RENH အပိုင်း ၁၃

အခန်း ၁၃ အဘွားက မင်းကိုပဲ မှီခိုရမှာ
ရှီရှန်းကျင်းက ဘာမှန်းမသိတဲ့ ရိုးရှင်းတဲ့စကားတချို့ကို ပြောလာခဲ့သည်။
ဒါပေမဲ့ နင်မုန့် တုလီ ရှေ့ကို လျှောက်လာတာကို မြင်လိုက်ရသည်။
ကြောက်နေလို့နေမည် ရှီချီက အဝေးကြီး မလျှောက်ခဲ့ချေ။
တုလီကလည်း ပိုတောင် တုန်လို့နေသည်။
သရဲက ရှီချီကို ကြောက်နေတာများလား။
နင်မုန့် လျှို့ဝှက်ချက်တစ်ခုကို တွေ့သွားသည်။ နောင်ကျ သူမ သူမရဲ့မြေးပေါင်တွေကို ဖက်တွယ်ပြီး အခွင့်ထူးခံရမည်။
ရှီချီ ခြေလှမ်းတွေက တအားကို သေးငယ်ပြီး အလွန့်ကိုမှ သတိရှိလှသည်။
ရှီရှန်းကျင်းက သေချာကြည့်လို့နေကာ တိတ်တိတ်လေး ခေါင်းညိတ်လို့နေသည်။ ရှီမိသားစုမှာဆို ရှီချုံနဲ့ ရှီဟွယ်က တအားကို မစဉ်းမစားဘဲ လုပ်တတ်သလို သတိလည်းမမူကြပေ။ ပြီးတော့ ထိုမောင်နှမက မောက်မာသလို ရိုင်းလည်းရိုင်းကြသည်။
ဖုန်းရွှေ စည်းမျဉ်းမှာ မောက်မာတာနဲ့ ဂရုမစိုက်တတ်တာက ကပ်ဘေးရဲ့ရှေ့ပြေးနိမိတ်တွေ ဖြစ်သည်။
အခု သူ့မှာ သားသမီးမရှိသလို နောင်ကျလည်း ရှိလာတော့မှာ မဟုတ်တာကြောင့် ရှီကလန်ရဲ့အနာဂတ်က ဆက်ခံသူကို နောင်မှဆွေးနွေးဖို့လုပ်ထားတာဖြစ်သည်။ ဆက်ခံသူဆိုလို့ ရှီချုံနဲ့ ရှီဟွယ်သာ ရှိပေမဲ့ နှစ်ယောက်လုံးကို သူအားမရ။
တစ်ဖက်မှာတော့ ရှီချီက မတူချေ။ တချိန်တည်းမှာပဲ သူနဲ့ပက်သက်ပြီး သူ့ကို စိတ်မအေးအောင် တစ်ခုခုက လုပ်လို့နေသည်။
သူ ရှီချီကို မိသားစုဝင်အဖြစ် သတ်မှတ်ပြီးပြီဆိုပေမဲ့ သူ့ရဲ့ ဂမ္ဘီရဉာဏ် စစ်ဆေးမှုက နှမြောစရာ ဖြစ်သည်။
သူ့အသက် မွေးနေ့နဲ့ တတိယညီလေး မွေးထားတဲ့အချိန်အရ ရှီချီက ကျားနှစ်မှာ မွေးတာဖြစ်သည်။ သူရဲ့လက္ခဏာရှစ်ရပ်အရ သူက မိဘမဲ့ဖြစ်မှာ ဖြစ်သလို အိမ်ထောင်ရေးကလည်း မအောင်မြင်၊ ဆွေမျိုးသားချင်းကလည်း မရှိသလို သူ့သက်တမ်းကလည်း တိုလှသည်။
အခုကတော့ အတိအကျကို ဆန့်ကျင်ဘက်ဖြစ်တာကို ပြနေသည်။
သူ့အမေ သူ့အပေါ်ထားတဲ့ သဘေားထားကို ကြည့်မယ်ဆိုရင်ပဲ ဆွေမျိုးသားချင်း မရှိဘူးဆိုတာကိုက မှားနေပြီ။
ဂန္ဘီရဉာဏ်နဲ့ လက်တွေ့ကလည်း လုံးဝ ကွဲပြားတာမို့ တစ်ခုခုရှိနေနိုင်သေးသည်။
ရှီရှန်းကျင်း သက်ပြင်းချလိုက်သည်။ ဖြစ်နိုင်တာက သူ့မှာ ဘာစွမ်းရည်မှ မရှိတာလည်း ဖြစ်နိုင်သည်။ သူ့ဂန္ဘီရဉာဏ်က ဘာအမှားရှိနေမှန်း မသိတာမို့ သူ ဒီတိုင်းစိုက်ကြည့်ရုံသာ တတ်နိုင်သည်။
သူ အတွေးနက်နေတုန်းမှာပဲ ရှီချီက တုလီရှေ့ကို ရောက်နေပြီပင် ဒါပေမဲ့ သူက ရှေ့ကို ဆက်မသွားတော့ပေ။
တစ်ခုခုက အရင်နဲ့ မတူတော့ဘူးဆိုတဲ့ ခံစားချက်ကြောင့် သူ့အသိစိတ်က သူ့ကိုရပ်ခိုင်းထားတာ ဖြစ်သည်။
ရှီချီ အလိုလို ခေါင်းလှည့်ကြည့်လာခဲ့သည်။
နင်မုန့်က ပြုံးကာ လက်ပြပြီး သူ့ကို ဆက်သွားဖို့ ညွှန်ပြလိုက်သည်။
ဒါပေမဲ့ တကယ်တမ်းက သူမ စနစ်နဲ့စကားပြောနေတာပင် “နင် အတိအကျ ယင်ယန် မျက်လုံးကို ဘယ်လိုဖွင့်နိုင်တာလဲ ဒီလိုဖြစ်နေတာတောင် ကြွက်ပေါက်လေးက သူမကို မမြင်နိုင်သေးဘူးလေ ကလောင်နတ်သမီးနဲ့ ဆက်သွယ်လို့ ရအောင် လာစေချင်နေတာလား”
စနစ်က “အချိန်ကျလာရင် မင်းနားလည်လာပါလိမ့်မယ်”
နင်မုန့်က “အခုကစပြီး ငါဘယ်သွားသွား သူ့ကိုခေါ်သွားတော့မယ် အဲလိုမှ ငါ သရဲတွေကို မတွေ့တော့မှာ”
လက်ရှိ သူမက အဘွားအိုဖြစ်နေတာကို တွေးမိကာ တကယ်လို့ သူမ သေချာအာရုံမစိုက်ဘူးဆို ကောင်းကင်ဘုံကို တန်းသွားလိုက်ရလိမ့်မည်။ ဆိုတော့ သူမ သေချာ သတိထားမှဖြစ်မည်။ အရင်က ဒီ နဂိုအဘွားအိုက သရဲနဲ့တွေ့ပြီး တန်းသေသွားတာ ဆိုတော့ သူမ အဲအဘွားလို တူညီတဲ့ လမ်းစဉ်မျိုး လိုက်လို့မဖြစ်ဘူး။
တကယ်တမ်း ထိုနဂိုအဘွားအိုက သူမ ဘဝကို ကျေနပ်အောင် ဘယ်လိုနေသင့်လဲဆိုတာ မသိဘူးဟု သူမ ထင်သည်။
ရှီချီက အောက်နှုတ်ခမ်းလေး ကိုက်ပြီး သူ့ကိုယ်သူရှေ့ကို သွားဖို့ တွန်းအားပေးကာ သွားလိုက်ပေမဲ့ သူခြေထောက် ချလိုက်ချိန်မှာပဲ တစ်ခုခုကို ထိသွားသလို ဖြစ်သွား၏။
ကံကောင်းချင်တော့ သူကြိုတင်ပြင်ဆင်ထားလို့ နည်းနည်းလောက် ထိပြီးတာနဲ့ ပြန်ထိန်းကာ နောက်ကို ခြေလှမ်း ပြန်ဆုတ်လိုက်တော့သည်။
တုလီက ပိုတောင် သနားဖို့ ကောင်းလာတော့သည်။
လျှာအရှည်ကြီးထုတ်ပြီး စူးစူးဝါးဝါးအော်ကာ ရှီရှန်းကျင်း နောက်မှာမို့ ပါးစပ်ကို ပြန်အုပ်လိုက်ရပြန်သည်။ သူမ လျှောက်လည်း မသွားနိုင်တာကြောင့် နေရာမှာတင် တုန်ယင်နေတော့သည်
ဒီကလေးလေးကို သူမ တကယ်ကြောက်သည်။
ဒါပေမဲ့လည်း သူမရဲ့တစ်နေရာက ပြောနေတာက သူ့ကိုမြန်မြန်စားလိုက် သူ့အရေခွံကိုခွာပစ်လိုက်…
တုလီက ရှီချီကို ဆာလောင်နေတဲ့အမူအရာနဲ့ ကြည့်နေပေမဲ့ သူမ သွားလည်းမသွားနိုင် တအားကို ရှုပ်ထွေးနေသည်။
ရှီချီ သူ့ခြေထောက်က တစ်ခုခုကို ထိလိုက်တာကို သေချာခံစားမိသလို ရိုးရှင်းစွာ ခြေထောက်ပြန်ရုတ်ပြီး နင်မုန့်ဘေးကို သွားလိုက်သည်။ ရှေ့ကို ဆက်မသွားချင်တော့သလို ပုံစံမျိုးနဲ့ ဖြစ်သည်။
နင်မုန့်က ရယ်ချင်စိတ်ကိုအောင့်ကာ သူ့ကျောလေးကို ပုတ်ပြီး “ငါ့ရဲ့တော်လွန်းတဲ့မြေးလေး တအားကြောက်သွားမှာပဲ”
ရှီချီ သူမကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။
သူ့အဘွားက ငါ့ရဲ့တော်လွန်းတဲ့မြေးလေးလို့ ခေါ်လိုက်တိုင်း ဘာလို့လဲမသိ သူကြောက်မိသည်။
ရှီရှန်းကျင်းက “အမေ” လို့ခေါ်လာတော့သည်။
နင်မုန့် သူ့ကို ကြည့်လိုက်တော့ သူက “အခုက စပြီး နေ့တိုင်း သူ့ကို စံအိမ်ကို လာခိုင်းပါ”
ရှီချီက ကောင်းမွန်တဲ့ ပျိုးပင်လေး ဖြစ်သည်။ သူ့ကို ဘယ်လိုပျိုးထောင်နိုင်မလဲဆိုတာ သူကြိုးစားကြည့်ရမည်။ တကယ်လို့ ဒီကလေးသာ ရှီမိသားစုကို အကျိုးအမြတ် ယူပေးနိုင်မယ်ဆိုပါက အကောင်းဆုံးဖြစ်မည်။
နင်မုန့်က သဘောတူမလို့ရှိသေးသည်။ ရှီချီက သူမလက်ကို ဆွဲလာပြီး ငြင်းဆန်မှုတွေ ပြည့်နေတဲ့အကြည့်နဲ့ ခေါင်းခါပြလာခဲ့သည်။
ထိုမှသာ သူမလည်း ကြွက်စုတ်လေး ၂ ကောင် ထိုအိမ်မှာ ရှိနေသေးတာကို သတိရတော့သည်။
တကယ်လို့ ရှီချုံနဲ့ ရှီဟွယ်သာ အနိုင်မကျင့်ရင် ဝတ္ထုထဲကလို သူပြောင်းလဲသွားမှာ မဟုတ်ဘူး။
မျက်မှောင်ကြုတ်ကာ “ရှီချုံနဲ့ရှီဟွယ်ကို သူနဲ့ခွဲထား”
ရှီရှန်းကျင်း ခေါင်းညိတ်ပြသည်။ “ဒီသား သိပါတယ်”
နင်မုန့်က ရှီချီကို “ပင်မအိမ်မှာ ကောင်းတာတွေ အများကြီးရှိတယ် အဘွားမြင်ရအောင် တချို့တလေယူခဲ့ နောက်ဆုံးတစ်ခါ အဘွား အဲမှာ သရဲတစ်ကောင်နဲ့တွေ့လာတ သားသွားပြီး ဘွားအတွက် တရားမျှတမှု ရှာလာခဲ့”
ရှီချီ “…..”
ဘာလို့ သူ့ အဘွားက သူ့ကို တရားမျှတမှုရှာပေးရမယ် ဆိုတဲ့စကားကို ပိုဖိပြောနေရတာလဲ။
“၁၇ နားလည်ပါပြီ” သူ နာခံစွာ တုံ့ပြန်လိုက်သည်။
နင်မုန့် အပြုံးက နားရွက်တက်ချိတ်တော့မလို သူ့ခေါင်းလေးကို ပွတ်လိုက်သည်။ “အိုက်ယိုး ငါ့ရဲ့တော်လိုက်တဲ့မြေးလေး..”
ရှီချီ တုန်ယင်ပြီးသာ တုံ့ပြန်လိုက်တော့သည်။
အပြင်က ဒါရိုက်တာဝမ်က ပြန်လာခဲ့သည်။
လက်ထဲမှာ ဖုန်းကိုင်ထားပြီး အတန်းထဲမှာ ရှိနေတဲ့အရာကြောင့် ခုထိကြောက်နေဆဲ ဖြစ်သည်။ ဆိုတော့ ဖြည်းဖြည်းချင်း တလှမ်းချင်း ရှီရှန်းကျင်းဘေးရောက်လာတဲ့ထိ လျှောက်နေမိသည်။
“မစ္စတာ ရှီရဲ့ အကြံကိုနားလည်တာမို့ ခေါ်သွားပေးဖို့ပြောလိုက်ပါတယ်”
ရှီရှန်းကျင်း မျက်နှာသေနဲ့ ခေါင်းညိတ်ပြကာ နင်မုန့်ကိုသာလာတွဲလိုက်သည်။
ဒါရိုက်တာဝမ်နဲ့ လျိုကျီက ရှေ့က ဦးဆောင်သည်။
လမ်းမှာ ဒါရိုက်တာဝမ်က ဆက်တိုက်ပြောလို့နေသည်။ “တော်တော်တောင်ကြာနေပြီ ကျောင်းအုပ်က ခုထိ တချို့ ကိစ္စတွေကိုမှတ်မိသေးပေမဲ့ အရင်ဆု့း အခြေအနေကိုတော့ အကဲမခတ်နိုင်သေးဘူး”
သူ စစချင်းမြင်တဲ့ အဲနှစ်ကပျောက်နေတဲ့အချက်အလက်တွေကို ကျောင်းအုပ်ကယူသားပြီး သူ့ရုံးခန်းထဲက မီးခံသေတ္တာထဲ သော့ခတ်သိမ်းထားသည်။
ကံကောင်းချင်တော့ ကျောင်းအုပ် သော့ အပိုရှိနေသေးလို့
သူတို့ ထွက်လာတော့ နေက နွေးနေပြီပင် ရှီရှန်းကျင်းက သူမ အတွက် တစ်ခုခုလုပ်ပေးလိုက်တာနေမည် သူမ မပူတော့။
ပူအိုက်နေတဲ့ နွေမှာချွေးမထွက်တာက တအား သက်သောင့်သက်သာရှိလှသည်။
နင်မုန့် ရဲ့ ပျော်ရွှင်နေမှုကြောင့် သူမလမ်းလျှောက်တာလည်း ပိုမြန်လာသလို ရှီချီကလည်း စတင်ပြီး ပိုမြန်မြန်လျှောက်လာရတော့သည်။
ဒါရိုက်တာဝမ်က လမ်းတဝက်မှာသော့ကိုယူလာပြီး ကျောင်းအုပ်ရုံးခန်းကို ပြန်လမ်းပြရပြန်သည်။ သူတို့ ကျောင်းအုပ်အခန်းကိုရောက်တာနဲ့ အခန်းထဲ ရှိနေတာတွေက နင်မုန့်ကို လန့်စေသည်။
သူမ ကျောင်းအုပ်ရုံးခန်းတစ်ခုကို မြင်ဖူးပေမဲ့ ဒီလိုမျိုးကတော့ ပထမဆုံးမြင်ဖူးတာပင်
တံခါးနောက်မှာ မှန်တစ်ချပ်ချိတ်ထားသည်။ အပေါ်မှာက လက္ခဏာ ၅ ခုနဲ့ တာအို ၈ ခုပင်။
ရုံးစားပွဲပေါ်မှကျ ကျောက်စိမ်း ပီချုး တစ်ခုရှိပြီး အဲကျောက်စိမ်းအရောင်က ထိပ်တန်းအရည်အသွေးရှိမယ့်ပုံလို တောက်ပြောင်လို့နေသည်။
ရှီရှန်းကျင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ဒါရိုက်တာဝမ်ကတော့ မြင်နေကျမို့ထင်သည် သိပ်မတွေ့ ရှီရှန်းကျင်း နှာခေါင်းရှုံ့တာ ကြားတော့ သူရှေ့ကိုဆက်မလျှောက်ရဲတော့ပဲ ကြောက်လန့်တကြား မေးလာသည်။ “ပြဿနာတစ်ခုခုရှိလို့လား”
ရှီရှန်းကျင်းက တစ်ချက်ဝေ့ကြည့်ပြီး “မှန်ကို အဝေးကိုပစ်လိုက် ပီချုးနဲ့ စားပွဲအောက်က မိုးမခပင် ကိုင်း ကော ဒီမှာ မထားခဲ့နဲ့”
ဒါရိုက်တာဝမ် အနည်းငယ်ရှက်သွားကာ “ဒါ…ဒါပေမဲ့ ဒါက ကျောင်းအုပ်ရုံးခန်း…”
သူ့လို ဒါရိုက်တာ သာသာက ကျောင်းအုပ်ပစ္စည်းတွေကိုထိရဲမှာလဲ သူ့ကိုခက်ခဲအောင်လုပ်နေတာမဟုတ်ဘူးလား
ဒါပေမဲ့လည်း လျိုကျိက “မစ္စတာ ရှီက လူတွေကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ ကောင်းဖို့ပဲနေမှာပေါ့ မြန်မြန်ယူလိုက် မဟုတ်ရင်…”
ဒါရိုက်တာဝမ်လည်းသက်ပြင်းချကာ စားပွဲပေါ်က ပစ္စည်းတွေကိုယူလိုက်သည်။ ဒါပေမဲ့ ညွှန်ကြားသလို ပစ်လိုက်တာမျိုးတော့ မလုပ်ဘဲ ရုံးခန်းထောင့်မှာသာ သွားထားလိုက်သည်။
နင်မုန့်က စနစ်ကို မေးလိုက်သည်။
စနစ်က “ဒါတွေအကုန်လုံးက မကောင်းဆိုးဝါးဝိညာဉ်ကို မောင်းထုတ်ဖို့သုံးတာပဲ ဒီကျောင်းအုပ်က ထင်ထားသလောက်မရိုးရှင်းဘူးပဲ ဖြစ်နိုင်တာက သူမတော်တဆကို ကြုံထားပြီးသားနေမှာ”
နင်မုန့် စိတ်ရှပ်သွားကာ “အာ့ဆို ဘာလို့ အပြင်ကို ပစ်ခိုင်းတာလဲ”
စနစ် အသံက နည်းနည်းရှက်သွားသလို “ငါလည်း မသိဘူးလေ….မင်း အကြီးဆုံးသားက င့ါထက်တောင် ပိုအံဩဖို့ကောင်းတာကို”
နင်မုန့် မျက်စောင်းထိုးကာဘာမှမပြောတော့
ရှီရှန်းကျင်းမှာလည်း သူ့ကိုယ်ပိုင်အကြံရှိလောက်သည်။
ခရီးကို ရှေ့နောက် အပြန်အလှန်သွားထားရတာ တအားကြာနေပြီဖြစ်သလို ကောင်းကင်ကလည်းမှောင်မဲလာပြီပင် ရှီရှန်းကျင်းကလည်း ပြန်မယ့်အရိပ်အယောင်မရှိ အထိုအစား သူက ကျောင်းအုပ်ရုံးခန်းကအရာအားလုံးကို ရွှေ့လို့နေသည်။
အသုံးမဝင်တဲ့အရာတွေကို တောက်လျှောက်ရှာတွေ့သလို ဒါရိုက်တာဝမ်ကို ယူသွားခိုင်းလိုက်သည်။
အစက နင်မုန့် သူဘာတွေလုပ်နေလဲ နားမလည်ပေမဲ့ ဘာမှတော့မမေး ပြီးတော့သူမကလည်း တကယ့်အဘွားအိုမဟုတ်သလို သူမက ဘာမှလည်းမသိဘူးလေ။ ပယောက ချွတ်တယ်ဆိုရင်တောင် ကလောင်နတ်သမီးမဟုတ်ဘဲ သူမ ချွတ်ခံရမှာတော့ အရင်ဖြစ်လောက်သည်။
အကုန်ပြီးသွားမှ ရှီရှန်းကျင်း နောက်ဆုံး အံဆွဲကိုဖွင့်လိုက်တော့သည်။
ဒီနေ့ဒီတ်နဲ့တူညီတဲ့ လွန်ခဲ့တဲ့ ၈ နှစ်က သတင်းစာတစ်ခုပါတဲ့ ဖိုင်တစ်ခု အံဆွဲထဲရှိလို့နေသည်။
ရှီရှန်းကျင်း မျက်ခုံးတစ်ဖက်မြင့်လိုက်မိသည်။
သတင်းစာကို လှန်ကြည့်လိုက်ချိန်မှာပင် ပထမဆုံး သူ့မြင်ကွင်းထဲ ဝင်လာတဲ့မြင်ကွင်းက ကြောက်ဖို့ကောင်းနေတော့သည် အရောင်မပါတာတောင် တအားကို ကျောချမ်းစရာပင်
သတင်းစာ ခေါင်းစဉ်က “ကျင်းနန် တက္ကသိုလ် မိန်းကလေးအဆောင် ၁၄၅ မှာ မီးလောင်မှုတစ်ခုဖြစ်ပွါးပြီး တစ်ယောက်သေဆုံးကာ ကျန်တဲ့ ၃ ယောက် ဒဏ်ရာရ” ဟုပင်
နင်မုန့် မဖတ်နိုင်တာကြောင့် စနစ်က ပြောပြလာသည်။ “….ဆိုလိုတာက လွန်ခဲ့တဲ့ ၈ နှစ်က အဆောင်အိုမှာ မီးလောင်မှုတစ်ခုဖြစ်ပွါးပြီးတော့ လူ ၄ ယောက်မှာ တစ်ယောက်သေခဲ့တယ် ဒါပေမဲ့ နောက်လတွေမှာလည်း ဒဏ်ရာရတဲ့သူ ၃ ယောက်စလုံးမတူညီတဲ့ မတော်တဆတွေနဲ့သေခဲ့ကြတယ်”
သတင်းစာမှာတကယ့်ကိုထိုအတိုင်းရေးထားတာပင်
နင်မုန့် တုန်သွားတော့သည်။
သရဲကားတွေကြည့်တဲ့သူဆိုသိမှာပဲ သူမ ဘာသာမမြင်ရတာတောင် အဲကျန်တဲ့ အခန်းဖော်တွေကလည်း အသတ်ခံရတာပဲနေမှာ
နောက်ပိုင်း သရဲက စုချင်းချင်း အတန်းဖော်ရဲ့ကလောင်နတ်သမီးအဖြစ်ဆင့်ခေါ်တာခံရပြီးတော့ ဒီလိုထပ်သတ်ပြန်တာပဲ။
သူမ သတ်ရတဲ့နောက်ကွယ်က အကြောင်းအရင်းကသေချာပေါက် မကျေနပ်မှုကြောင့်ပင် အဲတုန်းက သူမ အခန်းဖော်တွေစီက ရတဲ့ မကျေနပ်မှုကြောင့်ဆိုတာလည်း သံသယမရှိနိုင်
ရှီချီက သူ့အဘွားကို ကြည့်လိုက်ချိန် သူမ ထပ်ပြီး တုန်ယင်နေတာမြင်တော့ ထပ်ပြီးအေးနေပြန်ပြီဟုထင်လိုက်မိသည်။ အဘွားကိုယ်က တကယ့်ကို သာမန်လူတွေနဲ့မတူပင်
ခနလောက်တွေးပြီးမှ သူမ လက်ကို ဂရုတစိုက်ပွတ်ပေးကာ နွေးအောင်လုပ်ပေးလိုက်သည်။
ဒါပေမဲ့ သူမ ကိုယ်ပိုင်အတွေးထဲ နစ်မြောနေတဲ့ နင်မုန့်ကတော့ ဒါကိုနည်းနည်းလေးတောင်သတိမထားမိ
ရှီရှန်းကျင်း နောက်ထပ်ဖိုင်တစ်ခုကိုထပ်လှန်လိုက်သည်။
ဖိုင်က သတင်းစာထက် အချက်အလက်တွေပိုပါသည်။ အစက ပုံတွေကို မီးလောင်ချိန် ရဲတွေရိုက်ထားတဲ့ပုံပင်။
ထို့နောက် ပုံတွေက မမှတ်မိနိုင်တော့တဲ့အခြေအနေကိုတောင် ရောက်နေပြီပင်။
ရှီရှန်းကျင်းအကြည့်တွေက ကျောင်းဖိုင်တွေပေါ်ရောက်သွားတော့သည်။
အပြင်က ကောင်းကင်က မှောင်မဲနေသလို ရှီရှန်းကျင်းကလည်း လက်ထဲကဖိုင်ကို ရုတ်တရက် တစ်ချက်တောင်မကြည့်ဘဲ လွှတ်ချလိုက်ကာ ခေါင်းမော့ပြီး “အမေ သားနောက်ကိုလာ”
“ဟမ်”
ရှီရှန်းကျင်းက အမူအရာမဲ့စွာ ထရပ်ပြီး ခြေလှမ်းကျဲတေနဲ့ ကော်ဖီစားပွဲကနေ သူမကိုလာတွဲသည်။
သူမ အကြီးဆုံးသားလက်ကိုတောင် မကိုင်ရသေးခင်မှာပဲ နင်မုန့် သူမ ဇက်ပိုးထက် လေအေးတစ်ခုကိုခံစားလိုက်ရတော့သည်။
ပြီးတော့ သူမ ချက်ချင်းတောင့်သွားတော့သည်။
ကျောင်းအုပ်ရုံးခန်းတံခါးကိုခုနကတင် ဒါရိုက်တာဝမ် ပိတ်ထားတာလေ လေက ဘယ်ကလာမှာလဲ။
ရှီချီလေးကို တစ်ချက်ကြည့်ပြီး နင်မုန့် သူ့လက်ကို တင်းတင်းကိုင်ကာ ရှီရှန်းကျင်းဆီ လျှောက်ရင်း တုန်ယင်နေလျက် သူမဘာသာတွေးမိတာက ‘အဘွား မင်းကိုပဲ မှီခိုရတော့မယ် ငါ့ရဲ့တော်လွန်းလှတဲ့မြေးလေး’

အဘွားငါ့ကို “တော်လိုက်တဲ့ ငါ့မြေးလေး”လို့ခေါ်တိုင်း ငါကြက်သီးထတယ်
—“ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—
——-
စာရေးဆရာမှာ ပြောစရာရှိပါတယ်
နင်မုန့် : င့ါရဲ့တော်လွန်းလှတဲမြေးလေးက ထန်းဆန်းအသားများလား

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset