RENH အပိုင်း ၂၆

အပိုင်း ၂၆.၁ ငါ သူမရဲ့မျက်နှာလေးပဲ မြင်ချင်တာပါ (၁)
နင်မုန့်က စနစ်ကို တအံ့တဩ ပြောလိုက်သည်။
“ငါးရက်ကြာပြီးနောက်မှာ နောက်ဆုံးတော့ ကြာရှည်စွာ ပျောက်ဆုံးနေတဲ့ ခေါ်သံကို ကြားလိုက်ရပြီပဲ”
(…)

အထီးကျန်ဆန်တဲ့ မိန်းမအိုကြီးဖြစ်ရတာ တကယ်ကြောက်ဖို့ ကောင်းလွန်းတယ်။
စနစ်က ပြောသည်။ .. “ဂုဏ်ယူပါတယ် နောက်ဆုံးတော အောင်မြင်သွားပြီ”
နင်မုန့်က အံ့ဩသွားသည်။
ငါ အရင်က သူ့အခန်းထဲမှာ ခိုးထားလိုက်တဲ့ အဲဒီစာအုပ်တွေက ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တာလား။ ရှီချီက တကယ်ပဲ ဒီမိန်းမငယ်လေးနဲ့ ချစ်ကြိုက်သွားပြီလား။
သူမ၏ အတန်းဖော်များထံမှ သူတို့၏ နှစ်အနည်းငယ်သာ အသက်ရှိသေးသော တူလေးများက ကျောင်းတွင် ချစ်သူကောင်မလေးများ ရနေကြောင်း မကြာခဏ ပြောသံကြားဖူးသည်။ သူ့တွင်ဆိုလျှင် တစ်ယောက်ထံ ပိုနေသည်။
ရှီချီက ဒီလိုတော့ မဟုတ်လောက်ပါဘူးနော်။
အချိန်တိုအတွင်းတွင်ပင် နင်မုန့်၏အတွေးများက ကောင်းကင်ထိတိုင် ပျံသန်းတက်သွားသည်။
ရှီချီက စကားပြော၍ ပြီးသွားသည့်အခါ ပါးစပ်ကို ခပ်တင်းတင်း ပိတ်လိုက်ပြီး ရှက်ရွံ့သော အမူအရာမျိုးဖြင့် သူမ၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်နေသည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သို့သော် အနည်းငယ် မြင်နေရသော မျက်နှာထားလေးကတင် သူမ၏အပြုံးမှ အသွင်အပြင်ကို သူ သေချာမခန့်မှန်းနိုင်ချေ။
ဒီလမ်းဘေးသရဲက အဘွားအိုကြီးတစ်ယောက်လို ပြုမူနေတာလား။
ရှီချီက သူမ၏အတွေးကို နားမလည်နိုင်ချေ။ သူမဟာ ငယ်ရွယ်နေသေးသည်မှာ သေချာသည်။ ဘာလို့ အဘွားအိုကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်နေသလိုမျိုး သူ့ကို မြေးလေးလို့ အချိန်တိုင်း ခေါ်နေရတာလဲ တကယ်ကို ထူးဆန်းလိုက်တာ။
နင်မုန့်က သူ၏ပါးကို အချိန်အတန်ကြာ ဆွဲညစ်လိုက်ပြီးမှသာ သူမ၏လျော့ရဲနေသော လက်များကို ထိန်းလိုက်နိုင်သည်။ ထို့နောက် သနားစရာကောင်းအောင် သရုပ်ဆောင်ပြီး ပြောလိုက်သည်။
“ဟူး.. အဘွားက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက လူတစ်ယောက်က လျစ်လျူရှုထားတာနဲ့ စားချင်သောက်ချင် စိတ်တွေ မရှိဘဲ ခံတွင်းပျက်နေခဲ့တာ”
သူမက မျက်ဝန်းထောင့်မှတစ်ဆင့် သူ့ကို ကြည့်သည်။
ရှီချီ “…”
နင်မုန့်အရင်က ဖရဲစေ့တွေ ထိုင်စားနေတာ သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ။ လီချွမ်တောင်မှ အကြိမ်အနည်းငယ် ဝယ်လာပေးခဲ့သေးတယ်။ သူ ပြန်ရောက်လာတဲ့ အကြိမ်တိုင်း အိတ်လိုက်ကြီး ပါလာတာပါ။
သို့ရာတွင် သူမ၏ ငိုနေသည့် အချိန်ကို ပြန်တွေးမိသွားသည့်အခါ…
ရှီချီဟာ မျက်မှောင်ကြုတ်သည်။ သူ၏ မျက်နှာလေးက ဖက်ထုပ်လေးအလား ရှုံ့မဲ့သွားသည်။
ဒီအိမ်ခြေရာမဲ့သရဲက သူ့အပေါ် ကြင်နာပေးပြီး ဒုက္ခပေးတာမျိုးလည်း မရှိဘူး။ သူမက ဘဝအတွေ့အကြုံ လိုချင်တာမျိုးလည်း ဖြစ်နိုင်တယ်။
ထိုအခြင်းအရာကို တွေးမိသည့်အခါ သူက ရုတ်တရက် နားလည်သွားသည်။ ထိုသရဲတွင် ရည်ရွယ်ချက်ကောင်း ရှိသမျှ ကာလပတ်လုံး သူက ကြောက်နေစရာ မရှိပေ။ ထို့ကြောင့် ရုတ်တရက် ပြောလိုက်သည်။
“အဘွား.. ကျွန်တော် မှားပါတယ်”
နင်မုန့်က သက်ပြင်းချ ဟန်ဆောင်နေဆဲ ရှိသေးသည်။ ထိုသို့ အချိန်တွင်ပင် သူ၏ စကားများကို ကြားလိုက်ရသည်။ သူမက သူ့ကို တစ်ဖန် ကြည့်လိုက်ချိန်တွင် သူ၏ သနားစဖွယ် သွင်ပြင်လေးကို မြင်လိုက်ပြီး ခေါင်းကို ပွတ်လိုက်မိတော့သည်။ သေချာစွာပင် ကောင်ငယ်လေး၏ ဆံပင်များက နူးညံ့နေပြီး မြွေပါ၏အမွေးကို ပွတ်သပ်ရသည်ထက် ပိုကောင်းသည်။ သူမက အတွေးနှင့်အတူ ပြုံးလိုက်သည်။ သူမ၏မျက်ဝန်းများက မှေးကျဉ်းသွားပြီး အဟငယ်လေးသာ ပေါ်တော့သည်။ သို့ရာတွင် ရှီချီ၏အမြင်တွင်မူ ပုံသဏ္ဌာန်က ကွာခြားနေသည်။
လူနှစ်ယောက်၏ စစ်ဆင်ရေးက ပြန်လည်အဆင်ပြေသွားကြောင်း မြင်သောအခါ ရှီးရှန်ကျင်းကလည်း စံအိမ်သို့ ပြန်သွားတော့သည်။ လီဟွေ့ကိုလည်း လီချွမ်က အနားယူရန် ပြန်ခေါ်သွားသည်။ သူတို့အားလုံးက နောက်တစ်နေ့ မနက်စောစောတွင် ထွက်ခွာကြမည် ဖြစ်သည်။
အလင်းရောင်က ကောင်းကင်ကို အပြည့်အဝ မထိုးဖောက်နိုင်ခင်မှာပင် အောက်ထပ်မှ ကြက်ဖအော်သံကို ကြားလိုက်ရသည်။ မြွေပါလေးက အရင်နိုးလာပြီး တစ်ခဏကြာ ကြမ်းခင်းတွင် မှင်တက်စွာ ထိုင်နေပြီးမှသာ အမြီးကို ရမ်းခါပြီး အသိုက်ထဲမှ လျှောက်ထွက်လာသည်။
ထိုအသိုက်ကို လုပ်ထားခဲ့သည်မှာ မကြာသေးချေ။ အသိုက်၏သွင်ပြင်လေးက လှပလွန်းပြီး သူ၏အကြိုက်နှင့် ကိုက်ညီနေသည်။ သူဟာ အချိန်အတန်ကြာ အိပ်ရာကို တစ်ပတ်ပတ်လျှောက်နေပြီးမှသာ အိပ်ရာပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် နူးညံ့သော စောင်ပေါ် တက်နင်းလိုက်ပြီး ခြေသည်းလေးက ကျွံကျသွားသည်။ ထိုစောင်၏အလယ်တွင် သေးငယ်သော အလုံးလေးက ဖောင်းထွက်နေတော့သည်။
မြွေပါလေးက အချိန်အတန်ကြာ စောင့်ကြည့်ပြီးမှသာ ခုတင်ပေါ်မှ ပြန်ခုန်ဆင်းလိုက်ပြီး လက်အိတ်ကို ဝတ်ပြီး ကုတင်ပေါ်သို့ တစ်ဖန် ပြန်တက်ကာ ရှီချီ၏မျက်နှာကို ကုပ်လိုက်သည်။ လက်အိတ်က ကြားခံနေသောကြောင့် ထုတ်ထားသော အင်အားကလည်း အတန်ငယ် လျော့ပါးသွားပြီး ယားယံသည့် ခံစားချက်ကိုသာ ဖြစ်လာစေသည်။ ရှီချီက မျက်လုံးကို ဖွင့်လိုက်ပြီးနောက် ကြားခံနေသည့် လက်အိတ်ကို မြွေပါ၏လက်သည်းမှ ဆွဲယူကာ ချွတ်လိုက်ပြီး မြွေပါကို ကြည့်သည်။
“ရှောင်ဟွမ်.. နောက်တစ်ခါ ဒီလိုမလုပ်နဲ့”
သူက ယောင်ဝါးဝါး ပြောလိုက်သည်။
မြွေပါလေးက ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါချေ။ အိပ်ရာပေါ်မှသာ ခုန်ဆင်းသွားပြီး တစ်ပတ်လည် လျှောက်သွားနေပြီး နောက်ဆုံးတွင် လိုက်ကာကို ဆွဲဖွင့်သည်။ ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်တက်ပြီး အပြင်ဘက်မှ မြင်ကွင်းကို ကြည့်နေသည်။ ပြတင်းပေါက် ဘောင်ပေါ်မှ ကြည့်လျှင် ခြံထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကြက်ပေါက်လေးများဟာ တောက်ပနေပြီး ခေါင်းအစခြေအဆုံး အသားအပြည့် ရှိနေသည်။ သူ ကြက်ပေါက်လေးများကို ကြည့်ရုံနှင့်တင် သူ၏ပါးစပ်တွင် သွားရည်က ရွဲလာတော့သည်။
ရှီချီက စိတ်ထဲမထား‌ချေ။ မည်သို့ပင် ဆိုစေ သူဟာ အောက်သို့ဆင်းပြီး ခိုးမစားရဲချေ။ ထို့ကြောင့် အိပ်ရာထဲမှသာ ထွက်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။
သူဟာ သန့်ရှင်းပြီးသောအခါ မြွေပါလေးဟာ အသက်ရှင်ရန် အကြောင်းပြချက် မရှိတော့သလိုမျိုး စိတ်ဓာတ်ကျသလို အမူအရာမျိုးဖြင့် အသိုက်ထဲသို့ ပြန်ဝင်ကာ ခွေနေသည်။
ရှီချီက ပြုံးလိုက်သည်။
သူဟာ အဝတ်အစားလဲပြီးနောက် လက်အိတ်ကို ဝတ်လိုက်ပြီး မြွေပါကို အသိုက်ထဲမှ ဆွဲထုတ်လိုက်သည်။ မြွေပါက မရုန်းကန်ဘဲ သက်တောင့်သက်သာ အနေအထားကိုသာ ရှာပြီး အမြီးကို လေထဲရမ်းလျက် ခွေလဲလိုက်သည်။ ထိုကောင်လေးဟာ ကောင်းကောင်း အဆက်ဆံ ခံချင်နေလေသည်။ သူ၏အမြီးမှ အမွေးများကပင် အပြည့်အဝ မပေါက်သေးသည့်အတွက် နေရခြင်းက မသက်မသာ ရှိနေလေရာ အနာဂတ်တွင် သူ၏ပိုးပန်းရေးရာများအတွက် သက်ရောက်မှု ရှိလာနိုင်သည်။
ထိုအကြောင်းကို တွေးမိသည့်အခါ စိတ်ဓာတ်ကျသွားရပြန်သည်။ ရှီချီဟာ မြွေပါကို အောက်သို့ ခေါ်လာပြီးနောက်တွင် ဧည့်ခန်းထဲတွင် လူတိုင်းက စုရုံးရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ လီချွမ်က စောစောထတတ်သည်။ သူက ဧည့်ခန်းကို သန့်ရှင်းရေး လုပ်နေပြီး ပန်းအိုးထဲ လတ်ဆတ်သော ပန်းများကို ထိုး၍ အလုပ်များနေသည်။ ထို့နောက် အချိန်အတန်ကြာ ကြည့်နေပြီးမှသာ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
လီချွမ်က ခေါင်းလှည့်လိုက်သည်နှင့် သူ့ကို မြင်ပြီး ပြုံးလိုက်သည်။
“သခင်လေးရှီချီက ဘာလို့ ဒီနေ့ စောစော ထလာတာလဲ အခုမှ အာရုဏ်တက်ခါစပဲ ရှိပါသေးတယ်”
ပုံမှန်အားဖြင့် သူဟာ တစ်နာရီနောက်ကျမှသာ ထတတ်သည်။ မနေ့ညက သခင်ရှီက ရှီချီအတွက် ခွင့်တိုင်ရန် ပြောထားသဖြင့် စောစောထရန် မလိုချေ။ သို့တိုင်အောင် သူဟာ အစောကြီး နိုးလာခဲ့သေးသည်။
ရှီချီဟာ ဆိုဖာပေါ်တွင် လဲနေပြီဖြစ်သော မြွေပါလေးကို ကြည့်လိုက်သည်။ သူ၏ကိုယ်လုံးရှည်ပြီးက နေရာအများအပြား ယူထားသည်။
“သူ ကျွန်တော့်ကို လာနိုးလာ”
“တကယ်လား”
လီချွမ်က အံ့ဩသွားသည်။ ထိတွေ့ဆက်ဆံခဲ့ဖူးသည့် အခြေအနေများအရ ထိုမြွေပါဟာ သာမန်မဟုတ်ကြောင်း သူမကလည်း သိထားသည်။ အနည်းဆုံး သူတို့၏ ပြောဆိုလိုရင်းကို ထိုမြွေပါက နားလည်သည်။ တစ်ခါတရံတွင် ထိုမြွေပါ၏ မျက်လုံးများက သူမကို အထင်သေးဟန်ပင် ဖြစ်နေကြောင်း ခံစားမိသည်။ သူမက အနားသို့ လျှောက်သွားပြီး နူးညံ့သော အမွေးများကို ထိတွေ့လိုက်ကာ ပြောသည်။
“ဘာလို့ ရှောင်ဟွမ်လေးက ဒီနေ့ အစောကြီး အားအင်ပြတ်လပ်နေတာလဲ”
နင်မုန့်ကလည်း ဆေးကြောပြီး အောက်ထပ်သို့ ဆင်းလာချိန်တွင် သူတို့စကားပြောနေခြင်းကို မြင်လိုက်ရသည်။ သူမက ရှီချီကို ကြည့်ပြီးနောက်တွင် အတန်ငယ် ပျော်ရွှင်သွားသည်။ သူမ လုပ်သော ဆူညံသံများက မသေးသဖြင့် အားလုံးက သူမကို လှည့်ကြည့်ပြီး မြင်သွားကြသည်။ လီချွမ်က အနားသို့ လာသည်။
“သခင်မကြီး ဘာလို့ ဒီနေ့ အစောကြီး ထတာပါလဲ။ အလင်းရောင်တောင် မထွက်သေးပါဘူး။ ဒီနေ့.. ဘာလို့ နည်းနည်းလောက် ပိုမအိပ်တာလဲ”
နင်မုန့်က ရှီချီကို ကြည့်ပြီး ပြောသည်။
“ငါ့မြေးလေးက အပြင်ထွက်ဖို့ ရှိနေတာကို သေချာပေါက် စောစော ထပေးရမှာပေါ့”
ရှီချီက မျက်လုံးပြူးသွားပြီးနောက် မသက်မသာ ဖြစ်သွားဟန်ဖြင့် သူမ အမှန်ပြောနေခြင်းကို ခံစားမိကာ ခပ်တိုးတိုး ပြောလိုက်သည်။
“အဘွား..”
နင်မုန့်က စိတ်ထဲတွင် သဘောတကျ ဖြစ်သွားပြီး လက်ခုပ်တီးနေတော့သည်။
သူ၏အရင် ကြောင်တောင်တောင် အပြုအမူများကို ကောင်းကောင်းပြင်ဆင် ဆုံးမနိုင်ခဲ့ကြောင်းကို နားလည်ထားသည့်အတွက် အနာဂတ်တွင်လည်း သူမကို ထပ်ပြီး မစွန့်ပစ်စေရန် သေချာအောင် ထိုသို့ကိုင်တွယ်ရန် ဆုံးဖြတ်ထားသည်။
ထိုအချိန်တွင်ပင် ရှီရှန်ကျင်း၏ ပုံရိပ်က တံခါးဝတွင် ပေါ်လာသည်။ သူက ပြောသည်။
“ငါတို့ အခု သွားလို့ရပြီ။ အမေ အမေ အိမ်မှာ ကောင်းကေား နားလိုက်ပါအုံး”
နင်မုန့်က ပြန်ပြောလိုက်သည်။
“ကောင်းပြီ ဂရုစိုက်ပါ”
လီဟွေ့က အခန်းထဲမှ ထွက်လာသည့်အချိန်တွင် ထိုမြင်ကွင်းနှင့်ဆုံ သွားသည်။ သူမက သူမ၏ ပစ္စည်းများကို အလျင်စလို ထည့်သိမ်းပြီးနောက် သူမ၏အခန်းထဲမှ ဖီရှိုးအိုကြီး ထည့်ထားသော အိတ်ကို တမင်တကာ မေ့ချန်ထားရစ်ခဲ့သည်။
သူတို့ကသာ ရှာတွေ့သွားမည် ဆိုလျှင် သူတို့အတွက် အသုံးဝင်မည် ဆိုလျှင် ချန်ထားရစ်ခဲ့ရသည့်အတွက် ပြဿနာ မရှိချေ။ မည်သို့ပင်ဆိုစေ သူမ၏မိသားစုအတွက်လည်း အသုံးမဝင်နိုင်လေရာ တစ်ခု ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ရှီချီက ရှီရှန်ကျင်း၏ အနောက်မှ လိုက်ပြီးနောက်တွင် အိမ်ထဲသို့ နောက်ဆုံးတစ်ချက် ကြည့်ပြီးမှသာ အပြင်သို့ထွက်သည်။ အဘွားဟာ ဆိုဖာပေါ်တွင် ထိုင်နေပြီး ထွက်သွားသော သူတို့အား ကြည့်နေသည်။ သူက ခေါင်း‌နောက်လှည့်လာကြောင်း မြင်သောအခါ သူမက လက်ယမ်းပြသည်။ ရှီချီပါးများက နီရဲသွားပြီး အလျင်စလို ခေါင်းလှည့်သွားတော့သည်။
နင်မုန့်ကလည်း ရေရွတ်လိုက်သည်။
“ဒီကလေးရဲ့ အပြုအမူတွေက ကို့ရို့ကားယား ဖြစ်နေပြန်ပြီ”
အဆုံးတွင် သူက ရှက်လာသောကြောင့် ခေါင်းပြန်လှည့်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက ဘာကို ရှက်နေကြောင်း သူမက မသိချေ။ သူတို့အတူတကွ ရှိနေခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သဖြင့် ရှက်ရွံ့နေရန် မလိုအပ်တော့ဟုလည်း ယူဆသည်။
မနေ့က ရှီချီနှင့်အတူ စကားပြောခဲ့သော်လည်း နောက်ဆုံးတွင် သူပေးခဲ့သော ခံစားချက်က လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် အတူတူသာလျှင် ဖြစ်နေခဲ့ပြီး အနည်းငယ် နွေးထွေးမှု ပါလာခြင်းကသာ ကွာခြားသွားသည်။
အနှေးနဲ့အမြန် အဲဒီခေါင်းသေးသေးလေးထဲမှာ ဘာတွေ တွေးနေတာလဲ ဆိုတာ ငါ ခန့်မှန်းနိုင်တော့မှာပါ။
တံခါးဝမှ ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်နေပြီးနောက် နင်မုန့်က တိတ်ဆိတ်စွာဖြင့် သက်ပြင်းချသည်။ အမှန်အတိုင်း ဆိုရသော် သူမကလည်း လိုက်သွားချင်သည်။ အိမ်ထဲတွင် နေရခြင်းက ပျင်းစရာကောင်းသည်။ သို့သော် သူမက အပြင်မထွက်နိုင်ချေ။
ဒီအဘွားအိုကြီး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပုံမှန်အားဖြင့် အတန်ငယ် ကောင်းမွန်သည်။ သို့သော် သူမ သရဲနှင့် ပက်ပင်းတိုးသည့်အထိသာ ခံခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါ သူမက အိမ်တွင်သာ အနားယူကာ လဲလျောင်းနေရုံသာ တတ်နိုင်တော့သည်။
ပို၍ဆိုးသည်မှာ ထိုသရဲဟာ အလောင်းနှင့် ဆက်စပ်နေသည်။ သူမက သူမကိုယ်တိုင် ကြိုးစားခဲ့သည့်တိုင်အောင် မည်သည့်အကူအညီမျှ မပေးနိုင်သည့်အပြင် ထိတ်လန့် ခြောက်ခြားခဲ့ရသေးသည်။
သူမဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အိမ်တွင်သာနေပြီး စနစ်မှ ပြောပြသော အကြောင်းအရာများကို နားထောင်နေခြင်းက ပို၍ကောင်းသည်ဟု ထင်သည်။

အပိုင်း ၂၆.၂ ငါ သူမရဲ့မျက်နှာကို မြင်ချင်တယ်။
အဆောက်အဦးငယ်လေးမှ ထွက်ခွာပြီးနောက် သူတို့သည် လီဟွေ့ရှိရာ ရွာထံ ဦးတည် သွားလိုက်ကြသည်။
ဒရိုင်ဘာက ထိုကဲ့သို့သော နေရာမျိုးသို့ တစ်ကြိမ်သော်မျှ မရောက်ခဲ့ဖူးချေ။ အစပိုင်းတွင် သူဟာ ဂျီပီအက်စ်ကို အသုံးပြုလိုခဲ့သည်။ သို့သော် ရွာနာမည်ကပင် စနစ်တွင် ပေါ်မလာချေ။ ထိုရွာဟာ လူသိနည်းနေခြင်းပင် ဖြစ်နိုင်သည်။
ရှီရှန်ကျင်း ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ကြာအောင် မည်သူကမျှ ထိုတစ္ဆေလက်ထပ်ခြင်းနှင့် ပက်သတ်သော ကိစ္စများအပေါ် စိုးရိမ်ခြင်း မရှိသည့် အကြောင်းကို နားလည်နေသည်။ ရဲကပင် ထိုနေရာသို့ ကြည့်ရန် သွားခဲလေရာ လျှို့ဝှက်ဆန်းကျယ်သော ကိစ္စများကို စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်တော့ချေ။
အလောင်းခိုးပြီး မည်သည့်နေရာတွင် အသုံးပြုမည် ဖြစ်ကြောင်း သူကိုယ်တိုင်ကပင် မသိချေ။ သို့သော် ထိုကိစ္စ၏ နောက်တွင် ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒနှင့် ပက်သတ်နေသည့် အခွင့်အရေးကြီးတစ်ခုလည်း ရှိနေနိုင်သေးသည်။
သူတို့ဟာ မြို့ပြဒေသမှ ထွက်ခွာလာသည့် အလျောက် တဖြည်းဖြည်းချင်း လူနေသည့် အရိပ်လက္ခဏာများဟာ နည်းသထက် နည်းလာသည်။ လူအတွေ့နည်းလာပြီး အဆုံးတွင် တောတွင်းမှ သစ်ပင်များကိုသာ မြင်ရတော့ကာ ဆယ်မိနစ်ကျော်ကြာအောင် မောင်းလာပြီးသည့်အထိ လူနေအိမ်ကို မမြင်နိုင်တော့ချေ။
ကားဟာ နောက်ဆုံးတွင် ကျောက်စရစ်လမ်းရှေ့တွင် ရပ်သွားသည်။ ဒရိုင်ဘာက ကားထဲမှ ထွက်ပြီး ရှေ့လမ်းကို စစ်ဆေးကြည့်သည်။ သူ ပြန်လာပြီးနောက်တွင် ပြောလာသည်။
“သခင်.. ရှေ့လမ်းတွေက ချိုင့်ခွက်တွေ များနေမှာကို စိုးရိမ်ရတယ်”
သူ၏ဆိုလိုရင်းက ရိုးရှင်းသည်။ သူတို့က သည်ဒဏ်ကို မခံနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
လီဟွေ့က အနည်းငယ် ရှက်သွားသည်။
“လူကြီးမင်းရှီ..”
ရှီရှန်းကျင်းက ဘာမှမပြောဘဲ ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ခေါင်းပြန်လှည့်သွားသည်။
“ရှီချီ မင်း တောင့်ခံနိုင်လား”
ရှီချီက ခပ်မြန်မြန် ခေါင်းညိတ်သည်။ ဒါပေါ့။ သူ တောင့်ခံနိုင်တာပေါ့။ သူအရင်က ဒီလိုဆိုးရွားတဲ့ လမ်းအခြေအနေမျိုးကို မခံစားဖူးတာမှ မဟုတ်တာ။ သူ ကြိမ်ဖန်များစွာ လျှောက်ခဲ့ဖူးတယ်။ ဒါက သူ့အတွက် ပြဿနာကြီးမှ မဟုတ်တာ။ ထိုသို့ တွေးမိသောအခါ သူ၏ဒီဘဝအကြောင်း ပြန်သတိရသွားသည်။ လီချွမ်၏စကားများဟာ သူ့နားအတွင်း ရှိနေသေးသည်။
ထိုလမ်းဘေးတစ္ဆေတစ်ကောင်ကသာ မတည်ရှိခဲ့လျှင် သူက မည်သို့သော ဘဝမျိုးတွင် နေရမည်မှန်ပင် မသေချာပေ။ သူ၏ယခင်နေရာသို့ ဖိအားပေးကာ ပြန်သွားရခြင်း သို့မဟုတ် ရှီချုံး၏ အထင်သေးရှုံ့ချ ခံရခြင်းမျိုးပင် ဖြစ်နိုင်သည်။
ထိုလမ်းဘေးတစ္ဆေက သူ၏ပထမဦးဆုံး တစ္ဆေများနှင့် ပက်သတ်ဆက်နွယ်မှုထဲမှ တစ်ခု ဖြစ်ခဲ့သည်။ သူ၏ ပြောင်မြောက်သော စွမ်းရည်ကိုလည်း သူ၏ဦးလေးဖြစ်သူကိုလည်း သူက ပြသနိုင်ခဲ့ပြီး သူ၏ ထူးခြားသော ယင်ယန်မျက်လုံးများကို ထုတ်ပြနိုင်ခဲ့သည်။
သူကသာ ထိုမျက်လုံးကို မဖွင့်နိုင်ခဲ့လျှင် ဖြစ်နိုင်တာက သူ အရင်လိုပဲ ဆက်လက်ပြီး ခွဲခြားခံနေရလောက် သေးလေသည်။…
သူ ရှီမိသားစုသို့ ရောက်ကာစ အစောပိုင်းရက်များတွင် မည်သို့ဆက်ဆံခံခဲ့ရကြောင်း သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူ၏ ဦးလေးဖြစ်သူ၏ သူ့အပေါ် ဆက်ဆံပုံကပင် ယခုနှင့် အပြည့်အဝ ကွာခြားခဲ့သည်။
မနေ့ညက သူ့အဘွားအကြောင်း ပြန်တွေးမိတော့ တကယ်ကို ပျော်နေတဲ့ပုံပါပဲ..
ရှီချီ၏နှုတ်ခမ်းများက ကော့တက်သွားပြီး အကြည့်ကလည်း လျင်မြန်စွာ ကျော်ဖြတ်ခံနေရသည့် သစ်ပင်များထံ ရောက်သွားသည်။ အစိမ်းရောင်အခင်းကို မဆုံးနိုင်အောင် မြင်နေရခြင်းက သူ၏စိတ်ကို ငြိမ်းအေးစေသည်။ ကားဟာ အမှန်တကယ်ကို ယမ်းခါနေတော့သည်။
လီဟွေ့က လမ်းပြသည်။ လမ်းကို လမ်းကျဉ်းငယ်လေးများစွာ ခွဲထားသောကြောင့် အကွေ့အကောက်က အလွန်များလှသည်။ ထိုသို့ဖြင့် ဟိုကွေ့ဒီကွေ့ လုပ်နေရလေသည်။
အချိန်မည်မျှ ကြာအောင် ကုန်ဆုံးပြီးမှန်း မသိတော့သော အချိန်တွင် သူမက ရှားပါးစွာ ပြုံးပြလာသည်။
“ဒီလမ်းပဲ.. ရှေ့တည့်တည့် ဆက်သွားပါ။ ဒီလိုဆိုရင် သိပ်မကြာခင် ရွာကို ရောက်သွားလိမ့်မယ်”
ထိုအခါမှသာ ကားသမားဟာ စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။ သူ့အနေဖြင့် ထိုမျှ ဆိုးသော လမ်းကို မမောင်းဖူးချေ။ ထိုသို့ဖြင့် သိုဝှက်စွာ ရှိနေသော ရွာအကြောင်းပြန်တွေးမိသောအခါ နည်းပညာမြင့်မားသော ပစ္စည်းများ အထဲတွင် မရှိတာ သေချာသွားသည်။
ဆယ်မိနစ် ကြာပြီးနောက် မြေသားအဝါရောင် အိမ်လေးများက မြင်ကွင်းအတွင်း ပေါ်လာသည်။
ကားဟာ ရွာအပြင်တွင် ရပ်သည်။ လီဟွေ့က ကားထဲမှ ထွက်ပြီးနောက် သူတို့ရောက်လာကြောင်းကို ဝင်ပေါက်တွင် စုစည်းနေကြသော ကြည့်ရှုသူများကို ရှင်းပြသည်။
“ကလေးမလေးဟွေ့.. ဒီလူတွေက ဘယ်သူတွေလဲ ငါတို့ရဲ့ရွာကို မင်းနဲ့အတူ ဘာလို့ လာတာလဲ။ တစ်ခုခုများ မှားနေလို့လား”
“ဒီကားက သာမန်လူတွေ တတ်နိုင်တာမျိုး မဟုတ်ပါဘူး။ ငါ အရင်တစ်ခေါက် မြို့ကြီးကို သွားတုန်းက ဒါမျိုး မြင်ခဲ့ဖူးတယ်။ ပိုက်ဆံအများကြီး ကုန်မှာပဲ”
“ဒီလူတွေကို ကြည့်ပါအုံး။ အားလုံးက ချောမောနေကြတာ။ အဲဒီကလေးရဲ့ မျက်လုံးက အစိမ်းရောင် သန်းနေပါလား။ ဒါပေမဲ့ တော်တော်လေး လှတယ်။ အိမ်က ကောင်စုတ်လေးနဲ့များ တခြားစီပဲ”
လီဟွေ့က ခပ်မြန်မြန် ရှင်းပြသည်။
“ဦးလေး ကျွန်မကို လူရှာဖို့အတွက် အကူအညီတောင်းလို့ သူတို့က လိုက်လာခဲ့တာပါ။ အားလုံးပဲ သိနေကြတာပဲ”
ထိုစကားကို ကြားသောအခါ ရွာသားများက နားလည်ကြောင်း အမူအရာ ပြကြသည်။ သူတို့၏မိသားစုတွင် ရှိသော သတို့သမီးအလောင်းဟာ ပျောက်သွားသည်။ ရွာက သူမကို ကူညီရှာဖွေပေးလို ကြသည်။ မည်သို့ပင် ဆိုစေ သူမဟာ ကံဆိုးလွန်းသည်ဟု အားလုံးက ခံစားနေရလေသည်။
သူတို့၏အစ်ကိုကြီးက ထွက်သွားသည်နှင့် မိခင်ဖြစ်သူကလည်း လိုက်ပါသွားသည်။ ယခုအခါ သမီးတစ်ယောက်သာ ကျန်ရစ်တော့သည်။ လီမိသားစုမှ တစ်ဦးတည်း ကျန်သော လီဟွေ့ဟာ ကိစ္စပေါင်းများစွာကို ကိုင်တွယ်ရန် တစ်ယောက်တည်း ရုန်းကန်နေရရာ လူတိုင်းက သနားကြသည်။
ကားဘေးနားတွင် ရပ်နေသော ရှီရှန်ကျင်းက တစ်ရွာလုံးကို ခြုံငုံကြည့်သည်။ အိမ်ခြေက မများချေ။ အဓိကလမ်းမှ ခွဲထွက်နေသော လမ်းဟာ တစ်ဖက်တစ်ချက်စီ ဦးတည်နေသည်။ သူတို့ ရပ်နေသော နေရာမှ ကြည့်လျှင် အဆုံးကို မမြင်နိုင်ချေ။ အိမ်များဟာ အဝေးထိ ချဲ့ထွက်နေဟန် ရပြီး လယ်ကွင်းထဲတွင် ရှိနေသော အိမ်များစွာကို မြင်နိုင်သေးသည်။ အိမ်များအားလုံးဟာ သာမန်ဆန်သည်။
ရှီရှန်ကျင်းက တစ်စုံတစ်ရာက မှားနေသည်ဟု ခံစားရသည်။ ထိုခံစားချက်ဟာ ပြင်းထန်လှသည်။
ရွာ၏ဝင်ပေါက်သို့ ပြန်ပြေးလာသော လီဟွေ့က နီရဲသော မျက်နှာထားဖြင့် ပြောသည်။
“လူကြီးမင်းရှီ ကျွန်မ လမ်းပြပါမယ်”
သူတို့အဖွဲ့ဟာ ရွာသားများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ရွာထဲသို့ ဝင်လိုက်ကြသည်။ သိပ်မကြာခင် အချိန်တွင် လီဟွေ့၏အိမ်က ပေါ်လာသည်။ သူတို့ မြင်ခဲ့ရသော အိမ်များနှင့် ကွာခြားခြင်း မရှိချေ။
“ဒါက ကျွန်မရဲ့အိမ်ပါ”
ရှီချီက အနောက်မှ လိုက်လာပြီးနောက် ဧည့်ခန်းထဲသို့ ရောက်သည်။ စားပွဲရှည်ကြီးပေါ်တွင် အမျိုးသမီးကြီးနှင့် လူငယ်လေးတစ်ယောက်ပါသော အဖြူအမည်း ဓာတ်ပုံကို မြင်လိုက်သည်။
လီဟွေ့က သူတို့ကို ထိုင်ခိုင်းလိုသော်လည်း ရှီရှန်ကျင်းက အမျိုးသမီး၏မိသားစုမှ ပိုင်ဆိုင်သော ပစ္စည်းများကို သူတို့ကို ပေးနိုင်မည်လောဟု မေးမြန်းလိုက်သည်။ သူက ထည့်ဖြည့်ပြောလိုက်သေးသည်။
“ဒီအမျိုးသမီး အသက်ရှင်နေချိန်တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းဆိုရင် ပိုကောင်းပါတယ်”
လီဟွေ့က တွေးတောပြီးနောက် အခန်းထဲသို့ သွားကာ သေတ္တာတစ်ခုကို ယူသည်။
“ဒါက လျိုမိသားစုက သူမဝတ်ဖို့အတွက် ပြင်ဆင်ပေးခဲ့တဲ့ လက်ကောက်နဲ့ လည်ဆွဲပါ ဒါပေမဲ့ အလောင်းက ပျောက်သွားတော့ အသုံးမဝင် ဖြစ်သွားပြီ”
လျိုဟွားဟာ ထိုအမျိုးသမီး၏ နာမည်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး လက်ကောက်နှင့် လည်ဆွဲ ပိုင်ဆိုင်ခြင်းကပင် အလွန်ကောင်းနေပြီဖြစ်သည်။
အနီရောင်အဝတ်ပေါ်တွင် အဝါရင့်ရောင် လည်ဆွဲနှင့် လက်ကောက်က ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ဟန်လည်း ရကာ ဟောင်းနွမ်းနေသည်။ သင်္ကေတများက လျော့ပါးနေသော်လည်း လူအများကမူ ပစ္စည်းကောင်းမှန်း သိနိုင်သေးလေသည်။
ရှီရှန်ကျင်းက ဂရုတစိုက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ အချိန်အတန် ကြာပြီးနောက် သူက ဆောင့်ကြောင့်ထိုင်ကာ ရှီချီ၏အရှေ့တွင် လက်ကောက်ကို ကိုင်ပြီး မေးလိုက်သည်။
“မင်း ဘာထူးခြားတာ မြင်ရလဲ။ တစ်ခုခု ထူးခြားတာမျိုး ခံစားမိလား”
ထိုကလေးမြင်နိုင်သောအရာက သူမြင်နိုင်သည်နှင့် ကွာခြားနေနိုင်သည်။ ရှီချီက မျက်မှောင်ကြုတ်ပြီး ထွင်းထုထားသော ပန်းပွင့်များကို ကြည့်ကာ ပြောသည်။
“ဒီနေရာရဲ့ အပြင်ကို ထွက်လာနေတဲ့ အနီရောင်အပ်ချည်မျှင်လေး ရှိနေတယ်”
ရှီရှန်ကျင်းက မျက်ခုံးပင့်လိုက်သည်။
“အနီရောင် အပ်ချည်မျှင်လား”
ရှီချီ သိပ်မကြာခင်က ဆွဲခဲ့သော အဆောင်လက်ဖွဲ့ကိုပင် သူက သတိရသွားသည်။
သူက ထိုအချိန်က စတင်ခဲ့သောကြောင့် ဖြစ်လောက်သည်။ အရိုးရှင်းဆုံး အဆောင်လက်ဖွဲ့ကိုသာ ဆွဲနိုင်ခဲ့ပြီး အချိန်အတန်ကြာ ရက်စက်ကြမ်းတမ်းသော ရန်ငြိုးကြီးဝိညာဉ်ကို အေးခဲထားနိုင်စွမ်း ရှိသော သာမန်အကျဆုံး အဆောင်လက်ဖွဲ့ ဖြစ်နေသေးသည်။
ရှီချီ၏ အဆောင်ရေးဆွဲစွမ်းရည်အား လက်ခံနိုင်ဖွယ် ရှိခဲ့သည်။ ထူးထူးခြားခြား မရှိလေဘဲ ဟိုကွေ့ ဒီကောက်များသာ ပါဝင်လေခြင်း ဖြစ်သည်။
သူ ထွက်သွားပြီးနောက် သူက အဆောင်လက်ဖွဲ့၏စွမ်းရည်ကို သုံးရန် ကြိုးစားခဲ့ဖူးသည်။ ရှီမိသားစုက သရဲများကို မွေးလေ့ရှိသည်။ ရှီရှန်ကျင်းဟာလည်း ကိုယ်ပိုင်သဘောတူညီမှုများနှင့်အတူ လက်တွေ့စမ်းသပ်မှုများ လုပ်ခဲ့ဖူးလေသည်။ ထိုအချိန်က သာမန်သရဲလေးကို သူ ရှာဖွေနိုင်ခဲ့သည်။ ထိုအဆောင်လက်ဖွဲ့ဟာ ထိုသာမန်သရဲလေးကို အေးခဲအောင် အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။
အဆောင်လက်ဖွဲ့မှ သင်္ကေတများ၏ ကွာခြားမှုအလိုက် သရဲများကို အေးခဲအောင် ရပ်တန့်သွားအောင် လုပ်ရန် ကြာချိန်က ကွာခြားသည်။ ဒါက အဆောင်လက်ဖွဲ့၏ စွမ်းအားကို ရေးဆွဲသူ၏ မြင့်တင်ပေးနိုင်စွမ်းအားပေါ် မူတည်နေလောက်သည်။ ဖုတ်ကောင် ရုပ်ရှင်များထဲတွင် မြင်ဖူးထားသောဖြစ်ရပ်မျိုးလို ကိစ္စများက မယုံကြည်နိုင်ဖွယ် ကောင်းသည်။ ထူးခြားသော အဆောင်လက်ဖွဲ့တစ်ခု မဟုတ်လျှင် နှစ်ရာကျော် သက်တမ်းရှိသော သရဲတစ်ကောင်ကို အဆောင်လက်ဖွဲ့ကပ်ရုံဖြင့် အေးခဲသွားအောင် လုပ်ရန် မဖြစ်နိုင်လောက်ချေ။
မည်မျှကြာအောင် ထိုသို့ဆက်လက်အေးခဲ နေမည်နည်းဟု သိရှိရန်အတွက် သူဟာ ကိုယ်တိုင်ခွာယူခြင်း မရှိခဲ့ပေ။ မမျှော်လင့်ထားစွာပင် သူ နောက်တစ်ရက် သွားချိန်တွင် ထိုသရဲလေးဟာ ထိုအတိုင်း ရှိနေသေးသည်။ အဆောင်လက်ဖွဲ့မှ စွမ်းအားကမူ လျော့ပါးစ ပြုလာသည်။ သို့သော် သက်ရောက်မှုက သူ မျှော်လင့်ထားသည်ထက် ပိုကဲသည်ဟု ဆိုရမည် ဖြစ်သည်။
စတင်ခဲ့ချိန်က နေ့တစ်ဝက်ခန့်သာ အေးခဲနိုင်ခဲ့သည်။ ထိုအချိန်က ဖခင်ကပင် သူ့အား အချိန်အတန်ကြာ ချီးကျူးခဲ့သေးလေသည်။ သူ၏ဖခင်ကသာ လက်ရှိ ရှီချီကို မြင်သွားလျှင် ရှားပါးသော ရတနာအဖြစ်ပင် သတ်မှတ်လောက်သည်။
သူက ထိုသို့ လျှောက်တွေးနေချိန်မှာပင် ရှီချီက ဆက်ပြောလာသည်။
“ကြည့်ရတာ.. ဒီနီရောင်အပ်ချည်မျှင်က တစ်ခုခုနဲ့ ဆက်နွယ်နေသလိုပဲ”
ရှီရှန်ကျင်းက မေးသည်။
“တခြားတစ်ဖက်က ဘယ်နေရာနဲ့ ဆက်နွယ်နေသလဲဆိုတာကို မင်းမြင်နိုင်လား”
ရှီချီက တုံ့ဆိုင်းသွားပြီးနောက် တံခါးဘက်သို့ ညွှန်ပြသည်။
“အပြင်နဲ့ ဆက်နေတာ တောက်လျှောက်တွဲလောင်းကျပြီး အဝေးကို ညွှန်နေတယ်”
ရှီရှန်ကျင်းက အချိန်အတန်ကြာ တွေးတောပြီးနောက်တွင် လီဟွေ့ကို မေးသည်။
“ဒီအမျိုးသမီး အသက်ရှင်နေခဲ့တုန်းက ဒီလက်ကောက်ကို ဝတ်ခဲ့တာလား”
လီဟွေ့ကလည်း တစ်ဖက်လူက ဘာကြောင့် မေးလာမှန်း မသိသော်လည်း နာခံစွာ ဖြေသည်။
“ဟုတ်ပါတယ်။ လျိုဟွားရဲ့မိဘတွေက သူမကို အရင်က ဝယ်ပေးခဲ့တာလေ။ ဒီတော့.. သေသွားပြီးမှ ချွတ်ခဲ့တာ”
ရှီရှန်ကျင်း၏ မျက်နှာက တည်တင်းသွားသည်။ လျိုဟွား၏ သေဆုံးမှုဟာ လျှို့ဝှက်ချက်ကြီး ဖြစ်နေလောက်ပြီး တခြားသူများက သတ်ခဲ့ခြင်းပင် ဖြစ်နိုင်သည်။ ထို့အပြင် သူမသေပြီး ၁၃ရက်မြောက်နေ့တွင် အလောင်းပျောက်သွားသည့် ကိစ္စနှင့် ဆက်စပ်ကြည့်မည် ဆိုလျှင်..
သူဟာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ရှီချီ ရှေ့က ဦးဆောင်သွားပြီး အဲဒီအနီရောင်ကြိုးတန်း ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြည့်ရအောင် ငါတို့ အဲဒီထူးခြားတဲ့နေရာကို သွားရှာရအောင်..”
ရှီချီက ထိတ်လန့်စွာဖြင့် ခေါင်းညိတ်ပြီး ဩရှစွာ ပြန်ဖြေသည်။
“ကောင်းပြီလေ”

ငါ မြင်ချင်တယ်။ အဲဒီမျက်နှာက ဘယ်လိုမျိုးများ ဖြစ်နေလိမ့်မလဲ..
…..
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီလေး…
စာရေးသူမှာ ပြောစရာရှိပါတယ်..
အိမ်ကို ကြည့်ဖို့အတွက် တစ်ဦးတည်း ချန်ထားရစ်ခဲ့ရတဲ့ အဘွားအို – နင်မုန့်

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset