RENH အပိုင်း ၂၅

အခန်း ၂၅ ဘွားဘွားလို့ခေါ်

မြွေပါသည် ရှီချီနောက် လိုက်သွားပြီး သူ့ခေါင်းကို ပြူထွက်ကြည့်လိုက်သည်။

ခေါင်းနှစ်လုံး အပေါ်တစ်လုံး အောက်တစ်လုံး လှေကားနံရံမှ ထွက်လာကြပြီး နင်မုန့်သည်လည်း ယင်းကို သတိပြုမိဟန် တူသည်။ သူမ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သကဲ့သို့ မခံစားရဘဲ မနေနိုင်ပေ။
သူ့အဘွား သူ့ကို မြင်သွားသည့်အခါ ရှီချီ၏ မျက်နှာသည် နီလာကာ အနောက်ကို ပြေးထွက် သွားတော့သည်။

နင်မုန့်သည် သူ့အပြုအမူကြောင့် စိတ်ရှုပ်ထွေးသွားကာ စနစ်ကို မေးလိုက်သည်။

“ဘာလို့ ဒီကောင်စုတ်လေးက ငါ့ကို တိတ်တဆိတ် ချောင်းကြည့်ပြီး သူ့မြွေပါကိုတောင် ခေါ်လာရတာလဲ။ သူက ငါ့ရဲ့ပုံရိပ်ကို အရသာ ခံနိုင်တာလား”

စနစ်က သူ့အတွေိးကို ချက်ခြင်းပင် ဖြတ်လိုက်သည်။

“မင်းမမေ့နဲ့နော်။ မင်းက သူ့အဘွားရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်နေတာ။ ဘယ်ပုံစံကို သူက အာရုံခံနိုင်မှာလဲ”

ဒါအမှန်ပဲ။

နင်မုန့်သည် စနစ်၏ အဆင့်မြင့်ဆုံး နည်းပညာများကို သေချာပေါက် ယုံကြည်ရမည်ပင်။ ယင်းစနစ်သည် သူမကို ဝိညာဉ်ကူးပြောင်နိုင်ရုံသာမက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့် ရရန်လည်း ခွင့်ပြုခဲ့သည်။ အချိန်နှင့် အာကာသထက် သာလွန်ကြောင်း တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သိနိုင်ပြီး လက်ရှိအချိန်တွင် သူ၏ တည်ရှိမှုကို မည်သူမျှ ရှာဖွေ တွေ့ရှိနိုင်ခြင်း ရှိမည် မဟုတ်ပေ။

စနစ်များသည် အမြဲပင် အတော်ဈေးကြီးသော်ငြား ဗဟုသုတနှံ့စပ်ပေသည်။ ပြီးနောက် စိတ်ပျက် ငြီးငွေ့မှုကို ဖြေဖျောက်ရန်အတွက်လည်း ကူညီပေးသည်။ ယခုအခြေအနေကား ဥပမာပင် ဖြစ်သည်။ သူမ၏ ကောင်စုတ်လေးသည် သူမကို ဂရုမစိုက်ပေ။

အစပိုင်းက သူမက ရှီချီ၏ ယင်ယန်မျက်လုံးက သူမသည် အဘွားတု ဖြစ်ကြောင်း ယူဆမိသည်။ နောက်ပိုင်းတွင် ရှီချီ၏ တုံ့ပြန်မှုကို အကဲခတ်ကြည့်ပြီး တမူထူးခြားသည့် အရာ တစ်ခုမျှ မရှိသည်ကို ဂရုပြုမိသည်။ သူမ၏ အကြီးဆုံးသား ဖြစ်သူကို တစ်ခုခု တွေ့ရှိထားသည်ကိုလည်း မမေးရဲပေ။ အကြောင်းမှာ သူမ၏ ပုံရိပ်ကို မလှစ်ဟ ပြနိုင်သည့်အတွက် ဖြစ်သည်။ အကယ်၍ သူမသာ ပြပါက ရှီရှန်းကျင်းသည်လည်း ယနေ့မရောက်ခင်အထိ သူမကို စစ်ဆေးနေပြီးသား ဖြစ်ပေမည်။

ရှီချီက သူ့အခန်းထဲကို ပြန်သွားခဲ့သည်။

ကျောင်းက အိမ်စာ ပေးထားသော်ငြား သူ မလုပ်သေးပေ။ သူသည် စားပွဲပေါ်ရှိ စိတ်ကျန်းမာရေး ဗဟုသုတ စာအုပ်များကို သတိပြုမိသွားခဲ့သည်။ သူထိုစာအုပ်ကို ဖွင့်လိုက်သည်နှင့် ဥပမာ တစ်ခု ပြထားသည်။

“အလယ်တန်းကျောင်းမှ ပထမအဆင့် ရသူ ရှောင်မင်သည် သူ့အတန်းထဲရှိ ရှောင်လီကို ကြိုက်နေသည်မှာ ကြိမ်းသေးသည်ပင်။ အကြောင်းမှာ သူ့အဆင့်က ထိုးကျနေသည့်အတွက် ဖြစ်သည်။ သူ့မိဘများကလည်း စိတ်ပျက်နေကြသည်…..

ထိုကဲ့သို့သော စာအုပ်မျိုးသည် အဘယ်အတွက် သူ့အခန်းကို ရောက်နေသနည်း။

သူပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ စာအုပ်အနည်းငယ် နေရာအနှံ့ ရှိနေသည်ကို သတိပြုမိသည်။ ပြီးနောက် စားပွဲပေါ်ရှိ စာအုပ်နှင့် ကွဲပြားသည်။ သို့သော် ပါဝင်သည့် အကြောင်းအရာအကုန်လုံးသည် အတူတူ နီးပါးပင်။

“မကြာသေးခင်က ရှောင်မင်ရဲ့ မိဘတွေက သူတို့ ကြားထဲမှာ ပြဿနာဖြစ်နေတာကို တွေ့ရှိခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ ကျောင်းက အာရုံမစိုက်ဘူးဆိုတာကို တွေ့ရှိခဲ့တယ်။ ဆရာမကလည်း သူ့မိဘတွေဆီ လာပြီး ထိုကိစ္စနှင့် ပတ်သတ်ပြီးတော့ ဆွေးနွေးတယ်။ ဒါပေမဲ့ တစ်ခုမှ အသုံးဝင်သည့်ပုံ မပေါ်ချေ”

“စိတ်ပိုင်းဆိုင်ရာ သုတေသန ပြုချက်တွေ အရ အကယ်၍ သူတို့မိဘများက သူတို့၏ ကလေး စောစောစီးစီး ချစ်ကြိုက်နေသည်ကို သိရှိခဲ့ပါက သူတို့အနေဖြင့် ကလေးများကို မကောင်းသည့် ရလဒ်များ ထွက်ပေါ်လာမည့်အရေးမှ ဂရုတစိုက် လမ်းညွှန် ပြသရမည်ပင်”

တံခါးခေါက်သံ ပေါ်ထွက်လာခဲ့သည်။

လီချွမ်သည် သစ်သီးပန်းကန်ကို ကိုင်လာခဲ့သည်။

“သခင်လေးချီ။ သခင်လေး အထဲမှာ ရှိလား”

သူမဝင်လာသည်နှင့် ရှီချီသည် အိပ်ရာပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင်တော့ သူ့မ ယနေ့ သူ့အတွက် ဝယ်သည့် စာအုပ်များအားလုံး ဖြန့်ခင်းထားသည်ကို တွေ့ကာ ထိုစာအုပ်များကလည်း ပွင့်လျက်သားပင်။

ရှီချီက မထိန်းထားနိုင်တော့ဘဲ မေးလိုက်သည်။

“ဒီစာအုပ်တွေက ဘယ်ကနေ ရောက်လာရတာလဲ”

လီချွမ်က အသေးစိတ် မရှင်းပြခင် တခဏကြာ တွန့်ဆုပ်နေခဲ့သည်။

“သခင်မကြီးက ဒီစာအုပ်တွေကို ဝယ်ဖို့ ကျွန်မကို ညွှန်ကြားထားလို့ပါ”

ရှီချီ၏ ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာခဲ့သည်။ လေလွင့်သရဲက ယခုလက်ရှိတွင် သူ့အဘွား၏ ခန္ဓာကိုယ်ကို ပူးထားမှန်း သိသော်ငြား အဘယ်တွက် ထိုစာအုပ်များကို သူ့အတွက် ဝယ်ရန် စေခိုင်းလိုက်သနည်း။

သူတွေဝေနေသည်ကို ကြည့်ရင်း လီချွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သခင်လေးချီ မကြာခင်က ပြဿနာ တစ်ခုခုများ ကြုံတွေ့ခဲ့ရလို့လား။ သခင်မကြီးဆီကို မသွားတာ ရက်တော်တော်ကြာနေပြီ။ ကျွန်မ မနေ့တုန်းက သခင်မကြီးငိုနေတာကိုတောင် တွေ့ခဲ့သေးတယ်”

ရှီချီသည် ထိုအကြောင်းကို ကြားသောအခါ အလန့်တကြား ဖြစ်သွားပြီး မေးလိုက်တော့သည်။

“ငိုတာလား”

သူ့အဘွားအကြောင်းကို သူတွေးလိုက်သည်နှင့် လေလွင့်နေသည့် တစ္ဆေက “မြေးလေးရေ လာ…လာ”ဆိုသည့် လက်ယက်ခေါ်သံကို သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

လီချွမ်သည် အဘွားအိုက သူဘာတွေ ဖြစ်နေသည်ကို မမေးနိုင်သည့်ဟု ထင်၍ သူမသည် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးသင့်သည်ဟု တွေးမိကာ

“ဟုတ်တယ်။ အဘွားက သခင်လေးကို အချစ်ဆုံးပဲ။ အစကတည်းက သူ့ဘေးမှာထားပြီး သခင်လေးကို ပြုစုပျိုးထောင်ချင်ခဲ့တယ်။ အဲဒါကြောင့် သူဖျားတာတောင်မှ စောင့်ရှောက်တာပေါ့”

အကယ်၍ သူမ ထိုသို့ ပြောလိုက်လျှင်တောင် အဘွားအိုက သူမကို အပြစ်တင်မည် မဟုတ်ချေ။

ရှီချီ၏ မျက်နှာက အရှုပ်အထွေး ဖြစ်သွားသည့်ပုံကို ကြည့်ရင်း လီချွမ်က တိတ်တိတ်လေး ပြုံးလိုက်ကာ ပန်ကန်းကို စားပွဲပေါ်တင်ရင်း ထွက်သွားတော့သည်။

……

မကြာခင်တွင် ရှီရှန်းကျင်းက စံအိမ်တော်မှ လာခဲ့သည်။

သူဧည့်ခန်းသို့ ဝင်လိုက်သည်နှင့် သူ့အကြည့်က ဖီချူးပေါ်ရောက်သွားကာ သူ့မျက်လုံးထဲ ထူးဆန်းသည့် ရောင်တန်း တစ်ခု ပေါ်လာခဲ့သည်။

နဂါးမင်းက သားတော် ကိုးယောက် မွေးဖွားခဲ့သည်။ ထိုထဲတွင် ဖီချူးသည် ရှေးရှေးကတည်းက ကံအကောင်းဆုံး အကောင်လေးဟု မှတ်ယူခဲ့ကြသည်။ လူတို့သည် သူတို့၏ အရုပ်များကို အနှောင့်အယှက် အဖျက်အဆီးများကို နိမိတ်ကောင်းခြင်း အဖြစ် ပြောင်းရန်အတွက် အသုံးချကြသည်။ ပြီးနောက် မကောင်းဆိုးဝါးများကို နှင်ထုတ်ရန်အတွက်လည်း အသုံးပြုကြသည်။ မင်းဖြစ်စေ ပြည်သူဖြစ်စေ ဖီချူးရုပ်တုကို ဆောင်ထားကြသည်။

ထိုမျှမကသေး အိမ်အစောင့် ထိုက်ရွှေအစား အသုံးပြုကြကာ အိမ်ထောင်ရေးအတွက်လည်း အဆင်ပြေဖို့အတွက်လည်း အသုံးပြုကြသည်။ လူများစွာအိမ်တွင် ရှိသည့် အကောင်ရုပ်လေးပင် ဖြစ်သည်။

သူက ဖီချူးကို မမြင်ဘူးသည့်အတွက် မဟုတ် သို့သော် ဤတစ်ခုသည် သူမြင်တွေ့ဖူးသမျှ အရာများတွင် အကောင်းဆုံး ဖြစ်သည်။ ထောင့်ပေါင်းစုံတွင် ကောင်းမွန်သည်။ အကယ်၍ ပြင်ပတွင်သာ ထိုအရုပ် ရှိနေလျှင် လူများစွာက ထိုအရုပ်အတွက် တိုက်ခိုက်ကြမည် ဖြစ်သည်။

နင်မုန့်သည် ထိုအခြေအနေကို မရှင်းပြသေးခင် သူပြန်လာသည်ကို စောင့်ဆိုင်းနေ၏။

သူ့အမေကို ကယ်ခဲ့ပြီး ကျေးဇူးရှင်က အကူအညီ တောင်းသည့်အခါ ရှီရှန်းကျင်းအတွက် ငြင်းရန် အကြောင်းပြချက် မရှိပေ။

လီဟွေ့က မြန်မြန်ပင် ပြောလိုက်သည်။

“မစ္စတာရှီ ဒါက မစ္စတာရှီအတွက်ပါ”

သူမသည် ဖီချူးဆိုသည်ကို မသိပေ။ သူမက ထိုအရာသည် အိမ်တွင်ကာလရှည်ကြာ သိမ်းထားသည့် အရာဟုသာ မြင်သည်။ ထိုအရာက သူမ ငယ်စဉ်ကတည်းက ရှိခဲ့ခြင်း ဖြစ်ကာ သူမ၏ မိဘများက လည်း ထိုအရာသည် သူတို့ ငယ်ငယ်ကတည်းက ရှိကြောင်းပြောကြသည်။

ထိုဖီချူးသည် သူတို့ အိမ်တွင် နှစ်ပေါင်း မည်မျှရှိနေသည်ကို မသိနိုင်ပေ။

ရှီရှန်းကျင်းက ပြောလိုက်သည်။

“ဒါကို ပြန်ယူသွားပါ။ ပြီးနောက် ခင်ဗျားရဲ့ ပြဿနာကိုပြောပါ”

သူ့အတွက် ထိုရတနာကို ယူရန်အတွက် မည်သည့်အတွေးမျှ မရှိချေ။

ယန်ချင် သို့မဟုတ် သရဲလက်ထပ်ပွဲဟု အများက သိကြသည်။

လွန်ခဲ့သည့် ကာလက အလောင်းတွေကို လက်ထပ်ရန်အတွက် ဝတ်ပြုခန်းတွင် ဒူးထောက်ဖို့ ကိုင်တွယ်ရန်တောင် မွေးဖွားလာခဲ့သည့် ကျွမ်းကျင်ပညာရှင်များရှိခဲ့သည်။ ပြီးနောက် လက်ဖျားခါအောင် ကျွမ်းကျင်သည့် ထိုသူများသည် သတို့သမီးခန်းမကိုတောင် ဖြတ်လျှောက်ရဲ့၏။

သို့သော် ယင်းက ကောင်းကင်၏ စည်းမျဉ်းကိ ဆန့်ကျင့်နေကာ တဖြည်းဖြည်းချင်း ခေတ်မှီလာသည်နှင့်အမျှ ကျင့်ကြံမှုသည်လည်း နည်းသည်ထက် နည်းလာခဲ့သည်။ ပြီးနောက် ယခုတွင်တော့ အလွန်ရှားနေပြီ ဖြစ်သည်။

ယခုတွင် ရှီရှန်းကျင်းသည် ထိုအရာကို ရင်ဆိုင်ရမည် ဖြစ်ကာ သူက ထူးခြားမှုကို ရှာမတွေ့ခဲ့ပေ။

နင်မုန့်သည် သူမ၏ တောင်းဆိုချက်ကို လက်ခံထားသော်ငြား သူမက ရှီရှန်းကျင်းအနေဖြင့် ကူညီမည်ဟု ယတိပြတ် မပြောထားသေးပေ။ ထို့နောက် ရှီရှန်းကျင်းသည် ထိုအလောင်းကို ရှာနိုင်မရှာနိုင်လည်း မသိပေ။ အကယ်၍ သူသာ မရှာနိုင်ခဲ့လျှင် သူမအနေဖြင့် အခြားသူများအတွက် ဘာမျှ မဟုတ်သည်အတွက် ပျော်နိုင်မည် မဟုတ်ပေ။

ရှီရှန်းကျင်းက ပြောလိုက်သည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ်။ ပြောပုံကြည့်ရသလောက်တော့ ဒီကိစ္စက တော်တော်လေးကို ရှုပ်ထွေးမဲ့ပုံပဲ”

အလောင်း ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။

တစ်ခုက အခြားသူများ ခိုးသွားခြင်း ဖြစ်ကာ ထိုအခြေအနေက တွေ့ရများသည်။ သို့သော် သူသည် အခြားသူများထက် ယုံကြည်ရန် ပါရမီပါသည်။ ဆိုလိုသည်ကား အလောင်းက သူမကိုယ်တိုင် လမ်းလျှောက်သွားခြင်းပင် ဖြစ်ရပေမည်။

ရှီရှန်းကျင်းသည် ဘာမှမမေးခင် တွေးတောလိုက်သည်။

“အလောင်း မပျောက်ခင်က ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ မှတ်မိသေးလား”

လီဟွေ့က အမြန် ခေါင်းညိတ်လိုက်သည်။ သေချာသည်မှာ သူမသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် အမှတ်ရကာ သူမ၏ မှတ်ဉာဏ်သည်လည်း အလွန်ကောင်းသည် ကိစ္စ တစ်ခုတောင်မျှ မမေ့ပေ။

သူမ စကားလုံးများကို စီစဉ်ပြီးနောက် သူမက ပြန်ပြောလိုက်၏။

“အဲ့အချိန်တုန်းက ၁၃ရက်မြောက်နေ့မှာ သတို့သမီးဖက်က အလောင်းကို ပို့ခဲ့တယ် ဘာကြောင့်လဲ ဆိုတော့ အဲ့နေ့က ကျွန်မမောင်လေး သေတဲ့ ၇ရက်မြောက်နေ့ ဖြစ်လို့ပဲ။ သူတို့တွေက နောက်နေ့ကျ အတူတူမီးသင်္ဂြိုဟ်ဖို့ ပို့ကြမှာ ပြီးတော့ သူတို့ကို အတူတူ ပြင်ပေးနေကြတယ်”

သူတို့၏ ဝတ်စုံများနှင့် အချို့သော အကြောင်းပြချက်များကြောင့် သူတို့သည် ဤနေရာကို ပိုက်ဆံ အကုန်ခံကာ ပို့ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် သူတို့ကို မိသားစုအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။

ရှီရှန်းကျင်းက သူမကို ဖြတ်ပြောလိုက်သည်။

“ဘာလို့ အမျိုးသမီး တစ်ယောက်ရဲ့ အလောင်းကို ဒီလောက် အချိန်အကြာကြီး မီးမသင်္ဂြိုဟ်ဘဲ နေတာလဲ”

လီဟွေ့က ပြောလိုက်သည်။

“တကယ်တမ်းကျ အဲ့အမျိုးသမီးက တခြားသူ သတ်တာကို ခံခဲ့ရတာ ဒါကြောင့်မလို့ ခန္ဓာကိုယ်ကို အစိုးရဆီကနေ ပြန်ယူခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့တွေက အဲ့အချိန်က အခြားသူကို ရှာမတွေ့တာကြောင့် ရွေးချယ်စရာ မရှိဘဲ သဘောတူလိုက်ရတယ်”

သတ်တာလား။ ရှီရှန်းကျင်းက အတွေးနက်ထဲတွင် နစ်မြောသွားတော့သည်။

သူက မေးလိုက်၏။

“သူမက ဘယ်လို သေခဲ့တာလဲ။ ဘယ်သူက သူ့ကို သတ်တာလဲ။ လူသတ်တရားခံကိုကော ဖမ်းမိလား”

ဆက်တိုက် မေးခွန်း သုံးခုကြောင့် လီဟွေ့က အနည်းငယ် ကြောက်သွားသည်။ သူမ အသိစိတ် ပြန်ဝင်ရန်အတွက် အချိန်ခဏကြာ စောင့်ပြီးနောက်

“ခမည်းခမက်ဖက်က ကြားတာကတော့ အဲ့အမျိုးသမီးက အပြင်ဖက်မှာ လည်ပင်းညှစ်သတ်ခံရတာ တရားခံကို ရှာမတွေ့ဘူး”

သူမ ထိုသို့ ပြောလိုက်သည့်အခါ သူမသည်လည်း အနည်းငယ် တုန်ယင်သွားသည်။

အလောင်းကောင် ရောက်လာသည့်အခါ သူတို့ မိသားစုသည် စစ်ဆေးရန်အတွက် အခေါင်းကို ဖွင့်လိုက်သည်။ တကယ်ပင် လည်ပင်း၌ ခရမ်းနီပုတ်ရောင် လက်ချောင်းများကို ထင်ထင်ရှားရှား တွေ့နေရသည်။

ထိုအကြောင်းကိုတွေးကြည့်သည့်အခါ လီဟွေ့က ပုံနှစ်ပုံ ထုတ်လိုက်သည်။

သူမက တိုးတိုးလေး ပြောလိုက်၏။

“ဒါက ကျွန်မတို့ရဲ့ ခမည်းခမက်တွေ ပို့ခဲ့တဲ့ ဓာတ်ပုံ… ပြီးတော့ ဒါက ကျွန်မတို့ ရိုက်ခဲ့တဲ့ပုံ”

နင်မုန့်သည် သိချင်စိတ်ကို မထိန်းနိုင်သည့်အတွက် ကိုယ်ကိုကိုင်းကာ ကြည့်လိုက်သည်။

ပထမပုံသည် အဖြူအမည်းပုံ ဖြစ်ကာ ရိုက်ချက်က အလွန်ရှင်းလင်းသည်။ နူးညံ့သည် မိန်းမငယ်လေးသည် အနည်းငယ် ပြုံးနေကာ အလွန် သိမ်မွေ့ပြီး ငြိမ်သက်နေသည်။

ဒုတိယပုံသည် အတော်လေး ကြောက်ဖို့ကောင်းသည်။ အဖြူရောင် အလောင်းကောင်က မျက်လုံးမှိတ်လျက်သား အခေါင်းထဲတွင် လဲနေကာ သူမ လည်ပင်းပေါ်ရှိ ဒဏ်ရာကို ထင်ထင်ရှားရှား မြင်ရသည်။

နင်မုန့်သည် ပုံကို ထပ်ကြည့်လိုက်ကာ သူမ မျက်လုံး ရုတ်တရက် ပွင့်လာသည်ဟု တွေးမိလိုက်သည်။ ယင်းက သူမကို လန့်သွားစေသည်။

ရှီရှန်းကျင်းက ဂရုတစိုက်ဖြင့် ဓာတ်ပုံကို ကြည့်ကာ

“ဆက်ပြောပါ”

သူသည် မေးခွန်းများ ထပ်မမေးပေ။ လီဟွေ့က ပြောလိုက်သည်။

“ညအချိန်မှာ ကျွန်မတို့တွေက အလောင်းကို စောင့်ဖို့အတွက် အစောင့်ကို ထားခဲ့ကြသည်။ ကျွန်မတို့အိမ်က သာမန် အရှေ့ပိုင်း အိမ်အမျိုးအစားပဲ အခန်းနှစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်း။ မောင်လေးရဲ့ အခေါင်းနှင့် သူမရဲ့ အခန်းက ဧည့်ခန်းထဲမှာ ရှိနေတာ”

သူမ၏ မိခင်သည် အသက်ကြီးပြီ ဖြစ်သည့်အတွက် သူမအခန်းထဲတွင် အိပ်ပြီး အနားယူစေခဲသည်။ သူမ တစ်ယောက်ထဲသာ ဧည့်ခန်းတွင် ကျန်ခဲ့သည်။

ရွာသည် သရဲလက်ထပ်ပွဲကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး ဖြစ်သည်။ ပြီးနောက် လီဟွေ့သည်လည်း အလွန်သတ္တိရှိသည်။ တစ်ခုခု ဖြစ်လာမည်ကို မယုံကြည်ပေ။ သူမက ထိုင်ခုံပေါ်တွင်တောင် အိပ်ပျော်သွားခဲ့သည်။

“ပြီးတော့ ကျွန်မ ညသန်းခေါင်ထိ မစောင့်လိုက်မိဘူး။ ကျွန်မကို ကိုက်တဲ့ ခြင်တွေကလည်း မရှိတော့ ကျွန်မလည်း မထိန်းနိုင်ဘဲ အိပ်ပျော်သွားခဲ့တယ်။ ကျွန်မ နိုးလာတဲ့ အချိန်မှာ ညသန်းခေါင် ရောက်နေပြီ။ အပြင်မှာ လကိုလည်း မြင်နေရတယ်။ ဒါကြောင့် ကျွန်မ အခေါင်းပွင့်နေတာကို သတိပြုမိလိုက်တာ”

ထိုအခိုက်ရောက်သည့်အခါ လီဟွေ့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု ပေါ်လာခဲ့သည်။

ယင်းက ယုတ္တိရှိပေသည်။ အကယ်၍ အခေါင်းကို ဖွင့်ပြီး တစ်ယောက်ယောက်က ယူသွားပါက လှုပ်ရှားမှုကြောင့် အသံ ကြားရမည် ဖြစ်သည်။ သို့သော် သူမသည် ဘာသံမျှ မကြားခဲ့ရပေ။ထိုအရာက လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။

ထိုအကြောင်းကို ကြားသည့်အခါ နင်မုန့်၏ ဦးရေပြားသည် ထုံသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးနောက် သူမက စနစ်နားကို ကပ်ကာ မေးလိုက်၏။

“မင်းဘာတွေ ဖြစ်သွားလည်းဆိုတာကို သိလား။ အဲ့အလောင်းကောင်က လွတ်မြောက်သွားတာလား”

စနစ်က ပြန်ပြော၏။

“အလောင်းကောင်မှာလည်း ခြေထောက်ပါတာပဲ။ ဒါကြောင့် ပြေးတာက ပုံမှန်အတိုင်းပဲလေ”

စနစ်က ထိုအရာသည် ပုံမှန်ဟုသာ ပြောလိုက်သည့်အခါ သူမသည် တကယ်ပင် ကြောက်ရွံ့သွား၏။

အချို့သော အကြောင်းပြချက်များကြောင့် လီဟွေ့သည် ဤနေရာတွင် နေရသည်မှာ လုံကြုံသည်ဟု ကြားလိုက်ရသည်။ ပြီးနောက် နွေးထွေးမှုက မကြာရှည်လိုက်ပေ။

“ပထမကတော့ ကျွန်မတို့တွေက ခမည်းခမက်တွေ နောင်တရလို့ သူတို့ သမီးရဲ့ ခန္ဓာကိုယ်ကို ပြန်သယ်သွားတယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ ကျွန်မတို့ အဲ့အကြောင်းကို ကြားတဲ့အခါမှာတော့ သူတို့အိမ်ကလည်း ကျူးကျော်ဝင်ရောက်ခံလိုက်ရပြီး သူ့သမီးအခန်းမှာ တစ်ခုခု ပျောက်နေတာကို သိရှိခဲ့တယ်။ အရုဏ်တက်လာတော့ တစ်ရွာလုံးကလည်း ပျောက်သွားတဲ့ အလောင်းကို ရှာဖို့ ပြင်ကြတယ်။ ဒါပေမဲ့ မိုးက စရွာလာတယ်။ အဆုံးမှာတေ့ ကျွန်မတို့တွေ ဘာမှကို မရှာနိုင်ခဲ့ဘူး”

ဤနေရာသို့ မလာခင်က သူတို့သည် ထိုအလောင်းကို ရှာနေဆဲ ဖြစ်သည်။

သူတို့သည် အလောင်းများကို ခိုးခဲ့ကြသည်။ သူတို့အတွက် ခိုးယူမှုသည် အရင်က လုပ်ခဲ့ဖူးသည့် အရာ ဖြစ်သည်။

ရှီရှန်းကျင်းက မတိကျသော ခန့်မှန်းမှု ရှိသည်။ သို့သောင် ယင်းက မသေချာပေ။ အကယ်၍ သူတွေးထားသကဲ့သို့ ဖြစ်ပါက ထိုကိစ္စသည် တော်တော်လေးကို သတိထားရမည့် အလုပ် ဖြစ်သည်။ ပြီးနောက် အခြားသူသည်လည်း စွမ်းဆောင်ရည် ကောင်းသည့်သူ ဖြစ်ရမည်ပင်။

နင်မုန့်က အသံသေးလေးဖြင့် မေးလိုက်သည်။

“တကယ်လို့ မင်းမသေချာရင်ဘာလို့ မငြင်းရမှာလဲ”

ရှီရှင်းကျင်းက ရယ်လိုက်ကာ

“စိတ်မပူပါနဲ့အမေ။ ကျွန်တော်ရဲ့ အတိုင်းအဆကို ကျွန်တော် သိပါတယ်”

သူက လီဟွေ့ဖက်ကို လှည့်ကာ သူ့သွင်ပြင်က လေးနက်စွာဖြင့်

“မနက်ဖြန်ကျ ခင်ဗျားရဲ့ရွာကို ကျွန်တော် သွားမယ်။ ခမည်းခမက်တွေက ဘယ်မှာနေတာလဲ”

လီဟွေ့က ခပ်သွက်သွက် ပြောလိုက်သည်။

“သူတို့တွေက အနီးနားက ရွာကပါ သိပ်မဝေးပါဘူး။ နည်းနည်းလေးပဲ ဝေးတာပါ”

ရှီရှန်းကျင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ ငါတို့တွေ မနက်ဖြန် ထွက်ခဲ့မယ်”

သူက သဘောတူညီမှု ပြသည့်အတွက် လီဟွေ့ အလွန်ပျော်ရွှင်သွားသည်။

သေချာသည်မှာ သူမသည် လူမှန်ကို ရှာတွေ့ခဲ့သည်။ သူမ၏ အကြည့်က ဖီချူးအရုပ်လေးပေါ် ရောက်သွားကာ သူတို့တွေက ဖီချူးကို အရမ်းကောင်းတယ်လို့ တွေးမှတော့ ဖီချူးကို ဒီမှာပဲ ထားခဲ့မယ်ဟု တွေးလိုက်သည်။ သူမသည် ထိုနေရာတွင် ဖီချူးအရုပ်လေးကို ထားကာ ထွက်သွားသည်။ ပြီးနောက် သူမသည် အခြားသူများကို မပေးဘဲ အကူညီ မယူတက်ပေ။

လီချွမ်သည် သူမအခန်းထဲမှ အနားယူပြီး ထွက်လာခဲ့ကာ ရှီရှန်းကျင်းနှင့် နင်မုန့်သည်လည်း ဧည့်ခန်းထဲမှ ထွက်လာကြသည်။

“ရှီချီ ဘယ်မှာလဲ”

နင်မုန့်သည် သရဲလက်ထပ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စနစ်နှင့် ဆွေးနွေးပြီး ဖြစ်သည်။ ပြီးနောက် မေးခွန်များက အံ့အားသင့်ဖွယ်ပင်။ သူမက နောင်တရစွာဖြင့် ပြော၏။

“သူ့အခန်းထဲမှာ စာဖတ်နေတယ်”

သူသည် လီချွမ်ကို ဝယ်ခိုင်းထားသည့် စာအုပ်များကို ဖတ်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သူ လျှောက်သွားသည့်အခါ လှေကားထိပ်မှ ဆင်းလာသည့် ခြေသံကို ကြားလိုက်ရသည်။ ရှီချီ၏ ပုံရိပ် ပေါ်လာခဲ့သည်။ သူဘာတွေးနေသည်ကို မသိသော်ငြား သူ့သွင်ပြင်က အံ့အားသင့်ဖွင့်ပင်။

ရှီရှန်းကျင်းက ခေါ်လိုက်သည်။

“ဒီကိုလာခဲ့”

နင်မုန့်က သူမကိုသူမ ရေရွတ်လိုက်သည်။ သူပြေးရဲမလားဆိုတာ ကြည့်ကြသေးတာပေါ့။ ယခုရက်များအတွင်း သူသည် သူမနှင့် ဝေးဝေးသာ နေသည်။ စကားတစ်ခွန်းမျှ မပြောပေ။ ယင်းက သူမကို စိတ်တိုစေ၏။

ရှီချီသည် ဖြည်းဖြည်းချင်း ဖြတ်သွားပြီးနောက် ရှီရှန်းကျင်းဘေးတွင် ထိုင်လိုက်သည်။

သူက နင်မုန့်ကို ခိုးကြည့်လိုက်သည်။ ယင်းက ငယ်ရွယ်သည့် မိန်းမပျိုလေး၏ အရိပ် ဖြစ်သည်။ သို့သော် သူ့မျက်လုံးထဲတွင် ပုံရိပ် တစ်ခုသာ ပြန်ဟပ်နေ၏။

ရှီရှန်းကျင်းက ပြောလိုက်သည်။

“မနက်ဖြန်ကျ ဦးလေးနဲ့ လိုက်ခဲ့။ ပြီးတော့ ဦးလေး မင်းကျောင်းကို ခွင့်တိုင်ထားလိုက်မယ်”

ရှီချီက နာခံလျက်

“ဟုတ်ကဲ့ပါ”

ထိုအချိန်တွင် သူ့ဘေးရှိ တစ်ယောက်ယောက် ရုတ်တရက် ခေါ်သံကို ကြားလိုက်ရသည်။

“မြေးလေး ဒီကိုလာ”

သူက မည်သူ ခေါ်သည်ကို ကြည့်လိုက်သည့်အခါ သူ့အဘွားကို ဝင်ပူးနေသည့် လေလွင့်သရဲ ဖြစ်သည်။

ရှီရှန်းကျင်း၏ အသိစိတ်တွင်လည်း အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရကာ

“မင်းအဘွားက လာလို့ ပြောမှတော့ သွားလေ။ ဘာလို့ ထိုင်နေတာလဲ”

ရှီချီသည် နှုတ်ခမ်းကိုက်လျက် ဖြည်းဖြည်းချင်း သူမဆီ ဦးတည်သွားကာ ထိုင်လိုက်တော့၏။

ထိုအကြောင်းကို မြင်သည့်အခါ မည်သူမျှ သူတို့ နှစ်ယောက်ကြား တစ်ခုခု ဖြစ်နေသည်ကို သိမည် မဟုတ်ချေ။ နင်မုန့်က သူ့ပါးကို ဆွဲလိုက်ကာ
“ဘွားဘွားလို့ခေါ်”

ရှီချီသည် အနည်းငယ် ရုန်းလိုက်သည်။ သူမလက်ကို ရောက်သွားသည့်အခါတွင် သူ့မျက်နှာက မက်မွန်သီးကဲ့သို့ အရောင်သမ်းသွားသည်။

အချိန်အတန်ကြာပြီးနောက် နင်မုန့်သည် လေသံ တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရသည်။

“ဘွားဘွား…..”
…..
ပြော ပြောလိုက် မပြောရင် သူ ငိုလိမ့်မယ်
ရှီချီ၏ လျှို့ဝှက်ဒိုင်ယာရီလေး

…..
စာရေးဆရာမှာ ပြောစရာ ရှိပါတယ်။
နင်မုန့် ငါ့မိသားစုရဲ့ လီချွမ်က ကောင်းကောင်း လုပ်ခဲ့တာပဲ။

ဒီစာအုပ်တွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စာအုပ်တွေ ကိုယ့်ကိုယ်ကို ကူညီဖို့ စာအုပ်တွေ မဟုတ်ဘူး။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset