RENH အပိုင်း ၃၁

အပိုင်း (၃၁) ငါ့ရဲ့နာမည်က ရှီချီ။
နင်မုန့်က အချိန်အတော်အတန် ကြာအောင် အတွေးနက်သွားသည်။
သူမဟာ browserထဲတွင် ရှီချီ၏နာမည်ကို ထည့်လိုက်သောအခါ ရှီချီဟု အမည်ရသော နာမည်တူ လူအများအကြောင်း ဖြစ်သည်။
အမျိုးမျိုးသော ထူးဆန်းသော သတင်းများလည်း ပါသည်။ သို့သော် မည်သို့ပင်ကြည့်စေကာမူ အားလုံးက သူနှင့် မပတ်သက်နေခဲ့ချေ။
“ဟူး..”
နင်မုန့်ဟာ မေးစေ့ကို ကိုင်လိုက်သည်။ ထိုကလေးက ကြီးပြင်းလာလေပြီ။ လအနည်းငယ်လောက်သာ အဘွားကို မြင်ခဲ့ရသော ကလေးတစ်ယောက် အနေနှင့် သူမအပေါ် မည်သည့်အတွက်ကြောင့် ထူးဆန်းသော ကို့ရို့ကားယားနိုင်မှုကို ခံစားနေရကြောင်းကို သူမ နားမလည်နိုင်ချေ။
“ဒီလိုဆိုကာမှ ငါ အခုချိန်ထိ ထူးဆန်းတယ်လို့ ခံစားနေရတုန်းဘဲ”
နင်နင်၏မျက်နှာဟာ သူမ၏မူလမျက်နှာနှင့် ဆင်တူသည်။ အစပိုင်းတွင် မိန်းမအိုကြီး၏မျက်နှာကို သူမ မြင်ခဲ့ရချိန်အတိုင်း ဖြစ်သည်။ သူမဟာ မည်သို့အတွက်ကြောင့် ထိုသို့ဖြစ်နေကြောင်း စနစ်ကို မေးကြည့်သောအခါ အဖြေပြန်၍မရချေ။
“ဖြစ်နိုင်တာက ဒီလိုဝိညာဉ်ကူးပြောင်းတဲ့ လူတွေကလည်း တူညီတဲ့မျက်နှာမျိုးကို ဝေမျှရတာလား။ ပုံပန်းသွင်းပြင်တူညီနိုင်မှ အဲ့ဒီခန္ဓာကိုယ်ထဲကို ဝိညာဉ်ကူးပြောင်းနိုင်ခွင့် ရှိတာလား”
ဝိညာဉ်ကူးပြောင်းသည့်အခါ လိုအပ်ချက် အခြေအနေများကို သူမနားမလည်သော်လည်း အချိန် အတော်တန်ကြာအောင် တွေးမိသည့်တိုင်အောင် နောက်ဆုံးတွင် လက်လျော့ရန်သာ ဆုံးဖြတ်လိုက်သည်။
ညနေ(၆)နာရီကျော်တွင် လျန်ဖုန်းမိန်ဟာ ဘေးအိမ်မှ ပြန်လာပြီး ညစာချက်သည်။ သူမ၏ဟင်းချက် လက်ရာဟာ မဆိုးရွားချေ။ ထို့ကြောင့် နင်မုန့်ဟာ လပေါင်းများစွာ ငတ်ပြတ်နေသောသူလို အသည်းအသန် စားသည်။ လျန်ဖုန်းမိန်ဟာ စားပွဲကို ခေါက်သည်။
“ဘာလို့ အမြန်စားနေတာလဲ ဖြည်းဖြည်းစားမှပေါ့ ဒါက ချက်ချင်း ပျောက်သွားမှာမှ မဟုတ်တာ မဟုတ်ရင် နင် သီးတော့မယ် ပြီးတော့မှ ငါ့ကို လာမကြည့်နဲ့”
နင်မုန့်ဟာ စား၍ ပြီးသွားပြီ ဖြစ်သည်။ သူမဟာ ပါးစပ်ကို သုတ်လိုက်သည်။
တစ်အောင့်ခန့် ကြာပြီးနောက် မေးလိုက်သည်။
“မနက်ဖြန် သဘက်ခါဆိုရင် ကျောင်းကို သွားပြီး သတင်းပို့တော့မယ်”
လျန်ဖုန်းမိန်ဟာ ခေါင်းညိတ်သည်။
“ဟုတ်တယ် ဦးလေးလင်းက ငါတို့ကိုအဲ့ကို ခေါ်သွားပေးတဲ့အခါ မင်းရဲ့အတန်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပြီး အတန်းသစ်မှာ ကောင်းကောင်းမွန်မွန် စာလေ့လာရမယ် နားလည်လား”
နင်မုန့်ဟာ ရိုးသားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျွန်မ နားလည်ပါတယ်”
ညအိပ်မီးများကို ပိတ်ပြီးနောက်တွင် အခန်းထဲတွင် မှင်တက်စွာဖြင့် လှဲလိုက်သည်။
သူမအနေနှင့် ရှီမိသားစု စံအိမ်တော်ရဲ့ နေရပ်များကို တကယ်ပင် ကျော်တက်ပြီး အခြေအနေကို သွားကြည့်ချင်လှသည်။
သို့သော် ရှီမိသားစုစံအိမ်တော် အကြောင်းကို ပြန်တွေးမိသောအခါ အလွန်ပြင်းထန်သော လုံခြုံရေးကို ပြန်သတိရသွားသည်။ နောက်ဆုံးဖြစ်ခဲ့သော အခြေအနေအရ လုံခြုံရေးဟာ ပို၍တင်းကြပ်နေလောက်သည်။
သူမကလည်း ယခုသွားမည်ဆိုလျှင် ဂိတ်ဝမှာတင် အမိခံရလောက်သည်။
ထို့နောက် သူမအကြောင်း ပေါ်သွားပေလိမ့်မည်။ ရှီရှန်ကျင်းဟာ သူ၏မိခင်က အချိန်အတန်ကြာ သေဆုံးသွားခဲ့ပြီး နောက်တွင် လပေါင်းများစွာ ကြာအောင်လေလွင့် ဝိညာဉ်တစ်ကောင်၏ ဝင်းပူးထားခြင်းကို သိသွားမည်ဆိုပါက သူမကို အရေခွံစုတ်လောက်သည်။
နင်မုန့်ဟာ တုန်ယင်သွားသည်။ သူမ ကျောင်းသို့သာ နာနာခံခံ သွားသင့်သည်။
ရှီချီဟာ ကောက်ကျစ်စွာ မကြီးပြင်းလာရန်သာ မျှော်လင့်မိသည်။ သူသာ လှပသော လူငယ်လေးတစ်ယောက် ဖြစ်လာလျှင် အကောင်းဆုံး ဖြစ်သည်။ ဒီနည်းအားဖြင့် သူမလည်း အိပ်မက်ထဲတွင် ကျေးဇူးတင်နေမိလောက်သည်။
အနာဂတ်တွင် သူ၏လက်ထက်ပွဲ သတင်းအကြောင်းကို သူမစောင့်ကြည့် နိုင်လောက်သေးသည်။
နင်မုန့်ဟာ ထိုအတွေးနှင့်အတူ အိပ်ပျော်သွားသည်။
ကျောင်းသို့ သတင်းပို့ရမည့်နေ့ ရောက်လာသည်။ နင်မုန့်ဟာ မနက်စောစော အိပ်ရာထသည်။
သူမဟာ နှစ်ပေါင်းများစွာကြာအောင် ကျောင်းမတက်ခဲ့ရချေ။ ထို့ကြောင့် ဝေ့ပေါ်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲအကြောင်း သတင်းများကို မြင်တိုင်း သူမဘဝ၏ အချိန်များကို လွမ်းဆွတ်မိလေသည်။ ယခုအခါ ကျောင်းသို့ ပြန်တက်ကာ စာလေ့လာရတော့မည် ဖြစ်သည့်အတွက် စစ်ဆေးမှုကို သူမ မည်သို့ ဖြေဆိုသင့်ကြောင်းပင် မသိတော့ချေ။
ယခင်နှစ်ရက်အတွင်း စာအုပ်များကို ဖတ်ခဲ့ပြီး ကံကောင်းစွာဖြင့် နင်နင်၏ မှတ်ဉာဏ်များကိုလည်း သူမက ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မေးခွန်းအနည်းငယ် ဖြေရှင်းပြီးနောက်တွင် ရလဒ်ဟာ အရင်ကအတိုင်း ဖြစ်သည်။ သူမ ထိုအခါမှသာ စိတ်အေးသွားသည်။
သူမကသာ ရုတ်တရက် ထူးချွန်ပြောင်မြောက်သော လူတစ်ယောက်အဖြစ်မှ လျော့ကျသွားမည်ဆိုလျှင် ခေါင်းပြန်ဖော်နိုင်တော့မည် မဟုတ်ချေ။
မြို့ဟောင်းနယ်မြေဟာ စူနမ်တောင်ပိုင်း၏ ဝေးကွားသော နေရာတွင်ရှိပြီး ကျောင်းအုပ်ဟာ မနက်ခင်းစောစောတွင် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကားမောင်းကာ လာခေါ်သည်။
ကျောင်းအုပ်ဟာ လီယို့ရှန်းဟု ခေါ်ပြီးအလွန် ကြည်ကောင်းသော သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ သူဟာ ပညာတတ်တစ်ယောက်နှင့် တူပြီးသာမန် TV drama များထဲမှ နိမ့်ကျသော လူမျိုးနှင့်မတူပေ။ သူနှင့်လျန်ဖုန်းမိန်တို့ဟာ လမ်းတစ်လျောက်လုံး စကားပြောလာကြပြီး တစ်ခါတရံမှသာ သူမကို မေးခွန်း အနည်းငယ် မေးသည်။
သူ ရောက်လာသောအခါ သူဟာ သူမအတွက် ပစ္စည်းအများအပြား ယူလာသည်။ အလွန်ဂရုစိုက်ဟန်ကလည်း ထင်းရှားပေါ်လွင် နေသေးပြန်သည်။ လျန်ဖုန်းမိန်ဟာ ထိုသို့ မယူလာသင့်ကြောင်း ပြောသည်။ မည်သို့ပင်ဆိုစေ ဒါက ဘာအသုံးမှမဝင်ချေ။ ။
၁၀ နာရီဝန်းကျင် အချိန်တွင် သူတို့က မြို့၏နံပါတ်တစ်အလယ်တန်းကျောင်းသို့ ရောက်သွားသည်။ နင်မုန့်ဟာ နာခံစွာဖြင့် သူ၏နောက်မှ လိုက်သွားလိုက်သည်။ တစ်ချိန်တည်းတွင်လည်း သူနှင့်လျန်ဖုန်းမိန်ကို မျက်စိဒေါက်ထောက် ကြည့်နေသည်။
လျန်ဖုန်းမိန်ဟာ သူ့အပေါ် ခံစားချက် မရှိချေ။ သို့သော် သူမထံ အချိန်မရွေး ရောက်နေသော အကြည့်များကို ခန့်မှန်းမိချက်အရ သူဟာ သူမအတွက် ခံစားချက်များ ရှိနေမိမှာ သေချာသည်။ ထို့နောက် တစ်ဖန် အမျိုးသားများ၏ စိတ်ထဲတွင် အမြဲတစေ နက်ရှိုင်းသော မှတ်ဉာဏ်များ ကျန်နေတတ်လေ့ရှိသော အချစ်ဦးများအကြောင်းကို သတိရသွားသည်။ သူမဟာ လျှို့ဝှက်စွာဖြင့် စနစ်ကို‌ ပြောလိုက်သည်။
“ကျောင်းအုပ်က အိမ်ထောင်ရှိလား”
သူဟာ လက်ထက်ပြီးနောက်တွင် ထို့သို့ ပြုမှုနေလျှင် သူဟာ မကောင်းသော အမှိုက်ကောင်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမဟာ လျန်ဖုန်းမိန်နှင့် ခွဲရမည် ဖြစ်သည်။ မဟုတ်လျှင် သူမ၏မိခင်က ပါဝင်ပတ်သက်မိသွားပါက အခြေအနေ မကောင်းနိုင်တော့ချေ။
စနစ်က ခဏခန့် တွေးတောပြီးနောက် ပြောလိုက်သည်။
“ငါကြည့်လိုက်အုံးမယ် သူက မနှစ်က ကွာရှင်းထားတာ အကြောင်းပြချက်ကတော့ သူရဲ့မိန်းမက ဖောက်ပြန်သွားလို့ပဲ အဆုံးမှာ သူဟာ သူ့ရဲ့သားဘဲ ရလိုက်တယ်”
နင်မုန့်ဟာ စိတ်အေးသွားသည်။
နင်နင်ဟာ အသက်ရှည်မည် မဟုတ်ချေ။ သူမဟာ နောက်နေ့တွင် ထွက်သွားလျှင် လျန်ဖုန်းမိန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပေလိမ့်မည်။ ခင်ပွန်းကို ဆုံးရှုံးပြီးနောက်တွင် သမီးကို ထပ်မံဆုံးရှုံရလေလျှင် သူမက ပြိုလဲ ကျသွားပေလိမ့်မည်။ ထို့ကြောင့် နောက်ပိုင်းနှစ်များတွင် မည်သူမှမရှိသည်ထက်စာလျှင် တစ်စုံတစ်ယောက်က အနားတွင် အဖော်ပြုပေးနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။
လီယို့ရှန်းကလည်း နင်နင်၏နာခံတတ်သော အမူအရာလေးကို သဘောကျသည်။ သူက ညင်သာစွာ ပြောသည်။
“နင်နင် တတိယနှစ်မှာ ရှိတတ်တဲ့ ဖိအားတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့အတွက် ကျောင်းရဲ့ဒုတိယမြောက် တက်တဲ့နေ့မှာ ကောင်းကောင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ် ကံကောင်းစွာနဲ့ မင်းက အချိန်မီ ရောက်လာတာဘဲ”
နင်မုန့်ဟာ အံ့ဩသွားသည်။
“ဘာကို ဆိုလိုချင်တာပါလဲ”
“ဒီနေ့မှာ ကျောင်းရဲ့ရှေ့ဟောင်း အရိပ်ပြစက် ရှိတယ်”
လီယို့ရှန်းက ရယ်ကာ ထပ်ပြောသည်။
“ဒီအရိပ်ပြစက်အဖွဲ့က ယန်ကျင်းကနေတောင် ဖျော်ဖြေဖို့ ရောက်လာခဲ့တာဘဲ ငါတို့ရဲ့ကျောင်းက ခန်းမထဲမှာ သူတို့ကို ဖျော်ဖြေဖို့ ဖိတ်ကြားခဲ့ရတယ်”
နားထောင်ကြည့်ကတည်းက ပျော်စရာကောင်းနေသည်မှန်း သိသာသည်။
နင်မုန့်ဟာ စာအုပ်ထဲတွင် ထိုအရိပ်ပြစက်မျိုးကို မြင်ဖူးလေသည်။ သူတို့၏ ကြိုးစားလုပ်ဆောင်မှုများဟာ ပြောင်မြှောက်လွန်းသည်ဟု အမြဲတစေ ခံစားနေခဲ့ရသည်။ ဝတ္ထုအကြောင်းအရာဟာလဲ ရှင်းလင်းပြီး သူတို့၏လေသံများဟာလည်း အခြားသူများထက် မနိမ့်ကျချေ။ နှမျောစရာကောင်းသည်မှာ လက်ရှိဟာ ခေတ်သစ်ဖြစ်နေသည်။ ထို့ကြောင့် ရှေးခေတ်နှင့် သက်ဆိုင်သောအရာများက နည်းပါးသည်ထက် နည်းပါးလာပြီး တိကျသေချာသော ရှေးဟောင်းမြို့ရှုခင်း အချက်အခြာနေရာများတွင်သာ မြင်နိုင်တော့သည်။ သူမဟာ ပြုံးလာသည်။ ပျော်လာသည်။
“ဒါဆိုရင် ကျွန်မ သေချာပေါက် ကြည့်ရမှာပေါ့”
လီယို့ရှန်းဟာ သူမဟာ သူပြောလိုက်သော အကြောင်းပြချက်ကို မကြိုက်မည်ကို ထိတ်လန့်နေခဲ့ရသည်။ သူမက မမုန်းသွားလျှင် အကောင်းဆုံးဖြစ်သည်။ သူမက ကျောင်းသို့ ဝင်လာပြီးနောက်တွင် အသက်ပြင်းပြင်းရှုသည်။
မြို့၏နံပါတ်တစ်အလယ်တန်းကျောင်းဟာ ယန်ကျင်း စူနမ်အရပ်ဒေသတွင် အကောင်းဆုံးကျောင်း ဖြစ်သည်။ ယန်ကျင်း တစ်ခုလုံးတွင်ပင် အဆင့်မြင့်သည်။ နင်နင် ဝင်ခွင့်ရခြင်းဟာ ကံကောင်းသည်ဟု ဆိုနိုင်သည်။
သူမ၏အမြင်အရ ဒီကျောင်းဟာ အခြားသောအထက်တန်းလွှာ ကျောင်းများထက် နိမ့်ကျခြင်းမရှိချေ။
သူတို့ဟာ ဒီကျောင်းသို့ဝင်ရန်အတွက် ပိုက်ဆံများများ သုံးရမည့်အပြင် ဝင်ခွင့်ကလည်း ခက်ခဲနေသေးသည်။
လျန်ဖုန်းမိန်ဟာ ထိုအချက်ကို နားမလည်လောက်ချေ။ သူမ သိထားသည်မှာ သူမဟာ ထိုအချိန်က လီယို့ရှန်းနှင့် ဆုံခဲ့သဖြင့် မိတ်ဆွေဟောင်းက ဒီကျောင်းကို ညွှန်းပေးခဲ့ခြင်းဟုသာ နားလည်ထားလေသည်။ သို့ရာတွင် လီယို့ရှန်းကမူ ထိုကိစ္စကို စိတ်ထဲတွင်သာ ထားသည်။ သူက အခွင့်အရေးကောင်းကို ပို၍မျှော်လင့်နေသည်။
ရုံးတွင်းအဆောင်ထဲမှ ထွက်လာပြီးနောက်တွင် လီယို့ရှန်းက နင်မုန့်ကို တတိယနှစ်များ၏ ပညာသင်အဆောင်ကို ခေါ်သွားသည်။
မနေက ကျောင်းအပ်ရမည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ကျောင်းသူအများစုက အတန်းထဲသို့ ရောက်နေကြပြီဖြစ်ပြီး အတန်းထဲသို့မဝင်ခင် ခေါင်းဆောင်ဆရာက မိတ်ဆက်ပေးရသည်။
ရာသီဥတုက အနည်းငယ် ဆိုးရွားနေသည်။ သူမဟာ လမ်းတစ်လျှောက်လုံး ကျောင်းကိုသာ စောင့်ကြည့်ရင်း ဝင်လာခဲ့သည်။ အားလုံးဟာ အရင်းအမြစ်ကောင်းကြောင်း သူမသည်လည်း မြင်လာသည်။ ကျောင်းဆောင်များ အားလုံးဟာ အလွန်လှပသည်။ ဆက်စပ်ထားသော ကျောင်းဆောင်၏ အဆောက်အဦးပုံစံများဟာလည်း အလွန်ကောင်းမွန်ပြီး ကျောင်းဟာလည်း အလွန်ကျယ်သည်။ တတိယနှစ် ကျောင်းဆောင်၏ အဆောက်အဦးများဟာ ပထမနှစ်နှင့် ဒုတိယနှစ်တို့နှင့် သီးသန့်ကွဲပြားစွာ တည်ရှိနေသည်။ ခန်းမတစ်လျှောက် ဖြတ်သန်းလာပြီး ပန်းပင်များကို ကြည့်ကာ ဖြတ်သန်းလာပြီး နောက်တွင် ရုံးဖက်ခြမ်းနှင့် ဝေးသည်ထက် ဝေးကွာလာတော့သည်။
ပထမထပ်တွင် အခန်း(၅)ခန်းရှိပြီး တတိယတန်း အခန်းနံပါတ်(၁)ဟာလဲ ပထမထပ်တွင် ရှိသည်။
တတိယတန်း အခန်းနံပါတ်(၁)၏ ခေါင်းဆောင်ဆရာဟာ ချန်းရန်ဖြစ်ပြီး သူမဟာ လျင်မြန်စွာ တုံ့ပြန်နိုင်သူ ဖြစ်သည်။ သူမဟာ နံပါတ်တစ်အလယ်တန်းကျောင်းတွင် ရှိနေခဲ့သည်မှာ (၈)နှစ်ရှိပြီဖြစ်ပြီး အထူးဆရာဆုကို ရရှိထားကာ သူမ၏လုပ်သက်ကလည်း အခြားသူများထက် မြင့်လေသည်။ သူမဟာ လီယို့ရှန်း ရောက်လာချိန်ကို သိထားသည်။ ထို့ကြောင့် အချိန်တိုင်းလိုလို ကောင်မလေးကိုကြည့်ရင်း အချက်အလက်များကို မေးမြန်လေသည်။ နင်နင်ဟာ အတန်းထဲတွင် အတန်း(၁)သို့ ဝင်မည် ဖြစ်ကတည်းက သူမ၏အဆင့်ဟာ ထိပ်တန်းအဆင့်ဟု ဆိုလိုနေသည်။
ပို၍ဆိုးသည်မှာ သူမဟာ အဆက်အသွယ်ရှိနေသည်။ သို့သော် သူမ၏ အမှတ်ကောင်းနေခြင်းက ပို၍ပြောင်မြောက်နေခြင်း ဖြစ်သည်။ ထိုအရာအပြင် အတန်းထဲတွင် ရှီမိသားစုမှ နောက်ထပ်ကလေးစုတ်လေးလည်း ရှိနေသေးသည်။
သူမဟာ ကလေး၏အမှတ်ကို ကြည့်ပြီး ဆိုးရွားခြင်း မရှိကြောင်း သိခဲ့သည်။ သူမ၏အမှတ်များဟာ သူမ လိုအပ်မှုနှင့် ကိုက်ညီနေသည်။ ထို့အပြင် သူမလေးဟာလဲ နာခံလွယ်ဟန်ရှိပြီး လမ်းညွှန်ပြသရာတွင် မခက်ခဲနိုင်ပေ။
လီယို့ရှန်းက ပြောသည်။
“အမျိုးသမီးချန်း ဒီလိုဆိုကလေးကို အမျိုးသမီးချန်းနဲ့ပဲ ထားခဲ့လိုက်တော့မယ်”
ချန်းရန်က ပြုံးလိုက်သည်။
“မစိုးရိမ်ပါနဲ့ ကျောင်းအုပ်”
လီယို့ရှန်းဟာ နောက်လှည့်သွားပြီးနောက်တွင် နင်နင်ကို စကားအနည်းငယ် ပြောပြီးနောက် လျန်ဖုန်းမိန်နှင့် ထွက်သွားသည်။
ချန်းရန်က မေးသည်။
“မင်းက နင်နင်မဟုတ်လား ငါနဲ့လိုက်ခဲ့ပါ ဒီနေအတန်းထဲမှာ လူအားလုံးရှိနေတယ် နောက်ပိုင်း စင်ပေါ် တက်ရတာမျိုးဆိုရင် မကြောက်လန့်နဲ့နော် ပြဿနာတစ်ခုခုရှိရင် ငါ့ကို ပေးသိလို့ရတယ်”
လက်ရှိအချိန်တွင် စိတ်ဓာတ်ကျနေသော ကျောင်းသူအရေအတွက်က မရှိသော်သည်း မနှစ်ကတစ်ယောက် ရှိခဲ့ဖူးသည်။
နင်နင်ကပြောသည်။
“ကျွန်မနားလည်ပါတယ် ကျေးဇူးတင်ပါတယ် ဆရာမ”
ချန်းရန်က အခန်းဝတွင် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်ကာ ပြောသည်။
“ငါ့ရဲ့မျိုးရိုးကချန်း မင်းငါ့ကို အမျိုးသမီးချန်းလို့ အခုချိန်ကစလို့ ခေါ်နိုင်တယ် ကြောက်နေဖို့မလိုဘူး”
နင်နင်က ဘယ်လိုကြောက်ရမှာလဲ ငါ နှစ်အများကြီးကြာအောင် အထက်တန်းတက်ခဲ့ရတာ မဟုတ်ဘူး။
သူမကိုသူမ မည်သို့မိတ်ဆက်သင့်ကြောင်းကိုပင် မမှတ်မိတော့ချေ။ သူမအနေဖြင့် သူမနာမည်ကိုသာ ပြောဖြစ်လောက်လေသည်။
လက်ရှိအချိန်တွင် အနားယူချိန် ဖြစ်နေသဖြင့် ကျောင်းသူကျောင်းသား အများစုဟာ အပြင်သို့ ရောက်နေသည်။
အခန်းနံပါတ်တစ်၏ ပြတင်းပေါက်များက ပွင့်နေပြီး ကောင်လေးတစ်ယောက်က ခေါင်းထုတ်ကာ အတန်းပိုင်ဆရာမနှင့် အတူရပ်နေသော မရင်းနှီးသည့် လှပသောမိန်းကလေးကို ကြည့်လိုက်သည်။ သူက ချက်ချင်းဆိုသလို အော်လိုက်သည်။
“ငါတို့ရဲ့အခန်းကို ကျောင်းသူအသစ်ပြောင်းလာတယ်”
ချက်ချင်းလိုလို လူအများစုဟာ သူ၏အနားသို့ရောက်လာသည်။
“ကောင်လေးလား ကောင်မလေးလား ကြည့်ကောင်းလား မြန်မြန်ဖယ်စမ်း ကောင်မလေးပဲကွ..”
“ငါတွေ့လိုက်ပြီ တော်တော်လေးကို လှတာဘဲ ပိန်လဲပိန်သေးတယ် အားရား.. ငါတကယ်ကို ဖျစ်ညှစ်ချင်လာပြီ ဒီနေ့ဂျူနီယာ အထက်တန်းကျောင်းကို တက်တဲ့ ငါ့ရဲ့ညီမလေး ကျနေတာဘဲ”
“မင်းက နှာဘူးကျနေတာ ဘေးဖယ်စမ်း ဒီအဘွားအိုကြီး ကြည့်ပါရစေ”
ပြတင်းပေါက်များတွင် လူအုပ်က ပြည့်သွားသည်။ အားလုံးဟာ အပျော်ရှာနေကြသူများ ဖြစ်ကြသည်။ အတန်းဟာ ပျင်းစရာ ကောင်းလွန်းလှသည်။ လတ်လတ်ဆတ်ဆတ် ပြောင်းလာသော ကျောင်းသူများကသာ ကျောင်းသူကျောင်းသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လေသည်။
နင်ရန်ဟာ ချန်းရန်၏ညွှန်ကြားမှုကို နားထောင်နေရင်းနဲ့မှ ရုတ်တရက် ပြတင်းပေါက်ကို ကြည့်လိုက်သည်။ တလက်လက် တောက်ပသော မျက်ဝန်းများကို သူမက မြင်လာရလေကာ နှုတ်ခမ်းများက ကော့တက်ပြီး ပြုံးလာသည်။ ပြတင်းပေါက်မှ လူများကလည်း ပြုံးကြသည်။
ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ်က ချစ်စရာကောင်းလိုက်တာ။
လက်ရှိအချိန်တွင် အတန်းဟာအားလပ်ချိန် ရထားပြီး မိနစ်(၂၀)သာလျှင် အချိန်ရှိသည်။ ချန်းရန်ဟာ နာရီကို တစ်ချက်ကြည့်ပြီး နောက်တွင် ဝင်ရန်အချိန် လုံလောက်ကြောင်း သိလိုက်သည်။ ထို့ကြောင့် အချိန်မဖြုန်းတော့ဘဲ အတန်းထဲသို့ ဦးစွာခေါ်သွားလိုက်သည်။
အတန်းထဲတွင် လူအနည်းငယ်ကသာ အပြင်တွင် ရှိနေတော့သည်။
နင်မုန့်ဟာ ချန်းရန်နှင့်အတူ စင်မြင့်ပေါ်တက်လိုက်သည်။ သူမဟာ သေလုအောင် ချောက်ခြားနေပြီ ဖြစ်သည်။ သူမဟာ ယခင်က အဘွားအိုကြီးနေရာတွင် နေထိုင်ခဲ့ရပြီး ယခုအခါ ကလေးမလေး ကောင်ငယ်လေးများနှင့် ကျောင်းတက်နေရသည်။
အောက်ရှိ လူများဟာလည်း အတန်းပိုင်ဆရာမ ပြောလာမည့် စကားကို စောင့်နေကြခြင်း ဖြစ်ပြီး သူမ၏ နာမည်ကို သိချင်စိတ်ပြင်းပြ နေကြသည်။
သူမဟာ ထူးခြားသော အလှမျိုးကို ပိုင်ဆိုင်ထားသော်လည်း သေးသွယ်ကာ ဖြူဖျော့ပြီး နှိမ့်ချစွာနေတတ်သည့် မိသားစုတစ်ခုမှ သမီးပျိုတစ်ယောက်နှင့် တူနေသည်။ သူမဟာ ပိန်ပါးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး လူအများစု၏ ကာကွယ်ပေးလိုစိတ်ကို နှိုးဆွနိုင်စွမ်း ရှိနေသည်။
“ငါ့ရဲ့ဘေးကတော့ အသစ်ပြောင်းလာတဲ့ ကျောင်းသူပဲ”
ချန်းရန်က စားပွဲကိုခေါက်ပြီး ဆက်ပြောသည်။
“နင်နင် ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါ”
နင်မုန့်က အတန်းထဲရှိ လူများကို မကြည့်ဘဲ ပြောသည်။
“အားလုံး မင်္ဂလာပါ ငါ့ရဲ့နာမည်ကတော့ နင်နင်ပါ ဒီနေ့ကစပြီး အားလုံးနဲ့အဆင်ပြေပြေ အတူတကွ ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်”
အောက်ဖက်ရှိ လူများက လက်ခုတ်တီးကာ ကြိုဆိုကြသည်။ သူမသည်လည်း မနေနိုင်ဘဲ လျှို့ဝှက်စွာ ပြုံးလိုက်မိတော့သည်။
အတန်းတွင် ခုံတစ်ခုံသာလျှင် လွတ်တော့သည်။ ချန်းရန်သည် ပြတင်းပေါက်နားတွင်ရှိသော နောက်ဆုံးတန်း၏ ခုံကို ညွှန်ပြပြီး ပြောသည်။
“မင်းအဲ့ဒီမှာ အရင်ထိုင်လိုက်ပါ နှစ်ရက်နေရင် အတန်းက ထိုင်ခုံတွေ လဲကြမှာ အဲဒီကျမှ မင်းရဲ့ခုံကို ပြန်ပြောင်း လိုက်တော့”
အတန်းထဲရှိ လူများကလည်း သူမ ညွှန်ပြသော နေရာကို ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူတို့က ခေါင်းပြန်လှည့်လာကြပြီး ကောင်မလေးကို တစ်ပြိုင်တည်း စိုက်ကြည့်ကြသည်။ နင်မုန့်ကလည်း သူတို့၏တုံ့ပြန်မှုကြောင့် စိတ်ရှုပ်သွားခဲ့လေသည်။
စားပွဲနှစ်ခုံတွင် တစ်ခုံက ပြောင်ရှင်းနေပြီး အခြားတစ်ခုံက စာအုပ်များဖြင့် ပြည့်နေသည်။ သို့သော် စာအုပ်အနောက်မှ လူက ပြတင်းပေါက်ကို ကြည့်နေသည်။ သူ၏ဘေးတိုက်ရုပ်သွင်ဟာ အလွန်အမင်း လှပလွန်းကာ ဝေ့ပေါ်ပေါ်တွင်သာ တွေ့ရလေ့ရှိသော ကြည့်ကောင်းလွန်း‌သော ဆယ်ကျော်သက်လေးများနှင့် တူနေသည်။
“မဟုတ်သေးဘူး သူက သူတို့အားလုံးထက်ကို ကြည့်ကောင်းနေတာ”
သူမဟာ ထိုမျှချောမောသော‌ ကောင်ကလေး၏အနားတွင် ထိုင်ရမည်ဟု မထင်ထားချေ။ နင်မုန့်ဟာ နာခံစွာဖြင့် အနားသို့ လျှောက်သွားလိုက်သည်။ လမ်းတစ်လျောက်လုံးရှိ လူတိုင်းက သူမကိုစိတ်လှုပ်ရှား တက်ကြွစွာဖြင့် နှုတ်ဆက်ကြသည်။ ထိုသို့ ဝရုန်းသုံးကား ဆူပူနေမှုကြောင့် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်နေသော ကောင်ကလေးက ခေါင်းပြန်လှည့်လာသည်။
သူမ၏မျက်မှန်ကို တစ်ချက်ပြင်ပြီးနောက်တွင် သူ၏အမူအရာဟာ ရပ်တန့်သွားပြီး သူ၏အစိမ်းရောင်မျက်ဝန်းထဲတွင် အလင်းက တစ်ချက်လက်လာကာ ကြယ်ရောင်များလို တောက်ပလာသည်။
နင်မုန့်ဟာ ထိတ်လန့်သွားတော့သည်။
“မင်္ဂလာပါ ငါရဲ့နာမည်က နင်နင်ပါ”
အမှန်အတိုင်းဆိုရသော် အစိမ်းရောင်မျက်ဝန်းနှင့် လူကို ဒုတိယအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လှပသော မျက်နှာနှင့် ဆက်နွယ်လိုက်သော် ကောင်းကင်မှ ပစားပေးခံရသူလို အကြည့်မလွဲနိုင်အောင် လှပလွန်းလေသည်။
ယခင်က ရှီချီဟာ ချစ်စဖွယ်မျက်နှာလေးနှင့် ကောင်ကလေးဖြစ်ခဲ့သည်။ ဒီလူကမူ ပန်းချီကားထဲမှ ထွက်လာသလိုမျိုး လှပသော ကောင်ကလေးဖြစ်နေသည်။
၁၀နှစ်ကြာသွားပြီးနောက် ထိုကောင်စုတ်လေးဟာ ပို၍ကြည့်ကောင်းသွားပြီး သူမ၏မျက်စိရှေ့မှ တစ်ယောက်ထက်လည်း ပိုကြည့်ကောင်းသွားခြင်း ဖြစ်နိုင်လေသည်။ သူမဟာ တိတ်ဆိတ်စွာဖြင့် တွေးနေလိုက်သည်။
ဖွင့်ထားသော ပြတင်းပေါက်မှ လေတစ်ချက် တိုက်လာပြီးနောက်တွင် သူ၏အနက်ရောင်ဆံပင်များဟာ ရှုပ်ပွသွားသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူဟာမတ်တပ်ထရပ်ကာ သူမကို စိုက်ကြည့်သည်။ ထို့နောက် အသံကိုတိုးကာ ပြောသည်။
“မင်္ဂလာပါ ငါ့ရဲနာမည်က … ရှီချီပါ”
နင်မုန့်ဟာ ကြောင်သွားပြီး မတုံ့ပြန်နိုင်တော့ချေ။
သူမ၏အနားမှ ကောင်မလေးက ထူးဆန်းသည်ဟု ခံစားရပြီး လက်ဖြင့် တို့လာကာ ပြောသည်။
“နင် အဆင်ပြေရဲ့လား ရှီချီက စကားပြောရင် အေးစက်တယ်”
နင်မုန့်ဟာ အသိပြန်ဝင်လာပြီး သေလောက်အောင် ထိတ်လန့်သွားသည်။ သူမဟာ မှင်တက်စွာ ပြန်ဖြေသည်။
“ဘာ.. ဘာမှမဖြစ်ပါဘူး”
ငါ့ရဲ့ရှေ့ကလူက ငါ့မြေးလား။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset