RENH အပိုင်း ၁၇

အခန်း ၁၇ သရဲစျေးသို့ဝင်ခြင်း
ရှီရှန်းကျင်းက သရဲစျေးရဲ့ စည်းမျဉ်းတွေကို သိသည်။
သူ့အမေက အမြဲ ဒီလိုကိစ္စတွေ ဝင်ပါရတာ ကြိုက်ပြီးတော့ သူ့အဖေကကျ သူမလိုချင်တာမှန်သမျှဖြစ်ချင်တာ မှန်သမျှ သူငယ်စဉ်ကတည်းက အကုန်လိုက်လုပ်ပေးနေကျပင်
အခု သူမ သားတွေကျပြန်တော့လည်း သူတို့စကားတွေက အရင်တိုင်း ဘာအာဏာမှမရှိနေပြန်
သူပြောလိုက်သည်။ “ညကျသွားမှာ အမေ အိမ်မှာပဲနားနေပါ ၁၅ ရက်နေ့ကျ ယင်လေက တအားများနေမှာ နေလည်းမကောင်းတာကို ခေါင်းမမာပါနဲ့ သား သူ့ကို သားဘာသာ ဂရုစိုက်လိုက်ပါ့မယ်”
နင်မုန့် ခနလောက်တုံ့ဆိုင်းနေပြီးမှ စနစ်ကို သူမ သွားမယ်ဆို အန္တာရယ်များလားလို့မေးလိုက်သည်။ စစ်က ရိုးရှင်းစွာပြန်ဖြေသည်။ သူမသာ ကြိုတင်ကာကွယ်မှုပြုနိုင်မယ်ဆိုရင် အဆင်ပြေသည်။
ကြိုတင်ကာကွယ်နိုင်သရွေ့ အဆင်ပြေတယ်ပေါ့
သူမက ဆက်ကာ “ငါလည်း နေဖို့နှစ်တွေ သိပ်မကျန်တော့ပါဘူး တစ်ခါလောက်သွားလည်တော့ကော ဘာဖြစ်မှာကျနေတာ ၁၇ လေးက တအားငယ်သေးတယ် ငါစိတ်ပူတယ် မင်းက မင်းကိစ္စတွေမင်းလုပ်နေပြီး သူ့ကို ဂရုမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ”
ရှီရှန်းကျင်းလည်း သူ့အမေကို မနိုင်တော့သလို ဆက်လည်းမရှင်းပြချင်တော့ တစ်ထပ်အိမ်ကို လူနှစ်ယောက်ကို ပြန်လိုက်ပို့ရင်း မပြန်ခင် ရှီချီနားနားကပ်ကာ တစ်ခုခုပြောလိုက်သည်။
လမ်းသွားနေရင်း ရှီချီ သူ့အဘွားကို တိတ်တိတ်လေးခိုးကြည့်လိုက်သည်။
နင်မုန့်က သိတဲ့ပုံပင် သူနဲ့အကြည့်ချင်းဆုံလိုက်ကာ ပြုံးပြီး “ဘာလို့အဘွားကို အဲလိုကြည့်နတာလဲ”
ရှီချီ ပါးစပ်ဟလိုက်ပေမဲ့ သူ့အမူအရာလေးက တစ်ခုခုကိုအခက်တွေ့နေပုံရသည်။
ကလေးတစ်ယောက်ရဲ့ ဆူပုတ်နေတဲ့မျက်နှာလေးက ချစ်ဖို့အကောင်းဆုံးပင် သူက ကြည့်ကောင်းနေတာပါ ထည့်ပေါင်းလိုက်ရင် ပြောစရာတောင်မလိုတော့ဘူး။
တော်တော်ကြီးကြာမှ သူမနေနိုင်ဘဲ “ဘွား…ဘွားဘာလို့ မြေးအပေါ် တအားကောင်းတာလဲ”
ကောင်းလွန်းလို့ သူဘယ်လိုပြန်ပေးဆပ်ရမလဲမသိတဲ့ထိ။
နင်မုန့်က အခု အဘွားတစ်ယောက်ပင် ဆိုတော့ သူမ ဘာမှသိပ်မလုပ်နိုင်ဘဲ သူ့မျက်နှာလေးကိုသာဆွဲကာ “အဘွားလို့ ခေါ်ထားတယ်မဟုတ်ဘူးလား ဆိုလိုတာက မြေးက ဘွားရဲ့အဖိုးတန်မြေးလေးပဲ တကယ်လို့ ဘွားက မြေးကို ဂရုမစိုက်ရင် ဘယ်သူက စိုက်မှာလဲ ဘွား အသက်ကြီးလာရင် ဘွားကို ဂရုစိုက်ပေးဖို့ မြေးကိုပဲမှီခိုရမှာ”

ရှီချီ အစက ရင်ထဲ တအားကိုခံစားနေရတာပင်။
ဒါပေမဲ့ အခု ဒီအဖိုးတန်မြေးလေးဆိုတဲ့စကားတွေက သူ့နားထဲ တမျိုးကြီးဖြစ်လို့နေသည်။ ၊

နောက်နေ့ ရှီချီ ကျောင်းသွားတော့ နင်မုန့်က သူမ အခန်းထဲမှာနေကာ ကွန်ပျုတာ ဖွင့်ပြီး “သရဲစျေး” ဆိုတဲ့ စကားကို ရိုက်ရှာလိုက်သည်။
စနစ်က သူမကို စျေးက ဘယ်လိုဆိုတာ ရှင်းပြထားပေမဲ့ သူမ ခုထိ နားမလည်သေး။
အရင်က ဘုရားမဲ့ဝါဒီ ဆိုတာကို ထားလိုက်ဦး အခု သူမ သရဲတွေတည်ရှိတာကို ယုံကြည်နေပြီပင်။ ဒါပေမဲ့ သရဲစျေးလို နေရာမျိုးရှိတယ်ဆိုတာက သူမကို ကျောချမ်းစေသည်။
အရင်တစ်ခါ လီချွင် ပြင်ခိုင်းထားတဲ့ ကွန်ပျုတာနဲ့မိုဘိုင်းဖုန်းကို ပို့လိုက်ပြီမို့ သူမ အွန်လိုင်းသုံးလို့ရပြီပင်
စာမျက်နှာတစ်ခု ကျလာတော့သည်။
“သရဲစျေးထဲ ဘယ်လိုဝင်ရမလဲဆိုတာ သင်ပေးပြီး ဒီဧရိယာမှာ သရဲတွေရှိမရှိ မြင်ရဖို့….”
“သရဲဈေး ရိုးရာသရဲပုံပြင်တစ်ခု ဦးလေးပြောပြတဲ့ သရဲပုံပြင်အကြောင်း…”
ထိုသို့သော ခေါင်းစဉ်တွေ နည်းတာမဟုတ်…
အောက်ကိုချလိုက်တော့ သရဲဈေးက ဘယ်လိုလဲဆိုတဲ့ မေးခွန်းတစ်ခုကို မြင်လိုက်ရသည်။ ပြီးတော့ အောက်မှာလည်း အရမ်းကိုမှ အသေးစိတ်ကျတဲ့အဖြေတစ်ခုကိုလည်းမြင်လိုက်ရသည်။
“သရဲဈေး ဆိုတာက ထူးဆန်းတဲ့ ပစ္စည်းလဲလှယ်တဲ့ဈေးတစ်ခုဖြစ်ပြီးတော့ သီးခြားဖြစ်နေတဲ့ တောင်တွေကြားမှာ ထူထောင်ထားတာ သရဲစျေးက နေ့ဘက်တွေ မရှိသလို လတိုင်းရဲ့ ပထမရက်နဲ့ ၁၅ ရက်နေ့ညတွေမှာသာရှိတာမို့ ‘သရဲဈေး’ လို့ခေါ်တာ ရှေးလူကြီးတွေပြောတာက။ သရဲဈေး တဝက်လောက်က လူတွေဖြစ်ပြီး တဝက်လောက်က သရဲတွေတဲ့ သရဲကော လူကော တူတူ သရဲဈေးမှာလမ်းလျှောက်နေတာကို မြင်နိုင်တယ်..”
ဒါကို ဖတ်ပြီး နင်မုန့် ကြက်သီးတွေထလာတော့သည်။
ဒီအဖြေက စနစ်က နင်မုန့်ကိုပြောတာနဲ့သိပ်မကွာ တကယ်တမ်း တချို့စကားတွေဆို တူတူပင် ကြည့်ရတာ ဒါက တကယ်ဆိုတာကိုတော့ လူတချို့သာ သိနိုင်မည်ထင်သည်။
ဒီအဖြေက အရမ်းကိုမှ အသေးစိတ်ကျပြီးတော့ သရဲဈေးကို ဝင်နိုင်မယ့် နည်းလမ်းတစ်ခုကိုပါမိတ်ဆက်ပေးထားသည်။
ဥပမာ လနဲ့ကြယ်ကို သုံးပြီး ဦးတည်ရာကို ညွှန်ပြခိုင်းတာမျိုး ပြီးတော့ အပင်တွေမှာ လျှို့ဝှက်နံပါတ်ကို စစ်ကြည့်တာမျိုး တကယ်လို့အဖြေသာမှန်တယ်ဆို လမ်းက အလိုလိုပေါ်လာမှာ တကယလို့ အဲလူတွေနဲ့အလင်းရောင်နောက်လိုက်ပြီး မှားရွေးချယ်မိမယ်ဆို သူတို့ သချိုင်းတစ်ခုထဲကိုသာ ဝင်မိသွားလိမ့်မည်။
နင်မုန့် ကြောက်လည်းကြောက်သလို သိလည်းသိချင်သည်။ ဆိုတော့ မနေနိုင်ဘဲ ဆက်ပြီး အချက်အလက်တွေကို ကြည့်နေမိသည်။
သရဲဈေးထဲ ငွေကြေးစနစ်နဲ့ လုပ်ငန်းတွေသေချာပေါက်ရှိမှာပင် ဆိုတော့ အခု အရေးကြီးဆုံးက ငွေပင်။ ဒါပေမဲ့ သူမ အဲဒါကို စိတ်ထဲတော့သိပ်မရှိ အကြောင်းက ကြေးနီငွေ စစ်မစစ် သိချင်ရင် သူတို့ အဲဒါကိုရေထဲပဲပစ်ချပြီး စမ်းရမှာမို့လေ
စနစ်က “သရဲဈေးကနေ အကျိုးအမြတ်ရတဲ့သူတွေက မလွဲဧကန် ငွေ သို့ တခြားရှုထောင့်တွေမှာ အောင်မြင်ကြတယ်”
ထိုသို့ပြောလိုက်တော့ နင်မုန့် သိချင်စိတ်တွေက ပိုဆိုးလာတော့သည်။
သူမ အခု ညတွင်းချင်းချမ်းသာတဲ့လူတွေ တခြားတူညီတဲ့ဖြစ်ရပ်မျိုးရှိတဲ့သူတွေ သရဲဈေးနဲ့ အဆက်သွယ်ရှိနေလားတောင် တွေးနေမိသည်။

နင်မုန့် နေ့ကော ညကောတွေးနေကာ ပြက္ခဒီန်ကိုလည်းကိုင်ပြီး နေ့တိုင်းကြည့်လို့နေသည်။ နှစ်ရက်လောက်စောင့်ပြီးတော့ ၁၅ ရက်နေ့က နောက်ဆုံးရောက်လာတော့သည်။
ရှီရှန်းကျင်းက သူမကို မသွားစေချင်လို့ တောက်လျှောက်ဖျောင်းဖျပေမဲ့ မရ။ ပြီးတော့ တကယ်လို့ သူသာရှီချီကို ခေါ်သွားမယ်ဆိုရင်တောင် သူမက ရှီချီကို လွှတ်မှာမဟုတ်ဘူးလေ အဆုံးကျ ရှီရှန်းကျင်း သူ့အမေအိုကြီးပေါ်ကို ပစ္စည်းတွေအများကြီး ထည့်ရတော့သည်။
၈ နာရီ ၉ နာရီလောက် ရှီရှန်းကျင်း သူမနဲ့ ရှီချီကို ကားတစ်စီးနဲ့အတူလာခေါ်သည်။
ကားက ဝေးသထက်ဝေးလာသလို ပတ်လည်က လူတွေကလည်း ဖြည်းဖြည်းချင်း မြင်ကွင်းကနေ ပျောက်သွားတာမြင်တော့ နင်မုန့် မနေနိုင်ဘဲမေးလိုက်မိသည်။ “အခုဘယ်ကိုသွားနေတာလဲ
ရှီရှန်းကျင်းက ဖြေလာသည်။ “သချိုင်းကို အရင်သွားနေတာ”
သချိုင်းဆိုတာထွက်လာတာနဲ့ နင်မုန့် ချက်ချင်းတုန်သွားတော့သည်။
ကားက သရဲဈေးဂိတ်ကို တန်းသွားမယ်ထင်နေတာ။ ပြီးတော့ သူတို့ကားပေါ်ကနေ ဆင်းလိုက်ရုံပဲပေါ့ ဘယ်လိုလုပ် ရုတ်တရက် သချိုင်းကို သွားရတာတုန်း။ စျေးက သချိုင်းမှာရှိနေတာလား။
သူမ သံသယ ဝင်နေတာမြင်တော့ ရှီရှန်းကျင်းက ရှင်းပြလာသည်။ “သချိုင်းက ကြားခတစ်ခုပါပဲ”
နင်မုန့် ဘာမှထပ်မမေးတော့ဘဲ ရှီချီကိုသာ လှည့်ကြည့်လိုက်သည်။
ရှီချီက တိတ်ဆိတ်မျိုသိပ်လို့သာနေသည်။ ကားပေါ်တက်ပြီးတော့လည်း သူအပြင်ကိုပဲ ကြည့်နေပြီး အတွေးနက်နေပုံရသည်။ ဒါက နင်မုန့်ကို သူမ ကလေးလေးက ကြီးပြင်းလာပြီး သူ့ကိုယ်ပိုင်အတွေးသေးသေးလေးတောင် တွေးတတ်နေပြီလို့ထင်နေမိသည်။
အပြင်မှာမှောင်ပိန်းနေတာမို့ နင်မုန့် အပြင်ကို မကြည့်ရဲ။ လမ်းတွေက ပိုကြမ်းလာပြီး တော်တော်ကြီးကြာမှ ကားက နောက်ဆုံးရပ်သွားတော့သည်။
ကားဆရာက ကားပေါ်ကဆင်းပြီး တံခါးဖွင့်ပေးကာ “သခင်လေး ရောက်ပါပြီ”

ရှီရှန်းကျင်း ခေါင်းညိတ်ပြကာ ဆင်းလိုက်သည်။ မိနစ်တချို့စောင့်ပြီး သူ့အမေ ဆင်းလာတာမမြင်တော့ လျှောက်သွားကာ ပြတင်းတံခါးကိုခေါက်ပြီး “အမေ ဆင်းလို့ရပြီ”

ရှီချီ သူ့အဘွားကို ခေါင်းလှည့်ကြည့်လိုက်သည်။
နင်မုန့် အံကြိတ်ကာ သတ္တိမွေးပြီးကားပေါ်ကဆင်းလိုက်သည်။ ပတ်လည်မြင်ကွင်းက သူမကို မေ့လဲစေတော့မတတ်ပင်
သူမ ဆင်းတော့မှသာ သချိုင်းကို မရောက်သေးဘူးဆိုတာ သဘောပေါက်တာပင် ဒါပေမဲ့ သူတို့ ခြေလှမ်းနည်းနည်းလှမ်းတာနဲ့ ဝင်ပေါက််ကိုရောက်ပြီပင် ရှေ့ကို ကြည့်လိုက်တော့ အလင်းရောင်ဖျော့ဖျော့သာ ပတ်လည်မှာရှိနေသည်။ ဘာမှန်းမသိပေမယ် နင်မုန့် တစ်ချက်ကြည့်လိုက်တော့ အုတ်ဂူခေါင်းထိပ်မှာ သစ်ကိုင်းတွေထိုးထားပြီး လရောင်အောက်မှာကြောက်ဖို့ကောင်းလို့နေတာကိုတွေ့လိုက်ရသည်။
သူမကို ပိုတုန်ယင်စေတာက လူတချို့ကို မြင်ပြီး တချို့က လူတောင်မဟုတ်နိုင်။ သူတို့လက်တွေမှ ခြင်းတွေချိတ်ထားပြီး သူတို့က အရိပ်တွေလိုပင်။ ပြီးတော့ သူတို့ခါးတွေကိုင်းလိုက်ရင် အင်းဆက်သံ လေတိုက်သံတွေ ကြားရပြီး တအားကို ထူးဆန်းလို့နေသည်။
နင်မုန့် သက်ပြင်းချကာ ရှီချီကို ကြည့်လိုက်တော့ သူ့လက်က သူမကို တင်းတင်းကိုင်ထားသည်။
မြေးအဘွား အတွဲလေးက သေလောက်အောင် ကြောက်နေကြတာပင်။
ရှီရှန်းကျင်းက ကားဆရာကို ညွှန်ကြားစရာ ရှိတာ ညွှန်ကြားပြီးတော့ လာပြီး သူတို့ကို မှန်ဝိုင်းသေးသေးလေးတစ်ခုစီပေးကာ “အထဲကိုရောက်ရင် သချိုင်းဘက်ကို ပြန်လှည့်လိုက် ဘယ်လက်မျက်လုံးကိုမှိတ် မှန်ကို မျက်နှာမှာကပ် ညာဘက်မျက်လုံးနဲ့မှန်ကိုကြည့် အရိပ်တွေရွေ့သါားရင် နောက်ပြန်လျှောက် မရပ်နဲ့ ပတ်ပတ်လည်မြင်ကွင်းတွေ မှန်မပါဘဲ ပြောင်းတာကို မြင်ရင် ဈေးကိုရောက်ပြီပဲ မှန်ကိုရှေ့ပြန်လှည့်ပြီး ကျွန်တော့်ကိုစောင့်နေ”
အခုတင် အရိပ်တွေသွားနေတာကို သူမမြင်နေရပြီလို့ ပြောပြလိုက်ချင်သည်။
တွေးကြည့်မှ သူမ မနေနိုင်ဘဲ နောက်ပြန်ကြည့်လိုက်ပြီးကြောင်သွားတော့သည်။ ခုနကတင် သူမမြင်ထားတဲ့ အရိပ်တွေ မရှိတော့ အုတ်ဂူတွေသာ ကျန်တော့သည်။
‘လူ’ တွေဆိုတာလည်း ဘယ်တုန်းကမှ ပေါ်မလာဖူးသလိုမျိုး
ရှီရှန်းကျင်း သူမ အမူအရာကို သတမထားမိ နာရီကို ကြည့်ပြီး “အမေ ရှီချီ သားနောက်လိုက်ခဲ့ လမ်းမပျောက်စေနဲ့”

ထို့နောက် သူ ခုတင်ပြောပြတဲ့ နည်းလမ်းကို ထပ်ပြောပြလိုက်သည်။

နင်မုန့်က ရှီချီလက်ကို ကိုင်ထားသလို နှစ်ယောက်သား တအားကို ရင်တုန်ပန်းတုန်ပင်။
ရှီချီကြောက်နေတာကိုလည်း သူမ ခံစားမိသည်။ ပြီးတော့ သူက ခုမှကလေးပဲရှိသေးတာ ပြီးတော့ ယင်ယန်မျက်လုံးတဝက်ပွင့်ပြီးလို့ သရဲမှုန်ဝါးဝါးတွေကို စမြင်နေရပြီလေ အခုကျ သရဲဈေးကိုလာပြီး သူတို့နဲ့အပေးအယူလာလုပ်ရတယ်။
သူ့မပြောနဲ့ နင်မုန့်လို တစ်ခါသေဖူးထားပြီး အဘွားတစ်ယောက်ကိုယ်ထဲရောက်နေတာတောင် ခုထိ သေအောင်ကြောက်တုန်းပဲ။
သူမ အကြီးဆုံးသားက ဒီကို ခနခနလာဖူးတာမို့ လမ်းနဲ့ရင်းနှီးနေကာ တုံံဆိုင်းမနေ လျင်မြန်စွာပင် သူတို့အမှီလိုက်နိုင်အောင် ထောင့်မှာ ရပ်စောင့်လို့နေသည်။
နင်မုန့် လျှောက်နေရင်း ရှီချီနားနားကပ်ကာ “တကယ်လို့ ခနနေ အဘွားကို မမြင်ရတော့ရင် လျှောက်မပြေးရဘူးနော် ဦးလေးနားမှာပဲကပ်နေပြီး တခြားလူတွေကိုမကြည့်နဲ့ နားလည်လား”
ရှီချီ စကားတောင်မပြောနိုင် အံကြိတ်ကာ ‘အင်း’ လို့သာပြန်ဖြေလိုက်သည်။
သူမ မှန်ဝိုင်းလေးကိုထုတ်ကာ သချိုင်းကို ညွှန်လိုက်သည်။ ညအမှောင်ထုထဲ မှန်ဝိုင်းကို သေချာမြင်နေရပြီး သချိုင်းထိပ်က သစ်ကိုင်းတွေကိုတောင် မြင်နေရသည်။
နင်မုန့် အသက်ပြင်းပြင်းရှုကာ ညဘက်မျက်လုံးကို မှိတ်လိုက်ပြီး မေးတော့မလို့ရှိသေး ရုတ်တရက် မှန်ထဲ အရိပ်တွေ စတင်ပေါ်လာတာကိုမြင်လိုက်ရတော့သည်။
သူတို့က တစ်ယောက်ကနေနှစ်ယော် မရေမတွက်နိုင်အောင်များပြားလာသလို ပန်းတိုင်မဲ့လမ်းလျှောက်နေသလို အပြန်ပြန်အလှန်လှန်လျှောက်နေကြသည်။
နင်မုန့် တုန်သွားတော့သည်။ မှန်ဝိုင်းလက်ကိုင်ကို တင်းတင်းကိုင်ကာ ပြုတ်ကျသွားမှာတအားကြောက်နေပုံရသည်။ နောက်လည်း လှည့်မကြည့်ရဲတော့ဘဲ ဖြည်းဖြည်းချင်း နောက်ကို ပြန်လျှောက်နေသည်။
နားထဲမှာလည်း တဝီဝီမြည်သံကို ကြားနေရကာ သူမ ဘာမှန်းနားမလည်ပေမဲ့ သွားနေရတဲ့အျချိန်တွေက နှစ်နဲ့ချီကြာနေပုံရသည်။
စနစ်ကို “ငါတို့ရောက်ပြီလား” လို့မေးလိုက်တော့ စနစ်က “ငါတို့ရောက်…”
ပြောလို့တောင်မဆုံးသေး နင်မုန့် သူမ တစ်ကိုယ်လုံး လေထဲ တွဲလောင်ဖြစ်နေပုံရသည်။။ သူမ မျက်လုံးကလည်း ဝါးနေတာမို့ မြင်ကွင်းက လှိုင်းထနေသလိုပင။
နောက်ဆုံးမှ သူမ အသိပြန်ဝင်လာတော့သည်။
နင်မုန့် စက္ကန့်တော်တော်ကြာ ကြောက်နေပြီးမှ အမြန် မှန်ဝိုင်းကို ကြည့်လိုက်မိသည်။ အထဲက မြင်ကွင်းက ဒရာမာဆန်ဆန်ပြောင်းသွားတော့သည်။
လမ်းတစ်ခုရဲ့ဝင်ပေါက်ပုံရတဲ့ ဧရိယာအလွတ်တစ်ခုမှာ သူမ ရပ်လို့နေသည်။ သူမနောက်က မြင်ကွင်းကကျ စားစရာဈေးလိုပင် သေချာမမြင်ရပေမဲ့ ဆိုင်ခန်းတစ်ခန်းဆိုတာတော့ မှန်းဆမိသည်။
ဆိုင်ပိုင်ရှင်က ယောကျာ်းတစ််ယောက်လား သရဲတစ်ကောင်လား သူမ မသိ။
ခုနက အင်းဆက်သံလေသံတွေလည်း မကြားရတော့ မှန်ကို အပေါ်ထောင်လိုက်တော့ မှောင်မဲနေတဲ့ကောင်းကင်က ကောင်းကင်လို့တောင်ခေါ်လို့မရရတော့ အမဲရောင် လိုက်ကာကြီးနဲ့ အကုန်လုံးကိုဖုံးထားပုံရသည်။
စနစ်က ပြောလာသည်။ “မင်းသရဲဈေးကိုရောက်နေပြီ”
နင်မုန့်ရောက်နေပြီ ကြားမှသာ စိတ်အေးသွားတော့သည်။ ဖြည်းဖြည်းချင်း မှန်ဝိုင်းကိုလှည့်ကာ အပြင်ကို မျက်နှာမူလိုက်သည်။
ဒီနေရာက မယုံနိုင်လောက်အောင်တိတ်ဆိတ်ပြီး သူမ ထင်ထားတာထက်တောင် ပိုပြီး ထိုင်းမှိုင်နေသေးသည်။
စနစ်က သတိပေးလာသည်။ “မင်းလှည့်လိုက်တာနဲ့ သရဲဈေးကိုမြင်ရလိမ့်မယ် ဘာမှမပြောနဲ့ အနေတဲ့လူလို ကိုယ့်ကို ကိုယ်တွေးလိုက် မဟုတ်ရင် တစ်ခုခုဖြစ်သွားနိုင်တယ်”
သရဲတောင် အိုနေတဲ့ မိန်းမကြီးကို သိပ်စိတ်ဝင်စားမှာမဟုတ်။
နင်မုန့် နားထောင်ပြီး အသက်ပြင်းပြင်ရှုကာ သူမ လှည့်တော့မယ့်အချိန်မှာပဲ လက်တစ်ဖက်က ရုတ်တရက် သူမ ပုခုံးပေါ်ကိုရောက်လာတော့သည်။
သူမ ချက်ချင်းထိုနေရာမှာတင်တောင့်သွားတော့သည်။

ဘဝရဲ့ ရည်မှန်းချက် –
အဘွားကို ပြုစုဖို့
အဘွားကို ပြုစုဖို့
—-ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—

စာရေးဆရာမှာ ပြောစရာရှိနေပါတယ်
အသက် ၇ နှစ်မှာ အဘွားကို ပြုစုပျိုးထောင်တယ် ၁၇ နှစ်မှာ အခန်းဖော်ဖြစ်လာပြီး ၂၁ နှစ်မှာ အချစ်ပြိုင်ဘက်ဖြစ်လာတယ် မစ်ရှင်တွေက ခက်ခဲလိုက်တာ ၁၇ လေး အများကြီး ကြိုးစားရမှာပဲ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset