RENH အပိုင်း ၂၉

အပိုင်း ၂၉ သင့်တော်သော ခန္ဓာကိုယ်ကို လိုက်ရှာခြင်း။

ရှီရှန်ကျင်းအနေဖြင့် ဒီနဂါးတောင်တန်းက နေရာကောင်းတစ်ခုဟု ထင်ခဲ့မိသည်။ သို့သော် အထဲသို့ ဝင်လာပြီးမှတင် ရက်စက်ကြမ်းတမ်းသော ယင်လေထုက ဖျော့တော့စွာ ရှိနေခဲ့သည်ဟု ခံစားမိခဲ့သည့်အနေအထားမျိုးမှ ခမ်းနားသော မြင့်မြတ်သည့် ချီစီးဆင်းမှုကို အပြည့်အဝ လိမ်ယှက်နွယ်ကာ ပိတ်ဆို့ထားကြောင်း မြင်လိုက်ရသည်။

အတွင်းတွင် မြစ်တစ်စင်း ရှိခဲ့ဟန် ရပြီဲး တောင်ဘက်သို့ စီးခဲ့ကာ တောင်တန်းအောက်ခြေရှိ လယ်ကွင်းထဲသို့ စီးဝင်ခဲ့လောက်သည်။ သို့သော် ယခုတွင်မူ အလယ်မှ အတားအဆီး ရှိနေပြီး မြစ်၏စီးဆင်းမှုဟာ ဖျက်ဆီးခံထားရသည်။

သူဟာ အတွင်းသို့ မဝင်နိုင်ခင်မှာပင် သာမန်နှင့် ကွဲထွက်နေမှုကို ခံစားလိုက်ရသည်။

ရှီချီဟာ မျက်မှောင်ကြုတ်သည်။

“ဦးလေး.. တစ်ခုခုက မှားနေပြီလို့ ကျွန်တော် ခံစားနေရတယ်”

သူ ကိုယ်တိုင်လည်း ဘာက မှားနေကြောင်း မရှင်းပြနိုင်ချေ။ သို့သော် သူ၏နှလုံးသားထဲမှ ထိုခံစားချက်မျိုးက ဆက်တိုက် ထွက်ပေါ်လာနေသည်။ သူ တောင်ခြေသို့ စရောက်သောအခါ ထိုအတိုင်း ခံစားနေရနှင့်ပြီဖြစ်သည်။ သို့သော် သူ ထည့်မပြောခဲ့ရုံသာ ဖြစ်သည်။

ရှီရှန်ကျင်းဟာလည်း ရပ်တန့်လိုက်ပြီး ပြောသည်။

“မင်း ခံစားမိတာ မမှားဘူး။ ဒီနေရာမှာ တကယ်ကို ပုံမှန်မဟုတ်တာ ရှိနေတယ်။ ဒါပေမဲ့ လူလုပ်တာနဲ့ ဆက်နွယ်နေတယ်”

လမ်းတစ်လျှောက်ရှိ သစ်ပင်တိုင်းက သဘာဝအလျောက် ပေါက်နေခြင်း မဟုတ်ဘဲ စိုက်ပျိုးထားခြင်း ဖြစ်သည်။ ပို၍ ဆိုးသည်မှာ စည်းမျဉ်းတစ်ခု တိတိကျကျ ရှိနေသည့်အလား တင်းတင်းကျပ်ကျပ် စနစ်တကျ စိုက်ထားခြင်း ဖြစ်သည်။

တောင်ခြေတွင် ရှိသော သစ်ပင်များဟာ လူအများကို လမ်းမှားအောင် ဝင်မလာအောင် မမြင်နိုင်အောင်သာ လုပ်ထားခြင်း ဖြစ်ပြီး ဝင်္ကပါ ပုံသဏ္ဌာန်အဖြစ် ပြောင်းထားသည်။

သူတို့က အတွင်းသို့ ဝင်လေလေ အတွင်းရှိ သစ်ပင်များဟာ စတင်ပြီး မကောင်းသော ရည်ရွယ်ချက်ကို ပြသလာသည်။ ကံကောင်းစွာဖြင့် ရှီရှန်ကျင်းက ကြိုတင်ပြင်ဆင်လာခဲ့ပြီး ကိုင်တွယ်နိုင်စွမ်း ရှိနေခဲ့သည်။

တောင်၏စိမ်းလန်းနေမှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော တောက်ပသည့် အနီရောင်အပ်မျှင်များဟာ မကောင်းတဲ့သဘောကို ဆောင်နေသည်။ ရှီချီက မျက်လုံးကို ဖွင့်လိုက်ပြီး ရုတ်တရက် ဖမ်းကိုင်လိုက်မိသည်။ အနီရောင်အပ်မျှင်ဟာ အလယ်မှ ဖြတ်ထားခဲ့ဟန်ရပြီး အစနှင့် ကွဲထွက်နေသည်။ တစ်မိနစ် နှစ်မိနစ်ခန့်ကြာပြီးမှသာ ပြန်ဆက်နိုင်သွားသည်။

ရှီချီဟာ ထိုအခါမှသာ စိတ်အေးသွားသည်။ သူ တစ်စုံတစ်ရာကို မှားယွင်းကာ လုပ်မိသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်ဟာ ထိုနေရာတွင် အချိန်အတန်ကြာ နေပြီးနောက်တွင် ရှီရှန်ကျင်းဟာ အဆောင်လက်ဖွဲ့နှစ်ရွက်ကို ထုတ်လိုက်သည်။ ခပ်မြန်မြန်ပင် စက္ကူလေယာဉ်ပုံလေးအဖြစ် ခေါက်လိုက်တော့သည်။ ထို့နောက် သူက နှာခေါင်းနားကပ်ကာ စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်သည်။

ရှီချီက ထိုအဆောင်လက်ဖွဲ့ဟာ ဖြည်းညင်းစွာဖြင့် ပျံသန်းတက်သွားကြောင်းကို တွေ့လိုက်ရသည်။ ထိုစက္ကူလေယာဉ်ပျံလေးဟာ လေထဲတွင် စက္ကန့်အနည်းငယ်ခန့် နေပြီး‌ နောက်ဆုံးတွင် အရှေ့ဘက် အစိမ်းရောင်သစ်ပင်များ အကြား ဝှစ်ခနဲ တိုးဝင်သွားကာ သူတို့နှစ်ယောက်၏ အရှေ့ရှိ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ရှီရှန်ကျင်းက ပြောသည်။

“အရှိန်လျော့ပြီး တုံ့ပြန်မှုကို စောင့်ရအောင်.. မင်းလည်း အနာဂတ်မှာ ဒီလို အဆောင်လက်ဖွဲ့မျိုးကို လေ့လာရလိမ့်မယ်။ မခက်ပါဘူး။ မင်း ဒါကို လမ်းကြောင်းရှာဖို့ အသုံးပြုရုံပဲ”

ရှီချီက စိတ်ထဲတွင် တိတ်ဆိတ်စွာဖြင့် မှတ်သားထားလိုက်သည်။

သူဟာ လက်ရှိတွင် ကျောင်းတက်နေသောကြောင့် အဆောင်လက်ဖွဲ့များ ဆွဲရန် အချိန်အများအပြား မပေးနိုင်ချေ။ သူ့အနေနှင့် တစ်ကြိမ် နှစ်ကြိမ်ခန့်စီသာ ဆွဲရန် လေ့လာနိုင်သည်။ သူ၏ဦးလေးဟာလည်း သူ ဆွဲပြီးချိန်၌ မဆိုးဟု အမြဲတစေ ပြောလေ့ရှိသည်။

ပြောရလျှင် သူ့အနေဖြင့် သူ ဆွဲသော အဆောင်လက်ဖွဲ့များဟာ ဆိုးရွားသည်ဟု အမြဲတစေ ခံစားနေရသည်။ မဟုတ်လျှင် သူ၏ဦးလေးဖြစ်သူဟာ အချိန်တိုင်းလိုလို စကားလုံး နှစ်လုံးတည်း ပြောနေမည် မဟုတ်ချေ။

ရှီချီက စိတ်ဆုံးဖြတ်ထားသည်။ သူ အနာဂတ်တွင် ပို၍ လေ့လာရပေမည်။

ရှီရှန်ကျင်းဟာ အရှိန်ကို နှေးလိုက်ပြီး ရှေ့ဆက်လျှောက်လျက် ထိုစက္ကူလေယာဉ်ပျံလေး၏ ပြန်ဖြေသံကို စောင့်ဆိုင်းနေသည်။ သို့သော် နာရီဝက်လောက် ကြာပြီးသည်အထိ ဘာပြန်ဖြေသံမှ ထွက်မလာခဲ့ပေ။ ထိုအခိုက် သူ၏အမူအရာက ပြောင်းလဲသွားသည်။ သူ၏အဆောင်လက်ဖွဲ့ဟာ တစ်စုံတစ်ရာနှင့် တွေ့ဆုံနေခြင်း ဖြစ်လောက်သည်။ မဟုတ်လျှင် ထိုသို့ ပြန်မလာနိုင်စရာ အကြောင်း မရှိလောက်ချေ။

ရှီချီဟာလည်း နေရာတွင် ရပ်သွားပြီးနောက် မေးလိုက်သည်။

“ဦးလေး ဘာဖြစ်တာလဲ”

ရှီရှန်ကျင်းက ခေါင်းခါသည်။

“ဘာမှမဖြစ်ပါဘူး။ ဆက်သွားရအောင် အနီရောင်အပ်ချည်မျှင်တွေကိုပဲ ဂရုတစိုက် ကြည့်ထား..”

သူတို့ဟာ ခရီးတစ်လျှောက်လုံး အနီရောင်အပ်ချည်မျှင်ကို ကြည့်ပြီး သွားလာနိုင်ခဲ့ခြင်းက သတို့သမီးဘက်မှ ချန်ထားရစ်ခဲ့သော သတင်းအချက်အလက်ကြောင့်သာလျှင် ဖြစ်သည်။ ထိုလက်ကောက်ဟာ ထိုအမျိုးသမီး အသက်ရှင်နေချိန်တွင် အချိန်ကြာကြာ ဝတ်ထားခဲ့သည်။ ဝိညာဉ်ချီများ မရှိသော်လည်း သူမ၏ ရနံ့ ရှိနေသေးသည်။ ထို့အပြင် ရှီချီကိုယ်တိုင်လည်း ပန်းပွင့်ပေါ်တွင် ရှိသော သွေးစက်ကို မြင်ခဲ့ရသည်။ တစ်စုံတစ်ယောက်ကသာ အနီးကပ် မကြည့်လျှင် ဒါကို သတိထားမိမည် မဟုတ်ချေ။ ထိုသွေးစက်ဟာ အလောင်းက သွေးစက် ဖြစ်နိုင်ပြီး တစ်စုံတစ်ရာနှင့် ဆက်နွယ်နေနိုင်သည်။ ရှီချီ၏ ယင်ယန်မျက်ဝန်းကြောင့်သာ မဟုတ်လျှင် အချိန်အတန်ကြာပြီးမှသာလျှင် သူက ဒါကို မြင်နိုင်လောက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူတို့ဟာ ဂူတစ်ခု ရှေ့သို့ ရောက်သွားသည်။ ထိုဂူဟာ တြိဂံပုံစံ ရှိပြီး မနှစ်မြို့ဖွယ်ကောင်းကာ ဘာမှန်းမသိသော ပုံမှန်မဟုတ်သည့် ခံစားချက်မျိုးကို ရနေသည်။ ဂူ၏အစွန်းများဟာ သက်တမ်းနုနေခြင်း မရှိသလို အသစ်တည်ဆောက်ထားကာစ မဟုတ်ချေ။ လူတစ်ယောက်ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤနေရာသို့ လာရောက်ထားခြင်း ဖြစ်လောက်သည်။

အပြင်လောကမှ အတွင်းရှိအခြေအနေများကို မမြင်နိုင်ချေ။ မြင်နိုင်စွမ်းရည်ကလည်း နိမ့်ကျနေခြင်း ဖြစ်သည်။ အလင်းဟာ ထင်ရှားစွာဖြင့် တောက်ပနေသော်လည်း တစ်စုံတစ်ယောက်ဟာ ပိတ်ထားသလိုမျိုး မမြင်နိုင်နေခြင်း ဖြစ်သည်။

ရှီချီ၏ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်နေရသော အနီရောင်အပ်ချည်မျှင်ဟာ ထိုဂူထဲမှ တန်းတန်း ထွက်နေခြင်း ဖြစ်သည်။ ရှီရှန်ကျင်းဟာ ရှီချီကို အောက်သို့ချပြီး အလျင်စလို အထဲသို့ မဝင်ချေ။

သူ ယခုလေးတင် လွှတ်လိုက်သော စက္ကူလေယာဉ်ပျံနှစ်ခုဟာ ဂူအဝင်ဝမြေအောက်တွင် ကျနေသည်။ စက္ကူလေယာဉ်အနေအထားမှာ လက်ဖွဲ့စာရွက်အဖြစ် ပြန်ပြောင်းသွားခြင်းဟာ စွမ်းရည်ပျောက်ဆုံးသွား၍ ဖြစ်သည်။ ရှီချီဟာ ထိုဂူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ပြောလိုက်သည်။

“ဦးလေး အထဲမှာ ဘာရှိတာလဲ”

ရှီရှန်ကျင်းက ဖြေသည်။

“ငါ မသိဘူး”

သူက မော့ကြည့်လိုက်သောအခါ နဂိုက နေသာသော ရာသီဥတုဟာ ရုတ်တရက် တိမ်မည်းများ ပြည့်နှက်လာပြီး အနက်ရောင် တိမ်ဆိုင်များဟာလည်း သူတို့၏ခေါင်းထက်တွင် စုစည်းလာကာ ပြဿနာဟာ သူတို့ကို တည့်တည့် လာရှာပြီဖြစ်ကြောင်း ထင်ရှားလာသည်။ ရှီရှန်ကျင်းက မျက်မှောင်ကြုတ်လိုက်တော့သည်။

ရက်စက်ကြမ်းတမ်းသော ယင်စွမ်းအင်များ ပြည့်နှက်နေသော နေရာတွင် အနက်ရောင်တိမ်ဆိုင်တစ်ခု ပေါ်လာကတည်းက တစ်စုံတစ်ရာ ဆိုးရွားသည့်အရာမျိုး ဖြစ်လာတော့မည်မှန်း သူ့ကို တပ်အပ်ပြောလိုက်သလိုမျိုး ဖြစ်သွားသည်။ သူ ကိုယ်တိုင်ကလည်း သည်ခရီးမှ မည်သည့်ရလဒ်မှ မရနိုင်ကြောင်း ဖျော့တော့စွာ ခံစားမိလိုက်သည်။

ရှီချီက ရုတ်တရက် ပြောသည်။

“ဒီနေရာက ကျွန်တော့်ကို မသက်မသာ ဖြစ်စေတယ်”

အထူးသဖြင့် ဂူထဲမှ ထွက်လာသော တိုက်ခတ်လာသည့် ထိုလေများ ဖြစ်သည်။ လေအေးများဟာ သူ၏ကိုယ်ကို ရုတ်တရက် ရစ်ပတ်လာပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။

ရှီရှန်ကျင်းက တုံ့ပြန်သည်။

“အပြင်မှာ စောင့်နေ တစ်ယောက်ယောက် လာရင် ဒီအဆောင်လက်ဖွဲ့ကိုသုံး.. မဟုတ်ဘူး.. မင်း ငါနဲ့ အထဲကို အတူ လိုက်ခဲ့သင့်တယ်”

စကားပြောနေရင်း တန်းလန်းမှ သူ၏လေသံဟာ ပြောင်းလဲသွားသည်။

ဒီနေရာသို့ အပ်ချည်မျှင်များဟာ သူတို့အား ဦးဆောင်ခေါ်လာကတည်းက အလောင်းဟာ သည်နေရာတွင် ရှိနေလိမ့်မည်။ သို့ရာတွင် ဘာနှင့်အတူ ရှိနေမှန်း သူက မခန့်မှန်း နိုင်သေးချေ။ တစ်ဖက်လူဟာ ထောင်ချောက်ဆင်ထားမည်မှာလည်း သေချာနေသည်။

နှစ်ယောက်လုံးဟာ ဂူထဲသို့ ဝင်ရင်းသာ အဆုံးသတ်သွားရတော့သည်။

ရှီရှန်ကျင်းဟာ အထဲတွင် ထောင်ချောက်အချို့နှင့် သူတို့ ရင်ဆိုင်ရမည်မှန်း တွေးမိသော်လည်း အလွယ်တကူ ဝင်နိုင်မည်ဟု မထင်ထားခဲ့မိချေ။ တစ်ဖက်လူဟာ သည်နေရာကို မည်သူမျှ ရှာမတွေ့နိုင်ဟု အလွန်ယုံကြည်မှု ရှိနေသောကြောင့်လည်း ဖြစ်လောက်သည်။ ထို့ကြောင့် မပြင်ဆင်ထားခြင်းလည်း ဖြစ်နိုင်သည်။

ရှီရှန်ကျင်းဟာ သူ ရင်းနှီးကျွမ်းဝင်သော အရာအများစုကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အခက်အခဲမရှိဘဲနှင့် အရာအားလုံးကို အများအားဖြင့် ဖြေရှင်းနိုင်ခဲ့သည်။

ဆယ်မိနစ်ခန့် ဂူထဲသို့ လမ်းလျှောက်ပြီးနောက်တွင် သူတို့အရှေ့ရှိ မြင်ကွင်းဟာ ရှင်းလင်းလာဟာ ဂူဟာ ပို၍ ကြီးသွားသည်။ ရှီရှန်ကျင်းဟာ ဖုန်းမီးရောင်ကို ဖွင့်ပြီးနောက်တွင် လမ်းကြောင်းတစ်လျှောက် တောက်ပသွားစေပြီး အတွင်းထိ မြင်လိုက်ရသည်။

ရှီချီဟာ ရုတ်တရက် တစ်ချက် ကြည့်ရုံဖြင့်ပင် အနက်ရောင်အရိပ်ကို မြင်လိုက်ရသည်။ သူဟာ ရှီရှန်ကျင်းကို လက်တို့ပြီး ခပ်တိုးတိုးပြောသည်။

“အဲဒီမှာ အနက်ရောင်အရိပ် ရှိတယ်”

ရှီရှန်ကျင်းက ကြည့်လိုက်သော်လည်း ရှီချီ မြင်ရသလို မမြင်ရချေ။ ထိုအစား လည်ပင်းတွင် အရာများ ရှိနေသော အမျိုးသမီးအလောင်းကိုသာ မြင်လိုက်ရသည်။ ဒါဟာ လီဟွေ့ ရှာနေသော အလောင်းဖြစ်သည်။

ပြဿနာများ ရှိမလာစေရန် သူဟာ အပ်ချည်မျှင်ကို ထုတ်လိုက်ပြီး အလောင်းပတ်ပတ်လည်ကို ရစ်ပတ်လိုက်သည်။ အဆောင်လက်ဖွဲ့များကို တစ်ဖန်သုံးပြီး စက္ကူလေယာဉ်ကိုလည်း အလောင်းကို လျင်မြန်စွာ သယ်စေလျက် ဂူအပြင်ဘက်သို့ ထွက်ခွာစေလိုက်သည်။ ရှီချီက စတင်ပြီး ထိတ်လန့်လာသည်။ စက္ကူလေယာဉ်ပျံတွင် ထိုသို့သော လုပ်နိုင်စွမ်း ရှိမည်မှန်း မထင်ထားမိချေ။

ရှီရှန်ကျင်းဟာ ဂူအတွင်းသို့ လိုက်ရှာကြည့်ပြီးနောက်တွင် ဘာမှမကျန်ရစ်ကြောင်း မြင်လိုက်ရသည်။ တစ်ဖက်သူဟာ အရာအားလုံးကို သူနှင့်အတူ သယ်ဆောင်သွားလေ့ ရှိဟန်ရသည်။ ထိုသို့ဖြင့် သူက ခေါင်းကို ငုံ့ပြီး ပြောသည်။

“သွားစို့..”

ထိုအခိုက် ထောင့်တစ်နေရာတွင် ငြိမ်သက်နေသော အနက်ရောင်အရိပ်ဟာ ရုတ်တရက် ပြေးထွက်လာသည်။ သူ လှုပ်ရှားချိန်တွင် ကိုယ်ဟာ တွန့်လိမ်နေပြီး ယင်လေထုများကို လွှတ်ထုတ်နေကာ နှစ်ယောက်လုံးကို ဝင်ဆောင့်တိုးလာသည်။

ရှီချီက ဘာမှမပြောနိုင်တော့ဘဲ လက်ဆန့်တန်းကာ တားလိုက်ရသည်။ ဖုန်းအလင်းရောင်မှတစ်ဆင့် သူ ထိလိုက်မိသော အနက်ရောင်အရိပ်ဟာ ဖျော့တော့သွားကြောင်း မြင်လိုက်ရသလို သူ၏နားထဲတွင်လည်း ငယ်သံပါအောင် စူးရှသည့် အော်သံကို ကြားလိုက်ရသည်။

ရှီရှန်ကျင်း၏ အပ်ချည်မျှင်ဟာ သူ၏လက်ထဲတွင် ရစ်ပတ်ထားသေးသည်။ သူက ထိုအရာကို လွှတ်ပစ်လိုက်ပြီးနောက် ခက်ထန်စွာ ပြန်ဆွဲယူလိုက်သည်။ သို့သော် သူက မရစ်ပတ်နိုင်ခင်မှာပင် အရိပ်ဟာ ပျောက်သွားသည်။

“ကြည့်ရတာ သူမရဲ့စိတ်ဝိညာဉ်ကို အသုံးပြုပြီးပြီပဲ”

ရှီရှန်ကျင်းဟာ အပ်ချည်မျှင်ကို ပြန်ရုတ်လိုက်ပြီး ပြောသည်။

“သွားစို့..”

တစ်ဖက်သူဟာ အချို့သော အကြောင်းပြချက်များကြောင့် သူမ၏အလောင်းကို လိုချင်ကြောင်း သူ နားလည်လိုက်သည်။ သဘာဝအလျောက်ပင် ဒါက စိတ်ဝိညာဉ်ဖြစ်နိုင်သည်။ သူ ယခင်ခံစားမိသည့် အချက်အပေါ် အခြေခံမည် ဆိုလျှင် ထိုအမျိုးသမီး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် ယင်စွမ်းအင်ကို ထိတွေ့ထားသည့် လက္ခဏာကို တွေ့ခဲ့ရသည်။ ကောက်ကျစ်သော လူများက ဒီလို ခန္ဓာကိုယ်ကို သဘောကျသည်မှာ သရဲများကို ဆွဲဆောင်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။ သူ ကိုယ်တိုင်ကလည်း သူ၏စိတ်တွင် သူ၏မိခင်ဟာ ထိုသို့ ယင်စွမ်းအင် အလွန်များသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း သိနေသည်။ ထိုအကြောင်းပြချက်ကြောင့် ရှီမိသားစုမှ သူ၏မျိုးဆက်မှ လူတိုင်းက ယင်စွမ်းအင်အကြောင်း အနည်းငယ် လေ့လာခဲ့ရသည်။ ထိုအချက်ကြောင့်လည်း ဖုန်းရွှေနှင့် ဆက်စပ်သမျှ အားလုံးကို သိလာရပြီး သာမန်လူတိုင်းထက် ပိုနားလည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သည်နယ်ပယ်အပေါ် ပို၍ ထူးချွန်နေခြင်း ဟု ဆိုနိုင်သည်။

ရှီချီဟာ ထိုနေရာကို တစ်ချက် ကြည့်ပြီးနောက် နောက်လှည့်ကာ ထွက်လိုက်သည်။

..

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိသည့်အချိန်တွင် နင်မုန့်ဟာ ရုတ်တရက် သူမဟာ လေထဲတွင် လွင့်နေကြောင်း တွေ့လိုက်ရသည်။ သူမ ဆေးရုံအခန်းထဲတွင် ရှိခဲ့သောနေ့ကနှင့် အတူတူသာလျှင် ဖြစ်သည်။ သူမက အလျင်အမြန် စနစ်ကို မေးလိုက်သည်။

“စနစ် နင်ရှိသေးလား။ အခု ငါ ဘာဖြစ်သွားတာလဲ”

လျင်မြန်စွာဖြင့် စနစ်က အော်လာသည်။

“ငါ ယာယီအားဖြင့် မင်းရဲ့စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်ရတယ်။ မဟုတ်ရင် အဲဒီလူက ယူသွားလောက်ပြီ။ ဒီလိုဆိုရင် မင်း ပြန်ရှင်နိုင်တော့မှာ မဟုတ်ဘူး”

နင်မုန့်က ထိတ်လန့်သွားတော့သည်။

တံခါးပွင့်သွားသောအခါ သူမ၏ဦးနှောက်ကို ဆောင့်တိုးလာသည့် နာကျင်မှုကို သူမ ခံစားလိုက်ရသည်။ သူ၏အနက်ရောင် အဝတ်ထောင့်လေးကိုသာ သူမ မြင်နိုင်လိုက်ပြီးနောက်တွင် ထိုလူ၏ ရုပ်သွင်ကို မခန့်မှန်းနိုင်ခဲ့ပေ။ သူမ ခံစားခဲ့ရသော ဖိအားဟာ အစစ်အမှန် သေဆုံးသွားခဲ့သည့်အလား ထပ်တူညီနေသည်။

သူမက မျက်လုံးကို တစ်ဖန် ပြန်ဖွင့်ချိန်တွင် လေထဲတွင် လွင့်နေပြီဖြစ်သည်။ အခန်းဟာ တိတ်ဆိတ်နေပြီး သူမ အခန်းထဲမှ ထွက်လိုက်သောအခါ အရာအားလုံးဟာ ပုံမှန် ပြန်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ကြမ်းခင်းပြင်တွင် အဘွားအို၏ အလောင်းဟာ မျောလွင့်နေသေးပြီး လည်ပင်းတွင် သွေးအက်ကွဲကြောင်းရာ ရှိနေသည်။ သူမ တွေ့ခဲ့သော လူအကြောင်း ပြန်တွေးမိလိုက်သည်။ ထိုသူဟာ အဘွားအိုကြီးထံမှ သွေးကို ယူသွားခဲ့ပုံရသည်။ မည်သည့်နေရာတွင် သုံးရန် ယူသွားခဲ့ကြောင်း သူမ မသိသော်လည်း သူမ၏ခန္ဓာကိုယ် အခြေအနေနှင့် ပတ်သတ်နေလောက်သည်။ လက်ရှိအချိန်တွင် သူမ ထိုအကြောင်းကို ပြန်တွေးမိလိုက်သည်။ ဖြစ်နိုင်သည်မှာ လူအိုကြီးဟာ ထိုအဘွားအို၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုသာ သဘောကျခဲ့ခြင်း ဖြစ်လောက်သည်။

နင်မုန့်ဟာ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ စနစ်ကသာ သူမ၏စိတ်ဝိညာဉ်ကို မဆွဲထုတ်ခဲ့လျှင် သူမဟာ ထိုအနက်ရောင်နှင့် လူ သယ်သွားခြင်းကို ခံရလောက်သည်။

ထိုသို့ဆိုလျှင် သူမထံတွင် အဆိုးရွားဆုံး အရာများ ဖြစ်လာပေလိမ့်မည်။

သူမဟာ အတွေးနက်နေသည့် အချိန်တွင် စနစ်က ပြောလာသည်။

“ငါ အခုပဲ သတင်းအချက်အလက်တွေ တင်သွင်းပြီးသွားပြီ။ မင်းအတွက် သင့်တော်တဲ့ ခန္ဓာကိုယ်ကို ရှာပေးနေတယ်။ အချိန်နည်းနည်းတော့ ယူရမယ်”၏

ယနေ့ ဖြစ်ပျက်ခဲ့သော အခြေအနေကို မည်သူကမျှ မမျှော်လင့်ထားမိချေ။ အဖြစ်အပျက်က မူလစာအုပ်ထဲတွင် ရည်ညွှန်းထားသော အဖြစ်အပျက်နှင့် မတူချေ။ ထို့ကြောင့် သူမဝိညာဉ် မကူးပြောင်းခင် သင့်လျော်သော ခန္ဓာကိုယ် ရှာဖွေသည့်အချိန်ကို စောင့်ရပေမည်။

နင်မုန့်ဟာ အံ့ဩသွားသည်။ ငါ တခြားခန္ဓာကိုယ်ကို ထပ်ပြီး ဝင်ပူးဖို့ လိုလို့လား။ ငါ ဒီအတိုင်း သေလိုက်လို့ မရဘူးလား။ ငါ ပြန်လည်ဝင်စားဖို့ လိုအပ်နေပြီလေ။

စနစ်က ရှင်းပြသည်။ “ဒီတစ်ကြိမ်က အမှားအယွင်းပဲ။ ငါတို့ ကိုယ်တိုင်လည်း ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားမိဘူး။ ငါတို့ရဲ့ ဝိညာဉ်ကူးပြောင်းခြင်း ဌာနရဲ့ သတင်းအချက်အလက်တွေအရ ဆိုရင် မင်းက ဒီလောကမှာ နှစ်ရှစ်ဆယ် နေရမယ်။ ဒီတော့ ငါတို့က မင်းအတွက် ပြန်လည်ပြင်ဆင်ပေးဖို့ လိုအပ်တယ်လေ။ စိတ်အေးအေးထားပါ”

နင်မုန့်က ထိုစကားကို နားလည်သွားသည်။

သူမဟာ ယခင်ဘဝတွင် အသက်၁၀၀အထိ နေနိုင်အောင် မည်သို့သော ကောင်းမှုမျိုး လုပ်ခဲ့ကြောင်း မသိချေ။ ဒီလို မတော်တဆ ဖြစ်ရပ်တွင် ပါဝင်ပြီး သေဆုံးသွားခဲ့သည့်တိုင် အသက်၈၀အထိ ဆက်နေရန် အချိန်ကျန်နေသေးသည်။ လက်ရှိအချိန်တွင် သူမဟာ ဘဝသစ် တစ်ဖန် ပြန်စရတော့ပေမည်။ ဤနည်းအားဖြင့် အသက်၈၀က ထပ်နေရတော့ပေမည်။

ကြောင်တောင်တောင် အမူအရာလေးနှင့် ရှိနေသော ရှီချီကို ပြန်တွေးမိသောအခါ သူမ ဝမ်းနည်းစွာဖြင့် သက်ပြင်းချသည်။ ထိုကလေးကို မည်သို့ ပျိုးထောင်ရမည်ဟု သူမဟာ အစီအစဉ် ဆွဲပြီးကာစ ရှိသေးသည်။ သူ့အတွက် မည်သို့လှပပြီး ကောင်းမွန်သော ချစ်သူကောင်မလေးကို ရှာပေးရမည်။ အရည်အချင်းပြည့်မီသည့် အဘွားကောင်းတစ်ယောက် ဖြစ်လာအောင် မည်သို့ ကြိုးစားရမည်ဟု ကြံစည်တွေးတောကာစ ရှိသေးသည်။ သူမ၏ခန္ဓာကိုယ်ဟာ ပျက်စီးသွားရလေသည်။

ဒီလို ဖြစ်လာမယ်လို့ ငါ ဘယ်ထင်ထားမှာလဲ။

နင်မုန့်ဟာ ဘေးဘက်တွင် လဲနေသော မြွေပါကို တစ်ချက် ကြည့်လိုက်သည်။ သူက ဒဏ်ရာအများအပြား ရထားခဲ့ပြီး ပါးစပ်မှပင် သွေးများ ထွက်နေသည်။ သို့ရာတွင် သူ အသက်ရှင်နေသေးသည်။ ထိုအခါမှသာ သူမ စိတ်အေးသွားသည်။ ထိုမြွေပါနှင့် အချိန်အနည်းငယ်သာ ဆက်သွယ်ခဲ့ရသော်လည်း သူမက သူ့ကို အချိန်အတန်ကြာအောင် ပွတ်သပ်နေလျှင်ပင် မြွေပါက သူမအား ဒေါသထွက်လေ့ မရှိချေ။ ထို့ကြောင့် ခံစားချက်ကောင်းများ ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ နင်မုန့်က မနေနိုင်ဘဲ ခြံထဲမှ ကြက်များကို မြင်တိုင်း လှေခါးထစ်တွင် ထိုင်ကာ မျှော်နေတတ်ခြင်းကို ပြန်တွေးမိချိန်၌ ပြုံးလိုက်မိသည်။ မြွေပါလေးက ချစ်စရာကောင်းလေး..

စနစ်က ရှာနေသေးသည်။ နင်မုန့်ကမူ အခန်းထဲ လိုက်ကြည့်နေတော့သည်။

သူမ စားပွဲပေါ်တွင် ထားထားသော မှတ်စုစာရွက်က ရှိနေသေးသည်။ သို့သော် ထိုလူက သတိမထားမိခဲ့ချေ။ နင်မုန့်ဟာ အချိန်ကြာကြာ စိုက်ကြည့်ပြီးနောက်တွင် ဒါဟာ သူတို့တစ်ဖန် ပြန်လာပြီး သူမကို စစ်ဆေးချိန်တွင် ပြန်ရှာရန် ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။

သူမဟာ တိတ်ဆိတ်စွာဖြင့် အပြင်သို့ ပျံသန်းသွားလိုက်သည်။ ထိုအခါ စံအိမ်တစ်ဖြစ်လဲ တဲအိမ်က နဂိုအတိုင်း ပြန်ဖြစ်သွားကြောင်း မြင်လိုက်ရသည်။ သူမကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရလျှင် ထိုမျှ ဆိုးရွာသောအရာကို တစ်စုံတစ်ယောက်က လုပ်ခဲ့ကြောင်း ထိုမျှ ကြောက်မက်ဖွယ်ကောင်းသောအရာက ဤနေရာတွင် ဖြစ်ခဲ့ကြောင်း သူမ မသိလောက်ချေ။ လူတစ်ယောက်ဟာ ဝင်နိုင်ရုံသာမကလေဘဲ လူသတ်သွားခဲ့သေးသည်။

ခြံထဲရှိ မြေပြင်တွင် လီရှားဟာ လဲနေသည်။ သူမဟာ သတိမေ့နေဟန် ရသည်။ သူမ အသက်ရှုနေသေးကြောင်း မြင်သောအခါ နင်မုန့်က စိတ်အေးသွားသည်။ သူမ အကြောက်ဆုံးဟာ လီရှား အေးစက်ကြမ်းတမ်းစွာဖြင့် အသတ်ခံရမည့် အရေးကို ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုသူက ဘာမှမလုပ်သွားခဲ့ချေ။ ထိုသို့တွေးမိသောအခါ သူမ ဒေါသထွက်လာသည်။ သူတို့ဟာ တစ်ဖက်လူကို ရန်မစမိခဲ့သည်မှာ သေချာသည်။

ဒါကို ဒီလောက်အထိ ရက်စက်ဖို့ လိုလို့လား။ သူများရဲ့အိမ်ကိုလည်း ဖောက်ဝင်သေးတယ်။ ငါ့ကိုတောင် အလွယ်တကူ သတ်သွားလိုက်သေးတယ်။ စနစ်ကြောင့်သာ မဟုတ်လျှင် သူမ၏စိတ်ဝိညာဉ်က တစ်ဖက်လူကြောင့် အဖမ်းခံရပြီးလောက်လေပြီ။ ထို့အပြင် သူက သူမအား မည်သို့သော ဆိုးရွားသည့် အခြေအနေမျိုးတွင် ကြိုးကိုင်မည်ဖြစ်ကြောင်း မသိနိုင်ချေ။

တဲအိမ်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ခြံထဲတွင် ရှိသော ကြက်အနည်းငယ်ကသာလျှင် ယခုမှ အသက်ပြန်ဝင်လာသလိုမျိုး ဆူညံစွာ အော်ဟစ်လာသည်။ နင်မုန့်က တံခါးဝကြီးနားတွင် ထိုင်လိုက်သည်။

သူမဟာ မည်သည့်အတွက်ကြောင့် နေကို မကြောက်သော်လည်း သူမတွင် သွားစရာနေရာလည်း ရှိမနေချေ။ ထို့ကြောင့် နောက်လှည့်လိုက်သောအခါ ရှင်းလင်းနေသော ဧည့်ခန်းကိုသာ မြင်လိုက်ရသည်။ ကွန်ပျူတာ ဖန်သားပြင်တွင် သူမ ရပ်ထားသော ဗီဒီယိုက ရှိနေသေးပြီး စားပွဲပေါ်တွင် ချထားသော ဖရဲစေ့အခွံများကလည်း ပြန့်ကျဲနေသည်။ သူတို့ ပြန်လာသောအခါ သူမ နောက်ဆုံးတစ်ကြိမ် တွေ့နိုင်မည်လားပင် မသေချာသေးချေ။ သူမက ထိုသို့တွေးနေချိန်မှာပင် အပြင်ဘက်မှ ခြေလှမ်းသံများကို ကြားလိုက်ရသည်။

“တစ်ယောက်ယောက် ပြန်လာပြီလား”

နင်မုန့်က အံ့ဩသွားပြီး တစ်ချက် ကြည့်လိုက်သည်။

“လီချွမ်လား မြေးလေးလား”

သို့သော် သူမ၏စကား မဆုံးမီမှာပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ စုပ်ယူခံလိုက်ရသည်။ သူမ၏ ဖောက်ထွင်းမြင်ရသော ခန္ဓာကိုယ်လေးဟာ ဖျော့တော့သွားပြီးနောက် အသိစိတ်ဟာ လျော့ပါးသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် စနစ်၏စကားသံက ဖျော့တော့သွားသည်။

“ငါ မင်းအတွက် ခန္ဓာကိုယ် ရှာတွေ့ပြီ။ ဒါပေမဲ့ အချိန်က အရေးကြီးနေလို့ အမြန်သွားမှ ဖြစ်မယ်”

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset