RENH အပိုင်း ၁၆

အခန်း ၁၆ သရဲစျေး
ရှီရှန်းကျင်း သူ့အမေ မျက်နှာထားကိုမြင်တော့ သက်ပြင်းချကာ “အမေ အမေ ပြန်သင့်ပြီ”
နင်မုန့်က “မပြန်ဘူး ငါ ၁၇ လေးကိုအဖော်လုပ်ပေးမှာ”
ဒါပေမဲ့လည်း ကျီးကန်းမျက်လုံးတွေ မျိုချတာကအနည်းငယ်ရွံစရာကောင်းပြီးတော့ ရှီချီသာ ဒါကိုမျိုချမယ်ဆို သူတကယ်ကော ယင်ယန်် မျက်လုံးဖွင့်နိုင်မှာသေချာလို့လား
ရှီချီ သူ့မျက်နှာနားကို အနံ့ဆိုးတစ်ခု ရောက်လာတာမြင်တော့ မျက်နှာလေးရှုံ့မဲ့သွားတော့သည်။
ရှီရှန်းကျင်းလက်ထဲက ကျီးကန်းမျက်လုံးက ဘာနဲ့တူလဲဆိုတာတော့ သူမ မသိပေမဲ့ ရှီရှန်းကျင်း သူတို့နားပိုကပ်လာလေ အနံ့က နှာခေါင်းထဲထိ တိုးဝင်လာသလို ရလိုက်တဲ့လူတိုင်းလည်း ပျို့အန်ချင်စိတ်တွေပေါက်လာတော့သည်။
ရှီချီ နင်မုန့်အဝတ်ကို တင်းတင်းကိုင်ထားမိသည်။
ရှီရှန်းကျင်းက သူ့ကိုကျွေးတော့မလို့ရှိသေး နင်မုန့်က ရုတ်တရက် လက်ဆန်ထုတ်ပြီး “ခနလေး….”
ရှီရှန်းကျင်း ရပ်သွားတော့သည်။
ထိုင်ခုံမှာ နာနာခံခံလေးထိုင်နေပြီး အနံ့ကြောင့် မျက်နှာလေးရှုံ့မဲ့နေတဲ့ ရှီချီကို ကြည့်ကာ “၁၇ အတွေးကိုမေးကြည့်ရအောင်”
သူမ ကူးပြောင်းလာကတည်းက သူ့မျက်လုံးကိုဖွင့်ချင်လား မဖွင့်ချင်ဘူးလားဆိုတာ သူမ တစ်ခါမှမမေးခဲ့ဖူးဘူးလေ သူ့ကို သူမ ပျိုးထောင်နေတာမို့ သူမဖွင့်ချင်တာမျိုးလည်းဖြစ်နိုင်သည်။
ယင်ယန် မျက်လုံးတစ်စုံ မရှိရင် မမြင်ချင်တာတွေမမြင်ရတော့ဘဲ ကောင်းချီးတစ်ခုလည်းဖြစ်နိုင်သလို ရှိရင် တာဝန်ယူစရာတွေ အများကြီး ရှိလာလိမ့်မည်လေ။ ပြီးတော့ ကလေးတစ်ယောက် ဒီလိုလေးလံတဲ့အရာတွေတာဝန်ယူရတာက ကောင်းမွန်တာမျိုးမဟုတ်ဘူးလေ
ပြီးတော့ သူမ သူ့ကို အမြဲဂရုစိုက်ပေးနေနိုင်တာကို သရဲတွေ မမြင်ရဘဲလည်း သူပျော်ရွှင်တဲ့ဘဝ တစ်ခု ရနိုင်တယ်လေ။ ရှီချီ သာမန်ဘဝလေးမှာနေနိုင်ရင်လည်း မကောင်းတာမှမဟုတ်တာ။
“ကောင်းပြီ” ရှီရှန်းကျင်း ခေါင်းညိတ်ပြလိုက်သည်။
သူက ကျိုးကြောင်းမဆီလျော်တဲ့သူမဟုတ် တကယ်လို့ ဒါက သူ့သားအရင်းဆို သူကို ဒီတိုင်းတန်းကျွေးပစ်မှာ။ ဒါပေမဲ့ တစ်ဖက်က သူ့တူလေ။ သူ့အမေကလည်းတောင်းဆိုမှတော့ သူစည်းကျော်လို့မဖြစ်။
တိတ်ဆိတ်မှုကိုဖြိုခွင်းကာ “ရှီချီ မင်းရဲ့ ယင်ယန်မျက်လုံးကိုဖွင့်ချင်လား”

ရှီချီ မျက်လုံးတွေ မှိတ်ထားရာကနေ ခေါင်းမော့လာပြီး “ယင်ယန်မျက်လုံး”
ရှီရှန်းကျင်းက “ယင်ယန်မျက်လုံးရှိတာက မင်းကို သဘာဝလွန်နဲ့ဆက်နွယ်နေတဲ့အရာတွေ အကုန်မြင်နိုင်စေလိမ့်မယ်။ မနေ့ကလိုမျိုးပေါ့ မင်း အနီရောင်သရဲမက ဘယ်နားမှာရှိလဲ ဘယ်လိုမျိုးလဲဆိုတာ မြင်ရလိမ့်မယ်”
နင်မုန့် အနည်းငယ် စိတ်ဆိုးသွားမိသည်။ ဒါက သူ့ကို မြူဆွယ်နေတာ ဖြစ်သည်။
သူမ ဖြတ်ကာ “မြေး ယင်ယန်မျက်လုံးတွေ ဖွင့်လိုက်တာနဲ့ မြေးရဲ့နေ့ရက်တွေက ဘယ်တော့မှ သာမန်ဖြစ်တော့မှာ မဟုတ်ဘူး အချိန်တိုင်း သရဲတွေကို မြင်နေရပြီး မြေးဘဝကလည်း အန္တရယ်ရှိနိုင်တယ် ၁၇ ဒါကို ပေါ့သေးသေး မထင်လိုက်နဲ့”
အခန်းက တိတ်ဆိတ်သွားသလို ရှီချီလည်း တော်တော်ကြာတိတ်နေပြီး သူ့လက်ချောင်းလေးတွေကို လိမ်လို့နေသည်။
“သားလုပ်ချင်တယ်”
သူ့ဦးလေးလို သန်မာမှုမျိုး လိုချင်ပြီးတော့ သူတို့ဘဝကို ခြိမ်းခြောက်နိုင်တဲ့အရာတွေက ဘာလဲဆိုတာကိုလည်း ကိုယ်တိုင်မြင်ချင်သလို.. အဘွားကို ကာကွယ်ပေးချင်သည်။
မနေ့ညကလို သူမ က သူ့ကိုကူကယ်ရာမဲ့စွာ တွန်းထုတ်ပြီး ပြေးခိုင်းတဲ့အဖြစ်မျိုး မလိုချင်တော့။
နင်မုန့် အဝတ်စားတွေကိုကိုင်ထားရာကနေ သူ့အဘွားရဲ့ ခြောက်သွေ့နေတဲ့လက်တွေကိုကိုင်ပြီး စိတ်အားထက်သန်စွာ “အဘွား ဘွားကို မြေးကာကွယ်ပေးမယ်”
နင်မုန့် ဒီကလေးက ဒီလောက်ထိ အဖိုးတန်လိမ့်မယ်လို့မထင်ထားခဲ သူ့ခေါင်းလေးကို ပွတ်ပြီး “အဘွားက နေဖို့နှစ်နည်းနည်းပဲကျန်တော့တာ ကာကွယ်ပေးစရာမလိုပါဘူးကွယ်”
ရှီချီ ခေါင်းခါပြီး သူ့ဦးလေးဘက်ကိုလှည့်ကာ “သား ယင်ယန် မျက်လုံးတွေကိုဖွင့်ချင်တယ်”
ရှီရှန်းကျင်းက “နောင်တမရမှာသေချာလား”
“နောင်တရမှာမဟုတ်ဘူး”
ရှီချီ ထိုသို့ပြောပြီးတာနဲ့ နင်မုန့်ကို “အဘွား အပြင်ထွက်ပေးပါလား…”
သူ့အဘွားကို မကောင်းတဲ့မြင်ကွင်းတွေ ဘာမှမမြင်စေချင် ဖြစ်နိုင်တာက သူကိုယ်တိုင်လည်းကြောက်ဖို့ကောင်းတာအဖြစ်ပြောင်းလဲသွားပြီး တစ်ခုခုသာမန်မဟုတ်တာမျိုးဖြစ်သွားနိုင်သည်။
နင်မုန့် သူ့ကို တော်တော်ကြာစိုက်ကြည့်ပြီးမှ မသွားချင်သွားချင်နဲ့ အခန်းပြင်ထွက်လိုက်တော့သည်။
မနေနိုင်ဘဲ စနစ်ကို “ရှီချီက တကယ့်ကို အဖိုးတန်ကလေးပဲ”
စနစ်က “သူက လူကောင်းလေးပဲ”
အခန်းထဲမှာ ရှီရှန်းကျင်းက ဒီတစ်ခါပိုပြီး သတိထားသလို ပိုပြီးတော့တောင် လေးနက်နေတော့သည်။
ရှီချီမျက်လုံးတွေ ပိတ်ထားပေမဲ့ အနံ့တော့ခံနိုင်သေးသည်။ ဘာနဲ့တူလဲဆိုတာတော့မသိပေမဲ့ အနံ့ကတော့ မနှစ်မြို့စရာပင်
“ပါးစပ်ဟပြီး တန်းမျိုချလိုက် မဝါးနဲ့ မကိုက်နဲ မလျက်နဲ့” ရှီရှန်းကျင်း သတိပေးလိုက်သည်။
ရှီချီ ခေါင်းညိတ်ကာ ပါးစပ်ဟပြီး လက်ချောင်းတွေကိုလိမ်နေမိသည်။
အကုန်လုံးသေချာပြင်ဆင်ပြီးတာသေချာမှ ရှီရှန်းကျင်းက အမြန်နေရာယူတော့သည်။ လျင်မြန်စွာပင် ရှီချီ သူ့ပါးစပ်ထဲညှိစို့စို့ အရာတစ်ခု ဝင်ရောက်လာတာကိုခံစားမိလိုက်သည်။ တအားကို အေးစက်နေပြီးတော့ အဲအရာက သူ့အရိုးထဲထိ အေးစက်သွားစေသည်။
ရှီရှန်းကျင်းက အမြန် “တစ်ခါတည်းမျိုချလိုက်”
သူ့အသံ တိတ်သွားတာနဲ့ ရှီချီ ထူးဆန်းတဲ့အရသာကို တောင့်ခံကာ တစ်ခါတည်းမျိုချလိုက်သည်။ သူ ပြန်အန်ထုတ်ချင်ပေမဲ့ ခုံအစွန်းကို တင်းတင်းကိုင်ပြီး သည်းခံထားသည်။
တော်တော်ကြာမှ ရှီရှန်းကျင်းက နောက်တစ်ခါထောင့်ကိုညွှန်ပြပြီး “အခု ဘာမြင်လဲ”
ရှီချီ မျက်လုံးကို ကြိုးစားဖွင့်ကာတောက်ပတဲ့အလင်းကိုကျင့်သားရအောင်လုပ်ပြီးမျက်လုံးမှေးကာ ကြည့်လိုက်ချိန် ထောင့်မှာ အမဲရောင်ဘောလုံးတစ်လုံးကိုမြင်လိုက်ရပေမဲ့ ဘာမှန်းတော့ သေချာမသိ
စိတ်ရှုပ်သွားကာ “…အမဲရောင်တစ်ခုခု သေချာမမြင်ရဘူး ဒါပေမဲ့တစ်ခုခုတော့ရှိနေတယ် တခြားတစိတ်အပိုင်းတွေက ဝါးနေတာ”

ရှီရှန်းကျင်း သက်ပြင်းချလိုက်မိသည်။ သူတကယ့်ကိုမြင်နိုင်တာပဲ ဆိုလိုချင်တာက သူ့ မှန်းဆချက်က မမှား ဒီကလေးက သာမန်မဟုတ်တဲ့ ဖွဲ့စည်းပုံရှိနေတာပဲ
ကျီးကန်းမျက်လုံးတွေက သူ့ယင်ယန်မျက်လုံးကို သေချာမဖွင့်ပေးနိုင်တာ နှာမြောစရာပင် တဝက်ပဲပွင့်ပေမဲ့ တစ်ယာက်ယောက်ကိုပျော်ရွှင်အောင်တော့ လုပ်ပေးနိုင်သည်။
“ကောင်းပြီ အခုပြန်လို့ရပြီ မင်းကိုပြန်ခေါ်သွားပေးဖို့ အစေခံတစ်ယောာက်ကို ခိုင်းလိုက်တစ်ထပ်အိမ်ကနေ အချိန်တစ်ခုလောက်ထိ မထွက်နဲ့ဦးတစ်ခုခုနဲ့တွေ့တာနဲ့ တစ်ထပ်အိမ်ကိုတန်းပြေး”
တစ်ထပ်အိမ်မှာ သူဆင်ထားတဲ့ပစ္စည်းတွေက သူ့အဖေ သူ့အမေ အတွက် ထားထားပေးတာတွေပင် သဘာဝလွန်အရာတွေ အကုန်လုံးကိုတားဆီးပေးနိုင်သည်။ ခြွင်းချက်ဆိုလို့ တအားသန်မာတဲ့ သရဲတွေသာာ ဖောက်ဝင်နိုင်မှာ။
“ကျေးဇူးပါ ဦးလေး” ရှီချီ ခေါင်းညိတ်ပြကာ တခန်းလုံးကို တစ်ချက်လောက်အကဲခတ်ပြီးမှ ခုံကနေ ထလိုက်သည်။
အခန်းက ပိတ်စ တစ်ခုနဲ့ကာထားသလိုမျိုးပင် သူသေချာမမြင်ရပေမဲ့ ပတ်လည်က ကြမ်းတမ်းတဲ့ မြင်ကွင်းတစ်ခုကိုတော့ သူမြင်နိုင်သေးသည်။ အရင်က မြင်တာနဲ့ တအားကို ကွာခြားနေတာမျိုးကိုပေါ့။
တံခါးဖွင့်လိုက်တာနဲ့ သူ့အဘွားက အပြင်မှာ သူ့ကိုစောင့်နေတာကိုမြင်ပြီး သူ့ရင်ထဲ နွေးထွေးမှုတွေ ချက်ချင်းစီးဝင်လာတော့သည်။
ပျော်ရွှင်မှုမရှိဘဲ ရုတ်တရက်အရင်က သူမြင်ဖူးတဲ့ မှုန်ဝါးဝါးမြင်ကွင်းကို သတိရပြီး သေချာအနီးကပ်ကြည့်လိုက်တော့ အဲဒါက အရိပ်တစ်ခုလို ဘာဖြစ်သလဲ အတိအကျသူနားမလည်နိုင်သေးပေ။
ဒါပေမဲ့ ဒါက သူ့ကို သံသယဝင်စေတာမဟုတ်ဘဲ မပျော်ရွှင်စေရုံလေးတင်
နင်မုန့် သူ့ရဲ့စိတ်လွတ်နေတဲ့ပုံကိုမြင်တော့ ရူးသွားပြီလို့တောင်ထင်ကာ “ဘယ်လိုခံစားရလဲ” လို့မေးလိုက်တော့သည်။
ရှီချီက ပြုံးပြလာသည်။
‘ဒီကလေး ခုတင် ဖြစ်ပျက်ခဲ့တာတွေကြောင့် ခေါင်းက လွတ်သွားပြီထင်တယ်’ နင်မုန့် သူမ ကိုလီချွင်ထည့်ပေးလိုက်တဲ့ အိတ်ကပ်ထဲကချိုချဉ်တစ်လုံးကိုထုတ်လိုက်သည်။
ခွာပြီး ရှီချီ ပါးစပ်ထဲထည့်ပေးကာ “ဘွားနဲ့ပြန်ကြရအောင်” လို့ပြောလိုက်သည်။
ချိုတဲ့အရသာတစ်ခု သူ့လျှာကနေ နှလုံးသားထိ ပျံ့နှံံသွားသလို ရှီချီမျက်လုံးထဲ ပျော်ရွှင်မှုတွေတိုးဝင်လာကာ အမြန်ခေါင်းညိတ်ပြပြီး “အင်း!” လို့ပြောလိုက်သည်။
အဲလိုနဲ့ပဲ မြေးအဘွားအတွဲလေးက ပင်မအိမ်ကနေ ထွက်သွားကြတော့သည်။
ယင်ယနမျက်လုံးဆိုတာ ပွင့်ကတည်းက ရှီချီက ပိုပြီး လန့်ဖျပ်လာပြီး သူက ဟိုကြည့်ဒီကြည့်နဲ့ တစ်ခုခုကို မေးချင်နေပေမဲ့ မျိုသိပ်ထားရသလိုမျိုး ဖြစ်နေသည်။
သူမ ရှီရှန်းကျင်းကိုမေးမြန်းကြည့်တော့ သူပြောတာက ရှီချီ ယင်ယန်မျက်လုံးက အပြည့်မပွင့်သေးတာမို့ အခု သူမြင်နေရတာတွေက မသဲကွဲဘူးတဲ့။
ဒါပေမဲ့ နင်မုန့် စိုးရိမ်တဲ့တခြားအရာရှိသေးသည်။
ရှီချီ ကျောင်းစတက်သင့်နေပြီပင်။
ဒီနေ့ထိ သူမ ရှီချီက ၇ နှစ်အရွယ်ကလေးဆိုတာကို မေ့နေခဲ့တာ တကယ်လို့လီချွင်သာ သတိမပေးရင် သူမ တွေးမိမှာတောင်မဟုတ်။
ရှီရှန်းကျင်းက သူမ ဒီကိစ္စကိုပြောပြီးတာနဲ့ နောက်နေ့ကျ ရှီချီကို ကျောင်းသွားဖို့ ချက်ချင်းခွင့်ပြုလိုက်သည်။ သဘာဝကျကျ ဒီကျောင်းက အရင်က သူတက်ဖူးတဲ့ကျောင်းနဲ့မတူပင်။
ကလေးက ကျောင်းစတက်တာနဲ့ နင်မုန့်က အိမ်မှာပဲ ကျန်ရစ်ခဲ့ပြီး အိပ်လိုက် ပန်းတွေကို ကြည့်လိုက်နဲ့ သူမ နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်သန်းလို့နေသည်။
အဆုံးကျ ရက်တချို့သာရှိသေးကျောင်းက အုပ်ထိန်းသူကို လာဖို့ခေါ်လိုက်တော့သည်။
ပြီးတော့ ကျောင်းကိုသွားမယ့် အုပ်ထိန်းသူလည်း ရှီရှန်းကျင်းပင် နင်မုန့်က မသွားနိုင်တာမို့ လီရှကိုသာ သူမအစားသွားပေးဖို့ အကူညီတောင်းနိုင်သည်။ ရှီရှန်းကျင်းက ရှီချီကို ဘာမှမပြောဘဲ ပြန်ခေါ်လာသလို ရှီချီလေးက သူအမှားလုပ်ထားသလို အမူအရာလေးနဲ့ပင်
လီရှက သူ့ကိုယ်စား ရှင်းပြလာသည်။ “အတန်းပိုင်ဆရာပြောတာက သခင်လေးချီရဲ့ပုံ့ကို တိတ်တိတ်လေးခိုးရိုက်ပြီးရောင်းစားနေတဲ့ ဖက်တီးလေးတစ်ယောက်ရှိတယ်တဲ့ အာ့ကြောင့် နစ်ယောက်လုံးကိုလည်း အပြစ်ပေးပြီးပြီတဲ့”
နင်မုန့် ရှီချီရဲ့ မျက်နှာသေးသေးလေးကိုဆွဲလိုက်သည်။ ‘ဟိဟိ သူမ သူ့ကို တကယ်နူးညံ့ချောမွေ့နေအောင် ပျိုးထောင်နိုင်ခဲ့တာပဲ
သူမ မေးလိုက်သည်။ “သူတို့ ပိုက်ဆံပြတ်နေလို့လား”
သူမ အကြီးဆုံးက ဒီကျောင်းက သာမန်ကျောင်းမဟုတ်ဘူးလို့ပြောထားပြီးသားပင် ထိုအစား ထိုနေရာမှာ ချမ်းသာပြီး လေးစားဖွယ်ရာလူတွေ ပြည့်နေတာ ဘာလို့ ခိုးရိုက်တဲ့ပုံတွေကိုရောင်းမှာလဲ။
လီရှက ခနလောက်တွေးပြီးမှ “အကြောင်းက ဖက်တီးလေးက အရင်တစ်ခါစာမေးပွဲတုန်းက အမှတ်မကောင်းလို့ အိမ်က သူ့မုန့်ဖိုးကို မပေးတော့လို့ သူက ပိုက်ဆံမသုံးရ မနေနိုင်ဘူးလေ”
နင်မုန့် တစ်ခုခု သတိရကာ “ပိုက်ဆံကကော”
ရှီချီက “….ဘွား သားမေ့သွားပြီ”
အဲဖက်တီးပဲ ယူသွားတာနေမှာ နင်မုန့် စိတ်ဆိုးသွားကာ “၁၇ မြေးဂုဏ်သိက္ခာကို အမြတ်ထုတ်သွားခံရပြီ ကိုယ်ပိုင်တာကို ရအောင်ယူရတယ် မဟုတ်ရင် လူတိုင်းက မြေးကို အမြတ်ထုတ်လို့ရတယ် ထင်နေကြလိမ့်မယ် နားလည်လား”
သူမ သူ့ကို ကောင်းစေချင်လို့ အပြစ်တင်ဆူပူနေရင် သူမ နားပူနားဆာလုပ်တတ်တဲ့သူဖြစ်နေပြီဆိုတာကို သဘောပေါက်လာမိသည်။ ဖြစ်နိုင်တာက အဘွားအို ကိုယ်မှာနေလာတာ ကြာသွားလို့နေမည် သူမ ဘရိတ်လည်းမအုပ်နိုင်တော့။
ကံကောင်းချင်တော့ ရှီချီက လိမ်မာတဲ့ကလေးလေးပင် တနေကုန် သူမ နားပူတာကို နားထောင်ပြီးတာတောင် သူက စိတ်မပျက်ဘဲ ခေါင်းပဲဆက်တိုက်ငြိမ့်ပြီး သူမပျော်အောင်လုပ်ပေးနေသည်။

လဝက်လောက်နေတော့ ရှီရှန်းကျင်းက ရှီချီကို ပင်မအိမ်ကို ထပ်ခေါ်ပြန်သည်။
သူ့ယင်ယန်မျက်လုံးကို အပြည့်ဖွင့်ဖို့ လို့ နင်မုန့် ခန့်မှန်းမိတာကြောင့် သူမလည်းလိုက်သွားလိုက်သည်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာမှမဖြစ်ဘဲ ကျင်းပတဲ့နေရာ စာကြည့်ခန်းပင်။
သူ့အမေရဲ့ သံသယကိုမြင်တော့ ရှီရှန်းကျင်းက ရှင်းပြလာသည်။ “သူတချို့ ပစ္စည်းတွေလိုသေးတယ်”
လက်ရှီ ရှီချီ မှုန်ဝါးဝါးအရာတွေကိုသာမြင်ရပြီး အဲဒါကလည်း အချိန်ခနသာ ခံသည်။ ပြောရရင် ကျီးကန်းမျက်လုံးက မလုံလောက်သေးဘူး။
နင်မုန့်က “ဘာပစ္စည်းတွေလဲ”
ရှီရှန်းကျင်းက သူ့အမေကိုကြည့်ပြီး ခေါင်းခါကာ “အမေ သားပြောတောင် အမေမသိလောက်ဘူး သား ရှီချီကို အပြင်ကိုနှစ်ရက်လောက်ခေါ်သွားမှာမို့ အမေ ပါသားတို့နဲ့မလိုက်ခဲ့တာကောင်းလိမ့်မယ်”
နင်မုန့်က ချက်ချင်း “မရဘူး ငါသူ့ဘေးမှာနေပေးမှာ”
ရှီချီလည်း သူမနား ပိုကပ်လာတော့သည်။
ရှီရှန်းကျင်းက “အမေ အမေက ဒါအတွက် တအားအသက်ကြီးနေပြီ အန္တာရယ်များတယ်”
ဒါကို ကြားတော့မှ နင်မုန့် သံသယဝင်လာကာ “အန္တာရယ်များလို့ပဲ ငါသွားချင်တာ ၁၇ လေးက ခုထိ ငယ်သေးတာ မင်းသူ့ကိုဘယ်ခေါ်သွားမို့လဲ”
အန္တာရယ်များတဲ့နေရာကို ဘာလို့သွားမှာလဲ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲရေးထားတဲ့ ကောင်းကင်ဘုံက ရတနာကို သွားရှာမလို့လား
တော်တော်ကြာမှ ရှီရှန်းကျင်းက သက်ပြင်းချကာ “သားတို့ သရဲစျေးကိုသွားမလို့ သေချာတဲ့အရာတစ်ခုက အဲမှာပေါ်လာတော့မယ်ကြားတယ”
နင်မုန့် နားမလည် သူမ နားတွေကလည်း တအားကောင်းမနေတာမို့ သူမကိုယ်သူမ အရူးလုပ်မိမှာကြောက်တာနဲ့ စနစ်ကိုမေးလိုက်သည်။
ကံကောင်းချင်တော့ စနစ်က သူမကိုရှင်းပြလာသည်။ “လူနာပြက္ခဒီန်ရဲ့ လတိုင်း ၁၅ ရက်နေ့မှာ သရဲတွေက သရဲစျေးလို့ခေါ်တဲ့နေရာမှာ စုဝေးကြတယ် သူတို့က သရဲစျေးလို့ခေါ်ပေမဲ့ အဲထဲက အကုန်လုံးက သရဲမဟုတ်ဘူး လူသားကမ္ဘာနဲ့ ဝိညာဉ်ကမ္ဘာကို ဆက်သွယ်ပေးတဲ့နေရာလို့တောင် ခေါ်လို့ရတယ် သူတို့ ဆန္ဒရှိသလို ပစ္စည်းတွေလဲလို့ရသလို ဝယ်လို့လည်းရလို့လေ”
ဒါကိုကြားတော့ လူသားကမ္ဘာက ဈေးနဲ့ တအားမကွာပေ။
ဒါပေမဲ့လည်း ရောင်းသူတွေက လူသားမဟုတ်တာတော့ အဓိက ကွာခြားချက်ပင်

တကယ်တမ်း အဘွား င့ါကို နားပူတိုင်း ငါစိတ်ပျံ့လွင့်နေတယ်ဆိုတာ မပြောပြရက်ဘူး
ဟူးး
—ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—

စာရေးဆရာမှာပြောစရာရှိနေပါတယ်
နင်မုန့် : ငါ မင်းကို အမြင်မှားခဲ့တာပဲ ရှီချီ မင်းက ဒီလိုကလေးမျိုးဖြစ်လိမ့်မယ်လို့တစ်ခါမှမထင်ထားဘူး!!

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset