RENH အပိုင်း ၃၉

အပိုင်း ၃၉ သူမကို ရဲရင့်သလို ဟန်ဆောင်နိုင်စေဖို့ ငါ့မှာ လုပ်ပေးနိုင်စွမ်းရည် ရှိတယ်။
ညနေပိုင်း ပြန်လည်လေ့ကျင့်ခန်းလုပ်သည့် အတန်းချိန် ပြီးသောအခါ ချုံခယ့်ခယ့်က ဓာတ်ပုံကို မည်သည့်အရာများ လုပ်မည်နည်းဟု လာရောက်မေးမြန်းသည်။
နင်မုန့်ကလည်း ပြောင်မြောက်စွာဖြင့် လိမ်လည်လိုက်ပြီး ချုံခယ့်ခယ့်ကိုပင် များများစားစား လျှောက်တွေးမနေရန် အယုံသွင်းလိုက်သေးသည်။
ဓာတ်ပုံထဲမှ မိန်းကလေး၏ စိတ်ဝိညာဉ်က စက္ကူအရုပ်၏ စုပ်ယူခံရကြောင်း အတည်ပြုပြီးကတည်းက ကန်တင်းမှ မိန်းကလေးကလည်း အလားတူ ဖြစ်လောက်မည်ဟု ခန့်မှန်းနိုင်ခဲ့လေသည်။ သို့သော် မည်သည့်စက္ကူရုပ်က သူမ၏စိတ်ဝိညာဉ်ကို စုပ်ယူသွားခဲ့ကြောင်းကိုမူ မသိထားသေးချေ။
မူလက သူမအနေနှင့် ပြဇာတ်ရုံသို့ သွားကြည့်လိုခဲ့သည်။ သို့သော် သေသေချာချာ စဉ်းစားသုံးသပ်ပြီးနောက်တွင် မသွားရန် ဆုံးဖြတ်လိုက်သည်။
ပထမဆုံးအချက်အနေဖြင့် သူမတွင် ထိုသို့လုပ်ရန် သတ္တိမရှိချေ။ ဒုတိယတစ်ချက် အနေနှင့် သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရည်လည်း မရှိချေ။ သူမက ထိုနေရာသို့ သွားသည့်တိုင်အောင် အသုံးမဝင်ချေ။ ပို၍ဆိုးသည်။မှာ သူမက သည်။နေရာတွင်သာ ထိုင်နေပြီး ကိစ္စကို အပြန်ပြန် အလှန်လှန် သုံးသပ်သင့်သည်။
သို့ရာတွင် နင်မုန့်က အမှန်တရားကို လက်ကိုင်ထားနိုင်ချိန်တွင် သည်။ကိစ္စကို လျစ်လျူရှုရန် ခက်ခဲသဖြင့် ပြဇာတ်ရုံမှ လူများနှင့် ပတ်သက်ပြီး သတင်းများ သိထားသလားဟု ချုံခယ့်ခယ့်ကို သွား၍ မေးလိုက်သည်။
ချုံခယ့်ခယ့်က သူမဟာ ကျောင်း၏သတင်းအမျိုးမျိုးကို သိထားသူ ဖြစ်ကြောင်း သက်သေပြလာသည်။ သူမကလည်း နောက်တစ်ရက်ညနေတွင် အဖြေပြန်ပေးလာသည်။
“ငါ့မှာ ဒီနေ့ပြဇာတ်ရုံကို သွားတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အထဲမှာ အချင်းချင်း စကားများနေတာကို ကြားလို့ သူက မဝင်သွားခဲ့ဘူးတဲ့ ဒါပေမဲ့ သူတို့ဘာတွေ ပြောနေသလဲ ဆိုတာနဲ့ ဘယ်သူတွေ အချင်းချင်း အချင်းများနေသလဲ ဆိုတာကို သိခဲ့ရတယ်”
“အချင်းများတယ် ဟုတ်လား”
နင်မုန့်က မျက်မှောင်ကြုတ်သည်။
“သူတို့က ဘာတွေကို ငြင်းခုန်နေကြတာလဲ”
ချုံခယ့်ခယ့်က တွေးတောပြီးနောက် ဖြေလိုက်သည်။
“သူ ပြောတဲ့အတိုင်း ဆိုရင်တော့ အရိပ်ပြဇာတ်အဖွဲ့မှာ လူငယ်လေးတစ်ယောက်ကို ဆူပူနေတဲ့ လူကြီးနှစ်ယောက် ရှိတယ်တဲ့.. အဲဒီလူငယ်လေးက တစ်ညလုံး ညလုံးပေါက် နေထားသလိုမျိုး မောပန်းနွမ်းနယ်နေတယ်။ အဲဒီလူကြီးနှစ်ယောက်က အဲဒီလူငယ်လေးကို ဟိုဟာလုပ် ဒီဟာလုပ် ဆိုပြီး အမိန့်ပေးနေခဲ့တာ”
သူမ သိထားသော အရိပ်ပြဇာတ်အဖွဲ့က ကြောက်စရာကောင်းသော အရာမျိုးကို ဆက်လုပ်နေသော်လည်း အတွင်းပိုင်း အချင်းများနေမည်ဟု မမျှော်လင့်ထားမိချေ။
သူမက ဆက်မေးလိုက်သည်။
“အဲဒီနောက်မှာ အဘိုးကြီးနှစ်ယောက်က ထွက်လာပြီး ကောင်ငယ်လေးကို ခေါ်သွားတော့တာပဲ။ အခြားလူတွေက သူတို့ကို ကျိန်ဆဲနေကြပေမဲ့လည်း လမ်းတော့ မပိတ်ကြဘူး”
ဒါက ချုံခယ့်ခယ့်မှ ရလာသော သတင်းဖြစ်သည်။ သို့ရာတွင် နင်မုန့်က အတွေးယာဉ်ကြောထဲ နှစ်မြှုပ်သွားသည်။
အရိပ်ပြဇာတ်အဖွဲ့က မကောင်းမှု လုပ်နေသည်။မှာ သံသယဝင်ရန် မလိုအပ်ချေ။ ဒါဆိုရင် ဒီလိုလုပ်တာက လူတစ်ယောက်တည်းကလား။ လူနှစ်ယောက်ကလား ဒါမှမဟုတ် တစ်ဖွဲ့လုံးကလား ဆိုတဲ့ မေးခွန်းက အဖြေလိုအပ်နေပြီ။
သူတို့ရဲ့ရည်ရွယ်ချက်က လူတွေရဲ့စိတ်ဝိညာဉ်ကို စုပ်ယူသွားဖို့လား ဒါပေမဲ့ ဘာလုပ်ဖို့လဲ။ သူတို့ရဲ့စက္ကူအရုပ်တွေကို အသက်သွင်းဖို့အတွက်နဲ့ ဒီလိုမျိုး လုပ်ဖို့ လိုအပ်လို့လား။
သူမ နားမလည်နိုင်သော မေးခွန်းတစ်ခုက ရှိနေသည်။ မည်သို့ပင် ဆိုစေ အရိပ်ပြဇာတ်အဖွဲ့က ပိုက်ဆံ အလွန်ရသော အလုပ်လည်း မဟုတ်သလို သူတို့၏ လုပ်ငန်းတွင်လည်း ဒီလို မကောင်းသော လျှို့ဝှက်ချက်က ရှိနေသေးပြန်သည်။
ချုံခယ့်ခယ့်က သိလိုစိတ် ပြင်းပြသွားသလိုမျိုး အနားသို့ကပ်ကာ မေးလာသည်။
“နင်က ဘာလို့ မေးတာလဲ။ နင် သူတို့ကို စိတ်ဝင်စားနေတာလား”
နင်မုန့်က ရှင်းပြသည်။
“ငါ တကယ်တော့ သူတို့နဲ့ ပတ်သက်ပြီး ထူးဆန်းတယ်လို့ ခံစားရနေတာ”
ချုံခယ့်ခယ့်ကလည်း ပြန်ပြောသည်။
“ထူးဆန်းတယ် ဟုတ်လား။ နင် အခု ပြောမှပဲ ငါ ငါ့သူငယ်ချင်းတစ်ယောက် ပြောတာကို သတိရသွားပြီ။ အဲဒီလူငယ်လေးက အဖွဲ့ထဲက အခြားအဖွဲ့ဝင်တွေ အားလုံးကို မုန်းတဲ့ပုံပဲ။ သူက အဆူခံပြီး အရိုက်ခံနေရတဲ့ အချိန်မှာတောင်မှ ကံကြမ္မာအလှည့်အပြောင်းနဲ့ ဒီလို မကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် တန်ပြန်ခံရမယ်လို့ ပြန်ပြောတတ်တယ်တဲ့”
သူမက ပခုံးတွန့်ပြီး ပြောလာသည်။
“ဒီခေတ်မှာ ဒီလို စကားတွေ ဘယ်သူက ပြောတော့လို့လဲ။ တကယ်လို့ အဲဒီလို ဖြစ်မယ်ဆိုရင် ဘာလို့ အပြင်မှာ မကောင်းတဲ့သူတွေက အကောင်းအတိုင်းနဲ့ လျှောက်သွားနေကြတာလဲ”
“ဟုတ်တယ်”
နင်မုန့်ကလည်း သံယောင်လိုက် လိုက်သည်။ ထို့နောက် သူမက အတွေးနက်သွားပြန်သည်။
စနစ်က ချက်ချင်းထွက်လာပြီး ဝင်ပြောသည်။
“ကံအတိုင်း ပြန်ခံရတာကတော့ အမှန်ပဲ ကိုယ်လုပ်တာကို ကိုယ်ခံရတာလေ။ လူတစ်ယောက်ရဲ့ ရန်ငြှိုးကလည်း အတိုင်းအတာ တစ်ခုအထိ ရောက်သွားတဲ့အချိန်မှာ ရန်ငြှိုးအထားခံရတဲ့ ပစ်မှတ်ကလည်း သက်ရောက်ခံရတယ်။ ကိစ္စက ပေါ့ရင်တော့ ကံဆိုးတာမျိုးပေါ့ ကိစ္စက အရမ်းလေးနက်သွားရင်တော့ အသက်တောင် သေနိုင်တယ်”
နင်မုန့်က စနစ်ကို ပြန်ခံငြင်းနေရန် စိတ်အခြေအနေ ကောင်းမနေချေ။ အရိပ်ပြဇာတ်အဖွဲ့က လျှို့ဝှက်ချက်များစွာ ရှိနေသည့်တိုင်အောင် သူမအတွက် မြူထုကဲ့သို့ ဖြစ်နေသေးသည်။ ထိုနေ့က ရှီချီက အလွန်အားနည်းသွားသည့်အတွက် သူတို့နှင့် အဆက်အဆံ မလုပ်ခြင်းက ပိုကောင်းသည်။ဟု သူမကို ခံစားသွားရစေသည်။ ထိုနေရာအထိ တွေးပြီးသည့်နောက်တွင် သူမက ခေါင်းလှည့်ကာ သူရှိရာဘက်သို့ ကြည့်သည်။
ရှီချီက လက်ရှိအချိန်တွင် စာဖတ်နေသည်။ သူ၏နှုတ်ခမ်းက ကော့တက်လျက် သူ၏ကြည့်ကောင်း သွယ်လျသော လက်က စာအုပ်ကို ကိုင်ထားကာ အသာလှန်လိုက်သည်။ သူ၏အနည်းငယ် ရှုပ်ပွနေသော ဆံပင်ကလည်း နားကို ခပ်ပါးပါး အုပ်နေသဖြင့် သူဟာ ရှေးခေတ်က အထက်တန်းလွှာ သားတစ်ယောက်လိုမျိုး ကြော့ရှင်းကြည့်ကောင်း လွန်းနေသည်။ နင်မုန့်က ရုတ်တရက် ပြောလိုက်သည်။
“ငါ့ရဲ့မြေးက တကယ် ကြည့်ကောင်းတာပဲ”
စနစ်ကလည်း ဝင်ပြောသည်။
“မှန်တယ်”

ညနေခင်း ခြောက်နာရီတွင် ချန်းရန်က အတန်းထဲသို့ ရောက်လာသည်။ သူမက လူတိုင်းကို ရှင်းပြသည်။
“ခဏနေရင် အားလုံး ပြဇာတ်ရုံဆီကို ဦးတည်ရမယ်။ ပြုံတိုးပြီး မသွားနဲ့.. ပထမဆယ်တန်းက အရင်ကြည့်ရမယ်။ တစ်နာရီတော့ ကြာလိမ့်မယ်။ အရမ်းတော့ မကြာပါဘူး။ သိပ်မကြာခင်မှာ ကြည့်လို့ ပြီးသွားမှာပါပဲ။ ညဘက်မှာ ပြန်လည်သုံးသပ်စာလွှာရေးဖို့ မမေ့ကြနဲ့”
ညပိုင်းတွင် ကိုယ်တိုင်လေ့ကျင့်ခန်း ပြန်လုပ်ရခြင်းနှင့် နှိုင်းယှဉ်သော် လူအများက ပြဇာတ်သာ သွားကြည့်ချင်ကြသည်။
သူတို့၏ဆရာမကလည်း သူတို့ ယခု သွားနိုင်ပြီဟု ကြေညာအကြောင်းကြားသဖြင့် အတန်းထဲမှ လူတိုင်းက နှစ်ယောက် သုံးယောက် တစ်တွဲစီ ထရပ်ကြသည်။ မိန်းကလေးများက အချင်းချင်း လက်ကိုင်ထားကြပြီး ကောင်လေးများကမူ လက်မောင်းချင်း သိုင်းဖက်လျက် အချို့ကမူ ပခုံးချင်း သိုင်းဖက်လျက် သွားကြသည်။
ကောင်းကင်က တောက်ပနေသေးချိန်တွင် တတိယနှစ်မှ ကျောင်းသူကျောင်းသား အများစုက ပြဇာတ်ရုံထဲသို့ ဝင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ရိုးသားစွာ ဆိုရသော် နင်မုန့်က သွားရန် တွန့်ဆုတ်နေသည်။ သို့ရာတွင် သူမက နာခံစွာဖြင့် ရှီချီ၏အနားတွင် ဆက်ထိုင်နေလိုက်သည်။
ပြဇာတ်ရုံက အလွန်ကြောက်စရာကောင်းသည်။ သူ၏အနားတွင် ထိုင်ခြင်းက ပို၍ လုံခြုံမည်ဟု ခံစားရစေသည်။ သူတို့ကို အဆောင်လက်ဖွဲ့ တို့လိုက်ရုံဖြင့် အယောက်များအားလုံးက ချဉ်းကပ်ရဲတော့မည် မဟုတ်ချေ။
ရှီချီကလည်း တိတ်ဆိတ်နေသည်။ သူက အလျင်မလိုစွာဖြင့် ပညာသင်ဆောင်များကို ကျော်ဖြတ်သွားသည်။ သူ၏ခြေထောက်က ရှည်လျားသောကြောင့် သူ၏ခြေတစ်လှမ်းက နင်မုန့်ခြေနှစ်လှမ်းနှင့် ညီမျှသည်။ ထို့အတွက် သူမက လိုက်မီစေရန် အရှိန်ကို နှေးကွေးထားရသည်။ သို့တိုင်အောင် သူမက ထိုအချက်ကို သတိမထားမိလောက်အောင် အတွေးများပြီး ယောက်ယက်ခတ်နေသည်။
နင်မုန့်က ခေါင်းလှည့်ပြီး စနစ်နှင့် အတင်းပြောနေသည်။
“ပြဇာတ်ရုံထဲမှာ ငါ့ကို အဲဒီစက္ကူရုပ်တွေ ဖမ်းသွားကြလောက်လား။ သူတို့က ငါ့ကိုပဲ အလကားနေရင်း ခြောက်ချင်နေကြတယ်”
စနစ်က တွေးတောပြီးနောက်တွင် သူမကို တံတောင်ဖြင့် တို့လိုက်သလိုမျိုး ဆတ်ခနဲ ပြန်ပြောသည်။
“ဖြစ်နိုင်တာက မင်းက မျက်စိပသာန မရှိလို့ ဖြစ်မှာပေါ့။ ငါ ဆိုလိုတာက သူတို့က တခြားသူတွေကို သွားခြောက်တာ နင်မြင်ဖူးလို့လား”
နင်မုန့်က ပြန်ကိုက်သည်။
“အမှိုက်လို စနစ်”
သူမက စနစ်ကို လျစ်လျူရှုထားပြီးနောက်တွင် ရှီချီ၏ ကျောင်းယူနီဖောင်းစလေးကို ဆွဲလိုက်ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။
“ရှီချီ.. စက္ကူရုပ်တွေက အသက်ဝင်လာရင် သူတို့ကို နေရာမှာတင် တားနိုင်အောင် လုပ်နော်”
သူမ၏ ထိတ်လန့်နေမှုကို မြင်နေရသော ရှီချီက ရယ်ချင်သွားသည်။ သို့ရာတွင် သူမ၏ ဖျော့တော့ သွယ်လျသော လက်က သူ၏အင်္ကျီအနားစကို ဆွဲနေကြောင်း မျက်ဝန်းထောင့်မှ မြင်လိုက်ရသောအခါ ရပ်သွားပြီးနောက် ပြန်တုံ့ပြန်လိုက်သည်။
“ကောင်းပြီး လျှောက်သာ မပြေးနေနဲ့..”
နင်မုန့်က ဘယ်လို လျှောက်ပြေးရဲမှာလဲ။ သူမက ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် ပြောသည်။
“မပြေးဘူး။ မပြေးဘူး။ ငါ ဒီနေရာက မင်းရဲ့အနားမှာပဲ ထိုင်မှာ”
လူအုပ်က ပြဇာတ်ရုံအတွင်းသို့ ဝင်ပြီးနောက်တွင် ထိုင်ခုံကို ရှာကြသည်။ ကျောင်းက ထိုင်ခုံပုံစံအနေအထားကိုလည်း သူတို့ နဂိုပုံစံအတိုင်း ပြင်ဆင်ထားပေးလေသည်။ တတိယနှစ် အခန်းနံပါတ်တစ်က သဘာဝအလျောက်ပင် ရှေ့ဆုံးတွင် ထိုင်ရသည်။
သို့ရာတွင် ဒီနေ့ ဖျော်ဖြေမှုတွင် ဦးဆောင်လာသူက မရှိသဖြင့် သူတို့က ရှေ့ဆုံးအတန်းတွင် ထိုင်လိုက်ကြသည်။ နင်မုန့်က စင်နှင့် ၂မီတာသာလျှင် ကွာဝေးသဖြင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုအခိုက် စင်ပေါ်တွင် ဘာမှမရှိသေးချေ။ လိုက်ကာကိုလည်း တင်းကျပ်စွာ ပိတ်ထားသည်။ သို့ရာတွင် ရှင်းပြ၍မရသော ခံစားချက်မျိုးကြောင့် သူမက ထိတ်လန့်လာပြီး တစ်စုံတစ်ရာက အချိန်မရွေး ဖြစ်လာတော့မည်ဟု ခံစားနေရသည်။
လူတိုင်း ရောက်လာသည့်အခါ အလင်းများအားလုံးက ပိတ်ကာ မှောင်မည်းသွားပြီး စင်ပေါ်တွင် ဖျော့တော့သော အလင်းရောင်ကသာ ကျန်ရစ်တော့သည်။ ပိတ်ထားသော လိုက်ကာများကို ဆွဲသွားပြီးနောက် ကြီးမားသော မျက်နှာပြင်ကြီးက ပေါ်လာသည်။ ထိပ်ပေါ်တွင် ဘာမှမရှိနေချေ။ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။
အချိန်ရောက်လာသောအခါ လိုက်ကာအနောက်တွင် လူပုံရိပ်များ ပေါ်လာသည်။ နင်မုန့်က ခပ်မတ်မတ် ထိုင်ပြီးနောက် ရှီချီ၏လက်မောင်းကို ခိုးကြောင်ခိုးဝှက် ဆုပ်ကိုင်လိုက်ပြီး စက္ကူရုပ်က အချိန်မရွေး ထွက်လာကာ သူမကို ဆွဲခေါ်သွားမည်ကို စိုးရိမ်နေသည်။
ရှီချီက ခေါင်းလှည့်ပြီးနောက် မျက်လွှာချလိုက်ကာ သူမကို ကြည့်သည်။
“မကြောက်ပါနဲ့”
နင်မုန့်က သူ့ကို ပြန်ကြည့်ကာ ဖြေသည်။
“ငါ မကြောက်ပါဘူး”
ရှီချီ “…”
သူ၏ကျောင်းအင်္ကျီယူနီဖောင်းက တွန့်နေပြီဖြစ်ကြောင်း သူ ခံစားမိနိုင်သည်။ သို့ရာတွင် သူမ၏ တင်းကျပ်သော မျက်နှာထားနှင့် ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းရဲရဲ ဖြူဖျော့သော မျက်နှာတို့ကို မြင်လိုက်သည့်အခါ သူမ၏အတွေးကို တန်းသိလိုက်သည်။ ရှီချီက ဆက်မပြောတော့လေဘဲ စင်ပေါ်သာ လှည့်ကြည့်လိုက်သည်။
နင်မုန့်ကမူ လက်ကို မလွှတ်ရဲသေးချေ။ သူမက အဆင်ပြေကောင်း ပြေနိုင်သည်။ သို့သော် သူမ၏အသက်လေးက အမြဲတစေ အန္တရာယ်ကြားတွင် ရှိနေလေသည့်အပြင် သူမ၏လုံခြုံမှုသာမက သူမ၏ပုံရိပ်ကိုလည်း ကာကွယ်လိုသေးသည်။
ခုနှစ်နာရီ ဒေါင်ခနဲ ထိုးသောအခါ ပြဇာတ်ရုံတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ စင်မြင့်ပေါ်ရှိ စင်တည်ဆောက်ပုံ ပြင်ဆင်မှု အနေအထားအရ အရိပ်ပြဇာတ်နှင့် အလွန်သင့်တော်လောက်အောင် အလွန်အမင်း ကျယ်ပြောကာ ကြီးမားလွန်းနေလေသည်။ ထိုသို့သော အခြေအနေမျိုးတွင် လိုက်ကာကို တစ်ဝက်သာလျှင် ဆွဲချထားပြီး လိုက်ကာနောက်တွင် ရပ်နေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။
လူငယ်လေးက တွဲပေးထားသော လူအိုကြီးက စင်ပေါ်သို့ တက်လာပြီးနောက် လိုက်ကာနောက်တွင် ရပ်သွားသည်။
နင်မုန့်ကလည်း ထိုနှစ်ယောက်က တစ်စုံတစ်ရာ ထူးဆန်းသလို ခံစားလိုက်ရသည်။ အထူးသဖြင့် သူမကို ယခင်တစ်ခေါက်က စကားပြောခဲ့ဖူးသော ထိုအဘိုးအို ဖြစ်သည်။ သူ၏စကားထဲတွင် နက်ရှိုင်းသော အဓိပ္ပာယ် ရှိနေသလိုမျိုး ခံစားနေရသည်။ ထိုအချိန်က ထိုအဘိုးက သူမကို မည်သည့်အတွက်ကြောင့် သည်။နေရာသို့ မလာခိုင်းကြောင်း မသိခဲ့ချေ။
ငါ အဲဒီနေရာကို သွားရင် တစ်ခုခု ဖြစ်မယ်လို့ သူက ဘာကြောင့် ထင်နေတာလဲ။ ဒါမှမဟုတ် ငါ့ရဲ့တည်ဆောက်ပုံကိုများ ခံစားမိနေတာလား။
စနစ်ကမူ သူမ၏ခန္ဓာကိုယ် တည်ဆောက်မှုက ယင်ခန္ဓာကိုယ်ကဲ့သို့ ဖြစ်နေသဖြင့် ဝင်ပူးခံရလွယ်ကြောင်း အငြင်းခံရနိုင်ချေ။က မရှိသလောက် နည်းပါးကြောင်း ပြောထားဖူးလေသည်။ ပို၍ဆိုးသည်။မှာ ဒါက သူမ၏စိတ်ဝိညာဉ် ဝင်ပူးနိုင်ခဲ့သည့် အခြေအနေလည်း ရှိနေခဲ့သေးသည်။
ထို့ကြောင့် ထိုအဘိုးက သူမကို ထိုနေရာသို့ မလာရန် တားခဲ့သည်။ ဒါက သူတို့၏ အကျိုးအမြတ်အတွက်ကြောင့်လည်း ဖြစ်နိုင်သေးလေသည်။
လူအုပ်က စတင်ကာ စိတ်မရှည်စွာ ရေရွတ်ကြတော့သည်။ ဗုံတီးသံက စတင်ထွက်လာပြီးနောက်တွင် လူတိုင်း၏ နှလုံးသားနှင့် စိတ်လှုပ်ရှားမှုကို မြန်ဆန်လာစေသည်။
လိုက်ကာနောက်မှ လူအိုကြီးက အနောက်တွင် ထိုင်ပြီး ရုတ်တရက် အောက်ဘက်ရှိ လူအုပ်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးကို ချသည်။ လူငယ်လေးက ဖျော့တော့စွာဖြင့် စိုးရိမ်တကြီး ခေါ်သည်။
“အဘိုး..”
ထိုလူအိုကြီးက ခေါင်းကို ခါပြီးနောက်တွင် သေးငယ်သော လိုက်ကာစက်ရုံ သေတ္တာလေးကို ကိုင်လိုက်လေသည်။ အရိပ်ကလည်း အောက်သို့ မိုးကျသွားသည်။ ချက်ချင်းလိုလို ပတ်ဝန်းကျင်မှလည်း လက်ခုတ်သံများက ထွက်လာတော့သည်။
ချုံခယ့်ခယ့်က မနေနိုင်ဘဲ အတွန့်တက်သည်။
“ငါ တစ်နာရီ နီးပါး ထိုင်ပြီးပြီ အခုမှ မစရင် ငါ အိပ်ပျော်တော့မယ်”
သူမက နင်မုန့်၏ ဘယ်ဘက်ခြမ်းတွင် ထိုင်ခြင်း ဖြစ်သည်။ သူမက သူမအတွက်တစ်ခု နင်မုန့်အတွက်တစ်ခု သကြားလုံးကို ယူလာပေးသည်။ သူတို့က ပျော်ရွှင်စွာ စားနိုင်လေသည်။ ထိုအချိန်တွင် နင်မုန့်က သိချင်စိတ် ပြင်းပြလာသည်။
“အချိုတွေ ဒီလောက်စားရင် ဝိတ်တက်လာမှာကို မစိုးရိမ်ဘူးလား”
သူမက ခပ်တိုးတိုးမေးသည်။
“ခယ့်ခယ့် နင် ပြဇာတ်ရုံက အရိပ်အဖွဲ့သားတွေဆီကို သွားလည်ဖူးလား”
ချုံခယ့်ခယ့်က အလေးမထားသလို ဖြေသည်။
“မလည်ဖူးပါဘူး။ ငါ သူတို့ကို စိတ်မှ မဝင်စားတာ။ ငါ တစ်ကြိမ်တော့ လာဖူးပေမဲ့ ဝင်မလို လုပ်ပြီးမှ တစ်ယောက်ယောက်က ဆိုးဆိုးရွားရွား ဆက်ဆံလိုက်လို့ အထဲကို မဝင်ဖြစ်တော့ဘူးလေ။ အဲဒီစင်ပေါ်က လူပဲ။ သူ့ရဲ့စိတ်သဘောထားက တအားဆိုးတာ”
သူမ၏စကားနှင့်အတူ ဗုံတီးသံက ကျယ်သထက်ကျယ်လာပြီးနောက် အခန်းထဲရှိ လူတိုင်း၏ နှလုံးခုန်နှုန်းက ကျယ်လောင်လာသည်။ ရုတ်တရက် လိုက်ကာ၏အနောက်မှ အမြင့်ဆွဲကာ သီချင်းဆိုသံက ထွက်ပေါ်လာပြီး ဗုံတီးသံကိုပင် ထိုးဖောက်သွားကာ လူတိုင်း၏နားအတွင်း တိုက်ရိုက်ရောက်လာသည်။
အသံက ကြောင်တောင်တောင်နိုင်ပြီး နားလည်ရလည်း ခက်သည်။ နင်မုန့်က နားကို စွန့်ကာ အသံကုန် နားထောင်သော်လည်း ဘာဆိုနေမှန်း နားမလည်နိုင်သဖြင့် ရှီချီကို လှည့်ကြည့်လိုက်သည်။
“နင် နားလည်လား”
ရှီချီက ဖြေလည်းမဖြေသလို ခေါင်းလည်း မခါချေ။ အနည်းဆုံး နင်မုန့်က လူအိုကြီး၏ ပါးစပ်မှ ထွက်လာသော ထိုအသံကို စိုးရိမ်မိနေသည်။ ထိုအသံက အနည်းငယ်မျှပင် အားနည်းသည်။ဟု မထင်ရသလို ဗုံတီးသံကိုပင် ထိုးဖောက်လာခြင်းက လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်စေသည်။
ပြဇာတ်ရုံ အသေးစား သေတ္တာငယ်လေးထဲမှ ပုံရိပ်များကလည်း စတင်ကာ ရွေ့လျားလာပြီး အနောက်မှ လူကလည်း သူတို့ကို သေချာ ထိန်းချုပ်လာသဖြင့် အမြင့်သံဆွဲသီချင်းနှင့် တစ်ချိန်တည်းလိုလို လှုပ်ရှားနေကာ ဇာတ်ခုံတစ်ခု အဖြစ် ပြောင်းလဲတော့သည်။
သဘာဝအလျှောက်ပင် နင်မုန့်က ညှို့ငင်ခံလိုက်ရသည်။
မျက်နှာပြင်ရှိ ပုံရိပ်များက ကြီးသထက် ကြီးလာပြီး သူမမြင်ကွင်းအတွင်း ပြည့်လာကာ တစ်လောက်လုံးတွင် ထိုပုံရိပ်များကသာ ကျန်ရှိတော့ပြီး သီချင်းဆိုသော အသံကလည်း ပို၍ ထင်ရှားလာသည်။ သူမ၏မျက်နှာတွင် အပြုံးက ပေါ်လာသည်။
ထိုအခိုက်တွင် နင်မုန့်က သူမ၏အရှေ့သို့ ချိုမြိန်သော ရနံ့က ရောက်လာပြီး သူမ၏ပါးစပ်အတွင်း တစ်စုံတစ်ရာက အထည့်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုအရာက ချိုမြိန်ပြီးမာသည်။
သူမက ရုတ်တရက် မျက်တောင်ခတ်သည်။ သူမ၏နှလုံးသားက ရုတ်တရက် ရင်ဘတ်မှ ခုန်ထွက်တော့မလို ခံစားလိုက်ရပြီး ခေါင်းလှည့်ကာ ရှီချီကို ကြည့်လိုက်သောအခါ သူမကို ပြန်ကြည့်နေကြောင်း မြင်လိုက်ရသည်။
“မင်း စုပ်ယူခံလိုက်ရတာ”
မှေးမှိန်သော အလင်းရောင်အောက်တွင် သူ၏မျက်ဝန်းစိမ်းရောင်ထဲတွင် အရိပ်များက ထင်ဟပ်နေသည်။ သူ၏အသံက တိုးသော်လည်း ကြည်လင်နေသည်။ ပတ်ဝန်းကျင်တွင် ဆူညံပွက်လောရိုက်နေသော အသံလှိုင်းများကလည်း ရောထွေးနေသေးသဖြင့် ဆွဲဆောင်မှုက ပြင်းထန်သည်။
နင်မုန့်၏ နားများက တိတ်ဆိတ်သွားပြီးနောက်တွင် သူ့ကိုသာ အချိန်ကြာကြာ စိုက်ကြည့်မိသွားသည်။ သူမ၏မျက်ဝန်းကလည်း နဂိုအတိုင်း ပြန်လည်ကြည်လင် သွားပြီးနောက်တွင် အသိပြန်ဝင်သွားသည်။
“ငါ အခု ဘာလုပ်လိုက်မိတာလဲ”
ပြဇာတ်က အသံက ကျယ်လွန်းသည်။ ပို၍ ဆိုးသည်။မှာ သူတို့က ရှေ့ဆုံးတန်းတွင် ထိုင်နေသဖြင့် စကားပြောရန် ခက်ခဲလွန်းလှလေသည်။ ရှီချီက မျက်မှောင်အနည်းငယ် ကြုတ်ပြီးနောက်တွင် လှပလွန်းသော အလင်းရောင်ကို တစ်ချက် ကြည့်ပြီးနောက် စင်မြင့်ပေါ်မှ ပုံရိပ်ယောင်များကို ကြည့်သည်။ ထို့နောက် သူ၏အကြည့်က အောက်သို့ ရောက်လာပြီးနောက် ခေါင်းငုံ့လာသည်။ ထို့နောက် သူက သူမနားနားသို့ ကပ်လျက် ငြင်သာစွာ ပြောသည်။
“မင်း အညှို့ခံလိုက်ရတာ”
နင်မုန့်က မျက်လုံးပြူးသွားလျက် သူ၏အင်္ကျီယူနီဖောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူမ၏ ပါးစပ်ထဲတွင် သကြားလုံးက ရှိနေသေးသည်။ ချိုမြိန်မှုကလည်း ပြန်နှံ့လာသည်။ ထိုအခိုက် သူမ၏ပတ်ဝန်းကျင်မှ သီချင်းဆိုသံများ၊ ဗုံတီးသံများ အားလုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အပ်ချည်မျှင်ကို ဖြတ်ချလိုက်သလို ဖြစ်သွားသည်။ သူမ၏ မြင်ကွင်းက ဝေဝါးသွားလေပြီး ရှီချီ၏အသံကသာ ကျန်ရစ်တော့သည်။ ထိုအသံ ကျယ်သထက် ကျယ်လာပြီး သူမကို လွှမ်းခြုံသွားတော့သည်။

သူမက သတ္တိရှိချင်ယောင်ဆောင်နေမှန်း ငါသိတယ်။ ဒါပေမဲ့ ငါ ထုတ်မပြောပါဘူး။ မဟုတ်လည်း ငါ့မှာ သူမကို ဒီလို သတ္တိရှိချင်ယောင် ဆောင်နိုင်အောင် လုပ်ပေးနိုင်တဲ့ စွမ်းရည် ရှိနေတာပဲ။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset