RENH အပိုင်း ၃၂

အပိုင်း (၃၂) သူ အိမ်ပြန်လာတော့ သူ ဘာကိုမြင်လိုက်ရလဲဆိုရင်…။
နင်မုန့်ကိုယ်တိုင်လည်း လက်ရှိတိုးတက်မှုကို မမျှော်လင့်ထားမိခဲ့ချေ။ ရှီချီနှင့် အချိန်အတန်ကြာအောင် အတူတကွရှိခဲ့ပြီး ရှီချီသာ ကြီးပြင်းလာခဲ့မည် ဆိုလျှင် မည်သို့သော ပုံစံရှိမည်ဟု တွေးတောလိုက်မိသည်။ တစ်ချိန်တည်းတွင်ဘဲ ရှီချီနှင့်တူသည်ဟု ထင်လိုက်သော လူငယ်လေးဟာ ရှီချီကိုယ်တိုင် ဖြစ်နေသည်။
ရှီချီကိုယ်တိုင်ကလည်း သူမ၏အနည်းငယ် ပျက်ယွင်းသွားသော မျက်နှာအမူအရာကို ကြည့်ပြီး ခံစားချက် ကောင်းသွားသည်။ သူဟာ သူမကို မျက်လုံးမှိတ်ပြလိုက်သည်။
“ဘာဖြစ်တာလဲ”
သူ၏အသံဟာ နားထောင်ကောင်းနေပြီး နင်မုန့်ကို အသိပြန်ဝင်အောင် ဆွဲခေါ်လိုက်တော့သည်။
သူမဟာ ခပ်မတ်မတ်ဖြင့် ရပ်လိုက်ကာ ချောင်းသာ ဟန့်လိုက်ပြီး အသံကို ထိန်းလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး ဒီတိုင်း အတန်းဖော်က အရမ်းချောတာပဲလို့ ထင်လိုက်မိလို့ပါ”
စိတ်ထဲတွင်မူ သူမဟာ စနစ်ကို လှမ်းအော်နေပြီ ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ သူလို့ ဒီလောက်ချမ်းသာတဲ့ ကောင်စုတ်လေးက ဘာလို့ ဒီလိုကျောင်းကို လာတက်တာလဲ”
သူဟာ မူလတန်းတွင် ကိုယ်ပိုင်ကျောင်းကို တက်ခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထို့အပြင် ကျင့်ဝတ်ဆိုင်ရာ အတန်းများပါသည့် အထူးတန်းများကိုသာ တက်ခြင်း ဖြစ်သည်။ ထို့နောက် သူဟာ အိမ်ပြန်လာပြီး အဆောင်လက်ဖွဲ့များကို ရေးဆွဲလေ့ရှိသည်။
သူဟာ လက်ရှိအချိန်မျိုးတွင် အိမ်တွင်သာ ရှီရှန်ကျင်းနှင့်နေပြီး သရဲဘယ်လို ဖမ်းရမည်နည်း ဆိုသည့်ကိစ္စကို သင်ယူနေသင့်သည်။
“ဒါကို ဘာလို့ ရုတ်တရက် သာမန်ကလေးတစ်ယောက်လိုမျိုး မြင်နေရတာလဲ”
စနစ်ဟာ တုံ့ပြန်လာသည်။
“ကောင်းပြီ သူဒီမှာရှိနေတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာမှ မဟုတ်တာ ဒီအတိုင်း သာမန်လူတစ်ယောက်ရဲ့ ဘဝကို သခင်လေးတစ်ယောက်က အတွေ့အကြုံလိုချင်လို့ လာတယ်လို့ပဲ ခံစားလိုက်ပါ”
နင်မုန့် “…”
လေသံအရတော့ အကြောင်းပြချက် ကောင်းပေးလိုက်သလိုနဲ့။
သူမက ဘာမှမဖြစ်သလိုမျိုး တိတ်ဆိတ်စွာသာ ဟန်ဆောင်နေလိုက်သည်။ ထို့နောက် လွယ်အိတ်ထဲမှ စာအုပ်များကို ထုတ်ပြီး စားပွဲပေါ် တင်ထားလိုက်သည်။ သူမ၏အကြည့်ကမူ သူမ၏ထိုင်ခုံ အရှေ့တည့်တည့်သို့ ရောက်နေသည်။
မည်သို့ပင်ဖြစ်စေ ရှီချီဟာ သူမ မည်သူဖြစ်ကြောင်း မမြင်နိုင်ချေ။ ထို့ကြောင့် ဂရုစိုက်ရန် မလိုအပ်ချေ။ သို့ရာတွင် သူမဟာ လက်ရှိအချိန်တွင် နာမည်အရ အတန်းဖော် ဖြစ်နေလေပြီး သူက တစ်စုံတစ်ယောက်ကို သဘောကျသွားခြင်း ရှိမရှိနှင့် သူ၏စိတ်ကူးယဉ် ချစ်ခြင်းကိစ္စများကို လျှို့ဝှက်စွာဖြင့် စစ်ဆေးကာ ပါဝင်စွက်ဖက်သင့်လျှင် ပါဝင်ရပေမည်။
သူမဟာ သခင်မကြီးရှီ၏ ခန္ဓာကိုယ်ထဲမှ အပြည့်အဝ ထွက်လိုက်ပြီးသော်လည်း သူမဟာ အဘွားတစ်ယောက်ဟု ခံစားနေရသေးသည်။ ထို့အပြင် ဒီကောင်စုတ်လေးကို လအတန်ကြာ သူမဟာ စောင့်ရှောက်ပေးခဲ့သည်။ သူကသာ ဆိုးရွားသော ပုံစံမျိုးဖြင့် ကြီးပြင်းလာလျှင် သူမက ကောင်းမွန်စွာ မထိန်းကျောင်းနိုင်ခဲ့သူ ဖြစ်သွားခဲ့ပေမည်။
စနစ်ဟာ ရှီချီဟာ ကြီးပြင်းလာပြီ ဖြစ်ကြောင်း အတည်ပြုပြီးသား ဖြစ်သည်။ သို့ရာတွင် နင်မုန့်ကမူ အနည်းငယ် ဝမ်းနည်းသလို သက်ပြင်းချလိုက်သည်။ (၁၀)နှစ်တာ ပြောင်းလဲမှုဟာ မြန်ဆန်လွန်းနေသည်။
သူမက ရက်အနည်းငယ်သာလျှင် နေထိုင်ရသေးသော်လည်း ရှီချီကမူ သူမလောက်ပင် အရပ်မရှည်သော ကလေးတစ်ယောက် အဖြစ်မှ သူမထက် ခေါင်းတစ်လုံးစာ မြင့်နေပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ သူဟာ ယခင်က ချစ်စဖွယ်ကောင်းအောင် အဘွားဟုခေါ်ခဲ့သည့် အနေအထားမျိုးမှ ယခင်လို ရည်ညွှန်းသံကို ပြန်မကြားရလောက်တော့ချေ။ သူမက ရုတ်တရက် စိတ်အချဉ်ပေါက်က်သလို ခံစားလိုက်ရသည်။
ဝင်ပေါက်ကို ကြည့်နေသည့် ရှီချီဟာ ရုတ်တရက် ခေါင်းလှည့်လာပြီး သူမ၏မျက်နှာကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် မေးလာသည်။
“မင်း ဘာလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ…”
“ငါ့ကို ခေါ်…”
ရုတ်တရက် ကျန်ရှိသော စကားများဟာ နင်မုန့်၏လည်ချောင်းထဲ ပြန်ဝင်သွားသည်။ သူမက မနည်းကြိုးစားကာသာ ပြောလိုက်ရသည်။
“ဒီတိုင်း ငါ ရင်းနှီးသွားအောင်လို့…”
ငါ့ကို အဘွားလို့ခေါ်… ဆိုသည့်စကားကိုပင် ပြောလုနီးပါး ဖြစ်သွားခဲ့သည်။ သူမကသာ ပြောလိုက်လျှင် သူမ၏အဆုံးသတ်ဂါထာပင် ဖြစ်သွားနိုင်သည်။ ထိုကောင်စုတ်လေးက ယခင်ကလောက် ချစ်ဖို့ မကောင်းတော့ချေ။ …
အတန်းခေါင်းလောင်သံ မြည်လာသောအခါ လူအများ၏ စာအုပ်ဖွင့်သံ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။
ရှီချီဟာ အသက်ပြင်းပြင်းရှုပြီး ထိုမိန်းကလေးပေါ် ရောက်နေသော အကြည့်ကို ဖယ်ရှားလိုက်သည်။
စားပွဲပေါ်တွင် စာရွက်ဖြူလေးတစ်ခုက ဖြန့်ထားပြီး အထဲတွင် သေသပ်စွာဖြင့် ရေးထားသော အနက်ရောင် စာကြောင်းများကို မြင်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ထိုစာရွက်ကို ပြန်ခေါက်လိုက်သည်။ သူ၏လက်ဟာ ဘောပင်ကို ခပ်တေးတေး ဆုပ်ကိုင်ထားသဖြင့် သွေးကြောများကပင် ခပ်ဖျော့ဖျော့ပေါ်လာသည်။ သူဟာ ဘေးရှိလူပေါ် အကြည့်ရောက်သွားချိန်၌ အသက်ရှူပင်ရပ်မတက် ဖြစ်သွားသည်။
သူမ ဆက်မပြောခဲ့တဲ့ စကားတစ်ဝက်ကိုပင် သူထုတ်ပြောလာသည်။
“အဘွားလို့ ခေါ်ခိုင်းမလို့ မဟုတ်လား”
ရှီချီဟာ ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သူမဟာ သေလွန်ပြီးနောက်တွင် သူများခန္ဓာကိုယ်ကို ဝင်စီးထားပြီး သူမနှင်ပုံပုံသဏ္ဌာန် အနီးစပ်ဆုံးတူသည့် လူငယ်ပုံပုံသဏ္ဌာန်ကို ရထားသည်။
သူမ၏လုပ်ဆောင်မှုများ လှုပ်ရှားမှုများ အမှုအကျင့်များ အားလုံးဟာ တစ်ထေရာတည်းဖြစ်သည်။
တကယ်ကို တူလွန်းနေတာဘဲ လွန်ခဲ့သော(၁၀)နှစ်လုံးလုံး သူ့ရဲ့ညတိုင်းမက်နေတဲ့ အိပ်မက်ထဲက ပုံသဏ္ဌာန်အတိုင်း တစ်ထေရာတည်းပဲ။
ရှီချီဟာ အသက်ရှူပင် ရပ်မတက် ဖြစ်သွားသည်။ သူ၏မျက်နှာကို လက်ဖြင့်သာ အုပ်ထားလိုက်ရသည်။ သူဟာသူ၏ မျက်ဝန်းထောင့်မှ ခုံစောင်းလေးကို ကြည့်လိုက်ပြီး တစ်ခဏခန့် ကြာသည်အထိ ဒီအကြည့်ကို မလွဲနိုင်တော့ချေ။
သူမနေနိုင်ဘဲ သူ့အသက်(၇)နှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အားလုံးကို ပြန်တွေးမိသွားသည်။

သူ၏ဦးလေးဖြစ်သူနှင့်အတူ ဂူထဲမှထွက်လာပြီးနောက် အပြင်တွင်ရပ်နေသော လီဟွေ့ကို မြင်လိုက်ရသည်။
အလောင်းဟာ လီဟွေ့၏အရှေ့တွင် ရှိနေသည်။ (၄၉)ကြာမြင့်သည့်တိုင်အောင် ပုံပုံသဏ္ဌာန်ဟာ ပျက်ယွင်းသွားပြီး ဖြစ်သည့်အပြင် ရာသီဥတုဟာ ပူပြင်းလွန်းသောကြောင့် အလောင်းဟာ ကောင်းမွန်သန့်စင်ခြင်း မရှိတော့ချေ။ မျက်နှာသွင်ပြင်များက ထင်ရှားစွာ မပေါ်တော့ချေ။
ထိုသို့ထူးခြားသော ပုံပန်းသွင်ပြင် အခြေအနေဟာ လူတိုင်းကို ကြက်သီးထလာစေနိုင်သည်။
ပတ်ဝန်းကျင်တွင်လည်း လူအများအပြား စုစည်းနေကြပြီး အားလုံးဟာ သူမကို ကူညီရန် ရောက်လာကြသည့် ရွာသားများ ဖြစ်နေကြသည်။ အလောင်း၏ ပုံသဏ္ဌာန်ကို မြင်သောအခါ အားလုံးဟာ လေအေးများပင် ရှူရှိုက်လိုက်မိကြသည်။
အစပိုင်းတွင် သူတို့ဟာ အလောင်းကို ရှာမတွေ့ခဲ့ချိန်က တစ်စုံတစ်ယောက်ဟာ တစ္ဆေလက်ထပ်ပွဲ လုပ်ရန်ရည်ရွယ်ချက်ဖြင့် ခိုးသွားခဲ့သည်ဟု သေချာနေခဲ့ကြသည်။ သို့သော် မျှော်လင့်ထားစွာပင် အလောင်းဟာ တောင်တန်းထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်ထိ ရောက်သည့်တိုင်အောင် လက်ရှိအချိန်ထိ မည်သူကမျှ သတိမပြုမိခဲ့ကြချေ။ ကျွမ်းကျင်ပညာရှင် တစ်ယောက်က မျှော်လင့်မထားဘဲ ရောက်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူတို့က အနာဂတ်တွင် အလောင်းဟာ ပုတ်ပွသွားသည်ထိ သတိမပြုမိလောက်သေးချေ။
“မိန်းကလေးဟွေ့ မင်းအခုဘာဆက်လုပ်မှာလဲ”
လီဟွေ့က အလောင်းကို ငုံ့ကြည့်ပြီးနောက် တုန်ရီသော လေသံဖြင့်ပြောလာသည်။
“ဦးလေးတို့ ဒါကို ပြန်သယ်လာပေးဖို့ကိုဘဲ ဒုက္ခပေးပါရစေ အဲ့ဒါပြီးရင်တော့ ကျွန်မလူတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်မှာပါ “
သူတို့ဟာ တစ်ရွာတည်းသား ဖြစ်ကတည်းက ဒီလိုအကူအညီ တောင်းရန်အတွက် အရှက်ရစရာ အကြောင်းမရှိချေ။
ရှီချီက သူတို့ကို ကြည့်သည်။ ထိုအချိန်တွင် အနီရောင်အပ်ချည်မျှင်၏ ကြိုးအဆုံးဟာ အလောင်း၏ နှလုံးသားထဲ ဝင်ရောက်နေသည်။ နေရောင်အောက်တွင် ရောက်နေသောကြောင့် ဖြစ်နိုင်သည်။ အပ်ချည်ကြိုးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထို့နောက် တစ်စက္ကန့်တွင် ပတ်ဝန်းကျင် ရွာသားတိုင်းက အလောင်းကို ထိလိုက်သည်နှင့် ရုတ်တရက် ပုံပျက်နေသော အလောင်းက ပြောင်းလဲမှုဖြစ်လာသည်။
နဂိုအသားရောင် ပေါ်နေသော အနေထားက ရုတ်တရက်ထူးဆန်းလာပြီး ပို၍ပင်ကြောက်မက်ဖွယ် ကောင်းလာသည်။ ရှီရှန်ကျင်းက ပြောလာသည်။
“ဒါကပုံပုံသဏ္ဌာန် အစစ်အမှန်ဘဲ အဲ့အတိုင်းဘဲ ပြန်သယ်သွားလိုက်ပါ”
ထိုလူဟာ ဘာမှမလုပ်သေးကတည်းက ဒီညယင်နာရီအချိန်တွင် သက်ရောက်မှု အရှိဆုံးအနေထားကို ယူကာလုပ်ဆောင်ရန် ကြံစည်ထားခြင်း ဖြစ်လောက်သည်။ သူက ထို့သို့ ပြောလိုက်သည်နှင့် လူတိုင်းက စိတ်အေးသွားကြသည်။
လီဟွေ့နှင့်လူတိုင်းကလည်း အလောင်းကို ပလတ်စတစ်အိတ်ဖြင့် ပတ်လိုက်ပြီးနောက်တွင် နွားလှည်းပေါ်သို့ တင်လိုက်သည်။ သို့မဟုတ်လျှင် ဒီအတိုင်းသာ အလောင်းကို ပြန်သယ်သွားခဲ့ပါက လူတိုင်းက မသက်မသာ ဖြစ်နေပေရလိမ့်မည်။
အိမ်ပြန်ရောက်သောအခါ ရှီရှန်ကျင်းက ရှီချီကို တစ်ခါတည်း ကားထဲ ဆွဲခေါ်တော့သည်။ ဒရိုင်ဘာဟာ သူ့ကို ထိုနေရာတွင် စောင့်နေသည်။
“သခင်လေး”
ရှီရှန်ကျင်းဟာ ခေါင်းညိတ်သည်။
“ပြန်ကြစို့”
ရှီချီ၏ မျက်လုံးများဟာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ မနေနိုင်ဘဲ သူပြန်လာခဲ့ချိန်က အဖြစ်အပျက်ကို ပြန်တွေးမိသွားသည်။ သူ နောက်ဆုံးအချိန်က ကိစ္စကို အမှတ်ရလိုက်မိသွားသည်။ သူအနေဖြင့် လေလွင့်ဝိညာဉ် တစ်ကောင်ပေါ် အာရုံစိုက်မိရန် စိတ်အခြေအနေ ကောင်းမနေချေ။
ကားစီးရသောကြာချိန် တစ်လျှောက်လုံး သူဟာ ဆက်တိုက် တွေးတောနေခဲ့သည်။
ထိုလမ်းဘေးဝိညဉ်ဟာ အဘွား၏ကိုယ်ကို ဝင်ပူးသွားပြီး ပျော်ရွှင်စွာဖြင့် နေထိုင်နေသည်။ ထို့အပြင် သူမဟာ သူ့အပေါ် ကောင်းသည်။ လီချွမ် လီရှားတို့အပေါ်လည်း ကောင်းသည်။ တစ်ခုတည်းသော သူမ၏အဆိုးရွားဆုံး အချက်ဟာ သူက သူမအား အဘွားဟုခေါ်ခြင်းကို အလွန်နှစ်ခြိုက်ခြင်းဖြစ်ပြီး သူ့အားလည်း မြေးဟု ဆက်တိုက် ခေါ်နေလေ့ရှိသည်။ ထိုအချက်ဟာ ရှီချီကို မျက်မှောင်ကျုံ့စေသည်။
သူပြန်သွားပြီးလျှင် သူမအပေါ် အခြေခံစည်းများကို ချမှတ်ရမည် မဟုတ်လျှင် သူမအကြောင်း ဦးလေးဖြစ်သူကို ပြောလိုက်မည်ဟု ခြိမ်းခြောက်၍ ရလောက်သည်။ သဘာဝကျကျပင် သူမဟာ ထိုအသံလုပ်လိမ့်မည် မဟုတ်ချေ။
နာရီအနည်ငယ်ကြာ ခရီးဆက်ပြီး နောက်ဆုံးတွင် သူတို့ဟာ မြို့ပြကို ပြန်မြင်လိုက်ရသည်။
ထိုအခါ ရှီရှန်ကျင်း၏ ဖုန်းလိုင်းတိုင်များကလည်း ပြန်ကောင်းလာသည်။ ထိုအချိန်တွင် သူ၏မျက်နှာ အမူအရာများကလည်း ပြန်ကောင်းသွားသည်။
ရှီချီဟာလည်း အရာအားလုံးကို ဘေးဘက်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် မေးလာသည်။
“ဦးလေး ဘာဖြစ်တာလဲ”
ရှီရှန်ကျင်းဟာ မျက်မှောင်ကျုံ့ပြီးနောက် ပြောလာသည်။
“ဘာမှမဟုတ်ပါဘူး”
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က သူ၏ဖုန်းထဲသို့ စာတစ်စောင်ရောက်လာသည်။ သူ၏အမေက ပို့ထားခြင်းဖြစ်သည်။
လူတစ်ယောက်ယောက်ကသာ စံအိမ်ထဲကို ဝင်နိုင်တယ်ဆိုရင် အဲ့ဒီလူက ရှီမိသားစုကို ကျူးကျော်လာနိုင်ခဲ့တယ်လို့ ဆိုလိုတာ မဟုတ်လား။
ဒီနေ့ အဖြစ်အပျက်များကို ပြန်တွေးမိသွားသညနှင့် တစ်စုံတစ်ရာဟာ မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး တစ်စုံတစ်ရာဟာ လက်ထဲမှ ချော်ထွက် သွားလိုက်ရသည်ဟု ခံစားလိုက်ရသည်။
“ကားကို နည်းနည်း မြန်မြန်မောင်းလိုက်ပါ”
ကားသမားဟာ ခေါင်းညိတ်ပြီးနောက် အရှိန်ကိုမြှင့်တော့သည်။
သူက ထိုသို့ပြောလိုက်ပြီးနောက် ချက်ချင်းလိုလို ဖုန်းခေါ်လိုက်သော်လည်း မည်သူကမှ လာမကိုင်ခဲ့ချေ။ သူဟာ စံအိမ်ထဲရှိ ဖုန်းကို ထပ်ခေါ်လိုက်သည်။ ရလဒ်ကလည်း တူတူသာလျှင် ဖြစ်နေသည်။ သူ၏နှလုံးသားဟာ ဆွဲစုပ်ခံရသလို ဖြစ်သွာပြီး တစ်စုံတစ်ရာ ဖြစ်ခဲ့ပြီးသည့် သေချာမှုကို ခံစားလိုက်ရသည်။
ရှီရှန်ကျင်းဟာ နံပါတ်သစ်တစ်ခုကို ခေါ်သည်။
“စံအိမ်ကို အမြန်ဆုံးသွား အခုချက်ချင်းသွား”
ရှီချီအနေဖြင့် ပထမဦးဆုံးအကြိမ် ဦးလေးဖြစ်သူထံမှ ထိုသို့လေးနက်လွန်းစွာသောအသံကို ကြားလိုက်ရခြင်း ဖြစ်လေရာ မသက်မသာ ဖြစ်သွားသည်။ မိနစ်အနည်းငယ်ခန့် ကြာပြီနောက် သူ၏ဖုန်းဟာ မြည်လာသည်။ ရှီရှန်ကျင်းဟာ ချက်ချင်းဖြေလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲ”
တစ်ဖက်သူဟာ သူမြင်ခဲ့ရသော အရာကို တုန်ရင်သော လေသံဖြင့် ဖော်ပြနေခဲ့ဟန်ရသည်။ သူကပြောသည်။
“သခင်လေး သခင်မကြီး… သူ.. သူအသက်ရှူရပ်သွာပြီ”
ရှီရှန်ကျင်းက မျက်လုံးကို ပိတ်လိုက်ပြီး အချိန်အတန်ကြာအောင် စကားမပြောနိုင်တော့ချေ။
“သခင်လေး သခင်မကြီးရဲ့ လည်ပင်းမှာ အကွဲရာ ရှိနေတယ် ကျွန်တော်အထင် တစ်စုံတစ်ယောက်က သူမကို သတ်သွားခဲ့တာဘဲ ဒါပေမဲ့ လူဝင်လာတယ်ဆိုတဲ့ သဲလွန်စတွေ မတွေ့ခဲ့ရဘူး”
“ငါနားလည်ပြီ ဘာကိုမှ မထိနဲ့”
ရှီရှန်ကျင်းဟာ လေးလေးပင်ပင် အသတ်ရှူလိုက်သည်။ သူကြားခဲ့ရသော စကာကိုမယုံနိုင်ခဲ့ချေ။
“အနားကို ဘယ်သူမှ မသွားစေနဲ့”
သူ၏မိခင်ဟာ သူသေသွားခဲ့လျှင် ဘာဖြစ်မလဲဟု မကြာခဏ ပြောရခြင်းကို နှစ်သက်လေ့ရှိသော်လည်း တကယ် ဖြစ်လာသည့်အခါ သူ လက်သင့်မခံနိုင်တော့ချေ။ ဘေးဘက်တွင် ရှိနေသော ရှီချီဟာ ဖုန်းမှ စကားများကို မကြားသော်လည်း ဦးလေးဖြစ်သူ၏ အမူအယာ ပြောင်းလဲသွားခြင်းကို ရုတ်တရက်ဖမ်းမိလိုက်သည်။
“ဦးလေး”
ရှီရှန့်ကျင်းက ဖုန်းကိုသိမ်းပြီး သူ့ကိုလှည့်ကြည်သည်။
“ရှီချီ မင်း…”
နောက်စကားများဟာ သူ၏ပါးစပ်ထဲမှ ထွက်မလာတော့ချေ။
ရှီချီဟာလဲ သူက မပြောချင်ကြောင်း မြင်သောအခါ ဆက်မမေးတော့ချေ။ သို့ရာတွင် သူ၏နှလုံးသားထဲမှ မသက်မသာဖြစ်မှုဟာ ပို၍ ဆိုးလာသည်။ စံအိမ်တွင် တစ်စုံတစ်ရာ ဖြစ်ခဲ့ပြီးလောက်ချေပြီ။
နောက်ပိုင်းခရီးက တစ်နာရီကျော် ကြာရမည့်ခရီးဖြစ်လေရာ သူတို့က နာရီဝက်နှင့် အမြန်မောင်းလိုက်ကြသည်။ နောက်ဆုံးတွင် စံအိမ်ဟာ သူတို့၏ရှေ့တွင် ထင်ရှားစွာ ပေါ်လာလေသည်။
ရှီချီဟာ ခါးကို မတ်မတ်ထိုင်လိုက်သည်။ သူ၏မျက်နှာဟာ အလွန်အမင်း လေးနက်သွားသည်။
အစောပိုင်းတည်းက လမ်းတစ်လျှောက်လုံး ရှီရှန်ကျင်းဟာ သက်သောင့်သက်သာ မရှိနေခဲ့ချေ။ သူဟာ အမြဲတစေ သူ့ကိုသာကြည့်ပြီး တစ်စုံတစ်ရာ ပြောလိုဟန်ဖြစ်သော်လည်း ဘာမှပြောမလာခဲ့ချေ။
ကားထဲမှ ထွက်လိုက်ပြီးနောက် ရှီရှန်ကျင်းဟာ မြန်ဆန်သော ခြေလှမ်းများဖြင့် စံအိမ်ထက်သို့ ဦးတည်သည်။ ရှီချီဟာလဲ အမြန်လိုက်ရသည်။ သူဟာ အပြေးသွားသည်။ ဘာဖြစ်နေမှန်း အသိသည့်အတွက် သူသိလိုက်စိတ် ပြင်းပြနေသည်။ လျင်မြန်စွာဖြင့်ပင် သူတို့၏ရှေ့တွင် စံအိမ်ဟာ ထင်ရှားစွာပေါ်လာသည်။
ရှီမိသားစုဝင်များက စံအိမ်တံခါးဝတွင် မျက်နှာသေများဖြင့် ရှိနေကြသည်။ ရှီရှန်ကျင်းကို မြင်သောအခါ သူတို့ဟာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလာကြသည်။ ရှီရှန်ကျင်းဟာ သူတို့ကိုဂရုမစိုက်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် အတွင်းထဲသို့ဝင်သည်။
တံခါးပွင့်သွားသောအခါ ကြမ်းပြင်တွင် လီရှား လဲနေသော မြင်ကွင်းကို မြင်လိုက်ရသည်။ ဒါက သူတို့နှစ်ယောက်လုံးကို မှင်တက်သွားစေသည်။ ရှီရှန်ကျင်းဟာ အလျင်အမြန် သွားကြည့်လိုက်သည့်အခါ လီရှားဟာ အသက်ရှူနေသေးကြောင်း မြင်လိုက်ရသည်။ သို့သော် တစ်ကိုယ်လုံးကပင် သတိလွတ်နေပြီး အချိန်တိုတွင်း သူမနိုးထလာမည့် အရိပ်အယောင် မရှိသေးချေ။
ဘေးဘက်မှ အနက်ရောင်ဝတ်စုံနှင့် လူများကပြောသည်။
“သခင်လေး လီရှားက တစ်ချိန်လုံး ဒီတိုင်းဖြစ်နေတာ ကျွန်တော်တို့ နှိုးလို့လဲမရဘူး သခင်မကြီးကတော့ အထဲမှာပါ”
ရှီချီ၏မျက်လုံးဟာ ပြူးသွားသည်။
ဘာဖြစ်နေမှန်း သူမသိခင်မှာ သူအိမ်ခန်းထဲသို့ တောက်လျှောက် ပြေးဝင်သွားလိုက်သည်။ ထိုအချိန်တွင် အိမ်ခန်းထဲတွင် သူ၏ကွန်ပျူတာဟာ ပြနေသော တီဗီ၏ဇာတ်လမ်းကို ရပ်ထားသော အနေအထားတိုင်း ပွင့်နေပြီး ဖရဲစေ့အခွံများကလည်း ဒီတိုင်းရှိနေသည်။ ထိုတီဗီစီရီးဟာ ထိုလေလွင့်ဝိညာဉ် သဘောတကျ ကြည့်နေကျ ရုပ်ရှင်ဖြစ်နေသည်။
သူဟာ အနက်ရောင်ဝတ်စုံနှင့် လူကို ကျော်ဖြတ်ပြီး လှေကားထံချက်ချင်း အပြေးသွားလိုက်သည်။
ရှီချီဟာ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားပြီး လှေကားပေါ် ပြေးတက်သည်။ ထိုနောက် နောက်ဆုံးအခန်းထဲသို့ ဝင်လိုက်သည်။ သူ့အရှေ့ရှိ မြင်ကွင်းဟာ သူ့ကို မတုံ့ပြန်နိုင်လောက်အောင် မျက်လုံးများကို နီရဲသွားစေသည်။
စက္ကန့်အနည်းငယ် တုန်အပြီးနောက်တွင် ရှီချီဟာ အထဲသို့ဝင်သည်။
တံခါးဝတွင် လူနှစ်ယောက်ဟာ သူ့အား တောင်းပန်လာသော လေသံတိုးတိုးဖြင့် ပြောသည်။
“သခင်လေးရှီ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ ဒါပေမဲ့ သခင်လေး မဝင်သင့်ဘူး”
သို့ရာတွင် တံခါးဝမှ ကြည့်ရုံနှင့် သူအထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ရင်းနှီးကျွမ်းဝင်သော ရနံ့ကို ရသောအခါ ကုတင်အောက်မှ မြွေပါလေးဟာ စူးရှသော အော်မြည်သံဖြင့် ပြေးထွက်လာသည်။ သူ၏တစ်ကိုယ်လုံးရှိ အမွှေးများ၏ အချို့နေရာများက ကွက်ကြားကွက်ကြား ဖြစ်ပြီး ပြောင်ထွက်နေသည်။ သို့သော် နေရာအများစုဟာ ကောင်းနေသေးသည်။ သို့သော် သူ၏ကိုယ်တွင် သွေးစများကိုလဲ မြင်လာသည်။
လမ်းပိတ်ထားသော လူနှစ်ယောက်လုံးဟာ သေးသွယ်သော ကိုယ်လေးကို တောင့်မခံနိုင်ချေ။ တစ်ချက်တွန့်လိမ်ရုံဖြင့်ပင် ထိုအကောင်လေးဟာ ချက်ချင်းထွက်လာပြီး ရှီချီ၏ခန္ဓာကိုယ်ကို ပွတ်သပ်လာသည်။
သိပ်မကြာခင် အချိန်တွင် မြွေပါလေးဟာ သူ၏ဘောင်းဘီလေးကို ကိုင်ပြီးနောက် အခန်းထံသို့ ဆွဲခေါ်သည်။
ရှီချီ၏ အကြည့်ဟာ ကုတင်ပေါ်သို့ ရောက်သွားသည်။ ကားထဲကမထွက်ခင်က လက်အိတ်ဝတ်ထားပြီဖြစ်သော သူလက်နှင့်အတူ သူဟာငုံ့ကိုင်းလိုက်ပြီး သနားစဖွယ် မြွေပါလေးကိုချီလိုက်ကာ ခေါင်းလေးကို ပွတ်သပ်ပြီး ညှင်သာစွာခေါ်လိုက်သည်။
“ရှောင်ဟွမ်”
မြွေပါလေးဟာ ပြန်လည်တုံ့ပြန်လာပြီး အမြှီးလေးကို ရမ်းခါလာသည်။ ထို့နောက်သူ့ပေါ်မှ ခုန်ချသွားကာ အကြီးအကဲ၏ အလောင်းထံသွားသည်။ ထို့နောက် သူမ၏ ဘေးနားတွင် ကွယ်လျက်သူ့ကို လှမ်းခေါ်ပြန်သည်။
သူက ဝင်မလာကြောင်း မြင်သောအခါ မြွေပါလေးဟာ စက်ဝိုင်းပုံပုံသဏ္ဌာန် လှည့်ပတ်နေပြီး သူ၏ဘောင်းဘီကို ကိုင်ဆွဲကာ အထဲသို့ မရပ်မနား ခေါ်ဆိုရန်ကြံစည်သည်။
ရှီချီ၏ ပါးစပ်များက ပွင့်သွားသော်လည်း ဘာအသံမှ ထွက်မလာခဲ့ချေ။
သူ ကားထဲမှာရှိနေချိန်က ထိုလဲကျနေသူနှင့် သဘောတူညီမှုယူရန် ဆုံးဖြတ်ခဲ့လေသည်။ သို့သော် သူမ၏ကိုယ်ထဲမှ ထွက်နေသော သွေးများဟာ ဘေးနားတွင် အိုင်ထိုးနေပြီး မဲနက်နေခဲ့ပြီ ဖြစ်သည်။ သူဟာ တစ်နေ့လုံး အဘွားဟု ခေါ်ခံရခြင်းကို ကြိုက်နှစ်သက်သော ထိုလေလွင့်ဝိညာဉ်ဟာ မည်သည့်နေရာတွင်မှ မရှိတော့ချေ။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset