RENH အပိုင်း ၁၅

အခန်း ၁၅ ကျီးကန်းနဲ့ ယင်ယန်မျက်လုံးကိုဖွင့်ခြင်း
နင်မုန့်က သရဲတွေကို ကြောက်ပေမဲ့ သူမက သူတို့အကြောင်း လုံးဝမသိတာတော့မဟုတ်ပေ။ တကယ်တမ်းကျ လက်တွေ့က နည်းနည်းတော့ ဆန့်ကျင်ဘက်ကို ရောက်သည်။ သူမက သရဲတွေကို ကြောက်တာမို့ မထင်ထားတာတွေ ဖြစ်ဖို့ကနေ ရှောင်ဖို့ သူတို့အကြောင်း အကုန်ရှာဖွေထာသည်။
ခြေဖျားထောက်ပြီး ရပ်နေတာကိုမြင်ရတာက ဘာမှအသစ်အဆန်းတော့မဟုတ်ပေ။ တကယ်တမ်း ဝါရင့်တွေဆို ဒီလိုပုံစံကို သတိပြီးသား ဖြစ်မည်။ အဲဒါကို ဖန်တရာတေနေသလို မှတ်ယူလို့ရပြီး သံသယမရှိ အရမ်းကိုမှ ပုံမှန် ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်သည်။
လူတွေက သူတို့ခြေဖျားလေးနဲ့ပဲ မတ်တပ်မရပ်နိုင်ပေ။ အထူးအခြေအနေမှာရှိရင်တော့ တစ်မျိုးဖြစ်မည်။
ဒါရိုက်တာဝမ်ရဲ့ လက်ရှိအခြေအနေအရ သရဲက သူ့နောက်မှာဆိုတာ အလွယ်လေး မြင်နိုင်သည်။ ဒါရိုက်တာဝမ်ကတော့ သိမှာ မဟုတ်ပေ။ ဒါပေမဲ့ သူက သရဲခြေထောက်ပေါ်မှာ ရပ်နေလို့ သူ့ခြေဖနောင့်က မြှောက်နေတာပင်။
ပြောရရင် သရဲပူးထားတာ ဖြစ်သည်။
ရှီရှန်းကျင်းက မြင်နိုင်တာမို့ တစ်လှမ်းမှ မရွေ့ပေ။
ရှီချီက “ဘွား သူဘာလို့ ခြေဖျားထောက် ရပ်နေတာလဲ”
တကယ့်ကို ထူးဆန်းသည်။ သူက လှပတဲ့မိန်းကလေးတွေလို ဒေါက်စီးထားတာတောင် မဟုတ်တာကို အရင်ကလည်း ဒီလိုမဟုတ်ပါဘူး။
ပြောပြီးတော့ သူ့အဘွား ထပ်ပြီး တုန်လာပြန်တာကို ခံစားလိုက်ရသည်။
ဒီတစ်ခါတော့ ရှီချီ သရဲက သူတို့ ရှေ့တည့်တည့်မှာ ရပ်နေတယ်ဆိုတာက အမြန်နားလည်လိုက်သည်။
ရှီရှန်းကျင်းက သူ့ပစ္စည်းတော်တော်များများ သုံးပြီးသလို ဒီတစ်ခါ သိပ်ပြီးလည်း အများကြီးမယူခဲ့ရတာမို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။ “အမေ အမေနဲ့ ရှီချီ သားနောက်မှာပဲ နေသင့်တယ်”
နင်မုန့်က သူမသား ဒါကိုဖြေရှင်းတော့မယ်ဆိုတာ သိလိုက်သည်။ သူက တကယ့်ကို စွမ်းရည်ရှိတဲ့လူ ဖြစ်၏။
သူတို့ ပိုပြီး ငြိမ်နေလေ ဒါရိုက်တာဝမ်က ပိုပြီး စိတ်မရှည်လေ ဖြစ်လာသည်။ ပြီးတော့ နောက်က အလင်းရောင်နဲ့အတူ သူ တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။
ရှီရှန်းကျင်း မျက်မှောင်ကြုတ်ကာ သူ့ကုတ်အင်္ကျီထဲကနေ အပ်ချည်လုံးတစ်လုံးကို ထုတ်လိုက်တာကို မြင်လိုက်ရသည်။ နင်မုန့် သေချာမမြင်ရပေမဲ့ သူ့လက်ချောင်းထိပ်မှာ စက်ဝိုင်းတချို့လို ပတ်နေတာကို မြင်လိုက်ရသည်။
နင်မုန့် မျက်လုံးလေးပြူးကာ ကြည့်နေတုန်းမှာပဲ သူမ သားကြီးက ပြေးပြီး ဒါရိုက်တာဝမ်ကို နားကွဲမတတ် အော်သံကြီးပေါ်လာအောင် ရိုက်ချလိုက်တော့သည်။
ရှီရှန်းကျင်း အမြန်လှုပ်လိုက်သလို စက္ကန့်ပိုင်းအတွင်းမှာပဲ ဒါရိုက်တာဝမ်က ကြမ်းပြင်ပေါ်လဲကျသွားကာ အနီရောင်ပုံရိပ်တစ်ခုကလည်း နင်မုန့်ရှေ့ပေါ်လာပြီး ဟောလမ်းထဲမှာ မျောနေတော့သည်။
လရောင်အောက်မှာ ဟောလမ်းကြီးက လတ်ဆတ်တဲ့သွေးတွေနဲ့ ပြည့်လာပုံရသည်။
နင်မုန့် လက်ခုပ်တောင် တီးမိတော့မလို့ ဖြစ်သွား၏။
သူမ သားက တအားတော်တာပဲ။။
ဒါပေမဲ့ သူမ ပျော်ရွှင်မှုက သိပ်မခံလိုက် ဘာလို့ဆို ခနနေတော့ ရှီရှန်းကျင်းသည် အသံကျယ်ကြီး မြည်အောင် နံရံကို လွှင့်ပစ်ခံလိုက်ရ၏။
နင်မုန့် “….”
သူမ မှားသွားတာ။ သူမ ဒီမကောင်းဆိုးဝါး အဘွားကိုယ်ကို မပိုင်ဆိုင်ခဲ့သင့်ဘူး။ ဘာလို့ဆို အဘွားက နောက်ဆုံးကျ သေကို သေသွားမှာမို့လို့လေ။
သူတို့ရဲ့ အဓိက ခံစစ် ရှီရှန်းကျင်း ကျသွားတာနဲ့ သူမနဲ့ ရှီချီကလည်း ခွန်အားမရှိသလို အနီရောင်သရဲမ မျက်လုံးထဲက ပစ်မှတ်တွေ ဖြစ်လာကြတော့သည်။
ပြောရရင် ထန်းဆန်းအသားလို ဖြစ်နေတဲ့ ရှီချီအတွက် အရေးကြီးသည့်ကိစ္စပင်။
ရှီချီ ဘာဖြစ်သွားလဲမသိပေမဲ့ သူ့အဘွား သူ့လက်ကို ကိုင်ထားတာက ပိုပြင်းထန်လာသလို သူ့ကိုအဝေးကို တွန်းထုတ်ကာ အော်လိုက်သည်။ “ပြေးတော့”
နင်မုန့် အမြန်ဦးနှောက်ကို အလုပ်လုပ်ရတော့သည်။ သူမက တစ်ခါသေပြီးသားမို့ နောက်တစ်ခါ သေတာလည်း ပြသာနာမဟုတ် ရှီချီက ခုထိ ငယ်ငယ်လေးရှိသေးတာ ဒီလောက်အစောကြီး သူအထုတ်ခံလိုက်ရရင် အချိန်နဲ့နေရာတွေ အကုန်ပြိုလဲသွားမှာ ဖြစ်သည်။
ဒါပေမဲ့ သူမ ကလေးကို အဝေးကိုမတွန်းနိုင်သေးခင်မှာပဲ သူမ ခြေထောက်တွေ တုန်လာပြီး ကြမ်းပြင်ကို လဲကျကာ ခေါင်းကို ရိုက်မိပြီး သတိလစ်သွားတော့သည်။
ဘေးမှာလဲနေတဲ့ ရှီရှန်းကျင်းက အပ်ချည်ကို ဆွဲထုတ်ကာ နောက်တစ်ခါ ထပ်လှုပ်ရှားဖို့ ပြင်တော့သည်။
အဘွားက ကြမ်းပြင်ပေါ်လဲကျသွားတာမြင်တော့ ရှီချီ ချောက်ခြားလာပြီး အမြန်ပြေးသွားကာ သူမကို အော်ခေါ်လိုက်တော့သည်။ အန္တာရယ် ကျရောက်လာမှာကိုလည်း သူ သတိမပြုမိတော့။
အနီရောင်သရဲမက ရှီချီကို မြင်တာနဲ့ စိတ်တွေလှုပ်ရှားလာကာ သူမကိုယ်သူမ မထိန်းထားနိုင်တော့ အမြန် ရှီရှန်းကျင်းကို ကျော်ကာ အမဲရောင်အပ်ချည်ကိုလည်း လျစ်လျုရှုလိုက်တော့သည်။
သူ့နောက်က အေးစက်တဲ့ လေကို ခံစားမိလိုက်တော့ ရှီချီ ချက်ချင်းလှည့်လိုက်ပေမဲ့ ဟောလမ်း အလွတ်ကြီးကို သာမြင်လိုက်ရသည်။
သရဲမက သူ့ကိုယ်ကို ထိလိုက်ပေမဲ့ ချက်ချင်းလွှတ်ကာ ကျယ်လောင်စွာ စူးစူးဝါးဝါး အော်တော့သည်။
ဒါကို ကြားတော့ ရှီရှန်းကျင်းက ညွှန်ကြားလိုက်သည်။ “ရှီချီ သူ့ကို အမြန်လှမ်းဆွဲလိုက် သူမက မင်းရှေ့မှာတင်”
သူက ငယ်သေးပေမဲ့ ရှီချီက သူပြောတာကို ချက်ချင်း နားလည်လိုက်သည်။ အမြန် လက်တစ်ဖက် ဆန့်ထုတ်ကာ လေထဲက တစ်ခုခုကို လှမ်းဆွဲလိုက်သည်။ ထင်ထားသည့်အတိုင်း သူသေချာတဲ့ ဘယ်လိုဖော်ပြရမှန်းမသိတဲ့ အရာတစ်ခုကို ဖမ်းဆုပ်လိုက်မိသည်။
အားနည်းတဲ့ စူးစူးရှရှ အော်သံတစ်ခု သူ့နားထဲ ကြားယောင်လိုက်ရတော့သည်။
ရှီချီ သတ္တိစုကာ လက်နှစ်ဖက်လုံးနဲ့ တစ်ဖက်လူကိုဆွဲပြီး သူမကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။ သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းက သူ့အဝတ်စားတွေထဲ ပြုတ်ကျလာပြီး အနီရောင်သရဲမ ကိုယ်ကို ထိမိလိုက်သလို ဖြစ်သွားတော့သည်။
သူမ အော်ဟစ်သံကို ထပ်ကြားလိုက်ရကာ ပိုပြီး သနားစရာကောင်းသလို တဖြည်းဖြည်း လွင့်စင်ပပျောက် သွားတော့သည်။ ဟောလမ်းမထဲ ပဲ့တင်သံတွေသာ ကျန်ခဲ့တော့သည်။

နင်မုန့် နိုးလာတော့ သူမကိုယ်သူ ကျောင်းအုပ်ဆိုဖာပေါ်မှာ လှဲနေတာကို သိလိုက်ရသည်။ အပြင်ကဟောလမ်းကလည်း လင်းထိန်လို့
စနစ်က “မင်းရဲ့တော်လှတဲ့မြေးလေးက သရဲမကို ရှင်းပစ်လိုက်တယ်”
နင်မုန့် “!!!!”
ဆန်းကြယ်လိုက်တဲ့ အပြောင်းအလဲကြီးများလား။
စနစ် ခုနက သူမ သတိလစ်နေတုန်းက ဖြစ်ပျက်သမျှကို စရှင်းပြလာတော့သည်။ အမှန်တိုင်းပြောရရင် စနစ်က ရှီချီ သူ့စွမ်းရည်တွေကို ရုတ်တရက် ထုတ်ပြလာမယ်တောင် မထင်ထားပေ။ ကြီးကျယ်လွန်းလှတယ် မဟုတ်ပေမဲ့ ဒါကလည်း သူ့ရဲ့ဖုံးကွယ်နေတဲ့ စွမ်းရည်တွေကို ပြသနေတာပဲလေ။
ဘေးမှာ ခုမှပြန်ကောင်းလာစ ရှီရှန်းကျင်းက ရှီချီ သရဲကို ရှင်းထုတ်နိုင်လိမ့်မယ်လို့ မထင်ထား ရှီချီကတော့ ဘေးမှာထိုင်ပြီး ဗလာဖြစ်နေသလို မျက်နှာလေးနဲ့ ဖြစ်နေသည်။
ဒါကိုမြင်တော့ ရှီရှန်းကျင်းအကြည့်က ပိုတောင် ရှုပ်ထွေးလာတော့သည်။
အစက သူက ရှီချီကို သူ့ယင်ယန်မျက်လုံးကိုတောင် မဖွင့်နိုင်တဲ့ သာမန်ကလေးလို့ထင်ထားတာ ဖြစ်သည်။ ပြီးတော့ သူ့ကို သာမန်လို ပျိုးထောင်ပေးရင် လုံလောက်ပြီဟု တွေးထားမိ၏။ သူက ဒီလို စွမ်းရည်မျိုး တကယ်ကြီး ရှိနေပြီးတော့ ရှီမိသားစုက တခြားမိသားစုဝင်တွေနဲ့ ယှဉ်ရင် သူက ပိုတောင် ထူးချွန်နေသေးသည်။
ဒီအလုပ်လုပ်ဖို့ မွေးဖွားလာသလိုမျိုး ဖြစ်နေသည်။
ဒီလို အသက်ငယ်ငယ်လေးနဲ့ သရဲကို ရှင်းပစ်နိုင်တာက သူသာ နည်းလမ်းတွေကို သေချာသင်ယူပြီး စတင်လိုက်တာနဲ့ ပိုတောင် အံဩဖို့ကောင်းမှာပဲ ဖြစ်သည်။
နင်မုန့်သာ သူ့ခေါင်းထဲက အတွေးတွေကို သိရင် သူ့ကို နှာခေါင်းရှုံ့မှာ အသေချာပင်။
သူက ထူးချွန်တာတင်မဟုတ်ဘူး သေလောက်အောင် အံဩဖို့ကောင်းတာကြီး။
နောင်ကျရင် ပိုပြီးတောင် ကြောက်ဖို့ကောင်းတဲ့သရဲတွေက ရှီချီကို စားဖို့ ကြိုးစားကြဦးမှာပင် ဒါပေမဲ့ သူတို့က ရှီချီ အသုံးချခံရတာနဲ့ အဆုံးသတ်သွားပြီးတော့ သူ့ အခိုင်းအစေတွေ ဖြစ်ကုန်ကြမှာ ဖြစ်သည်။
သေခြင်းနတ်ဘုရားတောင် သူနဲ့ယှဉ်လို့ရတော့မှာ မဟုတ်ပေ။
သတိလစ်နေတဲ့ ဒါရိုက်တာဝမ်နဲ့ လျုကျီကတော့ အရေးပေါ်တင်ယာဉ်ခေါ်ပြီး ဆေးရုံပို့လိုက်ရတော့သည်။
ခနလောက် သရဲပူးတာ ခံရတာက ဘာမှကိစ္စကြီးတော့မဟုတ်ချေ။ သူတို့ကိုယ်ကို ခနလောက် အားနည်းသွားစေတာပဲ ရှိသည်။ လျိုကျီက နိုးလာတာနဲ့ ကောင်းသွားမှာ ဖြစ်၏။
ရှီပင်မအိမ်ကို ပြန်ရောက်တော့ ရှီရှန်းကျင်း ဖိုင်တွေကို ကြည့်တော့သည်။
ဖိုင်မှာ ဝမ်လန်ဟုခေါ်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါသည်။ သူမပုံစံလေးက သိမ်သိမ်မွေ့မွေ့လေးမို့ အနီရောင်သရဲမနဲ့တောင် ဆက်စပ်ကြည့်လို့မရပေ။
ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာတော့မည်ပင်။
ဖိုင်ထဲမှာ မှတ်ထားတာက ဝမ်လန်က သူမ အတန်းဖော်တွေနဲ့ အဆင်မပြေတာ တစ်ခါမက ပြီးတော့ အဲလိုဖြစ်တိုင်းလည်း သူမကသာ အပြစ်ပေးခံရတာပင်။
နောက်ဆုံး ဖြစ်ရပ်ကတော့ သူမ အခန်းဖော်တွေက ဝမ်လန်အဝတ်အစားတွေကို ဆွဲဖြဲပြီး သူမကို အဆောင်က အိမ်သာထဲမှာ သော့ခတ်ထားလိုက်ကြသည်။ အပြင်ကနေ အထဲကိုလည်း ပစ္စည်းတွေ ပစ်သေးသည်။
အသေးစိတ်တော့ ရေးမထားပေမဲ့ မှတ်ထားတာက အဆုံးကျ ဝမ်လန်က မီးလောင်ပြီး သေခဲ့သည်။
အဲမီးလောင်တာက နှစ်ရက်လုံးနီးပါး ဖြစ်သည်။ အဲလိုဖြစ်တုန်းက မီးသတ်သမားတွေကလည်း မီးကြားထဲ ခက်ခက်ခဲခဲဝင်ပြီး အခန်းဖော်သုံးယောက်ကိုသာ ကယ်နိုင်ခဲ့ကြသည်။
ဝမ်လန်က အိမ်သာထဲ ပိတ်မိနေသလို မီးသတ်သမားတွေကလည်း တံခါးကိုမဖွင့်နိုင်ခဲ့ပေ။ မီးကလည်း တအားပြင်းတာမို့ ဝမ်လန်ကလည်း ပိုပိုအားနည်းသွားခဲ့တာ။
မီးငြိမ်းသွားလို့ လူတိုင်း အထဲကို အမြန်သွားတဲ့အချိန် ပြာကျခါနီးနီး မဲခြစ်နေတဲ့ အလောင်းတစ်ခုကိုသာ မြင်လိုက်ကြရသည်။ သည်းခံကြည့်ဖို့တောင် မဖြစ်နိုင်တဲ့ထိ တအားကို ဆိုးဝါးနေတဲ့ပုံစံဖြင့် ဖြစ်နေသည်။
ရှီရှန်းကျင်းက မျက်နှာသေနဲ့ ရှိနေသည်။ သူက ဒီလိုမျိုး မကြာခန မြင်ဖူးသည်။ ပြီးတော့ အကုန်လုံးက လူလုပ်တာတွေချည်းဖြစ်သည်။
ထိုဖြစ်ရပ်မျိုး ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၅ နှစ်ကပင် ကလောင်နတ်သမီး ပေါ်လာပြီး စုချင်းချင်းနဲ့ သူမ သူငယ်ချင်းတွေ ဖြစ်တာထက်တော့ အနည်းငယ်ပိုကောင်းစွာ အဆုံးသတ်ခဲ့သည်။ သူတို့ သေဆုံးမှုက အများကြီး ပိုသဘာဝကျကာ ရှီမိသားစုက မသိခဲ့ပေ။
ပြောရရင် သူလည်း အဲတုန်းက သတင်းမှာမြင်ခဲ့ပေမဲ့ တအားမတွေးခဲ့မိဘူး။
ဖိုင်ကို ပိတ်ပြီး ရှီရှန်းကျင်း သူ့လက်ချောင်းနဲ့ စားပွဲကို ခေါက်နေမိတော့သည်။
ဒီည ရှီချီက သူ့ကို ကြောင်အသွားစေမယ့်အရာမျိုး လုပ်ခဲ့သည်။

သူတို့ အဲဒီဆံပင်မွှေးထောင်သွားစေနိုင်တဲ့ မတော်တဆနေရာကနေ ပြန်ရောက်တော့ နင်မုန့် သူမ ကိုယ်ပိုင် တစ်ထပ်အိမ်လေးကို ပြန်လာခဲ့သည်။
တကယ့်ကို ကြောက်မက်ဖွယ်ရာ အတွေ့အကြုံဖြစ်သည်။ သူမ တကယ် သူတို့အားလုံး သရဲသတ်တာ ခံရပြီတောင်ထင်တာ။ အဆုံးကျ ရှီချီက သူ့ရဲ့အံဩဖွယ်ရာ စွမ်းအားတွေကို ထုတ်ပြမယ်လို့ မထင်ထားချေ။
ခေါင်းလေးငုံ့ပြီး ရှီချီ မနိုးသေးတာမြင်တော့ မနေနိုင်ဘဲ သူ့မျက်နှာလေးကို ဆွဲလိုက်မိသည်။
နင်မုန့်က လေသံဖွဖွနဲ့ “အခုက စပြီး အဘွားက မင်းကိုပဲမှီခိုတော့မှာ အိုကေ ထင်ထားသလိုပဲ ငါ့မြေးက အကောင်းဆုံးပဲ”
ခွန်အားရှိတဲ့လူနောက်လိုက်ရတာ ပိုကောင်းသည်။
“….” မျက်လုံးဖွင့်တော့မဲ့ ရှီချီလေး သူမ ရေရွတ်တာကို ကြားလိုက်ရသည်။
လီချွင်နဲ့လီရှက စောစောကတည်းက ထမင်းပြင်ဆင်ပြီးလို့ မြေးအဘွားဆီ ယူလာပေးကြသည်။ သူတို့ စားလို့ပြီးတဲ့ အထိပါစောင့်နေခဲ့ကြသည်။
သူတို့ဗိုက်တွေပြည့်သွားတော့မှ နင်မုန့် အသိပြန်ဝင်လာတော့သည်။
ဒီနေ့ခင်းဖြစ်ခဲ့တာတွေက တအားကိုလှုံ့ဆော်ပေးလိုက်ပုံရသည်။
သူမ ထိုင်ပြီး စိတ်ပျက်စွာ သက်ပြင်းချကာ နောင်ကျ ဒီလိုဖြစ်ရပ်တွေ တောက်လျှောက်ဖြစ်လာတော့မှာလို့ တွေးနေမိသည်။
ရှီရှန်းကျင်းက ရှီချီကို ပင်မအိမ်ကိုလာဖို့ တစ်ယောက်ကိုခေါ်ခိုင်းလိုက်သည်။
နင်မုန့် ကြွက်ပေါက်လေးအတွက် တအားစိတ်ပူတာမို့ သူမပါ တူတူလိုက်သွားခဲ့သည်။ တအားကိုအေးစက်နေတဲ့ မြေအောက်ခန်းကို သူတို့ရောက်သွားမယ်လို့ မထင်ဘဲနဲ့လေ။
အရင်က ဝတ္ထုထဲမှာ ဖော်ပြဖူးတာကို သူမ ဒီအခန်းကို သိသည်။ ဒီက ရှီမိသားစုဝင်တွေ သရဲနဲ့ဆက်သွယ်ချင်တဲ့အခါ လာကြတာပင် သူတို့က ဒီမှာ တည်ဆောက်မှု စစ်ဆေးချက်တွေ အများကြီးကိုလည်း လုပ်ကြသည်။
အခန်းက ဘာမှကို မရှိတော့ စားပွဲတစ်လုံး သစ်သားထိုင်ခုံတစ်ခုကလွဲလို့ပေါ့ အရင်က စာကြည်ခန်းနောက်မှာထားတဲ့လျှို့ဝှက်ခန်းနဲ့တောင်တူသေးသည်။
စားပွဲရှည်ပေါ်မှာ ပစ္စည်းတွေအများကြီးတင်ထားပြီး စားပွဲအစွန်းမှာ ကျီးကန်းတစ်ကောင်တောင် ရှိသေးသည်။ သူက လှုပ်လည်းမလှုပ် တောင်ပံလည်း မခတ်သလို အသံတောင်မထွက်နေ။
သူမ လာတာမြင်တော့ ကျီးကန်းက ခေါင်းမော့လာပြီး သူမကို စိုက်ကြည့်လာသည်။
နင်မုန့် မနေနိုင်ဘဲ မေးလိုက်မိသည်။ “ဒါက ဘာလဲ”
ကျီးကန်းက သူမကို ရုတ်တရက် ကျီးအာသံ ပေးလာသည်။
အံဩပြီး နင်မုန့် နောက်ကိုခြေလှမ်းတချို့ ပြန်ဆုတ်လိုက်သည်။ ကျီးကန်းက ကံဆိုးခြင်းသင်္ကေတပင် သူမ နောင်ကျ မကောင်းတာတွေကြုံရမှာတော့ မဟုတ်ဘူးမလား။
ရှီရှန်းကျင်းက သူ့ပစ္စည်းတွေကို ချကာ ပြောသည်။ “ကျွန်တော်တို့ သူ့ယင်ယန်မျက်လုံးတွေကိုဖွင့်မလို့”
“၁၇ ရဲ့ ယင်ယန်မျက်လုံးကိုဖွင့်ချင်တယ်” နင်မုန့် ချက်ချင်းပြန်မေးလိုက်သည်။
ရှီရှန်းကျင်း ခေါင်းညိတ်ပြလိုက်သည်။ “သူ့ဖွဲ့စည်းပုံက သာမန်မဟုတ်သလို တနေ့က ဖြစ်ရပ်မှာ အမေ မြင်ခဲ့တာကိုလည်း သိမယထင်တယ် တကယ်လို့ ကျွန်တော်တို့သာ သူ့ယင်ယန်မျက်လုံးကို ဖွင့်ပေးရင် သူ့အရည်အချင်းတွေကလည်း သေချာပေါက် တိုးတက်လာမှာပဲ”
တကယ်လို့ ဖွင့်ဖို့နည်းလမ်းရှိရင် ဘာလို့ ကိုယ့်ဟာကိုယ် မလုပ်တာလဲ။
သူမ သံသယဖြစ်တာကိုမြင်တော့ စနစ်က ရှင်းပြလာသည်။ “သူ့ကိုယ်သူကော မကြိုးစားကြည့်ခဲ့ဘူးလို့ မင်းထင်လို့လား ရှီမိသားစုမှာသာ ဒီလို ဖွဲ့စည်းပုံမျိုးရှိတာ သူတို့ ဒီနေ့လို သဘာဝလွန်တွေကို ပြန်တုံ့ပြန်နိုင်တာကတင် ကောင်းကင်ဘုံရဲ့လက်ဆောင်ဖြစ်နေပြီ ယင်ယန်မျက်လုံးကို မျိုးဆက်တိုင်း လက်ဆင့်ကမ်းပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
ရှီချီက ခုံပေါ်မှာထိုင်ကာ မျက်လုံးမှိတ်ထားရသည်။
သူ့အဘွားအသံကို ကြားရတာက သူ့သတိတွေကိုချက်ချင်း ချထားလိုက်နိုင်ပေမဲ့မနေနိုင်ဘဲ “အဘွား..” လို့တော့ ရေရွတ်မိဆဲ ဖြစ်သည်။
နင်မုန့်က သွားပြီး သူ့ခေါင်းလေးကိုပွတ်ကာ “၁၇ မကြောက်နဲ့ ဘွား ဒီမှာရှိတယ်နော်”
ရှီရှန်းကျင်းက ပထမဆုံး အရည်တစ်မျိုးကို ရှီချီ မျက်ခွံပေါ် ပွတ်လိုက်ပြီး ညွှန်ကြားလိုက်သည်။ “မျက်လုံးဖွင့်လိုက်”
ရှီချီ သူတောင်းဆိုသလို လိုက်နာခံလိုက်သည်။
ရှီရှန်းကျင်းက ထောင့်ကိုညွှန်ပြကာ “ဘာကိုမြင်လဲ”
နင်မုန့် မျက်လုံးတွေ တောက်ပလာတော့သည်။ သူမ အနီးမှုန်ရှိနေတာတောင် ရှီရှန်းကျင်း ညွှန်ပြတဲ့ဘက်ကို လိုက်ကြည့်လိုက်သည်။
တကယ်လို့ ရှီချီ ယင်ယန်မျက်လုံးပွင့်လာရင် သူမ ဘာသာ နည်းလမ်းရှာပေးနေစရာ မလိုတော့ဘူးလေ။ စနစ် ကလောင်နတ်သမီးကိစ္စကို ယင်ယန်မျက်လုံးဖွင့်ဖို့ အခွင့်အရးတစ်ခုလို အသုံးချပေမဲ့ အသုံးမဝင်ခဲ့ဘူးလေ။
ကံဆိုးစွာနဲ့ ရှီချီ ခေါင်းခါပြလိုက်သည်။
ရှီရှန်းကျင်း သူ့မျက်နှာမှာ စိတ်ပျက်သွားတဲ့ အမူအရာလေး တစ်ခုတောင်မရှိဘဲ ခေါင်းညိတ်ပြလာသည်။
နင်မုန့်က ဘာကို မြင်စေချင်တာလဲဆိုတာ မသိဘဲ ရှီရှန်းကျင်း ညွှန်ပြရာကို ကြည့်လိုက်သည်။ ဒါပေမဲ့ သူမ အဲကို အကြည့်ရောက်သွားတာနဲ့ စတင်တုန်ယင်လာတော့သည်။ တကယ့်ကို ထောင့်မှာ သရဲသေးသေးလေး တစ်ကောင်ရှိသည်။ အမဲရောင် အရည်စက်လို ပုံစံလေးနဲ့။
စနစ်က ရှင်းပြလာသည်။ “သူ့ကို အခု ပွတ်လိုက်တာက နွားမျက်ရည်လေ ဒါပေမဲ့ အသုံးမဝင်တဲ့ပုံပဲ”
နွားမျက်ရည်က သေချာတဲ့ အခြေအနေတွေမှာပဲ အလုပ်လုပ်ပြီး ရှီချီက ထူးခြားတဲ့ အခြေအနေရှိတဲ့သူမို့ သာမန်နည်းလမ်းလေးတွေက သူ့အပေါ် အလုပ်မဖြစ်။
နွားမျက်ရည်က အလုပ်မဖြစ်တော့ ရှီရှန်းကျင်း တခြားအရာကို သုံးကာအရင်လို ရှီချီ မျက်လုံးကို ပွတ်ပေးလိုက်သည်။
နင်မုန့်က စနစ်ကိုမေးလိုက်သည်။ “ဒီတစ်ခါကကော ဘာလဲ”
စနစ်က “ငါထင်တာ သချိုင်းဂူလှည်းတဲ့နေ့မှာ တစ်နေ့လုံး အလင်းရောင်မရတဲ့ မိုးမခပင်က နှင်းစက်ထင်တယ်”
ခနနေတော့ ရှီရှန်းကျင်း တူညီတဲ့မေးခွန်းထပ်မေးပြန်သည်။
ဒါပေမဲ့လည်း ရှီချီက အရင်တိုင်းပြန်ဖြေဆဲပင်။
နှစ်ခုလုံး အလုပ်မဖြစ်တာမြင်တော့ နင်မုန့် အနည်းငယ် စိတ်ပျက်သွားပုံရသည်။ ယင်ယန်မျက်လုံးဖွင့်တာ တအားခက်ခဲတာလား သူမ သေပြီး သွေးထွက်သွားတာမြင်တဲ့ထိ စောင့်ရမှာလား။
တစ်ဖက်က ရှီရှန်းကျင်းကတော့ တအားကိုမှ တည်ငြိမ်နေကာ လှည့်ကာ ကျီးကန်းကို သူ့လက်ပေါ်တင်လိုက်သည်။
အခန်းက တအားမလင်းနေတာကြောင့် နင်မုန့် သူမ သားအကြီးဆုံး ဘာကို ထုတ်နေမှန်းမသိ သူကျီးကန်းကို တစ်ခုခု လုပ်နေတာသာသိသည်။
ခနနေတော့ ညှီနံ့တစ်ခု ရလာကာ သွေးနံ့တော့ မဟုတ်ပေမဲ့ တအားကိုမှ ထူးထူးဆန်းဆန်း စိုစွတ်မှောင်မဲနေပုံရသည်။
နင်မုန့်မျက်မှောင်ကြုတ်ကာ အနည်းငယ်ရွံရှာနေသလို သူမ မေးတော့မလို့ရှိသေး စနစ်က “မင်သားက ကျီးကန်းမျက်လုံးကိုဖောက်ထုတ်နေတာ”
ဒါကို ကြားတော့ နင်မုန့် သွေးအန်တော့မလိုပင်။
ကျီးကန်းမျက်လုံးဖောက်ထုတ်တာက ယင်ယန်မျက်လုံးဖွင့်တာနဲ့ ဘာဆိုင်လို့လဲ
စနစ်က ရှင်းပြလာသည်။ “လူတွေထဲမှာ ယင်ယန်မျက်လုံးကို ကျီးကန်းမျက်လုံးကိုမျိုချပြီး ဖွင့်တာလည်းပါတယ် မင်းအကြီးဆုံးသားရဲ့ ကျီးကန်းက သာမန်မဟုတ်ဘူး သာမန်ကမ္ဘာက ကျီးကန်းတစ်ကောင်မဟုတ်ဘူး သချိုင်းက အမဲရောင်လေတွေကို စုပြီးပေါ်ပေါက်လာတာ”
သချိုင်းက နာကျည်းမှုတွေက ဒီကျီးကန်းဆီကနေ ဆွဲယူထားတာပင် သဘာဝလွန်ကို မြင်ချင်တဲ့လူတွေ အတွက်တော့ တော်တော်လေး အကျိုးရှိသည်။
ဘာမှမရှိတာကနေ ထိတွေ့လို့ရတာဖြစ်လာတယ်။
အကြောင်းက သူတို့စားနေတာက ယင် လေတွေမို့လို့ပင်။
—-
စာရေးဆရာမှာ ပြောစရာရှိပါတယ်

၁၇ : ငါအရမ်းသနားဖို့ကောင်းတာပဲ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset