အပြစ်ကင်းနေသည်။

ယွီရှန်းက မျက်နှာကိုအုပ်ကာ ညည်းညူလိုက်သည်။ ထို့နောက် လက်သည်း ခွံလောက်ရှိသည့် ငွေစကို သူ(မ)အိတ်ထဲက ထုတ်ကာ

“ဒီငွေစသေးသေးလေးနဲ့ နူးညံ့တဲ့နှင်းမုန့် အခု၅၀လောက် ဝယ်လို့ရတယ်၊ ပြီးတော့ ဒါက နှင်းမုန့်မဟုတ်ဘူး ဆန်ကိတ်ကြော်ကြီး၊ ဒီမုန့်ကို အပြင်ကနေရာတိုင်းမှာ တွေ့ရပြီး အရမ်းစျေးပေါတယ်၊ အရူးမလေး နင်အလိမ်ခံလိုက်ရပြီ”

သူ(မ)က ကျားမလေးကို ကြည့်ကာ မေးလေသည်။

“ဒါက အရင်က မတွေ့ဖူးဘူးလား”

ကျားမလေးက ခေါင်းခါပြခဲ့သည်။ သူ(မ)က အလွန်သန်မာပေမယ့် နံပါတ်၉ မင်းသမီးရဲ့ အနောက်မှာ ပုန်းနေသည်။ ခေါင်းလေးဝှက်ထားပေမယ့် အမြီးလေးပေါ်နေသလို အလွန်ရယ်စရာကောင်းနေသည်။ သူ(မ)က နံပါတ်၉မင်းသမီးလေးကို မကြောက်ပေမယ့် ၃ရက်၅ရက်လောက်မှ တွေ့ရသည့် ယွီရှန်းကိုတော့ ကြောက်သည်။

ကလေးမလေးက ကြမ်းတမ်းပေမယ့် မင်းမျိုးစိုးရွယ်က ဖြစ်တာကြောင့် အလိုလိုက်ခံလေး ဖြစ်သည်။ ဒီလိုကလေးက ဘယ်လိုလုပ် ဆန်ကိတ်စားဖူးမှာလဲ။ ယွီရှန်းက အကူအညီမဲ့စွာ မေးလေသည်။

“ဘယ်သူက လဲပေးခဲ့တာလဲ”

“နံပါတ်၇မင်းသမီးရဲ့ စာလုပ်ဖော် တန့်ချိုင်မင် ပါ”

ကျားမလေးက ခေါင်းလေးတစ်ဝက် ထုတ်လာကာ ကြောက်လန့်သည့် အမူအရာဖြင့် ဖြေလေသည်။

နံပါတ်၉မင်းသမီးလေးက တွေးတောနေသည်။ ထို့နောက် သူ(မ) ဆုံးရှုံးသွားတာကို ခံစားမိလိုက်ပြီး စူပုတ်ပုတ်ဖြင့် မေးလေသည်

“ရတနာတစ်အိတ်နဲ့ဆိုရင် နူးညံ့တဲ့နှင်းမုန့် အမ် ဆန်ကိတ်ကြော် ဘယ်နှခုလောက်ရနိုင်လဲ”

“အများကြီးပေါ့ နင့်ကိုတော့ မုန့်ထဲ ထည့်မြှုပ်ပစ်လို့ရတယ်”

ယွီရှန်းက သူ(မ)နဖူးကို ဖြည်းဖြည်းလေး ထိလိုက်သည်။ ယွီရှန်းက မခံချိမခံသာဖြစ်ကာ မေးလေသည်

“ဘာလို့လဲတာလဲ နင်က မင်းသမီးလေ၊ သူက ဒီတိုင်း စာလုပ်ဖော်လေးပဲ၊ အဲမုန့်ကို ကြိုက်ရင် လုယူပစ်လိုက် ဘာလို့ ရတနာတွေပေးတာလဲ”

“သူ.. သူက လက်မခံဘူး”

နံပါတ်၉မင်းသမီးလေးက အရမ်းမှားယွင်းသွားသလို ခံစားနေရသည်။

“သူက လက်မခံရင် ရိုက်ပစ်လိုက်၊ နင့်မှာ ကမ္ဘာ့စွမ်းအားအကြီးဆုံး အဖေ၊ အမေနဲ့ အစ်ကိုရှိတယ်လေ၊ မရနိုင်တာ ဘာမှမရှိဘူး၊ နောက်တစ်ခါ သူ့ကိုတွေ့ရင် ရိုက်ပစ်လိုက်၊ နံပါတ်၉မင်းသမီးက အစာသွပ်မုန့်စားချင်တယ်ဆိုရင် သူ ဆင်ခြေပေးရဲလား၊ သူက ဘာမလို့ ငြင်းဆန်ရဲမှာလဲ”

ထိုကြမ်းတမ်းသည့် စကားတွေကိုပြောကာ ယွီရှန်းက နှုတ်ခမ်းကိုက်ပစ်လိုက်သည်။ ကလေး၂ယောက်ကတော့ သူ့ရဲ့ကြမ်းတမ်းတဲ့စကားတွေကို နားမလည်ဘဲ မျက်လုံးဝိုင်းကြီးတွေဖြင့် လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်နေသည်။

ကျင်းမောမောက ပါးစပ်ကို လက်ဖြင့်အုပ်ကာ မရယ်မိအောင်ထိန်းနေရသည်။

နံပါတ်၉မင်းသမီးလေးက ခဏလောက်တွေးပြီးနောက် ခေါင်းခါကာ

“အဲလို လုပ်လို့မရဘူး အဲလိုလုပ်ရင် ချင်းဟယ်ကျွင်းကျူနဲ့ တူသွားလိမ့်မယ်”

“မတူဘူး ချင်းဟယ်ကျွင်းကျူက နင့်ပစ္စည်းကို လုတာ အဲတာက ရိုင်းစိုင်းပြီး ဘောင်ကျော်တယ်လို့ ခေါ်တယ်၊ ဒါပေမဲ့ နင်က တခြားလူရဲ့ပစ္စည်းကို ယူရင်တော့ ကောင်းချီးပေးပြီး မျက်နှာသာပေးတယ်လို့ ခေါ်တယ်၊ နင်က မင်းသမီး သူက စာလုပ်ဖော်လေ ဘယ်မှာတူလို့လဲ”

ယွီရှန်းကတော့ တခြားလူပေါ် အမြတ်ထုတ်နည်း သင်ပေးနေပေမယ့် နှစ်တစ်သောင်းလောက် သင်ရင်တောင် ဒီကလေးက ဒီပညာကို သင်ယူနိုင်မည် မဟုတ်ပေ။

ဖန့်ကျောင်းကျောင်းက ဗိုလ်ချုပ်ကြီးရဲ့သမီးဖြစ်ကာ သူ(မ)ရဲ့ စိတ်က ရိုးရှင်းသည်။ သူ(မ)က ဝိုးတဝါး ပြောလေသည်

“သူ့ကိုရိုက်ရင် ဆရာက အော်လိမ့်မယ်”

“အရူးမလေး အကြောင်းပြချက် ရှာမှာပေါ့ဟ”

ယွီရှန်းက နဖူးကို လက်ဖြင့် ဖိထားလေသည်။

“ဘယ်လိုအကြောင်းပြချက်ရှာမှာလဲ”

ကလေး၂ယောက်က စူးစမ်းစွာမေးလေသည်။

ယွီရှန်းက ကလေး၂ယောက်ကို လက်စားပြန်ချေနည်း သင်ပေးမယ့်အချိန်မှာ ညောင်စောင်းဘေးမှာ ရပ်နေသည့် ကျင်းမောမောကို တွေ့လိုက်သည်။ ဖြူစင်တဲ့ ကလေးတွေကို အရောင်ဆိုးပစ်ဖို့က မသင့်လျော်ဘူးမလား။ မိဖုရားကြီးကလည်း နံပါတ်၉မင်းသမီးလေးရဲ့ စာလုပ်ဖော်အဖြစ် ကျားမလေးကို ရွေးထားတာက မင်းသမီးလေးကို မကောင်းတဲ့အရာတွေ မသင်ယူစေချင်လို့ မဟုတ်လား။

ထိုသို့တွေးလိုက်တော့ ယွီရှန်းက အကြံအစည်တွေကို အစာအိမ်ထဲ ပြန်မြိုချလိုက်တာ

“အကြောင်းပြချက်ရှာတာက ကျွမ်းကျင်မှုတစ်မျိုးပဲ နင်တို့၂ယောက်လုံးက အဲလိုလုပ်ဖို့ ငယ်သေးတယ်၊ ထားလိုက်တော့ ဒီတစ်ခါတော့ လျစ်လျူရှုလိုက်တော့၊ အခု အိမ်မှာ အစ်ကိုကြီးလည်း မရှိတော့ အဖွားကျမ်းစာရွက်ဖို့ ငါအဖော်ပြုပေးဖို့ လိုတယ် အိမ်ပြန်တော့မယ်”

သူ(မ)အိမ်ကနေ ထွက်လာတာ ခဏလေးရှိသေးပေမယ့် အလွန် ရှုပ်ထွေးနေပြီး ခံစားချက် မကောင်းပေ။

ကလေး၂ယောက်က ယွီရှန်းထွက်သွားတာကို မပြန်စေချင်သည့် ဟန်ဖြင့် ကြည့်နေကြသည်။

ယွီရှန်းက ပြန်လှည့်ကြည့်ပြီး နံပါတ်၉မင်းသမီးလေးကို လက်ဝေ့ယမ်းပြကာ

“မိဖုရားကြီးနဲ့ ညစာ စားတဲ့အချိန်ကျရင် ရတနာသေတ္တာတစ်သေတ္တာ တောင်းလိုက်”

“ဘာဖြစ်လို့လဲ”

နံပါတ်၉မင်းသမီးလေးက ခေါင်းဆောင်းကာ မေးလေသည်။

“မနက်ဖြန်ကျရင် ဆန်ကိတ်နဲ့လဲစားချင်လို့လို့ မိဖုရားကြီးကိုပြောလိုက် နားလည်ပြီလား”

တွေးတောပြီးနောက် ချုံးအာလေးက သူ့ဘာသာ ဖြေရှင်းတာ ပိုသင့်လျော်ကြောင်း စဥ်းစားမိခဲ့သည်။

“နားလည်ပါပြီ”

နံပါတ်၉မင်းသမီးလေးက တခြားလူတွေနှင့်မတူစွာ ကတိတည်သည်။ ထိုအခါမှ ယွီရှန်းလည်း စိတ်သက်သာရာ ရသွားပြီး ကလေး၂ယောက်ကို လက်ဝေ့ယမ်းပြကာ ထွက်သွားလေသည်။ ဒီတစ်ခါတော့ ကျင်းမောမောက အလွန် စိတ်အားထက်သန် နေသည်။ သူ(မ)ကိုယ်တိုင် နန်းတော်ရဲ့ ဂိတ်ဝကို လိုက်ပို့ဆောင်ပေးကာ ဘယ်အချိန် ထပ်လာမလဲဆိုတာကို မေးမြန်းနေလေသည်။

ယုံလဲ့နန်းတော်ရဲ့ စားသောက်ခန်းမှာ ဘုရင်ကြီး၊ မိဖုရားကြီးနှင့် နံပါတ်၉မင်းသမီးလေးက ညစာ စားသုံးနေကြသည်။ မင်းသမီးလေးက အကုန်လုံး စားကောင်းနေတာကြောင့် စားကောင်းတာလေးဆိုရင် သူ(မ)မိဘရဲ့ပန်းကန်ထဲကို တူလေးဖြင့် ညှပ်ကာ ထည့်ပေးနေသည်။ သူတို့ရဲ့ ဖြူစင်တဲ့ကလေးရဲ့ အမူအရာလေးက သူတို့ကို ရယ်မောစေခဲ့သည်။

၄ပုံ၃ပုံလောက် ဗိုက်ပြည့်သွားပြီးနောက် မင်းသမီးလေးက လက်ဖက်ရည်စိမ်းဖြင့် အာလုပ်ကျင်းလိုက်သည်။ ထို့နောက် မိဖုရားကြီးကို ကြည့်ကာ

“မိဖုရားမေမေ သမီးကို ရတနာ တစ်သေတ္တာပေးလို့ရမလား”

“မနေ့ကပဲ ပေးပြီးပြီ မဟုတ်လား”

မိဖုရားကြီးက သူ(မ)ရဲ့ နှာခေါင်းကို တို့ထိလိုက်သည်။

“ကြာပန်းစေ့ကိတ်လေးက ဆန်ကိတ်နဲ့လဲစားလို့ ပြောတယ်”

နံပါတ်၉မင်းသမီးလေးက ပွင့်ပွင့်လင်းလင်း ပြောခဲ့လေသည်။

အနောက်မှာရပ်နေသည့် ကျင်းမောမောရဲ့ အမူအရာက ရယ်ချင်သွားလေသည်။ ယွီရှန်းသာ ဒီမှာရှိပါက နံပါတ်၉မင်းသမီးကို ဒူးထောက်နေလောက်ပြီ ဖြစ်သည်။

မိဖုရားကြီးရဲ့ အမူအရာက အနည်းငယ် အေးစက်သွားကာ ဘုရင်ကြီးက လှည့်ကြည့်လာပြီး သြရှသည့်အသံဖြင့် မေးလေသည်

“ကြာပန်းစေ့ကိတ်က ဘယ်သူလဲ၊ ဆန်ကိတ်နဲ့ ရတနာတစ်သေတ္တာကို လဲစားခိုင်းရဲတယ်ပေါ့၊ ဆန်ကိတ်က အထဲမှာ နဂါးအသည်းတို့ ဖီးနစ်အဆီအနှစ်တွေ ဖြည့်ထားလို့လား၊ ဆန်ကိတ်က မြို့ထဲက သရေစာဖြစ်ပြီး မြို့တော်မှာ နာမည်အကြီးဆုံး သရေစာမုန့်လို့ ယူဆလို့ရတယ်၊ ရုပ်ဖျက်ပြီးတော့ ဘုရင်နဲ့မိဖုရားကြီးက အဲဒီမုန့်ကို အများကြီး သွားစားဖူးတယ်၊ အိတ်အကြီးကြီးနဲ့ တစ်အိတ်ဝယ်ရင်တောင် ကြေးဒင်္ဂါးပြား နည်းနည်းပဲ ပေးရတယ်”

ဘုရင်ကြီးက ဒီကမ္ဘာမှာ အမြင့်ဆုံးဖြစ်ကာ သူ့အာဏာကို လွန်ဆန်နိုင်သည့်လူမရှိပေ။ သူ့သမီးကို လှည့်စားတာက သူ့ကို လှည့်စားတာနှင့်တူသည်။

မိဖုရားကြီးက မှေးမှိန်စွာပြောလေသည်

“ကြာပန်းစေ့ကိတ်ဆိုတာ ယီဖုန်းရဲ့ ညီမငယ်ပါ၊ သူ့ကိုကယ်ဖို့ ခြေထောက်တွေ အဆုံးရှုံးခံခဲ့တဲ့ ညီမငယ်ပါ”

“သူလား”

ဘုရင်ကြီးက အံ့သြကာ မျက်မှောင်ကြုတ်လေသည်။ အစ်ကိုဖြစ်သူကိုကယ်ဖို့ ကိုယ်ကျိုးစွန့်ခဲ့သည့် ယွီရှန်းအကြောင်းကိုကြားတုန်းက အလွန် အထင်ကြီးခဲ့မိသည်။

ယွီရှန်းက သခင်ဖြစ်သူကြောင့် ငရဲကျတော့မည့် အဖြစ်ကို ကျင်းမောမောက ကြည့်မနေနိုင်တော့ပေ။ သူ(မ)က စားပွဲဘေးမှာ ဒူးထောက်ကာ ရိုသေစွာပြောလေသည်

“ဒီအစေခံက ဝင်နှောင့်ယှက်ပါရစေ၊ ဖြစ်စဥ်က ဒီလိုပါ…”

ယွီရှန်းရဲ့ ကြမ်းတမ်းသည့် စကားလုံးတွေကလွဲရင် ကလေးတွေရဲ့ ပြောစကားတွေကို အကုန် ပြန်ပြောပြခဲ့လေသည်။

ဘုရင်ကြီးနဲ့မိဖုရားကြီးလည်း နားလည်သွားကာ ရယ်ကြလေသည်။ ‘ကမ္ဘာပေါ်မှာ စွမ်းအားအရှိဆုံး အဖေနဲ့အမေ’နှင့် ‘ချင်းဟယ်ကျွင်းကျူနဲ့မတူဘူး’ ဟူသောစကားကို ၂ယောက်လုံး အလွန်သဘောကျကာ ဘုရင်ကြီးက လက်ခုပ်တီးကာရယ်လျက် ‘တော်တယ်’ဟူသော စကားကို ထပ်ခါထပ်ခါ ချီးကျူးနေခဲ့သည်။

မိဖုရားကြီးက အိန္ဒြေရပေမယ့် ရယ်ရလို့ မျက်ရည်ပင်ကျခဲ့သည်။

“သိပြီ အထင်မှားခဲ့တာကို”

ဘုရင်ကြီးက ရှုပ်ထွေးနေသည့် နံပါတ်၉မင်းသမီးလေးရဲ့ပါးကို တို့ထိလိုက်သည်။ ထို့နောက်

“အရူးမလေး ဘာလို့ အဲလောက် လောဘကြီးတာလဲ၊ ကြာပန်းကိတ်လေး မှန်တယ်၊ လိုချင်တာရှိရင် လုယူလိုက်၊ ငါ့သမီးလေး ဘယ်လောက်ပဲ ဘဝင်မြင့်ပြီး အနိုင်ကျင့်ပါစေ ဘယ်သူမှ မပြောရဲဘူး”

နံပါတ်၉မင်းသမီးလေးက နားမလည်ပေမယ့် ခေါင်းညိတ်ပြခဲ့သည်။

ဘုရင်ကြီးက သမီးဖြစ်သူကို ထပ်တို့ထိကာ ပွေ့ဖက်ပွတ်သပ်လေသည်။ နံပါတ်၉သမီးလေးက သူစိုးရိမ်ရသည့် အဖြူစင်ဆုံးနှင့် အရိုးသားဆုံး ကလေးဖြစ်သည်။ သူ့တွင် သားသမီးများစွာ ရှိသည်။ သို့ပေမယ့် နံပါတ်၉သမီးလေးက သူ့ရဲ့ အသည်းနှလုံးရတနာလေး ဖြစ်ကာ သူ ပျိုးထောင်ပေးခဲ့သည့် အိမ်ရှေ့စံတောင် အရှုံးပေးရသည်။

နံပါတ်၉မင်းသမီးလေးက ဖခင်ရဲ့ရင်ဘတ်ကို ချွဲကာ ပွတ်သပ်နေခဲ့သည်။

ဘုရင်ကြီးက နံပါတ်၉မင်းသမီးလေးရဲ့ ပါးဖောင်းဖောင်းလေးကို တို့ထိကာ မိဖုရားကြီးကို ကြည့်ပြီး

“အဲဒီ ကြာပန်းစေ့ကိတ်လေးက သိပ်တော်တယ်လို့ ကိုယ်တော်ထင်တယ်၊ ရှင်မက ဖန့်တာ့ပေါင် မိသားစုက သမီးကို ရွေးလိုက်တာကို၊ သူတို့၂ယောက်သာ အတူတူရှိရင် လှည့်စားခံရဖို့ လွယ်မှာမဟုတ်ဘူး၊ သူ့ခြေထောက်ကြောင့်တော့ ရွေးချယ်ဖို့ မသင့်လျော်တာမျိုး မရှိပါဘူး”

မိဖုရားကြီးက သက်ပြင်းချကာ

“ဖန့်ကျောင်းကျောင်းကို ရွေးလိုက်တာ ချုံးအာပါ၊ ကျွန်တော်မျိုးမလည်း ဒီကလေးမလေးကို သဘောကျပေမယ့် သူ့မှာ ပြဿနာလေးရှိနေတယ်.. “

ထို့နောက် မိဖုရားကြီးက ယွီရှန်းရဲ့ နောက်ကြောင်းရာဇဝင်ကို ပြောပြလိုက်လေသည်။

“ကလေးမွေးကတည်းက ဘယ်လိုတောင် မှားသွားရတာလဲ အံ့သြစရာပဲ”

ဘုရင်ကြီးက မျက်ခုံးပင် ပင့်သွားခဲ့ရသည်။

မိဖုရားကြီးက အပြုံးဖြင့်ပြောလေသည်

“မိသားစု၂ခုလုံးက ဂူတစ်ခုတည်းမှာပဲ တစ်ချိန်တည်းမွေးတာလေ၊ လေပြင်းတွေတိုက်ပြီး လမိုက်ညဆိုတော့ ဓားပြတွေကလည်း သောင်းကျန်းနေခဲ့တာလေ၊ တစ်ခုခု မှားယွင်းသွားတာလည်း မဆန်းပါဘူး၊ ကလေး ရှာတွေ့ပါ့မလားဆိုတာ မသေချာဘူး၊ ပြန်ရှာတွေ့တဲ့အခါကျရင်လည်း မဟုတ်မက သတင်းတွေ ပျံ့နေနိုင်တယ်၊ ဒါတွေတွေးပြီးမှ ကျွန်တော်မျိုးမ လက်လျော့ခဲ့တာပါ”

ဘုရင်ကြီးက လက်မခံသလို လက်ဝေ့ယမ်းပြကာ

“ကိုယ်တော်ကတော့ ဒီကလေးက သိပ်တော်တယ်လို့ထင်တယ်၊ ဉာဏ်ကောင်းပြီး ဉာဏ်နီဉာဏ်နက်များတယ် တိုက်ရိုက် မတိုက်ခိုက်ဘူး၊ သူသာ ချုံးအာလေးနဲ့ ရှိမယ်ဆိုရင် ကိုယ်တော် စိတ်အေးရတယ်၊ သူ့နောက်ကြောင်းနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ်တော်က တစ်ယောက်ယောက်ကို မျိုးရိုးမြင့်စေချင်ရင် သူ့အဆင့်အတန်းက မြင့်မားရမယ်၊ ကိုယ်တော်က တစ်ယောက်ယောက်ကို နိမ့်ကျစေချင်ရင် ဖုန်မှုန့်လို သေးငယ်သွားရမှာပဲ၊ ဒါတွေအကုန်လုံးက ကိုယ်တော့် အတွေးပေါ်ပဲ မူတည်တယ်၊ သူကတော်တယ် သူ့ကိုနန်းတော်ထဲ ဝင်ခိုင်းပြီး စာလုပ်ဖော် ဖြစ်ခိုင်းလိုက်၊ အနည်းဆုံးတော့ ကိုယ်တော်ရဲ့ချုံးအာလေး လှည့်စားမခံရတော့ဘူးပေါ့၊ မကြာခင် ယီဖုန်းကလည်း စစ်ပွဲကို ဦးဆောင်တော့မှာ၊ သူ့ညီမလေးနေရာ အမြင့်ကို ရောက်နေတာကို တွေ့ရင် သူလည်း စိတ်ချမ်းသာမှာပေါ့”

မိဖုရားကြီးက ခဏလောက်တွေးပြီးနောက် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်ပြီး

“အရှင်မင်းကြီး မှန်ပါတယ် ကျွန်တော်မျိုးမ အမှားလုပ်မိတာပါ၊ ကျွန်တော်မျိုးမတို့ လိုသလို အဆင့်အတန်းကို မြှင့်တင်ပေးလို့ရတယ်၊ တကယ်တော့ ကျွန်တော်မျိုးမတို့ စိုးရိမ်စရာကို မလိုဘူး”

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset