RENH အပိုင်း ၄၁

အပိုင်း (၄၁) အတန်းထဲမှာ သရဲပုံပြင်တွေ မပြောရဘူး။

တစ်မိနစ်တာ အချိန်တိုအတွင်းတွင် ထိုလူ၏မျက်နှာက စက္ကူရုပ်တစ်ရုပ်ကြောင့် အရေခွံအဆုတ် ခံလိုက်ရသည်။

မြင်ကွင်းက သွေးလွှမ်းပြီး ထိတ်လန့်သဲဖို ဆန်လွန်းနေလေသည်။ ထို့အပြင် စင်မြင့်ထက်မှ စတင်ကာ ဖျော့တော့သောအညှီနံ့က ပြန့်လာသည်။ တိုက်ရိုက်ကြည့်ရန်ပင် ထိတ်လန့်စရာ ကောင်းလွန်းသော အလောင်းနှင့် ထပ်ပေါင်းလိုက်သော် ထိုမြင်ကွင်းက လူတစ်ယောက်ကို ငယ်သံပါအောင် အော်ဟစ်မိစေရန် သွေးဆောင်နိုင်စွမ်း ရှိနေသည်။

ထိုသို့ဖြစ်သွားပြီသောအခါ ကျန်ရစ်နေသော လူအနည်းစုက ယခုလို အခြေအနေမျိုးဖြင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားကြလေသဖြင့် မျက်နှာအမာရွတ်နှင့် လူ၏အလောင်းကို စိုက်ကြည့်ပြီး အချိန်တစ်ခု ကြာသည်အထိ မတုန့်ပြန်နိုင်ကြချေ။ အချိန်တစ်ခု ကြာပြီးမှသာ လူတစ်ယောက်က ဘေးဘက်သို့ တွားသွားလျက် ကပ်သွားပြီး အော်ငိုကာပြောသည်။

“နံပါတ်(၃) ခေါင်းဆောင် အစ်ကိုကြီး သူ.. သူ.. သူ သေသွားပြီ”

သူ၏အနားမှ ကတုံးနှင့်လူ၏ မျက်နှာက အလွန်မည်းမှောင်နေသည်။ သူကထိုလူကို တွန်းထုတ်ပြီး အော်လိုက်သည်။

“မင်းကငါ့ကို လာပြောရအောင် ငါ သောက်ကျိုးနည်းအောင် ကန်းနေလို့လား”

သူကမြေပြင်မှ ထရပ်ပြီးနောက် သူ၏အိမ်ရှေ့မှ လူငယ်ကို သတိထားကာ ကြည့်သည်တစ်ဖက်သူက အနောက်မှ မိန်းကလေးငယ်၏ မျက်လုံးကိုလက်ဖြင့် အုပ်လျက်တည်ငြိမ်သော မျက်နှာထားဖြင့် သူ့ကိုကြည့်နေချင်း ဖြစ်သည် သူကအကျိုးအကြောင်း ဆက်ဆက်ကာတွေးတော ပြီးနောက်တွင် မေးလိုက်သည်။

“မင်းလုပ်တာမဟုတ်လား”

ယခင်က အဆင်ပြေနေခဲ့သည့် ထိုစက္ကူအရုပ်က လူအိုကြီးက ဖန်တီးထားခဲ့ပြီး နောက်တွင်သူတို့၏ အမိန့်ကိုနားထောင်ခဲ့သည် ထိုလူအိုကြီးလဲ သတိမေ့နေသည့်တိုင်အောင် စက္ကူရုပ်များက သူတို့၏အမိန့်ကို နာခံနေသေးသည်။

ယခုလေးတင် ဘာတုန့်ပြန်မှုမှ မရှိခဲ့ချေ ခေါင်းဆောင်က ရုတ်တရက်အသတ် ခံလိုက်ရသည် သူကထိုစက္ကူအရုပ်များကို အမိန့်ထုတ်ရန် အချိန်မရှိခဲ့မည်မှ သေချာသည် သံသယဝင်ရန် မလိုလောက်အောင် ဒါကကြိုးကိုင် ခံရလောက်ခြင်း ဖြစ်သည်။

တစ်ဖက်ကကောင်ငယ်လေးက သူကသေချာ မကြားလိုက်ရသော်လည်း ခပ်တိုးတိုး ရေရွတ်သွားခဲ့ဟန် ဖြစ်သွားခဲ့ခြင်းကို သူကမြင်လိုက်ရသည့် အတွက် ဒီကိစ္စက ထိုကောင်လေး လုပ်သွားခြင်းဟု သုံးသပ်လိုက်သည်။

ရှီချီက မဖြေချေ။ သူ၏မျက်လုံးက ပို၍သာ အေးစက်လာသည်။

သူ၏တုန့်ပြန်မှုက သူတို့၏ထင်မြင်ချက်ကို အတည်ပြု ပေးလိုက်သလို ဖြစ်သွားသည် ပြောရလျှင် သူတို့က သူ့ကို ကိုင်တွယ် လိုက်ချင်သည်။ သို့သော် သူတို့က ရှေ့မတိုးရဲကြချေ။ ထို့ကြောင့် သူတို့၏အကြည့်က သူ၏ နောက်မှကောင်မလေးထံ ရောက်သွားသည်။

နင်မုန့်က လက်ဆန့်တန်းပြီးနောက် ရှီချီ၏လက်ကို ဆွဲဖယ်သည်။

“ငါအခုကြည့်လို့ရပြီလား”

ရှီချီကပြန်ဖြေသည်။

“မရဘူး”

နင်မုန့် “…”

“ဪ”

စနစ်ကလဲ အခြေအနေများကို သူမအား ခိုးကြောင်ခိုးဝှက်ဖြင့် တိုက်ရိုက်ထုတ်လွှင့် ပြသည်။

“မျက်နှာအမာရွတ်နဲ့လူက စက္ကူရုပ်သတ်တာကို ခံလိုက်ရပြီ အခုအနောက်က ကျန်တဲ့လူတွေက မင်းကိုစိုက်ကြည့် နေကြတယ် သူတို့ကမင်းကို ပစ်မှတ်ထားတော့မှာ သေချာတယ်”

စနစ်၏အသံက စိတ်လှုပ်ရှားဟန် ပေါက်နေသည်။

နင်မုန့်က ခြေတစ်လှမ်းခန့် ဆုတ်လိုက်သည် သူတို့ကပတ်ဝန်းကျင်ရှိ မြင်ကွင်းကိုထင်ရှားစွာ မြင်သွားလေသည် သူမ၏မြင်ကွင်းတွင် ပထမဦးဆုံး ဝင်ရောက်လာသည်မှာ မြေပြင်မှသွေးလွှမ်း နေသောအလောင်း ဖြစ်သည် သူမကချက်ချင်း စောင်းကာကြည့်လိုက်သည်။

သူကသူမကို မကြည့်ခိုင်းသည်မှာ အံ့ဩစရာမရှိ ချေ မြင်ကွင်းကထိတ်လန့် သဲဖိုဆန်လွန်းသည် စက္ကူအရုပ်က သူမကိုယခင်က ခြောက်လှန့်ခဲ့ခြင်းက လွဲပြီးဘာမှ မလုပ်ခဲ့ချေ ထိုအခြေအနေက ရေပေါ်ထွက်နေသော ရေခဲတောင် အစွန်အဖျားမျှသာ ဖြစ်ကြောင်းမြင်လိုက်ရသည်။

ရှီချီက ကူကယ်ရာမဲ့စွာဖြင့် သူမ၏ကျောကို ပုတ်ပေးသည်။

“မင်းကိုမကြည့်နဲ့လို့ ငါပြောသားဘဲ”

တစ်ဖက်ကအဖွဲ့က အကုန်ဒေါသထွက်နေကြပြီး အော်တော့သည်။

“မင်းတို့ကဘာတွေ တွတ်တီးတွတ်တာ လုပ်နေတာလဲ ငါမင်းတို့ကို အခုဘဲခေါ်ပြီး စက္ကူအရုပ်အဖြစ် ပြောင်းပြစ်မယ်”

သူတို့ကခြေတစ်လှမ်းခန့် လှမ်းရုံသာရှိသေးသည် ချက်ချင်းဆိုသလို ခလုတ်တိုက်လျက် ချက်ချင်းဆိုသလို ရှေ့သို့မှောက်လျက် လဲကျသွားပြီး မြေပြင်ပေါ်သို့ ရောက်သွားတော့သည် ထိုနည်းအားဖြင့် ကျယ်လောင်သောအသံက ထွက်လာသည် နင်မုန့်က ခေါင်းစောင်းကာ ဝင်ကြည့်လိုက်သည်။

ထိုအခိုက် စက္ကူအရုပ်နှစ်ရုပ်က သူတို့၏ခြေထောက်ထက် အပြေးလာပြီးနောက် သူတို့ကိုယ်ပေါ် တက်လာကြသည်။

“မလာနဲ့ မလာနဲ့ ဆင်းကြစမ်း”

“ငါ့ကိုမစုတ်ဖြဲပါနဲ့ ငါ့ကိုမစုတ်ဖြဲပါနဲ့”

“အဲ့ဒါအဲ့ဒီ ယုတ်မာတဲ့ လူအိုကြီးလုပ်တာပါ ငါမဟုတ်ဘူး”

ကတ်ဘေးက ချည်းကပ်လာသော အခါမှသာ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချကြသည် အစပိုင်းတွင် သူတို့ကသူမကိုပင် ခက်ထန်ကြမ်းတမ်းစွာဖြင့်ပင် ဖမ်းချင်ကြသည် ယခုမူသူတို့က အသနားခံကြလေသည်။

ယခုကဲ့သို့ ဆိုးရွားသောအလုပ်များကို လုပ်ခဲ့ပြီးမှ သေဆုံးခြင်းက ပေါ့လျော့သောအပြစ်ဒဏ် တစ်ခုသာဖြစ်လေသည်။

သူတို့ကကျောင်းမှ လူနှစ်ယောက်ကိုပင် ဒုက္ခပေးခဲ့သည် သို့ရာတွင် ကျောင်းကသူတို့ကို ဖိတ်ခေါ်ကတည်းက သူတို့ကအပြင်တွင် နာမည်ရှိသည်ဟု ဆို၍ရသည် ထိုသို့ဆိုလျှင် အခြားသောကျောင်းများ တွင်လည်းထိုသို့ လုပ်ခဲ့သည်လား မသိနိုင်သေးချေ။

ဖြစ်နိုင်တာက သူတို့ရဲ့လက်ထဲမှာ စက္ကူရုပ်တွေ အများကြီးရှိနေတာဘဲ။

စင်ပေါ်ကလူငယ်က သူ၏အဘိုးဖြစ်သူ၏ ခန္ဓာကိုယ်ကို ဘေးဘက်ထောင့်နားသို့ ဆွဲခေါ်သွားပြီး စင်မြင့်အောက်သို့ ထိတ်လန့်တစ်ကြား ကြည့်နေသည်။

သူကလဲဒါက ဝဋ်လည်ခြင်းဖြစ်ကြောင်း သိထားသည် အဖိုးဖြစ်သူက သူ၏အတွက်ကြောင့် ယခုလိုလုပ်ပေး ခဲ့ခြင်းလည်းဖြစ်သည် ရုတ်တရက်အပြင်ဖက်မှ ရဲကားသံများမှ ထွက်လာပြီး အသံများက နီးကပ်သည်ထက် နီးကပ်လာကာ ဥဩဆွဲသံက ကြည်လင်လာသည်။

သက်လတ်ပိုင်းလူက သူ၏မျက်နှာသို့ ကပ်တော့မည့် စက္ကူရုပ်များကိုပင် သတိမထားမိတော့ဘဲ လှည့်ကာအော်လိုက်သည်။

“ဘယ်ကောင်ကရဲကိုခေါ်လိုက်တာလဲ”

စင်မြင့်တစ်ခုလုံးက တိတ်ဆိတ်သွားသည် အချိန်အတန်ကြာမှသာ ရှီချီကထပြောသည်။

“အော် ငါခေါ်လိုက်တာ”

နင်မုန့်ကလဲ ဒီလိုအခြေအနေနှင့် ကြုံရမည်ဟု မျှော်လင့်ထားမိချေ ထို့အပြင်သူက ရဲကိုတောင်ခေါ်လိုက်သေးသည် မည်သို့ပင်ဆိုစေ ရဲမျာကယခုလို သိပ္ပံနည်းမကျသော ကိစ္စများကို ယုံကြည်လိမ့်မည် မဟုတ်ချေ။

ယုတ်မာသောလူအချို့က ဆက်လက်ပြီးရုန်းကန်ရန် ကြံစည်ကြကာ မြေပြင်သို့သူတို့က ကုတ်ဆွဲကြသဖြင့် သွေးများကထွက်လာသည်။

နင်မုန့်က ခေါင်းလှည့်လိုက်တော့သည် ဒီမြင်ကွင်းက သွေးလွှမ်းပြီး ရက်စက်လွန်းသော်လည်း သူမကမတားချင်ချေ။

ရှီချီကသက်ပြင်းချပြီး စက္ကူရုပ်များကို ခေါင်းညိမ့်ပြလိုက်သည်။

အပြင်ရှိ ခြေလှမ်းသံများက ချည်းကပ်လာချိန်တွင် ရှီချီကနင်မုန့်ကို ကုလားထိုင်ပေါ်သို့ ဖိချလိုက်ပြီးနောက် ပြောသည်။

“မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်”

ပြောရလျှင် သူတို့နှစ်ယောက်တည်းက ဒီပြဇာတ်ရုံ တစ်ခုလုံးတွင် နိုးနေကြောင်း သိသွားကြလျှင် သံသယဝင်ရန် မလိုလောက်အောင် အချိန်အတော်တန်ကြာအောင် စုံစမ်းစစ်ဆေး အမေးအမြန်း ခံရပေလိမ့်မည်။

နင်မုန့်ကလဲ သူမ၏မြေးဖြစ်သူက အလွန်တော်လွန်းသည်ဟု ခံစားရသည်။

ရဲများက ဝင်လာသောအခါ မြေပြင်တွင်လဲကျနေသော လူအချို့ကိုသာ မြင်လိုက်ရသည် ထိုထဲမှ တစ်ယောက်၏ မျက်နှာကဆိုးဆိုးရွားရွား ပျက်နေလေသည် သူတို့ကယခင်ကလဲ ပြစ်မှုပေါင်းများစွာကို မြင်ခဲ့ဖူးသည့်တိုင် ယခုမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။

စက္ကူအရုပ်များကမူ စင်အောက်တွင် ပြောက်သွားခဲ့ပြီ ဖြစ်သည်။

တိတ်ဆိတ်သော ခန်းမအတွင်း ဆူညံသံများ ရောက်ရှိလာသောအခါ ပြဇာတ်ရုံထဲရှိ လူများကလဲ စတင်ကာနိုးလာကြပြီး နှစ်ယောက်စ သုံးယောက်စ ဆွေးနွေးနေကြသည်။

“ငါအိပ်ပျော်သွားသလိုဘဲ ငါခံစားရတာက…”

“သူဘာတွေဆိုသွားလဲတောင် ငါနားမလည်လိုက်ပါဘူး ဒါကသားချော့တေး လိုလိုဘဲငါ့ကို အိပ်ချင်စိတ် ပေါက်လာစေတာ”

“ငါကတော့အရိပ်ပြဇာတ်အကြောင်း အိပ်မက်မက်သလိုဘဲ ငါနိုးလာတဲ့အချိန်မှာ မမှတ်မိတော့ဘူး ငါပြန်သွားရင် ဒါကိုသုံးသပ် စာလွှာရေးရအုံးမယ် ဘုရားရေ”

သူတို့ကအရှေ့ဖက်ရှိ ရဲများကိုမြင်သောအခါ ကျောင်းသူကျောင်းသားများက ကြောင်သွားကြသည် မြေပြင်ရှိ အလောင်းများကို သယ်သွားပြီ ဖြစ်သောကြောင့် အထိတ်တစ်လန့် ဖြစ်မသွားခဲ့ချေ။

ပြဇာတ်ရုံထဲမှ မှတ်တမ်းတင် ဗီဒီယိုအပြင် ဒီပြဇာတ်တစ်ခုလုံးကို ရိုက်ကူးရန် ကင်မရာများက အဆင်သင့် ပြင်ထားပြီးသား ဖြစ်သည့်တိုင်အောင် dataများကအရှင်း ခံလိုက်ရသည်။

စင်ပေါ်ရှိ ဆယ်ကျော်သက်က ကောင်မလေးကို ကာကွယ်ထားသော လူငယ်လေးကို ကြည့်လိုက်သည် သူကဘာကိုပြောသင့်ကြောင်းနှင့် ဘာကိုမပြောသင့်ကြောင်း နားလည်သည် သူကအောက်ဖက်ရှိ လူများကိုမုန်းတီးစွာ ကြည့်လာပြီး ချက်ချင်းဆိုသလို အော်ငိုကာပြောလာသည်။

“ဒီလူတွေက ကျွန်တော်နှင့်အဖိုးကို ပြန်ပေးဆွဲထားတာပါ”

ဤပြစ်မှုတွင် ပါဝင်ပတ်သက်သူများ အားလုံးက ခေါ်ဆောင်သွားခံရပြီး အလောင်းကပင် အချွင်းအချန် မရှိချေ နင်မုန့်ကရှီချီအနားတွင် စိုးရိမ်မှုပေါင်းစုံ အပြည့်ဖြင့်ရပ်လျက် ကျန်နေခဲ့သည်။

ရဲများကလျှင်မြန်စွာ စုံစမ်းစစ်ဆေးလိုက်ကြသည် ကျောင်းသူကျောင်းသားများ၏ သံသယကိုလဲ ရှင်းလင်းပြစ်နိုင် ကြသည်အသေးစိတ် အချက်အလတ်များကို နင်မုန့်ကမသိချေ သူတို့အားလုံးက သီးသန့်အခန်းတစ်ခုသို့ ခေါ်သွားခံရပြီး စစ်မေးခံရသည်။

နင်မုန့်က ဒုက္ခများမည် ဆိုးသဖြင့်စနစ်ကို အကူအညီတောင်းလိုက်သည် စနစ်ကပုံမှန် အခြေအနေမျိုးတွင် အကူအညီမရသော်လည်း ဒီလိုအခြေအနေမျိုးတွင် ကူညီပေးနိုင်သည် ရှီချီ၏အတွက် မူကာစိုးရိမ်ရန် မလိုအပ်ချေ။

ရဲများက သူ့ကိုသံသယဝင်လျှင်ပင် ဒီလိုမတော်တစ်ဆ ဖြစ်မှုများက သာမန်သာဖြစ်နိုင်ကြောင်း ရှီမိသားစုက သူတို့ကိုသိမ်းသွင်းနိုင်ပြီး အလိုအလျှောက်နားလည်မှုအရ ကိုင်တွယ်နိုင်စွမ်းအားရှိနေသည်။ သူမဖတ်ခဲ့သော ဝတ္ထုအတိုင်းသာ ဆိုလျှင်ရဲများက ရှီမိသားစုကိုသာ အကူအညီတောင်းရသည်။ ရက်အနည်းငယ် ကြာပြီးနောက် အခန်း(၆)မှ မိန်းကလေးနှင့် ကန်တင်းတွင် မေ့သွားသော မိန်းကလေးတို့က နိုးလာကြသည် လတစ်ဝက်ခန့် ကုန်လွန်သွားပြီး နောက်တွင် သူတို့က ကျောင်းပြန်တက်နိုင်ပြီ ဖြစ်သည်။

ထိုရက်မှမှတ်ဉာဏ်များ အတွက်မူ သူတို့က ပြန်မှတ်မိသွားပြီး ပြောပြကြသည့်တိုင်အောင် ထိုအရာက အိပ်မက်ကဲ့သို့ ဖြစ်နေပြီး ယုံကြည်ချင်စရာ မကောင်းနေချေ။

ချောင်ခက်ခဲ့က ထိုသတင်များကို ရသောအခါ နင်မုန့်ကိုခပ်တိုးတိုး လာပြောပြသည်။

အတန်း(၆)မှမိန်းကလေးက သူမထိုညက ရေချိုးခန်းထသွားပြီး ပြန်ထွက်လာသော အချိန်တွင် စက္ကူရုပ်တစ်ရုပ်ကို တွေ့ရသည်ဟု ဆိုသည်။ ထိုအချိန်က ကော်ရစ်တာတွင်လည်း အရေးပေါ်မီးများကိုသာ ဖွင့်ထားပြီး သူမကိုယ်တိုင်ကလဲ သဘာဝအလျောက် ကြောက်တတ်သူဖြစ်သည့်အလျှောက် သေချာ မြင်နိုင်ရန်အရှေ့သို့ ခြေလှမ်းအနည်းငယ် ကပ်သွားခြင်းဖြစ်သည်။

မမျှော်လင့်ထားစွာပင် ထိုစက္ကူရုပ်ကို ထိလိုက်မိပြီးနောက်တွင် ထိုစက္ကူရုပ်က သူမ၏လက်တွင် ကပ်သွားသည်။

သူမက မည်သို့ လုပ်စေကာမူ ခွာချ၍မရချေ။ ထိုအစားထိုး စက္ကူရုပ်က သူမ၏လက်တွင် ရစ်ပတ်ထားပြီး တဖြည်းဖြည်းချင်း လည်ပင်းထိတိုင်အောင် တွယ်တက်လာကာ စိုးရွံ့သောမျက်နှာထားမျိုးဖြင့် စိုက်ကြည့် နေတော့သည်။

ထိုမိန်းကလေးက ထိုအချိန်က လေအေးများပင် ရှူရှိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏လည်ပင်းမှ နာကျဉ်မှုကြောင့်သာ မဟုတ်လျှင် အိပ်မက်မက်နေသည်ဟု ထင်ခဲ့လောက်သည်။ ထို့နောက်သူမ၏ အသိစိတ်က ဖြည်းညင်းစွာပင် ပြောက်ကွယ်သွားပြီး နောက်ပိုင်းဖြစ်ရက်များကို မသိတော့ချေ။

နင်မုန့်ကလဲ ခန့်မှန်းလိုက်သည်။ စက္ကူရုပ်ကလဲ သူမ၏စိတ်ကို ယူသွားခဲ့ခြင်း ဖြစ်လောက်သည် သူမကမူလက ရပ်နေသောကြောင့် သတိမေ့သွားသောအခါ ရပ်နေလျက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်လောက်လေသည်။ ထို့နောက် အတန်းဖော် ရောက်လာပြီးသူမကို တို့လိုက်မှသာလျှင် လဲကျသွားခြင်းဖြစ်လောက်သည်။

ချုံခယ့်ခယ့်က အာခြောက်သည်အထိ ပြောပြီးနောက်တွင် ရေသွားသောက်သည်။

နင်မုန့်က တစ်ခဏခန့် တွေးတောလိုက်ပြီး တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။

“ဒါပဲ.. ထူးဆန်းတဲ့အရာတွေကို သွားမထိတာ အကောင်းဆုံးပဲ ဒီလိုဆိုရင် ဒုက္ခရောက်သွားလိမ့်မယ်”

ထိုစက္ကူအရုပ်ကသာ ညလယ်ခေါင်ကသာ အဆောင်ခန်းအရှေ့တွင် ပေါ်လာလျှင်သူမက မြင်သောသူဖြစ်ခဲ့ပါက တံခါးကိုသာ ပိတ်ဖြစ်လောက်သည် သူမတွင်သာ မီးခြစ်ရှိလျှင် ချက်ချင်းမီးရှို့ ဖြစ်လောက်သည်။

“ဒါပေါ့ မီးလောင်မလောင်ကတော့ မေးခွန်းတစ်ခုပေါ့”

နောက်ဆုံးတစ်ကြိမ် စက္ကူအရုပ်နှင့် တွေ့ခဲ့ချိန်က ပြာအဖြစ် ပြောင်းသွားခဲ့သည်။

သို့ရာတွင် ဒါကရှိချီ မည်သို့သောနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဆိုသည့်ကိစ္စနှင့် ပတ်သက်နေသေးသည်။

သေချာစွာပင် သူမ၏မြေးဖြစ်သူက အတော်ဆုံးဖြစ်သည်။

ချုံခယ့်ခယ့်က လုံလောက်စွာ အနားယူပြီးနောက် လျှို့ဝှက်ဆန်းကျယ်ကြောင်း ဆက်ပြောပြလာသည်။

“နင်သိလား ကန်တင်းမှာမေ့သွားတဲ့ ပြောတဲ့ကိစ္စက ပိုပြီးတော့တောင် ကြောင်တောင်တောင် နိုင်သေးတယ်”

ထိုအချိန်က ထိုကောင်မလေးက သူမ၏မေးခွန်းများကိုသာ အာရုံတစ်စိုက် လုပ်နေခဲ့ပြီး အဖြစ်အပျက်များကိုလည်း မကြားခဲ့ချေ သူမ၏ အတန်းဖော်များထံမှ သတင်းများ ကြားရသောအခါ အနည်းငယ်ကြောက်ခဲ့သည် ကံကောင်းစွာဖြင့် စက္ကူအရုပ်က သူမကိုလာမရှာခဲ့ချေ။

နင်မုန့်က သူမ၏ဘေးနားတွင် ထိုင်နေသောရှီချီကို ကြည့်လိုက်ပြီး နောက်တွင်စိတ်အေးစွာ ပြန်မေးလိုက်သည်။

“သူမကဘယ်လို ကိုမာဝင်သွားတာလဲ”

ချုံခယ့်ခယ့်က စတင်ကာပြောပြသည်။

အခန်း(၁၀)မှ ထိုမိန်းကလေး၏ မိသားစုက အလွန်းဆင်းရဲသည် သို့သော်သူမ၏ အတန်းဖော်များအရ သူမကလက်မှု ပစ္စည်းများကို လုပ်ရခြင်းကို နှစ်သက်ပြီးအများ အားဖြင့်စက္ကူဖြင့် လုပ်ရသည် မိန်းကလေးများ ကြားတွင်လည်း ထိုပစ္စည်းက ကျော်ကြားလေပြီး မုန့်ဖိုးရှာနိုင်သည့်အတွက် သူမက ကိုးကားစာအုပ်များကို ဝယ်နိုင်လေသည်။

အရိပ်ပြဇာတ်အဖွဲ့က ကျောင်းသို့ လာလည်ပြီးနောက် သူမ၏အတန်းဖော်ထံမှ သူမက ထိုနေရာသို့ သွားပြီး ရုပ်သေးရုပ်များကို မည်သို့လုပ်ကြောင်းနှင့် သင်ယူစိတ်ရှိကြောင်း ပြောလေ့ရှိသည်ဟု ကြားခဲ့ရသည်။

အိမ်ဝေးသောကျောင်းသူ တစ်ယောက်အနေဖြင့် သူမက အဆောင်နေသည်။

နောက်တစ်ရက်တွင် နေ့လည်ခင်းအချိန်တွင် သူမ၏အခန်းဖော်ကို ပြဇာတ်ရုံထဲသို့ တစ်ချက်သွားကြည့်ပြီး အဆောင်သို့ပြန်မည် မဟုတ်ကြောင်းပြောခဲ့သည် ထိုအချိန်က သူမ၏အခန်းဖော်က စိတ်ထဲမထားခဲ့ချေ။

ထိုမိန်းကလေးက နေ့လည်စာစားပြီးနောက်တွင် ပြဇာတ်ရုံထဲသို့ ဝင်သွားခဲ့သည် သို့သော်မည်သူ့ကိုမှ မတွေ့ရသလို မည်သူကမှလဲ ရှိမနေခဲ့ချေ သူမကသိလို စိတ်ပြင်းပြစွာဖြင့် အထဲသို့ဝင်သွားသောအခါ မြေပြင်တွင်ချထားသော စက္ကူရုပ်များကို မြင်လိုက်ရသည် စိတ်လှုပ်ရှားစွာဖြင့် သူမကအနားသို့ သွားပြီးထိကြည့် လိုက်ချိန်တွင် သို့သော်မိသွား မည်ကိုလဲစိုးရိမ်သည်။

နောက်ပိုင်းတွင် သူမ၏သတ္တိက အားနည်းလွန်းသဖြင့် ဘာကိုမှ မထိမိခဲ့တော့ချေ ထောင့်တစ်နေရာတွင် မျက်လုံးမှိတ်လျက် ရှိနေသော စက္ကူရုပ်တစ်ရုပ်က အသက်ဝင်နေသလိုမျိုး ကြောက်စရာကောင်းသည်ဟု သူမကခံစားရပြီး ပြဇာတ်ရုံထဲက ပြေးထွက်ခဲ့ကာ ကန်တင်းသို့သွားခဲ့သည် ထိုအချိန်က ကျောင်းတွင်လူ အနည်းငယ်သာ ရှိသည် ကန်တင်းရှိ ကျောင်းသူကျောင်းသား များကလည်းအဆောင်သို့ ပြန်ကာအနားယူခြင်း သို့မဟုတ်နေ့လည်စာ စားခြင်းတို့သာ လုပ်နေလေပြီး သူမနှင့်မျက်နှာချင်းဆိုင် သိပ်မဝေးသော နေရာမှမိန်းကလေး တစ်ယောက်ကသာ ရှိနေတော့လေသည်။

သူမကထိုင်ချပြီး သိပ်မဝေးသော အချိန်တွင်သူမ၏ အိင်္ကျီလည်ဂုတ် တံဆိပ်မှ ယားယံသလို ခံစားရသည် ။

နွေရာသီဝတ်စုံများက မထူချေ သို့သော်ကျောကုန်းသို့ တစ်ခုခုကပ်သည်ဟု ခံစားရသည်က အသက်ရှူရ ခက်လာသည် သူမကလက်ဆန့်တန်း ကြည့်လိုက်သောအခါ စက္ကူအရုပ်က ကျောတွင်ကပ်နေခြင်း ဖြစ်ကြောင်းမြင်လိုက်ရသည် စက္ကူအရုပ်က သူမပြဇာတ်ရုံက ပြန်လာကတည်းက ကပ်နေခြင်းဖြစ်လောက်သည် ထိုမိန်းကလေး ဦးခေါင်းက ထုံထိုင်းသွားသလို ခံစားလိုက်ရသည် သူမကထိုအရုပ်ကို ဆွဲဖြဲပြစ်လိုက်ချင်သည် သို့သော်ဆွဲဖြဲ၍ မရချေ ထို့ကြောင့်စက္ကူအရုပ်က တစ်ဖက်ကသိသွားကြောင်း နားလည်လိုက်သလိုမျိုး သူမ၏ကျောကုန်းပေါ် ခွတက်လာပြီး တစ်ဖြေးဖြေးချင်း လည်ပင်းကို စက္ကူလက်များဖြင့် သိုင်းဖက်လိုက်သည် ဒါကစက္ကူနှင့် လုပ်ထားသည်မှ သေချာသော်လည်း လူထက်ပင်ပို၍ သန်မာလွန်းနေပြီး စုတ်ဖြဲ၍မရနေချေ။

ထို့နောက်ပိုင်း ကိစ္စများကို သူမကမမှတ်မိတော့ချေ ထို့နောက်ဆေးရုံးတွင် နိုးလာသော မှတ်ဉာဏ်သာလျှင် ရှိသည်။

ထိုကဲ့သို့သော ကြောင်တောင်တောင် ကိစ္စမျိုးကို သူတို့ကိုပြောပြလာသူ မရှိချေသူတို့က ပြောပြလျှင်ပင် မယုံကြည်နိုင်သောကြောင့် ဖြစ်လောက်သည် ထိုညက အညှို့ခံလိုက်ရပြီး မေ့မျှောသွားကြသူများကပင် နိုးလာပြီးအိမ်သို့ အေးအေးဆေးဆေး ပြန်သွားကြကာ ဤပြဇာတ်အပေါ် သူတို့ခံစားရသည့် သုံးသပ်စာလွှာများကိုပင် ဂရုတစ်စိုက် ရေးခဲ့ကြသေးလေသည်။

ထိုပွဲနှင့်ပတ်သက်ပြီး ဗဟုသုတ ရှိသောလူများကမူ ဒါကအရိပ်ပြဇာတ် ကောင်းဟုသတ်မှတ် ကြသည်။

ချုံခယ့်ခယ့်က သူငယ်ချင်းပေါင်းများစွာမှ သတင်းပေါင်းများစွာကို ရရှိလာခဲ့ပြီး နင်မုန့်ကိုလာပြောပြသည်မှာ သူမကအားနည်းလွန်းသူဟု ထင်ရသောကြောင့် ဖြစ်သည် သူမကအားနည်းသည့် ပုံသဏ္ဏန်ရှိသည့် အပြင်စကားပြောဟန် ကလည်းအားနည်းလွန်းသည်။

ချုံခယ့်ခယ့်က တိတ်တဆိတ် ပြောလာသည်။

“နင်နင် နင်အိမ်ပြန်ရင် ဂရုစိုက်ပြန်နော် တစ်ကယ်လို့ စက္ကူအရုပ်က နင့်ရဲ့ပြတင်းပေါက်ထဲ ဝင်လာခဲ့ပြီး ကိုယ်ပေါ်ကုတ်တက် လာခဲ့ပြီးတင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားမယ်ဆိုရင်…”

သူမ၏စကား မဆုံးခင်မှာပင် ကျယ်လောင်စွာ အော်လိုက်သည်။

နင်မုန့်က ထိုသို့ရုတ်တရက် အော်သောကြောင့် အသိစိတ်ပြန် ဝင်လာပြီး ခပ်မြန်မြန်မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ရှီချီကသူမနှင့် ချုံခယ့်ခယ့်၏ကြားမှ ဖြတ်လျှောက်သွားပြီး တစ်ဖန်သူ၏ နေရာသို့ပြန်လျှောက်လာကာ စာအုပ်ကိုလက်ဖြင့် တစ်တောက်တောက် ခေါက်သည်သူက ကုလားထိုင်တွင် မှီထိုင်လိုက်ပြီးနောက်တွင် မျက်လုံးကို မှေးကြည့်လျက် ခေါင်းစောင်းကာ အလျှင်မလိုဟန်ဖြင့် ပြောသည်။

“အတန်းထဲမှာ သရဲပုံပြင်တွေ မပြောနဲ”

ချုံခယ့်ခယ့်က ငြင်းသည်။

“ငါဘယ်ချိန်တုန်းက ပြော…ကောင်းပြီ ကောင်းပြီ ငါဘာမှမပြောတော့ဘူး”

သူမကနင့်မုန်၏ ခေါင်းကိုအသာတို့လိုက်ပြီး နောက်တွင်သနားသလို ပြောလာသည်။

“အို..နင်နင် နင်ဒီလိုအတန်းဖော်ကို ပိုင်ဆိုင်ထားရတာ အရမ်းပင်ပန်းမှာဘဲ”

နင်မုန့်ကလဲ ခေါင်းညိမ့်သည် ထို့နောက်ခေါင်း ပြန်ခါသည် …

အတိတ်မှာ သူမကငါ့ကို ကောင်းကောင်းဆက်ဆံ ခဲ့တယ်။ ဒါကြောင့် အခုငါက သူမကိုကောင်းကောင်း ဆက်ဆံတာက ပုံမှန်ဘဲပေါ့။

ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset