အခန်း ၃။ ယင်ယန်မျက်လုံး
သူက လိုက်လျောလိုက်တာကြောင့် နင်မုန့် စိတ်သက်သာရာရသွားသည်။
သူမ ကြောက်မိတာက ဝတ္တုက နောက်ဆုံးမှာ တခြားမမြင်ရတဲ့ အားတခုခုကြောင့် ပြင်လို့မရတော့မှာကိုပဲ ကံကောင်းစွာပဲ စနစ်က နည်းနည်းအားနည်းနေပေမဲ့ ဘာမှ မဖြစ်သွားလို့ တော်သေးသည်။
ဒီပြသာနာဖြေရှင်းပြီးသွားတာနဲ့ သူမ ရင်ဘတ်ပေါ် ရောက်နေတဲ့ ဖိအားကြီး ပျောက်သွားခဲ့တယ် အဘွားကြီး ခန္တာကိုယ် ဖြည်းဖြည်းချင်းသက်သာ လာခဲ့သည်။
နောက်ပိုင်းမှာ နင်မုန့်ဟာ ညီအစ်မ နှစ်ယောက်ရဲ့ တိုက်တွန်းမှုတွေကြောင့် အိပ်ယာပေါ်မှာပဲ တနေကုန် လဲနေရတော့တယ် ပြီးတော့ သူမရဲ့ အမြင်ဟာ လဲ ပြန်ကောင်းလာတာ နောက်ဆုံးတော့ တွေ့ရှိသွားသည်။
မျက်လုံးကို ပဝါပါးတစ်ခုနဲ့ ကာထားသလိုတော့ ဖြစ်နေပေမဲ့ အခန်းတခုလုံးက နွေးထွေးတဲ့ အဝါရောင်အအလင်းရောင် ဖျော့ဖျော့လေး လွှမ်းခြုံထားတယ်။ အလင်းရောင်က အရမ်းကြီးလဲ တောက်ပ မနေသလို မျက်လုံံးကိုလဲ မစူးစေဘူး အဲဒီ့အစား စိတ်သက်သာ သလိုခံစားရစေတယ်။
စနစ်ကသရဲလိုပဲ ဘွားခနဲ့ ပေါ်လာပြီး “ ဒီဟာက ကျူရဲ့အင်းကွက်ပဲ နင် လူဝင်စားပြီးတဲ့နောက်မှာ နင်က ယင်ယန်မျက်လုံးကို ပိုင်ဆိုင်လာတာပဲ”
“ယင်ယန်မျက်လုံး” လို့ပြောပြီး နင်မုန် လန့်သွားတယ် “ဒါဆို ငါ သရဲ၊တစ္ဆေတွေ မြင်လာရတော့မှာလား” လို့ ထပ်မေးပြန်တယ်။
သူမ လန့်သွားလို့ စနစ်လဲ လန့်သွားပြီး “ ဟုတ်… ဟုတ်တယ်။ ဒါပေမဲ့ မင်း သူတို့ကို ရှီမိသားစုအိမ်မှာတော့ မြင်ရမှာမဟုတ်ဘူး။ ပြီးတော့လဲ သက်ကြီးရွယ်အိုတွေရဲ့ မျက်လုံးကလဲ ကောင်းတာ မဟုတ်တော့ ယင်ယန်မျက်လုံးက သရဲ၊တစ္ဆေတွေကို ဝေဝေဝါးဝါးပဲ မြင်ရမှာ”
နင်မုန် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်
ကံကောင်းလို့ပေါ့ သရဲ၊တစ္ဆေတွေကို HDလို ကြည်တောက်ပြီး မမြင်ရလို့ နို့မို့ဆို သူမ လန့်ပြီးသေရလိမ့်မယ်။
သူ့ကို လျော်ပေးတာလားဘာလားတော့ မသိပေမဲ့ စနစ်က သူမဆီ အဘွားကြီးရဲ့ မှတ်ဉာဏ်တွေ လွှဲပေးလာတယ်
အဘွားအိုရဲ့ ဘဝက ဒရာမာ ဇာတ်လမ်းတွဲတွေလိုပဲ ယုံကြည်မှုလွန်ကဲတဲ့ သူဌေးကြီးက သာမန် ကောင်မလေး တစ်ယောက်ကို ချစ်မိသွားတဲ့ ဇာတ်လမ်းပဲ။ အစောကြီး ကွယ်လွန်သွားတဲ့ ယောကျာ်း၊ ငါးဖမ်းသမားမိသားစုရဲ့ သမီးလေးကို တကယ်ချစ်မိ နင်မုန့် ဒီချိုမြိန်တဲ့ မှတ်ဉာဏ်တွေ ပြနေတာကို ကြည့်ရင်းနဲ့ ချိုလွန်းလို့ သွားတောင် ကိုက်လာတယ်။
တော်သေးတာပေါ့ နင်မုန့်ရဲ့ ယောကျာ်းလဲ သေသွားတာကြာလို့ အသက်သာရှင်နေရင် နင်မုန့် ဘယ်လို မျက်နှာချင်းဆိုင်ရရမှန်း သိမှာမဟုတ်ဘူး
တကယ်တော့ အဘွားအိုရဲ့ ခန္တာကိုယ်တဲ့ ဝင်စားတာ ဘာမှ ထူးထူးဆန်းဆန်းလဲ မရှိပါဘူး။ အိပ်ယာပေါ်က ထမယ်ဆိုရင်တောင် တော်တော်အားယူရပြီး ဟိုဘက်လှည့် ဒီဘက်လှည့်ကို တစ်နာရီလောက်ကြာတယ်။ တခါတလေ လှည့်တောင်မလှည့်နိုင်ဘူး။
နောက်ဆုံးတော့ အိုလာတာ ဘယ်လိုလဲ ဆိုတာ သူမသိရှိသွားပြီ။
လှုပ်ရှားမှုတစ်ခုတိုင်းကို အားတော်တော်ယူရတာကြောင့် လူငယ်တွေနဲ့ ယှဉ်ရင် တော်တော့ကို ကွာတာပဲ။ အဘွားအိုမို့ မျက်လုံးကလဲ ကောင်းကောင်းမမြင်။ လီချွင်ကိုလဲ လီရှလို့ မှားထင် ကိုယ့်ဘာသာကိုယ် အရူးမကြီးလို့ပဲ ထင်မိတော့တယ်။
ကောင်းကောင်းအနားယူပြီးနောက် သူမ နည်းနည်းအားပြန်ပြည့်လာသလို ခံစားရသည်။ မျက်လုံးတွေလဲ နည်းနည်း ပြန်ကြည်လာတယ် မှုန်ဝါးဝါးထက်ပိုပြီး ကောင်းလာပြီ
တနေလုံး မပင်မပန်း နေ့ရောညပါ ကစားနေတဲ့ လီချွင်ကို ကြည့်ပြီး အိပ်ယာပေါ်ပဲ လှဲနေရတဲ့ နင်မုန့် အလွန်အားကျနေမိတယ်။ သူမ မြန်မြန်လှုပ်ရှား ကြည့်လိုက်ရင်တောင် ခေါင်းတွေ မူးလာလို့ ငရဲ ခဏ အလည်သွားသလိုထိပါ ခံစားလိုက်ရတယ်
နင်မုန် စိတ်ထဲ သက်ပြင်း ကြီးကြီး ချမိတယ်။
ငယ်ရွယ်ခြင်းဟာ အရမ်းကောင်းတာပဲ။
မနေ့က မှုန်ဝါးဝါးနဲ့ မြင်ရတာထက် အခု ပိုပြီး ခမ်းနားနေတဲ့ အခန်းကို နင်မုန့် ပတ်ကြည့်လိုက်တယ်။ ဇိမ်ကျတဲ့ အခန်းဆိုပေမဲ့ တစ်ချက်ကြည့်လိုက်ရုံ နဲ့ ပုံမှန် အခန်းမဟုတ်ဘူးဆိုတာာ သိသာစေတယ်။
ဝတ္တုမှာက ရှီအိမ်ဟာ တကယ့်ကို လွှမ်းမိုးနိုင်ပြီးတော့ အာဏာရှိတဲ့မိသားစုပင်။ နင်မုန့် အရင်ဘဝတုန်းက သူမ မိသားစုက ချမ်းသာတယ်ဆိုပေမဲ့ ဒီမိသားစုက ပေးတဲ့ခံစားချက်မျိုးနဲ့တော့မတူ ယှဉ်ကြည့်ရင် သူမ မိသားစုက မကြာသေးခင်ကမှ ချမ်းသာလာတဲ့ သူဌေးလက်သစ်နဲ့တူသည်။
ဒီရှီမိသားစုက ဟိုယခင်ကတည်းက ရာဇဝင်နဲ့ နာမည်ကြီးတာဖြစ်သည်။
သူမ အိပ်ရာပေါ်က ထထိုင်ဖို့ တော်တော်ကြိုးစားပြီးမှ ထိုင်နိုင်လိုက်သည်။
ဒီတစ်ချိန်မှာတော့ လှလှပပ ညှပ်ထားတဲ့ ပန်းတွေကို သယ်လာတဲ့လီချွင် ဝင်လာတဲ့အချိန်နဲ့ တိုက်ဆိုင်သွားပြီး ပန်းတွေကို ကြိုက်တဲ့နင်မုန့်က ထိုပန်းတွေကို သေချာကြည့်နေမိသည်။
လီချွင်က ပန်းတွေကို သေချာထားပြီးမှ သူမကို လာကူကာ “ဘွားဘွားကြီး လျှောက်လှုပ်နေလို့ မရဘူးလေ ဆရာဝန်က ပိုနားသင့်တယ်လို့ ပြောထားတာ”
နင်မုန့်က လက်ရမ်းပြကာ မျက်လုံးကိုမှေးပြီး “လီချွင် အဲက မှန်ကို ငါ့ကိုယူပေးစမ်း”
ဒီနေ့မှတော့ သူမ သေချာသိလာတာက လီချွင်က ရိုရှင်းတဲ့လူတစ်ယောက် ဖြစ်ပြီးတော့ လီရှကတော့ နည်းနည်းထက်တဲ့သူပင်။ နင်မုန့်မှာ အဘွားအိုရဲ့မှတ်ဉာဏ်တွေရှိပေမဲ့ သူမ ခုထိ မသိတဲ့နေရာ ရောက်နေတာမို့ အဖမ်းခံရမှာ မိသွားမှာကိုတော့ ကြောက်သည်။
လီချွင်က မှန်သေးသေးလေးကို ယူလိုက်ပြီးမှ “‘ဘွားဘွားကြီး ဘာလို့ အခုမှန်ကြည့်ချင်ရတာလဲ”
ရက်တချို့လောက် နေမကောင်းဖြစ်ထားတော့ သူမ သွင်ပြင်က နည်းနည်းလေး အဆင်မပြေဘူးလေ ဘွားဘွားကြီးလို အလှကြိုက်တဲ့သူသာ အခု သူ့ပုံစံသူ မြင်သွားလို့ကတော့…
နင်မုန့် သူမ မျက်နှာကိုထိကာ “ငါ တချက်လောက်ကြည့်ချင်လို့ ငါ့ကိုပေး ငါဒေါသမထွက်ဘူး”
ခြောက်သွေ့ပြီး အရေတွန့်နေတဲ့ သူမ အသားအရေတွေအထဲမှာ ကြက်သီးမွေးညှင်းတွေထလို့နေသည်။
တော်တော်ကြာစောင့်ပြီး ဘာအမူအရာမှ ရောက်မလာတာမြင်တော့ သူမ မျက်နှာကို ခက်ထန်လိုက်ကာ “လီချွင်”
မတတ်နိုင်။ လီချွင် သူမကို မှန်ပေးလိုက်ရသည်။
မှန်က ရှေးကျတဲ့ပုံစံပင်။ ကြက်ဥပုံစံ ဖြစ်ပြီးတော့ သစ်သားဘောင်နဲ့ အလှဆင်ထားကာ လက်ကိုင်မှာလည်း တိမ်လို ပုံစံလေးတွေပါသေးသည်။
နင်မုန့် ခံစားရတာ ဒီအဘွားကြီးရဲ့ ပစ္စည်းတွေကအစ အိုနေတာလို့ပင်။
မှန်ကိုပဲကြည့်.. ဒါကို အဘွားကြီးရဲ့ယောက္ခမက ပေးထားလေသည်။ ဘိုးဘွားစဉ်ဆက် ရရှိတဲ့ပစ္စည်းလိုမျိုးလေ နှစ်ပေါင်းရာချီနေသလိုမျိုး..။
ရှေးတုန်းက ပစ္စည်းတွေက အမှောင်နဲ့ မကောင်းဆိုးဝါးသဘာဝကို ရန်စနေတဲ့ပစ္စည်းတွေနဲ့ တူသည်။ ဒါပေမဲ့လည်း ဒီအဘွားအခန်းထဲက ပစ္စည်းတွေက ထိလိုက်ရင် တအားကို နွေးနေလေသည်။ လုံးဝကို ကွဲပြားနေတာမျိုး..။
မှန်ကို အဝါနုရောင်အလွှာတစ်ခုက ဝိုင်းရံထားသည်။
စနစ်က လေးနက်စွာ ဝင်ရှင်းပြလာသည်။ “တဖြည်းဖြည်းနဲ့ မင်္ဂလာရှိတဲ့ ပစ္စည်းတွေက အရောင်တစ်ရောင်တည်းလာတယ် အဲထဲမှာမှာ အဝါနုရောင်က အအေးချမ်းဆုံးနဲ့အရှားပါးဆုံးပဲ မကောင်းဆိုးဝါးနဲ့အမှောင်မှာကျ အေးစက်စက်နိုင်တဲ့အရောင်တွေ လာတာများတယ် အမဲရောင် မီးခိုရောင်လိုမျိုးပေါ့ မုန်းတီးခြင်းကနေ ပေါ်ပေါက်လာတဲ့ ဝိညာဉ်တွေကျတော့ ပြောင်းလဲနိုင်တယ်”
အာ့ဆို ဒီရှေးမှန်က အမိုက်စားပဲ။
နင်မုန့် သူမ အတွေးတွေကို ဖယ်ကာ မျက်နှာနားကို မှန်ကို ကပ်ပြီး မျက်လုံးကိုဖွင့်ကာ သူမကိုယ်သူ သေချာကြည့်ဖို့ပြင်လိုက်သည်။
မှန်ထဲက မျက်နှာက အရမ်းကိုမှ သာမန်ဆန်တဲ့ အဘွားကြီးမျက်နှာပင်။
နဖူးနဲ့ မျက်လုံးထောင့်မှာ အရေးကြောင်းတွေနဲ့ သူမကို ပိုပြီး ဖော်ရွေသလို ဖြစ်စေသည် ဒါပေမဲ့ သူမ သွင်ပြင်ကတော့ သုန်မှုန်ပြီး ကျိုးကြောင်းမဆီလျော်သလိုမျိုး ဖြစ်နေသည်။
ဒီမျက်နှာရဲ့ ပိုင်ရှင်က အခုပြောင်းလဲသွားပြီပင်။ မျက်လုံးတွေကလည်း ကလေးလိုဖြူစင်နေပြီးတော့ သေချာကြည့်ရင် သူမ မျက်နှာမှာ ဇဝေဇဝါဖြစ်စေတဲ့ အလင်းရောင်တချို့တောင် ရှိနေသေးသည်။
နင်မုန့် ဒီမျက်နှာကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ တစ်ခုခုလွဲနေသလို ခံစားလိုက်ရသည် တော်တော်ကြာမှ သူမ အကြောင်းအရင်းကိုသိတော့သည်။
ဒီမျက်နှာက… သူမနဲ့တူသည်။
သူမ ကျောင်းစတက်တုန်းက ကျောင်းက ကလပ်တစ်ခုကို မဖြစ်မနေ ဝင်ရတာမို့ သူမ ဒရာမာ ကလပ်ကို စိတ်ဝင်စားတာနဲ့ ဝင်ခဲ့ဖူးသည်။
ကျောင်းမှာ အလှလေးတွေ အများကြီးရှိတာမို့ သူမရဲ့ သေးငယ်ပြီး နူးညံ့တဲ့ ကျောက်စိမ်းလိုမျက်နှာလေးက ရှားပါးအလှလေးတော့ မဟုတ်ခဲ့ပေ။ ဆိုတော့ သူမ သူတို့နဲ့ ဘယ်လိုပေါင်းသင်းရမလဲ မသိတာနဲ့ သူမက အဓိကဇာတ်ဆောင်နေရာကို မပါနိုင်ခဲ့သလို ဒီတိုင်းဖြတ်လျှောက်ခန်းတွေလောက်ပဲ ပါဝင်ခွင့်ရခဲ့သည်။
စာသင်နှစ်အဆုံး အနုပညာရှိုးမတိုင်ခင် သူမ ရှိုးထဲက အတွဲတွေကို ခွဲမဲ့ ရိုင်းစိုင်းပြီး ကျိုးကြောင်းမဆီလျော်တဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ အဘွား နေရာကနေ ပါဝင်ဖို့ နေရာရခဲ့သည်။
ဆိုတော့ သူမ စင်ပေါ်တက်ရင် အစစ်နဲ့တူအောင်လို့ အဖွဲ့ဝင်တွေက သူတို့ရဲ့ ထက်မြက်လှတဲ့ မိတ်ကပ်စွမ်းရည်တွေနဲ့ သူမကို ပြောင်းလဲပေးခဲ့ကြသည်။ ဆံပင်တုပါ တပ်လိုက်တော့ သူမသွင်ပြင်က အချိန်တော်တော်ကြာတဲ့ထိ ရယ်မောစရာဖြစ်ခဲ့သည်။
မှန်ထဲက မျက်နှာက အဲတုန်းက သူမ မိတ်ကပ်ပြင်ထားတဲ့ရုပ်အတိုင်းပဲ စိတ်နေသဘောထားတစ်ခုပဲ ကွဲပြားနေတာ ဖြစ်သည်။
အိမ်မက်တစ်ခုကနေ နိုးလာရသလိုပင်။
အဘွားအို မှန်ကို ငေးနေဆဲဆိုတာ မြင်တော့ လီချွင် ကြောက်လာတော့သည်။
နေမကောင်းဖြစ်ထားတော့ သက်ကြီးရွယ်အို လူတွေမပြောနဲ့ ၁၇ ၁၈ ကလေးမလေးတောင် ရုပ်ဆိုးနေမှာ သေချာသည်။
နင်မုန့် မှန်ကိုဘေးချကာ “ဘာမှမဖြစ်ပါဘူး ငါဒီတိုင်းတချက်ကြည့်တာ”
ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေအများကြီးပင်။ ဥပမာ သူမ ကူးပြောင်းလာသလိုမျိုး..။
တူတဲ့လူကို ရှာတွေ့ဖို့ဆိုတာ ထူးဆန်းသည်။ ပြီးတော့ ဒါက ကိစ္စကြီးမဟုတ်ဘူး နည်းနည်းနေရခက်ရုံသာ ဒါပေမဲ့ လုံးဝ မရင်းနှီးတဲ့မျက်နှာကြိးကို ငေးရတာထက်စာရင် ဒါကတော်သေးသည်။
ပြီးတော့ စနစ်က တအားရှက်တတ်ပြီးတော့ သူမကို တစ်ခုခုလုပ်ဖို့ ဖိအားပေးတာမျိုးလည်း မရှိဘူး။ အခု အကုန်လုံး အဆင်ပြေနေသလိုပင်။
နင်မုန့် တွေးပြီး ရုတ်တရက်မေးခွန်းတစ်ခုမေးလိုက်တော့သည်။ “၁၇ မရောက်သေးဘူးလား”
လီချွင်က “မနေ့က သခင်လေးပြောတာ တကယ်လို့ မတော်တဆ မဖြစ်ဘူးဆို သူက သခင်လေးချီကို ဒီကို လာပြီး ဒီတစ်ထပ်အိမ်မှာပဲ အခုကစပြီး နေခွင့်ပေးတော့မှာတဲ့”
အဘွားအိုက သူ့ကို အထင်လွဲပြီး ၁၇ လို့ ဆက်တိုက်ခေါ်နေပေမဲ့ အစေခံတွေကိုတော့ အဲလိုခေါ်ခွင့်မပြုဘူးလေ။
နင်မုန့် ကြားတာနဲ့ ပေါင်ကို ရိုက်လိုက်မိတော့သည်။ ရလဒ်တော့ သူမ ဘာကိုမှ သိပ်မခံစားမိပေ။
နှုတ်ခမ်းလေး စူလိုက်မိသည်။ အဲကောင်လေး သူမနဲ့ ရင်းနှီးမှဖြစ်မည်။ အာ့ဆို မတော်တဆ ဖြစ်တာနည်းသွားမှာ ဖြစ်သည်။
သူမ အရင်မိသားစု နောက်ခံက အနည်းငယ်ချမ်းသာတာမို့ သူမ ဒီရှီမိသားစုကို ဝတ္ထုထဲက တီဗီ စီးရီးတစ်ခုကို ကြည့်နေရသလို ခံစားရသည်။ ဝတ္ထုက ရှီချီရဲ့ဘဝကို ဖော်ပြထားပြီး အဆုံးကျ သူက အများကြီး ဖြတ်ကျော်ရတာမို့ အဲလို လူမျိုးအဖြစ် ပြောင်းလဲသွားသည်ဟုသာ။
မသိတဲ့အရာတွေက အမြဲတမ်း ကြောက်ဖို့အကောင်းဆုံးပင်။
နင်မုန့် ရက်စက်တဲ့ ဇာတ်ကြောင်းတွေ အကြံတွေကို ဆက်စပ်မိပြီး သူမ နှလုံးသားအေးစက်သွားတော့သည်။
အိပ်ပျော်နေတုန်း သူမ အဘွားအိုရဲ့မှတ်ဉာဏ်တွေကို အကုန်ကြည့်ထားတာမို့ အခု ရှီမိသားစုနဲ့ ရင်းနှီးနေပြီပင်။
ဝတ္ထုမှာက ရှီချီရဲ့ အသက်အစစ်ကို မဖော်ပြထားခဲ့ သူမ ပြန်တွေးကြည့်တော့ တတိယသား အိမ်က ထွက်သွားတာက လွန်ခဲ့တဲ့ ၈ နှစ်လောက်ကဆိုတော့ အဲတုန်းက အခြေအနေကိုပြန်တွေးပြီး သေချာ စဉ်းစားကြည့်ရင် ကလေးက ၇ နှစ် (သို့) ၈နှစ်လောက် ရှိနေလောက်ပြီပေါ့။
အာ့ဆို ပဲ့စေ့လေးကို ပျိုးထောင်ရတာ လွယ်ကူမှာပင်။
သူမ ဒီတိုင်းမေးလိုက်သည်။ “၁၇ က ဘယ်နှနှစ်လဲ”
လီချွင်က အမြန်ဖြေလာသည်။ “၇ နှစ်ပါ သူက သခင်လေးချုံ နဲ့ အသက်တူတူပါပဲ”
နင်မုန့် ရှီချုံ အကြောင်း ပြောတာကြားတော့ သူမ ဘာစဉ်းစားရမှန်းမသိ ဖြစ်သွားသည်။
ရှီချုံက သူမ ဒုတိယသားရဲ့ကလေးဖြစ်ပြီး အဘွားအိုက ဒီကလေးကို တအားသဘောကျသည်။ တအားကိုမှ အလိုလိုက်တာ ဒါပေမဲ့ သူက တစ်ထပ်အိမ်ကို လာရတာ သဘောမကျ ပြီးတော့ ပင်မအိမ်မှာက ဆော့စရာတွေ ပိုစုံသည်။
ဒါပေမဲ့ နင်မုန့်ကတော့ ဒီကလေးပေါ် ခံစားချက်ကောင်းတွေရှိနေပေ။
ပထမဆုံး အကြောင်းအရင်းကတော့ ဒီကလေးရဲ့ အဘွားအိုအပေါ်ထားတဲ့ အပြုအမူတွေကြောင့်ပင်။ ဒီကြွက်စုတ်လေးက တအားဉာဏ်များသည် ဟု သူမ ခံစာားရသည်။
အဲကြွက်စုတ်လေးကြောင့် သူမ ဆုံးရှုံးမှုတွေ အများကြီး ရခဲ့သည်။ ဆိုတော့ သူမ လိမ်မာတဲ့ကလေးကိုပဲ လိုချင်သည်။
ဒုတိယကတော့ ရှီချုံနဲ့ သူ့အစ်မက ရှီချီရဲ့ မှောင်မိုက်တဲ့ ကလေးဘဝမှာ ကြီးမားတဲ့ အတိုက်အခိုက်တစ်ခုပင်။ နောင်ကျ ရှီမိသားစုကို ရှီချီ ပိုင်လာတော့ သူတို့ အဆုံးသတ်က တော်တော်လေး စိတ်သောက ရောက်စရာပင်။
လူအိုတွေက အများကြီးစဉ်းစားရင် ခေါင်းကိုက်ရသည်။ နင်မုန့် သူမ နားထင်ကိုပွတ်ကာ အိပ်ရာပေါ်ပြန်မှီပြီး “သူရောက်ရင် ငါ့ကိုပြော”
မိဘမဲ့ကလေးကို သူမ ချစ်ခြင်းမေတ္တာတွေ ပေးဖို့လိုသည်။ တကယ်လို့ သူမသာ ကြာကြာနေနိုင်မယ်ဆို ရှီချီ သူမကို ကောင်းကောင်း ဂရုမစိုက်ပေးတောင် သူမကို မကြောက်နေရင် အဆင်ပြေသည်။
လီချွင်က ပြန်ဖြေပြီး သူမကို စောင်ခြုံပေးကာ တံခါးကိုဖွဖွလေးပိတ်ပြီးထွက်သွားတော့သည်။
သူမ အိပ်ရာပေါ်လှဲနေပေမဲ့ အိပ်မပျော်ပေ။
နင်မုန့်က စနစ်ကိုခေါ်ကာ “အဘွားရဲ့အကြီးဆုံးသား ခုတလောဘာလုပ်နေလဲ”
စနစ်က “ခဏ ငါသွားကြည့်လိုက်မယ်…”
စက္ကန့်ပိုင်းအတွင်းပြန်လာကာ “လွန်ခဲ့တဲ့နှစ်ရက်က ယောကျာ်းတစ်ယောက် မင်း အကြီးဆုံးသားကိုလာရှာတယ် ပြောတာ သူ့သမီးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကလောင်နတ်သမီးနဲ့ ဆော့လိုက်တာ တစ်ခုခုမှားသွားလို့တဲ့”
“ကလောင်နတ်သမီး” နင်မုန့် လန့်သွားတော့သည်။
ကလောင်နတ်သမီးတွေက ကိုင်တွယ်ရခက်သည်။ ဝတ္ထုတွေ သရဲရုပ်ရှင်တွေမှာဆို ကလောင်နတ်သမီးတွေကို ဗီလိန်တွေအဖြစ် သုံးကြတာ ပြီးတော့ လူသိအများဆုံးဂိမ်းက သရဲခေါ်လေသည်။
အဆုံးကျ ကလောင်နတ်သမီးဆိုတာ နတ်သမီးမဟုတ် သရဲတစ်ကောင်ပင်။
စနစ်က ခေါင်းညိတ်ပြကာ “သူ့သမီးနဲ့ တစ်ဆောင်တည်းတူတူနေတဲ့ လူ ၃ ယောက် သေသွားပြီ ပြီးတော့ သူတို့အကုန်လုံး မတူညီတဲ့နည်းလမ်းတွေနဲ့သေကြတာ သူတို့ သေဆုံးမှုက စိတ်သောကရောက်စရာကြီး နောက်တစ်ယောက်က သူ့သမီးဖြစ်မှာလေ”
နင်မုန့် ချက်ချင်း နားလည်သွားတော့သည်။
သူတို့ ကလောင်နတ်သမီးကို ပြန်ပို့တာ မအောင်မြင်လေသည်။ ထိုအစား သူတို့ ပြန်ဖမ်းမိသွားတာ ဖြစ်မည်။
–
စာရေးဆရာမှာပြောစရာရှိနေပါတယ်
အဘွားအိုရဲ့အသက်က Mary Sue ဝတ္ထုကိုအခြေခံထားတာပါ
ဟား ဟား ဟား
အမျိုးသားဇာတ်ဆောင်က နောက်ဆုံးတော့ နောက်အခန်းမှာပါလာပါတော့မယ်
ဘာပဲဖြစ်ဖြစ် ကလောင်နတ်သမီးကိုခေါ်ဖို့ မကြိုးစားကြပါနဲ့