RENH အပိုင်း ၂၄

အခန်း ၂၄ မြေးလေးက ချစ်နေတာလား။

လီချွမ်သည် အဘွားအို၏ အခန်းကို သန့်ရှင်းပြီးနောက် အထက်ကို တက်ရန် ပြင်လိုက်သည်။

မမျှော်လင့်ထားဘဲ လှေကားဝင်ပေါက်တွင် သူမက သခင်လေးရှီသည် သူ့ခန္ဓာကိုယ် တစ်ဝက်ကို ကိုင်းကာ ဘာကို ကြည့်နေမှန်း မသိချေ။ သူမက ဖြည်းဖြည်းချင်း တက်သွားသည်။ သို့သော် သခင်လေးချီက သူမကို သတိမပြုမိပေ။

ပြီးနောက် သူသည် ဝင်ပေါက်ကို စိုက်ကြည့်နေသည်ပင်။

လီချွမ်သည် အရွယ်ရောက်ပြီးသူ ဖြစ်သည့်အတွက် သူ့ထက် အရပ်ရှည်။ လဲကြည့်လိုက်သည့်အခါ သူမြင်ရသည့် မြင်ကွင်းက သူ့ထက် များပေသည်။ သူမက အဘွားအိုနှင့် မြွေပါတို့ ကစားနေသည်ကို တွေ့ရသည်။ ဘာမှ ထူးထူးခြားခြား ရှိမနေချေ။

သူမက မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်၏။

“သခင်လေးချီ ဘာတွေ ကြည့်နေတာလဲ”

ရှီချီက ချက်ခြင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ သူခေါင်းကို လှည့်လိုက်သည့်အခါ သူမ၏ မျက်နှာက သူနှင့် နီးနီးကပ်ကပ် ရှိနေပြီး အံ့အားသင့်စွာဖြင့် နောက်သို့ လှမ်းလိုက်သည်။ အကယ်၍ လီချွမ်သာ သူ့ကို မဖမ်းလျှင် သူသည် အောက်ထပ်ကို ကျသွားမည် ဖြစ်သည်။

သူမျက်နှာက နီမြန်းသွားပြီးနောက်

“ဘာမှ မဟုတ်ပါဘူး”

ပြောပြီးနောက် သူက ဧည့်ခန်းကို ကြည့်လိုက်သည်။ သူကြည့်နေသည်ကို သူတို့ မမြင်သည်ကို သတိထားမိသည့်အတွက် စိတ်သက်သာရာ ရသွားခဲသည်။ တစ်ချိန်တည်းတွင် သူ့နှလုံးထဲမှ ခံစားချက် တိုးတက်လာမှုကို ခံစားလိုက်ရသည်။

သူသည် အပေါ်ကို ပြေးတက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

လီချွမ်သည် အံ့အားသင့်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ သူမ အဘွားကို ပြန်မကြည့်ခင် ထိုအရာများအားလုံးကို မေ့သွားပြီ ဖြစ်သည်။ သူမသည် ဖြစ်ပျက်ခဲ့သည့် အရာများနှင့် ဘာမျှ မသိပေ။
….
နင်မုန့်သည် ထိုနှစ်ရက်တာအတွင်း အလွန်ပင် ဝမ်းနည်းပူဆွေးနေ၏။

ထိုကလေး ရှီချီသည် သူမကို စကားမပြောသည့်အတွက် လူပျိုပေါက်ချိန် ရောက်လာချိန် ဖြစ်နိုင်ပေသေည်။ သို့သော် သူ သူမကို မြင်သည့်အခါ သူအခန်းကို ပြန်မသွားခင်ထိ သူမကို စိုက်ကြည့်၏။

ထိုကိစ္စက ရက်ပေါင်းများစွာတိုင်အောင် ဖြစ်သွားသည်။

သူမသည် စနစ်နှင့်အတူ ဖြစ်နိုင်သည့် ကိစ္စတော်တော်များများကို ဆွေးနွေးပြီး တစ်ခုခြင်း ဖယ်ထုတ်ခဲ့သည်။ သိုသော် လူနှင့် စနစ်၏ ခံစားချက်သည် ဆုံးရှုံးနေဆဲ ဖြစ်သည်။

အကယ်၍ သူသာ ၇နှစ်သာ မဟုတ်ပါက သူမသည် အမှန်ပင် ရှီချီ လူပျိုပေါက်ဝင်မည်ဟု တွေးမိမည်ပင်။ သိုသော် သူဘာဖြစ်နေသနည်း။ သူ့အနေဖြင့် ကျောင်းတွင် မိန်းကလေးတစ်ယောက်ကို လိုက်နေသည်လော။

အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက ဝတ္ထု၏ အစွမ်းထက်သည့် အမျိုးသားဇာတ်ဆောင်ဖြစ်သူသည် အခြားသူများထက် စောစီးစွာ အချစ်ကို တောင်းတခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအကြောင်းကို တွေးလိုက်သည့်အခါ နင်မုန့်သည် မတတ်နိုင်ဘဲ သူကို ပညာ ပေးရတော့မည်။

ယခုလက်ရှိတွင် ရှီချီသည် သူမကို တိုက်ရိုက် မပြောပေ။ ထိပ်တိုက်တွေ့လျှင်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် လျှို့လျှို့ဝှက်ဝှက်ဖြင့် လုပ်ရမည် ဖြစ်သည်။

သူမက လီချွမ်ကို ခေါ်လိုက်ပြီးနောက် ညွှန်ကြားလိုက်သည်။

“အချစ်စိတ်အကြောင်းကို ပညာပေးတဲ့ စာအုပ်တချို့ သွားဝယ်လိုက်”

လီချွမ်သည် ထိုအကြောင်းကို ကြားသည့်အခါ အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“သခင်မကြီး ဘာလို့ ဒီစာအုပ်တွေ လိုအပ်ရတာလဲ”

နင်မုန့်က သက်ပြင်းချက်က သူမကို အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

“၁၇က ဒီနှစ်ရက် ထူးထူးခြားခြား ပြုမူနေတယ်။ ၁၇က ကျောင်းမှာ မိန်းကလေး တစ်ယောက်ယောက်ကို ကြိုက်နေတယ်လို့ ငါ ထင်တယ်။ ပြီးတော့ သူ မပျော်ရွင် ဖြစ်နေတာက ဒီကောင်မလေးကို သူ့ကို ပြန်မကြိုက်တာကြောင့် ဖြစ်ရမယ်”

သူမက ခေါင်းညိတ်ကာ အဆုံးသတ်လိုက်သည်။ သူမ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။

လီချွမ်သည် မည့်သည့်စကားမျှ ပြန်မပြောပေ။ လှေကား မတော်တဆမှုကို ကြည့်ရင်း နားလည်မှု လွဲနေသည်ဟု ခံစားမိသည်။ သူမအနေဖြင့် ဒီအကြောင်းကို မပြောနိုင်ပေ။ ထို့ကြောင့် သူမက ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မကြီး။ ကျွန်မ အဲ့စာအုပ်တွေကို နေ့ခင်းကျ သွားဝယ်လိုက်ပါမယ်။ စိတ်မပူပါနဲ့ သခင်လေးချီက ဒီအကြောင်းကို သူ့ကိုယ်တိုင် ခဏလေးပဲ သိမ်းထားမှာပါ….”

နင်မုန့်က သက်ပြင်းရှည် တစ်ချက် ချလိုက်ကာ

“အဘွားတစ်ယောက် ဖြစ်ရတာ မလွယ်ဘူးပဲ။ ငါ့မှာလည်း မြေးဖြစ်သူရဲ့ အချစ်ရေး ပြဿနာတွေကိုလည်း စိုးရိမ်နေရသေးတယ်”

လီချွမ်သည် ထိုအကြောင်းကို ကြားသည့်အခါ ရယ်လုမတက်ပင်။

ထိုကိစ္စကို ဖြေရှင်းပြီးနောက် နင်မုန့်သည် အခြားအရာများကို ကြည့်ရန် သွားတော့သည်။ ပြီးနောက် ကြည့်လက်စ ရုပ်သံ ဇာတ်လမ်းတွဲကို ဆက်ကြည့်၏။

အင်တာနက် ချိတ်ပြီးနောက် သူမ ဝေပေါ်ကို ခဏသုံး၏။ ပြီးနောက် သူ့အနေဖြင့် နေ့စဉ် အပြင်မှာ ဖြစ်ပျက်နေသည့် အရာများကို မသိသည်က တကယ်ပင် ပျင်းရိစရာကောင်းသည်။ သူ့အနေဖြင့် မပြေးနိုင်ပေ။ ထို့ကြောင့် ဤနေရာတွင်သာ မုန့်များကို စားရုံသာ ရှိသ်ည။

ယနေ့ ဝေပေါ်ရှိ ရှာဖွေမှု အများဆုံးအကြောင်းအရာသည် သူမအတွက် အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းသည်။ ထိုအကြောင်းအရာသည် သရဲများ လက်ထပ်သည့် သတင်းဖြစ်သည့်အတွက် ဖြစ်သည်။

သူမသည် ပုံမှန် သရဲလက်ထပ်ခြင်းကို သိသည်။ ယင်းက သေသည့်လူ နှစ်ယောက်အကြား လက်ထပ်ခြင်းပင် ဖြစ်သည်။ သို့သော် ယခုလက်ရှိ အချိန်တွင် ရိုးရာဓလေ့များကို တားမြစ်ပုံပေါ်၏။

ဒါက ရုပ်ရှင်အသစ်များ ဖြစ်နိုင်မလား။

သူမ ကလစ်နှိပ်လိုက်သည့်အခါ လုံးဝ မဖြစ်သည့် အရာ ဖြစ်သည်။ ထိုအစား သူမက ရွာတစ်ရွာကို မိတ်ဆက်သည်။ သတင်းအရ ထိုရွာသည် အမြဲတမ်း သရဲလက်ထပ်ပွဲများကို ကျင်းပသည့်ရွာ ဖြစ်သည်။ ယခုလက်ရှိ ရွာထဲ၌ အမျိုးသမီး မလုံလောက်မှုကြောင့် သူတို့သည် အပြင်မှ အလောင်းများကိုပင် ရယူနေကြရသည်။

သို့သော် အချို့သော သူများက ထိုသူများထံမှ အကျိုးအမြတ် ယူကြသည်။ ပြီးနောက် မမြှပ်နှံရသေးသည့် အလောင်းများကို သူတို့ကို ရောင်းချပြီး အမြတ်အစွန်းများစွာ ရကြသည်။

အဆုံးတွင် ရဲများက သူတို့ကို ဖြိုခွင်းခဲ့သည်။

နင်မုန့်က ထိုသတင်းက သာမန်ကာလျှံကာသာ ကြည့်လိုက်သည်။ မျက်နှာဖုံးပုံသည် ကြောက်မက်ဖွယ်ကောင်းပြီး အနီရောင် ဝတ်စုံနှင့် အဖြူရောင် ခန်းမကို ပြထားသည့်အတွက်ကြောင့် မကြာခင်က သူမက ထိုပေ့ချ်ကို ပိတ်ချလိုက်သည်။

ရလဒ်အနေဖြင့် တီဗွီကြည့်နေသည့်အပေါ်တွင်လည်း စိတ်ဝင်စားမှု လျော့ကျသွားသည်။ ပြီးနောက် သူမသည် ဆိုဖာပေါ်တွင် အဆင်ပြေသည့် ပုံစံဖြင့် ဝင်ခွေလိုက်ကာ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
…….

နေ့လည်ခင်းတွင် လီချွမ်သည် သခင်မကြီး၏ ညွှန်ကြားချက်အတိုင်း အပြင်ကို သွားပြီး တစ်စုံ တစ်ယောက်က အိမ်ငယ်လေးထဲကို ဝင်လာခဲ့သည်။

လီရှက သူမကို အကြောင်းကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။

သူမသည် အချိန်အတော်ကြာ အိမ်ငယ်လေးထဲတွင်သာ နေခဲ့ပြီး မည်သူမျှ သူမဆီ လာလေ့ မရှိပေ။ ယင်းက သူမသည် တော်သည့် ရသေ့တပါးကဲ့သို့တော် သူမကိုယ်သူမ တွေးမိသည်။

သူတို့ အောက်ဆင်းလာသည့်အခါ ဆိုဖာထက်ရှိ အမျိုးသမီးသည် ဂနာမငြိမ် ဖြစ်နေသည်။

အမျိုးသမီးသည် အားတင်းပြုံးကာ ပထမဆုံး ပြောလိုက်သည်။

“သခင်မကြီး ကျွန်မ အရင် တစ်ခေါက်က လာသေးတယ်။ သခင်မကြီး နေမကောင်းဘူးဆိုတာနဲ့ ကျွန်မ ပြန်သွားခဲ့တာ”

နင်မုန့်က တခဏကြာ တွေးလိုက်ပြီးနောက် သူမတွင် ထိုသူနှင့် ပတ်သက်ပြီး မှတ်ဉာဏ်များရှိပုံပေါ်၏။

ထိုအချိန်က သူမသည် ထိုကမ္ဘာကို ကူးပြောင်းခဲ့ပြီး အဘွားအိုသည် သရဲကြောင့် သေဆုံးသွားခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမိန်းမသည် သူ့ဆီကို လာခဲ့ပြီး သူမ မတော်တဆ ဖြစ်သည့်အတွက်ကြောင့် မတွေ့ဘဲ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

နင်မုန့်က ခေါင်းညိတ်လိုက်ကာ

“ကျွန်မ မှတ်မိပြီ။ ကျွန်မလည်း အသက်ကြီးလာတော့ မှတ်ဉာဏ်တွေက မကောင်းတော့ဘူး ကိစ္စတွေ တော်တော်များများတောင် မေ့ကုန်ပြီ။ တစ်ခုခု ကူညီပေးရမှာလား”

ထိုအမျိုးသမီးက မြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည်။

“ကျွန်မနာမည်က လီဟွေ့ ကျွန်မရဲ့ အမေက ကျန်းရိုယွဲ့ပါ”

ကျန်းရိုယွဲ့ဟု ပြောလိုက်သည့်အခါ နင်မုန့်သည် တစ်ချက် ပြန်စဉ်းစားလိုက်လိုက်ပြီး မြန်မြန်ဆန်ဆန်ပင် မှတ်မိသွားခဲ့သည်။

သခင်မကြီးသည် သူမ စိတ်ဆိုးသည့်အခါ အိမ်မှ ထွက်ပြေးခြင်း ဖြစ်သည်။ တစ်ကြိမ်က သားအကြီးဆုံး အိမ်တွင် မရှိသည့်အတွက် အိမ်မှ အဝေးကို ထွက်သွားခဲ့သည်။ သူမသည် လမ်းထိပ်တွင် သူမ ကားတိုက်လုနီးပါး ဖြစ်သွားကာ အခြား အမျိုးသမီးတစ်ဦးက သူမကို ကယ်ဆယ်ခဲ့သည်။

ထိုကျန်းရိုယွဲ့သည် ဟင်းသီးဟင်းရွက်ရောင်းသည့် အမျိုးသမီး ဖြစ်သည်။

ရှီမိသားစု၏ သခင်မကြီးသည် ဒေါသထွက် လွယ်သော်ငြား မသိသူကို အကြင်နာတရား ပြန်ပေးတက်သည့် လူစားမျိုးလဲ မဟုတ်ချေ။ ပထမက သူမက သူတို့ကို ပိုက်ဆံပေးဖို့ ကြိုးစားသော်ငြား ကျန်းရိုယွဲ့က ငြင်းခဲ့သည်။ ထို့ကြောင့် သူမက ပြဿနာရှိပါက ရှီအိမ်တော်ကို လာရန်ပြောခဲ့သည်။

ယခုလက်ရှိတွင် သူမ သမီးသည် ဤစံအိမ်ကို ရောက်လသည်။ သူတို့ မိသားစုတွင် တစ်ခုခု ဖြစ်ခဲ့သည်လော။

နင်မုန့်က မေးလိုက်သည်။

“သမီးရဲ့ အမေကော နေကောင်းရဲ့လား”

ထိုမေးခွန်းကို ကြားသည့်အခါ လီဟွေ့၏ နှုတ်ခမ်းသည် ချက်ခြင်း ပြောင်းသွားကာ သူမ ခေါင်းခါပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်မရဲ့ အမေက လွန်ခဲ့တဲ့ လကမှ ဆုံးသွားတာ”

နင်မုန့်က အနည်းငယ် အံ့အားသင့်သွားသည်။

ကျန်းရိုယွဲ့သည် သခင်မကြီးနှင့် တစ်နှစ်နီးပါး ငယ်သည်။ ပြီးနောက် သူမ၏ မှတ်ဉာဏ်ထဲတွင် အလွန်သန်မာပြီး အားရှိပုံပေါ်၏။ ဘာလို့ ရုတ်တရက်သေသွားပါလိမ့်။

လီဟွေ့သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အကြောင်းအရာ ပြောင်းလိုက်သည်။

“သခင်မကြီး ကျွန်မအမေ အသက်ရှင်တုန်းက ပြောတာက ကျွန်မ သခင်မကြီးဆီ အကူအညီ လာတောင်းလို့ ရတယ်လို့ ပြောတယ်”

နင်မုန့်က ပြောလိုက်သည်။

“ပြောလေ”

လီဟွေ့က အသံကို နိမ့်လိုက်ကာ

“ကျွန်မ မောင်လေးက ဒီနှစ် နှစ်စပိုင်းတုန်းက ရေနစ်သေခဲ့တယ်။ လွန်ခဲ့တဲ့လ အမေ အသက်ရှိတုန်းက ကျွန်မ မောင်လေးအတွက် သရဲလက်ထပ်ပွဲ ကျင်းပပေးဖို့ စီစဉ်ခဲ့တေယ်။ ဒါပေမဲ့ အရင်လတုန်းက အလောင်းက ပျောက်သွားတယ်။ ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားရှာရှာ အလောင်းကို ပြန်မတွေ့ခဲ့ဘူး”

သရဲလက်ထပ်ပွဲလား။

နင်မုန့်၏ မျက်လုံးက ချက်ခြင်းပင် ပြူးကျယ်သွားတော့သည်။ သူမအနေဖြင့် ဖတ်ခဲ့ရသည့် သတင်းက ယခု နေ့လည်ခင်းတွင် သူမအိမ်ကို လာလိမ့်မည်ဟု လုံးဝ မထင်ခဲ့ချေ။

သူမ၏ မယုံကြည်သည့် မျက်နှာထားကို ကြည့်ရင်း လီဟွေ့က မျှော်လင့်ချက် ကင်းမဲ့သွားတော့သ်။

သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှက်ကာ ရှင်းပြလိုက်၏။

“ကျွန်မတို့ရဲ့ ရွာမှာ ဟိုးရှေးရှေးကတည်းက ရှိတဲ့ အစဉ်အလာ တစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အလုပ်ရှာဖို့အတွက် ရွာကနေ ထွက်သွားကြတော့ ရွာမှာ လူဦးရေကလည်း နည်းလာခဲ့တယ်။ ကျွန်မရဲ့ အမေကလည်း မောင်လေး ရေနစ်သေတုန်းက ငယ်ငယ်လေးပဲ ရှိသေးလို့ ဝမ်းနည်းနေခဲ့တာ။ ဒါကြောင့်… အမေက သူ့အတွက် ဒီအကြောင်းကို တွေးမိပြီး မောင်းလေးအတွက် လက်တွဲဖော်ကို ရှာချင်ခဲ့တယ်”

သူတို့ ရွာသည် ယန်ကျင်းတွင် ရှိသည်ဟု စဉ်းစား၍ မရနိုင်ပေ။ သူမမိခင် ဟင်းသီးဟင်းရွက် လာရောင်းသည့် အချိန်တွင်တောင် ဖုန်ထူသည့် လမ်းကို လျှောက်ရမည် ဖြစ်ကာ အထပ်မြင့် အဆောက်အဦးများကို မြင်ရန်အတွက် နာရီများစွာ ကားစီးရမည် ဖြစ်သည်။

ထိုသူကို သူမတို့ မိသားစု ကယ်ဆယ်နိုင်ခဲ့ခြင်းက သူတို့အတွက် ကံကောင်းမှုပင် ဖြစ်သည်။

သူမ မိခင် မသေခင်က သူမသည် ထိုသူအကြောင်းကို ပြောခဲ့သည်။ သူမက အကူညီလိုပါက သွားရောက် တောင်းခံနိုင်ကြောင်းပြောခဲ့သည်။ လီဟွေ့သည် အစက များများမတွေးထားပေ။ သို့သော် သူမသည် ထိုအကြောင်း စုံစမ်းသည့်အခါတွင် ရှီမိသားစုသည် ကျော်ကြားသည့် မိသားစု ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ သူတို့သည် အလွန်ကျော်ကြားသည့်အတွက် လမ်းရှိ မည်သည့်လူကို မဆို မေးလျှင်တောင် သူတို့ အကြောင်းသိသည်။

လီဟွေ့သည်လည်း ယခု တစ်ကြိမ်တွင် မျှော်လင့်ချက် ကြီးစွာဖြင့် လာခဲ့သည်။

လီရှသည်လည်း ထိုကိစ္စက ထူးဆန်းသည့် ကိစ္စဟု မခံစားမိပေ။

သူမသည် သရဲတစ္ဆေများကို မမြင်ဘူးသော်ငြား ရှီမိသားစုတွင် ထိုသို့သော အရာမျိုးစုံကို မြင်ဖူးပြီး ဖြစ်သည်။ သခင်မကြီးကို သရဲက ခြောက်လန့်ခြင်းက ယင်းက အမှန်တကယ် ရှိသည်ဟူသော သက်သေပင် ဖြစ်သည်။

နင်မုန့်၏ နှလုံးခုန်သံက မြန်လာကာ စနစ်ကို မေးလိုက်တော့သည်။

“သရဲလက်ထပ်ပွဲက ကြောက်ဖို့ကောင်းလား”

စနစ်က ပြန်ပြော၏။
“သာမန်ကမ္ဘာမှာတော့ ကြောက်စရာ မကောင်းဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာတော့…..”

သူက နောက်ပြောမည့် စကားများကို ချန်ခဲ့သည်။ နင်မုန့်သည် ယခုကိစ္စမျိုးသည် ဤကမ္ဘာတွင် ထူးဆန်းသည့် သဘာဝလွန် ကိစ္စမျိုး ဖြစ်မည်ဟု သိသည်။ အကြောင်းမှာ ဤကမ္ဘာသည် သာမန် ကမ္ဘာ မဟုတ်သည့်အတွက် ဖြစ်သည်။

သူမ ပိုကြောက်လေလေ သူမ မျက်နှာ ပိုတည်ငြိမ်လေ ဖြစ်သည်။

“ပြီးတော့ကော”

လီဟွေ့က ဘာမှမပြောခင် တခဏကြာ ရပ်လိုက်ပြီးနောက်

“ကျွန်မတို့ရဲ့ အိမ်က လက်ရှိမှာ ရှုပ်ထွေးနေတယ်။ ကျွန်မတို့တွေ ရဲကိုလည်း မခေါ်ရဲဘူး။ ကျွန်မရဲ့ အမေက သူမဆုံးခင်မှာ အန်တီကို ပြောခဲ့တာ။ ဒါကြောင့် အလောင်းကို ရှာဖို့အတွက် သခင်မကြီးရဲ့ အကူအညီကို လာတောင်းရတာပါ”

အလောင်းပျောက်ခြင်းပင်။ သူမအနေဖြင့် မည်သို့ ခံစားရမည်နည်း။ ယခုအချိန်ကာလတွင် သူမသည် ညတွင် ကောင်းကောင်း အိပ်မပျော်ပေ။ တခါတရံတွင် သူမကို အိပ်ချိန်တွင် အိပ်မက်ဆိုးများက နှောက်ယှက်သည်။

သူတို့ရွာတွင် သရဲလက်ထပ်ပွဲတွင် ပါဝင်သည့် အလောင်းပျောက်သွားခြင်းက ကံဆိုးသည်ဟု မှတ်ယူကြသည်။

နင်မုန့်သည် တခဏကြာ တွေးလိုက်ပြီးနောက် မေးလိုက်သည်။

“ဘယ်မှာ သရဲ လက်ထပ်ပွဲ လုပ်တာလဲ။ အလောင်းက ဘယ်ကို ပျောက်သွားတာလဲ”

သခင်မကြီး နားလည်မှု လွဲမှာ စိုးရိမ်သည့်အတွက် လီဟွေ့ မြန်မြန်ဆန်ဆန်ပင် ရှင်းပြလိုက်သည်။

“ကျွန်မတို့တွေက နှစ်ဦးနှစ်ဖက်ဆွေမျိုးတွေနဲ့ သဘောတူပြီးပါပြီ။ ပြီးတော့ ကျွန်မတို့တွေ မခိုးပါဘူး။ ကျွန်မတို့ဆီ ကျွန်မတို့ ရွာနားက ရွာတွေကလည်း ဒီကိစ္စကို မကြာခဏ လာလုပ်ကြတယ်။ သူတို့တွေကို မီးအတူ သင်္ဂြိုဟ်ပြီးတော့ ပြာကို တစ်ဂူထဲမှာ မြုပ်နှံဖို့ စီစဉ်ထားပြီးပြီ”

သူတို့ မိသားစု သရဲလက်ထပ်ပွဲကို မလုပ်ရသေးခင် အမျိုးသမီ၏ အလောင်းသည် မီးသင်္ဂြိုဟ်ဖို့ ပြင်နေတုန်း ပျောက်သွားခဲ့တယ်။

လီဟွေ့က ခြောက်ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။

“ကျွန်မရဲ့ မောင်လေးက သူ သေပြီး မကြာခင်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်။ ဒါပေမဲ့ တခြားရဲ့ အလောင်းက ပျောက်သွားတယ်။ ဒါက ကျွန်မကို အမြဲတမ်း အဆင်မပြေ ဖြစ်စေတယ်…”

ထို့ပြင် သူမသည် ထိုအလောင်းကို မရှာနိုင်ရုံသာမကာ သူမအနေဖြင့် ခိုးသွားသည့် လက္ခဏာကိုလည်း မရှာနိုင်ပေ။ ရွာရှိလူများကလည်း အနည်ငယ် စိုးရိမ်ကြသည်။ မကြာခင်တွင် ကောလာဟလသည် ပျံ့သွားတော့သည်။

သူမရှင်းပြတာကို ကြားပြီးနောက် နင်မုန့်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

ယနေ့ သူမ အင်တာနက်တွင် တွေ့ခဲ့သော အလောင်းကို ခန်းမဆောင်တွင် ဒူးထောက်ခိုင်းရန် ရောက်လာခဲ့သည်။ ယင်းက လူတွေကို ကြောက်စရာကောင်းစေသည်။ သူတို့ မျက်နှာများကား ပြာပြီး ဖြူနေသည်။ ပြီးနောက် သူမကို အိပ်မက်ဆိုးများ မက်မည်ဟုတောင် ခံစားရစေ၏။

လီဟွေ့က သခင်မကြီးကို တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်မရဲ့ အမေ ပြောတာက သခင်မကြီးက ရှေးဟောင်းပစ္စည်းတွေ ကြိုက်တယ်တဲ့။ ဒါကြောင့်မလို့ ကျွန်မတို့ အိမ်ကနေ ရှေးအကျဆုံး ပစ္စည်းတစ်ခုကို ယူခဲ့တယ်”

ထိုအခါ နင်မုန့်သည် အနက်ရောင် အိတ်သည် မဖြည်ရသေးမှန်း သဘောပေါက်မိသည်။ ထိုအိတ်သည် လီဟွေ့ဘေးတွင် ရှိနေ၏။

လီဟွေ့သည် အိတ်ကို ဖွင့်လိုက်ပြီးနောက် အထဲမှာ အဝါရင့်ရောင် တိရစ္ဆာန်ပုံတစ်ကောင်ကို ယူလိုက်သည်။ ထိုအကောင်လေးတွင် အောက်ခြေ အဝိုင်းရှိပြီး ထွင်းထုထားသည်မှာ အနုစိတ်လိုက်သည်။

နင်မုန့်သည် ထိုအကောင်၏ ပုံရိပ်ကို သူမ စာကြည့်မျက်မှန်မှ နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ပြုလုပ်ထားသည့် ထွင်းထုထားမှုများက ယင်းက ရှေးဟောင်းအရာဝတ္ထု ဖြစ်ကြောင်း တွေ့နိုင်သည်။ ပြီးနောက် မျက်နှာပြင်ကို ရွှေရောင်ဖြင့် ခြယ်ထားသည်။

သူမက တိတ်တဆိတ် စနစ်ကို မေးလိုက်သည်။

“ဒီတိရစ္ဆာန်က ဘာအမျိုးအစားလဲ။ ဒါက ကောင်းရဲ့လား”

စနစ်က ခေါင်းညိတ်လိုက်ကာ

“ဒါက တကယ်ကောင်းတယ်။ ဖီချူးက အနံသာပေါင်းနှင့် ကိန်းဝပ်နေပြီးတော့ ယခုအခါမှာ ကြွယ်တစေတဲ့ ရောင်ဝါတွေနဲ့ ဝန်းရံထားတယ်။ ဒါကြောင့်မို့ နောက်လာမဲ့ ဆယ်နှစ်မှာ ဒီလို တောက်ပတဲ့ အရောင်ကို ဆက်ထုတ်လွှင့်နေမှာ။ ဒီဟာရဲ့ အရည်အသွေးက တကယ်ကို ကောင်းတယ်”

နင်မုန့်က ထိုသူ၏ အသံကို ကြားသည့်အခါ ထိုရှေးဟောင်းပစ္စည်းသည် အမှန်ပင် ကောင်းပေမည်။

လီဟွေ့သည် သခင်မကြီး အချိန်ကြာသည်အထိ စကားမပြောသည့်အတွက် သူမ မကြိုက်ဟု တွေးမိလိုက်သည့်အခါ သူမက ပြောလိုက်၏။

“သခင်မကြီး ဒါက အဆင်မပြေဘူးဆိုရင် မေ့လိုက်ပါတော့”

ရှီမိသားစုသည် သူမအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ အကယ်၍ သူမတွင် ရွေးချယ်စရာ မရှိပါက သူမ ရဲခေါ်ရုံသာ ရှိတော့သည်။

နင်မုန့်က သူမကို စိုက်ကြည့်လိုက်ပြီးနောက် အဖြေပေးမည့်ပုံဖြင့်ပြောလိုက်သည်။

“ငါတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ့အကြီးဆုံးသားကတော့ လုပ်ကောင်း လုပ်နိုင်တယ်”

လီဟွေ့၏ မျက်လုံးက တောက်ပသွားကာ

“တကယ်လား”

နင်မုန့်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ သူအခု အိမ်မှာ မရှိဘူး။ ဒီမှာ ခဏစောင့် ပြီးနောက် သူ ညနေခင်းကျ ပြန်လာမှာ။ ငါသူကို ဒီအကြောင်း ပြောထားလိုက်မယ်”

သူမ ရင်ဘတ် တစ်ခုလုံး တစ်နေ့လုံး လေးလံခဲ့ပြီး နောက်ဆုံးတွင် ကျသွားခဲ့သည်။ လီဟွေ့က သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတင် သခင်မကြီး”

“မင်းအမေက ငါ့ကို ကယ်ခဲ့တာပဲ။ ဒါကြောင့် ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒီဖီချူးကို အိမ်ယူသွားသင့်တယ်။ ဒါက ကောင်းတဲ့ အရာပဲ”

နင်မုန့်က ပြောလိုက်သည်။

လီဟွေ့သည် ပြန်မယူဟု ထုတ်မပြောသော်ငြား သူမ လက်မခံပါက ဤနေရာတွင်ထားထားခဲ့မည် ဖြစ်သည်။

သူ့အနေဖြင့် ကောင်းသည့်အရာ ဘာမျှ မလိုအပ်ပေ။ အကြောင်းမှာ သူမသည် သခင်မကြီး နှစ်သက်သည်ကို ပေးခဲ့ပြီ တွေးခဲ့သည့်အတွက် ဖြစ်သည်။ ပြီးနောက် အလောင်းကို ရှာခြင်းက သူမအတွက် အရေးကြီးဆုံးအရာပင် ဖြစ်သည်။
……

လီချွမ်သည် မကြာခင် ပြန်လာခဲ့သည်။

သူ့လက်ထဲတွင် စာအုပ်များစွာ ရှိ၏။ သူမသည် ဆိုဖာကို လမ်းလျှောက်သွားပြီးနောက် ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

“သခင်မကြီး ကျွန်မ သခင်မကြီး ပြောထားတဲ့အတိုင်း စာအုပ်တွေ ဝယ်ခဲ့ပါပြီ”

နင်မုန့်က စာရွက်ကို တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်၏။ ထိုစာအုပ်များ၏ ပစ်မှတ်သည် ငယ်ရွယ်သည် ဆယ်ကျော်ပေါက်များဖြစ်သော်လည်း ရှီချီသည်လည်း စောစော အရွယ်ရောက်သည်ဟု စဉ်းစား၍ ရနိုင်ပေသ်။ ထို့ကြောင့် သူ့အတွက် အဆင်ပြေ၏။

သူမက လက်ယပ်ခေါ်လိုက်ပြီးနောက် လီချွမ်၏ နားကို သူမပါးစပ်နား တိုးခိုင်းလိုက်သည်။

နင်မုန့်က ထိုစာအုပ်များကို ခါပြလိုက်ကာာ

“ဒီစာအုပ်တွေကို ၁၇ရဲ့ အိပ်ရာဘေးမှာ ထားထားလိုက်။ ဖြစ်ကတက်စမ်း မထားနဲ့နော်။ မြင်သာတဲ့ နေရာမှာထား”

လီချွမ်က ချက်ခြင်းပင် ခွန်းတုံ့ပြန်လိုက်သည်။

“စိတ်မပူပါနဲ့ သခင်မကြီး”

သူမသည် အဘယ်တွက် သခင်မကြီး ရှီချီကို ချစ်ကြိုက်နေသည်ဟု သံသယ ဖြစ်နေသည်ကို မသိသော်ငြား သူသည် ၇နှစ်သာ ရှိသေးသည်။ သို့သော် သူမသည် ထိုကဲ့သို့သော အရာမျိုးကိုအကြိုက်ဆုံး ဖြစ်သည်။

စာအုပ်များကို နေရာချပြီးနောက် လီချွမ်က အောက်သို့ ဆင်းခဲ့သည်။

ညနေခင်းတွင် ရှီချီသည် ကျောင်းမှ ပြန်လာခဲ့သည်။

သူသည် တံခါးတွင် တခဏကြာ ရပ်လိုက်ပြီး အထဲမှာ တစ်စုံ တစ်ယောက် ထွက်လာခဲသည်။

ထိုမိန်းကလေးကို ဆိုဖာပေါ်တွင် တွေ့ရသော်ငြား သူ့မျက်လုံးများက အနည်းငယ် တရစ်ရစ် ဝဲနေသည်။ နောက်ဆုံးတွေင် သူ့အဘွား ပြုံးနေသည်ကို တွေ့လိုက်ရသည်။

ဆံပင်ရှည်ဖြင့် ငယ်ရွယ်သည့် မိန်းကလေးပုံသည် ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။

ရှီချီသည် သူ့နှုတ်ခမ်းကို ဖွဖွကိုက်ရင်း မနေ့က သူဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်မျိုးကို မစဉ်းစားနိုင်တော့ပေ။ ရက်အတော်ကြာ စောင့်ကြည့်သော်ငြား မည်သည့် အချက်အလက်အသစ်မှ မရပေ။

နင်မုန့်သည် သူ့ကို ပုံမှန်အတိုင်း လက်ယမ်းပြကာ အော်လိုက်သည်။

“မြေး”

ရှီချီသည် ပြန်သွားပြီး သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

နင်မုန့်သည် လှေကားကို ပြေးလာသည်ကိုမြင်သည့်အခါ သူ့နောက်ကျောထပ်ရှိ အိတ်နှင့်အတူ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားကာ အပေါ်ကို ရောက်သွားတော့သည်။

သူကို သူမ ကြည့်လိုက်သည့်အခါ ရှီချီ၏ မျက်နှာထားက တစ်ဖန် တင်းသွားသည်။ သူ့မျက်လုံးများကလည်း နောက်ထပ် အရိပ်တစ်ခု မပေါ်မီ လှေကားထိပ်တွင် ပျောက်ကွယ်သွားတော့သည်။

မိနစ် အနည်းငယ်အတွင်း သူသည် ပြန်ပြီး ဆိုဖာပေါ်ရှိလူကို ပြန်ကြည့်လိုက်သည်။

နင်မုန့်သည် သက်ပြင်းချလျက် စနစ်ကို မေးလိုက်သည်။

“ကြည့်လိုက်ဦး ငါ့မြေးလေး စွန့်ပစ်သွားသည်အထိ ငါအိုသွားပြီလား”

စနစ်က ပြန်ပြော၏။

“တော်တော်လေးအိုနေပြီ”

….
ငါထင်တာတော့
သူမမှာ အဓိပ္ပာယ်ရှိကောင်း ရှိနိုင်တယ်။

ရှီချီ၏ လျှို့ဝှက်ဒိုင်ယာရီ သေးသေးလေး။

စာရေးဆရာတွင် ပြောစရာရှိပါတယ်။

နောက်ပိုင်းမှာ ၁၇က သူ့အခန်းထဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စာအုပ်တွေ ကို တွေ့လိမ့်မယ်။

လီချွမ်က ၁၇ စာဖတ်တာကို ချောင်းကြည့်လိမ့်မယ်။ဟဟဟ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset