RENH အပိုင်း ၁၂

အခန်း ၁၂ သူမက ကြီးမြတ်ပြီး ဂုဏ်ရှိတဲ့ မျှတမှုရှိတဲ့ အဘွားဖြစ်ချင်တာ။
ရှီရှန်းကျင်း ရှီချီကိုယ်လေးကို ကြည့်လိုက်သည်။
ရှီချီက နင်မုန့်ဘေးသွားရပ်နေပြီပင် မျက်နှာလေးရဲပြီး နင်မုန့် သူ့အဝတ်စားတွေကို ဖုန်ခါတာကို ခွင့်ပြုခိုင်းထားသည်။
နင်မုန့်က လက်တစ်ဖက်မြှောက်ပြီး ရှီချီ အဝတ်စားက ဖုန်တွေကို ဖယ်ပေးကာ ရယ်ချင်စိတ်ကို သည်းခံပြီး “ခုနက လဲသွားတာ နာလား နောက်ခါ သွားရင် သေချာသတိထား သွား”
ရှီချီခေါင်းခါကာ ဘေးကို တစ်ချက်ကြည့်ပြီး သိချင်စိတ်နဲ့။ “ဘွား…သား တစ်ခုခုကို တိုက်မိသလိုပဲ…”
‘သရဲတစ်ကောင်ကို တိုက်မိတာ’ နင်မုန့် တွေးလိုက်မိသည်။
ဒါပေမဲ့လည်း သူမ ပြောလိုက်တာက။ “အိုက်ယား အဲမှာ သားမမြင်နိုင်တဲ့ တစ်ခုခုရှိနေတာ လိမ်မာတယ် ဘွားနဲ့တူ ဘေးမှာရပ်နေ အဲကိုထပ်မသွားနဲ့တော့..”
သူမက သေချာရှင်းရှင်းလင်းလင်း မပြောသလို ရှီချီကလည်း သူမ ဆိုလိုချင်တာကိုနားမလည်ပေမဲ့ သူ့မှာ မှန်းဆချက် နည်းနည်းလေးတော့ရှိသည်။
သူ သရဲတစ်ကောင်ကို ဝင်တိုက်မိသလိုပဲ။
ရှီမိသားစုကို မရောက်ခင်တုန်းက အချိန်ကို မနေနိုင်ဘဲ ပြန်သတိရလိုက်မိသည်။ သူနဲ့သူ့အဖေ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တူတူ ကြုံခဲ့ရတာပင်။
ဖြစ်တာ သိပ်တောင်မကြာသေး သူ့အဖေကွယ်လွန်သွားတာပင်။ သူ့အဖေရဲ့ ဈာပနာအတွက် လိုတာပြင်ပေးတဲ့ ဦးလေးတစ်ယောက်ရှိပြီး သူက နောက်ညကျ စောင့်ပေးဖို့ နေဖို့ ဖြစ်လာသည်။
သူနေတဲ့နေရာကျ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်တော့ အကြောင်းက အပြင်မှာ တအားအန္တာရယ်များလို့ပင် လူတိုင်း သတိထားကြရသည် အထူးသဖြင့် ကလေးတွေပင် သူတို့ အပြင်မထွက်သင့်။
ညနေခင်း တအားပင်ပန်းထားတော့ ရှီချီက ငိုက်နေကာ အပြင်က အသံတစ်ခုက သူ့ကိုခေါ်နေတဲ့ထိပင်။
သူ့အခန်းလေးက တအားကို သေးပြီးတော့ လေတိုးသံက အစ ကြားရသည်။ လျှပ်စစ်မီးလည်း မရှိသလို ဖယောင်းတိုင်တစ်တိုင်သာ ရှိသည်။ ဒါပေမဲ့ ဖယောင်းတိုင်နဲ့ဆိုရင်တောင် အခန်းက မှောင်မဲနေပြီး မြင်ရဖို့ဝါးနေဆဲဖြစ်သည်။
အသံက သူ့ကို ဆက်တိုက်ခေါ်နေတာပင်။
အဲတုန်းက သူ ဘာမှမခံစားမိ ဖယောင်းတိုင်လေးကိုသာ ကိုင်ပြီး အပြင်ကို သွားကာ ထိုလူကို တုံ့ပြန်လိုက်သည်။
ဒါပေမဲ့ သူ့ကိုခေါ်တဲ့သူကို ပြန်တုံ့ပြန်ပြီးတော့လည်း သူပြန်အဖြေကို မရချေ။ ထိုအစား ထိုလူက သူ့ကို ထပ်တလဲလဲ ခေါ်နေတာပင် ထိုလူက ဘာတွေပြောနေမှန်းလဲ မသိသလို အသံကနေတောင် ထိုလူက ဘယ်သူမှန်း သူမသိပေ။
ဈာပနာခန်းမက အဖြူရောင်ပိတ်စက ရှေ့နောက် ယိမ်းထိုးနေပြီး ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ဖော်ပြလို့နေသည်။
သူ တံခါးအပြင်ကို ရောက်တဲ့ထိ အသံက သူ့ကိုခေါ်နေဆဲပင်။ ဒါပေမဲ့ ရှေ့မှာ သူဘယ်သူ့ကိုမှ မမြင် မှောင်မဲနေတဲ့ နောက်တံခါးကလွဲပြီး ဘာမှရှိမနေချေ။
ဒါပေမဲ့ သူအသံကိုတော့ သေချာကြားနေရသည်။
သူ့အသက်ငယ်ငယ်လေးနဲ့ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်နိုင်ပေ။ တစ်ခုခုမှားနေတာကိုတော့ သိနေသေးပေမဲ့ပေါ့။ အဲအသံက လေပြေနဲ့အတူလာပြီး သူ့နားထဲ ထပ်တလဲလဲ ကြားယောင်နေတော့သည်။
“ရှီ… ချီ…”
ရှီချီ တံတွေးမျိုချလိုက်မိသည်။ လက်ထဲက ဖယောင်းတိုင်ကိုလည်း ကျစ်ကျစ်ဆုတ်ထားမိရင်းပေါ့။ ထို့နောက် ပြန်လှည့်ဖို့ ဆုံးဖြတ်ကာ ပြန်ပြေးတော့သည်။
သူ လုံးဝ မထင်ထားတာက တစ်ခုခုက သူ့ခြေထောက်ကို လာဆွဲပြီး သူ ချက်ချင်း မြေကြီးပေါ် လဲကျသွားတော့တာပင်။ ဖယောင်းတိုင်ကလည်း ဘေးကို လွှင့်ပစ်မိသလို ဖြစ်သွားကာ ချက်ချင်း မီးသေသွားတော့သည်။
အမှောင်ထုက ချက်ချင်း ဝင်ရောက်လာသလို ထူးဆန်းတဲ့အော်သံကြီးသာ ကျန်တော့သည်။
ရှီချီ ကြောင်နေတုန်းမှာပဲ နာကျင်ဖွယ် ငိုသံကြီးကို ကြားလိုက်ရတော့သည်။ သူ တောင့်သွားသလို သူ့ခြေထောက်ကို ဆွဲထားတဲ့အရာကလည်း မရှိတော့တာကို ခံစားမိတာနဲ့ သူ ချက်ချင်း နောက်ကို ပြန်ဆုတ်လိုက်တော့သည်။
ဖယောင်းတိုင်မီးကလည်း မရှိတော့တာမို့ သူဘာမှ မမြင်ရသလို သူ့ရင်တွေသာ တအားခုန်နေတော့သည်။
ထိုအချိန် ကောင်းကင်ကလည်း မှောင်မဲနေသည်။ ရှီချီ သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းက ရုတ်တရက် ပူလာသလို အော်သံတစ်သံကိုလည်း ကြားလိုက်ရပြီး အေးစက်တဲ့လေက သူ့ကို ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။
ထိုနောက် သူ့နာမည်ကို ခေါ်နေတဲ့ အသံကလည်း ပျောက်ကွယ်သွားတော့သည်။
ရှီချီ သူ့မျက်ခွံတွေ လေးလံလာတာကို ခံစားမိသလို ထိုနေရာမှာပဲ လဲကျသွားတော့သည်။ နောက်တနေ့ကျ သူက ဝင်ပေါက်မှာ အိပ်နေတာကို တစ်ယောက်ယောက်က ရှာတွေ့ခဲ့သည်။
ထိုတစ်ညလုံး သူဝင်ပေါ်မှာ သတိလစ်နေခဲ့တာပင်။
ထိုကျောက်စိမ်းက သူ့အဖေ သူ့အတွက်ချန်ထားပေးခဲ့တာပင် ပြီးတော့ သူရှီမိသားစုကိုသွားတုန်းကလည်း တူတူယူသွားခဲ့တာအခု တွေးကြည့်တော့မှ အဲဒါက တအားအသုံးဝင်တာပင် သူ့ဦးလေးကလည်း အဲလို တူညီတဲ့ ကျောက်စိမ်းမျိုး သယ်သွားတာကို မြင်ဖူးခဲ့သည်။
နင်မုန့်က စနစ်ကို ထပ်ပြောလာသည်။ “ကြွက်ပေါက်လေးက အမြဲ ဒီလိုငိုင်နေမှာဆို မကောင်းဘူး”
စနစ်က “မင်းက သူ့အဘွားလေ ဘာလို့ သူ့ကို မသင်ပေးတာလဲ”
နင်မုန့်က ရှီချီ မျက်နှာလေးကို ဆွဲကာ “ဘာတွေတွေးနေတာလဲ ဘာလို့ ဒီအဘွားကို မပြောပြတာလဲ”
ရှီချီ သူ့မှတ်ဉာဏ်တွေထဲက ပြန်ထွက်လာပြီး အားတင်းပြုံးလာကာ မျက်လုံးထောင့်ကနေ သူ့ဦးလေး ခြေထောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဒီတစ်ခါသူတိုက်မိတာကလည်း အရင်တစ်ခါ သူကြုံတွေ့ခဲ့ရတာနဲ့ သိပ်မကွာဘူးလို့ သူခံစာားရသည်။
ဆရာရဲ့စားပွဲနားကနေ လျိုကျီက တိုးတိုးလေးကပ်ကာ “ဒါရိုက်တာဝမ်ကိုဘာလုပ်ကြမလဲ..”
ဒါရိုက်တာဝမ်က ခုနက မေ့လဲသွားပြီး ခုထိ နိုးမလာသေးပေ။ တကယ်လို့ သူသာ သရဲကို အာရုံစိုက် မနေမိဘူးဆို သူလုံးဝ မေ့နေမှာပင်။
ရှီရှန်းကျင်းက “သူ့ကို ဆွဲဆိတ်ပြီး နှိုးလိုက်..”
လျိုကျီက ပဆစ်ဒူးတုတ်ထိုင်ပြီး စိတ်ထဲကြိတ်ပျော်နေမိသည်။ ထိုလူကို ဆိတ်ဆွဲပြီး စက္ကန့်ပိုင်း တော်တော်ကြာမှ ဒါရိုက်တာဝမ်က “အား..”လို့ အော်ကာ နိုးလာတော့သည်။
“ဘာဖြစ်တာလဲ ဘာဖြစ်သွားပြီလဲ” လျိုကျီက ဒါရိုက်တာဝမ်ထရပ်လို့ရအောင် ကူပေးလိုက်သည်။
လျိုကျီက သူ့ကိုဖြေပေးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး မစ္စတာရှီ ခုထိမေးနေတုန်း..”
ရှီရှန်းကျင်း ဘာကြားလဲဆိုတာ သူ မသိ။ ဒါပေမဲ့ သူ့အဖြေကနေ ဒီအဖြေကို ကြားလိုက်ရသလို သရဲက ဒီတစ်ကြိမ် နောက်ကွယ်က တရားခံဆိုတာတော့ အတည်ပြုနိုင်လိုက်ပြီပင်။
သရဲက တကယ်ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ သေချာသိပေမဲ့ ဒီ မစ္စတာရှီက လေကို စကားပြောနေကာ ထိုပုံစံက တကယ်ကြောက်ဖို့ ကောင်းလွန်းလှသည်။
သူ ကွန်မြူနစ်ပါတီထဲ ဝင်ဖို့တောင် တွေးနေမိသည်။
ဒီတစ်ခါတော့ တုလီက ပိုပြီးကိုယ်ကို ကျုံ့လာခဲ့သည်။
သူမက ကလေးဆီ သွားချင်သလို သွားလည်းမသွားရဲပေ။ သူမ ပုံစံက ပိုတောင် သနားစရာ ကောင်းလာပုံရသည်။။
ရှီရှန်းကျင်းက ဒီကိစ္စကိုသေချာပြန်အာရုံစိုက်ကာ ခေါင်းငုံ့ပြီး။ “သေချာရှင်းပြ..”
ဒီတစ်ခါတော့ နင်မုန့်က သူတို့ နားရပ်နေတာမို့ သူတို့ပြောတာရဲ့ လိုရင်းကို ကြားနိုင်သည်။
တုလီအသံက အနည်းငယ် အက်ကွဲနေသလို သူမ လျှာကိုလည်း စကားပြောလိုက်ရင် တော်တော်ရှည်ရှည် ထုတ်ထားတာပင် စကားပြောလိုက်ရင်လည်း စကားတွေက မရှင်းလင်း သူမက လက်တစ်ဖက်ထုတ်ပြီး သူမ လျှာကို ပြန်ထည့်ကာ ဆက်ပြောလာသည်။
“ကျွန်မ မှတ်မိတာဆိုလို့ အဲအချိန် အတန်းထဲကို ဝင်လာတုန်းက တံခါးက ရုတ်တရက် ပိတ်သွားပြီးတော့ ဘာဖြစ်သွားလဲမသိဘူး မီးတွေလည်း ဖွင့်လို့မရတော့သလို အပြင်မှာ နေ့ခင်းဘက်ကြီး ဖြစ်နေတာကို အတန်းက ချက်ချင်း မှောင်မဲသွား…”
“တံခါးခေါက်နေတုန်းမှာပဲ ရုတ်တရက် နောက်ကနေ အေးစက်စက်တုတ်ချောင်းတစ်ခုကို ခံစားမိလိုက်တာ ပြီးတော့ ကျွန်မကိုယ်ကြီး အပေါ်ကိုတက်သွားတာပဲ ပြီးတော့ လက်သည်းတွေက ကျွန်မ လည်ပင်းကို ခြစ်နေသလို ခံစားမိပြီး.. ခေါင်းတောင် လှည့်လို့မရတော့ဘူး”
“ကျွန်မ ခေါင်းငုံ့လိုက်တော့ အမာရွတ်တွေအများကြီးနဲ့ မီးလောင်ထားတဲ့လက်တစ်ဖက်ကိုပဲမြင်လိုက်ရတာ အဲဒါကတကယ်ကြောက်ဖို့ကောင်းတယ်.. နောက်ပိုင်းတော့ ဘာတွေဖြစ်သွားလဲ ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မ နိုးလာတော့ ကျွန်မက ဒီအတန်းထဲမှာပဲ ကျွန်မရဲ့ခန္ဓာကိုယ်ကို ငေးနေခဲ့တာ”
နင်မုန့် နားထောင်လိုက်ပြီး ကြက်သီးတွေ ထလာတော့သည်။
ရှီချီလက်ကို တင်းတင်းကိုင်ထားပြီး ခုံတစ်လုံးမှာထိုင်နေတာပင် သူမမျက်နှာက မျက်နှာသေနဲ့ ဆိုပေမဲ့ ရင်ထဲမှာတော့ သူမ နှလုံးသားကြီးခုန်ထွက်တော့မလိုပင်။
တုလီက တကယ့်ကို ဆိုးဆိုးဝါးဝါး သေခဲ့တာပင်။
ရှီချီ သူ့လက်လေးကိုတိတ်တိတ်လေးခိုးကြည့်လိုက်တော့ သူ့အဘွားသူ့ကိုကိုင်ထားတာက ပိုတောင် တင်းလာပုံရသည်။ ဘာလို့လဲတော့ သူမသိပေ။
တိတ်တိတ်လေး မေးလိုက်မိသည်။ “ဘွား ဘာဖြစ်လို့လဲ”
နင်မုန့် အသိဝင်လာကာ တံတွေးမျိုချပြီး။ “အဘွား အေးသလိုခံစားရလို့ပါ”
ရှီချီ မျက်လုံးပြူးသွားတော့သည်။ စာသင်ခန်းက ပိတ်လှောင်နေတာကို ဘယ်လိုလုပ် အေးမှာလဲ…
စနစ်ကသူမကို “မင်းလိမ်မယ်ဆိုလည်း အကြောင်းပြချက်ကောင်းကောင်းတော့ရှာပေါ့”
နင်မုန့် ပြောလိုက်သည်။ “အိုက်ယား အဲကြွက်စုတ်လေးကခုထိ ငယ်သေးတာ ဘာဖြစ်တာလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ သူ့အဘွားက သရဲတွေကို ကြောက်တယ်ဆိုတဲ့ ပုံစံမျိုးမပြချင်ပါဘူး ငါက ကြီးမြတ်ပြီး ဂုဏ်ရှိတဲ့ တရားမျှတမှုရှိတဲ့ အဘွားပဲဖြစ်ချင်တာ”
“အာ့ဆို မင်းရည်မှန်းချက်တွေရောက်ဖို့ အများကြီး ကြိုးစားရဦးမှာပဲ” စနစ်က တိတ်တိတ်လေး ပြန်ရန်တွေ့လာတော့သည်။
နင်မုန့် သရဲတွေကို တကယ်ကြောက်တာပင် သူမ အတန်းဖော်က သရဲကားကြည့်တဲ့အသံ ကြားတာနဲ့တောင် လန့်နေတာ ပြီးတော့ အပြင်က နည်းနည်းလေးဆူတာနဲ့ သူမ သေအောင်ကြောက်နေပြီ။
တစ်ခါ သူမ အတန်းဖော်က သူမ အိမ်ပြန်ရောက်တော့ စပရိုက်စ်လုပ်မလို့ဆိုပြီး စီစဉ်ဖူးသည်။ အခန်းက လုံးဝမှောင်မဲနေသည်။
သူမ မီးတောင် မဖွင့်ရသေးခင်မှာပဲ အလင်းရောင်တွေ အများကြီး ပွင့်လာပြီးတော့ သူမကိုဝိုင်းထိုးတော့ သူမ အော်ပါအော်ပစ်လိုက်မိတဲ့ထိ တအားလန့်သွားခဲ့ရသည်။
သူမအသံက နူးညံ့မနေတော့ အနီးနားက ကျောင်းသားတွေရော အဆောင်မှူးအန်တီပါ အပြေးလာကြည့်ရလေသည်။
နောက်ပိုင်း သူမ အတန်းဖော်တွေက သူမအော်သံကြောင့် သူတို့ ငလျင်လှုပ်တာလား မီးလောင်တာလားတောင် ထင်ပြီး ပြေးတော့မလို ပြင်နေကြတာလို့ သူမကို ပြန်ပြောပြသည်။
အဲကစပြီး သူမ အခန်းဖော်တွေက သူမအတွက် ဘာစပရိုက်စ်မှ မလုပ်ပေးတော့ဘူး။ အဆောင်မှာ အမြဲမီးအိမ်ရှိပြီးတော့ ကံကောင်းစွာနဲ့ သူတို့မှာလည်း သူတို့ကိုယ်ပိုင် လိုက်ကာတွေရှိတာမို့ တခြားအခန်းဖော်တွေကိုလည်း မနှောင့်ယှက်မိတော့ဘူး။
အဲလို ကြည့်တာနဲ့တင် သူမ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲသိနိုင်နေပြီပင်။

တုလီ ပြောလို့ပြီးသွားတာနဲ့ သူမ လျှာကို ထုတ်လိုက်တော့သည်။
သူမကို သတ်တဲ့သရဲက ဘယ်သွားလဲဆိုတာကိုတော့ အစပိုင်း သူမကို ပြန်လာရှာမှာ ကြောက်ပေမဲ့ တော်တော်ကြာ စောင့်ပြီးနောက် ဘယ်သူ့ကိုမှ မမြင်တော့ သူမ စိတ်အေးသွားတော့သည်။
သရဲတစ်ကောင် ဖြစ်သွားတာတောင် ထပ်သေမှာကို ကြောက်နေဆဲပင်။
ဒါရိုက်တာဝမ်က ရှီရှန်းကျင်းကို ဆက်တိုက်ကြည့်နေကာ သူ ဘာလုပ်နေလဲ မသိ သူ့လည်ပင်း အနည်းငယ် အေးစက်လာတာကိုသ ခံစားမိသည်။
ရှီရှန်းကျင်းက စားပွဲပေါ်ကို လက်ထိပ်နဲ့ တတောက်တောက် မြည်အောင်ခေါက်ကာ။ “ခင်ဗျား ကျောင်းအုပ်ကို ဖုန်းဆက်လိုက်”
တုလီ စကားအရ ကလောင်နတ်သမီးက ကျောင်းထဲမှာပဲ ရှိမှာဖြစ်သည်။ သူမ ဖော်ပြချက်အရ အသက်ရှင်နေတုန်းကလည်း ဒုက္ခရောက်ခဲ့မည့်ပုံရ၏။
သူမ နဂိုပုံစံနဲ့ပက်သက်ပြီး ဘာသဲလွန်စမှ မရှာနိုင်တာတော့ ဆိုးသည်။
“ကျောင်းအုပ်” ဒါရိုက်တာဝမ် မျက်နှာက ဒုက္ခရောက်သွားပုံရသည်။ “ကျောင်းအုပ်ကြီးက အခု အလည်အပတ် သွားနေတာ”
နင်မုန့်ဘေးကနေ “ကျောင်းသားတစ်ယောက်ရဲ့ အသက်နဲ့ ဆိုင်နေတာကို သူ အလည်အပတ် လုပ်နေတာနဲ့တောင် မယှဉ်နိုင်ဘူးပေါ့”
အနာပေါ် တုတ်ကျသလို ဒါရိုက်တာဝမ် ရှက်ရွံစွာ ပြုံးကာ အတန်းပြင်ထွက်ပြီး လူတိုင်း ကြည့်နေရာကနေ ရှောင်လိုက်သည်။
လျိုကျီလည်း မစောင့်နေနိုင်တာနဲ့ အပြင်ထွက်ဖို့ အကြောင်းရှာလိုက်သည်။ ဘယ်သွားရမလဲတော့ မသိပေ။
ဆိုတော့ အတန်းထဲမှာ လူသုံးယောက်နဲ့ သရဲတစ်ကောင်သာကျန်တော့သည်။
နင်မုန့် တုလီမျက်နှာကို သေချာမမြင်ရပေမဲ့ သူမ သိချင်စိတ်ကလည်း တအားပြင်းထန်မနေတာမို့ စနစ်ကိုသာ တိတ်တိတ်လေး သူမ သွင်ပြင်ကို ပြောပြခိုင်းလိုက်သည်။
ကြောက်ပေမဲ့ နားထောင်တာကလည်း မရပ်နိုင်ချေ။
တစ်ဖက်က ရှီရှန်းကျင်းကတော့ တုလီကို အာရုံမပေ။ သူက လှည့်ကာ “ရှီချီ ခုနက ဘာမြင်လိုက်တာလဲ”
ရုတ်တရက် မေးခံလိုက်ရတော့ ရှီချီ ခနလောက် ကြောင်သွားပြီးမှ ခေါင်းခါလိုက်သည်။ “ဘာမှမမြင်ဘူး”
“မိန်းမ တစ်ယောက်ကိုမြင်လား”
“ဟင့်အင်း”
ရှီချီလည်း တစ်ခုခု မှားနေတာကို သိသည်။ အဲမှာ အမျိုးသမီးသရဲမများ ရှိနေတာလား။
ခနနေတော့ ရှီရှန်းကျင်းက ထပ်မေးလာသည်။ “ခုနက အဲမှာ လဲကျသွားတုန်းက တစ်ခုခုကို အာရုံခံမိသေးလား ဘာလို့ လဲတာလဲ”
ရှီချီက နင်မုန့်ကို ကြည့်ကာ နှုတ်ခမ်းလေးကိုက်ပြီး ဘယ်လိုဖြေရလဲ မသေချာ
နင်မုန့်က အံကြိတ်ကာ “ဦးလေးကိုပြောပြလိုက် ဘာမှမဖြစ်ဘူး”
ရှီချီက ထိုမှသာ အသံသေးသေးလေးနဲ့ ဆိုသည်။ “တစ်ခုခုမာတာကို တိုက်မိတာ ဘာလဲတော့ မသိဘူး…”
ရှီရှန်းကျင်း သူ့ခြေထောက်ကို ကြည့်လိုက်ပြီး စစ်ဆေးကြည့်ဖို့ ခြေတစ်ဖက်ထုတ်လိုက်သည်။ ထင်ထားသည့်အတိုင်း ခြေထောက်က သရဲကို ဖောက်သွားတော့သည်။ ဒါပေမဲ့လည်း သူ့လက်မှာ လက်စွပ်တစ်ကွင်းရှိသလို သူ တုလီကို ထိနိုင်သည်။
သေချာသည် ဒီကောင်လေး ရှီချီက သာမန်မဟုတ်ပေ။
တုလီ ခုနက အော်လိုက်တုန်းက သူမ အသံထဲက ကြောက်လန့်မှုနဲ့ စိတ်ဆန္ဒတွေကို သူကြားလိုက်ရသည်။ သူ့ကို ကြောက်ပေမဲ့ အနားလည်း ကပ်ချင်သည်။ ဒါက ပြည့်စုံတဲ့ ဝိရောဓိတစ်ခုပင်။
“ဒီလာခဲ့” သူခေါ်ပြီး နောက်ကို ခြေတလှမ်းဆုတ်လိုက်သည်။ ထို့နောက် နေရာတစ်ခုကို ညွှန်ပြကာ “အဲနေရာကို မင်းရပ်နေတဲ့နေရာကနေ တည့်တည့်လျှောက်သွား”
သူညွှန်ပြတဲ့နေရာက တုလီရှိတဲ့နေရာ ဖြစ်သည်။
နင်မုန့်လည်း ဒါကို သေချာမြင်သည်။ သူက ရှီချီကို သံသယဖြစ်နေလို့ စမ်းသပ်ချင်နေတာပင်။
ရှီချီက သူမကို ကြည့်လာပြီး သူ့မျက်လုံးထဲမှာလည်း မသွားချင်တဲ့ ပုံစံလေး ဖြစ်နေသည်။
နင်မုန့်က သူမ လက်ကိုလွှတ်ပေးလိုက်သည်။ “သွားပါ ဘာမှမဖြစ်ဘူး”
တကယ်လို့ သူ တစ်ခုခုခံစားမိတယ်ဆို ဒါက သူမ သူ့ယင်ယန်မျက်လုံးကို ဖွင့်ပေးနေစရာ မလိုတော့ဘူးလေ။
ရှီချီ အနည်းငယ် တုံ့ဆိုင်းနေပေမဲ့ သူမ ပြောသလိုတော့ လျှောက်သွားလိုက်သည်။

အဘွားက ပူတဲ့နေ့တွေမှာတောင်အေးပြီး တုန်တောင်တုန်နေသေးတယ်
ငါထင်တာ သူမမှာ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက် ရှိနေလို့နေမှာ။
—ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset