RENH အပိုင်း ၂၈

အပိုင်း ၂၈ လူတစ်ယောက် ဖောက်ဝင်လာပြီ။

ရှီရှန်ကျင်းက သာမန်ဝင်္ကပါလောက်ကို ကိုင်တွယ်ရန် ပြဿနာမရှိချေ။

လီဟွေ့ဟာ သူ့အနောက်မှ တောက်လျှောက် ကပ်လိုက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမက နောက်ပြန် ကြည့်သောအခါ အပြင်ဘက်ရှိ မြင်ကွင်းကို မမြင်နိုင်တော့ချေ။ သူမဟာ ဒီတောင်သို့ မလာခဲ့ဖူးသလို ကလေးဘဝက တစ်ခါမျှသာ အပြင်ဘက်မှ ဖြတ်သွားခဲ့ဖူးသည်။

ထိုအချိန်က သူမဟာ ငယ်ရွယ်သေးပြီး ဘာမှမလုပ်ရဲခဲ့ချေ။ ထို့ကြောင့် သူမ၏အစ်ကိုဖြစ်သူနှင့် အခြားသော ကောင်ငယ်လေးများနှင့်အတူ အထဲသို့ ပြေးဝင်ခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် လူကြီးများက လာခေါ်သွားကြသည်။

နောက်ပိုင်းတွင် လူကြီးများက သူတို့အား သည်နေရာသို့ လာရောက်ကာ ကစားခြင်းကို စတင်တားမြစ်တော့သည်။

ထိုသို့ဖြင့် လီဟွေ့ဟာ ဒီတောင်အကြောင်း သိထားခြင်းက နည်းပါးလွန်းနေသည်။

ရှီချီ၏ မျက်ဝန်းက အနီရောင်အပ်ချည်ကြိုးမျှင်များ ထံတွင်သာ ရှိနေသည်။ ထိုအနီရောင်အပ်ချည်ကြိုးမျှင်များဟာ ယခုလေးတင် ပျောက်ကွယ်သွားခဲ့ဟန် ရပြီးနောက်တွင် သူ၏ဦးလေးဟာ ရပ်တန့်လိုက်သည်နှင့် ပြန်ပေါ်လာသည်။ ထိုအခါမှသာ သူက စိတ်အေးသွားတော့သည်။

ထိုအခိုက် အနီရောင်ကြိုးတန်းဟာ ထူသထက်ထူလာပြီး အရောင်က တောက်ပသထက် တောက်ပလာသည်။ သူဟာ ဒီအပြောင်းအလဲကို ရှီရှန်ကျင်းကို တစ်ချက်ချင်းစီ မလွတ်စေရအောင် ပြောပြလိုက်သည်။

ရှီရှန်ကျင်းဟာ ကြိုးနီများကို မမြင်နိုင်သော်လည်း သူ၏ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုကို ခံစားမိသည်။ သူ မမြင်ရခြင်းနှင့် ထိ၍မရခြင်းကသာလျှင် ကွာခြားချက် ရှိသည်။ ရှီချီက ပြောသောစကားအရ သူကိုယ်တိုင်ကလည်း ထိုအနီရောင်ကြိုးတန်းဟာ ထိုအမျိုးသမီး ချန်ရစ်ခဲ့သော ပိုင်ဆိုင်လိုစိတ် သို့မဟုတ် ဒေါသဖြစ်ကြောင်း ခံစားမိနိုင်သည်။

သူက ထိုအမျိုးသမီး၏ သေဆုံးမှု အချက်အလက်များကို စစ်ဆေးကြည့်ခဲ့သည်။ သူမ၏လည်ပင်းတွင် ရှိသော အရာများဟာ သိသာထင်ရှားလွန်းနေသည်။ ထိုအရာအပြင် အခြားဒဏ်ရာကို မမြင်ရသော်လည်း ရဲများက လူသတ်သမားကို ရှာမတွေ့ခဲ့သေးချေ။ ထို့အပြင် လည်ပင်းမှ ဒဏ်ရာများအပြင် သူမ၏လက်ကောက်ဝတ်တွင်လည်း ထိုသို့ အညိုအမည်း ဒဏ်ရာများ ရှိနေသည်။

အင်တာနက်ပေါ်တွင် မျက်မြင်သက်သေများ၏ ပြောပြချက်အရ သူတို့က စက်ရုံသို့ ပြန်လာချိန်မှ ထိုအမျိုးသမီး၏ကိုယ်ကို မျက်နှာကျက်မှ တွဲလောင်းဆွဲထားသည်ဟု ဆိုသည်။ အမှတ်အသားရာများကတင် အလိုလို ရှင်းပြပြီးသား ဖြစ်သွားသည်။

သူမဟာ မြေသို့မထိခဲ့သလို သွေးလည်း မထွက်ခဲ့ချေ။ ထို့ကြောင့် လုပ်ကြံခဲ့သူဟာ သို့မဟုတ် ကြိုးကိုင်သတ်ဖြတ်ခဲ့သူဟာ သူမ၏အလောင်းကို အသုံးပြုမည်မှန်း ကြိုသိထားခဲ့လောက်သည်။ မမျှော်လင့်ထားစွာဖြင့် တစ်စုံတစ်ယောက်က မြင်သွားခဲ့ပြီး ရဲသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ သူဟာ ထိုအမျိုးသမီး၏ မွေးနေ့နှင့် လက္ခဏာရပ်ရှစ်ခုကို စစ်ဆေးကြည့်ခဲ့သေးသည်။

သူမ၏ကိုယ်တွင် သန့်စင်သော ယင်စွမ်းအင်များ မရှိသော်လည်း သူမဟာ ထိပ်တန်းအဆင့် ယင်မိန်းကလေး ဖြစ်နေသေးသည်။ သူမ၏ လက္ခဏာရပ်ရှစ်ခုသည် တချို့လူများ၏ လိုအပ်ချက်နှင့် ကိုက်ညီနိုင်လောက်သည်။

ရှီရှန်ကျင်းက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည်။

“ဒီအမျိုးသမီး ပျောက်နေတာ ရက်ဘယ်လောက် ကြာသွားပြီလဲ”

“ဒီနေ့ကို ထည့်တွက်မယ်ဆိုရင် လေးဆယ့်ကိုးရက်ပဲ..”

လီဟွေ့က တွက်ချက်ပြီးနောက် ခိုင်မာစွာ ပြန်ဖြေသည်။ လွန်ခဲ့သောလက သူမယောက္ခများနှင့် မတွေ့ခင် ထိုအလောင်းဟာ ဆယ့်သုံးရက်အတိ ကြာသွားခဲ့ပြီးသား ဖြစ်သည်။ ထို့နောက် သူမက ရှီမိသားစုမှ လူများကို မရှာနိုင်ခင် ယခင်လကိုပါ ထည့်တွက်ပါက ယနေ့အပါအဝင် လေးဆယ့်ကိုးရက် ရှိသွားပြီဖြစ်သည်။

ရှီရှန်ကျင်း၏ အကြည့်ဟာ တောင်၏တစ်နေရာထံ ဝေ့ဝဲသွားသည်။

ခုနှစ်ပတ် သို့မဟုတ် လေးဆယ့်ကိုးရက်..

ထိုရက်ဟာ သေလွန်ပြီးသူများ သူတို့၏ဂူသင်္ချိုင်းသို့ ပြန်ရမည့် အချိန်ဖြစ်သည်။

တစ်ဖက်လူက ဝိညာဉ်ကို သန့်စင်ချင်တာလား ဒါမှမဟုတ် တစ်ခုခု လုပ်ချင်နေတာလား။

ဝိညာဉ်ကို သန့်စင်ခြင်းက မျှတသော ရိုးရှင်းသည့် ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ တခြားသော ကိစ္စဆိုလျှင် ဤအခွင့်အရေးဟာ ဝိညာဉ်ကို ဆင့်ခေါ်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်ကို ပြန်အသက်သွင်းနိုင်ခြင်းတို့ပင် ပြုလုပ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ထိုဖြစ်စဉ်များဟာ အလွန်ဒုက္ခများလာတော့ပေမည်။

ရှီရှန်ကျင်းက နောက်ပိုင်းကိစ္စက ပိုဖြစ်နိုင်သည်ဟုပင် ခံစားနေရသည်။

ဝိညာဉ်ကို ဆင့်ခေါ်ခြင်းနှင့် ပြန်အသက်သွင်းခြင်းဟာ မတူသောကိစ္စဖြစ်သည်။ ထို့အပြင် လိုအပ်မှုကလည်း များသည်။ ယင်မိန်းကလေးတစ်ယောက်တည်းနှင့် မလုံလောက်ချေ။ ပြောရလျှင် ယခင်မှတ်တမ်းများအရ အမြင့်ဆုံးအရေအတွက်ဟာ တစ်ရာအတိ ဖြစ်သည်။

“ဦးလေး ကျွန်တော်တို့ အထဲ ဆက်ဝင်အုံးမှာလား..”

သူဟာ အတွေးနက်နေပြီး အချိန်အတန်ကြာအောင် မတုံ့ပြန်လာကြောင်း မြင်သောအခါ ရှီချီဟာ မနေနိုင်ဘဲ မေးလိုက်တော့သည်။

အတွေးနက်နေသေးသော ရှီရှန်ကျင်းက ပြန်ဖြေလာသည်။

“အာ.. ဝင်ကြမယ်”

သူဟာ အနောက်ရှိ လူကို လှည့်ပြောသည်။

“လီဟွေ့ မင်း အခု ပြန်လို့ရပြီ လမ်းပျောက်မှာကို မစိုးရိမ်နဲ့”

“ဒါ.. ဒါက…”

လီဟွေ့က စကားမဆုံးခင်မှာပင် အမူအရာ ပြောင်းလဲသွားပြီး ရုတ်တရက် ပြောသည်။

“ကောင်းပါပြီ။ ကျွန်မနားလည်ပြီ လူကြီးမင်းရှီ.. လုံခြုံဖို့တော့ ဂရုစိုက်ကြပါ”

သူမက မည်မျှပင် ရူးမိုက်နေစေကာမူ တစ်စုံတစ်ရာ မှားယွင်းနေမှန်း မြင်နိုင်သည်။ ဘယ်လိုအလောင်းက တောင်ထဲကို အလိုလို ခုန်ပေါက်ပြေးသွားမှာလဲ။ တစ်ယောက်ယောက်က ယူသွားခဲ့လို့ပေါ့။

မည်သူက ထိုမျှကောက်ကျစ်ကြောင်း သူမ မသိသော်လည်း အလောင်းကို ခိုးရလောက်အောင် နိမ့်ကျကတည်းက လူကောင်းမဖြစ်နိုင်တော့ခြေ။ မြင်ကွင်းမှ သူမ၏ပုံရိပ် ပျောက်သွားကြောင်း မြင်သွားမှသာ ရှီရှန်ကျင်းက ဖုန်းကို ထုတ်လိုက်သည်။

ထိုအခိုက်.. သူ၏အမူအရာဟာ အတွေးထက်ပို၍ လေးနက်နေသည်။ ရှီချီဟာ ငယ်ရွယ်လွန်းသောကြောင့် သရဲများကို ကိုင်တွယ်ရာတွင် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သည်။ သို့မဟုတ် အချို့သော အခြေအနေ အချက်အလက်များက တစ်စုံတစ်ယောက်ကို ဆွဲသွင်းရန် သို့မဟုတ် တိုင်ပင်ရန် လိုအပ်လာသည်။ မမျှော်လင့်ထားသည်မှာ သူက ဖုန်းဖွင့်လိုက်သည့်အခါ တိုင်မပေါ်ချေ။ ရှီရှန်ကျင်းဟာ မျက်မှောင်ကြုတ်သည်။ သူ၏စိတ်ထဲ မသက်မသာ ဖြစ်မှုက ထင်ရှားလာသည်။ ထိုစိုးရိမ်မှုဟာ မည်သည့်နေရာက လာကြောင်း သူကိုယ်တိုင်လည်း မသိချေ။ သူ၏အဖြေကို စောင့်နေသော ရှီချီဟာ ရုတ်တရက် ကြိုးနီများက ရွေ့သွားကြောင်း မြင်သောအခါ အော်လိုက်သည်။

“အနီရောင်ကြိုးတန်းက ပါးသွားပြီ”

“ပါးသွားတယ် ဟုတ်လား”

ရှီရှန်ကျင်းက ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ သူက ရှီချီကို ပြောပြီး ကျောပေါ် ပြန်တက်စေကာ တောင်တက်လမ်းသို့ ဆက်သွားလိုက်သည်။ ခြေလှမ်းကျဲကြီးများဖြင့် သူဟာ တောင်ပေါ်သို့ တက်သည်။

စံအိမ်တွင် နင်မုန့်က သူမ၏အရှေ့တွင် ရှိသော အနက်ရောင်တွင်းပေါက်ကြီးကို ထိတ်လန့်တကြား ကြည့်နေသည်။ တစ်လောကလုံးဟာ ပြောင်းလဲနေသည်ဟုပင် ခံစားနေရသည်။ သဘာဝလွန်ဖြစ်ရပ်များ ရှိသော လောကတွင်ပင် ထိုသို့အရာမျိုးက မဖြစ်သင့်ပေ။ ရိုးရှင်းစွာဖြင့်ပင် ဒါက ရွှမ်ဟွမ်းဝတ္ထုများထဲကအတိုင်း ဖြစ်လာသည်။ သူမဟာ စနစ်ကို မေးလိုက်သည်။

“ဒီလောကက ဘာတွေ ဖြစ်နေတာလဲ”

ဒီမနက်ကလေးတင် အရာအားလုံးက ကြည်လင်သာယာပြီး ငြိမ်းချမ်းနေခဲ့သေးသည်။ ရုတ်တရက် လူများဟာ ပျောက်ကွယ်သွားပြီး ထိုမျှ ကြောင်တောင်တောင်နိုင်သော ဖြစ်ရပ်များက ဖြစ်လာသည်။

စနစ်၏လေသံကလည်း မကောင်းတော့ချေ။

“တစ်ယောက်ယောက်က ဒါကို ပြင်ဆင်ထားခဲ့တာ တော်တော် ကြာလောက်ပြီ။ ဒါပေမဲ့ ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး။ ဒါပေမဲ့ ဒီနေ့မှာ သူတို့က လှုပ်ရှားကြတာ”

ရှီရှန်ကျင်းကပင် ဒါကို အာရုံမခံမိခဲ့ပေ။ နင်မုန့်က မယုံကြည်နိုင်တော့ချေ။ အခြားတစ်ဖက်ရှိလူဟာ အလွန်သတိကြီးကြီး ထားလွန်းသည်။ သူဟာ ဤနေရာမှ တစ်စုံတစ်ရာကို သိထားလောက်သည်။ မဟုတ်လျှင် ထိုသို့ဝင်လာရဲမည် မဟုတ်ချေ။

လှေခါးလမ်းကြောင်းက ကြောက်စရာကောင်းသည်။ သူမ ဆက်မနေရဲတော့ပေ။ သူမဟာ ယခု အဘွားအိုကြီးတစ်ယောက်၏ ကိုယ်ထဲတွင် ရှိနေသော်လည်း ယခုလို သဘာဝလွန် ဖြစ်ရပ်များ စတင်ဖြစ်လာသဖြင့် မသက်မသာ ဖြစ်သည့် ပြဿနာများကိုပင် မခံစားရတော့ချေ။ သူမက စနစ်ကို မေးလိုက်သည်။

“ဒီနေ့ ဘယ်လို သောက်ကျိုးနည်းတွေ ဖြစ်နေတာလဲ”

စနစ်က မတုံ့ပြန်လာဘဲ တခြားတစ်ခုကိုသာ ပြောလာသည်။

“အခန်းထဲကို မြန်မြန်ဝင်ပါ”

နင်မုန့်က မရပ်တန့်ရဲချေ။ တစ်ခဏခန့် ကြာပြီးနောက် သူမက အခန်းထဲသို့ ဝင်သွားသည်။ ဝင်ပြီးသည်နှင့် ပို၍ စိတ်သက်သာသွားသလို ခံစားလိုက်ရသည်။

အပြင်တွင် လူတစ်ယောက်ဟာ သူမကို အမြဲတစေ စောင့်ကြည့်နေသည်ဟု ခံစားနေရသည်။ အချိန်မရွေး ဆွဲစုပ်ခံရတော့မလို ခံစားချက်မျိုး ရနေခြင်း ဖြစ်သည်။

စနစ်က ပြောလာသည်။

“ဒီစံအိမ်ရဲ့ဝင်္ကပါ အခင်းအကျင်းကို လူတစ်ယောက်က သေချာပေါက် ဖျက်ဆီးခဲ့လောက်တယ်။ အဲဒီလူကပဲ ဒီနေရာမှာ အခင်းအကျင်းကို ပြန်ခင်းကျင်းခဲ့တာ ဒီလိုနဲ့ တခြားလူတွေအားလုံးကို ဖယ်ရှားလိုက်နိုင်တာပဲ”

နင်မုန့်က လီရှကို တွေးမိသွားသည်။

“လီရှ အသက်ရှင်သေးရဲ့လား”

စနစ်က ဖြေသည်။

“ရှင်သေးလောက်တယ် သူသေတယ်လို့ မစစ်ဆေးမိသေးဘူး”

ထိုအခန်းဟာ ထိုအဘွားအိုကြီးနှင့် အဘိုးအိုတို့ အတူ နေထိုင်ခဲ့သော နေရာဖြစ်သည်။ နင်မုန့်ဟာ ထိုအခန်းက အလွန်ခိုင်မာသည်ဟု ခံစားရသည်။ ထို့ကြောင့် သူမ စိတ်အေးသွားသည်။ သူမက ထိုသို့တွေးလိုက်ချိန်မှာပင် ပြတင်းပေါက်က ရုတ်တရက် ပွင့်သွားသည်။

ထိုသို့ဖြင့် အဝါရောင်ပုံရိပ်တစ်ခုက ဖြတ်ခနဲ ကျော်ဖြတ်လာသည်။ သူမက မျက်မှန်တပ်ထားဆဲ ဖြစ်သောကြောင့် ထိုဝင်လာခြင်းက မြွေပါဖြစ်ကြောင်း သူမ ချက်ချင်း ခန့်မှန်းလိုက်နိုင်သည်။ မြွေပါက ပြတင်းပေါက်မှ ခုန်ဝင်လာပြီး စူးရှစွာ အော်သည်။ အသံဟာ အလွန်စူးရှလွန်းနေသည်။ နင်မုန့်၏နားများကပင် နာကျင်ကျိန်းစပ်လာသည်။ သူမက နားကို ပိတ်ပြီး အော်လိုက်သည်။

“ငြိမ်ငြိမ်နေ အပြင်မှ လူတစ်ယောက် ရှိနေလောက်တယ်”

မြွေပါ၏ကိုယ်မှ အမွေးများဟာ လောင်ကျွမ်းထားပြီး တစ်ခြမ်းက ပြောင်နေပြီး အခြားတစ်ဖက်ကသာ ကျန်ရစ်တော့သည်။ ထို့ကြောင့် ကြည့်၍မကောင်းသော သွင်ပြင်ဖြစ်နေသည်။

မြွေပါလေးက အော်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက်တွင် သူ၏ပါးစပ်ဖြင့် သူမ၏ဘောင်းဘီခြေထောက်ကို ကိုက်လာသည်။ နင်မုန့်က နဂိုတည်းက ထိတ်လန့်နေပြီးသား ဖြစ်သည်။ ယခုလို အကိုက်ခံရသည့်အခါ မနေနိုင်ဘဲ ပြောလိုက်တော့သည်။

“ရှောင်ဟွမ်.. ငါ့အဝတ်တွေကို ကိုက်မနေနဲ့ ငါတို့ မိသွားလိမ့်မယ်”

မြွေပါက ထိုအခါမှသာ သူမ၏ဘောင်းဘီကို လွှတ်ပြီး သူမကိုယ်ကို ဝိုင်းပတ်ကာ ပြေးပြန်သည်။ နင်မုန့်က ထပ်ပုတ်လိုက်ရပြန်သည်။ သူမ ဒီနေ့ ကံဆိုးလွန်းနေသည်ဟု ခံစားနေရသည်။ သူမအနေနှင့် ဝတ္ထုကို ဖတ်ထားသည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး သည်လို အခြေအနေမျိုးကို မျှော်လင့်ထားသည့်တိုင် အလွန်ထိတ်လန့် ချောက်ခြားနေသေးသည်။

မြွေပါက တစ်ဖန် အသားကုန် အော်ဟစ်ပြန်ပြီး နင်မုန့်၏ဘောင်းဘီကို ကိုက်ပြန်ကာ ရှေ့လက်များဖြင့် မြေကို တူးဆွဟန်ပြုကာ အရှေ့သို့ ခေါ်သည်။ နင်မုန့်က လိုက်သွားရုံသာ တတ်နိုင်တော့သည်။ သူမက စနစ်ကို မေးသည်။

“ဒါက ဘာလုပ်ရမှာလဲ”

သူမအနေဖြင့် ထိုမြွေပါ၏ အပြုအမူကို နားမလည်နိုင်တော့ချေ။ သို့သော် သူမအပေါ် မကောင်းသော ရည်ရွယ်ချက်ဖြင့် ဒုက္ခပေးလိုခြင်းတော့ မရှိလောက်ပေ။ သိပ်မကြာခင်အချိန်တွင် အဘွားအိုတစ်ယောက်နှင့် မြွေပါတစ်ကောင်ဟာ အခန်းအပြင်ဘက်တွင် ရပ်သွားသည်။

မြွေပါဟာ ပါးစပ်ကို လွှတ်လိုက်ပြီးနောက် သူမကိုယ်ကို ဝိုင်းပတ်ကာ လျှောက်ပြီး သူမကို ချက်ချင်းလိုလို ထိတ်လန့်သော အမူအရာမျိုးဖြင့် အတွင်းသို့ ပြန်ထည့်ပြန်သည်။ စနစ်က ပြောသည်။

“အထဲ မြန်မြန်ဝင်.. ဒါက လီဟွေ့ရဲ့အခန်းပဲ”

နင်မုန့်က မတုံ့ပြန်နိုင်ချေ။ သို့သော် သူမ၏လက်က တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လိုက်ကာ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး အသက်ပြင်းပြင်း အမောတကော ရှုလိုက်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် သူမ ခံစားရသော တင်းကျပ်မှုက ပြန်ပျောက်သွားပြန်သည်။

မြွေပါဟာ အိပ်ရာဘေးတွင် ရပ်တန့်သွားချိန်တွင် သူမဟာလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မြွေပါ၏ ပါးစပ်နှင့် ခြေထောက်များဟာ မြေပြင်ထဲမှ ကြီးမားသော အနက်ရောင်အထုပ်ကြီးကို တွန်းထုတ်နေသည်။

ဒါဟာ ထိုနေ့က လီဟွေ့ ထုတ်ယူခဲ့သော ဖီချူးဖြစ်ကြောင်း မှတ်မိနေသေးသည်။ ကြည့်ရသည်မှာ သူမက သည်အရာကို ချန်ထားရစ်ခဲ့ဟန် ရသည်။

စနစ်က ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“မြန်မြန်လေး ဖီချူးရဲ့အရုပ်ကို ကိုင်လိုက်..”

တစ်ဖက်က စိုးရိမ်စွာဖြင့် ပြောလာလေရာ နင်မုန့်အနေဖြင့် အခြားအရာများကို တွေးဖို့ အချိန်မရှိတော့ချေ။ သူမက အိပ်ရာနားသို့ အပြေးသွားပြီး အိတ်ကို ဖွင့်လိုက်ကာ လက်မောင်းထဲတွင် ဖီချူးအရုပ်ကို ကိုင်ထားလိုက်သည်။ ဖီချူးအရုပ်က အလွန်ကြီးပြီး သူမပင် အပြည့်အဝ မကိုင်နိုင်ချေ။ သူမအနေဖြင့် မျက်နှာပြင်ပေါ်မှ လင်းလက် တောက်ပသော အလင်းရောင်ကိုပင် မြင်နိုင်နေသည်။ ဒါက လူအများကို သက်တောင့်သက်သာ ဖြစ်စေသော ခံစားချက်မျိုး ပေးပြီး သူမ၏စိုးရိမ်ပူပန်မှုများကလည်း ငြိမ်းအေးသွားရသည်။

ရှီရှန်ကျင်းက ငါ့စာကို မြင်သွားလောက်ပြီလား။

နင်မုန့်ဟာ မျက်မှောင်ကြုတ်သည်။ သူ မြင်ခြင်း မမြင်ခြင်းက အသုံးမဝင်ကြောင်း သူမသည်လည်း ခန့်မှန်း မိသည်။ တစ်ဖက်သူဟာ သူ၏အခင်းအကျင်းကို ဖြတ်နိုင်ကတည်းက ရှီရှန်ကျင်းထက် ပိုတော်မှန်း သိသာနေသည်။

စနစ်ဟာ ခပ်တိုးတိုး ပြောလာသည်။

“ဒီဝင်္ကပါအခင်းအကျင်းက မင်းကို ရည်ရွယ်ထားတာ မင်းသာ ဆွဲစုပ်ယူခံရရင် အဆုံးသတ်သွားပြီပဲ”

သူမ စတင်ပြီး ခြောက်ခြားလာသည်။ သို့သော် ကံကောင်းစွာဖြင့် ခြေလှမ်းအနည်းငယ် မြန်သွားသည်။

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိတော့‌သော အချိန်တွင် ပြတင်းပေါက်မှ အပြင်ဘက်ရှိ နေရောင်ဟာ ကောင်းကင်သို့တိုင် မြောက်တက်သွားပြီး နေ့လည်ခင်းအချိန် ရောက်ပြီဖြစ်ကြောင်း အချက်ပြလာသည်။

နေ့လည်ခင်း အချိန်တွင် တစ္ဆေသရဲများဟာ မထွက်လာလောက်ဟု ထင်ပြီး နင်မုန့်ဟာ စိတ်အေးသလို သက်ပြင်းချလိုက်သည်။ ယခင်အဖြစ်အပျက်များက မဖြစ်ခဲ့သည့်နှယ်။

သူမ၏ထွေးပွေ့မှုမှ မြွေပါဟာ လွတ်ထွက်သွားပြီးနောက် အခန်းတွင်းတွင် ပတ်ပတ်လည် သွားနေသည်။ သူ ဘာကို စိုးရိမ်နေမှန်း မသိပြန်ချေ။

သူမ၏ အသက်ရှုသံမှလွဲပြီး ထိုမြွေပါ၏ ခြေသံများကသာ အခန်းအတွင်းတွင် ပဲ့တင်ထပ်နေသည်။ အခန်းအပြင်မှလည်း မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ နင်မုန့်ဟာ နားကို စွင့်ထားသည်။ သူမအနေဖြင့် တစ်စုံတစ်ရာဟာ မှားယွင်းနေသည်ဟု အမြဲတစေ ခံစားနေရသည်။ ယေဘူယျကျကျ ဆိုရလျှင် အပြင်ဘက်ဟာ ထိုမျှ မတိတ်ဆိတ်နေသင့်ချေ။ သူမ ယခုလေးတင် အပေါ်ထပ်သို့ တက်လာခဲ့ပြီး နောက်မှ ဆူညံသံ အနည်းငယ်က ကပ်ပါလာခဲ့သေးသည်။ သူမက တုန်ယင်သွားပြီး စနစ်ကို မေးလိုက်သည်။

“အပြင်ကနေ လူတစ်ယောက် ဝင်လာခဲ့သေးတာ ဒါတွေ အားလုံးကို လုပ်ခဲ့တဲ့သူ မဟုတ်လား”

“ဒီလူက ဘာလိုချင်တာလဲ။ သူက ဘာကို လုပ်ချင်နေတာလဲ”

သူမအနေဖြင့် ဒီနေ့ပုန်းနိုင်လိမ့်မည်မဟုတ်ဟု အမြဲတစေ ခံစားနေရသည်။ သို့မဟုတ် သူမ အချိန်အတန်ကြာ ပုန်းနိုင်လျှင်ပင် တစ်ဘဝလုံး ပုန်းနေ၍ မရချေ။

နင်မုန့်ဟာ ဗီရိုထဲမှ စာရွက်အပိုင်းအစတစ်ခုကို ထုတ်ပြီးနောက်တွင် စာကြောင်းအနည်းငယ်ကို ရေးလိုက်သည်။ ဒါက သူမ၏စမ်းသပ်မှု ဖြစ်သည်။

“ဟုတ်တယ် လူတစ်ယောက် ဝင်လာတယ်”

ထိုအသံ ထွက်လာသည်နှင့် အပြင်ဘက်မှ ခြေလှမ်းသံများက ထွက်ပေါ်လာသည်။ သို့သော် အခန်းရှေ့တွင် စက္ကန့်အနည်းငယ်ကြာ ရပ်သည်။ နင်မုန့်၏နှလုံးသားဟာ လည်ပင်းမှ ခုန်ထွက်တော့မတတ် ဖြစ်လာပြီး အသက်ပင် မရှုနိုင်လုမတတ် ဖြစ်သွားသည်။ သူမဟာ ဖီချူးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားတစ်ဖက်တွင် အခန်းထဲတွင် လျှောက်သွားနေသော မြွေပါလေးကို လှမ်းဆွဲလိုက်သည်။ မြွေပါဟာ တစ်စုံတစ်ရာကို ခံစားမိဟန်ဖြင့် နာခံစွာ သူမ၏လက်မောင်းထဲတွင် ငြိမ်သက်စွာ နေလိုက်သည်။ သို့သော် ခက်ထန်သော အမူအရာ ဖြစ်လာပြီး အခန်းအပြင်ဘက်သို့ သွားဖြဲကာ ကြည့်နေသည်။

တံခါးဟာ ညင်သာစွာဖြင့် တွန်းဖွင့်ခံရသည်။

“ဘယ်သူလဲ..”

သူမဟာ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ကြည့်လိုက်ချိန်တွင် အနက်ရောင် အဝတ်များကိုသာ မြင်ရသည်။ ထို့နောက် သူမရဲ့အရှေ့ရှိ အရာအားလုံးဟာ မည်းမှောင်သွားပြီး အသိစိတ်မဲ့သွားတော့သည်။

စနစ်က အော်သည်။

“နင်မုန့်..”

သူဟာ စိုးရိမ်နေသည်။ နင်မုန့်၏နူးညံ့သော ခန္ဓာကိုယ်ဟာ ချက်ချင်းလိုလို မြေပြင်ကို ထိသွားပြီး အထူးအစီအစဉ်အတိုင်း သယ်ခံသွားရမည့်အလား ဖြစ်လာသည်။ သူမ၏ရင်ဘတ်ပေါ်တွင် ရှိသော မြွေပါက ခက်ထန်စွာဖြင့် နှာမှုတ်ပြီးနောက်တွင် အော်မြည်သံများကို ပြုသည်။

ဖီချူးအရုပ်က ရှိနေသေးသည်။ ထို့နောက် အသက်ရှုရပ်သွားပြီဖြစ်သော အဘွားအိုတစ်ယောက်၏ဘေးတွင် ရှိနေသည်။ ထိုအခိုက် လက်တစ်ဖက်က ဆန့်ထွက်လာသည်။ မြွေပါလေးက ခက်ထန်စွာဖြင့် ထခုန်လိုက်ပြီး ထိုလက်ကို ကိုက်လိုက်သည်။ ထိုအချိန်တွင် ထိုလက်က မြွေပါကို ဖြတ်ရိုက်လိုက်ပြီး နံရံကို ဝင်ဆောင့်သွားစေသည်။

“မျိုးမစစ်ကောင်..”

ဖီချူးအရုပ်မှ အလင်းရောင်များ ထွက်လာပြီးနောက်တွင် လက်တစ်ဖက်ဟာ မျက်ခုံးကြားနေရာသို့ ထိတွေ့သွားသည်။ သိပ်မကြာခင်မှာပင် တောက်ပသော ဖီချူးအရုပ်ဟာ အမှုန့်ဖြစ်သွားပြီးနောက် ပြာပုံမျှသာ ကျန်ရစ်တော့သည်။

ထို့နောက် ချက်ချင်းလိုလို ထိုလက်ဟာ မြေပြင်တွင် ရှိသော လူထံ တိုးသွားပြီးနောက် တစ်ခဏခန့် ရပ်တန့်သွားပြီး ပဟေဠိဖြစ်သံ ထွက်လာသည်။

“စိတ်ဝိညာဉ်မရှိတော့ဘူးလား..”

တစ်ခဏခန့် ကြာပြီးနောက်တွင် မြေပြင်တွင် ရှိနေသော အကြီးအကဲ၏ လည်ပင်းဟာ ကွဲထွက်သွားပြီးနောက် သွေးရာကြီဲးက ချက်ချင်း ဖြစ်ပေါ်လာသည်။ လက်နှစ်ချောင်းစာ ရှိသော ကျောက်စိမ်းကြွေထည်ပုလင်းဖြူလေး တစ်ခုက အဟကြားနေရာတွင် ပေါ်လာပြီးနောက်တွင် လည်ပင်းမှ သွေးများကို ခံယူသည်။ ပါးစပ်မှ သွေးများကိုသာ ချန်ထားရစ်ခဲ့တော့သည်။ သိပ်မကြာခင်အချိန်တွင် ကြွေပုလင်းက ပြည့်သွားသည်။

တံခါးပိတ်သံနှင့်အတူ ဖျော့တော့သော ခြေလှမ်းသံများကလည်း လျော့ပါး ပျောက်ကွယ်သွားပြီး ထိုလူဟာလည်း သဲလွန်စပင် မရှိအောင် ပျောက်ကွယ်သွားသည်။ အခန်းဟာလည်း ယခင်ကအတိုင်း တိတ်ဆိတ်သွားတော့သည်။

စာရေးသူမှာ ပြောစရာ ရှိပါတယ်။

ဟူး.. နင်မုန့်အတွက် တစ်ခဏလောက် တိတ်ဆိတ်ပေးလိုက်ရအောင်..

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset