RENH အပိုင်း ၂၇

အခန်း ၂၇ တဲအိမ်ထဲက မတော်တဆမှု
ထိုအနီရောင်အပ်ချည်မျှင်လေးဟာ အပြင်ဘက်တွင် ဆက်လက်လွင့်မျောနေပြီး လေထဲတွင် ကြိုးတန်းသဖွယ် ဖြစ်တည်နေသည်။
ရှီချီက ရှေ့ဆက်လျှောက်သည်။ သူ၏မျက်ဝန်းက ထိုအပ်ချည်မျှင် ပျောက်ကွယ်သွားမည်အား စိုးရိမ်သည့်အလား ကော်ကပ်ထားသလိုမျိုး ဆက်တိုက်ကြည့်နေသည်။ သိပ်မကြာခင်အချိန်တွင် သူတို့ဟာ ရွာထဲမှ ထွက်ပြီး ရွာအနောက်ဘက် ကွင်းပြင်ထံသို့ ရောက်လာသည်။ ထိုကွင်းပြင်နှင့် သိပ်မဝေးသော နေရာတွင် တောင်တန်းကြီး ရှိသည်။ ရှီရှန်ကျင်းဟာ ထိုတောင်ကို စိုက်ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။
သူတို့ ရပ်နေသော နေရာမှ ကြည့်လျှင် တောင်မျက်နှာပြင်ကို တောင်များနှင့် မြူများက ဖုံးကွယ်ထားပြီး စိမ်းလန်းနေသော အပိုင်းများက ရောနှောနေသလို ဖြစ်နေသည်။ သို့သော် ထိုသို့ထူးခြားနေသော မြင်ကွင်းကတင် အုတ်ဂူများကို မြှုပ်ရန် အကောင်းဆုံးနေရာတစ်ခုနှင့် တူနေပြန်သည်။ ရှေးခေတ်အချိန်ကသာ ဆိုလျှင် ဧကရာဇ်ကို မဆိုထားနှင့် အထက်တန်းလွှာများကပင် ဒီလို နေရာမျိုးတွင် အနားယူလောက်သည်။
သူ ကိုယ်တိုင်လည်း တောင်တန်းရွာငယ်လေး တစ်ခုတွင် ဒီလို ကောင်းမွန်သော နေရာလေး ရှိမည်ဟု မမျှော်လင့်ထားမိပေ။ အတွေးများကို စုစည်းပြီးနောက် သူဟာ ရှီချီ၏ နောက်မှ ဆက်လိုက်သည်။
လီဟွေ့က နောက်မှ လိုက်သည်။ အခြေအနေက ဘာတွေ ဖြစ်လာနေမှန်း သူမကိုယ်တိုင်လည်း နားမလည်နိုင်တော့ချေ။ သူမ သည်လည်း ထိုကလေးဟာ အနီရောင်အတန်းလိုက် ဟူသော စကား ဆိုလိုက်ခြင်းကို ကြားခဲ့ရသည်။ သို့သော် သူမက မမြင်နိုင်ချေ။ ကျွမ်းကျင်ပညာရှင်များ ဆိုသည့်အတိုင်း ကလေးတစ်ယောက်ကပင် ထိုမျှ ထူးခြားမှုကို မြင်နိုင်လေသည်။ လီဟွေ့ကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်တွင် လူမှန်များကို အမှန်တကယ် ရှာတွေ့သွားခဲ့သောကြောင့် ကံကောင်းသည်ဟု ခံစားနေရသည်။ သူမ၏မိခင် အစပိုင်းတွင် ပြောခဲ့သမျှ အရာအားလုံးဟာ မှန်ကန်နေလောက်သည်။
ရှီချီက ရှေ့မှ ဆက်လျှောက်သွားသည်။ သူ၏မျက်နှာကလည်း တင်းမာနေတော့သည်။ သူတို့ဟာ အရှေ့သို့ ဆက်လျှောက်သွားနေရင်းမှ အပ်ချည်မျှင်များ၏ အရောင်က နီရဲလာပြီး ပို၍ပင် ရှင်းလင်းထင်ရှားလာသည်။ တစ်ဖြောင့်တည်း ရှိနေသော ဘက်ကို သေချာထင်ရှားစွာ မြင်နေရလာသည်။ ထိုအပ်ချည်မျှင်ဟာ တောင်တန်းထဲသို့ ဦးတည်နေခြင်း ဖြစ်သည်။
သူတို့ဟာ တောင်ထဲသို့ နီးကပ်သည်ထက် နီးကပ်လာကြောင်း မြင်သောအခါ ရှီရှန်ကျင်းက မေးလိုက်သည်။
“ဒီတောင်ကို ဘာလို့ခေါ်လဲ ဘာသမိုင်းကြောင်း ရှိလဲ”
လီဟွေ့က အလျင်စလို ရှင်းပြသည်။
“ဒီတောင်ကို နဂါးတောင်တန်းလို့ ခေါ်တယ်။ ဘာလို့ အဲဒီလို ခေါ်မှန်းတော့ မသိပေမဲ့ ကျွန်မရဲ့ဘိုးဘေးတွေကတော့ မျိုးဆက်အဆက်ဆက် ရည်ညွှန်းလာကြတယ်လို့ပဲ ပြောကြတယ်။ ဒီတောင်တန်း တည်ရှိနေတာ ကြာလှပြီ။ ဒီရွာမှာ ရှိတဲ့ အကြီးအကဲတွေက သူတို့ ငယ်ငယ်ကတည်းက တည်ရှိနေခဲ့တာလို့ ပြောကြတယ်။ အမြဲတစေ ဒီအတိုင်းပဲ ရှိနေခဲ့တာပဲ”
“နဂါးတောင်တန်းတဲ့လား”
ရှီရှန်ကျင်းက မျက်ခုံးပင့်လိုက်သည်။ သူတို့ဟာ တောင်တန်းငယ်တစ်ခုကို ထိုမျှခမ်းနားသော နာမည်ကိုပင် မှည့်ခေါ်ရဲသည်။ ခမ်းနားသော နာမည်နှင့် ထိုက်တန်သော ထင်ရှားမှု တစ်စုံတစ်ရာ မရှိလျှင် သူတို့၏ ကံကောင်းမှုဟာ ပျောက်ရှရတော့ပေမည်။ သူ မြင်နိုင်သည့်အတိုင်း ဆိုလျှင် ထိုနဂါးတောင်တန်းနှင့် ပက်သတ်ပြီး ရှုပ်ထွေးနေသော အရာများစွာ ရှိနေလောက်သည်။
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိတော့အောင် လျှောက်သွားပြီး နောက်တွင် သူတို့အဖွဲ့ဟာ လယ်ကွင်းများကို ကျော်ဖြတ်ပြီး တောင်ခြေသို့ ရောက်သွားသည်။ ထိုတောင်ထိပ်ကြီးဟာ ဝေဝါးနေပြီး အောက်မှ မော့ကြည့်လျှင် ခါးလောက်အထိသာ မြင်နိုင်လောက်သည်။ ရှီချီက ရုတ်တရက် ရပ်တန့်လိုက်ပြီးနောက် နောက်လှည့်ကာ ပြောသည်။
“အနီရောင်ကြိုးတန်းက အထဲ ဆက်ဝင်သွားတုန်းပဲ”
လမ်းပင် ရှင်းလင်းစွာ မမြင်နိုင်လောက်အောင် သစ်ပင်များစွာက ပြည့်ကျပ်စွာ ရှိနေသည့်အတွက် သူဟာ စိတ်ရှုပ်ထွေးသွားသည်။ သူ အပေါ်ကို ဆက်တက်သင့် မတက်သင့်ပင် အံ့ဩသွားရသည်။ လီဟွေ့က တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“လူကြီးမင်းရှီ ကျွန်မတို့ရွာက လူတွေက တောင်အနီးအနားကို ဘယ်တော့အခါမှ မသွားကြဘူး။ အရင်က လူတစ်ယောက် ဒီနေရာကို လာဖူးတယ်။ နောက်ပြီး တစ်ည ကုန်ဆုံးခဲ့တယ်။ သူ ထွက်သွားတဲ့အချိန်မှာ သူ တစ်နေရာတည်းမှာပဲ ပိတ်မိနေတာကို သိလိုက်ရတယ်။ ကျွန်မတို့လည်း…”
သူတို့၏ရွာကမူ ဒီတောင်ဟာ အလွန်ကံဆိုးသောနေရာဟု ထင်မှတ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုလူပြောသည့်အတိုင်း ဆိုလျှင် တစ္ဆေက ဖန်တီးထားသော အကာအကွယ်လွှာတစ်ခုကို ဝင်ဆောင့်တိုးမိသလိုမျိုး သူတို့ဟာ မျက်စိလည်နေခဲ့ကြခြင်း ဖြစ်သည်။
သူမ၏ နောက်ပိုင်းစကားများဟာ လည်ချောင်းထဲတွင် တစ်သွားသည်။ အကြောင်းမူကား ရှီရှန်ကျင်းဟာ တိတ်ဆိတ်နေကြောင်း မြင်လိုက်ရပြီးနောက်တွင် သူ၏ဆိုလိုရင်းကို သူမက နားလည်သောကြောင့် ဖြစ်သည်။ အထဲမဝင်၍ မရနိုင်ချေ။ သူမ ထိုအလောင်းကို မလိုလျှင်မူ မဝင်၍လည်း အဆင်ပြေသည်။
ရှီရှန်ကျင်းဟာ ပတ်ဝန်းကျင်မြင်ကွင်းများကို အသေအချာ မှတ်သားထားပြီးနောက် ရှီချီကို ပြောသည်။
“ငါ့ကျောပေါ်ကို တက်လိုက်.. ဒီအတိုင်း ဆက်သွားရအောင်”
ဒီတောင်နေရာအရ ဆက်လျှောက်သွားရန် ခက်ခဲသည်။ ကလေးတစ်ယောက်အနေဖြင် သေချာပေါက် မလျှောက်နိုင်လောက်ချေ။
ရှီချီကလည်း ကြောင်သွားသည်။ သူ၏မျက်နှာလေးကလည်း ပြောင်းလဲသွားတော့သည်။ သူ၏မျက်နှာလေးက မည်းမှောင်သွားကြောင်း မြင်သောအခါ ရှီရှန်ကျင်းက မျက်မှောင်ကြုတ်ပြီး တိုက်တွန်းလိုက်သည်။
“ဘာကို ဆက်တွေးနေတာလဲ မြန်မြန်လာ.. ကျောပေါ် လာတက် အချိန်မရှိဘူး”
“ကောင်းပြီ”
ရှီချီက တုံ့ဆိုင်းမနေတော့ဘဲ သူ၏သန်မာသော ကျောပေါ် ကုန်းတက်လိုက်သည်။
“ဆက်လျှောက်သွားပါ ညာဘက်ခြမ်းက ခြောက်ပင်မြောက် သစ်ပင်နေရာ..”
သူ၏အသံ ထွက်လာသည်နှင့် ရှီရှန်ကျင်းက ဆက်လျှောက်သည်။ သို့ရာတွင် ပထမဦးဆုံး သစ်ပင်ကို ကျော်ဖြတ်ပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်ကာ သူ၏မျက်နှာဟာ လေးနက်သွားသည်။ တစ်စုံတစ်ယောက်ဟာ ထိုနေရာတွင် ဝင်္ကပါခင်းထားသည်။ ဒီလို သေးငယ်သော တောင်တန်းရွာလေး၏ တောင်အနောက်ဘက်တွင် လူတစ်ယောက်ဟာ ဝင်္ကပါကို ခင်းထားပြီး သူ မြင်ခဲ့ရသော တောင်၏ ဖုန်းရွှေနှင့်လည်း ဆက်စပ်နေကြောင်းကို ထင်ရှားစွာ မြင်နိုင်လေသည်။ သည်ကိစ္စတွင် ပါဝင်ပက်သတ်နေသောလူများဟာလည်း သူတို့နှင့် တူညီသော ကျွမ်းကျင်မှု နယ်ပယ်ကို တတ်မြောက်ထားကြသည်။
ရှီမိသားစု စံအိမ်..
ထိုနေ့တွင် ရှီချီဟာ သူ အပြင်ထွက်သွားချိန်တွင် မြွေပါငယ်လေးကို မခေါ်သွားခဲ့ချေ။ ထို့ကြောင့် ရှောင်ဟွမ်လေးဟာ နင်မုန့်၏အနားတွင် ကပ်နေပြီး သူမနှင့်အတူ တီဗီကြည့်နေသည်။ တီဗီစီးရီးထဲမှ အဓိကဇာတ်လိုက်များဟာ လမ်းခွဲကြတော့မည် ဖြစ်သဖြင့် နှုတ်ဆက်စကားများ ပြောနေကြသည်။
“ကိုယ် ပြန်လာတာကို သေချာပေါက် စောင့်နေရမယ်။ ကိုယ်က မင်းကို သေချာပေါက် လက်ထပ်ယူမှာ”
“အင်း ငါနင့်ကို စောင့်နေမယ်.. နင် သေချာပေါက် ပြန်လာပြီး ငါ့ကို လက်ထပ်ရမယ်”
နှစ်ယောက်သားက ခွဲခွာရတော့မည့်အရေးကို တွေးမိပြီး အကြင်နာဖလှယ်နေကြသည်။ ထိုအချိန်တွင် သူတို့၏အနောက်မှ သတိပေးသော ကားဟွန်းသံကိုပင် မကြားကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက်သာ စိတ်ထဲ အပြည့်အဝ ရှိနေကြတော့သည်။ နင်မုန့်က ရုတ်တရက် ပြောသည်။
“ဒီတီဗီစီးရီးက ဘာလို့ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေသလို ဖြစ်လာရတာလဲ။ အစပိုင်းတုန်းက ဒီလို မဟုတ်ပါဘူး”
စနစ်က ပြောပြသည်။
“အစပိုင်းကတည်းက ဒီအတိုင်းပါပဲ”
ကြည့်ရသည်မှာ သူမက သတိပင် မထားမိခဲ့ခြင်း ဖြစ်နိုင်သည်။ နင်မုန့်က စိတ်ထဲတွင် အထွန့်တက်မိသွားသည်။
ငါ အချိန်အတန်ကြာ အကြီးအကဲ နေရာ ရောက်နေခဲ့လို့ အာရုံခံစားနိုင်စွမ်းကတောင် ပြောင်းသွားတာလား။
သူမဟာ ဇာတ်လမ်းမှ ဇာတ်ညွှန်းကို ပြောင်းလဲခဲ့သည်။ သည်အမျိုးသမီးအိုကြီးက အသက်အရွယ်အိုမင်းမှုကြောင့် မည်သည့်အချိန်တွင် သေဆုံးမည်ကို မသိနိုင်တော့ချေ။ ထိုအခိုက် မြွေပါလေးဟာ ရုတ်တရက် ဆိုဖာပေါ်မှ ခုန်ချသွားသည်။ နင်မုန့်က ကြောင်သွားပြီး ခပ်မြန်မြန် မေးလိုက်သည်။
“ဘာဖြစ်တာလဲ ဘာလို့ ထပြေးတာလဲ”
သူမဟာ တီဗီကြည့်ရန်အတွက် မျက်မှန်တပ် ထားသည်။ ထို့ကြောင့် မြွေပါ၏ ပြောင်းလဲမှုကို ထင်ရှားစွာ မြင်နိုင်လေသည်။ ပုံမှန်အားဖြင့် နူးညံ့သော အမွေးများဟာ ထောင်တက်နေပြီး တံခါးကိုသာ စူးရှစွာ စိုက်ကြည့်နေကာ လေးကြိုးမှ ပစ်လိုက်သော မြားတစ်စင်း ကဲ့သို့ သိပ်မကြာခင်မှာပင် ပြေးထွက်တော့သည်။ မြွေပါဟာ ယခင်က ထိုသို့ မပြုမူခဲ့ဖူးချေ။ သူက အမြဲတစေ အပျင်းတစ်နေတတ်သည်။ ဆိုဖာတွင် လဲလျှင်လဲ.. ဗိုက်ကို မှောက်လျှင်မှောက်.. လှန်လျှင်လှန်.. သာ နေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း လူအများက အမြဲတစေ ချီထားလေ့ ရှိသည်။ အများအားဖြင့် လီရှက ပွေ့ချီထားလေ့ ရှိသည်။
စနစ်ကပင် မသေချာ မရေရာစွာ ပြောလိုက်သည်။
“သူက အန္တရာယ်ရှိတဲ့ တစ်စုံတစ်ရာကို တွေ့လို့ ဖြစ်မယ်။ ပုံမှန်အားဖြင့် ရန်သူနဲ့တွေ့တဲ့အချိန်မျိုးမှာ သူတို့က ဒီလို တုံ့ပြန်တတ်ကြတယ်။ ဒါကြောင့် အိမ်ထဲမှာပဲ နေပြီး အပြင်မထွက်တာ အကောင်းဆုံးပဲ”
ရှီရှန်ကျင်းနှင့် ဖခင်ဖြစ်သူသည် ဤစံအိမ်တော်ထဲတွင် ဝင်္ကပါအခင်းအကျင်းများစွာကို ခင်းကျင်းထားခဲ့သည်။ ဝင်္ကပါအခင်းအကျင်းထဲတွင် နေသမျှ ကာလပတ်လုံး ထိခိုက်ဒဏ်ရာ မရှိနိုင်ပေ။
နင်မုန့်က ဘာတွေ ဖြစ်နေကြောင်း မသိသော်လည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သူမသည်လည်း ခံစားမိလေသည်။
ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်လာတာလဲ။ ရှီမိသားစုစံအိမ်က အမြဲတစေ လုံခြုံသင့်တာ မဟုတ်ဘူးလား။ ဘယ်သူကများ ဒီနေရာကို လာပြီး ပြဿနာ လာရှာတာလဲ။ သူတို့ သေချင်နေတာ မဟုတ်ရင် ဘယ်သူကမှ ဒီလို မလုပ်ရဲလောက်ဘူး။
လီရှဟာလည်း မြွေပါလေးက ထိုသို့ ပြေးထွက်သွားခြင်းကို မြင်လိုက်ရသည်။
“ဘာလို့ ရှောင်ဟွမ်က အပြေးမြန်သွားတာလဲ”
ချက်ချင်းဆိုသလိုပင် သူဟာ ပျောက်ကွယ်သွားသည်။ မြွေပါက သူမကို အလွန်ချစ်သည်။ ထို့ကြောင့် လီရှဟာလည်း အပြင်ထွက်ပြီး အခြေအနေကို တစ်ချက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မြွေပါလေးက ဗိုက်ဆာနေခြင်း ဖြစ်လောက်သည်။ နင်မုန့်က လီရှကို မခေါ်နိုင်ခင်မှာတင် သူမဟာ တံခါးအပြင်သို့ ရောက်သွားပြီဖြစ်သည်။ ထိုသို့ဖြင့် ရုတ်တရက်ကြီး ပျောက်သွားခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက် တံခါးလမ်းဟာ တစ်ဖြောင့်တည်း ဖြစ်နေသဖြင့် အပြင်သို့ ထွက်လိုက်သည်နှင့် ထင်ရှားစွာ မြင်နိုင်သင့်သည်။ သို့သော် လီရှဟာ ခြေလှမ်းထွက်ပြီးသည်နှင့် ရုတ်တရက် ပျောက်ကွယ်သွားသည်။ နင်မုန့်ကပင် မသက်မသာ ဖြစ်လာသည်။
“ငါ ထွက်ကြည့်မှ ရတော့မယ်”
လီရှနှင့် မြွေပါတို့ဟာ တစ်ယောက်ပြီးတစ်ယောက် ထင်ရှားစွာ ပျောက်သွားခဲ့ကြသည်။ ထို့ကြောင့် သူမဟာ ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ချေ။ အပြင်သို့ မထွက်သင့်သော်လည်း ထွက်မှ ဖြစ်တော့ပေမည်။
စနစ်က သတိပေးလာသည်။ “တစ်ခုခုတော့ မှားနေပြီ အပြင်မထွက်နဲ့ အထဲကပဲ ကြည့်ပါ”
နင်မုန့်က ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာဖြင့် လျှောက်သွားလိုက်သည်။
အချို့သော အကြောင်းပြချက်များကြောင့် သူမ၏မျက်လုံးဟာ သာမန်အတိုင်း ထင်ရှားစွာ မြင်နိုင်နေသည့်တိုင် နှလုံးသားဟာ မသက်မသာ ဖြစ်နေသည်။ တစ်ခဏခန့် ကြာပြီးနောက် သူမက တံခါးဝတွင် ရပ်သည်။ နင်မုန့်၏နှလုံးသားဟာ တုန်ယင်သွားသည်။ လီရှက ပျောက်သွားခဲ့သည်မှာ သေချာသည်။ အချိန်တိုအတွင်း သူမ၏ ပုံရိပ်ကို မမြင်နိုင်တော့ပေ။ ထို့ကြောင့် သူမက သတိလက်လွှတ်အော်လိုက်သည်။
“လီရှ.. နင် အဲဒီမှာ ရှိလား”
ဘာတုံ့ပြန်သံမှ မကြားရချေ။ လိုင်ခေါင်းသံပင် ထွက်မလာခဲ့ချေ။ မနက်ပိုင်းတွင် လီချွမ်က ဈေးဝယ်ထွက်သွားသည်။ ထို့ကြောင့် ပြန်မလာခဲ့သေးချေ။ နင်မုန့်က ရုတ်တရက် သူမပြန်မလာခြင်းကပင် ကောင်းသည်ဟု ခံစားလိုက်ရသည်။ နင်မုန့်က နေရာတွင်သာ ရပ်ပြီး အရာအားလုံးကို ခြေရာခံရန် ကြိုးစားနေသည်။ မြွေပါဟာ ရုတ်တရက် ပြေးထွက်သွားသည်။ လီရှားဟာလည်း အပြင်သို့ ထွက်ပြီး ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စဟာ မြင်ရသလောက် မရိုးရှင်းနိုင်ချေ။ အပြင်တွင် ဘာတွေ ဖြစ်နေမှန်း သူမ မသိနိုင်တော့ချေ။
စနစ်က ပြောသည်။ “အကြီးဆုံးသားကို ဖုန်းလှမ်းဆက်လိုက်..”
“ကောင်းပြီ ကောင်းပြီ နင်သာ ငါ့ကို မပြောရင် ငါမေ့တော့မလို့”
နင်မုန့်ကလည်း ခေါင်းကို ပုတ်ပြီး ရှီရှန်ကျင်းကို ဖုန်းခေါ်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် ဖုန်းလိုင်းက မမိချေ။ သူမက ဧည့်သည်ဝန်ဆောင်မှုမှ အမျိုးသမီး၏စကားသံကိုသာ ကြားနေရသည်။ သူမက အကြိမ်အနည်းငယ် ဆက်ခေါ်သော်လည်း တူညီသည့်အတိုင်းသာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် နင်မုန့်က စာသာ ပို့လိုက်ရသည်။ ရှီရှန်ကျင်းက အမြန်ဆုံး ဖတ်နိုင်ရန်သာ မျှော်လင့်တော့သည်။
အပြင်ဘက်ဟာ ပုံမှန်အတိုင်းသာ ထင်နေရသည်။ သို့သော် နင်မုန့်ကမူ အပြင်တွင် လူသားစား မကောင်းဆိုးဝါး တစ်ကောင် ရှိနေသလိုမျိုး ခံစားနေရကာ အလွန်အမင်း ထိတ်လန့်ချောက်ခြားဖွယ် ကောင်းကြောင်း ခံစားမိနေသည်။ သူမဟာ ဆိုဖာတွင်သာ ခွေနေလိုက်ပြီး စနစ်ကို မေးလိုက်သည်။
“နင့်မှာ ဘာမှ လုပ်စရာ အလုပ် မရှိတော့ဘူးလား”
“ငါက ဝိညာဉ်ကူးပြောင်းတာကို တာဝန်ယူပေးရတဲ့ စနစ်တစ်ခုပါပဲ။ ထူးခြားတဲ့ လုပ်နိုင်စွမ်းမှ မရှိတာ စိတ်မကောင်းပါဘူး”
နင်မုန့်က ပြောသည်။
“ဟူး.. တောင်းပန်ဖို့ မလိုဘူး ငါက တစ်ကြိမ်သေပြီးသားပဲလေ။ ထူးထူးခြားခြား ကိစ္စကြီးတော့ မဟုတ်ပါဘူး။ တစ်ကြိမ်ထပ်သေရလည်း ပြဿနာ မရှိဘူး”
အပြင်ဘက်ဟာ တည်ငြိမ်နေသည်။ တစ်စုံတစ်ယောက် ရောက်လာမည့် အနေအထားမျိုးနှင့်လည်း မတူညီနေခဲ့ချေ။ နင်မုန့်ဟာ ရုတ်တရက် စိတ်အေးသွားရသည်။ သူမက သူမကိုယ်သူမ တွေးသည်။ ဘာလို့ ဒီနေရာကို ဘယ်သူကမှ မလာတာလဲ။ ရှီမိသားစုမှ ပိုင်ဆိုင်မှုများအားလုံးဟာ စံအိမ်ထဲတွင် ရှိပြီး သူမကဲ့သို့ အဘွားအိုကြီးတစ်ယောက်ကသာ ကျန်နေရစ်လေသည်။ သူမက အထဲတွင်နေပြီး ပန်းပင်များကို ဂရုစိုက်ခြင်း၊ အရွက်များကို အာရုံစိုက်ခြင်းသာ လုပ်နိုင်သည်။
ဒီအဘွားကြီးနဲ့ ပက်သတ်ပြီး တစ်ခုခု ထူးခြားတာများ ရှိနေလို့လား။ ငါ့ရဲ့ကိုယ်မှာ ရတနာ ရှိနေလို့လား။ ရုတ်တရက် နင်မုန့်က စနစ်ကို မေးလိုက်သည်။
“ရှီမိသားစုက မိန်းမအိုကြီးနဲ့ ပက်သတ်တဲ့ ထူးခြားတဲ့ကိစ္စများ မရှိဘူးလား”
ရှီမိသားစုမှ အမျိုးသမီးအိုကြီးဟာ သူမကို အလွန်သဘောကျသည်။ ကြွယ်ဝသော မိသားစုတစ်ခုက သာမန်တံငါသည် မိန်းကလေးတစ်ယောက်ကို အလွန်အာရုံစိုက်ခြင်းက အကြောင်းပြချက်တစ်ခု ရှိနေသင့်လေသည်။ လူအိုကြီးဟာလည်း သူမကို အလွန်နှစ်ခြိုက်ရုံသာ မကလေဘဲ သူမကို အလွန်ချစ်မြတ်နိုး အာရုံစိုက်သေးကာ အပြင်တွင် အမြောင်မယားမျှပင် မရှိခဲ့ချေ။ စနစ်က တွေးတောပြီးနောက် ပြောသည်။
“ဘာမှ ထူးခြားတာ မရှိပါဘူး။ စာရင်း ထုတ်ပြရမယ် ဆိုရင် သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားက ယင်ဓာတ်ပြည့်ဝလို့ အရင်ခန္ဓာကိုယ်နဲ့ အတူတူပဲ။ ဒါကြောင့် မင်းက သူ့ရဲ့ခန္ဓာကိုယ်ကို ဝင်ပူးနိုင်ခဲ့တာပေါ့”
“ဒီလို ဆိုတော့ ယင်ယန်မျက်လုံးဖွင့်ရ ပိုလွယ်သွားစေတာပဲ”
နင်မုန့်က ရုတ်တရက် ကြောင်အသွားသည်။ စနစ်က သူမကို ထိုအကြောင်း မပြောခဲ့ဖူးသေးချေ။ ဒီခန္ဓာကိုယ်တွင် ယင်စွမ်းအင်များ များပြားနေကြောင်းကိုလည်း သူမ မသိခဲ့ချေ။
သူမရဲ့အတွေးများ အလယ်မှ ရုတ်တရက် စနစ်က အော်လိုက်သည်။
“ကြည့်ရတာ တစ်ခုခု ဝင်လာနေပြီ။ အပေါ်ထပ်ကို တက်ပြီး အခန်းထဲကို ဝင်နေတော့”
နင်မုန့်က တုတ်ကောက်ဆွဲပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သည်။
ဆိုးရွားသည်မှာ အဘွားအိုကြီး၏ ခန္ဓာကိုယ်က လမ်းအမြန် မလျှောက်နိုင်ချေ။ သူမကလည်း အလွန်အမင်း စိုးရိမ်စိတ် ဝင်လာခဲ့ပြီး ချက်ချင်းလိုလို အတောင်ပံ ပေါက်ကာ အခန်းထဲသို့ ပြန်ပြေးချင်သွားသည်။ လှေခါးက သူမ၏ရှေ့တွင် ရှိနေသည်။
သူမဟာ စိတ်အေးသွားပြီးနောက်တွင် အမြန်အပေါ်သို့ တက်သည်။ ကံကောင်းစွာဖြင့် လှေခါးထစ်က မမြင့်သည့်အတွက် ခပ်မြန်မြန် နောက်ဆုံးအထပ်သို့ ရောက်သွားသည်။
သူမဟာ ခြေလှမ်းမြောက်လိုက်သည့် အချိန်မှာပင် ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားပြီး သူမ၏အရှေ့က အမှောင်ထု ကြီးစိုးသွားသည်။
နင်မုန့်က မျက်လုံးဖွင့်လိုက်သောအခါ ဆေးရုံသို့ ရောက်နေကြောင်း မြင်လိုက်ရသည်။ သူမဟာ ခုတင်တွင် လဲနေပြီး သူနာပြုမလေးက သူမကို အပ်စိုက်နေသည်။ သူမက မျက်လုံးအပြူးသားဖြင့် ထိုအပ်က ကြီးသထက်ကြီးလာခြင်းကို မြင်နေရသည်။
ကြင်နာတတ်သော သူနာပြုမလေး၏ မျက်နှာက ချက်ချင်းလိုလို ပုပ်ပွလာပြီးနောက်တွင် သွေးများ စီးကျလာသည်။ သူမ၏ မျက်လုံးဟာလည်း ချိုင့်ဝင်သွားပြီး အတွင်းထိ မျက်အိမ်ကြီးက ကျုံ့သည်ထက် ကျုံ့လာသည်။
သူမဟာ သူနာပြုဝတ်စုံကို ဝတ်ဆင်ထားသေးသော်လည်း အရေပြားကမူ မီးခိုးပုပ်ရောင်သန်းနေပြီဖြစ်သည်။ ဆေးရုံခုတင်ပေါ်တွင် လဲနေသော နင်မုန့်က ကြောင်တောင်တောင် ဖြစ်သွားသည်။ သူမ၏လက်ကို သုံးပြီး ထိုအပ်က သူမကို ထိုးဖောက်မည့်အရေးကို တားလိုက်သည်။ အပြောင်းအလဲဟာ ကြီးမားလွန်းသည်။
“ဘာတွေ ဖြစ်သွားတာလဲ။ ငါ ရုတ်တရက် သရဲဖြစ်သွားတာလား”
သူမ၏ နားနားမှ အသံထွက်လာသည်။
“နင်မုန့် နင်မုန့် မြန်မြန် နိုးလာတော့..”
စနစ်၏အသံက ကျယ်သထက်ကျယ်လာသည်။ နောက်ဆုံးတွင် ထင်ရှားစွာ ကြားလိုက်ရသည်။ ထိုအခိုက် သူမဟာ နောက်ဆုံးလှေခါးထစ်သို့ လှမ်းမည့်အနေအထားတွင် ရှိသေးသည်။ သို့သော် ခြေထောက်ကို မမြောက်ရသေးချေ။ နောက်ဆုံးတွင် စနစ်ကို မေးလိုက်ရသည်။
“ဘာဖြစ်တာလဲ”
စနစ်က ပြောသည်။
“မင်းအခု ပုံရိပ်ယောင်ထဲ ရောက်သွားတာ အပေါ်ထပ်ကို မြန်မြန် တက်တော့”
ထိုစကားကို ကြားသောအခါ နင်မုန့်ဟာ ခြေလှမ်းကို မြောက်ကာ တက်လိုက်သည်။ သို့သော် သူမ၏ဟန်ချက်ဟာ ပျက်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။ သူမဟာ ဖြည်းညင်းစွာဖြင့် တွားသွားကာ တက်ရသည်။ သူမ၏အနောက်မှ တစ်စုံတစ်ရာဟာ အားနည်းလာသလိုမျိုး အလျင်စလိုမှုကို ခံစားရသည်။ နောက်ဆုံးတွင် လှေခါးအောက်တွင် စောင့်နေသော အရာကို မြင်လိုက်ရသည်။
သူမကသာ အပေါ်ထပ်သို့ တက်ခြင်းက နောက်ကျသွားလျှင် သူမ၏အနောက်မှ အနက်ရောင် တွင်းပေါက်ကြီးက သူမကို ဝါးမျိုသွားလောက်သည်။ အတွင်းတွင် အလွန်မှောင်မည်းလွန်းနေကာ လူတိုင်းကို ငရဲသို့ ကျသွားစေလောက်သည် ဆိုသော ခံစားချက်ကို ရသွားစေသည်။
နင်မုန့်က ကြမ်းပြင်တွင် ထိုင်ပြီးနောက် ကျောတွင် ချွေးစေးများ ရွဲသွားသည်။ ယနေ့ ဖြစ်ပျက်သော အရာအားလုံးက သူမ၏သွေးကို ချက်ချင်းလိုလို အေးစက်စွာ စီးဆင်းသွားစေသည်။
ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး ဒီလို အခြေအနေမျိုးကို ကြုံရတာလဲ။ ငါက သိပ်မကြာခင် မြေကြီးထဲ ဝင်တော့မဲ့ အဘွားအိုကြီးပါ ဘာကြောင့်များ ဒုက္ခတွေက ငါ့ကို လာရှာရတာလဲ။
မည်သည့်သရဲကိုမျှ မမြင်ရသေးသော်လည်း ထိုကြောက်မက်ဖွယ် ကောင်းသောအရာများက တစ်ခုထက်မက ရှိနေနိုင်ကြောင်း သူမက ခံစားမိနေသည်။

စာရေးသူမှာ ပြောစရာ ရှိပါတယ်။
..
လိပ်ပြာလေး ဖြစ်ပြီး ပျံသန်းသွားတော့မဲ့ အဘွားအိုကြီး..
ဒီနေ့ ဘာ ဒိုင်ယာရီမှ မရှိပါဘူး
အား.. ရှီချီ(၁၇)က အလုပ်ကို ပျက်ကွက်သွားတယ်။ သူ့ကို ရိုက်..

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset