RENH အပိုင်း ၁၄

အခန်း ၁၄ နောင်ကျ ကျွန်တော် အဘွားကိုကာကွယ်ပေးမယ်
နင်မုန့်စကားကို အတည်ပြုလိုက်သလိုမျိုး တံခါးက ငိုသံတစ်ခုနဲ့အတူ ဖွင့်လာတော့သည်။
ကံကောင်းချင်တော့ ကျောင်းအုပ်အခန်းတံခါးက အရည်သွေးကောင်းကောင်းနဲ့လုပ်ထားတာပင်။ ဆိုတော့ ကြောက်လန့်စေတဲ့ ဆူညံသံတောင် မထုတ်လွှင်နိုင်ပေမဲ့ သုန်မှုန်ပြီး မှောင်မဲနေတဲ့ ဟောလမ်းကြီးက လူတွေကို တုန်ယင်သွားအောင်တော့ လုပ်နိုင်သည်။
နင်မုန့်က ရှီချီရဲ့ လက်သေးသေးလေးကို ကိုင်ကာ ကြောက်နေပြီ။ ဒါရိုက်တာဝမ်နဲ့ လျိုကျီ ဘယ်လိုနေလဲဆိုတာ ပြောမနေနဲ့တော့။
သူတို့နှစ်ယောက်လုံးကလည်း ဒီလို ကို့ရို့ကားယားနိုင်တဲ့ကိစ္စတွေမတွေ့ဖူးတာမို့ သူတို့နှလုံးသားလေးတွေ ပါးစပ်ထဲက ခုန်ထွက်တော့မတတ်ပင်
အဲ မစ္စတာ ရှီဆိုသူကလည်း သူတို့ကို ကူညီမယ့်ပုံမပေါ်
ဘာလို့လဲဆိုတာတော့ သူတို့နားလည်နိုင်သည်။ ပြီးတော့ ရွေးချယ်မှုကလည်း သူ့အမေနဲ့ သူစိမ်းတွေဆို ဘယ်သူ့ကိုရွေးမလဲဆိုတာ နေ့နဲ့ညလို ထင်ရှားနေတာကြီး။
တစ်ခုခုမူမမှန်တာကို ခံစားမိကာ ရှီချီ ခေါင်းလှည့်ကြည့်လိုက်သည်။
ဒီအဆောက်အဦးမှာ နဂို ဟောလမ်းရှိသည်။ ဒါပေမဲ့ အပြင်မှာဘယ်သူမှမရှိတာမို့ အလင်းရောင်လည်းဖွင့်လို့မရတာကြောင့် တအားကိုမှောင်မဲနေတာပင်
ပြီးတော့ သူတို့အမြင်က ကြည့်မယ်ဆို တံခါးပေါ်က အပေါက်သေးသေးလေးကလည်း ကြောက်ဖို့ကောင်းတဲ့အရာတွေနဲ့ဆက်နွယ်နေသလိုသူတို့ကို အပြင်ကို ကြည့်ဖို့ခေါ်နေပုံရသည်။
သိပ်မကြာလိုက် ကျောင်းအုပ်အခန်းက ရုတ်တရက်အေးစက်လာတော့သည်။
သူမ ကိုယ်ပိုင်အမြင်လားတော့မသိပေမဲ့ နင်မုန့် သရဲက အချိန်မရွေးရောက်လာတော့မည်ဟု ခံစားနေရသည်။
ပြီးတော့ သူမ အတွေးတွေကိုအတည်ပြုပေးလိုက်သလို အနီရောင်ပုံရိပ်တစ်ခုက တံခါးပေါက်ဝမှာ အနီရောင်ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
နင်မုန့် မျက်လုံးက မှုန်ဝါးဝါးသားမြင်ရပေမဲ့ သူမ အမဲရောင်အလုံးကြီးပေါ်မှာ အနီရောင်အလွှာတစ်ခုပေါ်နေသလို ထိုအရောင်နှစ်ခုက ကွန်ရက်လိုမျိုး ထူးဆန်းစွာ ပေါ်လာနေတာပင်
အနီရောင်ဝတ်ပြီး သေတဲ့လူက အငြိုးကြီးတဲ့ ဝိညာဉ်တွေအဖြစ်ပြောင်းတတ်သည်လို့ ပြောကြသည်။ ပြီးတော့ နင်မုန့်က ဒါကိုကောလဟာလလို့ပဲ ထင်နေတာ အခုသူမရှေ့ပေါ်လာတော့မှ ထိုယူဆချက်တွေက အမှန်ဆိုတာ သဘောပေါက်တော့သည်။
ဒါရိုက်တာဝမ်က တုန်ယင်နေရင်းနဲ့ “M-မစ္စတာရှီ ဘာဘာဖြစ်တာလဲ”
ဘာလို့ရုတ်တရက် တအားအေးပြီး သူစောနက ဘာလို့ ဘာမှမခံစားရတော့တာလဲ ပြီးတော့ ခုတင် တံခါးကိုဖွင့်လိုက်တဲ့သူက သရဲတော့မဟုတ်လောက်ပါဘူးနော်
တွေးကြည့်လေ သူပိုကြောက်လာပြီး လျိုကျီလက်ကို အမြန်ဆုတ်ကိုင်ထားလိုက်မိတော့သည်။
လျိုကျီကလည်း တုန်ယင်နေကာ ဆိုတော့လူနှစ််ယောက်တူတူ တုန်နေကြသည်ပေါ့။
တော်တော်ကြာ တုန်ယင်နေပြီး တဖြည်းဖြည်းမေ့လဲကျသွားကာ ကြမ်းပြင်ပေါ် ဒိုင်ပင်ထိုးသလိုမျိုး အသံကျယ်ကြီးပါ ထွက်ပေါ်လာတော့သည်။
တစ်ဖက်ကတော့ စနစ်က နင်မုန့်ကို တိုက်ရိုက်လိုက်ဖ် လွှင့်နေသလိုမျိုး လက်ရှိဖြစ်ပျက်သမျှကို ပြောပြလို့နေသည်။ “…သရဲမက ခုတင် ဝင်လာတာပဲ လက်ရှိတံခါးဝမှာ မျောနေတယ် ဟုတ်ပြီ! သူခုတင် ကြမ်းပြင်ပေါ် မေ့လဲနေတဲ့ ဒါရိုက်တာနှစ်ယောက်ကို ဖြတ်ပြီး ငါတို့ဆီ တန်းတန်းလာနေတယ်!”
နေစမ်းပါဦး ဘာလို့ သူ အိုလံပစ်ဂိမ်းကို ပြောပြနေသလို ဘာလို့ တအားစိတ်လှုပ်ရှားနေတဲ့လေသံပေါက်နေတာလဲ နင်မုန့် စိတ်ထဲကနေ ငြီးတွားမိလိုက်သည်။ ဒါပေမဲ့ သူမ ကို လေအေးလာတိုက်ခတ်တာကို ခံစားမိတာနဲ့ သူမ ချက်ချင်း ရှီချီကိုကောက်ပွေ့လိုက်တော့သည်။
ကံကောင်းချင်တော့ ရှီချီလေးက ခုထိ တအားမဝသေး
သူမက နည်းနည်းအိုနေပြီး အခြေအနေကလည်းတော်တော်လေး အားနည်းနေပေမဲ့ ကလေးလေးကိုတော့ချီနိုင်သေးသည်။
နင်မုန့်က သူမ သားအကြီးဆုံးနောက်မှာ ပုန်းပြီး ခေါင်းလေးတစ်လုံးသာထွက်ကာ ဖြစ်ပျက်သမျှကို ကြည့်လို့နေသည်။
စနစ်က ….”ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား အခု ကျွန်တော်တို့မြင်နေရတာကတော့ မင်းရဲ့အကြီးဆုံးသားက သူ့လက်ပတ်ကိုလွှင့်ပစ်လိုက်တာပါပဲ ကင်မရာနဲ့အနီးကပ်ကြည့်ကြည့်ကြရအောင် ကြည့်ရတောင် ဗုဒ္ဓပုတီးစေ့ ကြိုးလေးထင်ပါရဲ့ သရဲမက ဝမ်းနည်းကြေကွဲစွာ အော်နေပြီး အိုးးးး ထိသွားပါပြီ”
ရှီချီက နင်မုန့် ရင်ခွင်ထဲ ရှိနေတော့ စိတ်အေးသွားသလိုခံစားရကာ တိုးတိုးလေးမေးလာသည်။ “ဘွား ဘာဖြစ်လို့လဲ”
နင်မုန့် ခေါင်းခါကာ “ဘာမှမဖြစ်ဘူး”
သရဲမ ရဲ့အော်သံကို ကြားလိုက်ရသလို အသံက အက်ကွဲနေရုံတင်မဟုတ်ဘူး နားထောင်လို့လည်းမကောင်းပင် တုလီအော်သံနဲ့တောင် တခြားစီ
ရှီရှန်းကျင်း ပစ္စည်းတွေအကုန်ဖယ်ပစ်ရတာက သူမကို ရုံးခန်းထဲလာအောင် ဆွဲဆောင်ဖို့ပင်
ကျောင်းအုပ်ရုံးခန်းထဲ သရဲတားတဲ့ ပစ္စည်းတွေအများကြီးထားထားတယ်ဆိုကတည်းက ပေါက်ကြားလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုခုရှိနေလို့ပင်
အရင်က ဖြစ်ဖူးတဲ့ ဖြစ်ရပ်အရ ကျောင်းအုပ်ကိုယ်တိုင် အဲလိုဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရလို့သာ ဒီလို တားထားတာနေမည်လေ။
ပြီးတော့ သူထင်ထားသလိုပဲ ကောင်းကင်က မှောင်မဲလာတာနဲ့ ပစ်မှတ်ကလည်းပေါ်လာတော့သည်။
ဗုဒ္ဓပုတီးတွေက သရဲမကိုယ်ကို မှန်သွားတာနဲ့ ကြိုးကလည်းပြတ်သွားသလို ပုတီးတွေကလည်း ကြမ်းပြင်ပေါ်ကျသွားတော့သည်။ ဆူညံ့သံတွေထွက်ပေါ်လာတော့သည်။
တကယ်တမ်း ရှီရှန်းကျင်းက သရဲ ဘာနဲ့တူလဲမသိ သူကဒီတိုင်း မှန်းဆပြီး လုပ်လိုက်တာပင်။

သူမက မီးလောင်သေတဲ့ သူဖြစ်ပြီး မကျေနပ်မှုတွေကြောင့် သရဲတစ်ကောင်ဖြစ်လာတာဖြစ်နိုင်သည်။ သူမ ရရှိထားတဲ့ နာကျင်၎မှုကို လက်မလွှတ်ပေးနိုင်လို့ လူတွေနေတဲ့ကမ္ဘာထဲ ပြန်လာခဲ့တာပင်
ကျောင်းအုပ်က ဒီကိစ္စကိုဖုံးထားတာက သတင်းမှာတင်ပြထားသလို ဒီက်ိစ္စက ရိုးရှင်းမနေမှာကြောက်လို့ပင်

အနီရောင်သရဲမက သူတို့နားကပ်ဖို့ ဆက်ကြိုးစားလာတော့ နင်မုန့် ထူးဆန်းတဲ့အနံ့တစ်မျိုးကို ရလိုက်တော့သည်။
တစ်ခုခု လောင်နေသလို အနံံ့မျိုး။
စနစ်က ပြန်ဖြေသည်။ “အမှန်ပဲ သူမက မီးလောင်ပြီးသေထားတာလေ”
နင်မုန့် တုန်သွားတော့သည်။ သူမ ဘယ်တော့မှ ကိုယ်တိုင်မကြုံဖူးပေမဲ့ အပူလောင်ရင်တော့ ဘယ်လိုခံစားရလဲ သိသည်။ သူမ မကျေနပ်တာတွေ ဒီလောက်ထိ များတာ မထူးဆန်းတော့ပေ။
ထိုအနီရောင်သရဲမက အစက ဖြည်းဖြည်းချင်း လာနေရာကနေ ရုတ်တရက် အမြန်လာတော့သည်။ ရှီရှန်းကျင်းဆီ လာတာများ အရသာရှိတဲ့သားကောင်ကို တွေ့သလိုမျိုးပင်။
နင်မုန့်သည် ရှီရှန်းကျင်းက လက်ဟန်ခြေဟန် တချို့လုပ်ပြီး သွေးတွေက သူတို့ပတ်လည် စကျလာတာကိုသာ သူမ မြင်လိုက်ရသည်။
သွေးတွေက ရုံးခန်းစားပွဲကနေ ကြမ်းပြင်ကို စီးကျလာကာ စက္ကန့်ပိုင်းအတွင်းမှာပဲ သွေးတွေ ကြမ်းပြင်မှာ ပြည့်နှက်လာသလို နံဟောင်နေတဲ့ သံချေးအနံ့တစ်ခုကလည်း ပိုပြင်းထန်လာတော့သည်။
ရှီရှန်းကျင်းက ကြမ်းပြင်ပေါ်ကို အဖြူရောင် အစေ့တချို့ ကြဲလိုက်သည်။ ထို့နောက် ထိုအနီရောင်သွေးတွေက သူ့နဂိုနေရာကို စုပ်ယူခံရသလိုမျိုးပြန်ဝင်ကာ တဖြည်းဖြည်း ပျောက်သွားတော့သည်။
သူမ စနစ်ကိုမေးလိုက်သည်။ “အဲဒါဘာလဲ”
စနစ်က “စပါးစေ့တွေ”
သရဲမက အစပိုင်း ပုတီးစေ့နဲ့ အပစ်ခံထားရလို့ နည်းနည်းတွန့်နေတာပင် လက်ရှိအခြေအနေကို မြင်တော့ သူမ အရှက်ခွဲခံလိုက်ရသလို ဒေါသတွေ ထွက်လာကာ စပြီး အုတ်နံရံတွေပေါ် တွယ်တက်တော့သည်။
စနစ်က နင်မုန့်ကို ဘာတွေဖြစ်နေလဲဆိုတာ ဆက်ရှင်းပြလာသည်။ “သူမက နံရံကို လက်ရှိတွယ်တက်နေပြီးတော့ မင်းမြေးကို ကြည့်နေတာ ပြီးတော့ သူမ ပုံစံက နည်းနည်းရုပ်ဆိုးနေတယ်”
နင်မုန့် ချွေးအေးတွေစပြန်လာပြီး “ဘာလို့ သူမက ရှီချီကို စိုက်ကြည့်နေတာလဲ”
သရဲတွေက သူ့ကိုကြောက်ရမှာမဟုတ်ဘူးလား။
စနစ်က “အကြောင်းက မင်းရဲ့တော်လှတဲ့မြေးလေးရဲ့ ဖွဲ့စည်းပုံက သာမန်မဟုတ်လို့ပဲ တကယ်လို့ တုလီသာ အားမနည်းဘူးဆို သူမလည်း သူ့ကို ဖမ်းမှာပဲ မင်းသေချာမမြင်ရလို့သာ သူတို့မျက်လုံးထဲက ငတ်မွတ်ခြင်းတွေကို မမြင်ရတာ သူ့ကိုစားတာက သူတို့ စွမ်းအားတွေကို ပိုတိုးလာနိုင်တယ်လေ ဒါပေမဲ့ သေချာပေါက် သူ့ကို မကြောက်ဘူးဆိုမှသာ ဒီလို စွမ်းအားကို ရနိုင်မှာပေါ့”
ထင်ထားသလိုပဲ ရှီချီက ထန်းဆန်း အသာလေးဖြစ်သည်။
တစ်ခုပဲ ကွဲတာ သရဲတွေက သူ့ကို ကြောက်ကြသည်။
သူ့ကိုကြောက်ပေမဲ့ စားလည်း စားချင်သေးတယ်။ တကယ့်ကို ကျဉ်းထဲကျပ်ထဲရောက်တာပဲ။
နင်မုန့် ပဲနီလေးကို ကြည့်ကာ သူ့ခေါင်းလေးကို ပွတ်လိုက်သည်။ ကြင်နာ ဂရုဏာသက်နေတဲ့အကြည့်တွေနဲ့ သူမသည် သူမရဲ့မြေးလေးက သနားဖို့ကောင်းသည်လို့ တွေလိုက်မိသည်။
ရှီချီ သူမ အကြည့်တွေကြောင့် စတင်ကြောက်လာတော့သည်။ သူ့ရဲ့ ကြည်လင်နေတဲ့ အစိမ်းရောင်မျက်လုံးတွေက မီးရှုးမီးပန်းတွေနဲ့ တူသည်။ လှပပြီး ဆန်းကြယ်မှုအပြည့်ရှိသည်။
ရှီရှန်းကျင်းက စပါးစေ့တွေ ကြမ်းပြင်မှာ ရှိနေဆဲမို့ အလျင်မလိုပေ။ သူက စားပွဲခုံ အနားကို အမွှေးတိုင် ထွန်းလိုက်တော့ အနံ့ကလည်း အမြန်ပျောက်သွားသလို တစ်ခန်းလုံးကို စူးဝင်ပျံ့နှံသွားတော့သည်။
အနံ့က ဘာလုပ်လိုက်လဲတော့မသိ သရဲမ စပြီး တွန့်လိမ်လာကာ ကြမ်းပြင်ပေါ် သတိမမူပဲ စပါးစေ့တွေကို နင်းလာသလို အမဲရောင်မီးခိုးငွေ့တွေ စတင်ထုတ်လွှင့်လာတော့သည်။
သူမ ကျယ်လောင်စွာ အော်ပြီးမှ အမြန်နောက်ပြန်ဆုတ်ကာ ရုံးခန်းထဲက ပျောက်သွားပြီး တံခါးကလည်း လုံးဝ ပိတ်သွားတော့သည်။
ရှီရှန်းကျင်း သက်ပြင်းချလိုက်မိသည်။
ဒီအနံ့က သူ တော်တော်ကြာ ဖုံးထားတဲ့အရာပင် သူနဲ့အတူ အမြဲယူသွားတတ်သည်။ မထင်ထားတာက သရဲကို ထိုအနံ့နဲ့ လုံးဝရှင်းထုတ်လို့ မရသေးတာဖြစ်သည်။ ကြည့်ရတာ နောက်ခါ ဒီလိုတူညီတဲ့အဖြစ်မျိုး ထပ်ဖြစ်လာခဲ့ရင် ဆိုပြီး သူ များများပြင်ဆင်ထားမှ ဖြစ်မည်။
ကျောင်းအုပ်အခန်းထဲက မီးတွေ နောက်တစ်ကြိမ် ပြန်ပွင့်လာသလို အလင်းရောင်လည်း တဖန် ပြန်ဝင်ရောက်လာတော့သည်။
ရှီရှန်းကျင်းက လှည့်ကာ ပြောလိုက်သည်။ “အမေ သွားရအောင်”
သရဲက လွတ်သွားပြီမို့ သူတို့ အခုဖမ်းလို့လည်း မရတော့ပေ။ အိမ်ကို ဖိုင်တွေယူသွားပြီး သူတို့ကို ကယ်ပေးနိုင်မလားဆိုတာ ကြည့်ရမည်လေ။
နင်မုန့်နောက်ကနေ ထွက်လာကာ လည်ချောင်းရှင်းပြီး တအားကို တည်ငြိမ်နေတဲ့မျက်နှာထားနဲ့ အေးစက်စွာ ပြောသည်။ “ကောင်းပြီ ပြန်ရအောင် အိုက်ယိုး.. ငါ့ခြေထောက်တွေ နာလိုက်တာ”
သူမ ဘေးက ရှီချီကတော့ တူညီတဲ့ မျက်နှာအမူအရာသာ ဖြစ်နေသည်။
ကလေးတစ်ယောက် ဒီလို မျက်နှာထားမျိုးရှိတာ နည်းနည်းတော့ ရယ်ရပေမဲ့ ရှီရှန်းကျင်းမျက်လုံးထဲမှာ ဒီကလေးက သူ့အမေနဲ့ တူတူရှိနေတာ အကောင်းဆုံးပဲလို့ မြင်မိသည်။
သူတို့ မထွက်သွားနိုင်သေးခင်မှာပဲ ဒါရိုက်တာဝမ်လည်း ပြန်သတိလည်လာတော့သည်။
သွားချင်းရိုက်နေရင်း မေးလိုက်သည်။ “မစ္စတာ ရှီ ဘာဖြစ်သွားတာလဲ”
နင်မုန့်ကတော့ သူ့ကို လုံးဝ အမြင်ကောင်းရှိမနေ အားလည်းမကိုးရဘူး အရေးကြီးဆုံးအချိန်ကျ မူးလဲပြီ အခုကျမှ နိုးလာတယ် ဘာအသုံးကျလဲ။
ဒါပေမဲ့လည်း သူတို့က သာမန်လူတွေပဲလေ။ ဒီလို ကြောက်စရာနဲ့တွေ့ရင် သေအောင်ကြောက်မှာကလည်း သဘာဝပါပဲ။
ရှီရှန်းကျင်း ဘာမှမပြောဘဲ သူတို့ကို ဘွန်ဆိုင်းပင်နဲ့ ပီချုးကိုသာ နဂိုနေရာ ပြန်ထားခိုင်းလိုက်ပြီး ဖိုင်တွေကိုတော့ သူနဲ့အတူယူသွားသည်။
ဒါရိုက်တာဝမ်က အစက ကျောင်းအုပ်ခွင့်ပြုချက်ကို မေးချင်ပေမဲ့အဆုံးကျ သူ ဘာစကားမှကို ထွက်မလာခဲ့တော့ပေ။
သူတို့ ကျောင်းအုပ်အခန်းက ထွက်လာတာနဲ့ နင်မုန့် ရှီရှန်းကျင်း နောက်ကနေ ကပ်လိုက်ကာ ရှီချီကို ပြောလိုက်သည်။ “ခုတင် သရဲတစ်ကောင်ရှိခဲ့တာ မြေးသိလား နောင်ကျ ဦးလေးဆီကနေ သင် ဒါမှ ဘွားကို ကာကွယ်ပေးနိုင်မှာ”
ရှီချီလေးက ချက်ချင်း ခေါင်းညိတ်ပြလာသည်။
သရဲက ဘယ်မှာလဲဆိုတာ သူ မမြင်ပေမဲ့ အခြေအနေအရ ဦးလေးကလည်း သူ့ကိုဖုံးထားယ့်ပုံမျိုး မရှိနေပေ။
သူလည်း အသံတစ်သံ ကြားလိုက်ရသလို သရဲမ ဆိုတာကိုလည်း ချက်ချင်း ခန့်မှန်းလိုက်နိုင်သည်။ မမြင်နိုင်တာ နှမြောစရာပင်။
ရှီရှန်းကျင်းက ပြောသည်။ “မင်းအဖေပေးခဲ့တဲ့ ကျောက်စိမ်းကို ဘယ်သွားသွားဆောင်သွား လွှင့်မပစ်နဲ့ အရေးပေါ် ကိစ္စတွေဆို အဲဒါက မင်းကို ဘေးမဖြစ်အောင် ကာကွယ်ပေးလိမ့်မယ်”
“နားလည်ပါပြီ”
ဈာပနာ ခန်မးတွေမှာ ဒီကျောက်စိမ်းတွေကိုသုံးကြတာက ဘေးကင်းပြီး တိတ်ဆိတ်တဲ့လေထုကို ထိန်းသိမ်းဖို့ဆိုတာကို ရှီချီသိသည်။
ဟောလမ်းက မီးတွေက ချွတ်ယွင်းနေဆဲပင် သရဲမက ဘာလုပ်မလဲမသိသလို သူမ အကြီးဆုံးသားနဲ့ သူမ မြေးလေး ဘေးမှာရှိတာတောင် နင်မုန့် ဟောလမ်းကို လျှောက်တော့ ကြောက်နေမိသေးသည်။
ပြီးတော့ သူမကြောက်ပြီဆိုတာနဲ့ တုန်လာရော။
ရှီချီက အမှောင်ထဲမှာ သူ့အဘွားကို ကြည့်ပြီး တွေးလိုက်မိသည်။ ‘အဘွားက အအေးကြောင့် တအား အားနည်းသွားတာနေမှာ ဒီရက်တွေ တော်တော်တုန်တာပဲ’
သူတို့နောက်က လူတစ်ယောက်က “မစ္စတာရှီ!” လို့ခေါ်လာခဲ့သည်။
ဒါရိုက်တာဝမ် ဖြစ်သည်။
သုံးယောက်သား ပြိုင်တူ ခေါင်းလှည့်ကြည့်လိုက်ကြပြီး အပြင်က လရောင်ဖျော့ဖျော့ကြောင့် ဒါရိုက်တာဝမ်ရဲ့ ခပ်ဝဝကိုယ်ကြီးက ထိုနေရာမှာ ရပ်နေတာကို မြင်လိုက်ရသည်။
“မစ္စတာရှီ ခင်ဗျား တစ်ခုခု မေ့ကျန်ခဲ့တယ်” သူက ပြောလိုက်သည်။
ဒါရိုက်တာဝမ်က လျှောက်လာမယ့်ပုံမပေါ်တာကြောင့် ရှီရှန်းကျင်း မျက်မှောင်ကြုတ်ကာ တစ်လက်မမှမရွေ့။
နင်မုန့်မေးလိုက်သည်။ “ဘာလို့ သူ့ဘာသူ မလာတာလဲ။ ငါတို့ကို လာယူစေချင်နေတာလား။ အိမ်မက်မက်နေလိုက်..”
ရှီရှန်းကျင်းက အသံတိုးကာ “အမေ ဂရုစိုက် အဲကိုမသွားနဲ့”
သူအသံက နည်းနည်း စိတ်ရှုပ်နေသလို နင်မုန့် သူပြောချင်တာကို နားလည်ဖို့ လုပ်နေစဉ်မှာပဲ သူမ ခေါင်းက စနစ်ကလည်း ထအော်သည်။ “အဲကိုမသွားနဲ့”
နှစ်ယောက်လုံး ပြိုင်တူ အကြံပေးလာတော့ သူမ ပိုတောင် ကြောင်သွားကာ မေးလိုက်သည်။ “ဘာဖြစ်တာလဲ”
စနစ်က “သူ့ခြေဖနောင့်တွေကို ကြည့်လိုက်”
နင်မုန့် ကြည့်လိုက်သည်။
သူမ အမြင်အာရုံက အကောင်းဆုံးတော့ မဟုတ်ပေမဲ့ အကြမ်းဖျင်းလောက်တော့မြင်ရသလို သူတို့ အဝေးကြီးလည်းမရောက်သေး။
ဒါရိုက်တာဝမ်က သူ့နေရာမှာပဲ ရပ်နေကာ သူ့အမူအရာကလည်း မသိသာပေ။ နောက်ပြီး သူ့သွင်ပြင် အကုန်လုံးကလည်း တူတူဖြစ်နေသည်။ ဒါပေမဲ့ သေချာထပ်ကြည့်မယ် ဆိုရင်တော့ သူခြေဖျားထောက် ရပ်ထားတာကို တွေ့နိုင်လိမ့်မည်။
ခြေဖနောင့်က ကြမ်းပြင်ကိုထိမနေဘဲ သူ့ကြည့်ရတာ မမြင်ရတဲ့ဒေါက်ဖိနပ်ကို စီးထားပုံရသည်။ ပြီးတော့ သူက ထိုနေရာမှာပဲ ဆက်ရပ်နေတာ။
ဒါရိုက်တာဝမ်က ဆက်ပြောသည်။ “မစ္စတာရှီ လာခဲ့”
နင်မုန့် သူမ ဦးရေပြားတွေ ထုံပြီး ကျောရိုးထဲထိ စိမ့်တက်ပြီး အေးလာတာကိုသာ ခံစားလိုက်ရတော့သည်။

အဘွား ကြည့်ရတာ သရဲတွေကို နည်းနည်းကြောက်တဲ့ပုံပဲ
ဒါပေမဲ့ သားတော့ မကြောက်ဘူး။
ဆိုတော့ နောင်က သားက သူ့ကို ကာကွယ်ပေးမှာ။
—-ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—

စာရေးဆရာမှာ ပြောစရာရှိပါတယ်
အချစ်ကလေးတို့.. တစ်ယောက်ယောက်ရဲ့ခြေဖနောင့်က ကြမ်းပြင်ကို ထိမနေဘူးဆိုတာ ဘာကိုဆိုလိုလဲ သိကြလား။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset