RENH အပိုင်း ၃၀

အပိုင်း (၃၀) ဆယ်နှစ်ကြာသွားပြီလား။
နင်မုန့်က တစ်ဖန်နိုးလာသည့်အခါ သူမ၏ခန္ဓာကိုယ်ဟာ မှောင်မည်းနေသော ချိုင့်ဝှမ်းထဲတွင် လဲနေကြောင်း မြင်လိုက်ရသည်။ ချိုင့်ဝှမ်းဟာ ကျဉ်းမြှောင်းပြီး အမှိုက်ကန်နှင့်ပင် သိပ်မဝေးချေ။ လေထဲတွင်လည်း နှာခေါင်းထိပ် ယားယံလောက်အောင် မသာယာသော ရနံ့က ပြည့်နှက်နေသည်။
သူမဟာ မတ်တပ်ထရပ်လိုက်ပြီး နောက်တွင်သူမ၏ လက်ရှိပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်။ သူမဟာ အပေါ်တွင် တီရှပ်ကို ဝတ်ထားပြီး အောက်တွင်ပြဲနေသော ဂျင်းကို ဝတ်ထားသည်။ သူမ၏တစ်ကိုယ်လုံးဟာ အဓိကလူတစ်ယောက် မဟုတ်နိုင်ဆိုသော အရှိန်အဝါ မျိုးကိုထုတ်လွှတ် နေသည်။
“ငါ ထပ်ပြီး ဝိညာဉ်ကူးပြောင်းသွားပြန်ပြီလား”
နင်မုန့်ဟာ နှာခေါင်းပွတ်လိုက်သည်။ သူမအခြေအနေကို အပြည့်အဝ နားမလည်သေးဘဲ အပြင်သို့ မထွက်ရဲသေး ထို့ကြောင့် စနစ်ကို လျှို့ဝှက်စွာ မေးလိုက်သည်။
“အခြေအနေက ဘာလဲ ငါဘယ်ကိုရောက်နေတာလဲ ငါကဘယ်သူလဲ”
စနစ်၏အသံက ထွက်လာသည်။
“မင်းနိုးပြီလား ဒီခန္ဓာကိုယ်က လိုအပ်ချက်နှင့် ပြည့်မီတယ် ဒါပေမဲ့ မင်းကတစ်နှစ်ဘဲ နေနိုင်တယ် ငါအကောင်းဆုံး ကြိုးစားပြီး ဒီအချိန်တိုအတွင်းမှာ မင်းတွက်ဒီခန္ဓာကိုယ်ကို ရှာထားပေးရတာ”
သူမ၏ခေါင်းထဲတွင် နာကျင်မှုများက ပြည့်နက်လာသည်။ သူမက မတုံ့ပြန်နိုင်ခင်မှာ စနစ်ကဆက်ပြောလာသည်။
“မင်းအရင်ဆုံး အိမ်ပြန်သင့်တယ် မဟုတ်ရင် ငါမင်းကိုမှတ်ဉာဏ်တွေ လွှဲပြောင်းပေးလို့ရမှာ မဟုတ်ဘူး”
နင်မုန့်၏ မျက်လုံးရှေ့တွင် ရင်းနှီးကျွမ်းဝင်သော ဖောက်ထွင်းမြင်နိုင်သည့် ဖန်သားပြင်က ပေါ်လာသည်။ အလယ်တွင် အနီရောင်အစက်လေး လင်းလက်တောက်ပနေသော မြေပုံကလည်း ရှိသည်။ ထိုနေရာတွင် အိမ်ဟုမှတ်ထားသည်။ သူမက အလျင်စလို မြေပုံ၏ညွှန်ကြားချက်အတိုင်း သွားလိုက်ပြီး ချိုင်ဝှမ်းတွင် ဆက်မနေတော့ချေ။
သူမကိုပေးလာသည့် ထိုမြေပုံဟာ အလွန်အလျဉ်းသင့်ပြီး မကြာမီ အိမ်ပြန်လမ်းကို ရှာတွေ့သွားသည်။ လမ်းတွင် လူအချို့ဟာ သူမကို ကြည့်ပြီးနောက်တွင် ရွံရှာသလို ဖြစ်သွားကာ အကြည့်လွှဲသွားကြသည်။
နင်မုန့်ဟာ သူမက ယခုမည်သည့်ပုံသဏ္ဍာန်နှင့် တူနေကြောင်းကို မသိချေ။ မိသားစုဆိုင်တစ်ခုကို ဖြတ်သန်းသွားချိန်တွင် မှန်တွင်ပေါ်နေသော ပုံရိပ်ကို မြင်သောအခါ သူမ၏နှုတ်ခမ်းများက မဲ့ကျသွားသည်။ ဆိုးရွားသော အကြည့်များကို ရင်ဆိုင်ခဲ့ရသည်မှာ အံ့ဩစရာ မရှိတော့ချေ။
သူမဟာ အမှိုက်ပုံထဲမှ ထွက်လာသော လူတစ်ယောက်နှင့် တူနေသည်။ သူမ၏ဆံပင်များဟာ ရှုပ်ထွေးနေပြီး အဝတ်များကလည်း ညစ်ထေးနေသည်။ သူမဟာ ညစ်ပတ်နေရုံသာ မကသေးဘဲ မိန်းမဆိုးတစ်ယောက်၏ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ မူလခန္ဓာကိုယ်ဟာ ဒီလိုနေရာမျိုးတွင် မည်သို့သေသွားကြောင်း သူမ မသိနိုင်ချေ။
ထောင့်တစ်နေရာသို့ လျင်မြန်စွာကွေ့ပြီး နောက်တွင် မြင်နေကျ သာမန်အကျဆုံး အဆာပြေမုန့်ဆိုင်များ လမ်းတစ်ဖက်ခြမ်းတွင် ရှိသော ဈေးဆိုင်ငယ်လေးများကိုလည်း မြင်နိုင်သည်။ ကလေးများဟာလည်း လမ်းအလယ်တွင် ဆော့ကစား ပြေးလွှားနေကြသည်။ လျင်မြန်စွာဖြင့်ပင် သူမဟာ အနီရောင်အစက်နားသို့ ရောက်သွားသည်။ နင်မုန့်က ဆိုင်ရှင်က မည်သို့အရွယ်ဖြစ်ကြောင်း မသိနိုင်ခင်မှာတင် အထဲတွင် သက်လတ်ပိုင်းအရွယ်ရှိသော အနည်းငယ်ဝသော အမျိုးသမီးက လက်ထဲတွင် ကိုင်ထားသော ကြက်မွေးဖြင့် သူမကို ချိန်ရွယ်က ခုန်ထွက်လာသည်။
“သေသင့်တဲ့ကောင်မလေး ဘယ်နေရာမှာ သွားသေနေလို့ အခုမှ ပေါ်လာတာလဲ”
သူမ၏ခြေထောက်ဟာ ချက်ချင်းဆိုသလို လှုပ်ရှားကာ ထွက်ပြေးတော့သည်။
ထိုအမျိုးသမီးကို လှုပ်ခါနိုင်စွမ်း ရှိလောက်သော မိန်းကလေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်နိုင်သည်။ သူမဟာ လွတ်မြောက်နေခဲ့သည်။ သို့သော် သိပ်မကြာခင်တွင် အားအင်ပြတ်လပ် သွားပြီး လမ်း၏ အဆုံးတွင် ရပ်လိုက်သည်။
“နင်နင် ဘယ်နေရာကို လျှောက်ပြေးနေတာလဲ။ မင်းရဲ့ခန္ဓာကိုယ်က ညစ်ပတ်နေတာပဲ။ မင်းရဲ့အမေက ဒေါသထွက်တာ အံ့ဩစရာ မရှိတော့ဘူး။ မင်းမြန်မြန်ပြန်ပြီး အမှားကိုဝန်ခံပြီး ရေချိုးလိုက်တော့”
သူမရပ်လိုက်သော လမ်းဖက်ခြမ်းဘေးရှိ အိမ်ဆောက်ပစ္စည်းများ ရောင်းသည့်ဆိုင်က နေကြာစေ့စားရင်း ထိုင်ခုံလေးတွင် ထိုင်ကာရှိနေရာမှ သူမကို မြင်ချိန်တွင် နေကြာစေ့ခွံများကို ထွေးထုတ်ရင်း ပြောလာသည်။
ထိုလမ်းတွင် နင်မုန့်၏မိခင် လျန်ဖုန်းမေ့ဟာ အကျော်ကြားဆုံး ဖြစ်သည်။ သူမဟာ မကြာခဏ ကလေးများကို အော်ဟစ်လေ့ရှိသဖြင့် သူတို့မှာ ကျင့်သားရနေလေပြီ ။
နင်မုန့်ဟာ ချက်ချင်း ဆိုသလို တုံ့ပြန်လိုက်နိုင်သည်။ ထိုသူဟာ ဒီခန္ဓာကိုယ်၏မိခင် ဖြစ်လောက်သည်။
သူမ၏အကြည့်အောက်တွင် လျန်ဖုန်းမေ့က သူမကို လိုက်မီသွားပြီး သူမ၏နားရွက်ကို ဆွဲသည်။
“ငါနင့်ကို ထပ်ပြေးခွင့်ပြုလို့ မဖြစ်တော့ဘူး။ နင့်ပုံနင် ပြန်ကြည့်အုံး။ ဘယ်နေရာကနေ တွားတက်လာတာလဲ”
နင်မုန့်ဟာ အော်လိုက်သည်။
“နာတယ်”
လျန်ဖုန်းမိန်၏ မျက်လုံးဟာ စူးရှသွားသည်။
“ငါနင့်ကို နာစေချင်တာလေ ကြည့်စမ်းနင် နင့်ရဲ့အဝတ်အသစ်ကို ဘယ်လို လုပ်လိုက်သလဲ နင် ရွှံ့ထဲမှာ လိမ့်လာတဲ့ပုံပဲ။ အသက်မရှင်ချင်တော့ဘူးလား”
ဘေးဘက်မှ ကြည့်ရှုသူများက အကြံပေးကြသည်။
“အားရိုး အမေနင်ရယ် ကလေးမလေးကို ခေါ်သွားပြီးအရင် ရေချိုးခိုင်းလိုက်ပါ မဟုတ်ရင် မသက်မသာ ဖြစ်နေတော့မှာဘဲ”
နင်မုန့်ဟာ စကား မပြောရဲတော့ချေ။ သူမဟာ ခေါင်းလေးကို ငုံ့သွားပြီး လျန်ဖုန်းမိန်ရဲ့အနောက်မှလိုက်သွား လိုက်ကာ လျှို့ဝှက်စွာနှင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။
သူမဟာ ငယ်ရွယ်စဉ်ကတည်းက မိဘမရှိတော့ချေ။ ဒီသက်လတ်ပိုင်း အမျိုးသမီးက သူမကို ခက်ထန်စွာ ဆူနေသည် ဟု ထင်ရသော်လည်း စကားလုံးတိုင်းဟာ သူမကို စိုးရိမ်ကြောင်း ပြသနေသည်။ ထို့ကြောင့် နားထောင်လေလေ သူမ၏နှလုံးသားကပင် မသက်မသာ ဖြစ်လာသည်။ ဒီသမီးဖြစ်သူကသာ သေသွားပြီးကြောင်း သိသွားလျှင် ပြိုလဲကျသွား လောက်လေသည်။

အိမ်ပြန်ရောက်သွားသောအခါ နင်မုန့်သည် ရေချိုးခန်းထဲသို့ တွန်းထည့်ခံရသည်။
ရှေးမိသားစုတွင် လူအများ၏ ခစားခြင်းကို ကျင့်သားရနေခဲ့ပြီးနောက်တွင် သူမဟာ ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူမဟာ ယခင်က ဒီလိုဘဝမျိုးဖြင့် နေခဲ့ဖူးလေရာ လျင်မြန်စွာဖြင့် ကျင့်သားရသွားသည်။
လျန်ဖုန်းမိန်က အပြင်တွင် သူမ၏ညအိပ်ဝတ်စုံကို ထားထားပေးသည်။ နင်မုန့်ဟာ အပြင်သို့ထွက်လာပြီးနောက်တွင် မျက်နှာချင်းဆိုင် အခန်းထဲသို့ ရိုးရှင်းစွာ ဝင်ပြေးသွားလိုက်သည်။ ထိုအခန်းထဲ၏ ကြမ်းပြင်တွင် အရုပ်များပုံထားပြီး စာအုပ်များကို သေသပ်စွာ စီစဉ်ထားသော အခြမ်းလဲ ရှိသည်။ ထို့ပြင် ပြတင်းပေါက်ဘေးရှိ စားပွဲပေါ်တွင် အခြားသော စာရေးကိရိယာ အမျိုးမျိုးဖြင့် ပေါင်းကာထားထားသည်။
သူမဟာ လျင်မြန်စွာဖြင့် အိပ်ယာပေါ်သို့ ခြေချလိုက်ပြီးနောက် စနစ်ကို ဆင့်ခေါ်လိုက်သည်။ “ငါ့ကို အခု မှတ်ဉာဏ်တွေပေးတော့” စနစ်က တုံ့ပြန်သည်။
“အသင့်ပြင်ထားပါ”
သူမ၏အရှေ့တွင် အဖြူရောင်အလင်းက လက်လာသည်။ နင်မုန့်ဟာ သူမ၏ဦးနှောက်ဟာ ပေါက်ကွဲ သွားတော့မည်ဟု ခံစားလိုက်ချိန်တွင် ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ အရှေ့ဘက်တွင် ရှိသောဖောက်ထွင်း မြင်နိုင်သည့် ကြည်လင်သော ထိုဖန်သားပြင်ဟာ စတင်ကာ လှုပ်ရှားလာသည်။ အတွင်းတွင်ရှိသော အဓိကဇာတ်ကောင်ဟာ ဒီခန္ဓာကိုယ်၏မူလပိုင်ရှင် ဖြစ်သည်။ သူမ၏ လက်ရှိခန္ဓကိုယ်၏ နာမည်အရင်းဟာ နင်နင်ဖြစ်သည်။
သူမ၏မိသားစုဟာ မုန့်ဆိုင်လေးနှင့် လည်ပတ်နေသည်။ သူမက ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူဟာ အပြင်မှာ အလုပ်လုပ်ရင်း ပြုတ်ကျရာမှ သေဆုံးသွားခဲ့သည်။ ထိုအချိန်ကတည်းက သူမနှင့် မိခင်ဖြစ်သူ လျန်ဖုန်မေ့တို့ဟာ တစ်ယောက်နှင့်တစ်ယောက် မှီခိုခဲ့ရသည်။ သူတို့၏အိမ်ဟာ ဖြိုချတော့မည့် မြို့၏အိုဟောင်း နေသောအစိတ် အပိုင်းတွင်ရှိသည်။ လျန်ဖုန်းမိန်ဟာ ဖြိုချလျှင် ရလာမည့် ပိုက်ဆံကို ယူကာ အပြင်တွင် အိမ်သစ် ဝယ်ကာ ကောင်းမွန်သော ဘဝနှင့် နေထိုင်ချင်လေသည်။
နင်နင်၏အမှတ်များဟာ အလွန်ကောင်းမွန်သည်။ သို့သော် သူမဟာ ကျောင်းတွင် မကျော်ကြားချေ။ အတန်းရှိလူများကလည်း သူမကို ရှောင်ရှားကာ ပထမဦးဆုံးတစ်ချက် အနေနှင့် သူမဟာ အလွန်ပင် ကြည့်ကောင်းသော်လည်း သူမ၏မိသားစု နောက်ခံဟာ နိမ့်ကျလွန်းသည်။ ဒုတိယတစ်ချက် အနေနှင့် အတန်းရှိ အချောဆုံးကောင်းလေးက သူမထံ ဝန်ခံခဲ့ချိန်တွင် သူမက ငြင်းခဲ့သည်။ ထို့ကြောင့် တစ်ခန်းလုံးရှိ မိန်းကလေးတိုင်းက သူမကို မုန်းသည်။ ထိုသို့ သီးသန့်ခွဲခြားခံရခြင်းဟာ သူမဘဝ၏ တစ်စိတ်တစ်ပိုင်း သာမာန်အကျဆုံး အချိန်တွေ ဖြစ်လာခဲ့သည်။ အဆုံးတွင် နင်နင်ဟာ တောင့်မခံနိုင်တော့ဘဲ လျန်ဖုန်းမိန်ကို သူမ ကျောင်းမတက်ချင်ကြောင်း ပြောသည်။ ထို့ကြောင့် နွေရာသီအားလပ်ရက် မစတင်ခင် သူမဟာ မြို့မှ နံပါတ်တစ် အလယ်တန်းကျောင်း၏ စာမေးပွဲကို အောင်မြင်သွားခဲ့သည်။ ထိုသို့ဖြင့် သူမဟာ လာမည့်စာသင်နှစ်တွင် အဆင့်သုံးဖြင့် တက်ရောက်ရမည် ဖြစ်သည်။ သူမဟာ ပြောင်မြောက်သော အမှတ်များကြောင့်လည်း ပညာတော်သင် ထောက်ပံ့ကြေးကို ရထားလေသည်။
လျန်ဖုန်းမိန်ဟာ ရွာ၏အလှလေး ဖြစ်ခဲ့သည်။ သူမဟာ အထက်တန်းကျောင်းမှ ဘွဲ့ရထားလေသည်။ ထို့အပြင် သူမ၏ ယခင်အတန်းဖော်ဟာ ထိုနံပါတ်တစ် အလယ်တန်းကျောင်းမှာ ကျောင်းအုပ် ဖြစ်နေမယ် မထင်ထားခဲ့ချေ။ နင်နင်၏စွမ်းရည်ဖြင့် ကျောင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဟာ သူ၏ထောက်ပံ့ ပေးမှုလဲပါသည်။
လျန်ဖုန်းမိန်ဟာ ပါးစပ်ဆိုးသော်လည်း သူမဟာ သူမအပေါ်ကောင်းသော လူတိုင်းကို ပြန်ကောင်းပေးသည်။ သူမ၏သမီးဖြစ်သူဟာ ကျောင်းရှိ အတွေ့အကြုံများကို တစ်ကြိမ်တောင်မှ ပြောပြခဲ့ခြင်း မရှိခဲ့ချေ။ ကျောင်းရှိ လူများကလည်း ဘာမှမလုပ်ရဲကြဘဲ သူမကို တိတ်ဆိတ်စွာ အလိုက်အထိုက် ဆက်ဆံကြခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လျန်ဖုန်းမိန်၏ သမီးဖြစ်သူဟာ အမှတ်ကောင်းသည်ဟု အမြဲတစေ ထင်ခဲ့ပြီး သူမနည်းတူ ကျော်ကြားမည်ဟု ထင်ခဲ့သည်။
ကိစ္စဟာ ဒီမနက်တွင် ဖြစ်သွားခြင်း ဖြစ်သည်။ နင်နင်ဟာ ပစ္စည်းများထွက်ဝယ်ရင်းမှ လူရမ်းကားနှစ်ယောက်၏ လူပြတ်သော ချိုင့်ဝှမ်းလမ်းကြားထဲသို့ ဆွဲသွင်းခံရသည်။ အဆုံးတွင် သူမဟာ ရုန်းကန်ရင်း နံရံနှင့်တိုက်မိပြီး သေဆုံး သွားခဲ့သည်။ လူမိုက်လေးယောက်ဟာ ထိုအခြေအနေကို မြင်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သူမဟာ ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ နင်မုန့်က ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီးနောက်တွင် စိတ်ဓာတ် ကျသွားသည်။ ထိုသို့ဖြင့် ပြီးပြည့်စုံစွာ ကောင်းမွန်သော မိန်းကလေးတစ်ယောက်က ထိုလောကမှ ထွက်သွားလိုက်ရသည်။
စနစ်ကပြောသည်။ ..
“အခုကစပြီး မင်းကသူမရဲ့ဘဝနဲ့ ဆက်နေရတော့မယ် နဂိုက ဒီကလေးမက တစ်နှစ်ကြာပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ မဖြေခင်မှာ ကားတိုက်မှုနဲ့ သေရမှာပဲ။ ဒီတော့ မင်းအနေနဲ့ ဒီခန္ဓာကိုယ်ကို နောက်ထပ်တစ်နှစ် ပိုင်ဆိုင်ခွင့် ရှိသွားတယ် မှတ်တာဘဲ”
ထိုစကားလုံးများက သူမကိုစိတ်မအေးစေပေ။
တံခါးမှ အသံများနှင့်အတူ နံရံမှ ဖုန်မှုန့်များ ကြွေကျလာသည်။ လျန်ဖုန်းမိန်က အော်သည်။
“ပြဿနာမလေး မြန်မြန်ထွက်လာပြီးတော့ ဆိုင်ကို ငါ့အစားကြည့်ပေးအုံး”
နင်မုန့်က အိပ်ယာလှဲချ၍ အနားယူတော့မည့်အချိန်တွင် ထိုစကားကို ကြားသောအခါ သက်ပြင်းချသည်။ တစ်ဖက်လူဟာ သူမ၏မိခင် ဖြစ်သည်။ ထို့ကြောင့် သူမ ဘာမှမလုပ်နိုင်ချေ။
“မြန်မြန်ထွက်လာပြီး ဆိုင်ကိုကြည့်ထား.. နင်ထွက်မလာရင် ငါနင့်ရဲ့အရုပ်တွေကို လွှင့်ပစ်လိုက်မယ်”
လျန်ဖုန်းမိန်ဟာ ဘေးဆိုင်ရှိ အခြားသောအိမ်ရှင်မများနှင့်အတူ မာကျောက်သွားဆော့တော့မည် ဖြစ်သည်။ သူမ နောက်ကျသွားလျှင် လူလောက်သွားခဲ့ပါက သူမက ဘေးမှာသာ ထိုင်ကြည့် နေရတော့ပေမည်။ ထိုသို့ဆိုလျှင် တစ်နေ့ခင်းလုံး သူမထိုင်ကြည့်နေရပြီး အပြည့်အဝ မပျော်နိုင်လောက်တော့ချေ။
နင်မုန့်ဟာ တံခါးကို အနည်းငယ်လောက်ဖွင့်ပြီး ပြောသည်။
“သိပါပြီ… သိပါပြီ”
လျန်ဖုန်းမိန်ဟာ တံခါးကို တိုက်ရိုက်ဆွဲဖွင့်လိုက်ပြီး ခေါင်းကိုခေါက်သည်။
“မြန်မြန်ထွက်ခဲ့.. နင်နောက်ထပ် ပြဿနာထပ်ရှာတာကို ငါရှာတွေ့ မယ်ဆိုရင် အရေခွံစုတ်ပစ်မယ်နော်”
“ဟုတ်ကဲ့ပါ… ဟုတ်ကဲ့ပါ… ဟုတ်ကဲ့ပါ”
သူမဟာ နာခံစွာ ဖြေလိုက်သည်။
ယခင်တစ်ခေါက်က လူတစ်ယောက်က သူမကို ၁၀ယွမ်ပေးခဲ့ချိန်က သူမက အမှတ်မှားပြီး ယွမ်၆၀ကျော် ပြန်အမ်းလိုက်မိသည်။ ထိုနည်းအားဖြင့် လျန်ဖုန်းမိန်က သူမကို သတ်မတက် ဒေါသထွက်ခဲ့ လေသည်။
သူမ၏နာခံမှုကို မြင်သောအခါ လျန်ဖုန်းမိန်က စိတ်အေးသွားပြီး အေပရွန်ကို ချွတ်ကာ ဆံပင်ကိုလည်း သေသပ်အောင် ပြင်ပြီးမှ ဘေးခန်းသို့ စိတ်လှုပ်ရှားစွာ ထွက်သွားသည်။
သူမက နေ့လည်ခင်းတိုင်း လူအနည်းငယ်နှင့် မာကျောက်ကစားခြင်းကို ကျင့်သားရနေလေပြီ ယခုအခါ နွေရာသီအားလပ်ရက်လည်း ဖြစ်နေသောကြောင့် သမီးဖြစ်သူကို ဆိုင်ကြည့်ခိုင်းထားနိုင်သည်။ နင်မုန့်ဟာ ညအိပ်ဝတ်စုံကို လဲကာအပြင်သို့ ထွက်လာသည်။
မုန့်ဆိုင်က မကြီးချေ။ အိမ်ကလည်း အတော်အတန် အိုဟောင်းနေပြီ ဖြစ်သည်။ အရှေ့ဘက်ကို ပစ္စည်းရောင်းချရန် သုံးပြီး အနောက်ဖက်တွင် လူနေသည်။ အခန်းကြီးက လျန်ဖုန်းမိန်နေသော နေရာဖြစ်ပြီး အခန်းငယ်က သူမ၏အခန်းဖြစ်သည်။ ဒီဆိုင်က သူမ အသက်ထက်ပင် အသက်ကြီးသေးသည်ဟု ဆိုနိုင်သည်။
အနီးအနားရှိဆိုင်တွင် မာကျောက်ဆော့နေသံကို သူမက ကြားနေရသည်။ သိပ်မကြာခင် အချိန်တွင် ထိုင်းမှိုင်းလာသလို ခံစားရပြီး ကောင်တာအနားတွင် ငိုက်နေလိုက်သည်။
ဒီမြို့ဟောင်းလမ်းတွင် ရင်းနှီးကျွမ်းဝင်သော လူများကသာ နေသည်။ ထို့ကြောင့် မာကျောက်ကစားပြီး ရှုံးသွားသည့်အခါ ပိုက်ဆံမပေးမည့်အရေးကို စိုးရိမ်စရာမလို။ တစ်ခါတရံတွင် ပစ္စည်းရပြီးနောက်တွင် နောက်တစ်ရက်မှ ပိုက်ဆံလာပေးသည့် ကိစ္စမျိုးလဲ ရှိသည်။
ရှေးမိသားစုမှ ဒီနေရာသို့ပြောင်းလဲပြီး ပတ်ဝန်းကျင်မှ အလှည့်အပြောင်းများကို အတွေ့အကြုံရပြီးနောက်တွင် နင်မုန့်ဟာ ကျင့်သားရအောင် မနည်းကြိုးစားနေရသည်။
သူမ နောက်ထပ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ခင်.. ကြားလိုက်ရသော ခြေလှမ်းသံများကို ပြန်တွေးမိသောအခါ ရောက်လာသူဟာ လီချွမ် သို့မဟုတ် ရှီချီဖြစ်ကြောင်း သူမ သိချင်နေလေသည်။ သူမအနေနှင့်လည်း သူမချန်ခဲ့သော မှတ်စုကို သူတို့မြင်မမြင် မသေချာချေ။ ထိုအခိုက် ရုတ်တရက် ဖုန်းသံမြည်လာသည်။
စားပွဲပေါ်တွင် စာရွက်အများအပြား ရှိနေသောကြောင့် အချိန်အတန်ရှာပြီးမှသာ လယ်ဂျာစာရွက်အောက်တွင် ရှိသည့် ဖုန်းကို တွေ့လိုက်ရသည်။ ဖုန်းဖန်သားပြင်ပေါ်တွင် နံပါတ်တစ်အလယ်တန်းကျောင်းအုပ်ဆိုတဲ့နံပါတ်က ပေါ်နေသည်။ ထိုကြောင့် သူမက တိုက်ရိုက်ပင် ဖြေလိုက်သည်။ တစ်ဖက်မှအသံက ကျယ်လောင်ကာ ကြည်လင်သည်။
“ဖုန်းမိန့်.. နင်နင်ရဲ့ကျောင်းအပ်တဲ့ ကိစ္စတွေအားလုံးကို လွှဲလိုက်ပြီ အခုပဲလာပြီး နှစ်ရက်အတွင်း ကျောင်းအပ်လိုက်တော့..”
သူ့ဖက်က တစ်ခဏတာ တွေးတောပြီးနောက် ပြောလိုက်သည်။
“ဦးလေး သမီးရဲ့အမေက အပြင်ထွက်သွားလို့ အခုအိမ်မှာမရှိဘူး”
“အို.. နင်နင်လေးဘဲ ဒါဆိုလည်း မင်းရဲ့အမေကို ပြောပြီး ပြန်ခေါ်ဖို့ ပြောလိုက်ပါ”
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဦးလေး”
ဖုန်းချပြီးနောက် နင်မုန့်ဟာ ထိုကျောင်းအုပ်က နင်နင်၏မိခင်ပေါ် ခံစားချက်များ ရှိနေကြောင်း သတိထားလိုက်မိသည်။ မည်သို့ပင်ဆိုစေလျှင် လျန်ဖုန်းမိန်၏ ယောကျာ်းဖြစ်သူက သေသွားခဲ့သည်မှာ ဆယ်နှစ်ကျော်ဖြစ်သည်။ သို့သော် လူကြီးများ၏ကိစ္စက သူမနှင့်မဆိုင်ပေ။ မသေခင်အချိန်တွေကို ပြန်တွေးမိသောအခါ နင်မုန့်က မေးလိုက်သည်။
“စနစ် ငါ ထွက်သွားပြီးတဲ့နောက်မှာ ရှီမိသားစုက ဘယ်လိုဖြစ်သွားလဲ။ ရှီချီက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာရဲ့လား”
“ငါတို့က အချိန်ကို ခုန်ကျော်လိုက်ကြတာ လက်ရှိအခြေအနေက မူလအခြေအနေနဲ့ မတူညီတော့လို့ အဆုံးကို ငါမမြင်နိုင်ဘူး”
ထိုသို့ပြောပြီးနောက် နင်မုန့်ဟာ သက်ပြင်းချလိုက်မိသည်။ ဒီနေရာတွင် ကွန်ပျူတာ မရှိချေ။ သူမအနေနှင့် သတင်းအချက်အလက်ကို မသိနိုင်ချေ။ သူမက ပတ်ဝန်းကျင်လူများကို လိုက်မေးနိုင်သည့်တိုင်အောင် မည်သူကမှ ရှီမိသားစု အကြောင်းကို မသိနိုင်လောက်ချေ။
ဘေးဘက်ရှိ ဖုန်းကို တစ်ချက်ကြည့်ပြီးနောက်တွင် သူမ၏မျက်ဝန်းများက တောက်ပသွားသည်။ သူမတွင် ကွန်ပျူတာ မလိုအပ်လောက်ချေ။ အနည်းဆုံးဖုန်း ရှိသေးသည်။ ဖုန်းက အိုနေသော်လည်း smart ဖုန်း ဖြစ်သည့်အတွက် အင်တာနက် ချိတ်ဆက်လို့ ရသည်။ သူမဟာ ချက်ချင်းဆိုသလို Browser ထဲသို့ ဝင်လိုက်ပြီးနောက်တွင် ရှီရှန်ကျင်း၏ နာမည်ကို ရိုက်ထည့်လိုက်သောအခါ သူနဲ့ဆက်စပ်နေသော သတင်းများ ထွက်လာသည်။
ရှီရှန်ကျင်းဟာ စီးပွားရေးကိစ္စများကို ဂရုမစိုက်သော်လည်း သူနှင့်ပတ်သက်သော သတင်းများစွာ ရှိနေသည်။ သာမာန်ကိစ္စများမှလွဲပြီး ဖုန်းရွှေနဲ့ပတ်သက်သော သတင်းများက ရှိမနေခဲ့သောကြောင့် သူမကသာ မသိထားလျှင် သူ့ကို သာမာန် လူချမ်းသာတစ်ယောက်ဟု ထင်သွားမိနိုင်သည်။
သူမဟာ တောက်လျှောက် လှန်လောလိုက်ပြီးနောက်တွင် ရှီမိသားစုတွင် ပုံမှန်မဟုတ်သော အရာများ ဖြစ်ပျက်ခဲ့ကြောင်း မြင်လိုက်ရသည်။ ဒါကဖြစ်နိုင်ချေရှိသည်။ အဘွားအိုကြီး သေသွားခြင်းက ရှီမိသားစု၏ စီးပွားရေးကိစ္စများကို သခင်မအိုကြီးဆီက အာရုံမစိုက်ခဲ့ကတည်းက သက်ရောက်မှုမရှိနိုင်ချေ။ မည်သို့ပင်ဆိုစေ သူမက ငြိမ်းအေးစွာ နေနေခြင်း ဖြစ်သည်။
သူမဟာ ထွက်တော့မည့်အချိန်တွင် ရုတ်တရက် ဖန်သားပြင်ပေါ်တွင် ပြနေသောအချိန်ကို ကြည့်လိုက်မိပြီး ကြောင်သွားသည်။
“အခုအနာဂတ် ဆယ်နှစ်ကိုရောက်သွားတာလား”
“ဒါက အရင်က စနစ်ပြောတဲ့ အချိန်ကို ခုန်ကျော်လိုက်တယ် ဆိုတာလား ချက်ချင်း ဆိုသလို ဆယ်နှစ်ကို ခုန်ကျော်လိုက်တာလား”
“ဒါဆိုရင်ရှီချီက ဆယ့်ခုနှစ်နှစ် ဖြစ်မနေနိုင်ဘူးလား ငါ သူ့ကို နှစ်ဝက်လောက်လေးဘဲ ပျိုးထောင်ခဲ့တာပါ ဒီကလေးကအခုချက်ချင်း (၁၇)နှစ်ကို ရောက်သွားပြီ”
နင်မုန့်ကမူ သူမတွေးတောကြည့်ရုံဖြင့် ခက်ခဲလွန်းသည်ဟု ခံစားလိုက်ရသည်။
####

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset