အခန်း ၁၀။ ရှီချီ သူ့အဘွား ဝါးလာတာကို မြင်လိုက်ရတယ်။
ရှီရှန်းကျင်းကအိပ်ရာဘေးမှာရပ်နေပြီး နင်မုန့်က ရှီချီကို သန်ု့စင်ခန်းထဲခေါ်လာတော့သည်။
သန့်စင်ခန်းမှာ ဘာလော့ချထားတာမှမရှိပေမဲ့ ရဲတွေတိပ်နဲ့ကပ်ထားတာတော့ရှိသည်။ သွေးတွေတောင်ခုထိ မသန့်ရသေး တချက်ကြည့်တာနဲ့တင် စိတ်မသန့်ချင်တော့ပေ။
ကံကောင်းချင်တော့ ကြမ်းပြင်မှာတော့ အလောင်းကောင်မရှိနေ မဟုတ်ရင် ပိုကြောက်ဖို့ကောင်းနေမှာပင်။
သန့်စင်ခန်းက နေရာသေးသေးလေးတစ်ခုပင်။ ဟွမ်လီက ရေချိုးနေတုန်း ချော်လဲပြီး ဝိုင်ယာကြိုးနဲ့ ရှမိရင်တောင် ဒီလောက်ကြောက်ဖို့ကောင်းအောင်ထိ မသေနိုင်ချေ။
သူမကို သေအောင် ဝိုင်ယာကြိုးနဲ့ ပတ်တဲ့အားတစ်ခုခုတော့ ရှိမှာအသေချာပင်။ ဒါပေမဲ့ ရဲတွေက ရှာမတွေ့နိုင်ခဲ့ပေ။
နင်မုန့် မျက်လုံးမှေးလိုက်မိသည်။
စနစ်က သူမ ယင်ယန်မျက်လုံးက သန့်စင်ခန်းထဲက အမှောင်ထုကို ဖောက်မြင်နိုင်သည်ဟု ပြောသည်။ ဒီသန့်စင်ခန်းထဲက အပြင်ကထက်တောင် ပိုပြီး လေထုက ဆိုးနေသေးသည်။
ဒီကလောင်နတ်သမီးက သူ့အလုပ်မှာချန်ထားတဲ့ ခြေရာလက်ရာတွေက ပိုတောင်များနေသေးသည်။
ခနလောက်ကြည့်ပြီးတော့ သူမ သန့်စင်ခန်းကနေထွက်လာခဲ့သည်။
ရှီရှန်းကျင်းက လှေကားထစ်မှာရပ်နေကာ သူ့နောက်က အမဲရောင်လေတွေက သူ့စီသွားနေပေမဲ့ သူ့ကိုရစ်နှောင်လို့မရချေ။
ထိုအစားက ဘေးက ဒါရိုက်တာကတော့ မတူပင်။ အမဲရောင်လေတွေက သူ့နားမှာ ဝိုင်းပြီး များနေပြီပင်။
စနစ်က “မင်း အကြီးဆုံးသားက သိပ်တော့မသေချာသေးဘူး မင်းထင်မှာပေ့ါ သူက နှစ်ပေါင်းများစွာ သခင်လေး လုပ်လာပြီးတော့ ဘာမှအသုံးမကျဘူးလို့ ဒါပေမဲ့ သူက သူ့အသက်ကို ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ရထားတယ်လေ ဒါရိုက်တာကကျ အသက်ရှင်နေတဲ့လူမို့ ယင်လေက သူ့နားမှာ ရစ်နှောင်နေတာ”
ဖုန်းရွှေ သမားတော်တွေ ကိစ္စတွေကိုဖြေရှင်းနိုင်ပေမယ် ကောင်းကင်ဘုံကသာ သူတို့ကံကောင်းလား ဆိုးလားဆိုတာကို ဆုံးဖြတ်လေသည်။
နင်မုန့် သတိဝင်လာတော့သည်။
သူမ ကိုယ်သူမကြည့်ပြီး ရှီချီကို ကြည့်လိုက်တော့ သူမ နားမှာလည်း အမဲရောင်လေထုတွေ ပြေးလွှားနေတာ မမြင်တာကို သိလိုက်ရသည်။
“ငါလည်း အမိုက်စားဖြစ်နေမယ်မထင်ထားဘူး”
“…မင်းက အခုဝိညာဉ်သာသာပဲလေ သရဲနဲ့ဘာမှမကွာဘူး သူတို့ မင်းကို လိုချင်တောင် မင်းက သူတို့အတွက် ဘာမှအသုံးမဝင်ဘူးလေ” စနစ်အသံက သူမကို ကြိတ်လှောင်နေသလို တဖြည်းဖြည်း ပျော့သွားသည်။
နင်မုန့် “…..”
သူမ ဆက်ကာ “အာ့ဆို ရှီချီကကော သူလည်း အဆင်ပြေနေတာကြီး”
တော်တော်ကြာမှ စနစ်က “ငါက အနန္တတန်ခိုးရှင်မဟုတ်ဘူး အိုခေ…”
ထိုသို့ပြောပြီး ဘာသံမှမကြားရတော့သလို သေသွားသလိုပင်။
အရေးပါတာ မေးလိုက်တိုင်း စနစ်ကြီးက မရှိသလို လုပ်နေတော့ နင်မုန့်လည်း အလိုလိုသဘောပေါက်ကာ ဆက်မမေးတော့ပေ။
စနစ်နဲ့ပြောနေရင်းနဲ့ပဲ ရှီရှန်းကျင်းက အခန်းပြင်ကိုလျှောက်လာပြီပင်။
အခန်းထဲက အမဲရောင်လေထုက တဖြည်းဖြည်း အပြင်မှာ ပျောက်ကွယ်သွားသလို မြင်ကွင်းက ပျောက်သွားအောင် သူ ဘာလုပ်လိုက်လဲတော့မသိပေ။
ရှီရှန်းကျင်းက ယင်လေ ဘယ်နားပြုံနေလဲသိမှတာ့ သူ့မှာ ဖြေရှင်းဖို့လည်း နည်းရှိမှဖြစ်သည်။
ဆိုတော့ နတ်သမီးက ဒီမှာမရှိမှတော့ ယင်လေက အလွယ်တကူ ကိုင်တွယ်လို့ရသည်။
အခန်းထဲက ယင်လေ ပျောက်သွားတော့ အခန်းထဲ ပူလာတော့သည်။
နင်မုန့်က ရှီချီရဲ့နူးညံ့ပြီး ဖြူလျတဲ့လက်လေးကို နှိပ်ပေးရင်း ပူဆွေးသလို သက်ပြင်းချလိုက်သည်။ “ခုနကကျ တအားကိုအေးနေတာ သရဲတွေ အနားမှာရှိတာက လေအေးပေးစက်ရှိတာထက်တောင် ပိုနေလို့ကောင်းသေးတယ်”
ရှီချီက သူမ လုပ်ချင်သလို လုပ်ခွင့်ပေးထားသည်။
ဒီသဘောကောင်းတဲ့အဘွားက သေချာတဲ့အကျင့်တစ်ခုရှိတာကို သူသိသွားပြီပင်။ ပြီးတော့ အဲဒါက သူ့ကို နှိပ်ပေးခြင်း ဖြစ်လေသည်။ သူ့မျက်နှာကနေ သူ့လက် အကုန်လုံးကို သူမ နှိပ်ပေးဖူးသည်။
ဘာလို့ သူ့ကိုနှိပ်နယ်ရတာ ဒီလောက်ထိ သဘောကျမှန်း သူလည်းမသိပေ။
ဘေးက ဒါရိုက်တာက”ခုတော့ ကျွန်တော်တို့ ဒီအဆောက်အဦးကို ချိတ်ပိတ်ရုံပဲတတ်နိုင်တယ် ကံကောင်းချင်တော့ ဒီက လေးနှစ်မြောက်ကျောင်းသားတွေက ဘွဲ့ရပြီး ပြောင်းကုန်ကြလို့”
နဂိုက အိမ်မပြန်တဲ့ ကျောင်းသားတချို့ရှိပေမဲ့ ဒီကိစ္စကို လူသိကုန်တာနဲ့ အကုန်ပြန်ကုန်ကြသည်။ အိမ်မပြန်တဲ့သူတွေတောင် ကျောင်းပြင်မှာ အခန်းငှါးနေကြတော့တာ
ဒီလိုဖြစ်ရပ်ကြီးက ကျောင်းသားတွေ ကျောင်းကို စွန့်ပစ်အောင် လုပ်နေသလိုပင်။
တကယ်လို့ ဒါက နွေမှာ အထက်တန်းပြီးလို့ ကျောင်းလျှောက်ဖို့ စီစဉ်ထားတဲ့လူတွေကိုပါ သက်ရောက်မယ်ဆို ကျောင်းအဆင့်ကလည်း ထိုးကျကုန်တဲ့ထိ သက်ရောက်မှုကြီးသည်။
ရှီရှန်းကျင်းက မေးလိုက်သည်။ “အမေ ဘာကိုမြင်ချင်လို့လဲ”
နင်မုန့်က အဆောင်ကို ကြည့်နေတုန်းမှာပဲ သူခေါ်တာကြားရပြီး “ငါက ဒီတိုင်း တအားစပ်စုချင်နေတာနဲ့ ငါ့မြေးကိုခေါ်လာပြီး တချက်လာကြည့်တာပါ”
ဘေးက ဒါရိုက်တာက မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်မိတော့သည်။
သူအစက ထင်ထားတာက ဘွားဘွားကြီးကလည်း အရည်အချင်းရှိမယ်ပေါ့ ပြီးတော့ ရှီမိသားစုက လျို့ဝှက်ချက်တွေ အများကြီး ရှိတာ သူတို့မိသားစုထဲကိုဝင်ဖို့ဆို သူတို့မိသားစုဝင်ကို လက်ထပ်နိုင်မှသာပင်။
နေ့တဝက်လောက်ကြာတာတောင် သူမက ဘာမှအကူညီမပေးနိုင်သေးဘူး။
အဆောင်က ထွက်ပြီးတော့ လူအုပ်ကြီးက ကော်ရစ်တာကို ဦးတည်လိုက်ကြသည်။
အဆောင်ကော်ရစ်တာက အရမ်းကိုမှ အရိပ်ရသည်။ သူတို့ခြေထောက်မှာတောင် စိုထိုင်းမှုအနည်းငယ်ကို ခံစားမိသလို တစ်ခုခု ဆွေးနေတဲ့အနံ့မျိုးကိုလည်း ရလိုက်သည်။
သူတို့ အဆောက်အဦး အပြင်ကိုရောက်တော့ နေက ပူနေဆဲပင်။ မသိရင် သူတို့ ခုမှလေအေးပေးစက်ရှိတဲ့ အခန်းက ထွက်လာသလိုမျိုး ဖြစ်သည်။
ဘာလို့လဲဆိုတော့ လူအိုရုံက သူတို့နောက်တွင်ပင်။ အာ့ကြောင့်လည်း ဒီကို အရင်လာခဲ့ကြတာ ဖြစ်သည်။
လူအိုရုံနဲ့အဆောင်က ရှေ့နောက်ဖြစ်ကာ သူတို့နှစ်ခုလုံးက ကြည့်ရတာ အရမ်းကိုမှ သာမန်ဆန်နေသလိုပင်။ အိပ်ရာမှာ သွေးတွေစွန်းနေတာကလွဲလို့ပေါ့။
သူတို့ အခန်းထဲ ဝင်တော့ ဒါရိုက်တာ မျက်နှာက ရှုံ့မဲ့သွားသည်။
အဆောင်မှာနဲ့ စာသင်ခန်းမှာ လူနှစ်ယောက်သေတာက သာမန်လို့ မှတ်ယူလို့ရသေးတယ်။ သူမ အတန်းဖော်ရှေ့မှာပဲ လူအိုရုံမှာ သေသွားတဲ့ ကျောင်းသူကတော့ ဘယ်နှစ်ကြိမ်ပဲ သူကြားရကြားရ မယုံနိုင်ဖြစ်ခဲ့သည်။
ဒါပေမဲ့လည်း မော်ဒန်ခေတ်ကြီးမှာ သာမန်ကိစ္စလိုလည်း ဒါကိုမှတ်ယူလို့ရပါသေးသည်။
စုကျန်းဟွက ဘေးမှာပဲနေပြီး သူ့ချွေးအေးတွေကိုသုတ်လို့နေသည်။
သူ့သမီးပြောပြလို့ ဒီမြင်ကွင်းကို သိပြီးပြီဆိုပေမဲ့အခု သေချာမြင်ရတော့လည်း သူ တအားကို ကြောက်နေမိသေးသည်။ တစ်ခုခုကို ရန်စသွားမိမှာကို ကြောက်လို့ တံခါးအပြင်မှာပဲ ရပ်နေရဲတဲ့အထိ ဖြစ်သည်။
နင်မုန့်က ရှီရှန်းကျင်းနောက်ကို လိုက်ကာ အထဲကို ဝင်ပြီး အိပ်ရာကိုလှမ်းကြည့်လိုက်သည်။
လှည့်ကာ တစ်ခုခုမှားနေတာကို သိတော့ သူမ မျက်လုံးပြူးသွားတော့သည်။ အိပ်ရာခေါင်းရင်းလက်ရန်းမှာလည်း လက်ရာတွေရှိလို့နေသည်။ ကြည့်ရတာ ထိုအရာက ချက်ချင်း မပျောက်သွားသေးခင် တစ်ခုခုကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ခဲ့ပုံပင်။
သူမ အကြီးဆုံးသားကို ကြည့်လိုက်တော့ သူက ထိုလက်ရာတွေကိုလည်း မမြင်နိုင်သလို ဘာမှလည်း ခံစားမိပုံမပေါ်ပေ။
စနစ်က သူမ သံသယတွေကို ဖြေပေးလိုက်သည်။ “မင်းသားမျက်လုံးတွေက အဲလောက်ကောင်းမနေဘူး”
နင်မုန့် တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ ဘာလို့ အဘွားအိုကြီးဖြစ်ပြီး သူမမှာကျ ဒီလောက်ကောင်းတဲ့ မျက်လုံးတွေရှိနေတာလဲ။
ဒီနေရာက အဆောင်နှင့် ဘာမှမကွာဟု ထင်ရသည်။ ဘာသဲလွန်စမှ မတွေ့သလို သူမတွေ့သည့် လက်ရာတွေကိုလည်း တခြားသူတွေက မမြင်ရချေ။
သူမ လက်ဆန့်ပြီးထိကြည့်လိုက်ပေမဲ့လည်း ဘာမှထူးခြားတာကို မတွေ့ချေ။
သူတို့ဝင်ပေါက်ကို ရောက်တော့ အရင်နေ့က မေးဖူးတဲ့ တူညီတဲ့မေးခွန်းကိုပဲ ပြန်မေးလိုက်သည်။ “ကျောင်းမှာ အရင်က တစ်ယောက်ယောက်သေဖူးလား ဒီနှစ်တွေအတွင်းမှာပဲ”
ဒါရိုက်တာဝမ်က ရှီရှန်းကျင်းကို ဒီကိစ္စအကြောင်း ပြောနေတုန်းရှိသေး ရုတ်တရက် ထိုမေးခွန်းကို ကြားတော့ အံဩသွားသလို အမူအရာကလည်းတောင့်သွားတော့သည်။
သူပြန်ပြောလိုက်သည်။ “ဘွားဘွားကြီး ကျွန်တော်တို့ကျောင်းက အရမ်းကိုကောင်းတဲ့ကျောင်းတစ်ခုပါ ဘယ်လိုလုပ်အရင်က လူသေဖူးမှာလဲ”
ကျောင်းကောင်းလား မကောင်းလားက လူသေတာနဲ့ဆိုင်လို့လား။ နင်မုန့် သူ့အမူအရာကို ဖောက် မမြင်နိုင်ပေမဲ့ သူ့အဖြေကိုတော့ သံသယဖြစ်နေဆဲပင်။
ခါးလေးကိုင်းကာ ရှီချီကို “ခုနက အဆောင်ထဲမှာ တစ်ခုခုကို မြင်သေးလား”
တူညီတဲ့မေးခွန်းပင်။
ရှီချီ ရင်ထဲ တစ်မျိုးဖြစ်သွားတော့ဘူး ဘာလို့လဲဆိုတော့ သူတခြားဘာကိုမှမမြင်လို့ပင်။
ပါးစပ်လေးဟလိုက်ပေမဲ့ ခေါင်းသာခါပြလာသည်။
နင်မုန့် သက်ပြင်းချလိုက်တော့သည်။
သူ့ယင်ယန်မျက်လုံးက မပွင့်သေးမှတော့ ဘာကိုမှမမြင်နိုင်သလို ဘာအကူအညီမှပေးနိုင်မှာလည်း မဟုတ်ပေ။
အဆောင်က အရမ်းကိုမှ သာမန်ဆန်ပြီးတော့ ဘာပြဿနာမှ မရှိနိုင်သလိုပင်။ အခု သူမက အဘွားအိုကိုယ်နဲ့ဆိုတော့ သူမကလည်း အရင်လို ကောင်းကောင်းမမြင်ရချေ။
ဒါပေမဲ့လည်း ရှီရှန်းကျင်းက သူ့အမေ မေးလိုက်တာနဲ့ပက်သက်ပြီး သူကလည်း သံသယဖြစ်တာနဲ့ ထပ်ကာ “ဒီကျောင်းမှာ အရင်က သေဖူးတဲ့သူမရှိဘူးဆိုတာ သေချာလား”
ရှီမိသားစုခေါင်းဆောင်အဖြစ်နှစ်ပေါင်းများးစွာ နေထိုင်လာသူမို့ သူထုတ်လွှင့်တဲ့အရှိန်အဝါက ဘွားဘွားကြီးနဲ့ ကွဲပြားနေသလို သူ့လေသံကလည်း စူးရှနေသည်။
ဒါရိုက်တာဝမ် သူ့နဖူးကိုသူ သုတ်လိုက်သည်။
သူ့အမူအရာလည်းတောင့်သွားကာ “မရှိပါဘူး ဘယ်လိုလုပ်ရှိမှာလည်း ရှိရင် ကျွန်တော် မသိဘဲနေမလား”
နင်မုန့် သူတို့နောက်မှာရပ်နေပြီး တစ်ခုခုမှားနေတာကိုခံစားမိသည်။
ဒါရိုက်တာဝမ်က တစ်ခုခုဖုံးထားတာများလား။
သူမ မပြောရသေးခင်မှာပဲ သူမရဲ့ အကြီးဆုံးသားက တစ်ခုခုကို သတိပြုမိသွားပုံပင်။
ရှီရှန်းကျင်း မျက်နှာထားအေးစက်သွားကာ အသံတိုးတိုးနဲ့ အော်လိုက်သည်။ “ဒါရိုက်တာဝမ်”
ဒါရိုက်တာဝမ် ကြောက်လို့ တုန်သွားတော့သည်။ နွေဖြစ်နေပေမဲ့ချွေးအေးတွေက ကျောကနေ စီးကျနေသလို သူ့နဖူးက ချွေးတွေကို သုတ်နေတာကလည်း ပိုပို မြန်လာတော့သည်။
တစ်စုံတစ်ယောက်က သူ့ဘေးကိုရောက်လာပြီး သူ့မျက်နှာထားကို မြင်တော့ “ဒါရိုက်တာဝမ် ဘာဖြစ်လို့လဲ”
လျိုကျီက အသစ်ရောက်လာတဲ့ ဌာနဒါရိုက်တာ ဖြစ်သည်။ မတော်တဆဖြစ်တာကိုထားဦး သူက အငွေ့တွေက ဘာလဲဆိုတာတောင် မသိချေ။
ရှီရှန်းကျင်းက မျက်နှာထား တင်းလိုက်ကာ “အကျိုးဆက်က ဘာလဲဆိုတာ ကိုယ့်ကိုကိုယ်သိမှာပါ”
ဒါရိုက်တာဝမ်က ခါးသီးနေတဲ့မျက်နှာထားနဲ့ တော်တော်ကြီးကြာမှ အံကြိတ်ကာ ပြောလာသည်။
“တကယ်တမ်း ကျွန်တော်လည်း သေချာမသိဘူး ဒီကိုရောက်နေတာ ၁၇ နှစ်ကြာနေပြီ ပြီးတော့ အရင်က ကျောင်းမှာလည်း ဒီလိုအဖြစ်မျိုး ဖြစ်ဖူးတယ်လို့ ကြားဖူးတယ်”
ဒီကိစ္စကို ပြောတာက ကျောင်းအတွက် အမြဲတားမြစ်ထားတဲ့အရာမို့ အမြဲနှုတ်ပိတ်ထားခဲ့လေသည်။ တချို့လူတွေသာ ဘာဖြစ်သလဲဆိုတာ သိပြီး ကျန်တဲ့လူတွေက ဘာမှကိုမသိပေ။
ပြောနေစရာတောင် မလို သူကျောင်းမှာ နှစ်ပေါင်းများစွာ ဒါရိုက်တာဖြစ်လာတဲ့သူတောင်နှုတ်ပိတ်ထားရသည်။
လျိုကျီက သူ့လောက်နီးနီး သေမှာကြောက်သည်။ “တကယ်လို့ ကျောင်းမှာအရင်က ဒီလိုတူညီတဲ့အဖြစ်မျိုး ဖြစ်ဖူးတယ်ဆို ဘာလို့ ဘာသတင်းမှ မကြားရတာလဲ”
စောစောသိရင် သေအောင်ရိုက်သတ်တောင် သူ မလာဘူး။ ဒီကျောင်းက တကယ့်ပြဿနာကျောင်းပဲ။
နင်မုန့် သူတို့ ဘေးမှာရပ်ပြီး သေချာနားထောင်နေကာ နှုတ်ခမ်းမဲ့လိုက်မိသည်။ “အရင်က တစ်ခါမှဒီလိုမဖြစ်ဖူးဘူးဆို”
ဒါရိုက်တာဝမ် တောင့်သွားကာ ဒီအဘွားအိုက ပိုပိုပြီး စပ်စုလာသည်ဟုပင်။
ဒီလောက်အိုနေပြီကို အပြင်ထွက်လည်နေသေးတယ် အိမ်မှာပဲ အေးဆေးနေတာ မကောင်းဘူးလား။
ဒါပေမဲ့လည်း ရှီရှန်းကျင်းက ဘာကအရေးကြီးလဲဆိုတာ သိတာမို့ သူက “အရင်က မတော်တဆမှာ ဘာဖြစ်ခဲ့တာလဲ”
ရှိမိသားစုက ရန်ကျင်းမှာ ဖြစ်သမျှ အကုန်မသိနိုင်ပင်။ အထူးသဖြင့် ကျောင်းကတောင် ဖုံးထားတာမျိုးကိုလေ
ရှီမိသားစုက သူတို့တံခါးဝကို ရောက်တဲ့ပြဿနာတွေကိုသာာ စိတ်ဝင်စားလေသည်။
ဒါရိုက်တာဝမ်က သူ့အမှားသူသိတာမို့ “ကျွန်တော်လည်း သိပ်မသေချာဘူး ကျွန်တော်ရောက်တုန်းက ကျောင်းရဲ့ အရင်အချက်အလက်တွေကို စစ်ဆေးကြည့်တော တချို့နှစ်က အချက်အလက်တွေလွဲနေတာကို သတိထားမိတာ ကျောင်းအုပ်ကို မေးတော့ သူက ဒီကိစ္စကို ထုတ်ပြောတာ”
ကျောင်းအုပ်ကလည်း အသေးစိတ်ပြောပြတာမဟုတ် သိပ်ဂရုမစိုက်ဖို့သာ ပြောလေသည်။
‘သိချင်စိတ်က ကြောင်ကိုသတ်တယ်’ ဆိုတဲ့ စကားပုံကြောင့် သူ တစ်ခုခု ကြောက်ဖို့ကောင်းတာရှိမှန်း သိနေတာတောင် ဆက်မမေးတော့တာ ဆိုတော့ ဒီကိစ္စကို မေ့ထားလိုက်ရာကနေ လုံးဝကို သတိမရတော့လေသည်။
ဒါရိုက်တာဝမ်က ဆက်ကာ “ကျောင်းအုပ်က အခုတလော တခြားကျောင်းကို အလည်သွားနေလို့ သူပြန်လာဖို့ တော်တော်ကြာဦးမှာ”
နင်မုန့် တကယ်နားမလည်တော့ ကျောင်းမှာ ဒီလိုဖြစ်နေတာကိုကျောင်းအုပ်က တခြားကျောင်းသွားလည်နေတယ်တဲ့ အရင်ကလည်း ဖြစ်ဖူးလို့ အခုထပ်ဖြစ်တော့လည်း အရေးမကြီးဘူးလို့ တွေးနေတာများလား။
ဘေးမှာ နားထောင်နေတဲ့ ရှီချီလည်း ကိစ္စကို တော်တော်လေး နားလည်လာပြီပင်။
ရှီရှန်းကျင်း အမူအရာလည်းသိပ်မကောင်းသလို သူ့အမေကို တချက်လှမ်းကြည့်လိုက်သည်။ ကံကောင်းလို့ သူ့အမေပါ သူနဲ့ တူတူလိုက်လာလို့ပင်။
နင်မုန့်က သူတို့အတွေးတွေကိုလည်း မသိပေ။ သူမက ရှီချီ ယင်ယန်မျက်လုံးကို ဘယ်လိုဖွင့်ရမလဲပဲ တွေးနေတာ။ အဲဒါမှ သူတို့ ကလောင်နတ်သမီးဆိုတဲ့ သရဲကဘယ်လိုပုံစံလဲဆိုတာ သိမှာလေ။
ရှီချီက ရုတ်တရက် နင်မုန့် အဝတ်ကို ဆွဲလာခဲ့သည်။
နင်မုန့်ငုံ့ကာ “ဘာဖြစ်လို့လဲ” လို့မေးလိုက်သည်။
ရှီချီ ထပ်ပြီး မိန်းမောနေပြန်ကာ သူ့မျက်လုံးစိမ်းတွေထဲ သူ့အဘွားရဲ့ပုံရိပ်ထင်ဟပ်လို့နေသည်။
သူ အခုမြင်ခဲ့တာကို သူမေးချင်နေလေသည်။ ဘာလို့ သူ့အဘွားကိုယ်က ရုတ်တရက်ကြီး ဝါးသွားတာလဲ။ ဒါပေမဲ့အခုကျ ပြန်ပြီး သာမန်ဖြစ်သွားပြန်ပြီ။
–
ငါ့မှာ အဘွားတစ်ယောက်ရှိတယ်
ပြီးတော့ သူ့မမှာ သဘာဝလွန်စွမ်းအားတွေ ရှိနေမှာကိုကြောက်တယ်
—-“ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ သေးသေးလေး”
–
စာရေးဆရာမှာ ပြောစရာရှိပါတယ်
ဟက်! လာစမ်းပါ သရဲအိုကြီးရဲ့ နင့်ကိုနင် ကိုယ်ထင်ပြလိုက်စမ်း!