RENH အပိုင်း ၅၉

အပိုင်း (၅၉.၁) ရှီချီ(၁)

သုံးနှစ်က ကြာသွားပြီဖြစ်သည်။ ထို့ကြောင့် မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အလွန်ကွာခြားသွားလေပြီ။ နင်မုန့်က အင်တာနက်ပေါ်မှ လမ်းရှာပြီးနောက် မြို့နယ် ၁သို့ တိုက်ရိုက်ရောက်သော မြေအောက်ရထားကို စီးလိုက်သည်။
လက်ရှိအချိန်တွင် မြေအောက်ရထားစီးရန်အတွက် သူမတွင် လုံလောက်သော ပိုက်ဆံလည်း ရှိနေသည်။ သူမက ထိုနေရာသို့ ရောက်သွားသောအခါ ညနေလေးနာရီထိုးနေလေပြီ။ မြို့နယ် နံပါတ် ၁ က ကျောင်းလွှတ်ချိန်ပြီးသွားပြီဖြစ်သဖြင့် ထိုကျောင်းဝင်ပေါက်ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာ စုံတွဲကလွဲပြီး မည်သူမှ ရှိမနေခဲ့ချေ။
နင်မုန့်က တချက်ကြည့်ရုံဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား မိသားစုဆိုင်ကို တွေ့လိုက်ရသည်။
သူမက ရှီချီကို ယခင်က ဆွဲပေးခိုင်းခဲ့သော ပိုစတာကို ဝင်ပေါက်တွင် ချိတ်ဆွဲထားသေးသည်။ အပေါ်တွင် ရှိနေသည့် ဖလင်အုပ်ထားသောကြောင့် ဖြစ်လောက်သည်။ ပျက်စီးသွားဟန်လည်း မရသေးချေ။ အဝေးမှကြည့်နေသည့်တိုင်အောင် သူမက တောက်ပသော အရောင်များကို ထင်ထင်ရှားရှား မြင်နိုင်‌‌သေးသည်။
သူမကိုယ် သူမလည်း တွေးကြည့်သည့်အခါ အချိန်များက ဘယ်လောက်မှ မကုန်သွားသလိုပင် ခံစားရသည်။ သူမအတွက် မျက်တောင်တခတ်အချိန်သာလျှင်ဖြစ်ပြီး ဒီလောကမှ လူများအတွက်မူ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သည်။
လျန်ဖုန်းမိန်က သူမ၏ နှစ်ဝက်တာ အတူရှိခဲ့သည့်တိုင်အောင် နှစ်ယောက်သား ခံစားချက်များကို ဝေမျှနိုင်ခဲ့သည်။ ယခင်က သူမက မိဘလိုချင်သော မိဘမဲ့တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် လျန်ဖုန်းမိန်က သူမ၏ ဆန္ဒကို ပြည့်ဝစေသည်ဟု ဆိုရမည်ဖြစ်သည်။ သူမကို နင်နင်ဟု သတ်မှတ်ပြီး ဆက်ဆံခဲ့သည့်တိုင်အောင် ထိုသို့ သတ်မှတ်၍ ရသေးသည်။
ထိုဆိုင်မှ လူနည်းစုက တစ်စုံတစ်ရာ လာဝယ်ကြသဖြင့် ထိုလူများထွက်သွားပြီးနောက် လျန်ဖုန်းမိန်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သူမကလည်း အလုပ်များနေသည်။
နင်မုန့်က အသက်ပြင်းပြင်းရှူပြီး အနားသို့ လျှောက်သွားလိုက်သည်။
လက်ရှိတွင် သူမက မန်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသောကြောင့် လျန်ဖုန်းမိန်က သူမကို မမှတ်မိနိုင်ကြောင်း သေချာနေသည်။
အနီးကပ်လျှောက်သွားပြီးနောက် ဆိုင်၏ အတွင်းပိုင်းက အသစ်ဖြစ်နေပြီး သန့်ရှင်းသပ်ရပ်နေကြောင်း မြင်လိုက်ရသည်။ ယခင်နှင့်မတူသော မှန်တံခါးတွင် အလှဆင်ထားသော ပစ္စည်းအနည်းငယ်ကိုပါ မြင်ရသည်။
ပြတင်းကလည်း ဖန်ဖြစ်ပြီး လှပစွာ ပြင်ဆင်ထားသော အဆာပြေမုန့်များကိုလည်း မြင်ရသည်။
လျန်ဖုန်းမိန်က မုန့်ထုပ်လေးတစ်ခုကို ပြင်ဆင်နေခြင်းဖြစ်ပြီး ပြတင်းပေါက်တွင် လူတစ်ယောက်ရောက်လာကြောင်းကို မြင်သောအခါ ခေါင်းမော့၍ မေးလိုက်သည်။
“ဘာယူမလဲ”
နင်မုန့်က ထိုအခါမှသာ အသိပြန်ဝင်လာပြီး မုန့်နည်းနည်းကို မှာလိုက်ကာ ပြောသည်။
“အဲ့ဒါပါပဲ၊ ကျွန်မ ဒီမှာပဲ စားသွားလိုက်မယ်၊ အစပ်နည်းနည်း လျှော့ပေးပါ”
“ကောင်းပြီ”
လျန်ဖုန်းမိန်က သူမ၏ အမှာကို လုပ်ပေးသည်။
“မိန်းကလေးအထဲဝင်ပြီးထိုင်ပါ၊ အထဲမှာ စားပွဲတွေနဲ့ ကုလားထိုင်တွေလည်း ရှိတယ်၊ အပြင်မှာ ရပ်နေရတာ ပင်ပန်းပါတယ်”
နင်မုန့်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ဆိုင်အတွင်းတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိချေ။ အသစ်ပြန်လည် ပြင်ဆင်ထားသည့်တိုင်အောင် ယခင် ပုံပန်းသွင်ပြင်က ကျန်ရှိနေသေးပြီး အနောက်ဘက်သို့ သွားသော လမ်းကြောင်းကလည်း ပုံမှန်သာလျှင် ဖြစ်သည်။
နံရံပေါ်တွင် ပုံတစ်ပုံကို ချိတ်ဆွဲထားသည်။ ဒါက သူမနှင့် လျန်ဖုန်းမိန် အတူရိုက်ခဲ့သော ပုံဖြစ်ပြီး ယခုမူ ထိုနေရာတွင် ချိတ်ဆွဲထားလေသည်။
ထိုပုံကို ကြည့်ရုံဖြင့်ပင် နင်မုန့်က အရာအားလုံးကို အိပ်မက်လို ခံစားလိုက်ရသည်။
သူမ မှာသော မုန့်များက ခပ်မြန်မြန် ရလာသည်။ သူမ ညနက်သည်ထိ ပြန်လှန်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသည့်အချိန်တိုင်းလိုလို သူမကို အဖော်ပြုနေသော အနံ့ကို ရလိုက်သည့်အခါ နင်မုန့်က အသက်ပြင်းပြင်း ရှူလိုက်သည်။
လျန်ဖုန်းမိန်က ရုတ်တရက် ပြောသည်။
“မင်းက ငါ့ရဲ့သမီးနဲ့ တော်တော်တူတာပဲ”
သူမ၏ ရှေ့ရှိ မိန်းကလေးက ကြောက်ရွံ့သွားကြောင်း မြင်သောအခါ ခပ်မြန်မြန် ရှင်းပြသည်။
“ဒီအတိုင်း အပြင်ပန်းပုံစံက တူတာပါ၊ ငါ အခြားအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး”
လျန်ဖုန်းမိန်က အနည်းငယ် ရှက်သွားသည်။
“ငါ့ရဲ့သမီးက သေသွားတာ ကြာပါပြီ၊ သူမနဲ့ အရမ်းတူတဲ့ လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး”
နင်မုန့်ကလည်း ပြန်လည် တုန့်ပြန်လိုက်သည်။
“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်”
လျန်ဖုန်းမိန်က ထွက်သွားသောအခါ သူမက အလုတ်ကြီးကြီး ကိုက်လိုက်ပြီးနောက် အရင်ကအတိုင်း အရသာရှိနေသေးကြောင်း သိလိုက်ရသည်။
သူမက စားသောက်ပြီး ငွေပေးချေပြီးနောက် ကျောင်းအပြင်ဘက်တွင် ရပ်လိုက်သည်။ ကျောင်းသူကျောင်းသားများကလည်း ပျားပိတုန်းများလို ပြုံပြီးထွက်လာကြသည်။ အချို့က ဆိုင်ထဲသို့ဝင်သွားသည်။ ထိုသို့ဖြင့် ကျွတ်စီညံသွားတော့သည်။ သူမက သူတို့ကို တခဏခန့် စိုက်ကြည့်နေပြီး ထွက်သွားဟန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် တိုက်ဆိုင်စွာဖြင့် တံခါးတွန်းဖွင့်လာသည့်သူက ကျောင်းဒါရိုက်တာ ဖြစ်နေပြီး သူက ရိုးရိုးရှင်းရှင်းပင် နင်မုန့်ကို သတိမထားမိဘဲ လျန်ဖုန်းမိန်ထံ တိုက်ရိုက်သွားကာ ကူညီပေးနေသည်။
လျန်ဖုန်းမိန်က ပြောသည်။
“မြန်မြန် အဝတ်သွားလဲလိုက်တော့၊ ရှင် ဝတ်စုံပြည့် ဝတ်ထားလို့ မရဘူး”
လင်းရိုရှန်းက မေးသည်။
“ဘာလို့မရရမှာလဲ”
ထိုနှစ်ယောက်၏ စကားပြောသံအရ သူတို့က အလွန်ရင်းနှီးကြောင်း ကြားရသူတိုင်းက သိနိုင်ပေလိမ့်မည်။ အထဲရှိ ကျောင်းသားကျောင်းသူများကလည်း ဒါကို ကျင့်သားရနေသလိုမျိုး များများစားစား မတုန့်ပြန်ကြဘဲ သူတို့၏ ဆရာကိုသာ နှုတ်ဆက်ကြသည်။
ကြည့်ရတာ သူတို့နှစ်ယောက် အတူရှိဖြစ်ကြတဲ့ပုံပဲ။
နင်မုန့်က ထိုအခါမှသာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။
အဆောင်သို့ ပြန်လာပြီးနောက် ယွီရှောင်းလျန်ကို တွေ့ရသည်။
သူတို့က ညပိုင်းအတန်းတစ်တန်းသာလျှင် ရှိသည်။ ထိုအတန်းက မိုင်နာတန်းသာ ဖြစ်သည့်တိုင်အောင် စီနီယာက roll call ခေါ်ရခြင်းကို သဘောကျသည်။ မန်နင်က သူမ၏ အချိန်ပိုင်းအလုပ်ကြောင့် တစ်ကြိမ်ပျက်ဖူးလေရာ နောက်ထပ်ထပ်ပျက်၍ မရတော့ချေ။ သူမ ပြန်လာကြောင်း မြင်သောအခါ ယွီရှောင်းလျန်က ဘာစကားမှ ပြောမလာချေ။ တစ်ချက်သာ ကြည့်ပြီးနောက် ကိုယ့်ခုတင်ပေါ် တက်သွားကာ လိုက်ကာကို ဆွဲလိုက်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေတော့သည်။
ယွီရှောင်းလျန်က အဆောင်ထဲရှိ နင်မုန့်ကို အနည်းငယ် ကောင်းကောင်း ဆက်ဆံသောသူ ဖြစ်သည်။ အကြောင်းမူကား သူမကို ဒီတိုင်းလျစ်လျူရှုထားပြီး အခြားပြောဆိုဆက်ဆံလာခြင်းမျိုးမရှိချေ။ အခြားနှစ်ယောက်ကမူ ဒရာမာဆန်လေပြီး မကြာခဏ မကောင်းသော စကားများ ပြောတတ်သည်။
နင်မုန့်က တံတောင်နှစ်ဖက်ကို တစ်ချက် ပွတ်ချလိုက်သည်။ မန်နင်က ထိုသို့ ဆိုးရွားသော ဘဝတွင် နေထိုင်ပြီး သူမအနေဖြင့် ထိုသို့သော ဘဝမျိုးနှင့် နီးစပ်သော အခြေအနေမျိုးကို မကြုံတွေ့ဖူးချေ။ ယခုမူ သူမ အချိန်ပိုင်းအလုပ်တစ်ခု ရှာရတော့ပေမည်။
သူမအတွက် အရေးကြီးဆုံးကိစ္စက ပိုက်ဆံရှာခြင်းဖြစ်သည်။
အချိန်အတန်ကြာ အချိန်ဖြုန်းပြီးနောက် သူမခုတင်ပေါ်တွင် သူမက ကောင်းကောင်း မအိပ်နိုင်ချေ။ နင်မုန့်က အိပ်ယာမှထပြီးနောက် alarm ပေးထားပြီးနောက် လိုက်ကာကို ဆွဲချကာ အိပ်တော့သည်။
alarm က မနက်ခြောက်နာရီတွင် မြည်သည်။ နင်မုန့်က တခဏ အနားယူလိုက်ပြီး အိပ်ယာမှ ထလိုက်သည်။
အပြင်ဘက်ကောင်းကင်က မည်းမှောင်နေသေးသည်။ သူမက အိပ်ယာမှထပြီးနောက် သူမအတန်းချိန်အတွက် လိုအပ်သည့် စာအုပ်များကို ယူလိုက်သည်။ ယွီရှောင်းလျန်က ထွက်သွားပြီ သူမ တစ်ယောက်တည်း အဆောင်ခန်းထဲတွင်သာ ကျန်ခဲ့သည်။
မန်နင်ကလည်း ကိုယ့်ကိုယ်ကို သေသေသပ်သပ် လုပ်ခဲ့သည်။ သူမက ဆံပင်ကို ရိုးရှင်းစွာသာ အမြင့်စည်းတတ်သည်။ အရှေ့ဆံပင်များကိုလည်း မညှပ်ထားချေ။ ထို့ကြောင့် မျက်လုံးကိုပင် အုပ်နေခြင်း ဖြစ်သည်။ အချိန်ကြာလာသောအခါ သူမက မျက်တောင်ခတ်တိုင်း မျက်စိဆံပင်မွေး စူးသည်။ ဒါက သူမကို နာကျင်စေသည်။
နင်မုန့်က မှန်ကို တခဏခန့် စိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူမက အရှေ့ဆံမြိတ်များကို လှန်တင်လိုက်သောအခါ သူမ၏ ဖျော့တော့ပြီး‌ တောက်ပသော နဖူးက ပေါ်လာသည်။
သူမက ရှေ့ခပ်အုပ်အုပ် ဆံပင်ကို ညှပ်ထားသည့်တိုင်အောင် သူမ၏ ရုပ်သွင်က သာမန်ထက်အနည်းငယ်သာ ကြည့်ကောင်းသည်။ အရေးကြီးဆုံးအချက်က သူမက အသားက ဖြူဖျော့ပြီး မည်သည့် ဝက်ခြံ၊ အမာရွတ်၊ အဆီဖုများမှ မရှိဘဲ ချောမွေ့နေလေသည်။
သူမ၏ မျက်တောင်များက သဘာဝအလျောက်ပင် ရှည်သွယ်ပြီး ကော့တက်ပြီး မဲနက်နေသည်။ ထို့ကြောင့် အထူးတလည် ပြင်ဆင်ရန်လည်း မလိုအပ်ချေ။
နင်မုန့်က သူမကသာ သင့်တော်သော မိတ်ကပ်အနည်းငယ်ကို ပြင်ဆင်လိုက်မည်ဆိုလျှင် လီကျောင်းထက်ပင် ပို၍ ကြည့်ကောင်းလောက်ကြောင်း ခံစားမိသည်။ ကုနန်ချန်ကပင် သူမကို မယှဉ်နိုင်လောက်ချေ။ ပို၍ ဆိုးသည်မှာ သူမ၏ မျက်နှာလေးက သနားစရာကောင်းသော ပုံစံဟန်ဆောင်ရန် ပို၍ သင့်တော်လေသည်။
“ငါ ချစ်စရာကောင်းပြီး သနားစရာပုံစံလေး ဟန်ဆောင်လိုက်သင့်လား”
သူမက ရေရွတ်လိုက်သည်။
နောက်တစ်ချိန် သူမက ကုနန်ချန်နှင့် ပက်ပင်းတိုးသောအခါ သူမကလည်း အလားတူ သနားစရာကောင်းသော ပုံစံဟန်ဆောင်လိုက်ပြီး အရင်ငိုပြလိုက်၍ ရသည်။
နင်မုန့်က မှန်ရှေ့တွင် မျက်နှာထားတစ်မျိုး လုပ်လိုက်ပြီး ကုနန်ချန်၏ မျက်လုံးနီရဲသော အပြုအမူမျိုးကို တုပလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်များက အနည်းငယ် နီရဲလာသည်။ သူမက မျက်မှောင်ကြုံ့ပြီး ကိုယ့်ကိုယ်ကို ဆိတ်ဆွဲလိုက်သည်။
မန်နင်၏ အသားအရေက အလွန်နူးညံ့မည်ဟု မထင်ခဲ့မိချေ။ အနည်းငယ် ဆိတ်ဆွဲခြင်းကပင် သူမကို နာကျင်စွာ အော်ဟစ်မိစေသည်။ သူမက မှန်ကို ပြန်ကြည့်သောအခါ မှန်ထဲမှ ပုံစံကြောင့် ကြောင်သွားသည်။
သူမ ဒီနေ့ ဝတ်ထားသော ဝတ်စုံက အနည်းငယ်လျော့နေသည်။ သူမ၏ ကိုယ်ပေါ် ဒီတိုင်း ခပ်လျော့လျော့ရှိနေပြီး သူမကို ပိန်ပါးသလို ထင်ရစေသည်။ သူမ၏ ငွေ့ရည်ဖွဲ့နေသော နီရဲနေသည့် မျက်ဝန်းနှင့် ထည့်ပေါင်းလိုက်သောအခါ သူမ၏ လက်တစ်ဝါးစာ ရှိသည့် မျက်နှာလေးက အားနည်းပြီး သနားစရာကောင်းနေသည်။
ထိုပုံပန်းသွင်ပြင်က အခြားသူများကို အနိုင်ကျင့်ချင်စိတ်ပေါက်နေသည်။
နင်မုန့်၏ ပတ်ဝန်းကျင်မှ လေထုအခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။
ဒီလိုပုံစံမျိုးကို ကုနန်ချန်ရဲ့ အပြုအမူနဲ့သာ အစားထိုးလိုက်ရင် ရှောင်ပိုင်ဟွာ မျိုးဆက်သစ်တစ်ယောက် ဖြစ်လာနိုင်တယ်။
သူမက မျက်နှာထားကို ပြင်လိုက်ပြီးနောက် မှန်ထဲတွင် ခပ်တည်တည် စိုက်ကြည့်ပြီး တွေးလိုက်သည်။
ပြပွဲတစ်ခုအတွက် နည်းလမ်းအမှန်ပဲ။

သူမက ကျောင်းဆောင်ထဲသို့ ရောက်သွားချိန်တွင် ခြောက်နာရီခွဲနေပြီဖြစ်သည်။ အတန်းမစခင် ဆယ်မိနစ် လိုအပ်နေသေးသည်။
အလွန်ကြီးမားသော အခန်းထဲတွင် စာသင်ကြားခြင်း ဖြစ်ပြီး နင်မုန့်က အရောက်နောက်ကျကတည်းက နောက်ဆုံးတန်းများက လူပြည့်နေပြီဖြစ်ပြီး ရှေ့ဆုံးတန်းများသာ ကျန်ရစ်တော့သည်။ မိန်းကလေးများက နှစ်ယောက်သုံးယောက် တစ်တန်းစီထိုင်နေကြသည်။
သူမက ဝင်လာသောအခါ လူအများ၏ အကြည့်က သူမထံရောက်လာပြီးနောက် ထူးဆန်းသော အလင်းက ဖြတ်သွားပြီး အချို့သူများက စကားပြောနေရာမှ ရုတ်တရက် ရပ်လိုက်သည်။
ဘာလို့ ဒီနေ့ မန်နင်က ခြားနားနေရတာလဲ။
ပုံမှန်အားဖြင့် ဒီအချိန်ဆိုလျှင် သူမက ခေါင်းကို ဆက်တိုက်ငုံ့ပြီး အပြေးအလွှား ဝင်လာတတ်ပြီး ပထမဆုံးအတန်းသို့ တိုက်ရိုက်သွားတတ်သည်။ လက်ရှိအချိန်တွင်မူ သူမက ခပ်အေးအေး ဝင်လာသည်။
နင်မုန့်က ထိုနေရာတွင် ဝင်ထိုင်၍ သိပ်မကြာခင်အချိန်တွင် ထောင့်တစ်နေရာတွင် ကောင်လေးတစ်ယောက်က ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူ၏ ပုံပန်းသွင်ပြင်က ပုံမှန်သာလျှင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ပိန်ပါးကာ မျက်မှန်တပ်ထားပြီး သူက စာကြမ်းပိုးပုံစံဖြစ်သည်။ သို့သော် …
ဒါက ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားတဲ့ သရဲပဲ။
နင်မုန့်က တချက်ကြည့်ရုံဖြင့်ပင် သူက ထုတ်လွှတ်နေသည့် အနက်ရောင် လေထုကို မြင်နိုင်သည်။ သို့သော် သူကမူ မာနကြီးသလိုမျိုး စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို ကိုင်လျက် အလွန်မြန်ဆန်သော အရှိန်တို့ဖြင့် အသားကုန်ရေးနေသည်။
သူက အလွန်ရိုးသားသဖြင့် မန်နင်ကပင် သူနှင့် မယှဉ်ပြိုင်နိုင်လောက်ချေ။ မျှော်လင့်ထားသည့်အတိုင်း ကျောင်းတွင်းတွင် သရဲပိုများသည်။ သို့ရာတွင် ချောက်ချားစရာကောင်းသည့် ဘက်ခြမ်းတွင်မူ ထိုမျှကြောက်စရာ မကောင်းချေ။ အတန်းထဲတွင် လူအလွန်များနေပြီဖြစ်ပြီး နိုင်ငံခြားဘာသာစကားဌာနများတွင် မိန်းကလေး ပိုများသည်။
ထိုသရဲက နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို သတ်သေသွားပြီး ဒီဌာနမှ ကျောင်းသားတစ်ယောက်ဖြစ်ရမည်ဟု တွေးလိုက်သည်။ သို့သော် သူက စာသင်ရခြင်းကို အလွန်သဘောကျသောကြောင့် ဒီနေရာတွင်သာ ဆက်နေပြီး အတန်းတက်နေခြင်း ဖြစ်လောက်သည်။
သူမက မည်သို့တွေးနေစေကာမူ မနေနိုင်ဘဲ မပတ်သက်သလို ခံစားလိုက်ရသည်။
နင်မုန့်က သူမ၏ အကြည့်ကို ရွှေ့လိုက်ပြီး စာအုပ်ကိုသာ တဖျပ်ဖျပ် လှန်လိုက်သည်။ သူမက နားမလည်မည်စိုးသဖြင့် မန်နင်၏ မှတ်စုစာအုပ်များကိုလည်း ဖတ်ကြည့်လာပြီးလေပြီ။ သို့မဟုတ်လျှင် သူမအတွက် ဒုက္ခရောက်ပေလိမ့်မည်။
စာအုပ်ကို တခဏခန့် ကြည့်နေပြီးနောက် သူမက ရပ်တန့်လိုက်သည်။ သူမ၏ ခေါင်းက သရဲထံ ပြန်ရောက်သွားပြီး ကြည့်လိုက်သောအခါ သူက မှတ်စုစာအုပ်တွင် အသည်းအသန် ရေးသားနေကြောင်း မြင်ရသည်။
မန်နင်က ပထမနှစ်သာလျှင် ဖြစ်သဖြင့် အတိတ်က ကိစ္စများကို မရှင်းလင်းချေ။ ပို၍ ဆိုးသည်မှာ သူမ၏ မှတ်ဉာဏ်ထဲတွင်လည်း ထိုသို့သော အခြေအနေမျိုးက မရှိချေ။ ထို့ကြောင့် သူမက ဒီကျောင်းသို့ မရောက်လာခင် သူက သေသွားခဲ့ခြင်း ဖြစ်လောက်သည်။
နင်မုန့်က ဖုန်းကို ထုတ်ပြီးနောက် တခဏခန့် ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် လွန်ခဲ့သော ငါးနှစ်ခန့်က သတင်းကို တွေ့လိုက်ရသည်။
“သတင်းတွေအရဆိုရင် စီးပွားရေးအခြေအနေမကောင်းလို့ လီမုန့်က သူ့ရဲ့ ကျူရှင်စရိတ်ကို မထောက်ပံ့နိုင်တဲ့ အပြင် အချိန်ပိုင်းအလုပ်က ရတဲ့ ပိုက်ဆံတွေနဲ့လည်း လုံလောက်အောင် မပေးနိုင်တော့ဘူး၊ သူ့ရဲ့ အမှတ်တွေက ကောင်းမွန်လို့ သူက C တက္ကသိုလ်ရောက်လာတာက ပုံမှန်ပဲဆိုပေမယ့် သူ့ရဲ့ အဆင့်ကတော့ အလယ်နေရာနားမှာပဲရှိလို့ ပညာသင်ထောက်ပံ့ကြေးစရိတ်မရနိုင်ဘူး၊ ဒါကြောင့် သူက စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေလိုက်တယ်၊ လက်ရှိအချိန်မှာတော့ ရဲတွေက သူရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ စာကိုတောင် ရှာတွေ့ခဲ့ကြတယ်…”
နင်မုန့်။ “…”
ဘယ်လောက်ပင် စိတ်ဓာတ်အင်အား သန်မာလိုက်လဲ။
သူက သရဲအဖြစ် ပြောင်းသွားသည့်တိုင်အောင် ပြင်းပြင်းထန်ထန် စာကြိုးစားနေပြီး ပညာသင်ထောက်ပံ့ကြေးငွေ လိုချင်‌သေးဟန် ရသည်။ ရုတ်တရက် သူမ၏ ဘေးတွင် လူတစ်ယောက်က ဝင်ထိုင်လိုက်သည်။ သူမက ခေါင်းလှည့်ကြည့်လိုက်သောအခါ ကုနန်ချန်ကို မြင်လိုက်ရသဖြင့် မျက်စိကန်းလုမတတ် ဖြစ်သွားသည်။ ချက်ချင်းပင် ဘေးဘက်ခုံသို့ ပြောင်းလိုက်သည်။ ကုနန်ချန်က သူမကို နာကျင်သော မျက်လုံးမျိုးဖြင့် ကြည့်လာပြီး ပြောသည်။
“မန်နင် နင် ငါ့ကို အဲ့ဒီလောက်ထိ မုန်းနေတာလား၊ ဒါမှမဟုတ် နင် ငါ့ကို ခွင့်လွှတ်ပေးဖို့ ဆန္ဒမရှိတာလား”
နင်မုန့်ကလည်း တဖက်လူက ထိုသို့ ပြောလာမည်မှန်း သိထားပြီးသား ဖြစ်လေရာ ခေါင်းကိုသာ ငုံ့ပြီး ကိုယ့်စာကိုသာ ကြည့်နေလိုက်သည်။
မည်သို့ပင်ဆိုစေ သူမက စကားစပြောလိုက်သည်နှင့် ရပ်တော့မည်မဟုတ်ချေ။ ထို့အစား သူမက မကြာခဏ လာလာတွေ့ပြီး အဆုံးမသတ်နိုင်သော ကိစ္စအတွက် ကပ်ပါနေပေလိမ့်မည်။ စိတ်ရှုပ်စွာဖြင့်ပင် သူမ၏ ဦးနှောက်က တစ်ဖက်လူနှင့် ကွာခြားစွာပင် ကြိုးများလွတ်နေခြင်း ဖြစ်ရမည်။
“မန်နင် ငါ နင့်ကို အရင်က ပြောထားတဲ့ အချိန်ပိုင်းအလုပ်တွေအကြောင်း တွေးပြီးပြီလား”
တုန့်ပြန်မှုမရသောအခါ ကုနန်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“နင် အလွယ်တကူ လက်လျော့ပြီး စိတ်ဓာတ်ကျမနေပါနဲ့၊ ဒီအချိန်ပိုင်းအလုပ်ရဲ့ လစာက မဆိုးဘူး၊ နင့်ရဲ့ နေထိုင်မှုစရိတ်ကိုတောင် နည်းနည်း ကာမိနိုင်လောက်တယ်”
တခဏခန့် ရပ်တန့်ပြီးနောက် သူမက ထပ်ဖြည့်ပြောသည်။
“မန်နင် နင် ငါ့ကို ခွင့်မလွှတ်နိုင်တာပဲဖြစ်ဖြစ်၊ ငါ့ကို မယုံတာကြောင့်ပဲဖြစ်ဖြစ်၊ ဒါကို လက်မလျော့လိုက်ပါနဲ့၊ အနာဂတ်မှာ တူညီတဲ့အမှားမဖြစ်စေရဘူးလို့ ငါ ကတိပေးပါတယ်”
ကုနန်ချန်က စိတ်မရှည်တော့ဘဲ သူမ၏ လက်မောင်းကို တချက်တို့လိုက်သည်။
“ငါ နင့်ရဲ့ ခန္ဓာကိုယ်ကို စိတ်ပူတာပါ၊ ကြည့်ပါဦး နင်ဘယ်လောက်တောင် ပိန်သွားသလဲ၊ နင် အခုတလော ကောင်းကောင်းရော စားရဲ့လား”
နင်မုန့်က အလွန်စိတ်ရှည်သည်။ သူမက ပြန်ခံပြောတော့မည့်အချိန်တွင် အတန်းခေါင်းလောင်းက မြည်လာလေရာ သဘာဝအလျောက်ပင် စကားကို ပြောင်းလိုက်သည်။
“အတန်းတက်ပြီ၊ ကျေးဇူးပြုပြီး တိတ်ဆိတ်ပေးပါ ကျောင်းသူ”
ကုနန်ချန်က သူမ၏ စကားကြောင့် ကြောင်တောင်တာင် ဖြစ်သွားသည်။
…..
အပိုင်း (၅၉.၂) ရှီချီ(၂)

အနားမှမိန်းကလေးနှစ်ယောက်က ထိုကိစ္စကို ဒီအတိုင်း အလွတ်မပေးဘဲ ဝင်ပြောလိုက်သည်။
“ကုနန်ချန် နင် သူမကို ဒီလောက်ကြင်နာပြနေတာ ဘာများအသုံးဝင်လို့လဲ၊ ဒီတိုင်းပဲ ဒီအေးစက်ပြီး မသိတတ်တဲ့ ခွေးမကို တစ်ယောက်တည်း ပစ်ထားလိုက်စမ်း”
ဘေးဘက်ရှိကောင်မလေးက လိုက်ပြောသည်။
“နင် သူမရဲ့ မျက်နှာအမှန်ကို သိထားပြီးပြီပဲ၊ ဘာလို့ ဆက်လက်ပြီး ချည်းကပ်နေသေးတာလဲ၊ စိတ်သဘောထားကောင်းနေတာကို ရပ်လိုက်စမ်းပါ၊ မဟုတ်ရင် မန်နင်က နင့်ကို ခက်ခဲအောင်လုပ်လိမ့်မယ်”
မန်နင်က သူတို့ကို ကျိန်ဆဲလိုက်ချင်သည်။
ဘာလို့ ငါက ကုနန်ချန်ကို ခက်ခဲအောင်လုပ်ရမှာလဲ။
အစကနေ အဆုံးထိ သူမက တောက်လျှောက်ကို စကားလာပြောနေခဲ့တာပါ။ အမှိုက်လိုစကားတွေ လာပြောပြီး အချိန်တွေ ဖြုန်းနေတာလေ။
သူတို့က သူမကို ကြင်နာသည်ဟုပင် ခေါ်လိုက်သေးသည်။ သို့သော် အဓိပ္ပာယ်က တခြားဖြစ်နေလောက်သည်။ သို့သော် ကုနန်ချန်က ဝမ်းနည်းညှိုးငယ်သော မျက်နှာမျိုးဖြင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။
“အဲ့ဒီလို မပြောပါနဲ့၊ မန်နင်က လက်ရှိအခြေအနေကို လက်မခံနိုင်သေးတာပါ၊ မန်နင်က လူကောင်းတစ်ယောက်ပါ”
ကောင်မလေးနှစ်ယောက်က အော်ရယ်ကြသည်။
နင်မုန့်။ “…”
နင်ပြောတာလည်း တူတူပဲမဟုတ်ဘူးလား။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
ကံကောင်းစွာဖြင့် သူမက တိတ်ဆိတ်နေသောကြောင့် အချိန်အတန်ကြာ စကားဆက်ပြောနေပြီးသည့်နောက် မျက်ရည်အပြည့်နှင့်အတူ ထွက်သွားပြီး ခပ်ဝေးဝေးနေရာသို့ သွားထိုင်လိုက်သည်။
ထိုအခါမှပင် နင်မုန့်က ပြုံးနိုင်တော့သည်။
နောက်မှမိန်းကလေးနှစ်ယောက်က သူမကို စိုက်ကြည့်နေပြီးမှသာ အကြောင်းအရာ ပြောင်းကြပြီး သူတို့အကြောင်း သူတို့ဆက်ပြောနေခဲ့ကြသည်။ သူတို့၏ အသံကမတိုးချေ။
“ဘာလို့ဆရာက မလာသေးတာလဲ၊ သူက အခြားလူရဲ့ အချိန်ကို ခိုးချင်လွန်းလို့ စောစောလာတတ်တာပါ”
“သူ တစ်ခုခုကြောင့် ကြာနေတာ ဖြစ်မှာပေါ့၊ သူ့ရဲ့ အကျင့်နဲ့ဆိုရင် သေချာပေါက် မနောက်ကျလောက်ဘူး”
“ငါ ကြားထားတဲ့အတိုင်းဆိုရင် ဆရာက ငါတို့ထက် နှစ်နည်းနည်းလောက်ပဲ ပိုအသက်ကြီးတဲ့ သင်ကြားရေး လက်ထောက်တစ်ယောက် ငှားထားတယ်တဲ့၊ အဲ့ဒီတစ်ယောက်က ချောတယ်ဆိုပဲ၊ တကယ်ဟုတ်မဟုတ် ငါလည်းသိချင်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို မမြင်ဖူးဘူး မဟုတ်လား၊ သူ့နာမည် ဘာ ဪ ပါးစပ်ဖျားလေးတင် ငါ မေ့နေပြီ”
“ဒီနှစ်မှာ အဲ့ဒီလောက်ချောတဲ့သူက ဘယ်ရှိနိုင်ပါ့မလဲ၊ သူတို့ပြောကြတာတော့ ရူပဗေဒဌာနက အဲ့ဒီကျောင်းသားက အချောဆုံးတဲ့လေ၊ ပေါက်ကရတွေ၊ အ‌ချောဆုံးကောင်လေးတွေဆိုတာက တကယ်မရှိဘူး”
သို့ရာတွင် ထိုမျှတခဏတွင် တံခါးက ပွင့်သွားမည်ဟု မထင်ထားမိကြချေ။
ဝင်လာသော သူက အရပ်ရှည်သည်။ သူ၏ သဏ္ဍာန်က ကိုယ်ဟန်မတ်သည်။ သူက လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ သန့်ရှင်းသပ်ရပ်ဟန် ရသလို ထူးခြားသော လေထုအခြေအနေကိုလည်း ထုတ်လွှတ်နေခြင်း မရှိချေ။ သူ၏ အစိမ်းရောင်မျက်ဝန်းများက ဖန်သားလိုမျိုး တလက်လက် တောက်ပနေသည်။ သို့ရာတွင် သိုဝှက်စွာ ဖုံးကွယ်ထားသော ဖော်ပြရန် ခက်ခဲသည့် ခံစားချက်မျိုးကလည်း ရှိနေသည်။
မျက်နှာကျက်မှ မီးက အလွန်ထိန်လင်းနေပြီး သူ၏ မျက်နှာပေါ် ဖြာကျသွားသည်။ မူလက သူ၏ အမူအရာမဲ့မျက်နှာကြောင့် ပုံပန်းသွင်ပြင်က အနည်းငယ် ထိုင်းမှိုင်းသည်ဟု ခံစားခဲ့ရရာမှ ရုတ်တရက် ဖြောင့်မတ်သွားပြီး တောက်ပလွန်းသွားသလို ထင်ရစေသည်။ မူလဆရာကမူ စည်းကမ်းအလွန်တင်းကြပ်သော သူတို့၏ ပါမောက္ခဟောင်းဖြစ်သည်။
အခုလေးတင် ဝင်လာသော လူနှင့်ယှဉ်သော် တစ်တန်းလုံးရှိ လူတစ်ရာလုံး၏ အကြည့်က သူ့ထံရောက်လာလောက်အောင် သူက ဆွဲဆောင်မှု ပြည့်နေသည်။
အခြားသော ဌာနမှ ကျောင်းသားများ၏ အရေအတွက်က လက်ချောင်းရေလျှင်ပင် ဆယ်ယောက်ကျော်မျှသာ ရှိလောက်သည်။
သို့ရာတွင် ထိုကျောင်းသားများက အရှေ့ရှိလူလိုမျိုး သူတို့၏ နှလုံးသားကြိုးမျှင်များကို မဆွဲသွားနိုင်ချေ။ တစ်ဖက်လူ၏ ရုတ်တရက် ဝင်ရောက်လာသော ပုံစံကပင် လူတိုင်း၏ စိတ်ထဲတွင် စွဲသွားပြီဖြစ်သည်။
ကျောင်းသားများကမူ ပိုင်နက်ကျူးကျော်ခံရသလို ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ထိုအခါမှသာ နောက်ဆုံးတွင် အသိပြန်ဝင်လာကြသော ကောင်မလေးများက သိချင်စိတ် ပြင်းပြစွာဖြင့် သူက မည်သူဖြစ်ကြောင်းကို မေးမြန်းနေကြသည်။
သူက ဆရာအသစ်ဖြစ်လောက်လား။
နင်မုန့်ကမူ ကိုယ့်မျက်နှာကိုယ် ကိုင်လျက်ရေရွတ်လိုက်သည်။
“ဆယ့်ခုနစ်နှစ်ကလည်း ကြည့်ကောင်းတုန်းပဲ”
စီနီယာအထက်တန်းတွင် သူက အလွန်ပင် လှပသယောင်သွားနေသည်။ သို့သော် သူက အရွယ်ရောက်လာလေလေ ပို၍ ကြည့်ကောင်းလာလေလေ ဖြစ်လာသည်။ သို့ရာတွင် ဒီသုံးနှစ်တာ အတောအတွင်း သူက အရပ်ပိုရှည်လာပြီး ရုပ်သွင်ကလည်း ပို၍ သိသာလာကာ လှပလွန်းသော နတ်သူငယ်အလား ထင်ရသည်။
ထိုစကားလုံးဖြင့် သူ့ကို သုံးကာ ဖော်ပြခြင်းက မမှန်ကန်ဟု ထင်ရသည့်တိုင်အောင် ဒါက သူနှင့် လိုက်ဖက်နေသည်။
နောက်မှ ကောင်မလေးတစ်ယောက်က ပြောသည်။
“ဒါက ငါတို့ရဲ့ ဆရာအသစ်လား၊ သူက ဘယ်သူလဲ”
သူမဘေးရှိလူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ သူ့ကို ဘာလို့မြင်ဖူးတယ်လို့ ခံစားနေရတာလဲ၊ သူက ဆရာ့ရဲ့ … “
ဆရာနှင့် ကျောင်းသားကျောင်းသူများ၏ နေရာက ခွဲခြားထားပြီး ကျောင်းသူကျောင်းသားသစ်များက ဆရာများရှိရာဘက်ခြမ်းသို့လည်း မသွားတတ်ကြလေရာ ပေါင်းသင်းဆက်ဆံမှုက နည်းပါးသဖြင့် သူမ ကိုယ်တိုင်ကလည်း မသေချာချေ။
ရှီချီက စင်မြင့်ပေါ်တွင် ရပ်နေပြီဖြစ်သည်။ စာအုပ်ကို ချပြီးသွားလေပြီ။ သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးနောက် သူ၏အကြည့်က ကျောင်းသူ ကျောင်းသားများထံ ရောက်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်က ရှေ့ဆုံးတန်းထံတွင် မြဲမြံသွားသည်။
အချိန်အတန်ကြာမှသာ သူက အကြည့်လွှဲလိုက်နိုင်သည်။ စာအုပ်ကို လှန်ဖွင့်ပြီး ပြောလိုက်သည်။
“ပါမောက္ခဝမ်က လုပ်ရမယ့် ကိစ္စရှိနေလို့ ကျွန်တော်ကပဲ သူ့အတန်းကို အစားထိုးဝင်မှာပါ”
နင်မုန့်က မျက်တောင်တစ်ချက် ခတ်သည်။
သူမက မြေးဖြစ်သူ၏ အတန်းတွင် ဝင်ရောက်နားထောင်ရသော ရက်မျိုးရှိလာမည်ဟု မျှော်လင့်ထားဖူးသည်။
ဒီလိုဆရာမျိုးနဲ့ဆိုရင် ကျောင်းသူကျောင်းသားတိုင်းရဲ့ အကြည့်တွေက သူ့ရဲ့ မျက်နှာမှာ ကပ်နေတော့မှာပဲ။
သူမ၏ နောက်တွင် ထိုင်နေသော ကောင်မလေးများကလည်း အလားတူစွာပင် ဖြစ်သည်။
နင်မုန့်က ရှေ့တန်းတွင် တစ်ယောက်တည်းထိုင်ပြီး ဘယ်နှင့် ညာခုံများက ရှင်းနေသည်။ ထို့ကြောင့် သူမက တိုက်ရိုက်ကြီး ကြောင်တောင်တောင် စိုက်မကြည့်ရဲခဲ့ချေ။ ဒါက ရှက်စရာကောင်းသည်။
“ဆရာ ဆရာ့ရဲ့ နာမည်က ဘယ်လိုခေါ်လဲ”
အတန်း၏ အနောက်မှ ကျောင်းသူတစ်ယောက်က ထမေးသည်။
“ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ”
နင်မုန့်ကလည်း အသံပိုင်ရှင်ကို သိလိုက်သည်။ ဒါက သူမ၏ နောက်ခံအကြောင်း ပြောလျှင် လည်ချောင်းကွဲထွက်အောင် အော်ချင်သော လီကျောင်းဖြစ်သည်။
ရှီချီက သူမကို တစ်ချက်ပင် မကြည့်ဘဲ ပြောသည်။
“စာမျက်နှာနံပါတ် ၃၉”
လီကျောင်းက သူမ၏ နေရာတွင် တစ်ယောက်ထဲ မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အရယ်ခံလိုက်ရသည်။ သူမမျက်နှာက နီရဲသွားပြီး ချက်ချင်းလိုလို ထိုင်ကာ အေးစက်စွာ နှာခေါင်းရှုံ့သည်။

“ငါ သိပြီ၊ သူက ရှီချီပဲ၊ ဝိုး နာမည်ကတင် နားထောင်ကောင်းလိုက်တာ၊ သူက ပါမောက္ခဝမ်ရဲ့ သင်ကြားရေးလက်ထောက်လေ၊ အသက် ၂၁နှစ်၊ single “
“သူ့မှာ WeChat ရှိလား”
“မရှိဘူး၊ ငါ့ သူငယ်ချင်းတစ်ယောက် ပြောတာတော့ သူက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အရမ်းကာကွယ်တတ်တာတဲ့၊ စီနီယာအစ်မ ပြောတဲ့အတိုင်းဆိုရင် သူ့မှာ အရင်အတန်းဖော်ရှိပေမယ့် WeChat မရှိဘူးတဲ့၊ ဒါကြောင့် WeChat ကနေ ဆက်သွယ်လို့ မရနိုင်ဘူးတဲ့”
Single အရမ်း ကောင်းတယ်။ အရမ်းကောင်းတယ်။
ချောင်းနား‌‌ထောင်နေသော နင်မုန့်ကမူ အမေတစ်ယောက်လိုအပြုံးဖြင့် ပြုံးလိုက်သည်။
သူ့ကို အခု ကြည့်ရတာ စာကို ကောင်းကောင်း လေ့လာပြီး နေ့တိုင်းတိုးတက်အောင် လုပ်ဆိုတဲ့ သူမရဲ့ အရင်စကားတွေကို စိတ်မပျက်စေဘူးပဲ။ ကြည့်ရတာ ဒါ ကောင်းကောင်း အလုပ်လုပ်တဲ့ပုံပဲ။
WeChat လို အရာမျိုးကိုတောင် ကောင်းကောင်း ကာကွယ်ထားသေးတယ်။
ထိုအတန်းက အင်္ဂလိပ်စာအတန်းဖြစ်ပြီး အတန်းက နောက်ခံ သို့မဟုတ် အသိုင်းအဝိုင်းကောင်းများ အကြောင်းနှင့် အချို့သော အလုပ်နှင့်ပတ်သက်ဆက်နွယ်သော အကြောင်းအရာများ၊ လူများအကြောင်းကို လေ့လာရပြီး တစ်တန်းလုံးကို အင်္ဂလိပ်ဘာသာဖြင့် ပြောရသည်။
ရှီချီက အလွန်လျင်မြန်စွာ ပြောနေခြင်းမဟုတ်သည့်တိုင်အောင် ကျောင်းသားကျောင်းသူအသစ်များအတွက်မူ လိုက်မီရန် ခက်ခဲသည်။ နင်မုန့်က အချိန်အတန်ကြာ နားထောင်နေသည့်တိုင်အောင် တစ်ကြောင်းနှစ်ကြောင်းခန့်သာ နားလည်လိုက်သည်။
အနောက်မှ ကျောင်းသား ကျောင်းသူများအတွက်ကမူ သူတို့၏နှလုံးသားက အတန်းထဲတွင်ပင် မရှိတော့ချေ။
နင်မုန့်က စင်မြင့်ကို စိုက်ကြည့်နေသည်။ ဆွဲကြိုးချသေခဲ့သော ထိုသရဲက စင်မြင့်ပေါ်သို့ပင် တက်သွားပြီး သူ၏ရှည်ထွက်နေသော လျှာနှင့် ကိုးကွယ်ဆည်းကပ်လိုဟန်အပြည့် မျက်နှာထားနှင့်အတူ သူက အသားကုန်ကြုံးဝါးပြီး မြန်ဆန်သော အရှိန်နှုန်းထားဖြင့် လိုက်ကူးရေးနေသည်။
အရှေ့ဆုံးတန်းတွင် ထိုင်နေသည့် သူများက သူ၏ မှတ်စုစာအုပ်ထဲမှ အပြည့်ရှိနေသည့် ကာရိုက်တာများကိုပင် မြင်နိုင်နေသည်။
သူမက သူက ဘာကိုရေးနေကြောင်း နားမလည်နိုင်သည့်တိုင်အောင် ပညာတတ်တစ်ယောက်ဟုပင် ထင်ရသည်။ သူ၏ ရှည်လျားသော လျှာကပင် စကားလုံးများကို ပြန်လိုက်ရွတ်ကြည့်နေသေးသည်။
သူမက ရှီချီကို ပြန်ကြည့်လိုက်သောအခါ သတိလက်လွတ်သူနှင့် အကြည့်ချင်း ဆုံသွားသည်။
နင်မုန့်၏ နှလုံးသားက အောက်သို့ ပြုတ်ကျသွားမတတ်ပင် ဖြစ်သွားသည်။
သူမက ခပ်မြန်မြန် အကြည့်လွှဲလိုက်ပြီး သူမ၏ နှလုံးခုန်နှုန်းကလည်း မြန်ဆန်သွားသည်။ သူမ စိုက်ကြည့်ခံနေရသည်ဟု ခံစားနေရသည်။ သို့သော် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှီချီက သူမကို ကြည့်မနေတော့ချေ။
နင်မုန့်။ “…”
ငါ အတွေးလွန်တာပဲနေမှာပါ။
လက်ရှိအချိန်တွင် သူမက မန်နင်၏ သာမန်ရုပ်ရည်သာရှိသော ပုံပန်းသွင်ပြင်ကိုသာ ပိုင်ဆိုင်ထားပြီး သူက သူမကို မမှတ်မိနိုင်လောက်ချေ။ ယခင်ကလည်း သူက သူမကို မမှတ်မိခဲ့ချေ။ မည်သို့ပင်ဆိုစေ အနည်းနှင့်အများသူနှင့် တွေ့ခဲ့လောက်ပေသည်။
ထိုအတွေးကြောင့် သူမက အာရုံများကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး တက်တက်ကြွကြွသာ နားထောင်နေလိုက်သည်။
ရှီချီ၏ အသံက အလွန်နားထောင်ကောင်းသည်။ ရေခဲပြင်ပေါ် တောင်ပေါ်မှ နွေဦးစမ်းရေက ကျဆင်းလာသလို ကြည်လင်နေသော်လည်း အေးစက်သည်။ သို့သော် အနည်းငယ် ကြမ်းတမ်းပြီး ပဲ့တင်သံ ပါနေသလိုမျိုး ထူးခြားသော ဆွဲဆောင်မှုရှိနေသည်။
နင်မုန့်က သူ၏အသံကို နားထောင်ရင်း စိတ်လှုပ်ရှားလာရသည်။ တစ်တန်းလုံးနီးပါးကလည်း ပျော်ရွှင်နေကြသည်။ သူက အတန်းတွင်း အခြားစကားများလည်း မပြောချေ။ ရှင်းပြသော စကားအနည်းငယ်ကိုသာ သုံးသည်။
သို့ရာတွင် သူမကလည်း တဖြည်းဖြည်းချင်း နားထောင်ရင်း မှင်တက်သွားရသည်။
ရှီချီက ပထမတစ်မျက်နှာကို လှန်လိုက်ပြီး ရှေ့တန်းသို့ သတိလက်လွတ် ကြည့်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း မျက်ဝန်းနက်တစ်စုံကို မြင်လိုက်ရသဖြင့် သူ၏ မျက်ဝန်းများက အလိုအလျောက် မည်းမှောင်သွားသည်။ သူက အကြည့်ကို ပြန်ရုတ်ပြီး တိတ်တဆိတ် အချိတ်အဆက်ကို ယှဉ်ပြလာရန် ပြောလိုက်သည်။
“သူတို့ရဲ့ မေးခွန်းကို ကျောင်းသူကျောင်းသားတစ်ယောက်များ ဖြေနိုင်မလား”
သူ၏ အရှေ့ရှိလူများက ဆက်တိုက်ပင် လက်ကို အသားကုန်ထောင်ကြသည်။
တစ်တန်းလုံးရှိ ၉၉ ရာခိုင်နှုန်းခန့်က လက်ထောင်လာကြပြီး စိတ်အခြေအနေ မကောင်းသော ကျောင်းသားများကသာ ကျန်ရစ်ခဲ့သည်။
အလားတူ ပထမဦးဆုံးတန်းတွင် မှင်တက်နေသော နင်မုန့်ကလည်း လက်မထောင်လာခဲ့ချေ။
နင်မုန့်က စင်မြင့်ဘေးရှိ စာကြမ်းပိုးသရဲက လက်ကို မြှောက်ပြီး စိတ်လှုပ်ရှားနေသဖြင့် သူ၏ လျှာကို ပြန်သိမ်းသွားကာ တဆတ်ဆတ် တုန်ယင်နေကြောင်းကို မြင်လိုက်ရသည်။
ဒီမြင်ကွင်းက ရယ်ရတယ်။
ရှီချီ၏အကြည့်က နင်မုန့်ထံ စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားပြီးနောက် နာမည်ခေါ်လိုက်သည်။
“မန်နင် ထပြီး ဒီမေးခွန်းကို ဖြေပါ”
သူ၏ အသံထွက်လာသည်နှင့် ဆွဲကြိုးချသေသော သရဲက လျင်မြန်စွာဖြင့် ပထမတန်းဘေးစားပွဲနားသို့ ရောက်လာပြီး သားကောင်ကို ချောင်းသော ကျားတစ်ကောင်လို ချောင်းကြည့်လာသည်။
နင်မုန့်။ “…”
ငါ ကြောက်လွန်းလို့ သေတော့မယ်။
သူမက သတိလက်လွတ် သူ၏ အကြည့်မှရှောင်ရန် ဘေးဘက်သို့ ရွှေ့လိုက်သောအခါ အနောက်ဘက်မှ ထိုးဖောက်လုမတတ် အကြည့်များကိုလည်း ခံစားလိုက်ရသည်။
သူမ၏ အနောက်မှ ကျောင်းသူတစ်ယောက်က ခါးသီးစွာ ပြောသည်။
“မြန်မြန် ထပြီး မေးခွန်းကို ဖြေလေ”
သူမက လက်ရှိအချိန်တွင် အလွန်မနာလိုဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
နင်မုန့်က အသိပြန်ဝင်လာသည့်အချိန်တွင် စင်မြင့်ပေါ်မှ သူမကို မျက်နှာသေဖြင့် ကြည့်နေသော ရှီချီကို မြင်လိုက်ရသည်။ ရှင်းလင်းစွာဖြင့်ပင် သူက ဒေါသထွက်နေလေပြီ။
သူမက ခပ်မြန်မြန် ထရပ်ပြီး ရှက်ရွံ့စွာ မေးလိုက်သည်။
“ဘာမေးခွန်းလဲ”
ရှီချီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားသည်။ သို့ရာတွင် ထိုသို့ ကော့တက်သွားခြင်းက သိသိသာသာပင် မထင်ရှားလာခဲ့ချေ။ သူက ဖြည်းညင်းစွာဖြင့် Blackboard ပေါ်မှ ကာရိုက်တာများကို ညွှန်ပြပြီးနောက် ပြောသည်။
“ဒါ”
နင်မုန့်က ကြည့်လိုက်ပြီးနောက် ရိုးသားစွာ ဖြေသည်။
“ကျွန်မ မသိဘူး”
သူမက အတန်းကိုလည်း နားထောင်မနေခဲ့ချေ။ ဒါကို ဘယ်လိုသိမှာလဲ။
အခုကစပြီး ငါ ဘယ်တော့မှ ရှေ့ဆုံးတန်းမှာ မထိုင်တော့ဘူး။ ငါသာ နည်းနည်းလောက် စောစောလာခဲ့မယ်ဆိုရင် သေချာပေါက် နောက်ဆုံးတန်းမှာ ထိုင်ရမှာ ဟာ ဟုတ်တယ် အဲ့ဒီအတိုင်း ဆုံးဖြတ်လိုက်ပြီ။
သူမ၏ မျက်နှာလေးက နီရဲသွားပြီး ချစ်စရာကောင်းကာ သနားစဖွယ်ဖြစ်သွားကြောင်း မြင်သွားသောအခါ ရှီချီက ပြောလိုက်သည်။ သူ၏ အသံက အနည်းငယ် ဩရှနေလေသည်။
“ဒီလိုဆိုမှတော့ ဆက်ပြီး ရပ်နေလိုက်”
နင်မုန့်။ “…”
ငါ ကန်းနေတာ။ သူ့ကို အထင်မှားသွားတာပဲ။
သူက ငါပျိုး‌ထောင်ခဲ့တဲ့ ဉာဏ်ကောင်း ချစ်စရာကောင်းပြီး သိတတ်တဲ့ မြေးမဟုတ်ဘူး။
ရှီချီ၏ မျက်ဝန်းက အစိမ်းရောင်ထဲတွင် အလင်းရောင် လက်နေသလို ထင်ရသည်။ တောအုပ်ထဲတွင် ရှိသည့် ပိုးစုန်းကြူးလေးများက အသက်ဝင်လာသလိုမျိုး တောက်ပနေသည်။
သူ၏ နှုတ်ခမ်းထောင့်မှ ကော့တက်နေသော အတွန့်ကလည်း ပြန်အောက်ကျသွားပြီး ပြောလိုက်သည်။
“နောက်တစ်တန်းမစခင် ကျွန်တော့်ကို အဖြေပြန်ပေးရမယ်”
နင်မုန့်က သူမ၏ မြေးဖြစ်သူက မည်သို့ ကြီးပြင်းလာကြောင်း စိတ်ထဲတွင် ဆက်တိုက် ကျိန်ဆဲနေခြင်း ဖြစ်သည်။ သို့သော် ထိုစကားများကို ကြားသောအခါ သတိလက်လွတ်ဖြေလိုက်သည်။
“ကျွန်မ မသိဘူး”
တစ်တန်းလုံံးက အပ်ကျသံပင် မကြား‌လောက်အောင် တိတ်ဆိတ်သွားသည်။ မိန်းကလေးအချို့က စပြောလာကြသည်။
“ဆရာ ကျွန်မအဖြေသိတယ်၊ ကျွန်မ ဆရာ့ဆီ ကိုယ်တိုင် လာပို့နိုင်ပါတယ်၊ ဆရာ့နံပါတ်ပေးနိုင်မလား”
“ဟုတ်တယ် ဟုတ်တယ်၊ သူမက တော်တော်တုံးတာ၊ စီနီယာ ကျွန်မလည်း အဖြေသိတယ်၊ စီနီယာ့ရဲ့ WeChat လေး ပေးပါလား၊ ကျွန်မ ပို့ပေးမယ်လေ၊ အခုချက်ချင်း ပို့ပေးနိုင်ပါတယ်”
တစ်တန်းလုံးက ချက်ချင်းလိုလို ဆူညံသွားသည်။
အတန်းဆုံးကြောင်း ခေါင်းလောင်းသံက ထိုအခါတွင် တိတ်ဆိတ်စွာ ထွက်လာသည်။ အပြင်ဘက်တွင်လည်း ခြေသံများကို ကြားလိုက်ရသည်။
နင်မုန့်ကလည်း ထိုအခါတွင် အသိပြန်ဝင်လာပြီး ထိုအရှက်ကင်းမဲ့သော မိန်းကလေးများက ရှီချီ၏ ဖုန်းနံပါတ်နှင့် WeChat ကို ရသွားခဲ့ခြင်းကို ခွင့်မပြုနိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုမိန်းကလေးများ၏ စရိုက်များက ပုတ်သိုးနေလောက်သည်။
သူမက အလျင်အမြန် ခပ်တိုးတိုး လေသံမျိုးဖြင့် ပြောလိုက်သည်။
“ကျွန်မ အဖြေဘယ်လိုပေးရမှာလဲ၊ ကျွန်မမှာ ဆရာရဲ့ ဖုန်းနံပါတ်မှမရှိတာ”
ရှီချီက ထိုဆူညံသံများ၏ သက်ရောက် မခံရသလိုမျိုး စာအုပ်ကို ပိတ်လိုက်သည်။
သူက နင်မုန့်ကို ကြည့်ပြီးနောက် သူ၏ အကြည့်က လေးနက်သွားသည်။ ရုတ်တရက် သူ့တွင် အကြံတစ်ခုရလာပြီး စကားကို ပြောင်းလိုက်သည်။
“မင်းမှာ မရှိဘူးလား”
မင်းမှာမရှိဘူး ဟုတ်လား။
တစ်တန်းလုံးရှိလူများက တိတ်ဆိတ်သွားတော့သည်။
နင်မုန့်။ “…”
ငါ့မှာရှိတယ်။ ငါ ရှီချီရဲ့ နံပါတ်ရော WeChat ရော သိတာပဲ။
ဒါပေမယ့် အဲ့ဒါ နင်နင်ရဲ့ နောက်ခံနဲ့လေ။
ဒါမှမဟုတ် သူဆိုလိုတာက …
မန်နင်က အရင်က ရှီချီနဲ့ လျှို့ဝှက်ဆက်သွယ်ထားတာမျိုး ရှိလို့လား။ ဒါဆိုရင် ဘာလို့ မှတ်ဉာဏ်ထဲမှာ မတွေ့ရတာလဲ။
နင်မုန့်က အတန်ငယ်ဖိအားများသွားပြီး သူ့ကို ခိုးကြည့်လိုက်သည်။

ဟမ့်။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ


စာရေးသူမှာ ပြောစရာရှိပါတယ်။
နင်မုန့်.. ငါ့ကလေးက ကြီးလာပြီ။ ခံစားချက်ဆိုးလိုက်တာ။
ဆယ့်ခုနစ်ကနေ အခု စာတောင်သင်နေပြီ။
သူက အခြားလူအစားထိုး သင်တာပဲဆိုပေမယ့်လည်း ဒါက ဒီဆရာရဲ့အစားဆိုတော့ ဇာတ်ကြောင်းက အများကြီးပါသေးမှာ မဟုတ်ဘူး။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset