RENH အပိုင်း ၄၂

အပိုင်း(၄၂) စက္ကူအရုပ်နှစ်ရုပ်ပေးမယ်။

ကျောင်းတက်ပြီး နောက်တစ်ရက်တွင် နင်မုန့်က အရိပ်ပြဇာတ် အဖွဲ့မှပိန်ပိန်ပါးပါး လူငယ်ကို ကျောင်းဂိတ်ဝတွင် တွေ့လိုက်ရသည် သူမကိုတွေ့သောအခါ ထိုလူငယ်၏ မျက်ဝန်းက တောက်ပသွားသည်။

“မင်္ဂလာပါ ကျေးဇူးတင်ပါတယ်”

သူ၏စကားကို ကြားသောအခါ နင်မုန့်က နောက်လှည့်ကြည့်လိုက်ပြီး ရှီချီကလည်း သူမ၏အနောက်တွင် အသံမပေးဘဲ တိတ်တိတ်လေး ရောက်လာကြောင်း တွေ့လိုက်ရသည်။

ရှီချီကခေါင်းကို ငုံ့ပြီးနောက် အသံကိုနှိမ့်ချကာ ပြောသည်။

“မင်းက အသေးစိတ် အကြောင်းပြချက်ကို မသိချင်ဘူးလား သူ့ရဲ့အနောက်ကို လိုက်သွားရအောင်”

နင်မုန့်က အသံတိုးတိုးဖြင့် ပြန်မေးသည်။

“ငါတို့အန္တရာယ်တော့ မရှိနိုင်ဘူး မဟုတ်လား”

သူမက အရိပ်ပြဇာတ်အဖွဲ့နှင့် ထိုလူများ၏ ပတ်သက်မှုကြားက ဆက်ဆံရေးကို သိချင်စိတ် ပြင်းပြနေသည်။

“ဒီလူတွေက စက္ကူရုပ်တွေကို အသက်ဝင်လာအောင် ဘယ်လိုလုပ်တာလဲ”

သူတို့က လူရဲ့စိတ်ဝိညာဉ်ကို ဘာလို့ယူသွားနိုင်တာလဲ။

သို့သော် အကြောင်းပြချက်ကို သိရခြင်းထက် လုံခြုံရေးက ပို၍အရေးကြီးသည်။ သူမကလဲ အရူးမဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် တွင်းထဲကျသွားစေမည့် ကိစ္စမျိုးကို လုပ်လိမ့်မည်မဟုတ်ချေ။

ရှီချီကမျက်ခုံးပင့်ပြီး ခေါင်းကိုပေါ့ပါးစွာ ခါသည်။

တစ်ဖက်ကပိန်ပါးသော လူငယ်လေးကလဲ ငြင်းဆန်သောအနေထားဖြင့် ခေါင်းကိုအလျှင်စလို ခါပြီးပြောပြလာသည်။

“ငါ.ငါမင်းတို့အပေါ်ဒုက္ခမပေးပါဘူး တစ်ကယ်ပါ မင်းတို့ကငါနဲ့ ငါ့ရဲ့အဖိုးကို ကယ်တင်ခဲ့တာဘဲ”

ထိုသို့ပြောပြီးနောက် လူသုံးယောက်က ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသောကဖေးဆိုင်သို့ သွားကြသည် အတွင်းတွင် လူအနည်းသာလျှင် ရှိနေပြီး ပို၍လုံခြုံ စိတ်ချလိုလျှင် သီးသန့်ခန်းများလည်း ရှာပေးလို့ရသည် သူ့အနေဖြင့် ဒီလိုနေရာမျိုးကို လာရခြင်းဖြစ်လေရာ လူငယ်လေးက သတိကြီးကြီး ထားလေသည်။

တစ်ခဏခန့် စောင့်ဆိုင်ပြီးနောက် သူက လေသံတိုးတိုးဖြင့် ပြောသည်။

“တွေ့ရတာဝမ်းသာပါတယ် ငါ့ရဲ့နာမည်က ဝမ်းရှန်းပါ အဲ့ဒီလူအိုကြီးကတော့ ငါ့ရဲအဖိုးပါ”

နင်မုန့်ကလဲ ထိုလူအိုကြီးက ထူးခြားကြောင်း သူမကမြင်ကတည်းက သာမန်မဟုတ်နိုင်ကြောင်း သိခဲ့ပြီးသား ဖြစ်သည်သို့ရာတွင် ဒီလိုတိုင်းပြည်ကြီးတွင် ဒီလိုတိကျသော စွမ်းရည်ရှိသော လူမျိုးကို ရှာတွေ့နိုင်ခြင်းက ပုံမှန်ဖြစ်ပြန်သည်။

သူမက တစ်ခဏခန့် တွေးတောပြီးနောက် မေးလိုက်သည်။

“ဘာလို့ နင်တို့က ဒီလူတွေကို စက္ကူအရုပ်တွေ လုပ်ပေးဖို့ ကူညီတာလဲ သူတို့ကိုလူတွေကို ဒုက္ခပေးအောင်တောင် ကူညီပေးခဲ့သေးတယ်”

သူမကထိုမေးခွန်းကို ထိုနေကတည်းက မေးချင်ခဲ့ခြင်းဖြစ်သည်။

ထိုလူနည်းစု၏ စကားပြောခန်းကို ခန့်မှန်းရုံမျှဖြင့် ဒီနှစ်ယောက်က ထိုလူများ၏ ခြိမ်းခြောက်ခံခဲ့ရပြီး သူတို့အမိန့်တိုင်း စက္ကူရုပ်များကို လုပ်ပေးရခြင်း ဖြစ်သည် ဒီနည်းအားဖြင့် လူတွေ၏စိတ်ဝိညာဉ်ကို ယူဆောင်ကာ အမိန့်ပေးနိုင်ခြင်း ဖြစ်သည်။

သူတို့က အချင်းချင်းမသိဟု ဆိုလျှင်ထူဆန်းရာ ကျပေလိမ့်မည် ထိုသို့ဆိုလျှင် သူတို့ကပါဝင် ပတ်သက်နေစရာ အကြောင်းမရှိချေ။

ပို၍ဆိုးသည်မှာ ထိုကဲသို့သော စွမ်းရည်မျိုးက လျှို့ဝှက်ထားသင့်လေရာ အခြားလူများက သိသွားရန်မဖြစ်နိုင်ချေ။

ဝမ်ရှန်းက ထိုစကားကို ကြားသောအခါ မျက်နှာကချက်ချင်း ဖြူဖျော့သွားပြီး ပြောလိုက်သည်။

“ဒါတွေအားလုံးက ငါ့ရဲ့အမှားပါ အားလုံးကငါ့ရဲ့ အမှားပါဘဲ ငါအဖိုးကို ဒုက္ခရောက်စေခဲ့တာ”

သူအနေနှင့် စိတ်ငြိမ်အောင် အချိန်အတန်ကြာ ယူရသည် ထို့နောက်မှသာ ဖြစ်ကြောင်းကုန်စင်ကို အသံတိုးတိုးနှင့် ပြောပြလာသည် သူနှင့်သူ၏အဖိုးက ရွာငယ်လေးမှ လာခြင်းဖြစ်သည် ရွာကမကြီးမားသလို အိမ်ထောင်စု (၁၀)ကျော်ခန့်သာလျှင် ရှိနိုင်ပြီး သဘာဝကပ်ဘေးကို ရှင်သန်းရန်မနည်း ရုန်းကန်နေရခြင်းလည်း ဖြစ်သည်။

ထိုရွာကမူ အရိပ်ရုပ်သေးရုပ်များ ပြုလုပ်ရာတွင် ကျွမ်းကျင်ကြပြီး အိမ်ထောင်စုတိုင်းတွင်လည်း ရုပ်သေးရုပ်များကို ထိန်းချုပ်ပြနိုင်ကြသလို ဖျော်ဖြေမှုလဲ လုပ်ဖူးကြသည် ထိုရွာက မြို့ပေါ်တက်၍ ထိုသို့ပြပွဲများကို လုပ်လေ့ရှိကြသည် ဖြစ်ပြီးတစ်ခါတစ်ရံတွင် ခရီးသွားမျာက ဖြတ်သွားတတ်သည် သို့သော်အရေအတွက်က အလွန်းနည်းလွန်းသဖြင့် သူတို့ကဆင်းရဲလွန်းကြလေသည်။

အရိပ်ရုပ်သေးရုပ်များက စက္ကူဖြင့်လုပ်ခြင်း မဟုတ်ချေ သို့သော်ထိုရွာက ဆင်းရဲလွန်းလှသဖြင့် ဈေးပေါသော စက္ကူကိုသာသုံးပြီး လုပ်ခြင်းအားဖြင့် အချိန်ကိုကျော်လွှာ နေရခြင်းဖြစ်သည် သူ၏အဖိုးက ထူးခြားသောစွမ်းရည် ရှိသည်သူဟာအရုပ်များတွင် မျက်လုံးများ ဆွဲလိုက်သည်နှင့် ထိုအရုပ်များက အသက်ဝင်လာတတ်သည် သူကအမြဲတစ်စေ ထိုစွမ်းရည်ကို ထိန်းသိမ်းထားသဖြင့် ရွာကလူများကလဲ မသိကြချေ။

ထိုစွမ်းရည်နှင့်ဆိုလျှင် သူတို့အနေနှင့် ကိုယ့်ကိုယ်ကိုယ်မထောက်ပံ့နိုင်တဲ့ ညအခါအရုပ်များတွင် မျက်လုံးများဆွဲလိုက်ခြင်းဖြင့် ထိုအရုပ်များက သူတို့၏အမိန့်တိုင်း လိုက်လုပ်ပေးလိမ့်မည်ဖြစ်သည်။

ရွာနှင့်သိပ်မဝေးသော နေရာတွင် တိရိစာ္ဆန်များစွာ ရှိသော တောင်တန်းတစ်ခု ရှိသည် ထိုစက္ကူရုပ်များက ယုန်ကဲ့သို့သော တိရိစာ္ဆန်ငယ်လေးများကို ဖမ်းလာပေးပြီး သူတို့ထံပြန်လာပေးလေ့ရှိသည်။

ထိုသို့သောနည်းဖြင့် သူတို့ကအသားကို ရနိုင်သည် အလွန်ဝေးကွားသော ဈေးသို့သွားကာ ရောင်းချခြင်းဖြင့် ရုပ်သေးရုပ်များကို လုပ်ရန်ပစ္စည်းများကို ဝယ်နိုင်သည် ထိုထဲတွင် စက္ကူများလဲ ပါသည်။

ထိုရုပ်သေးရုပ်များက ယုန်တစ်ကောင်ကို ဖမ်းပေးနေတတ်သည် တစ်ခါတစ်ရံတွင်မူ နှစ်ကောင်ခန့် ရလာတတ်သည် ထိုသို့ဆိုလျှင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

သံသယမဝင်လာစေရန် အလို့ငှာစက္ကူအရုပ်များကို လွှတ်ပြီးယုန်များကို ဖမ်းခိုင်းလာသည့် အချိန်ကအလွန် ကြာညောင်းတတ်လေ့ရှိသည်။

သူတို့၏ရွာရှိ လူများကလဲ ပုံမှန်အားဖြင့် ညအခါအပြင်ဘက်သို့ မထွက်ကြချေ ထို့ကြောင့်လည်း မည်သူကမှလည်း ထိုသို့သော အခြေအနေကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိချေ ယုန်၏အရင်း အမြစ်တွက်မူကာ သူ၏မြေးဖြစ်သူက ဖမ်လာသည်ဟု ပြောလေ့ရှိခြင်း ဖြစ်သည် သို့သော် ထိုကဲသို့သော ရိုးရှင်းသောဘဝက လွန်ခဲ့သော တစ်လခန့်အထိသာ ခံခဲ့လေသည် လွန်ခဲ့သော တစ်လခန့်က လူထွားကြီးများ အဖွဲ့ကရွာသို့ ရောက်လာပြီး သူတို့ကရူ့ခင်း လာကြည်သည်ဟု ဆိုသည် အဆုံးတွင် သူတို့က သူတို့၏ရွာရှိ အိမ်သို့လာကာ တည်းမည်ဟုဆိုလာသည်။

ထိုလူများက အဖွဲ့လိုက်လာခြင်း ဖြစ်ပြီး သူတို့၏အိမ်တွင် နေပြီးသူတို့၏ ပိုက်ဆံကိုသုံးကာ အကောင်းဆုံးစား အကောင်းဆုံးသောက်ခြင်ကြသည်။

သူကလဲ (၁၅)နှစ်သားသာ ရှိသေးပြီးသူ၏ အဖိုးကလဲ အသက်ကြီးနေလေရာ သူတို့ကိုမောင်းထုတ်၍လည်း မရသဖြင့် တောင့်ခံ၍သာ တက်နိုင်သည်။

သူတို့အိမ်ရှိ စားစရာများက ကုန်သွားပြီးအသားလည်း မရှိတော့ချေ ထိုအချိန်တွင် သူကစက္ကူရုပ်များကို အမိန်ပေးကာ အစာရှာခိုင်းရသည်။

ဝမ်ရှန်း၏အသံက တုန်တုန်ရင်ရင် စဖြစ်လာသည်။

“အဲ့ဒီညက အဖိုးနဲငါက ခြံဝန်းထဲက သေးငယ်တဲ့ အခန်းကျဉ်းလေးထဲမှာ စက္ကူအရုပ်တွေ ဆွဲနေခဲ့တာ ငါတို့ကစက္ကူရုပ်ပေါ်မှာ မျက်လုံးဆွဲလိုက်တော့ အသက်ဝင်လာတယ် အဲ့ဒီအချိန်မှာ ဒီစက္ကူရုပ်တွေကို တောင်နောက်ကို သွားပြီးစားစရာကို သွားဖမ်းခိုင်သည် ဒါပေမဲ့ မမျှော်လင့်ထားတာက သူတို့ထဲက တစ်ယောက်က ဒါကိုမြင်သွားတာဘဲ”

နင်မုန့်ကလဲ သာမန်လူက ထိုသို့သောအခြေအနေမျိုးကို မြင်သောအခါ ကြောက်လန့်သွားပြီး ထွက်ပြေးသွားမည် သို့မဟုတ် ဒီအခြေအနေကို အခွင့်ကောင်းယူချင်လောက်သည် သေချာစွာပင် တစ်ဖက်လူများက နောက်ပိုင်းတစ်ခုကို ရွေးချယ်လိုက်သည်။

ဝမ်ရှန်းက ဆက်ပြောသည်။

“လူတစ်ယောက်က ရှာတွေ့သွားပြီး အားလုံးကိုခေါ်လိုက်တယ် သိပ်မကြာခင်မှာ စက္ကူရုပ်က ထွက်သွားတော့ သူတို့ကအဖိုးကို နောက်ထပ်စက္ကူရုပ် တစ်ရုပ်စီမှာ ထပ်ဆွဲခိုင်းကြတယ် အဲ့ဒီနောက် အသက်ပြန်ဝင်လာတယ်”

သူ၏အဖိုးဖြစ်သူက တစ်ချိန်တွင် စက္ကူရုပ်တစ်ရုပ် သို့မဟုတ် နှစ်ရုပ်ခန့်သာ အများဆုံးဆွဲနိုင်သည် သို့မဟုတ်လျှင် သူ၏စိတ်စွမ်းအားက ခြောက်ကပ်သွားပြီး တစ်နေလုံးအိပ်စက် ရပေလိမ့်မည် ထို့ကြောင့် သူကသူရေးဆွဲသော စက္ကူရုပ်တိုင်းကို တန်ဖိုးထားခြင်း ဖြစ်သည် ထိုနေ့ကသူတို့က ဖိအားသုံးကာ သုံးရုပ်ပင်ဆွဲခိုင်းခဲ့ခြင်း ဖြစ်သဖြင့် နောက်ရက်တစ်နေ့လုံး အိပ်မောကျသွားခဲ့သည်။

သူ၏အဖိုးက နိုးလာသောအခါ သူတို့ကထိုအဖွဲ့၏ ထိန်းချုပ်ခံရပြီးသား ဖြစ်သည် အစပိုင်းတွင် သူတို့ကမရေးဆွဲပေးနိုင်ဟု ခိုင်ခိုင်မာမာ ငြင်းဆန်ခဲ့သည် သူ၏အဖိုးဖြစ်သူကလဲ တစ်ဖက်လူများက ဒီစွမ်းရည်များကို သုံးပြီးမကောင်းသော အရာများလုပ်မည် ဖြစ်ကြောင်းသိခဲ့သည်။

သို့သော်သူတို့က မျော်လင့်ထားသည်မှာ သူ့ကိုပင်သုံးပြီး အဖိုးကို ခြိမ်းခြောက်လာခြင်းဖြစ်သည်။

ဝမ်ရှန်းနှင့် အဖိုးက တစ်ယောက်ကိုတစ်ယောက် မှီခိုကာနေထိုင် လာခဲ့ခြင်းဖြစ်သည် သူ၏အဖိုးကလဲ သူ့ကိုချစ်သည်။

ထိုသို့သောအခြေနေမျိုးတွင် သူတို့ကသူ၏ မြေးဖြစ်သူကို ရိုက်နက်နေသည်ကို ကြည့်မနေနိုင်တော့ချေ (၂)ရက်ခန့် ဒုက္ခရောက်ပြီးနောက် နောက်ဆုံးတွင်သူက သူတို့တွက်အရုပ်များ ဆွဲပေးပါမည်ဟု သဘောတူလိုက်ရသည်။

သို့သော် နေ့တိုင်းသူက ဆွဲနိုင်သောစက္ကူအရုပ်ရေ အရေအတွက်က အလွန်နည်းပါးပြီး အလွယ်တစ်ကူလည်း သေသွားနိုင်သေးလေသည် ထို့ကြောင့်သူတို့၏ ပန်းတိုင်းကိုလုပ်ရန် မဖြစ်နိုင်ချေ ထို့ကြောင့်သူတို့၏အဖွဲ့က သူတို့ကိုစတင် နှိပ်စက်ကာ အခြားသောနည်းလမ်းများကို မေးမြန်းလာသည်။

ဝမ်ရှန်းက မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို ကြည့်ပြီးနှာတစ်ချက် ရှုံ့ကာပြောလိုက်သည်။

“ငါတို့ရဲ့ရွာမှာ ဒဏ္ဍာရီတစ်ခု ရှိတယ်ရှေးရိုးစကားတစ်ခုက ဆင်းသက်လာတယ်လို့ ပြောရမှာဘဲ ပြောကြတာက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို စက္ကူရုပ်ထဲကို ထည့်လိုက်တာနဲ့ အဲ့ဒီလူက သေသွားမှာ အသက်ရှင်သန်ဖို့ ဒုက္ခရောက်မှာတွေကို ကြောက်စရာမလိုဘဲ သူတို့ရဲ့အသက်ကို စက္ကူရုပ်ဖန်တီးတဲ့ လူအတွက်စတေးလိုက်လို့ ရတယ်တဲ့ ငါနဲ့ငါ့အဖိုးက ဒီဆိုရိုးစကားကို မယုံကြည်ပါဘူး ဒါပေမဲ့ဒီလူတွေကတော့ ယုံကြည်ကြတယ်”

ထိုဆိုရိုးစကားက သူတို့၏ရွာလက်ဆင့် ကမ်းလာသည်မှာ ကြာလှချေပြီ သူကလဲထိုဆိုရိုးစကားများကို နားထောင်ခြင်းဖြင့် ကြီးပြင်လာသည် ထို့ကြောင့် ကြားဖူးနာဝ ဖြစ်နေသော်လည်း လက်ခံယုံကြည်ခြင်း မရှိချေ။

ရွာထဲမှ ထိုသို့သော ကစားသည့် ကလေးများပင် ရှိလေသည် သို့သော်မည်သူကမှ အလေးအနက် မထားကြချေ သို့သော် မည်သည့်အချိန်က စတင်ပြီးပြောစမှတ် ရှိလာခဲ့ခြင်း ဆိုကြောင်းကိုမည်သူကမှလဲ မသိကြချေ ထိုလူများက ကြားသောအခါ သူတို့ကအလေးအနက်ထားပြီး ဖြစ်နိုင်သည်ဟု တွေးတောလာကြသည်။

အစပိုင်းတွင် ထိုနည်းလမ်းကို မည်သို့လုပ်ရမည်နည်းဟု တွေးကြသည်။ သူတို့၏အဖိုးကိုလဲ အိမ်ထဲတွင် စက္ကူရုပ်များ ရေးဆွဲခိုင်းပြီး တစ်ခုကို ရေးဆွဲပြီးချိန်တိုင်း သွေးတစ်စက် ချခိုင်းသည် ထိုသွေးကို စက္ကူရုပ်ကို ကျွေးပြီးစတင်ကာ ရေးဆွဲခိုင်းသည် သူတို့က နည်းလမ်းပေါင်းစုံကို အသုံးပြုခိုင်းခဲ့သည်။

အဖိုး၏လက်ရာက အလွန်ပြောင်မြောက်သည်။ ထို့ကြောင့် သူ့ကို ဆက်လက်ပြီး လက်တွေ့စမ်းသပ် နေခဲ့ကြသည်။

နောက်ပိုင်းတွင် သူတို့က နတ်ဘုရားသာသိနိုင်မည့် မည်သည့်နေရာမှ ရလာပြီမှန်း မသိရသော သံစဉ်တစ်ခုကို ရှာတွေ့လာခဲ့ပြီး အဖိုးကို နားထောင်ခိုင်းသည်၊ သူ့ကို ဗုံကိုလည်း တီးခိုင်းခဲ့ရာ နှစ်ခုကို ပေါင်းစပ်ခိုင်းသည်၊ အဆုံးတွင် သူတို့က ညလယ်ခေါင်တွင် သူတို့၏အဖွဲ့ထဲမှ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ယူရန်ဆုံးဖြတ်ခဲ့သည်။

ထိုလူက ထိုအချိန်မှစ၍ သတိလစ်သွားသည်။

နောက်တော့ သူတို့က တောင်ထဲသို့ ပစ်ထည့်လိုက်ကာ ကျားစာကျွေးလိုက်သည်။

လူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော စက္ကူရုပ်က မျက်လုံးဆွဲလိုက်ရုံဖြင့် အသက်ဝင်လာသော စက္ကူရုပ်ထပ် ပို၍အင်အားကြီးသလို အစစ်အမှန် လူနှင့်တူသည်။ ဘာမဆို လုပ်၍ရသလို ရေဖြင့်လည်းမစိုသွားသည့်အပြင် မီးဖြင့်လည်း မလောင်ကျွမ်းနိုင်ချေ။

တစ်ခုတည်းသော ဆိုးရွားသည့်အချက်မှာ စိတ်ဝိညာဉ်ပါသွားသည်နှင့် စက္ကူရုပ်၏ ပုံပန်းသွင်ပြင်က နှုတ်ယူလိုက်သော လူ၏ရုပ်သွင်နှင့် တစ်ထေရာတည်း တူညီသွားခြင်း ဖြစ်သည်။

ရွာတွင်လူအနည်းငယ်သာလျှင် ရှိပြီးအများစုကလဲ လူကြီးပိုင်းများသာ ဖြစ်သည် ထို့ကြောင့်ထိုလူများနှင့်လည်း ကြီးကြီးမားမား အသုံးဝင်နိုင်သည် မရှိသဖြင့် လူပိုများသော မြို့ကြီးသို့တက်ရန် ဆုံးဖြတ်ခဲ့ကြသည် သို့ရာတွင် မြို့ကြီးမှလူများကလဲ အရိပ်ပြဇာတ်များကို ကြည့်ရခြင်းကို သဘောမကျကြချေ မည်သူကမှလည်း သူတို့ကိုမကြည့် ချင်ကြသလို ချည်းကပ်ခွင့်လည်း မပေးခဲ့သဖြင့် သဘာဝအလျှောက် မအောင်မြင်ခဲ့ချေ ထို့ကြောင့်အရိပ်ပြဇာတ် အဖွဲ့သားများက သူတို့ကိုရိုက်၍လည်း မရသဖြင့် ကျိမ်ဆဲကြသည် ထိုအချိန်တွင် ကျောင်းတစ်ကျောင်းက သူတို့၏တံခါးပေါက်ကို လာခေါက်ခဲ့သည် အဖွဲ့ထဲကလူများက နေရာတိုင်းတွင် အရိပ်ပြဇာတ်အကြောင်း ကြေငြာနေသောကြောင့် ဖြစ်လောက်သည် ထိုကျောင်းက မြင်သွားပြီး လာရောက်ခြင်းဖြစ်သည် ထိုသူများကလဲ ကျောင်းတွင်လူများစွာ ရှိကတည်းက ရာထူကြီးပိုင်းများစွာနှင့် ပတ်သက်ဆက်နွယ်ရမည် မဟုတ်မှန်း နားလည်ခဲ့ကြသည်။

အဖိုး၏ ဖျော်ဖြေမူ့က သဘာဝအလျှောက်ပင် ကောင်မွန်းလွန်းလှသည် ဖျော်ဖြေပြီးနောက်တွင် ကျောင်းထဲရှိ လူများများစားစားက သံသယမဝင်ကြချေ ထိုကြောင့်သူတို့က ကျောင်းထဲသို့ ဖိတ်ခေါ်ပြီးနေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြသည်။

ဝမ်ရှန်းကလဲ တစ်ချိန်လုံး တိတ်ဆိတ်နေသော မျက်နှာချင်းဆိုင်မှ လူငယ်ကိုကြည့်လိုက်သည်။

ထိုလူငယ်က အံ့ဩစရာ ကောင်းလွန်းသည်ဟု ထင်သည်။

အသာအယာပင် ထိုလူများကို ရှင်းလင်းနိုင်ခဲ့ပေသည် ထိုအခိုက်ဝမ်ရှန်းက သူနှင့်မျက်လုံးချင်း ဆုံသွားသည်။

သူကချက်ချင်း အကြည့်လွှဲကာ တစ်ဖက်ကို ဆက်မကြည့်ရဲတော့ဘဲ မျက်နှာချင်းဆိုင်မှ ကောင်မလေးကိုသာ ခိုးကြည့်လိုက်သည် သူမနှင့် ပြောဆိုဆက်ဆံရခြင်းက ပို၍အဆင်ပြေသည်ဟု ခံစားရသည်။

“သူတို့က ဖျော်ဖြေနေတုန်း ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဝိညာဉ်ကို ယူချင်ကြတာ ဒါကြောင့်တစ်ချိန်တည်းမှာ စက္ကူရုပ်တွေ အများကြီးဆွဲရတယ် ဘယ်သူကမှလဲ နောက်ကွယ်က ကိစ္စကိုသတိမထား မိကြဘူး ဒါပေမဲ့အဲ့ဒီနေ့က မိန်းကလေး တစ်ယောက်က ရောက်လာပြီး ဖျော်ဖြေပွဲကို ကြည့်ရင်းသူတို့ကို ရန်စသွားခဲ့ကြတယ် ဒါကြောင့် ဒီမိန်းကလေးကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် အဲ့ဒီလိုနဲ့ အဲ့ဒီကောင်မလေးက ဘယ်တော့အခါမှ မနိုးလာတော့ဘူး”

နင်မုန့်ကလဲ အတန်း(၆)မှ ကောင်မလေးဖြစ်ကြောင်း သိလိုက်သည်။ သို့သော် အကြောင်းပြချက်က ထိုသို့ဖြစ်မည်ဟု သူမကပင် မထင်ထားမိချေ။

ဝမ်ရှန်းက တစ်ခဏခန့်တွေးတောပြီးနောက် ပြောလာသည်။

“ဒီနည်းလမ်းက အရိပ်ပြဇာတ်ကို လူတွေကြည့်မှဘဲ အသုံးပြုလို့ရမှာပေါ့ အဲ့ဒါအလုပ်ဖြစ်ဖို့ လူတစ်ယောက်က သီချင်းတစ်ပုဒ်ကို ဆိုရမယ် လူအများကြီး သံသယမဝင်ဖို့အတွက် မျက်လုံးရေးဆွဲ ထားတဲ့စက္ကူရုပ်ကိုဘဲ အနောက်ကို လိုက်ခိုင်းပြီး အဝတ်ကြားမှာ ပုန်းအောင်းခိုင်းလိုက်ပြီး ညလယ်ခေါင် သူတို့ရဲ့အဆောင်ခန်းကို လိုက်သွားစေတာ မဟုတ်လား”

နင်မုန့်က ရုတ်တရက် သူမပြန်လည် လေ့ကျင်းခန်းလုပ်ချိန်က တွေ့ခဲ့ရသော စက္ကူရုပ်ကို ပြန်သတိရလိုက်သည် ထိုစက္ကူရုပ်ကလဲ အတန်း(၆)မှ မိန်းကလေးနောက်သို့ လိုက်သောစက္ကူရုပ် ဖြစ်လောက်သည်။ သူမက မတော်တဆ ပြတင်းပေါက်အပြင်ဘက်သို့ မြင်လိုက်ရင်းသူမကို ခြောက်လှန့်လာခြင်း ဖြစ်လောက်သည်။

“ဒုတိယအချက်အနေနဲ့ သူတို့တွေဆွေးနွေးတာကို ငါကြားထားတဲ့အတိုင်းဆိုလျှင် အဖိုးက စမ်းသပ်မှုလုပ်နေတုန်း အဲ့ဒီကောင်မလေးက ခိုးကြည့်ရင်းမြင်သွားခဲ့တာဘဲ အဲ့ဒီနောက်မှာ စမ်းသပ်ရမဲ့ စက္ကူရုပ်တစ်ရုပ်ကို မဖြုန်းတီးစေရေးအတွက် အဲ့ဒီစက္ကူရုပ်ကိုဘဲ သူမ၏နောက်ကို လိုက်ခိုင်းခဲ့ပြီး ရလဒ်ကတော့ ကံဆိုးသွားခဲ့တာပေါ့”

ဝမ်းရှန်းကအဆုံးထိ ပြောပြီးနောက်တွင် အသံကတိုးသည်ထက် တိုးသွားသည်။

ထိုလူများက ပြစ်မှုလုပ်သောကြောင့် ရဲအဖမ်းခံရပြီ ဖြစ်သည် သို့သော်ရဲကိုလဲ စက္ကူရုပ်များက အသက်ဝင်လာကြောင်း သူကပြော၍မရချေ။ သူ၏အဖိုးက ဆေးရုံကုတင်ပေါ်တွင် လဲနေပြီဖြစ်သည်။ နောက်ထပ်လဲ စက္ကူရုပ်များ မဆွဲနိုင်တော့ချေ။ ထို့အပြင် အရိပ်ပြဇာတ်တွင်လည်း ဆက်လက်၍လည်း ပါဝင်ပတ်သက်နိုင်တော့မည်လည်း မဟုတ်ချေ။

သဘာဝအလျောက်ပင် သူတို့ကလည်း ဒီကိစ္စတွင်မှားမှန်း သိကြသည် ကံကောင်းစွာဖြင့် စိတ်ဝိညာဉ်အသီးသီးက ခန္ဓာကိုယ်အသီသီးသို့ ပြန်ရောက်သွားခဲ့ကြလေသည် သူ၏အရှေ့ရှိ ထိုကောင်လေးက မည်သို့လုပ်ခဲ့ကြောင်း မသိသော်လည်း ထိုလူများက နိုးလာခဲ့ကြသည်။

သူကအိပ်ထဲမှ လက်ဝါးအရွယ်အစားရှိသော စက္ကူရုပ်နှစ်ရုပ်ကို ထုတ်လိုက်ပြီးနောက် မျက်နှာက နီရဲသွားကာ ပြောသည်။

“အဖိုးက မင်းတို့ကိုပေးဖို့ ပြောလိုက်တယ်”

စက္ကူရုပ်က နှစ်ရုပ်ရှိပြီး အမျိုးသမီးရုပ်တစ်ရုပ်နှင့် အမျိုးသားရုပ်တစ်ရုပ်ဖြစ်သည် အမျိုးသားရုပ်ကမူ အနီရောင်ဝတ်စုံကို ဝတ်ထားပြီး အမျိုးသမီး စက္ကူရုပ်ကမူ အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသည် သူတို့က သာမန်စက္ကူရုပ်များဖြင့်ပင် တူသည်ထိုစက္ကူရုပ်များကို စားပွဲခုံပေါ်တင်လိုက်ပြီး စက္ကူရုပ်များက မျက်လုံးဖွင့်လာကာ စလှုပ်လာသည်။

နင်မုန့်ကလဲ သူတို့၏မျက်လုံးက သူမယခင် မြင်ခဲ့စဉ်ကနှင့် ယခုနဲ့မတူဘဲ အဖြူနှင့်အနက်သာ ဖြစ်ကြောင်းမြင်ခဲ့ရသည် ဒီတစ်ကြိမ်တွင် အစစ်အမှန်လူများနှင့် တူနေသည်။

သူတို့တွင် အနည်းငယ်ကြီးသော ခြေထောက်နှင့် လက်မောင်းများရှိပြီး စားပွဲပတ်ဝန်းကျင်တွင် ဝိုင်းနေကြကာ မျက်လုံးကိုလဲ လှန်နိုင်သည်။ သူတို့ကစားပွဲ ပေါ်တွင်မတ်တပ် ထရပ်ရန် ကြိုးစားနေသော်လည်း ချော်ထွက်နေပြီး လဲလဲကျနေခဲ့သည် ထို့နောက်သူတို့က တစ်ဖန်လမ်းလျှောက်ရန် ကြိုးစားသည်။

ဝမ်ရှန်က ပြောသည်။

“ကောင်လေးကို လိုချင်လား။ ကောင်မလေးကို လိုချင်လားဆိုတာကိုတော့ မင်းတို့ရွေးချယ်လို့ ရတယ် မင်းတို့ကိုဖျော်ဖြေ ပေးနိုင်ပေမဲ့ သူတို့က အမိန့်တိုင်းတော့ လိုက်မလုပ်ပေးနိုင်ဘူး သူတို့က ပျက်စီးလွယ်လို့ ရေစိုလို့လဲ မရသလို မီးနဲ့လည်း ရှို့လို့မရဘူး ရေနဲ့ထိမိသွားခဲ့ရင် ဒီတိုင်းနေရောင်အောက်မှာဘဲ အခြောက်ခံထားလိုက်ပါ”

ထိုစက္ကူရုပ်များက သီးသန့်လုပ်ထားသလိုမျိုး ယခင်စက္ကူရုပ်များနှင့် ကွာခြားသည်။ အဖိုးဖြစ်သူက ထိုနှစ်ရုပ်ကို ရဲစခန်းမှ ထွက်လာပြီးနောက် တိတ်တဆိတ် လုပ်ထားခဲ့ခြင်း ဖြစ်လောက်သည်။

ထိုစက္ကူရုပ်လေး နှစ်ရုပ်က နင်မုန့်၏ဘေးသို့ ရောက်သွားသည်။

သူမက စားပွဲပေါ်သို့ လက်ညှိုးလေး တင်လိုက်သောအခါ စက္ကူရုပ်နှစ်ရုပ်က သူတို့၏လက်သေးသေးလေးများဖြင့် ကြီးမားသော လက်ညှိုးကြီးကို ကိုင်လာသည် သူတို့ကကိုက်ရန် ကြိုးစားသော်လည်း ကိုက်၍မရချေ နင်မုန့်၏ မျက်ဝန်းက တောက်ပသွားသည်။

“ချစ်စရာကောင်းလိုက်တာ”

ရှီချီက ရုတ်တရက် ထိုအရုပ်၏ အနောက်သို့ ရောက်သွားပြီး ဆိတ်လိုက်သည်။

ရုတ်တရက် သူ၏လက်နှစ်ချောင်းဖြင့် အဆိတ်ခံရသော သေးငယ်သည့် စက္ကူရုပ်လေးနှစ်ရုပ်က လေထဲတွင် တွဲလောင်းလေး ဖြစ်သွားပြီးနောက် ရှေ့နောက်လွှဲရမ်း ခံရတော့သည် သူတို့၏ခြေထောက်များကလဲ ဖလပ်ဖလပ် ဖြစ်နေကြသည် သူတို့ကသာ စကားပြောနိုင်လျှင် အော်ဟစ်ပြောဆို နေလောက်လေသည်။

ထိုအခြေအနေကို မြင်သောအခါ နင်မုန့်က ရယ်တော့သည် ထိုစက္ကရုပ်လေးများက ချစ်စရာကောင်းလွန်းသည်ဟု ခံစားရသည် ထိုစက္ကူရုပ် လေးများက အပြင်တွင်လှဲပြီး နေပူဆာလှုံနေသည့် မြင်ကွင်းကိုဘဲ သူမက ပြေးမြင်မိသွားသည်။

“စက္ကူရုပ်လေးတွေက ဘာများ ချစ်စရာ ကောင်းနေလို့လဲ”

“မင်းက သူတို့ထက် ပိုပြီးချစ်စရာ ကောင်းတယ်”

ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset